Friday, August 16, 2013

"ဦးဝီရသူထံ USA နှင့် Paris မှ လာရောက် အင်တာဗျူး"

,


***********************************
15.8.2013 ညနေ ၅း၃၀ နာရီတွင် USA အဖွဲ့ကို လက်ခံတွေ့ဆုံ ဖြေကြားခဲ့ပြီး၊ ၆း၃၀ နာရီတွင် Paris မှ Ms Pascale Bourgaux ကို လက်ခံတွေ့ဆုံ ဖြေကြားခဲ့သည်။
Ms Pascale သည် 8.6.2013 မောင်တောအကြမ်းဖက်မှု ဗီဒီယိုဖိုင်လ်ကို ယခုမှ ကြည့်ဖူးခြင်းဖြစ်ကာ ၄င်းဖိုင်လ်ကို UN သို့ ပေးပို့သင့်ကြောင်းပါ အကြံပြုသွားသည်။
၎င်းသည် တိုင်းမ်မဂ္ဂဇင်းပါ သတင်းအချက်အလက်များနှင့် တကယ့်ဖြစ်ရပ် ကွဲလွဲပုံများကို အဓိကထားမေးသဖြင့် Over The Past Year, Buddhist Mobs Have Tageted Members Of The Minority Faith. ဟူသော တိုင်းမဂ္ဂဇင်း စာသားနှင့် ဗီဒီယိုဖိုင်လ် တိုက်ဆိုင်ပြလိုက်ခြင်း ဖြစ်သည်။
၎င်းသည် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးနှင့် ဦးဝီရသူကို ယှဉ်တွဲ မှတ်တမ်းတင်ခဲ့ပြီး ဦးဝီရသူပေးလိုက်သော DVD နှင့် စာအုပ်လက်ဆောင်များကို သူမ သူငယ်ချင်း Ms Hannah Beech ထံသို့ လူကိုယ်တိုင် သွားပေးမည်ဟု ဆိုသည်။
ဦးဝီရသူက အောင်မြင်ရေးတရား (၄) ပါးကို လက်ကိုင်ထားသူဖြစ်သောကြောင့် ဟန်နာဘိခ်ျကို မေတ္တာမပျက်ကြောင်းပြောကာ ဟန်နာဘိခ်ျထံ အောက်ပါအတိုင်း စကားမှာလိုက်သည်။
ဟန်နာဘိခ်ျရေ……
မင်းလည်းကလောင်ကိုင်တဲ့သူ
ငါလည်းကလောင်ကိုင်တဲ့သူ
နောင်တစ်ချိန်မှာ ဘယ်ကလောင်က
အောင်ပွဲခံမလည်းဆိုတာ
ကမ္ဘာကြီးက ဆုံးဖြတ်ပေးသွားမှာပါကွာ။
ဘယ်သူဟာ လူဆိုး
ဘယ်သူဟာ လူကောင်း ဆိုတာကို
တစ်ချိန်ချိန်မှာ ကမ္ဘာကြီးက
သိလာမှာပါ။
“ဗုဒ္ဓဟောကြား အောင်မြင်ရေးတရား (၄) ပါး ”
ဒေါသ သမားကို မေတ္တာတရားဖြင့် အနိုင်ယူရမယ်။
ယုတ်မာကောက်ကျစ်သူကို သူတော်ကောင်းစိတ်ဓာတ်ဖြင့် အနိုင်ယူရမယ်။
နှမြောစေးနှဲသူကို ပေးကမ်းရက်ရောခြင်းဖြင့် အနိုင်ယူရမယ်။
လူလိမ်လူညာကို ကတိသစ္စာဖြင့် အနိုင်ယူရမယ်။
(ဓမ္မပဒ)

0 comments to “"ဦးဝီရသူထံ USA နှင့် Paris မှ လာရောက် အင်တာဗျူး"”

Post a Comment