Monday, August 26, 2013

ကန့်ဘလူမြို့နယ် ထန်းကုန်း နောက်ဆက်တွဲ သတင်း

,
မုဒိန်းကျင့်ရန် ကြိုးစားသူ အစ္စလမ်ဘာသာဝင် ၃ဦးမှ တစ်ဦးသာ ဖမ်းမိထားပြီး အကျမ်းဖက်မှုတွင် ပါဝင်သည်ဟု စွပ်စွဲပြီး ဗုဒ္ဓဘာသာဝင် ၁၂ ဦးအား ရွှေဘိုတွင် ဖမ်းဆီခံထားရပါတယ်။ မည်သူမျှတွေ့ခွင့်မပေးပါဘူး။ သံဃာတော်များနဲ့ ဗုဒ္ဓဘာသာ ၀င်အများစုက လွှတ်ပေးဖို့ တောင်းဆိုသည့်အခါ မကြာမီ ပြန်လွှတ်ပေးမည်ဟု ချွေးသိပ်လွှတ်ပေမဲ့ အခုထိ မလွှတ်သေးပါဘူး။ အခင်းဖြစ်သည့်ည အခြေအနေ ငြိမ်သက်စပြုချိန်တွင် ထိမ်းသိမ်းဆောင်ရွက်နေသော ဗိုလ်မှူးကြီးကြည်နိုင်ကို လေးခွဖြင့် ၂ချက်မှန်သဖြင့် ဒေါသထွက် သေနတ်ဖောက်ပြီး တွေ့သမျှလူကို ဖမ်းရန် ရဲများအား အမိန်ပေးစဉ် ဆွေမျိုးသားချင်း ဈေးဆိုင်များအား ၀ိုင်းဝန်းစောင့်ရှောက်နေသော ထန်းတောရွာမှ ရွာသား ၁ဦး၊ ရေကြည်ရွာမှ ရွာသား ၁ဦး၊ မိုးကြိုးရွာမှ ရွာသား ၁ဦး ၊ အုပ်ဖိုလ်ရွာမှ ရွာသား ၇ဦး၊ အင်ဖက်တောရွာမှ ရွာသား ၂ဦး ဖမ်းသွားပါတယ်။ ၀န်ထမ်း ၁ဦးနဲ့ ထွေအုပ်စာရေး ၁ဦးကိုတော့ ချက်ချင်း ပြန်လွှတ်ပေးတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ရွာသားများဟာ တစ်ရွာတည်းသားဖြစ်တဲ့ ထွေအုပ်စာရေးပိုင်တဲ့ဆိုင်မှာ ဆိုင်လုံခြုံရေး လုပ်နေတယ်လို့ သိရပါတယ်။ ရွာခံဆရာတော်တွေနဲ့ ရွာသားတွေကတော့ ပြန်လွှတ်ဖို့ သက်ဆိုင်ရာကို တောင်းဆို နေကြပါတယ်။ ဒါပေမဲ့ အကြောင်းမထူးသေးပါဘူး။

NLD အမျိုးသားလွှတ်တော်အမတ် မွတ်စလင်ဘာသာဝင် ဒေါက်တာမြင့်နိုင်ကတော့ အခင်းဖြစ်နေစဉ်မှာ လွှတ်တော်တက်နေရလို့ မလာနိုင်ကြောင်း ထန်းကုန်းအစ္စလမ်းဘာသာဝင်တွေကို တောင်းပန်ထားပြီး ယနေ့မှာ မီးလောင်ခံထားရတဲ့ အစ္စလမ်းဘာသာဝင်တွေကို တိုင်းဒေသကြီး အစိုးရက ဘာမှ ကူညီထောက်ပံ့မှု မရှိဘူးလို့ အပစ်တင်နေပါတယ်။ ည၉း၃၀ လောက်က ဒေါက်တာ မြင့်နိုင်ရဲ့ စကားကြောင့် တိုင်းအစိုးရက ကူညီရေးပစ္စည်းကားများ ထန်းကုန်းကို ပို့နေပါပြီ။ ဒေါက်တာမြင့်နိုင်အနေနဲ့ ဖမ်းဆီးခံထားရတဲ့ ရွာသားတွေအတွက် ဘာမှမပြောခဲ့ပါဘူး။

0 comments to “ကန့်ဘလူမြို့နယ် ထန်းကုန်း နောက်ဆက်တွဲ သတင်း ”

Post a Comment