Saturday, August 31, 2013

သတင်းအမှားရေးသားဖော်ပြမှုအား ရှင်းလင်းမေတ္တာရပ်ခံခြင်း

,


By Yangon Police

ရန်ကုန်၊ သြဂုတ် ၃၁
Online မီဒီယာ အချို့တွင် ၂၉-၈-၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့ နယ်၊ အမှတ် (၁) ရဲစခန်းသို့ အမည်မသိလူငယ်တစ်ဦး ရောက်ရှိလာကာ မိန်းကလေးငယ်တစ်ဦးကားတိုက်ခံရပြီး လမ်းဘေးတွင်လဲကျနေကြောင်း၊ ကားမှာတိုင်းရင်းသား
ကျေးရွာ ဘက်သို့မောင်းနှင်ထွက်ပြေးသွားကြောင်း လာရောက်တိုင်တန်း
သဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးက လမ်းကြောင်းပေါ်ရှိ ရဲစခန်း/ရဲကင်းများအား ပိတ်ဆို့ ရှာဖွေဖမ်းဆီးရန်ညွှန်ကြားခဲ့ပြီးအခင်းဖြစ်ရပ်သို့သွားရောက်စစ်ဆေးခဲ့ကြောင်း၊
ထိုသို့စစ်ဆေးရာရှုခင်းသာ အပန်းဖြေစခန်းအနီးတွင် သာကေတမြို့နယ်နေ မခင်ဝင်းမာ (၁၇)နှစ်အား ယာဂျိုစောင်းပေါက်ပြဲဒဏ်ရာရရှိပြီး ၀တ်လစ်စလစ်ဖြင့် သားမယားပြုကျင့်ခံထားရသည့် အနေအထားဖြင့် သတိလစ်နေသည်ကိုတွေ့ရှိရသဖြင့် တာဝန်သိရဲတပ်ဖွဲ့ဝင်များက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်
ပေးခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာနေရာမှ သက်သေခံပစ္စည်းများကိုရှာဖွေစစ်ဆေးရာ
၂x၂ ပတ်လည်ပတ်စ်ပို့အရွယ်အစား ဓါတ်ပုံတစ်ပုံကို ရှာဖွေတွေ့ရှိ ခဲ့ပြီး သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းယူဆောင်သွားခဲ့ကြောင်း၊ ထိုဓါတ်ပုံကို အများပြည်သူသိစေရန်
ကြေညာစာသင်ပုန်းများတွင် လိုက်လံကပ်ထားပြီးတွေ့ရှိပါကအကြောင်းကြားပေးရန်
သာကေတမြို့နယ်ရဲတပ်ဖွဲ့မှအများပြည်သူသို့ ညွှန်ကြားထားကြောင်းနှင့် သတင်းပေးရန်ဖုန်းနံပါတ်အဖြစ် သာကေတ အမှတ်(၁)၊ အမှတ်(၂) ရဲစခန်းများ၏ဖုန်းနံပါတ်များအား ထည့်သွင်း
ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။

အဆိုပါသတင်းသည် မှန်ကန်မှုမရှိကြောင်းနှင့် အလားတူဖြစ်စဉ်မျိုးလည်း
ဖြစ်ပွါးခဲ့ခြင်းမရှိသည့်အတွက် အများပြည်သူတို့ သတင်းအမှားများရရှိပြီး စိတ်ငြိုငြင်စေခြင်း၊ ရဲတပ်ဖွဲ့၏ Image ထိခိုက်ခြင်းများ ဖြစ်စေနိုင်သဖြင့် ဤကဲ့သို့မမှန်ကန်သည့်သတင်းများကို ရေးသားဖြန့်ဝေခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။

Yangon Police
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့

0 comments to “သတင်းအမှားရေးသားဖော်ပြမှုအား ရှင်းလင်းမေတ္တာရပ်ခံခြင်း”

Post a Comment