သယ်ခေသယ်ခေ---ဖယ်သူ့ခေ---ဖိုးရှ င်ခေ---
ဖိုးရှင်ဟှယ်သွား၊ သစ်တတ်သီး ကွတ်စားသွား---
သစ်တတ်သီးဟှယ်မာ၊ တောထဲမာ---
တောဟှယ်မာ၊ မီးနရှို့ပစ်လိုက်ပီ---
မီးဟှယ်မာ၊ ရေနဖြန်းသတ်လိုက်ပီ---
ရေဟှယ်မာ၊ ဆင်ဂီးဆင်ငယ်သွတ်ဆွန်သွားပီ---
ဆင်ဟယ်မာ၊ တောထဲတွန်ထဲမာ---
တောဟှယ်မာ၊ မီးနရှို့ပစ်လိုက်ပီ---
မီးဟှယ်မာ၊ ရေနဖြန်းသတ်လိုက်ပီ---
ရေဟှယ်မာ၊ ဆင်ဂီးဆင်ငယ်သွတ်ဆွန်သွားပီ---
ဆင်ဟယ်မာ၊ တောထဲတွန်ထဲမာ---
တောဟှယ်မာ၊ မီးနရှို့ပစ်လိုက်ပီ---
မီးဟှယ်မာ၊ ရေနဖြန်းသတ်လိုက်ပီ---
ရေဟှယ်မာ၊ ဆင်ဂီးဆင်ငယ်သွတ်ဆွန်သွားပီ---
ဆင်ဟယ်မာ၊ တောထဲတွန်ထဲမာ---
တောဟှယ်မာ၊ မီးနရှို့ပစ်လိုက်ပီ---
မီးဟှယ်မာ၊ ရေနဖြန်းသတ်လိုက်ပီ---
ရေဟှယ်မာ၊ ဆင်ဂီးဆင်ငယ်သွတ်ဆွန်သွားပီ---
ဆင်ဟယ်မာ၊ တောထဲတွန်ထဲမာ---
တောဂီးလော်--တောသား---တောသား--- တောသား---တောသား--- --- --- ---
ဖိုးရှင်ဟှယ်သွား၊ သစ်တတ်သီး ကွတ်စားသွား---
သစ်တတ်သီးဟှယ်မာ၊ တောထဲမာ---
တောဟှယ်မာ၊ မီးနရှို့ပစ်လိုက်ပီ---
မီးဟှယ်မာ၊ ရေနဖြန်းသတ်လိုက်ပီ---
ရေဟှယ်မာ၊ ဆင်ဂီးဆင်ငယ်သွတ်ဆွန်သွားပီ---
ဆင်ဟယ်မာ၊ တောထဲတွန်ထဲမာ---
တောဟှယ်မာ၊ မီးနရှို့ပစ်လိုက်ပီ---
မီးဟှယ်မာ၊ ရေနဖြန်းသတ်လိုက်ပီ---
ရေဟှယ်မာ၊ ဆင်ဂီးဆင်ငယ်သွတ်ဆွန်သွားပီ---
ဆင်ဟယ်မာ၊ တောထဲတွန်ထဲမာ---
တောဟှယ်မာ၊ မီးနရှို့ပစ်လိုက်ပီ---
မီးဟှယ်မာ၊ ရေနဖြန်းသတ်လိုက်ပီ---
ရေဟှယ်မာ၊ ဆင်ဂီးဆင်ငယ်သွတ်ဆွန်သွားပီ---
ဆင်ဟယ်မာ၊ တောထဲတွန်ထဲမာ---
တောဟှယ်မာ၊ မီးနရှို့ပစ်လိုက်ပီ---
မီးဟှယ်မာ၊ ရေနဖြန်းသတ်လိုက်ပီ---
ရေဟှယ်မာ၊ ဆင်ဂီးဆင်ငယ်သွတ်ဆွန်သွားပီ---
ဆင်ဟယ်မာ၊ တောထဲတွန်ထဲမာ---
တောဂီးလော်--တောသား---တောသား---
လူမျိုးတိုင်း လူမျိုးတိုင်းတွင် ရိုးရာဓလေ့ရှိတတ်ကြစမြဲဖြစ်သည် ။ မြန်မာပြည်တောင်ဘက်စွန်းတွင်နေတိုင်ခဲ့ကြသော
ထားဝယ်ဝယ်လူမျိုးသည် ရှေးပဝေသဏီကတည်းက မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့်
ရပ်တည်နေထိုင်လာခဲ့သော လူမျိုးစုတစ်ရပ်ပင်ဖြစ်သည်။
ရှေးမြန်မာနန်းတွင်း(ပဒေသရာဇ်)ေ ခတ်က ဧချင်းစာပေများတစ်ခန်းတစ်ရပ်ပေါ် ပေါက်ခဲ့ဖူးသည်။
ဧချင်းဆိုသည်မှာ ဘိုးတော်၊ ဘေးတော်၊ ခမည်းတော်တို့၏ ဘုန်းတန်ခိုးတို့ကို
နောင်လာနောင်သားများ အတုယူမှတ်သားတတ်စေရန်ရည်ရွယ်၍ ရေးဖွဲ့ခဲ့ကြသော
သားတေးတစ်မျိုးပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ဇာတိမာန်ကဗျာဟုလည်းခေါ်နိုင်ပါသည်။ ဘုရင့်သားတော်၊ သမီးတော်များ ပုခက်တင်မင်္ဂလာ ဆင်ယင်ကျင်းပပြုလုပ်ရာတွင် သီဆိုရသော သားချော့တေးပင်းဖြစ်သည်။
မိခင်များသည် မိမိတို့၏ သားသမီးများကို ပုခက်အတွင်း၌လည်းကောင်း၊ ကိုယ်ပေါ်တွင်ချီ၍လည်းကောင်း ချော့သိပ်ကြစမြဲဖြစ်သည်။ ရွှေလမှာ---ယုန်ဝပ်လို့---ဆန်ဖွတ်သည့် အဘိုးအို---ဟောကြည်ပါဆို---ဟူသောသီချင်းသည် ကိုယ်ပေါ်တွင်မချီ၍ချော့သိပ်သော သီချင်းပင်မဟုတ်ပါလော။ မောင်လေးရယ်---အိပ်ပါတော့---ရော င်နီလာလှပေါ့---တစ်ကြောနှစ်ကြော တေးကိုသီ---ငှက်ကျားနှုတ်ပလီ---ဟူသောသီချင်းသည် ပုခက်အတွင်း၌ ချော့သိပ်သောတေးကဗျာပင်မဟုတ်ပါေ လာ။
ထားဝယ်လူမျိုးတို့သည်လည်း မိမိတို့၏ ရိုးရာတေးကဗျာများဖြင့် သားသမီးများကို ချော့သိပ်လာခဲ့ကြသော လူမျိုးတစ်ရပ်ပင်ဖြစ်ပါသည်။ အထက်ဖေါ်ပြပါ “ဖိုးရှင်ခေ”တေးကဗျာသည် ထားဝယ်ရိုးရာသားချော့တေးတစ်မျိုးပင်ဖြစ်သည်။
ပုခက်အတွင်း၌ ခြေနှစ်ဖက် တွဲလျှားချ၍ အိပ်နေသောကလေး ပြန်နိုးလာသောအခါ
မိခင်ဖြစ်သူက မိမိ၏သား အိပ်ရေးမ၀မှာစိုးသောကြောင့် သားငယ်၏
ခြေနှစ်ဖက်ကိုကိုင်လျှက် သီဆိုချော့သိပ်သောကဗျာပင် မဟုတ်ပါလော။
ယင်းသီချင်းကိုသီဆိုကြည့်ကြပါ။ အဘယ်တော့မှ မဆုံးနိုင်ပါ။
ကလေးအိပ်မပျော်မချင်း ဆက်လက်သီဆိုနေမည်ပင်ဖြစ်သည်။
ယင်းသီချင်းကိုပင် ထားဝယ်သူ၊ ထားဝယ်သား ကလေးငယ်များက “ဖိုးရှင်ခေ” ကစားနည်းဟူ၍ ကစားခဲ့ကြသေးသည်။ ယင်းကစားနည်းကို ကစားရန် လူသုံးယောက်(သို့)လေးယောက် ကစားနိုင်သည်။ လူမပြည့်ပါက နှစ်ယောက်တည်းလည်း ကစားနိုင်ပါသည်။ ကစားပုံမှာ အချင်းချင်း ကျောချင်းကပ်လျှက် ခြေတစ်ဖက်စီကို အချင်းချင်းချိတ်ပြီး ကျန်သောခြေတစ်ဖက်စီကို မြေပြင်ပေါ်တွင်ရပ်လျှက် နောက်ပြန်အနေအထားဖြင့် လက်ခုပ်လက်ဝါးတီးပြီး သီဆိုကစားရသော ကစားနည်းပင်ဖြစ်သည်။ ကစားရာတွင် မိမိတို့တစ်ဖွဲ့တည်းဖြင့်လည်းကောင်း၊ အဖွဲ့အချင်းချင်းပြိုင်၍လည်းကော င်း ကစားကြပါသည်။ (ကစားပုံကို အလျှင်းသင့်သောအခါ ဖော်ပြပါမည်။)
ထားဝယ်ဒေသတွင် “ဖိုးရှင်ခေ” ဟူသောစကားသည် ဗန်းစကားအနေဖြင့်လည်း သုံးပြုလာခဲ့ကြသည်။ “ဖိုးရှင်ခေ” ဟူသောစကားသည် စကားအပြောများသောသူကိုလည်းကောင်း၊ စကားပြောရာတွင် ဆင်ခြေဆင်လက်များသောသူကိုလည်းကောင်း၊အလုပ်လပ်ရာတွင်ဆင်ခြေ၊ဆင်လက်များသောသူကိုလည်း
ရှေးမြန်မာနန်းတွင်း(ပဒေသရာဇ်)ေ
မိခင်များသည် မိမိတို့၏ သားသမီးများကို ပုခက်အတွင်း၌လည်းကောင်း၊ ကိုယ်ပေါ်တွင်ချီ၍လည်းကောင်း ချော့သိပ်ကြစမြဲဖြစ်သည်။ ရွှေလမှာ---ယုန်ဝပ်လို့---ဆန်ဖွတ
ထားဝယ်လူမျိုးတို့သည်လည်း မိမိတို့၏ ရိုးရာတေးကဗျာများဖြင့် သားသမီးများကို ချော့သိပ်လာခဲ့ကြသော လူမျိုးတစ်ရပ်ပင်ဖြစ်ပါသည်။ အထက်ဖေါ်ပြပါ “ဖိုးရှင်ခေ”တေးကဗျာသည် ထားဝယ်ရိုးရာသားချော့တေးတစ်မျို
ယင်းသီချင်းကိုပင် ထားဝယ်သူ၊ ထားဝယ်သား ကလေးငယ်များက “ဖိုးရှင်ခေ” ကစားနည်းဟူ၍ ကစားခဲ့ကြသေးသည်။ ယင်းကစားနည်းကို ကစားရန် လူသုံးယောက်(သို့)လေးယောက် ကစားနိုင်သည်။ လူမပြည့်ပါက နှစ်ယောက်တည်းလည်း ကစားနိုင်ပါသည်။ ကစားပုံမှာ အချင်းချင်း ကျောချင်းကပ်လျှက် ခြေတစ်ဖက်စီကို အချင်းချင်းချိတ်ပြီး ကျန်သောခြေတစ်ဖက်စီကို မြေပြင်ပေါ်တွင်ရပ်လျှက် နောက်ပြန်အနေအထားဖြင့် လက်ခုပ်လက်ဝါးတီးပြီး သီဆိုကစားရသော ကစားနည်းပင်ဖြစ်သည်။ ကစားရာတွင် မိမိတို့တစ်ဖွဲ့တည်းဖြင့်လည်းကေ
ထားဝယ်ဒေသတွင် “ဖိုးရှင်ခေ” ဟူသောစကားသည် ဗန်းစကားအနေဖြင့်လည်း သုံးပြုလာခဲ့ကြသည်။ “ဖိုးရှင်ခေ” ဟူသောစကားသည် စကားအပြောများသောသူကိုလည်းကောင်
ေ ကာင်းအခြေအနေအချိန်အခါ၊အကြောင်းအရာပေါ်မူတည်၍ ပြောဆိုသုံးပြုခဲ့ကြသည်။
သို့ဖြစ်၍ ဘုရားပွဲတော်တွင်ရောင်းချနေသော သစ်တတ်သီး(သစ်ချသီး)ကိုမြင်ရာမှ ရှေးခေတ် ထားဝယ်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဆီသို့ အတွေးအမြင်တမ်းမိလေတော့သည်။
သို့ဖြစ်၍ ဘုရားပွဲတော်တွင်ရောင်းချနေသော သစ်တတ်သီး(သစ်ချသီး)ကိုမြင်ရာမှ
တောင်ထားဝယ်