Monday, October 14, 2013

ရက်သတ္တပတ်အတွင်း ၁၀ ပေါင် အဆီကျ နည်း

,

ရက်သတ္တပတ်အတွင်း ၁၀ ပေါင် အဆီကျ ဟင်းရည် ချက်နည်းကို အရင်ကတစ်ခါတင်ပေးခဲ့ဖူးပါတယ်...
အခု ခဏခဏမေးလာတာနဲ့ လိုအပ်တာလေးတွေပြင်ဆင်ပြီးတင်ပေးလိုက်ပါတယ်.... ကျွန်တော်အသုံးပြုတဲ့ နည်းလေးတွေကိုပါထည့်ပေးထားပါတယ်.. အဆင်ပြေမှာပါ..... အဆီကျဟင်းရည် ချက်နည်း ကြက်သွန်မိတ် 6 ပင် ငရုတ်သီးပွ (အစိမ်း) 2 ခု ခရမ်းချဉ်သီး 6 လုံး Celery (တရုတ်နံနံကဲ့သို့အပင်… တရုတ်နံနံကိုသုံးလည်းရပါသည်) ဂေါ်ဖီထုပ် 1 လုံး Lapton Omon Soup Mix တစ်ထုပ် (လိုအပ်လျှင် စွပ်ပြုတ်အခဲ (၁-၂) ခဲ) အထက်ပါ စွပ်ပြုတ်ခဲရှာမရလည်း … အခြား အရသာရှိမည့် ခနော်… တုန်ယမ်း အစရှိသည်များနှင့် ချက်နိုင်ပါသည်…. Ready Made ချဉ်ဆော်ကားသီး ဟင်းရည်များနှင့်လည်း ချက်နိုင်ပါသေးသည်…. ကိုယ် တနေကုန်သောက်ရမှာမို့ အရသာရှိဖို့သာလိုပါသည်…. အဆီတော့လုံးဝမပါပါစေနှင့် ကျွန်တော်ကတော့ အဆင်ပြေအောင် တုမ်ယမ်းလုပ်သောက်ပါသည်… ခေါက်ဆွဲခြောက်မှ အမှုန့်ထုတ်ကို အသုံးပြုပါသည်… အရသာရှိစေရန် ဆား၊ ငရုတ်ကောင်း၊ မဆလာ၊ အမွှေးအကြိုင် လိုအပ်သလိုထည့်ပါ။ အသီးအရွက်များကို အရွယ်တော် အတုံးများဖြစ်အောင်ဖြတ်ပါ။ ရေဖုံးအောင်ထည့်ပါ။ သစ်သီး၊ ဟင်းသီးဟင်းရွက်မှ ရသောအရည်များကို ထည့်ခြင်းဖြင့်လည်း အနံ့နှင့် အရသာကို ပိုမိုကောင်းမွန်စေပါသည်။ ပွက်ပွက်ဆူ အနေအထားမှာ ၁၀ မိနစ်ခန့် ထားပါ။ ထို့နောက် မီးလျှော့ပြီး ဟင်းသီးဟင်းရွက်များကို နူးနပ်သည်အထိ ချက်ပါ။ အထက်ပါအဆီကျဟင်းရည်ကို အချိန်မရွေး၊ စားချင်သလောက် စားသုံးနိုင်ပါသည်။ ဤဟင်းရည်ကို စားသုံးခြင်းဖြင့် ကယ်လိုရီများမတိုးလာနိုင်ပါ။ များများစားလေ အလေးချိန်ပိုလျော့နိုင်လေဖြစ်ပါသည်။ အလွန်ကြာရှည်စွာစားသုံးလျှင်မူ အာဟာရချို့တဲ့ခြင်းဖြစ်လာနိုင်ပါသည်။(ထို့ကြောင့် တစ်ပတ်လုပ်ပြီးလျှင် တစ်ရက်နှစ်ရက်မျှ ပုံမှန်အတိုင်းစားပေးသင့်သည်) နေ့လည်ပိုင်းများတွင် အပြင်သွားနေရမည်ဆိုပါက ထမင်းချိုင့်ထဲထည့်၍ သယ်ယူသုံးဆောင်နိုင်ပါသည်။ (၇) ရက်စားသုံးနည်းအစီအစဉ်ကို သင်အဆင်ပြေသလို စားသုံးနိုင်ပါသည်။ အညွှန်းအတိုင်း တိကျစွာလိုက်နာပါက သင့်ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ သန့်စင်သွားပါလိမ့်မည်။ ပေါ့ပါးကျန်းမာခြင်း ကိုလည်း ခံစားရပါလိမ့်မည်။ ဤအစီအစဉ်ကို ရက်အနည်းငယ်အတွင်းမှပါပင် ပေါ့ပါးလာသည်ကို တွေ့ရမည်ဖြစ်ပြီး ခွန်အားများလည်း ရှိလာမည်ဖြစ်သည်။ ဤအစီအစဉ်ကို သင်စားနိုင်သလောက်အချိန်အထိ ကြာရှည်စွာစားသုံးနိုင်ပါသည်။ ဤစားသုံးနည်းသည် အဆီများကို လျှင်မြန်စွာ ချေဖျက်နိုင်သည့်နည်း ဖြစ်ပြီး အဓိကလျှို့ဝှက်ချက်မှာ ကယ်လိုရီများကို သင်စားသုံးနိုင်သည့်ပမာဏထက်ပို၍ ချေဖျက်နိုင်ခြင်းဖြစ်ပါသည်။ ဤစားသုံးနည်းကို စားသုံးနေချိန်အတွင်း ကိုယ်ခန္ဓာအတွင်းရှိအဆီများကို ဖယ်ရှားနေသည့်ကာလဖြစ်သောကြောင့် အရက်၊ ယမကာသောက်ခြင်း မသင့်လျော်ပါ။ ဤဟင်းရည်စားသုံးခြင်းကို အနည်းဆုံး ၂၄ နာရီခွာ၍ ရပ်ပြီးမှ အရက်သုံးဆောင်သင့်ပါသည်။ လူတစ်ဦးစီ၏ အစာချေဖျက်စနစ်မတူညီသောကြောင့် ဤစားသုံးနည်း၏ လူတစ်ဦးစီပေါ် သက်ရောက်မှုမှာလည်း ကွဲပြားနိုင်ပါသည်။ ဤစားသုံးနည်းကိုစတင်ပြီး ရက်အနည်းငယ်အတွင်း သင်၏၀မ်းဗိုက်လှုပ်ရှားမှုအခြေအနေ ပြောင်းလဲခဲ့ပါက bran နှင့် fibre ကိုတစ်ခွက်စာစားသုံးနိုင်ပါသည်။ ဤ (၇) ရက်အတွင်း ဘလက်ကော်ဖီ သုံးဆောင်နိုင်သော်လည်း ကော်ဖီမှ ကဖိန်းဓာတ်ကို မလိုအပ်တော့ကြောင်း (၃) ရက်အကြာတွင်တွေ့ရလိမ့်မည်။ (လုပ်နေမကျတဲ့လူအတွက်တော့ ပထမ သုံးရက်လောက်မှာ ဘိုက်ဆာတဲ့ဒဏ်ကြောင့် အင်မတန် ဒေါသကြီးတတ်ပါသည်... ဖြစ်နိုင်လျှင်... ပထမရက်နဲ့ တတိယရက်တွေမှာ အပြင်ထွက်တဲ့အခါ.. သစ်သီးခွဲပြီးသားများများစားစား ကို ... ထည့်သွားပြီး ဘိုက်ဆာတယ်ထင်တိုင်း ဟင်းအရည်နဲ့ သစ်သီးများကို စားပေးခြင်းဖြင့် စိတ်အာသာပြေနိုင်ပါသည်) အထူးရှောင်ကြဉ်ရန် ထမင်းပေါင်မုန့်၊ အရက်နှင့် ဂက်စ်ပါသော အချိုရည်များကို ရှောင်ရပါမည်။ ရေ၊ အချိုမပါသော လက်ဖက်ရည်၊ ဘလက်ကော်ဖီ၊ အချိုမပါသော အသီးဖျော်ရည်များနှင့် အဆီဖယ်ထုတ်ထားသော နွားနို့တို့ကို သုံးဆောင်နိုင်ပါသည်။ အရေခွံမပါသော ကြက်သားပြုတ် (သို့) ကြက်သားကင်ကို အမဲသားအစား သုံးဆောင်နိုင်ပါသည်။ သင်ပိုမိုနှစ်သက်မည်ဆိုပါက အမဲသားစားရမည့်တစ်ရက်ကို ငါးပြုတ်နှင့် အစားထိုးနိုင်ပါသည်။ နောက်တစ်ရက်မှာတော့ အမဲသားမှာပါတဲ့ ပရိုတင်းဓာတ်ကို သင်လိုပါလိမ့်မည်။ ဤအဆီကျဟင်းရည်ကို ဆာလောင်သည့်အချိန်တိုင်း၊ ကြိုက်သလောက် ထပ်ကာထပ်ကာစားသုံးနိုင်ပါသည်။ ဤဟင်းရည်ကိုစားသုံးခြင်းဖြင့်ကယ်လိုရီမတိုးလာနိုင်ပါ။ များများစားလေ များများ အလေးချိန်ပိုလျော့လေဖြစ်ပါသည်။ မည်သည့်ဆေးဝါးမဆို ဤစားသုံးနည်းအစီအစဉ်ဖြင့် အန္တရာယ်မဖြစ်လာနိုင်ပါ။ သင်လိုသလောက်အချိန် ကာလအထိ ဤအစီအစဉ်ကို အသုံးပြုနိုင်ပါသည်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို သင်ကိုယ်တွေ့ခံစားကြည့်ပါ။ Satred Heart Hospital မှ ခွဲစိတ်ကုသမှုမခံယူမီ ကိုယ်အလေးချိန်လျင်မြန်စွာကျဆင်းရန် လိုအပ်သော အ၀လွန်လူနာများအတွက် အသုံးပြုသည်။ ပထမနေ့ သစ်သီးများအားလုံး (ငှက်ပျောသီးမှအပ)၊ ပထမနေ့တွင်ငှက်ပျောသီးမှ အပ၊ အခြားသစ်သီးများအားလုံးကို စားသုံးနိုင်ပါသည်။ သခွားမွှေးသီးနှင့် ဖရဲသီးများမှာ အခြားသစ်သီးများထက် ကယ်လိုရီပါဝင်မှု လျော့နည်းပါသည်။ ပထမနေ့တွင်အဆီကျဟင်းရည်နှင့် သစ်သီးများကိုသာ စားသုံးခွင့်ရှိပါသည်။ အချိုမပါသော လက်ဖက်ရည်၊ cranberry juice နှင့်ရေကို သောက်သုံးနိုင်ပါသည်။ (ဒီတစ်နေ့တာတော့ အဓိက ဖရဲသီးကို ပဲအားထားပြီးစားပါတယ်... နာနတ်သီးကိုလည်းရှောင်ပါတယ်.. ဆီးချိုအတွက် နာနတ်သီးကအဆင်မပြေပါဘူး ... ဒူးရင်းသီးလည်းရှောင်သင့်ပါတယ်..) ဒုတိယနေ့ ဟင်းသီးဟင်းရွက်များအားလုံး၊ အစိမ်းဖြစ်စေ၊ ကျက်ပြီးသားဖြစ်စေ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်များကို ဗိုက်ပြည့်သည်အထိ စားသုံးနိုင်ပါသည်။ အစိမ်းရောင်ရှိ၊ အရွက်ပါသော ဟင်းရွက်များကို ပို၍စားသုံးသင့်ပါသည်။ ပဲအမျိုးမျိုးနှင့် ပြောင်းဖူးများကိုတော့ ရှောင်ကြဉ်သင့်ပါသည်။ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်နှင့် အဆီကျဟင်းရည်ကိုတွဲဖက်၍ ညစာအတွက်သုံးဆောင်ပါ။ ကင်ထားတဲ့ အာလူးကြီးတစ်လုံးကို ထောပတ်နှင့်ရောပြီး တစ်ခါစားသုံးခွင့်ရှိပါသည်။ ဒုတိယနေ့မှာ အဆီကျဟင်းရည်ကို ကြိုက်သလောက်စားသုံးခွင့်ရှိပါသည်။ သစ်သီးစားခွင့်တော့မရှိပါ။ (အာလူးစားဖို့ဆိုတာက အမေရိကားက ပရိုဂရမ်မို့ပါ... ကျွန်တော့်ဆီမှာတော့ ထမင်းကို ပန်းကန်လုံး ခပ်သေးသေး တစ်လုံးစားပါတယ်.. နောက်ပိုင်းအကြိမ်တွေဆိုမစားဖြစ်တော့ပါ အရွက်ကတော့ ကန်ဇွန်းရွက်ကို ဆီပါလေ့ရုံလေးနဲ့ ရေများများ နဲ့ကြော်စားပါတယ်..... ဂေါ်ရခါးသီးနဲ့ ပန်းပွင့်ကိုလည်းစားနိုင်ပါတယ်... ဒါကတော့ တစ်ခါစားပြီးရင်အတော်ရင်ခံတဲ့ ဟင်းသီးဟင်းရွက်ပါပဲ .... ဒီကနေ့ကတော့ မနေ့ကလောက် မပင်ပန်းတောပါဘူး ... ဟင်းရွက်ကြော်ကယ်နေတော့ စားရတာ သိပ်မပင်ပန်းပါဘူး .... ) တတိယနေ့ ပထမနေ့နှင့် ဒုတိယနေ့ကို ရောပြီးစားပါ။ သင်ကြိုက်သလောက် အဆီကျဟင်းရည်၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးခွင့်ရှိပါသည်။ အာလူးပြုတ်ကိုတော့ စားခွင့်မရှိပါ။ စတုတ္ထနေ့ ငှက်ပျောသီးနှင့် အဆီထုတ်ထားသော နွားနို့၊ အဆီကျဟင်းရည်နှင့် တွဲဖက်စားသုံးတဲ့အခါမှာ ငှက်ပျောသီးကို (၈) လုံးအထိ စားခွင့်ရှိပြီး အဆီထုတ်ထားတဲ့နွားနို့ကိုတော့ ကြိုက်သလောက် သောက်ခွင့်ရှိပါ သည်။ (City Mart မှာရှာဝယ်ပါ..) ငှက်ပျောသီးနှင့် နွားနို့မှာ ကယ်လိုရီနှင့် ကာဗိုဟိုက်ဒြိတ်အများအပြားပါဝင်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ အချိုကိုတောင့်တစိတ်တွေ လျော့ကျသွားစေဖို့ အတွက် ပိုတက်ဆီယမ်၊ ကာဗိုဟိုက်ဒြိတ်၊ ပရိုတင်းနှင့် ကယ်(လ)စီယမ်တို့ကို သင့်ခန္ဓာကိုယ်က လိုအပ်ပါသည်။ (နွားနို့ ကို ဈေးက မ၀ယ်ပဲ ..City Mart မှာ အဆီထုတ်ပြီးသားနွားနို့ဘူးများကို ၀ယ်ပါ.... ကျွန်တော်ကတော့ ... သုံးဘူးလောက်ကုန်ပါတယ်.. ဒီနေ့မှာလည်း အဆီကျဟင်းရည်ကို သောက်ရမှာပါပဲ ....... ဒါပေမယ့် နွားနို့နဲ့ မတည့်မှာဆိုးတာကြောင့် အချဉ်နဲ့ချက်တာမျိုးကိုရှောင်သင့်ပါတယ်.... ဥပမာ တုန်ယမ်းချက်တာမျိုး .... ချဉ်ဆော်ကားသီးသုံးတာမျိုးပေါ့ .... တကယ်လို့ မရှောင်နိုင်ဘူးဆိုလည်း နွားနို့နဲ့ ငှက်ပျော်သီးကို မနက်စာနဲ့ နေ့လည်စာမှာစားပြီး .. ဟင်းရည်ကို ညဘက်မှာသောက်နိုင်ပါတယ်... ဒါမှမဟုတ်လည်း အချိန်နည်းနည်းခွာပြီးသောက်နိုင်ပါတယ်.. ဒီနေ့မှာတော့ သိသိသာသာ ဒေါသထွက်တာတို့ ... ဘိုက်ဆာတာတို့ နည်းသွားမှာဖြစ်ပြီး ... စိတ်လက်ပေါ့ပါးနေမှာဖြစ်ပါတယ်..) ပဉ္စမနေ့ အမဲသားနှင့်ခရမ်းချဉ်သီး။ ၁၀-၂၀ အောင်စရှိတဲ့ အမဲသားကို လတ်ဆတ်တဲ့ ခရမ်းချဉ်သီး (၆)လုံး လောက်အထိတွဲပြီးစားသုံးနိုင်ပါသည်။ ခန္ဓာကိုယ်မှာရှိတဲ့ urine acid ကိုဆေးချဖို့အတွက် အနည်းဆုံးရေ (၈) ခွက် သောက်ပေးပါ။ အဆီကျဟင်းရည်ကို အနည်းဆုံးတစ်ခါလောက်တော့ စားသုံးဖို့လိုပါတယ်။ (အမဲသား တစ်ဆယ်သားလောက် ကို ဂျင်း ကြက်သွန်ဖြူ မဆလာနဲ့ ဆီပါတယ်ဆိုရုံလောက်နဲ့ သတ်လိုက်ပြီး .... ရေများများနဲ့ ပြုတ်ပါ... နူးတဲ့အခါ ခရမ်းချဉ်သီးနဲ့တွဲစားပါ... ရေကိုတော့ ရေသန့်ဘူးတစ်ဘူးစာလောက်အနည်းဆုံးသောက်ပေးရမှာဖြစ်ပါတယ်.. ဒီနေ့ကတော့ ဘိုက်ဆာမှာပါ.... အဆီကျဟင်းရည်ကို ပိုသောက်ဖြစ်ပါလိမ့်မယ်... အမဲသားက နည်းသွားတာကိုး အမဲသားအစား... ကြက်သား အရေခွံမပါ..... ငါး များကိုလည်း စားနိုင်ပါတယ်.....) ဆဌမနေ့ အမဲသားနှင့် ဟင်းသီးဟင်းရွက်များ။ ဒီနေ့အတွက်တော့ သင်ဆန္ဒရှိသလောက် အမဲသားနှင့် ဟင်းသီးဟင်းရွက်တွေ ရောပြီးစားသုံးနိုင်ပါတယ်။ အရွယ်တော်အသားတုံး (၆)တုံး လောက်အထိကို အရွက်ပါတဲ့ ဟင်းရွက်နှင့်တွဲပြီး စားသုံးနိုင်ပါတယ်။ အာလူးကင်ကိုတော့ စားခွင့်မရှိပါ။ အဆီကျဟင်းရည်ကို အနည်းဆုံးတစ်ခေါက်လောက်တော့ သောက်ဖြစ်အောင်ဂရုစိုက်ပြီး သောက်ပါ။ (ဒီနေ့တော့ အမဲသား နှစ်ဆယ်သား ၀ယ်ပါတယ်... ဒီနေ့တော့ ငါးမစားပဲ အမဲသားမစားသူများက ကြက်သားကို စားသင့်ပါတယ်... သင့် အတွက် ပရိုတင်းဓာတ်များများလိုနေတာကြောင့်ပါ..) သတ္တမနေ့ ဆန်လုံးညို၊ အချိုမပါသော သစ်သီးရည်များနှင့် ဟင်းသီးဟင်းရွက်များ။ ဒီ (၃) မျိုးကိုလည်း ကြိုက်သလောက် စားနိုင်ခွင့်ရှိပါတယ်။ အဆီကျဟင်းရည်ကို လည်း မမေ့မလျော့ အနည်းဆုံးတစ်ခေါက်လောက် သုံးဆောင်ပေးပါ။ (ဆန်လုံးညိုရှာမရတာနဲ့ ... ဟင်းသီးဟင်းရွက် နဲ့ သစ်သီးရည်ကို သာ စားဖြစ်ပါတယ်..... သစ်သီးရည်မကြိတ်ဖြစ်လည်း ဖရဲသီးနဲ့ ဟင်းရွက်တို့ကို တွဲစားနိုင်ပါတယ်...... ထမင်းကို ပန်းကန်လုံးလေး တစ်လုံးလောက်စားခွင့်ရှိပါတယ်... ဆန်လုံးညိုဆီက ကဆီဓာတ်ကို ထမင်းကောင်းလေး တစ်လုတ်နှစ်လုတ်နဲ့ အာသာဖြေတဲ့သဘောပါပဲ ... ကျွန်တော်ကတော့ မစားဖြစ်ပါဘူး ) (၇) ရက် ပြည့်ပြီး၊ သင့်ဘက်ကလည်း အညွှန်းအတိုင်း အတိအကျ လိုက်နာခဲ့တယ်ဆိုရင် (၁၀) ပေါင်ကနေ (၁၇) ပေါင် အထိ အလေးချိန်လျော့ကျပြီး ဖြစ်နေပါလိမ့်မယ်။ အကယ်၍ (၁၇) ပေါင်ထက်ပိုပြီး ကျသွားခဲ့တယ်ဆိုရင်တော့ ဒီစားသုံးနည်းကို နောက်တစ်ခါ ပထမနေ့ကပြန်မစခင် အနည်းဆုံး (၂) ရက် ရပ်ထားလိုက်ပါ။ (ကျွန်တော့်တုန်းကတော့.... တစ်ပတ်ပြည့်ပြီးတဲ့အခါ.. ကိုးပေါင်ကျပါတယ်... ကြားထဲမှာ ... မဆင်မခြင်ပဲ ... အာလူးကြော်နည်းနည်းစားမိတာကြောင့်ပါ...... အဓိက က တစ်ရက်နှစ်ရက်လောက်လုပ်ပြီး ပေါင်မချိန်မိဖို့ပါပဲ .... သိပ်ထူးခြားမှာမဟုတ်ပါဘူး .... ထမင်းကို စားနေရင်လည်း မကျပါဘူး .... ထမင်းလုံးဝဖြတ်ထားရပါမယ်..... အချို့ သိပ်မ၀သူ ပေါင်၁ ၅၀ ၀န်းကျင်တွေကတော့ ... ၄ပေါင် ၅ပေါင်သာ ကျတတ်ပါတယ်... ဒါကလည်း အစာချက်နှုန်းပေါ်မူတည်ပါတယ.်..... အဆီကျဟင်းရည်ကို သာ များများသောက်ပေးဖို့ မမေ့ပါနဲ့လို့ပဲ မှာချင်ပါတယ်.... ပျော်ရွှင်နိုင်ကြပါစေဗျာ )
 
 မေတ္တာသက်သက်ဖြင့် လင်းလွန်းညို —

0 comments to “ရက်သတ္တပတ်အတွင်း ၁၀ ပေါင် အဆီကျ နည်း”

Post a Comment