Wednesday, August 28, 2013

သဘောထား အမှန်ပဲလား NLD

,

      ကျွန်တော်ဟာ  နိုင်ငံရေး အကြောင်း နကန်းတလုံးမသိခဲ့ပေမယ့် ဟိုးအရင်ကတည်း က NLD ကို ထောက်ခံခဲ့တာပါ ။ အမေစု ဆိုတာ ကျွန်တော် လေးစား အားကျရတဲ့ ဆု ၁၀၀ ကျော် ပိုင်ရှင်လဲ ဖြစ်သလို ကျွန်တော် တို့ မျိုးချစ်သူရဲကောင်းကြီး ရဲ့ သမီးလဲ ဆိုတော့ ကျွန်တော် ရဲ့ ယုံကြည်ချက် ဟာ အခုခေတ်လူငယ် စကားနဲ့ ပြော မယ်ဆိုရင်  9 ကျော်ပါတယ်။ အမေစု ပြောသမျှ မိန့်ခွန်းတွေ ရှာဖတ်ရတာ ၊ အမေစု  ဟောပြောပွဲတွေဆို ကိုယ်နဲ့ နီးတဲ့နေရာတွေဆို မရောက်ရောက်အောင် သွားခဲ့တာ ။နောက်တော့ သူငယ်ချင်းတွေ နဲ့ အင်တာနက် သုံးဖြစ်ရင်လဲ အမေစု ကို ချစ်တဲ့  ပတ်ဝန်းကျင်မှာ သူငယ်ချင်းတွေ ရှာ အမေ့အကြောင်းတွေဖောင်ဖွဲ့ပြော ၊ အမေစု ဓာတ်ပုံတွေ ဆို ကြည့်ရတာ ကျက်သရေ ရှိလိုက်တာ ဗျာ ။ ဓာတ်ပုံတွေ ကို Update တင်ပေးတတ်တဲ့  မခွန်ဒီယမ်း ဖေ့ဘွတ်စာ မျက်နှာ ဆို ကျွန်တော် အမြဲ လည်ပတ်တတ်တယ် ။ အမေစု စာလေးတွေ အမေ့စု  ပုံတွေအမေစု  ခရီးစဉ်တွေ ဆို သူ က အကုန် Update တင်နိုင်တယ်လေ ။ ကျွန်တော် ထင်တာမလွဲလောက်ဘူးဆို  မခွန်ဒီယမ်း က အမေစု နဲ့ နီးစပ် တဲ့ အသိုင်းအ၀ိုင်းကပဲ။
      ကျွန်တော် အင်တာနက် ဆိုင်မရောက်တာကြာပြီ ။ ဒီနေ့  နိုင်ငံတော် ဘာသာနေ့ မို့ အလုပ်က ပြန်တာနဲ့ အင်တာနက် ဆိုင် ၀င်မိတယ် ။ ထုံစံအတိုင်း မခွန်ဒီယမ်း စာမျက်နှာ မှာ အမေစု သတင်းလေး ရှာတာပေါ့ဗျာ ။ သူ့စာမျက်နှာ မှာရှာရင်းနိုင်ငံတော် ဘာသာနေ့ ကို ပျက်ရယ်ပြုတဲ့စာ ဖတ်လိုက်ရတယ် ။ မခွန်ဒီယမ်း က တိုင်းရင်းသား တစ်ခြားဘာသာ ကို ကိုးကွယ်သူမို့ ပြုတယ်ဆိုလဲ ထားပါ ။ ဒါပေမယ့် “ဦးနုရဲ့ နိုင်ငံတော် ဘာသာ နေ့ ကို အသိအမှတ်ပြုတယ်ဆိုရင် ဦးနု သတ်မှတ်ခဲ့တဲ့ ရိုဟင်ဂျာကိုလည်း အသိအမှတ်ပြု” ဖို့ အတိအလင်း ပြောထားတယ် ။

      မြင်လိုက်ရတာ ကျွန်တော် တော်တော် ရွံ့တယ်ဗျာ ။ ဒီဘင်္ဂလီ ကိစ္စ နဲ့ ပတ်သတ်ရင် အမေစု ဘာကြောင့် အမြဲ နှုတ်ဆိတ် တာလဲ ။ အမေစု ကို အားကိုးတကြီး ကြည့်နေတဲ့ အမေစု ချစ်လှပါတယ်ဆိုတဲ့ပြည်သူ ရဲ့ အသံကို နားမထောင်တော့တာလား ၊ မကြားချင်တော့တာလား ။ ဖြစ်ခဲ့သမျှဘင်္ဂလီ ပဋိပက္ခတွေမှာ NLD အနေနဲ့ အမေစု အနေနဲ့ ပြည်သူကို ပစ်ပယ်လွန်းအားကြီးတယ်။ အခုလဲ ကြည့်လေ သူနဲ့ အနီးစပ်ဆုံး အသိုင်းအ၀ိုင်းတွေ ကပါရိုဟင်ဂျာ တိုင်းရင်းသား သတ်မှတ်ပေး ဖို့ လောဘီ လုပ်လာနေပြီ ။ နိုင်ငံသား မဟုတ်သူများ ပါတီထောင်ခွင့်မပြုရေး အဆိုတုန်း ကလဲ ကျွန်တော် မုန်းတဲ့ စစ်တပ် တမတ်သား က ရာခိုင်နှုန်း ပြည့် ထ ပြီး NLD က ခွေးတစ်ကောင် ကြောင်တမြီး တောင် မထ ဘူး ။ ပြည်သူ့ အသံ ကို အမေစု တကယ်နားထောင်တယ်ဆိုရင် ဘင်္ဂလီ ကိစ္စတွေမှာနှုတ်ဆိတ်နေလိုက် ၊ ကာကွယ် ပေးလိုက် လုပ်နေတာ  ရဲရဲတောက် NLD ပါတီ ရဲ့ သဘောထား အမှန်ပဲလားလို့ မျက်နှာတည့်တည့်ကြည့်ပြီး မေးလိုက်ချင်တယ်ဗျာ ။

မောင်မျိုး (ထီလာသား)

0 comments to “သဘောထား အမှန်ပဲလား NLD”

Post a Comment