Showing posts with label ယောက်ျားအကြောင်း. Show all posts
Showing posts with label ယောက်ျားအကြောင်း. Show all posts
Thursday, October 3, 2013
ယောက်ျားနှင့် မိန်းမ
,
ပိုက်ဆံရှိတဲ့ယောက်ျား အိမ်မပြန်ချင်ဘူး
ပိုက်ဆံရှိတဲ့မိန်းမ အိမ်ထောင်မပြုချင်ဘူး။
ပိုက်ဆံရှိတဲ့ယောက်ျား မြက်နုကြိုက်တယ်
ပိုက်ဆံရှိတဲ့မိန်းမ အငယ်မွေးတယ်။
ပိုက်ဆံရှိ၊ အာဏာရှိတယ်ဆိုရင် လက်ညိုးညွှန်ရာ ရေဖြစ်တယ်။
ပိုက်ဆံမရှိ၊ အာဏာမရှိရင် လက်ညိုးညွှန်တဲ့ ရေဖြစ်တယ်။
ပိုက်ဆံရှိတဲ့ လူတွေအတွက် ဦးနှောက်ခြောက်ခြင်းဟာ လောဘကြောင့်
ပိုက်ဆံမရှိတဲ့ လူတွေအတွက် ဦးနှောက်ခြောက်ခြင်းဟာ ငွေကြောင့်။
ပိုက်ဆံရှိတဲ့ လူတွေက စကားကြီး စကားကျယ် ပြောတယ်။
ပိုက်ဆံမရှိတဲ့ လူတွေက ရီမောစရာပြောတယ်။
ယောက်ျားတွေရဲ့ အသက်အရွယ်ဟာ ရင့်ကျက်ခြင်း သက်သေ
မိန်းမတွေရဲ့ အသက်အရွယ်ဟာ ရင့်ရော်ခြင်း သက်သေ
နာမည်ကြီးချင်ရင် လွယ်ပါတယ်။ လူမုန်းတဲ့အလုပ် များများလုပ်ရုံပါပဲ။
အောင်မြင်ချင်ရင် လွယ်ပါတယ်။ လူကြိုက်တဲ့အလုပ် များများ လုပ်ရုံပါပဲ။
အောင်မြင်ဖို့ရာ လွယ်ပါတယ်။
အဲဒီ အောင်မြင်မှုကို ထိန်းဖို့ရာ ခက်တယ်။
စည်းစနစ်များသူကို လူတွေ အပြစ်မဆိုဘူး။
စကားများသူကို လူတွေ အပြစ်ဆိုတယ်။
အကောင်းဖြစ်ဖို့အတွက် အချိန်တစ်ချိန်လိုတယ်။
အဆိုးဖြစ်ဖို့အတွက် တစက္ကန့်တောင် မလိုဘူး။
YeeMon' Diary
Read more →
Saturday, September 28, 2013
အမျိုးသားများ တစ်ကိုယ်ရည် အာသာဖြေဖျောက်ခြင်း၏ အကျိုး
,
        တစ်ကိုယ်ရည် အာသာဖြေခြင်းကို အရွယ်ရောက်ပြီး အမျိုးသားတိုင်းနီးပါး သိကြပြီး အများစုက ပြုလုပ်ကြလေ့ ရှိကြပါတယ်။ ဒီကိစ္စဟာ ဘယ်လိုဆိုးကျိုး ကောင်းကျိုးတွေ ရှိသလဲဆိုတာ ဂဃနဏ သိတဲ့သူ တော်တော်နည်းပါတယ်။ 
        ကိုယ့်ထက်ကြီးတဲ့သူတွေ အပေါင်းအသင်းတွေ ပြောတာကိုပဲ ဟုတ်နိုးနိုးနဲ့ လက်ခံနေရတာ များပါတယ်။ ဒီတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အမျိုးသားကျန်းမာရေးဆိုင်ရာ အထူးကျွမ်းကျင်ပညာရှင်များက အမျိုးသား သန်းပေါင်းများစွာ (အာရှ၊ ဥရောပ၊ အမေရိကနဲ့ အာဖရိကပါမကျန်) အပေါ်ကို လေ့လာတွေ့ရှိ အတည်ပြုထားတဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်းဆိုင်ရာ တွေ့ရှိချက်တွေကို စုစည်းဖော်ပြပေးလိုက် ပါတယ်။ ဘယ်သူပြောတာမှ မယုံပါနဲ့။ သိပ္ပံနည်းကျတဲ့ လက်တွေ့ဆေးပညာစမ်းသပ်မှုတွေကို ဖတ်ကြည့်ပြီး အမှန်သိနိုင်ကြပါစေ။
       (အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာများဟာ မည်သည့် ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ စသည့် ရှုထောင့်များကိုမှ ကိုယ်စားမပြုဘဲ ကျန်းမာရေးရှုထောင့် သီးသန့်မှ ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ ဖတ်ရှုသူများကိုယ်တိုင် ကသာ ကောင်းကျိုး ဆိုးကျိုး အပေါင်းအနှုတ် လက္ခဏာများကို ခွဲခြားပိုင်းဖြတ်ကြစေလိုပါတယ်)
(၁) တစ်ကိုယ်ရည် အာသာဖြေခြင်းသည် ပုံမှန်မဟုတ်ခြင်းဟု မရှိပါ။
အရွယ်အမျိုးမျိုး အမျိုးသားများဟာ မကြာခဏဆိုသလို “တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ဆိုးကျိုးတစ်စုံတစ်ရာများ ရှိနေမလား၊ ပုံမှန် (normal) မှဟုတ်ရဲ့လား၊ ငါ့စိတ် ငါ့ကိုယ်ကပဲ မှားနေတာလား” ဆိုပြီး သံသယပေါ်ပေါ်လာကာ စူးစမ်းစိတ် ၀င်လာတတ်ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ရင် တကယ့် ဆေးပညာရှင်များကတော့ ပုံမှန်နဲ့ ပုံမမှန် (normal against abnormal) ဆိုပြီး ခွဲခြားပြဖို့ မလုပ်ချင်ကြပါဘူး။ ဘာလို့လဲဆိုတော့ ပုံမှန် နဲ့ ပုံမမှန်ဆိုတဲ့ အဓိပ္ပာယ် သတ်မှတ်ချက် စံနှုန်းအနေနဲ့ ဒီကိစ္စကို ခွဲခြမ်းစိတ်ဖြာလို့ မရပါဘူး။
ရှင်းအောင် ပြောရရင် ပုံမှန် နဲ့ ပုံမမှန်ဆိုတဲ့ အဓိပ္ပာယ်နှစ်ခုစလုံးကို မရှိတာပါ။ (လုပ်ချင်လုပ်၊ မလုပ်ချင်နေ လုပ်ခြင်းရော မလုပ်ခြင်းမှာပါ ကြီးမားတဲ့ ပြဿနာ မရှိဘူးလို့ ဆိုလိုပါတယ်) ကောင်းကျိုး ဆိုးကျိုး (အဓိကပြောချင်တာကတော့ ဆိုးကျိုး ဆိုပါတော့) တွေဟာ အကြိမ်အရေအတွက်နဲ့ လုပ်ပုံလုပ်နည်းတွေကြောင့်သာ ကွဲပြားကြရတာ ဖြစ်ပါတယ်။
        “ကျွန်တော်တို့ လူသားတွေကြားမှာ စံသတ်မှတ်ချက် အတိုင်းအတာတွေ ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။ အရမ်းကို ကွဲပြားခြားနားနေကြလို့ပဲ ဖြစ်ပါတယ်။ ဒါကိုက သဘာဝလည်း ဖြစ်ပါတယ်” လို့ နယူးယော့ခ် အခြေစိုက် လိင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် (Sexologist) တစ်ယောက်ဖြစ်သူ ဒေါက်တာ Betty Dodson က ပြောပြခဲ့ပါတယ်။ သူဟာ နာမည်ကျော် စာအုပ်တစ်အုပ် ဖြစ်တဲ့ Sex for One ဆိုတဲ့ စာအုပ် ရေးသားသူလည်း ဖြစ်ပါတယ်။ (Sex for One ကို တစ်ဦးတစ်ယောက်စီအတွက် လိင်မှုဘ၀လို့ ဘာသာပြန်ရင် ဆီလျော်မယ်ထင်ပါတယ်)
        နောက်ပညာရှင် တစ်ယောက်ဖြစ်တဲ့ The Big Book of Masturbation စာအုပ်ရဲ့ စာရေးသူ Martha Cornog ကလည်း “အမျိုးသားတိုင်း နီးပါးဟာ တစ်ကိုယ်ရေ ဆန္ဒဖြေခြင်းကို လက်ကိုသုံးလို့ ဖြစ်စေ၊ တစ်ခုခုနဲ့ ပွတ်သပ်လို့ ဖြစ်စေ၊ လိင်ဖျော်ဖြေရေး ကိရိယာ (sex toy) တစ်ခုခုကို ဒါမှမဟုတ် အခြား အိမ်ထဲက ရရာတစ်ခုကို သုံးလို့ ဖြစ်စေ၊ စာအုပ် ရုပ်ပုံ ဗီဒီယို စတာတွေ ကြည့်ပြီး ဖြစ်စေ ခန္ဓာကိုယ်နေဟန် အမျိုးမျိုးနဲ့ လုပ်ကြတာ ချည်းပါပဲ။ တချို့ဆို မှန်ထဲတောင် ကြည့်ပြီး လုပ်ဖူးကြပါတယ်” လို့ ရှင်းပြပါတယ်။
        ဒီနေရာမှာ အရမ်းအရမ်း အရေးကြီးတာတစ်ခု ပြောပြရရင် မှန်ထဲကြည့်ပြီး အာသာဖြေတယ် ဆိုရာမှာ ကိုယ့်ပုံရိပ်ကို ကိုယ်ကြည့်ပြီး လုပ်တယ်ဆိုရင် ပြဿနာ မရှိဘူး။ ဒါဟာ သဘာဝအတိုင်း ဖြစ်ပါတယ်။ အကယ်၍ အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်ဟာ မိန်းမအ၀တ်အစားတစ်ခုခု ဥပမာ အတွင်းခံ စတာတွေကို ၀တ်ပြီးမှ မှန်ထဲမှာ ကြည့်ပြီး လုပ်တတ်တာဆိုရင်တော့ ဒါဟာ လုံးဝလုံးဝ ပုံမှန်မဟုတ်တဲ့ လိင်ဆိုင်ရာ အမူအကျင့် တွေထဲက တစ်ခု (one of the abnormal sexual behaviors) ဖြစ်ပါတယ်။ စိတ်ရောဂါတစ်မျိုး ဖြစ်ပြီး ရှိမှန်းသိနေရင် ကုသဖို့ လိုအပ်ပါတယ်။ ထပ်ပြီး အသေးစိတ် ပြောရရင် ငယ်ငယ်က အပေါင်းအသင်းနည်းပြီး အိမ်ပြင် သိပ်မထွက်ရတဲ့ မိဘက အရမ်းချုပ်ခြယ်တဲ့ ကောင်လေး အချို့မှာ ဒီအမူအကျင့်မျိုး ရှိနေတတ်တယ်လို့ ပညာရှင်များ ဆိုပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ၁၃ နှစ် မကျော်သေးတဲ့ ကောင်လေးတွေမှာ ဒီအပြုအမူမျိုးတွေ တွေ့ရင် abnormal လို့ ချက်ချင်း စာရင်းမသွင်းသေးဘဲ စောင့်ကြည့်ရင်း အရွယ်ရောက်လာရင် အလိုလို ပျောက်သွားတတ်တာကိုလဲ တွေ့ရပါတယ်။ မပျောက်သွားမှသာ ရောဂါ ဖြစ်ပါတယ်။ (ဒီလို ပြဿနာမျိုးကနေ စလို့ ဘယ်လို ပြဿနာမျိုး ဖြစ်ဖြစ် တိုင်ပင် ကုသ ပျောက်ကင်းချင်တယ် ဆိုရင်တော့ မြန်မာနိုင်ငံမှာ အတော်ဆုံး Sexologist တစ်ယောက် ဖြစ်တဲ့ ဒေါက်တာသီဟသစ်ရဲ့ Two-Body-Tiger Specialist Clinic မှာ သွားရောက် ပြသနိုင်ပါတယ်။ ဤကား စကားချပ်) Tongue out
(၂) တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ အလွန်အန္တရာယ် မရှိပါဘူး။ ဒါပေမယ့် ၁၀၀% ဘေးကင်းတာတော့ မဟုတ်ဘူး။ အဖော်တစ်ယောက်ယောက်နဲ့ ဆက်ဆံတာနဲ့ မတူဘဲ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ သင့်ကို ဘယ်လို လိင်မှတစ်ဆင့် ကူးစက်သော ရောဂါမျိုးကိုမှ မပေးပါဘူး။ အဖော်နဲ့ ဆက်ဆံခြင်းမှာ ရနိုင်တဲ့ ကိုးရိုးကားယားနိုင်တဲ့ ကြွက်သားညောင်းညာမှု တွေကိုရစရာ အကြောင်းကိစ္စလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲ ပြောပြော တစ်ကိုယ်ရည် အာသာဖြေခြင်းကို လုံးဝ ဘေးကင်းတဲ့ ကိစ္စပါလို့တော့ အာမမခံနိုင်ပါဘူး။
        “တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ရှိသမျှ နည်းလမ်းတွေထဲမှာ အန္တရာယ် အကင်းဆုံး လို့ပဲ ပြောနိုင်တာပဲ ရှိပါတယ်။ ဒါပေမယ့် တစ်ကိုယ်ရည် အာသာဖြေခြင်း လုပ်လိုက်လို့ ခန္ဓာကိုယ်ထဲက ရုပ်ပိုင်းဆိုင်ရာ ဇီဝပိုင်းဆိုင်ရာ မှန်ကန်မှု နိယာမတွေ ရပ်ဆိုင်းသွားမှာတော့ မဟုတ်ပါဘူး” လို့ Cornog ကဆက်ပြောပြပါတယ်။
        အကြိမ်အရေအတွက် များများ (သို့) ကြမ်းတမ်းစွာ တစ်ကိုယ်ရည် အာသာဖြေခြင်းကတော့ လိင်တံရဲ့ အရေပြားကို ထိခိုက်ပွန်းပဲ့စေတယ်ဆိုတာ အမျိုးသားတိုင်း သိကြမှာပါ။ ဒီနေရာမှာ သာမန်လုပ်နေကျ လက်နဲ့မျိုး မဟုတ်ဘဲ အပြားအချပ် တစ်ခုခု၊ ခေါင်းအုံး သို့မဟုတ် အောက်ခံအခင်း တစ်ခုခုကို ဆန့်ကျင်တွန်းခြင်း စတဲ့ နည်းတွေနဲ့ လုပ်ရင်တော့ ဆီးလမ်းကြောင်း (urethra) ကို ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။
        အဲလို ဖြစ်ရင် သိသာတဲ့ လက္ခဏာတွေက ဆီးသွားရင် နာခြင်း၊ စသွားသွားခြင်းမှာ သွေးရောင် ပါပြီး နောက်ပိုင်းမှာ မပါတော့ခြင်း၊ ဆီးထွက်ခြင်းသည် ပိုက်မှ ထွက်သကဲ့သို့ ရေစီးကြောင်းပုံစံ မဟုတ်ဘဲ ကျဉ်းကျပ်သော မူမမှန်လမ်းကြောင်းကို တွန်းထွက်ရသလိုမျိုး (spray ဖျန်းသကဲ့သို့ဟု ပညာရှင်များက ဥပမာပေးထားသည်) ဖြစ်ခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီလို ဖြစ်သွားတဲ့ လူအချို့ဆို ထိုင်လျက် မတ်တပ်ရပ်လျက် ဘယ်လိုမှကို ဆီးသွားလို့ မရတော့ဘဲ အရမ်းနာနေတတ်ပါတယ်။ ဒါဆို ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါပြီ။ ဒါပေမဲ့ ဒီလောက်ထိ ဖြစ်သွားတာကတော့လည်း ရှားပါတယ်။
         အရမ်းအရမ်းဆိုးတဲ့ ကိစ္စတွေမှာ ဆိုရင်တော့ လိင်တံတောင် ကျိုးနိုင်ပါသေးတယ်။ အမျိုးသား တန်ဆာရဲ့ ရေမြှုပ်ဆန်တဲ့ တစ်သျှူးအလွှာများကို ဖုံးအုပ်ပေးထားတဲ့ အဖြူရောင် tunica albuginea ဆိုတဲ့ အလွှာအထိ စုတ်ပြဲသွားတာ ဖြစ်ပါတယ်။ အရမ်းကို နာကျင်တဲ့ အခြေအနေ တစ်ရပ်ပါ။ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းမှာ စတန့်ထွင်ပြီး လုပ်လို့ မာတောင့်နေတဲ့ တန်ဆာကို မာကျောတဲ့အရာဝတ္ထု တစ်ခုခုနဲ့ မတော်တဆ ရိုက်မိလို့ ဖြစ်စေ၊ အောက်ကို လှန်ချိုး လိုက်မိလို့ ဖြစ်စေ ဖြစ်တတ်ပါတယ်။
        ဒါကြောင့် တစ်ကိုယ်ရည် အာသာဖြေခြင်းမှာ ဘေးကင်းချင်တယ်ဆိုရင်တော့ ထူးခြားဆန်းပြား ကမ္ဘာတစ်လွှားတွေ သိပ်မလုပ်ကြပါနဲ့၊ ထူးဆန်းထွေလာ ဟိုအရာတွေ သိပ်မသုံးကြပါနဲ့၊ တော်ကြာ ထူးထွေတည့် အံ့ရာသော် အဖြစ်တွေ ကြုံနေရဦးမယ်လို့ ကျန်းမာရေးသတိ ပေးချင်ပါတယ်။ အဖော်နဲ့မှာလည်း ဖြစ်တတ်လို့ သတိထားသင့်ပါတယ်။
       (မြန်မာပြည်မှာတော့ ဒါမျိုးတွေက တော်တော်ရှားပါသေးတယ်။ နောင်တော့လဲ ပြောမရဘူးပေါ့။ ဒါမျိုးတွေလာရင် အရေးပေါ် ချုပ်၍ပြုပြင်ပေးခြင်း Emergency Repair လုပ်ပေးတတ်အောင် ဆရာဝန်တွေ ကျင့်ထားသင့်ပါတယ်။ စကားမစပ် ထပ်ပြောရရင်တော့ ဘေးကင်းတဲ့ ချောဆီလို ဟာမျိုးကတော့ ပညာရှင်တွေ တားမြစ်ထားတဲ့ အထဲမှာ မပါပါဘူး)
(၃) တစ်ဦးတည်း ဆန္ဒဖြေဖျောက်ခြင်းဟာ လိင်မှုဘ၀မှာ စွမ်းအားအလေ့အကျင့်တစ်ရပ် ဖြစ်စေပါတယ် (သို့) ပျက်စီးဆုံးရှုံးစေပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ အဖော်နဲ့ကျရင် တကယ်ကောင်းမွန်တဲ့ အဖြစ်ကို ရစေတယ်ဆိုတဲ့၊ တကယ့် ဆုလာဘ် (real boon) ကိုရစေတယ်ဆိုတဲ့ အကြောင်းတရားတွေ အများကြီး ရှိပါတယ်။
ဒါဟာ အမျိုးသားတစ်ဦးချင်းစီကို မိမိရဲ့ တုန့်ပြန်မှု အနှေးအမြန်ပုံစံကို သိရအောင် သင်ကြားပေးပါတယ်။ ဘယ်လိုခံစားချက်ဆိုရင် သာယာတယ်၊ မသာယာဘူး၊ ဘယ်လိုခံစားချက်လာပြီး နောက်ဆိုရင် ပြီးဆုံး တတ်တယ်စတဲ့ တန်ဖိုးရှိတဲ့ အချက်တွေကို သိရှိစေပါတယ်။ ဒါဟာ အဖော်နဲ့ ပွင့်လင်းစွာ စကားပြောတဲ့အခါမှာ နှစ်ဦးနှစ်ဖက် သူ့အကြိုက် ကိုယ့်အကြိုက် ညှိနှိုင်းနိုင်ခြင်း၊ အထွတ်အထိပ် ခံစားချက် (orgasm) မရောက်ခင်လေးတင်မှာ ရှိတဲ့ “ရှောင်လွှဲမရသော အခိုက်အတန့်” (moment of inevitability) မှာ ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်နိုင်အောင် အလေ့အကျင့် ဖြစ်စေတဲ့အတွက် အချိန်မတန်မီ သုက်လွှတ်ခြင်း (premature ejaculation) ကိုလည်း ဟန့်တားရာမှာ အကျိုးရှိစေ ပါတယ်။
        နောက်ထပ် အရေးကြီးဆုံး အချက်လို့ ဆိုနိုင်တဲ့ အချက်တစ်ချက်ကတော့ ဒါဟာ အမျိုးသားတိုင်းအတွက် အဖော်နဲ့ တူတူနေလို့ ယာယီ မရနိုင်သေးခင်မှာ ကိုယ့်ကိုယ်ကို နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်တဲ့ နည်းလမ်းဖြစ်စဉ်တစ်ရပ် ဖြစ်တာပဲ ဖြစ်ပါတယ်။ (နို့မို့ ရာဇ၀တ်မှုတွေ ကူးစက်ရောဂါတွေဆီကို ဦးတည်သွားနိုင်စေကြောင်း တွေးကြည့်လို့ ရပါတယ်) 
ဗဟုသုတအနေနဲ့ ဖော်ပြရရင် အချို့အမျိုးသမီးတွေက အမျိုးသားတွေ ခေါ်သလောက် မလိုက်နိုင်ကြပါဘူး။ အလွန်ဆုံး နှစ်ခါထက် ပိုစိတ်မပါတော့ဘဲ ဒါမှမဟုတ် ခန္ဓာကိုယ်က မခံနိုင်တော့ဘဲ ဖြစ်တတ်ပါတယ်။ ဒါကို အကြိမ်အရေအတွက် နှစ်သက်မှုကွာဟချက် (disparity in frequency preference) လို့ ခေါ်ကြောင်းပါ။
ဒီလို ဖြစ်နေရင် များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်ထက် အရှက်အကြောက်ကြီးမှု၊ အတွေ့အကြုံနည်းမှု၊ မ ဟော်မုန်းအားနည်းမှု၊ အိမ်မှုကိစ္စပင်ပန်းမှု၊ စိတ်ဖိစီးမှု စတဲ့ အချက်တွေကြောင့် ဖြစ်ရတာ ဖြစ်ပြီး ထွေထွေထူးထူး ဆေးကုဖို့ မလိုပါ။ အာဟာရမျှအောင် စားပေးပြီး အထက်ပါအချက်တွေကို စဉ်းစားစစ်ဆေး ပြုပြင်ပေးလိုက်ရုံနဲ့ နှစ်ဦးကြားက ကွာဟချက် ကျဉ်းမြောင်း သွားပါလိမ့်မယ်။
        အချို့အမျိုးသားတွေကျတော့ သူတို့ရဲ့ အဖော်နဲ့ အတူတူနေရခြင်းအပေါ်မှာ စိတ်ပါဝင်စားမှု လျော့နည်းစပြုလာတဲ့အတွက် တစ်ကိုယ်တော်လိင်မှုကိစ္စ (solo sex) အပေါ် စွဲလမ်းခုံမင် လာတတ်တာမျိုးလည်း ရှိပါတယ်။ ဒီလိုတင်းချက်ရှိလာလို့ အဖော်နဲ့ ခွဲခြားနေထိုင်လိုစိတ် ပေါ်လာခြင်းဟာ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေး၊ အိမ်ထောင်ရေးမှာ အနုတ်လက္ခဏာ ဆောင်စေမလားလို့ တော်တော်များများ သံသယ ရှိတတ်ပါတယ်။ ဒါကြောင့် ပါရဂူတွေက ဒီအချက်ကို အလျင်အမြန် စမ်းသပ် စစ်ဆေး ဖော်ထုတ်ခဲ့ကြရာမှာ တွေ့ရှိရတာကတော့ အိမ်ထောင်သို့မဟုတ် လက်ရှိလက်တွဲဖော် ရှိနေရင်တောင်မှ အမျိုးသားတွေရဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ချွတ်ယွင်းချက်မဲ့ ပြဿနာမရှိ (perfectly OK) ပါတဲ့။
သူတို့ ပြောချင်တဲ့ နှစ်ချက်က -
(၁) အဖော် (သို့) အိမ်ထောင်ရှိနေတဲ့ အမျိုးသားတစ်ယောက်ဟာ တစ်ကိုယ်ရည် အာသာဖြေတယ်ဆိုရင် သူ့နဲ့ အဖော်ကြားမှာ အိမ်ထောင်ဖက်နဲ့ ကြားမှာ ပြဿနာတစ်စုံတစ်ရာ ရှိတယ်လို့ မဆိုနိုင်ပါဘူး။
(၂) အဲလိုလုပ်လို့လည်း အဖော်အပေါ်မှာ ငြီးငွေ့စိတ်ကုန်သွားခြင်း ဖြစ်စေနိုင်ခြင်း မရှိပါဘူး……. တဲ့။
(၄) အချို့သော တစ်ကိုယ်ရည် အာသာဖြေခြင်း နည်းလမ်းများသည် ပန်းသေ ပန်းညှိုးခြင်း အထိ ဖြစ်စေနိုင်သည်။ ပုံမှန်အဖော်နဲ့ရတဲ့ လှုံ့ဆော်မှုမျိုးတွေနဲ့ မတူတဲ့ လှုံ့ဆော်မှု ပုံစံတွေသုံးပြီး ခဏခဏရအောင် နှိုးဆွတတ်တဲ့ (ဥပမာ တန်ဆာကို တစ်ခုခုနဲ့ မြန်မြန်ရိုက်တာ၊ အရမ်းညှစ်တာ၊ အရမ်းပွတ်တာ စတဲ့နည်းလမ်းတွေ လုပ်တတ်တဲ့) အမျိုးသားတွေဟာ သုက်လွှတ်မြန်တတ်တာ သုက်လွှတ်နည်းတတ်တာတွေ ဖြစ်တတ်ပါသတဲ့။ အထွတ်အထိပ်ခံစားမှု ရတာ ခဏလေးပဲ ခံစားရပြီး ခံစားချက်က မြင့်မားကောင်းမွန်ခြင်းလည်း လျော့နည်းသွားပါသတဲ့။
        (ကျွန်တော့် အရင်းအနှီးဆုံး ငယ်သူငယ်ချင်း နှစ်ယောက်လောက်တောင် ဒီလိုဖြစ်ဖူးလို့ ကျွန်တော် တိုင်ပင်ဆွေးနွေး ကုသပေးခဲ့ ဖူးပါတယ်။ တကယ်ကို ဆိုးတဲ့ အဖြစ်ပါ။ ပြီးလို့ ပြီးမှန်းလည်း မသိ၊ သုက်သာလွှတ်သွားတယ် ကျေနပ်မှု မပေါ်တဲ့ အဖြစ်ပါပဲ)
“ဒါကြောင့် ပန်းသေပန်းညှိုး ဖြစ်လာတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ကိုယ်သူ ဒီမေးခွန်း ပြန်မေးသင့်ပါတယ်။ အဖော်ရဲ့ လက်၊ ပါးစပ်၊ မ အင်္ဂါ စတာတွေကရတဲ့ လှုံ့ဆော်မှုနဲ့ မတူတဲ့ လှုံ့ဆော်မှုတွေ သုံးပြီး တစ်ကိုယ်ရည် အာသာဖြေခြင်း လုပ်မိနေလားဆိုတဲ့ မေးခွန်းပါ” လို့ နယူးယောက်မြို့ Weill Cornell ဆေးပညာကောလိပ်ရဲ့ မျိုးဆက်ပွားဆေးပညာ၊ ဆီးလမ်းကြောင်းဗေဒနဲ့ စိတ်ရောဂါကုပညာ ဌာနတို့ရဲ့ ဆေးကုသရေးတွဲဖက်ပါမောက္ခ ဒေါက်တာ Michael A. Perelman က သတိပေးပြောကြားပါတယ်။ သူဟာ လိင်မှုရေးရာ ကုထုံးနှင့် သုတေသနအဖွဲ့အစည်း (Society for Sex Therapy and Research) ရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။
သူက ဆက်ပြောပါတယ်။ “ဒါကြောင့် ဒီအမျိုးသားဟာ သူ့ရဲ့ ပိုခံစားရစေတဲ့ ပိုကြိုက်တဲ့ အနေအထားတွေကို အဖော်ကို ပြောပြဖို့နဲ့ သူ တစ်ကိုယ်ရည် ဆန္ဒဖြေဖျောက်နေတဲ့ နည်းလမ်းကရတဲ့ အာရုံခံစားချက်တွေ သူ့အဖော်ဆီကရတဲ့ ပုံစံနဲ့ တူအောင် လုပ်သင့်ပါတယ်။ ဆက်ပြီး ကြမ်းကြမ်းတမ်းတမ်း မလုပ်သင့်တော့ပါဘူး။
(၅) တစ်ကိုယ်ရည် အာသာဖြေခြင်းနှင့် ဆီးကျိတ်ကင်ဆာ ဆက်စပ်မှု၊ ဒီဆက်နွယ်မှုဟာ အခုအချိန်အထိ အတန်ငယ်ေ၀၀ါးနေဆဲပဲ ဖြစ်ပါတယ်။ ခိုင်မာသေချာတဲ့ နောက်ဆုံးပေါ် တွေ့ရှိချက်တွေကို တင်ပြပေးလိုက်ပါတယ်။
        အရွယ်ငယ်စဉ်တုန်းက မကြာခဏ တစ်ကိုယ်ရည် အာသာဖြေခြင်း လုပ်ပေးခြင်းဟာ အသက်ကြီးချိန်မှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်စွမ်းကို လျှော့ချပေးနိုင်ကြောင်း BJU International စာစောင်မှာ သြစတြေးလျား သိပ္ပံပညာရှင်များက ၂၀၀၃ ခုနှစ် တုန်းက ရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၄ ရောက်တော့ အမေရိကန်ဆေးပညာအသင်း ဂျာနယ်မှာ ဒီလိုဆက်စပ်မှုမျိုး အကျိုးသက်ရောက်မှုမျိုး မရှိဘူးလို့ ပြန်လည် ငြင်းဆိုကြပါတယ်။
၂၀၀၄ ခုနှစ်နောက်ပိုင်းမှာတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ဆီးကျိတ်ကင်ဆာ (သို့)
ဆီးကျိတ်ကြီးရောဂါကို တကယ်လျှော့ချပေးနိုင်ကြောင်း ခိုင်ခိုင်မာမာ ဆက်စပ်တွေ့ရှိတဲ့ စာတမ်းတွေဘက်ကတော့ အင်အားပိုများလာနေသလိုပါပဲ။
ကျွန်တော့်ရဲ့ ဆေးပညာအမြင် နှင့် ဆွေးနွေးချက်အရ တစ်ကိုယ်ရည် အာသာဖြေခြင်း မလုပ်ရင် လူငယ် အများစုမှာ အရွယ်ရောက် နောက်ကျတတ်ပါတယ်။ (ဒီတစ်ချက်ကလည်း မျိုးရိုးဗီဇ၊ မိဘဂရုစိုက်မှု၊ ဥာဏ်ရည်၊ အပေါင်းအသင်းစတဲ့ များစွာသော အချက်တွေအပေါ်တော့ မူတည်နေပါတယ်။ ကျွန်တော်က ယေဘုယျသဘော ပြောတာပါ)
        ဒီလို ကလေးစိတ်မကုန်သေးတဲ့ ကောင်လေးတွေဟာ အရွယ်ရောက်ပြီးသား ကောင်လေးတွေလောက် ဆန့်ကျင်ဖက်လိင်အပေါ် အာရုံမရှိသေးတဲ့အတွက် လူပေါ်လူဇော် ဖြစ်ချင်စိတ်နည်းကြတာ တွေ့ရပါတယ်။ ဥပမာ ကျောင်းစာအဆင့်၊ အားကစား၊ လူမှုရေးပါဝင်လိုမှု၊ ပရိသတ်အလယ် ထွက်ရဲမှု စတာတွေမှာ အားနည်းချက် ရှိတာကို တွေ့ရပါတယ်။
       ဒါတွေမှာ မမြင့်လို့ စိတ်ဖိစီးမှုတွေ ရှိလာပြီး အပေါင်းအသင်းတွေကြားမှာ အံဝင်ခွင်ကျ မဖြစ်တော့ဘဲ ဘေးရောက်သွားတတ်ပါတယ်။ မိန်းကလေးတွေနဲ့လည်း အဆင်မပြေ၊ ယောက်ျားလေး အချင်းချင်းလည်း အကြောမတည့် ဖြစ်နေပြီး နောက်ပိုင်း သူတို့ အရွယ်ရောက်လာကြရင်တောင် ဒီအတွေ့အကြုံတွေဟာ သူတို့ဘ၀မှာ အနုတ်လက္ခဏာ သက်ရောက်မှုရှိတာ တွေ့ရပါတယ်။ ကျွန်တော် အခုပြောတဲ့အချက် မှန် မမှန် သေချာစဉ်းစားကြည့်ရင် လူအများစုအတွက် မှန်တာတွေ့ရပါမယ်။
        ဆီးကျိတ်ကြီးခြင်းဟာ ကင်ဆာမဟုတ်တဲ့ အကျိတ်အခြေအနေ တစ်ရပ် ဖြစ်ပြီး ဆီးကျိတ်ကြီးရာကနေလည်း ဆီးကျိတ်ကင်ဆာ ဖြစ်သွားတတ်ပါတယ်။ များသောအားဖြင့်တော့ ခွဲစိတ် ဆေးသွင်းကုသရင် ပျောက်ကင်းတာမို့ အရမ်းတော့လည်း မကြောက်ကြပါနဲ့။
ကင်ဆာဆိုရင် ဆီးကျိတ်ကင်ဆာ ဖြစ်ဖြစ် ဘာကင်ဆာဖြစ်ဖြစ် အကုန်လုံးဟာ အချက်တစ်ချက်တည်း အပေါ်မှာ အခြေမခံဘဲ အချက်အများကြီးကြောင့် ဖြစ်ရသော (multi-factorial) ရောဂါ အမျိုးအစား ဖြစ်ပါတယ်။ ဒီတော့ ဆိုလိုချင်တာက တစ်ကိုယ်ရည် အာသာဖြေခြင်းက ကာကွယ်နိုင်သည် ဖြစ်စေ ပိုဖြစ်စေနိုင်သည် ဖြစ်စေ သိပ်ပြဿနာ မရှိပါဘူးလို့။ ကျန်တဲ့ အစားအသောက် အနေအထိုင်၊ ဓာတုအဆိပ်တွေ ကိုယ်ထဲဝင်ရောက်မှု၊ ဓာတ်ရောင်ခြည်သင့်မှု စတဲ့ အချက်တွေက ပိုအဓိကကျတာမို့  အစားအသောက်တွေကို ပုံမှန်စားသောက်ပေးပါ။
နေ့စဉ် အသီးအရွက်များများစား၊ အားကစားလေး အဆင်ပြေသလိုလုပ်၊ ဓာတုပစ္စည်းတွေပါတဲ့ ရယ်ဒီမိတ် အစာတွေ ဆိုးဆေးတွေ တတ်နိုင်သမျှ ရှောင်ကြဉ်သွားမယ်၊ ဆေးလိပ် လုံးဝမသောက်ဘူး၊ အရက်လျော့သောက်မယ်၊ အကောင်းမြင်စိတ်လေးနဲ့ နေသွားမယ်၊ ဇီဝိတဒါနတွေဖြစ်တဲ့ (တကယ်လိုအပ်သူကို ဆေးလှူခြင်း၊ သတ္တ၀ါများကို ကျွေးမွေးခြင်း၊ လွှတ်ပေးခြင်း) တွေ မှန်မှန် လုပ်ပေးသွားမယ်ဆိုရင် ဆိုရင် ဆီးကျိတ်ကင်ဆာမှ မဟုတ်ပါဘူး၊ ဘယ်ကင်ဆာမဆို ဝေးမှာ ဖြစ်ပါတယ်။
        ကင်ဆာသည် ၀ဋ်နာကံနာဆိုးတစ်မျိုး ဖြစ်သည့်အတွက် အတိတ်ကံကို ပြင်လို့ မရတော့ပေမယ့် ပစ္စုပ္ပန်ကံကို ကောင်းအောင် လုပ်ပေးသွားမယ်ဆိုရင် အတိတ်က အကုသိုလ်ဝဋ်ကျွေးတွေ အဟောသိကံ (အကျိုးပေးခွင့်မရတော့ခြင်း) ဖြစ်သွားနိုင်ပြီး မြတ်စွာဘုရားလက်ထက်က အနာမဲ့သူ ရှင်ပါကူ လို နေနိုင်သွားမှာ သေချာပါတယ်လို့ ကံ ကံ၏ အကျိုးကိုပါ ဝေဖန်တင်ပြပေးလိုက်ပါတယ်။
ဒေါက်တာသီဟသစ်
ကျန်းမာရေးစာတိုများစုစည်းမှု
မြဝတီ။
Read more →
Thursday, September 26, 2013
ယောက်ျားနဲ့မိန်းမ
,
ယောက်ျားနဲ့မိန်းမ
(၁) တကယ်လို့ ယောက်ျား တစ်ယောက်က ၁ကျပ်တန် ပစ္စည်းကို ၂ ကျပ်ပေးပြီး ဝယ်ခဲ့ရင် မိန်းမက သူ့ကို "လူတုံး"လို့ အပြစ်ဆို တတ်တယ်။ တကယ်လို့ မိန်းမ တစ်ယောက်က ၂ ကျပ်တန်ပစ္စည်းကို ၁ ကျပ်နဲ့ဝယ်ခဲ့ရင် ယောက်ျားက "ဒီပစ္စည်း ဝယ်လာပြီးလည်း သူ သုံးမှာ မဟုတ်ပါဘူး.. ချောင်တစ်ချောင်ချောင်မှာ ဒီအတိုင်းပစ် ထားမှာပဲ" လို့ ပြောတတ်တယ်။
(၂) ယောက်ျား တစ်ယောက်နဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမယ်ဆို ဒီယောက်ျားကို နားလည်မှုများများပေးပြီး အချစ်နည်းနည်းပေးရင် ရတယ်။ မိန်းကလေး တစ်ယောက်နဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမယ်ဆို ဒီမိန်းကလေးကို အချိန်နဲ့အမျှချစ်ပြီး သူ့ကို သိပ်နားမလည်လည်း ဘဝဟာ ပိုပျော်စရာကောင်းတယ်။
(၃) ငြင်းခုန်ရန်ဖြစ်တဲ့ ပွဲမှာ နောက်ဆုံးစကား တစ်ခွန်းပြောတဲ့သူက မိန်းကလေးဖြစ်တယ်။ တကယ်လို့ ရန်ပွဲရဲ့နောက်ဆုံးစကား တစ်ခွန်းကို ယောက်ျားက လုပြောလိုက်ရင် ရန်ပွဲအသစ်နောက် တစ်ပွဲ ထပ်ဆင်နွှဲ ရတော့တယ်။
(၄) မိန်းကလေး.. မင်းဘာလိုချင် ဘာဖြစ်ချင်သလဲ ရှင်းရှင်းလင်းလင်း ဖွင့်ပြောပါ။ အရိပ်ပြ အကောင်ထင်၊ အတိတ်စိမ်းပြောနည်းတွေက ယောက်ျားလေးကို နားမလည်စေပါဘူး။ ဒီ့ထက် အရိပ်ပြလည်း သူနားမလည်တတ်ဘူး။ ဒါကြောင့် ဘာလိုတယ်၊ ဘာဖြစ်ချင်တယ် ပါးစပ်ကနေ ရှင်းရှင်းလင်းလင်း ထုတ်ပြောပါ။
(၅) ကိုလံဘတ် နယ်မြေသစ်ကိုရှာဖွေတွေ့တာ မိန်းမလမ်းညွှန်ခဲ့လို့မဟုတ်ဘူး။ ဒါကြောင့် ယောက်ျားကားမောင်းနေချိန်မှာ မိန်းမရေ... သင့်ပါးစပ်ကို ကျေးဇူးပြုပြီး ပိတ်ထားပေးပါ။
(၆) ယောက်ျားရဲ့ အိမ်ထဲနေ အိမ်ပြင်ဝတ်ဖိနပ်တွေ စုစုပေါင်းလိုက်ရင် ၃,၄ ရံပဲရှိတယ်။ ဒါကြောင့် သင့်ဖိနပ် အရံ ၃.. ၄ဝမှာ ဘယ်တစ်ရံက သင့်ရဲ့ဘယ်အင်္ကျီနဲ့ လိုက်ဖက်တယ်ဆိုတာကို သူဘယ်လို သိနိုင်မှာလဲ...
Nine Nine Sanay
Read more →
Tuesday, September 24, 2013
မိန်းမမရသင့်သောယောင်္ကျားများ.........
,
၁။ပိုက်ဆံချွေတာသုံး နှပ်ချီင်္းလုံးစားတဲ့ယောင်္ကျား
၂။အွန်လိုင်းတက်ပြီး ဖူးစာရှာ ၊ ဗူးတာတောင် အထာမကျတဲ့ယောင်္ကျား
၃။ဆရာကြီး အရမ်းလုပ် ဘာမှမဟုတ်ဘဲ ဟန်လုပ်တဲ့ယောင်္ကျား
၎။ဗိုင်းကောင်းကျောက်ဖိဆိုပြီး အမတွေ အများကြီးရှိတဲ့ယောင်္ကျား
၅။စိတ်ကပျို ကိုယ်ကမနု အပျိုဆို “အခု” “အခု” ဖြစ်နေတဲ့ယောင်္ကျား
၆။ရည်းစားနဲ့လမ်းသွား ပိုက်ဆံများများမပါတဲ့ယောင်္ကျား
၇။ပိုက်ဆံဆိုမရှိကြောင်းပြောေ****ွ အသေအလဲလောင်းတဲ့ယောင်္ကျား
၈။ဘိုင်ပြတ်ကျရင် တိုင်ပတ်ကချင်တဲ့ယောင်္ကျား
၉။အိုင်တွေ့ခြေဆေး၊ ဘိုင်ကျဗိုက်မှောက် အလကားနေ“တောက်”ခေါက်နေတတ်တဲ့ယောင်္ကျား
၁၀။တရားဗန်းပြ သြကာသတောင် မရတဲ့ယောင်္ကျား
၁၁။ထိုင်ရာမထ တိုင်ပင်ဖော်တောင်မရတဲ့ယောင်္ကျား
၁၂။ဒီနားဆိုပြီး ကာရာအိုကေသွားတဲ့ယောင်္ကျား
၁၃။ဖုန်းတစ်လုံးနဲ့ဟန်လုပ် အကြံပုတ်တဲ့ယောင်္ကျား
၁၄။နားကပ်တစ်ဖက်နဲ့ ရှိုးထုတ် အပုတ်အသိုးရုပ်နဲ့ယောင်္ကျား
၁၅။ပလီပလာစကားတွေနဲ့ မှုယာတွေများတဲ့ယောင်္ကျား
၁၆။ဓူဝံကြယ်တောင်ဘက်ပြောင်းမယ် အပြောနဲ့ ဗိုက်မှာဟောင်းလောင်းယောင်္ကျား
၁၇။ငိုင်တိုင်တိုင်နဲ့ အလွန်မှိုင်တဲ့ယောင်္ကျား
၁၈။ဈေးဝယ်ရင်ကပ်စီး လက်ချည်းပြန်လာတဲ့ယောင်္ကျား
၁၉။“မ”၀ါသနာထုံ မှုံယိုနေတဲ့ယောင်္ကျား
၂၀။ယိမ်းနွဲ့ကာလမ်းလျှောက် အခြောက်စတိုင်နဲ့ယောင်္ကျား
၂၁။ရစ်ထုတ်ကြီးဘွဲ့နဲ့ အတင်းတုတ်ပြီးနေတဲ့ယောင်္ကျား
၂၂။လူရာကဖြင့်မ၀င် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးတဲ့ယောင်္ကျား
၂၃။ဝမရှ်ိဘဲဝိလုပ်ချင်တဲ့ယောင်္ကျား
၂၄။သေရည်သေရက်ကိုအသေမက်တဲ့ယောင်္ကျား
၂၅။ဟိုလိုဒီလိုနဲ့ အထာပိုတဲ့ယောင်္ကျား
၂၆။အအိပ်အရမ်းမက် ပုဆိုးလည်ပင်းပက်တဲ့ယောင်္ကျား
၂၇။ရှိုးပွဲမှာ အချိန်ဖြုန်း ပိုက်ဆံအလွန်သုံးတဲ့ယောင်္ကျား
၂၈။ အစားကိုချွေတာ အရက်နဲ့ပတ်သတ်ရင် လက်ဖွာတဲ့ယောင်္ကျား
၂၉။ဘောင်းဘီဖင်ကျပ်နဲ့ လင်မက်တဲ့ယောင်္ကျား
၃၀။ဘီယာအလွန်ကြိုက် ဗိုက်အလွန်ပူတဲ့ယောင်္ကျား
၃၁။Talkyအရမ်းပြော ရုပ်မချောတဲ့ယောင်္ကျား
၃၂။ကြောင်တောင်တောင်အထာနဲ့ အိမ်ပစ္စည်းဗလာနဲ့ယောင်္ကျား
၃၃။Oneway ဆံပင်ထောင်နဲ့ ဘောင်းဘီတိုဖင်ပြောင်တဲ့ယောင်္ကျား
၃၄။ တစ်မျက်နှာလုံးအပေါက်ဖောက် စာခြောက်ရုပ်နဲ့တူတဲ့ယောင်္ကျား
၃၅။ပါးစပ်ဟောင်ဖွာပြော လူတောဆိုမတိုးတဲ့ယောင်္ကျား
၃၆။အရက်ဆိုသောက်ပါဘိ မက်လောက်စရာ တစ်ကွက်မှမရှိတဲ့ယောင်္ကျား
၃၇။လမ်းတကာသွားလေကျယ် လူတကာကြားလေလည်တဲ့ယောင်္ကျား
၃၈။စားသောက်ဆိုင်နေ့တိုင်သွား အဆိုတော်မလေးတွေကြားပန်းကုံးစွပ်တဲ့ယောင်္ကျား
၃၉။အားကစားကြောင်းအရမ်းပြော ခြေငါးလမ်းလောက်လျှောက်ရင်တောင် အမောမခံနိုင်တဲ့ယောင်္ကျား
၄၀။မိန်းမမြင်အလွန်ကြိုက်လူမိုက်နဲ့တူတဲ့ယောင်္ကျား
၄၁။လမ်းသွားရင်မြှောက်ကြွ လမ်းပေါက်က ပြုတ်ကျတဲ့ယောင်္ကျား
၄၂။“ဇ”ကိုမသုံး အကြံတုံးတဲ့ယောင်္ကျား
၄၃။“မ”မြင်ရင် အရှိန်တက် နွားသိုးကြိုးပြတ်နဲ့ယောင်္ကျား
၄၄။ပိုက်ဆံကို အိမ်ပြန်ခိုး နှစ်လုံးထီလိုက်ထိုးတဲ့ယောင်္ကျား
၄၅။အသက်ကြီးပြီး အရာမထင် အလုပ်ပင် မယ်မယ်ရရ မရှိတဲ့ယောင်္ကျား
၄၆။ဘောလုံးအကြောင်းမတရားပြော လ္ဘက်ရည်ဆိုင်အလွန်ထိုင် ရေနွေးကြမ်းကို ဖရီး(free) ကိုင်တဲ့ယောင်္ကျား
၄၅။ဂိုက်ပေးကြမ်းပြီး လက်သရမ်းတဲ့ယောင်္ကျား
၄၈။အခက်အခဲတစ်ခုဖြစ် အကူညီဖြင့် မရတဲ့ယောင်္ကျား
၄၉။ဖွန်ဆိုအရမ်းကြောင်ဘာကိုမှဦးမဆောင်နိုင်တဲ့ယောင်္ကျား
၅၀။ညစ်ငြမ်းတဲ့ကား မတရားကြည့်တဲ့ယောင်္ကျား
၅၁။ခွေးချစ်ဟန်ဆောင် ဖွန်အလွန်ကြောင်တဲ့ယောင်္ကျား
၅၂။နှမချင်းမစာနာ ပါးစပ်ဟောင်ဖွာပြောတတ်တဲ့ယောင်္ကျား
၅၃။ပိုက်ဆံကို အလွန်သုံး အိမ်ကတောင်ပြန်ဘုံးတဲ့ယောင်္ကျား
၅၄။ တွေ့ကရာလူ မြှောက်ပင့်ကပ်စား အကျင့်တပြားမှ မကောင်းတဲ့ယောင်္ကျား............
တိန်
အဆဲဒဏ်မှ ကင်းလွတ်ပါစေ.......
ရီမောပျော်ရွှင်ပါစေ....
Lon Ely....
Read more →
Tuesday, September 10, 2013
မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ
,
၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....
၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...
ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...
၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်...
၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...
၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...
ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်...
-------------===-------------
ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေး များအ တွက် ပြန် လည်လက် ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း...
Read more →
Tuesday, September 3, 2013
မိန်းကလေးများ သတိထားရမယ့် ဒီလိုယောက်ျား (၂၆)မျိုး
,
ယောကျာင်္းမရသင့်တဲ့ မိန်းမတွေရှိသလို မိန်းမမရသင့်တဲ့ ယောကျာင်္းတွေရှိတယ် မိန်းမ မရသင့်သော ယောကျာင်္းတွေ အကြောင်းကို စုမိစပ်မိသလောက် ပြောပြပေး လိုက်ပါတယ်
၁။အိုင်တွေ့ခြေဆေး၊ ဘိုင်ကျဗိုက်မှောက် အလကားနေ“တောက်”ခေါက်နေတတ်တဲ့ယောင်္ကျား
၂။ဘိုင်ပြတ်ကျရင် တိုင်ပတ်ကချင်တဲ့ယောင်္ကျား
၃။အွန်လိုင်းတက်ပြီး ဖူးစာရှာ ၊ ကြူတာတောင် အထာမကျတဲ့ယောင်္ကျား
၎။စိတ်ကပျို ကိုယ်ကမနု အပျိုဆို “အခု” “အခု” ဖြစ်နေတဲ့ယောင်္ကျား
၅။တရားဗန်းပြ သြကာသတောင် မရတဲ့ယောင်္ကျား
၆။နားကပ်တစ်ဖက်နဲ့ ရှိုးထုတ် အပုတ်အသိုးရုပ်နဲ့ကော်လီလုပ်ယောင်္ကျား
၇။ဗိုင်းကောင်း ကျောက်ဖိဆိုပြီး မခုတ်တက်တဲ့ ကြောင်ပုံစံနဲ့ နောက်ကွယ်အမတွေ အများကြီးရှိ တဏှာ ရူးတဲ့ ယောင်္ကျား
၈။ရစ်ထုတ်ကြီးဘွဲ့နဲ့ ခွက်ပုန်းခုတ် အတင်းတုတ်ပြီးနေတဲ့ယောင်္ကျား
၉။ဘောင်းဘီဖင်ကျပ်နဲ့ လိင်မက်တဲ့ယောင်္ကျား
၁၀။ဘီယာအလွန်ကြိုက် ဗိုက်အလွန်ရွှဲ အသားမဲတဲ့ယောင်္ကျား
၁၁။Talkyအရမ်းပြော ရုပ်မချောတဲ့ယောင်္ကျား
၁၂။ပိုက်ဆံချွေတာသုံး နှပ်ချီင်္းလုံးစားတဲ့ယောင်္ကျား
၁၃။Oneway ဆံပင်ထောင်နဲ့ ဘောင်းဘီတိုဖင်ပြောင်တဲ့ယောင်္ကျား
၁၄။ တစ်မျက်နှာလုံးအပေါက်ဖောက် စာခြောက်ရုပ်နဲ့တူတဲ့ယောင်္ကျား
၁၅။ပါးစပ်ဟောင်ဖွာပြော လူတောဆိုမတိုးတဲ့ယောင်္ကျား
၁၆။“မ”မြင်ရင် အရှိန်တက် နွားသိုးကြိုးပြတ်နဲ့ယောင်္ကျား
၁၇။ပိုက်ဆံကို အိမ်ပြန်ခိုး နှစ်လုံးထီလိုက်ထိုးတဲ့ယောင်္ကျား
၁၈။အသက်ကြီးပြီး အရာမထင် အလုပ်ပင် မယ်မယ်ရရ မရှိ သောက်ပျင်းကြီးတဲ့ယောင်္ကျား
၁၉။ဘောလုံးအကြောင်း မတရားပြော လ္ဘက်ရည်ဆိုင် အလွန်ထိုင် ရေနွေးကြမ်းကို ဖရီး(free) ကိုင်တဲ့ ယောင်္ကျား
၂၀။လမ်းတကာသွားလေကျယ် လူတကာကြားလေလည်တဲ့ယောင်္ကျား
၂၁။စားသောက်ဆိုင်နေ့တိုင်သွား အဆိုတော်မလေးတွေကြားပန်းကုံးစွပ်တဲ့ယောင်္ကျား
၂၂။ပိုက်ဆံဆိုမရှိကြောင်းပြော ဘောပွဲ အသေအလဲလောင်းတဲ့ယောင်္ကျား
၂၃။နှမချင်းမစာနာ ပါးစပ်ဟောင်ဖွာပြောတတ်တဲ့ယောင်္ကျား
၂၄။ ပိုက်ဆံကို အလွန်သုံး အိမ်ကတောင်ပြန်ဘုံးတဲ့ယောင်္ကျား
၂၅။ တွေ့ကရာလူ မြှောက်ပင့်ကပ်စား အကျင့်တပြားမှ မကောင်းတဲ့ယောင်္ကျား
၂၆။ လိမ်ညာဖြီးဖြန်းမဟုတ်ရပါဘူးဗျာဆိုပီး ပလီပလာတီတီတာတာနဲ့..နောက်ကွယ်မှာ ခြေပုန်းခုတ်တဲ့ ယောကျာ်း
Read more →
Monday, August 19, 2013
မိန်းကလေး များ ဖတ်ဖို့
,
တစ်ခါတုန်းကပေါ့။ အထက်မြန်မာပြည်ရှေးဟောင်းမြို့နားက ရွာလေးတစ်ရွာမှာ တစ်ရွာလုံးက ချစ်ခင်လေးစားကြတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းဆရာလေးတစ်ယောက်ရှိသတဲ့။ သူကကျောင်းပိတ်ရင် ရွာမှာ ကလေးတွေကို စာသင်ပေးတယ်။ ကျောင်းဖွင့်ရင်တော့ ရန်ကုန်မှာ ကျောင်းပြန်တက်ပေါ့။ အင်္ဂလိပ်စာတတ်ရင် ဘုရားဒကာထက် အထင်ကြီးလေးစားခံရတဲ့ အချိန်ကာလမျိုးမှာ ကလေးတွေကို အလကားစာသင်ပေးနေတော့ ရွာရဲ့ အသည်းနှလုံး ဆိုလဲ မမှားဘူးပေါ့လေ။ ဒီကျောင်းဆရာလေးရဲ့ အိမ်ကလဲ စီးပွားရေးတောင့်တင်းတယ်။ ရုပ်ရည်ကလဲ ဖြူဖြူသန့်သန့်ဆိုတော့ သမီးရှင်တို့ မျက်စိကျတဲ့ ယောင်္ကျားလေးမျိုးပေါ့။ သူတို့ အိမ်မှာ လေးတန်းအောင်ပြီး ကတည်းက ခေါ်ထားတဲ့ ဆွေမျိုးနီးစပ်ထဲက အသားမဲမဲ ရွက်ကြမ်းရေကြို ကောင်မလေးတစ်ယောက်လဲ ရှိတယ်။ အဲဒီကောင်မလေးကလဲ ဒီကျောင်းဆရာလေးကို ရင်ထဲက ကျိတ်ပြီး သဘောကျနေတာပါ။
ဒီလိုနဲ့ပဲ တစ်အိမ်ထဲအတူနေ ဒီကျောင်းဆရာလေးနဲ့ ကောင်မလေးနဲ့ ညိကြရော ဆိုပါတော့။ ဒီတော့ ကျောင်းဆရာလေးက လူကြီးတွေကို အသိမပေးပါနဲ့ဦး။ ကျောင်းပြီးတဲ့ အခါမှ လက်ထပ်ကြမယ်လို့ စီစဉ်သတဲ့။ ဒါကိုကောင်မလေးက ကျောင်းပြီးတဲ့ အထိစောင့်ရင်သူ့ကိုပစ်သွားမှာပဲဆိုပြီး ရှိသမျှ ကြီးတော်တွေ၊ ဒွေးလေးတွေ အကုန်ကြေငြာမောင်းခတ်လိုက်သတဲ့။ မယူရင်မရတော့ပါဘူး၊ ဘာညာပေါ့လေ။ ကျောင်းဆရာလေးရဲ့ မိဘတွေလဲ စိတ်ဆိုးကြ၊ ဒေါသတွေကြီးနဲ့ ဆွေမျိုးအုပ်စုတစ်ခုလုံး ပွက်လောရိုက်သွားတာပေါ့။ နောက်ဆုံးတော့လဲ ရှေးတောရွာသူတို့ရဲ့ စိတ်နဲ့ ရှုပ်ရှုပ်ထွေးထွေး စဉ်းစားမနေတော့ပဲ ပေးစားလိုက်ကြရော ဆိုပါတော့။ မင်္ဂလာဆောင်တဲ့ ညမှာပဲ သတို့သားလောင်းက တစ်ခါမှ မသောက်ဘူးတဲ့ အရက်တွေသောက်၊ ဘယ်ခွေးမှ လူမထင်ဘူးကွ ဆိုပြီး ပြန်လာသတဲ့။ ပြီးတော့ ငါ့ဘ၀ကို ဖျက်ဆီးတဲ့ မိန်းမ လာခဲ့ ဆိုပြီး ခြေသလုံးကျော်ကျော်ထိ ရှည်တဲ့ ကောင်မလေးရဲ့ ဆံပင်ကို တရွတ်ဆွဲပြီး ရွာကိုပတ်ပါလေရော။ အမြဲ ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာ ပြောလေ့ရှိတဲ့ လူက ပါးစပ်က မကြားဝံ့၊ မနာသာတွေ ဆဲဆိုလိုက်တာ တစ်ရွာလုံး ဘယ်သူမှလဲ မဆွဲရဲ၊ဲဆွဲ တဲ့လူကို သတ်မယ်ဆိုပြီး ဓါးနဲ့ကလဲ ကြိမ်းထားသေးတော့၊ နှိပ်စက်နေတာကို ဒီအတိုင်း ကြည့်နေလိုက်ရသတဲ့။
အဲဒီမင်္ဂလာဆောင်တဲ့ နေ့ကစပြီး ပြောင်းပြန်ကြီး ပြောင်းလဲသွားလိုက်တာ တစ်ရွာလုံးက အော်ကြောလန်တဲ့ အဆင့်ထိရောက်ပါလေရော။ နေ့တိုင်းနီးပါး ငါ့ဘ၀ကို ဖျက်ဆီးတဲ့ မိန်းမ၊ ငါအမုန်းဆုံး မိန်းမနဲ့ ရိုက်နေတာတဲ့။ ကြာလာတော့ ညနေမိုးချုပ်တာနဲ့ အဲဒီ မိန်းမလဲ တခြားအိမ်မှာ သွားပုန်းနေရတာပေါ့။ အိမ်မှာ ရှာလို့ မတွေ့ရင် ဓါးဆွဲပြီး လက်ခံထားတယ်လို့ ထင်တဲ့ အိမ်တွေမှာ ဓါးနဲ့ကြိမ်း၊ အိမ်ရှေ့ကသစ်ပင်တွေခုတ်နဲ့၊ ဆဲလိုက်တာလဲ မိုးမွှန်နေတော့ တခါတလေများ တခြားရွာအထိ သွားပုန်းနေရသတဲ့။ မကျေနပ်တာလေး တစ်ခုနဲ့ ဘ၀တစ်ခုလုံးနဲ့ ကိုယ့်ကိုကိုယ် ဖျက်ဆီးပစ်လိုက်တာ အရက်သမား လူရမ်းကားကား လုံးလုံးဖြစ်ရောပေါ့။ နေ့လည်ဘက်ဆိုရင်လဲ ဘယ်သူ့ကိုမှ စကားဟဟမပြောတော့ဘဲ ငူငူကြီးထိုင်နေသတဲ့။ ဒီလိုနဲ့ လင်ဆိုးမယား တဖားဖားဘ၀နဲ့ သမီးလေးတစ်ယောက်ရသတဲ့။ အဲဒီသမီးလေးကိုလဲ တစ်ခါမှ သေတဲ့အထိ သမီးလို့ မခေါ်ခဲ့ဘူးတဲ့။ ဟဲ့ကောင်မလေးလို့ ပဲခေါ်ပြီး တခါမှလဲ မချီဘူး။ ချော့မြူတာလဲ မရှိ၊ သူနဲ့ မဆိုင်သလိုပဲတဲ့။
ယောင်္ကျားတစ်ယောက်ရဲ့ အသုံးကျမှု၊ မကျမှုကို ပြောချင်တာမဟုတ်ပါဘူး။ ယောင်္ကျားတွေဟာ သူတို့လက်မထပ်ချင်သေးတဲ့အချိန်မှာ လက်ထပ်လိုက်ရတဲ့အခါ၊ လက်ထပ်ချင်တဲ့ အခါ လက်မထပ်ရတဲ့အခါ ဒါမျိုးတွေဖြစ်တတ်လား ကျွန်တော်မသိပါဘူး။ မိန်းမတစ်ယောက်ကို သူတို့ယူချင်တဲ့ အချိန် အဆင်သင့်ဖြစ်ရမယ် ဆိုတဲ့ အတ္တမျိုးရှိတတ်လား မတွေးတတ်ပါဘူး။ သူ့စိတ်ဓါတ်ကိုလဲ မဝေဖန်လိုပါဘူး။ အဓိက ကတော့ မိန်းမတစ်ယောက်ရဲ့ အိမ်ထောင်ရေးကံကြမ္မာကို ပြောချင်တာပါ။ တစ်ရွာလုံးလေးစားကြည်ညိုတဲ့ ကျောင်းဆရာကို ယူလဲ အရက်သမား မယားဖြစ်သွားနိုင်သလို တစ်ရွာလုံး အော်ကြောလန်ကို ယူလဲ အံ့သြလောက်အောင် လိမ္မာသွားလို့ ဘုရားဒကာ၊ ကျောင်းဒကာဖြစ်သွားနိုင်တယ်လေ။ အားလုံးက ကြောက်စရာကောင်းပြီး မမြင်နိုင်တဲ့ ကံကြမ္မာတွေပေါ့။ တကယ်တော့ အိမ်ထောင်ရေးဆိုတာ အမြင့်ဆုံး တန်ဘိုးနဲ့ ထပ်ပြီးကံကြမ္မာနဲ့ လောင်းရတဲ့ စိန်ခေါ်ပွဲ တစ်ခုပါဘဲ။
ကောင်မလေးတစ်ယောက်လဲ ဒီလိုပဲ။ ၁၀ တန်းဖြေဘို့ နယ်ကနေ မြို့ကိုလာနေရင်းက ဆေးကျောင်းမှာ အလုပ်လုပ်တဲ့ ယောင်္ကျားတစ်ယောက်နဲ့ တွေ့ပါလေရော။ ဆေးကျောင်းက ဓါတ်ခွဲခန်းမှာ လုပ်တယ်ဆိုတာပဲ သိပြီး တွဲနေလိုက်တာ လက်ထပ်ဖို့ အိမ်ကို ပြောတော့ ပွဲရုံ ပိုင်ရှင် မိဘတွေက သဘောမတူတာနဲ့ လိုက်ပြေးပါလေရော။ လက်ထပ်ပြီးမှ သေချာသိရတာက ဆေးကျောင်းက ဓါတ်ခွဲခန်းမှာ အလောင်းတွေ ခွဲရ၊ ဖြတ်ရတဲ့ အလုပ်သမားပါ။ ဆေးကျောင်းကို လှူတဲ့ အလောင်းတွေကို ဖြတ်၊ ဆေးစိမ်သင့်တာစိမ်၊ လွှတ်ပစ်သင့်တာ လွှတ်ပစ်၊ တစ်ခါတလေ ဆေးကျောင်းသားတွေက စာကျက်ဘို့ အရိုးခြောက်တွေ ဘာတွေ လိုချင်ရင် သူ့ဆီမှာ ၀ယ်ရတာပေါ့။ နောက်ပြီး သေပြီးသားလူတွေ ကြာကြာအထားခံအောင် ဆေးထိုးတဲ့ အလုပ်လည်း လုပ်သေးတယ်။ တစ်ခါတလေများ အိမ်ပြန်မိုးချုပ်တဲ့ အခါ သူလမ်းထဲဝင်လာရင် တိုက်ဆိုင်တာလားမသိ၊ လမ်းပေါ်မှာ ရှိတဲ့ ခွေးတွေက ဆွဲဆွဲငင်ငင်အူလို့၊ လူကလည်း သွေးညီနံ့တွေနဲ့၊ အော်ဒါမှာထားတဲ့ ကျောင်းသာရှိရင် လူရိုးထုပ်ကြီးက ပါသေးတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ။ အပြစ်မဆိုပါဘူး။ ဒါပေမယ့် ဒီကောင်မလေးသာ ဒါတွေကို ကြိုသိခဲ့ရင် သူ့ကံကြမ္မာက တစ်မျိုးတစ်မည် ပြောင်းသွားနိုင်တယ်လို့ ဆိုချင်တာပါ။ အိမ်ထောင်ကျပြီးမှ ကိုယ့်မိဘထားနိုင်တာထက် များစွာ နိမ့်ကျတဲ့ ဘ၀ကို ရောက်တဲ့အပြင် မသာဆေးထိုးပြီး လူရိုးထွင်ရောင်းတဲ့ လူမှန်းသိရတဲ့အခါ ကိုယ်ချစ်မိသွားတဲ့ လူတစ်ယောက်အတွက်၊ ကိုယ်ကံကြမ္မာအတွက် ဘာလုပ်လို့ရတော့မှာလဲ။
ဒီထက်ဆိုးတဲ့ နောက်တစ်ယောက်လဲ ရှိသေးတယ်။ ချစ်သူ ကြိုက်သူ ၀ိုင်းဝိုင်းလည်နေတဲ့ ကြားက လက်ကလေးတောင်မကိုင်၊ ချစ်သူကို တန်ဘိုးထားပြီး သက်သတ်လွတ်စားနေတဲ့ လူတစ်ယောက်ကို သူတော်ကောင်းလေး ဆိုပြီး ရွေးချယ်လိုက်သတဲ့။ ဒီလူက အိမ်ထောင်ကျပြီးတော့လဲ တကယ် သက်သတ်လွတ်စားတာပါ။ ဆိုးတာက မိန်းကလေး လုပ်သူက မကောင်းတဲ့ မိန်းမကိုသာ သွားရှာပါတော့လို့ တောင်းတောင်းပန်ပန်ပြောယူရလောက်အောင် ကာမကိုလည်း စားတာပါ။ နောက်ဆုံးတော့ ဘယ်သူမှ မကယ်နိုင်တဲ့ အဆုံး ကောင်မလေးလည်း အိမ်ကထွက်ပြေးလိုက်တာ သေလား၊ရှင်လား သတင်းအစအနတောင် မရတော့ဘူးတဲ့လေ။
မိန်းမတစ်ယောက်အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကြေကွဲစွာ လက်ခံလိုက်ရတဲ့ ကံကြမ္မာတွေ၊ နာကျည်းခံပြင်းစွာ လက်ခံလိုက်ရတဲ့ အဖြစ်အပျက်တွေ၊ ဆုပ်လည်းစူး စားလည်းရူးတဲ့ ဘ၀တွေ၊ ဆုပ်လည်းနွေး စားလည်းအေးတဲ့ ဘ၀တွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပြီး ဘ၀မှာ ပြီးပြည့်စုံသွားပြီလို့ ခံစားရမျိုးလည်း ဖြစ်နိုင်ပါတယ်။
ယောင်္ကျားတွေဘက်ကလည်းဒီလိုပါဘဲ။ အိမ်ထောင်ကျပြီးမှ ပိုတော်လာတဲ့ ယောင်္ကျားတွေရှိသလို၊ အရည်အသွေးကျသွားတာတွေလည်း ဒုနဲ့ဒေးပါဘဲ။ လူနှစ်ယောက်ပေါင်းပြီး ဘ၀တစခုကို တည်ဆောက်တဲ့အခါ ဘေးမှာ တစ်ချိန်လုံးရှိနေတဲ့ တစ်ဦးတည်းသော အဖော်ရဲ့ အားပေးမှု၊ ကူညီမှု၊ ပါရမီဖြည့်နိုင်မှု တွေက ဦးဆောင်နေတဲ့ ယောင်္ကျားအတွက် အရေးကြီးတဲ့ အင်အားပါပဲ။
အပေါင်းအသင်းမိတ်ဆွေတွေတောင် ကြာကြာပေါင်းရင် တဖြည်းဖြည်း သူ့စိတ် ကိုယ့်စိတ် ဓါတ်ကူးတတ်တယ်မဟုတ်လား။ ကိုယ့်ရဲ့ မသိစိတ်က တဖြည်းဖြည်း သူလုပ်သလို၊ သူပြောသလို လုပ်မိ၊ ပြောမိ နေတာမျိုးလေ။ လင်မယား ဆိုတာ အရင်းနှီးဆုံး တစိမ်းဆိုတော့ ယောင်္ကျားတစ်ယောက်ဆီက ဘ၀ကို ရင်ဆိုင်ရဲ၊ ဆုံးဖြတ်ချက်ကို ပီပီပြင်ပြင် ချရဲတဲ့ သတ္တိမျိုးတွေ မိန်းမဆီ ဓါတ်ကူးတာက တော်ပါသေးရဲ့။ မိန်းမဆန်လွန်းတဲ့ မိန်းမတွေမှာ ရှိတတ်တဲ့ မနာလိုဝန်တိုစိတ်တွေ၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးနဲ့ အတင်းပြောတတ်တဲ့ စိတ်တွေ၊ ယောင်္ကျားဆီ ဓါတ်ကူးကုန်ရင်တော့ ပြီးပါလေရော။ အသွင်မတူတာတွေ ညှိရင်းညှိရင်းနဲ့ မကောင်းတာတွေပဲ ကျန်ခဲ့ရင် ဒုက္ခ။ အရမ်းအောင်မြင်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့ နောက်မှာ သိပ်တော်တဲ့ မိန်းမတစ်ယောက်ရှိတယ်လို့ ဆိုထားတယ် မဟုတ်လား။
ကျွန်တော်အမြင်နဲ့ ပြောရရင်တော့ တချို့ယောင်္ကျားတွေက ကျွန်နဲ့တူသော မိန်းမကို ရတယ်။ ဆိုလိုတာက အိမ်မှုကိစ္စတွေလုပ်မယ်။ ကလေးမွေးမယ်။ ယောင်္ကျားကို ပြုစုမယ်။ ပေးသလောက်ပိုက်ဆံနဲ့ လောက်အောင်သုံးမယ်။ ယောင်္ကျားရဲ့ အလုပ်မှာ ရှိနိုင်တဲ့ စိတ်ဖိစီးမှုတွေ၊ ပြဿနာတွေအတွက် သူမဖြေသိမ့်ပေးနိုင်ဘူး။ အကြံဥာဏ်မပေးနိုင်ဘူး။ သူသိတာက ယောင်္ကျားခိုင်းရင်လုပ်မယ်။ ပေးရင်ယူမယ်။ ကျွေးရင်စားမယ်။ ဒါပဲပေါ့။
တချို့ယောင်္ကျားတွေကျတော့ အလုပ်ရှင်နဲ့တူသော မိန်းမကိုရတယ်။ သူများကားစီး စီးချင်ပြီ။ သူများတိုက်ဆောက် ဆောက်ချင်ပြီ။ ယောင်္ကျားကို ရှာပါလား။ လုပ်ပါလား။ အလုပ်ရှင်က အလုပ်သမားကို ခိုင်းသလိုမျိုး အချိန်မဖြုန်းနဲ့၊ အပိုမသုံးနဲ့ ဆိုတဲ့ မိန်းမမျိုးတွေပေါ့။
တချို့ကျတော့ ဘုရင်မနဲ့ တူတဲ့ မိန်းမကို ရတယ်။ ရှာသမျှ ပိုက်ဆံအကုန်အပ်ရပြီး နေရာတကာ သူပြီးမှ ပြီးရတယ်။ ဘာပဲလုပ်ချင်လုပ်ချင် အသေးအဖွဲကအစ သူ့မျက်နှာအရိပ်အကဲ ကြည့်ပြီး အတည်ပြုချက်ယူရတယ်။ ချစ်မြတ်နိုးလွန်းလို့ အလိုလိုက်နေရတာမျိုး မဟုတ်တော့ဘဲ အနိုင်ကျင့်ခံနေရတဲ့ ဘ၀မျိုးပါ။ ဘ၀မှာ ပျော်ရွှင်သင့်သလောက် ပျော်ရွှင်ခွင့် မရတဲ့ ယောင်္ကျားမျိုးတွေပေါ့။
တချို့ကျတော့ မိတ်ဆွေနဲ့ တူသော မိန်းမကို ရတယ်။ ကိုယ့်ကို အစစ အရာရာ ကူညီပေးနိုင်သလို သူကိုယ်တိုင်မှာလည်း ကိုယ်နဲ့ သိပ်မကွာတဲ့ အရည်အချင်းတွေရှိတယ်။ ကိုယ့်ကို လက်တွဲခေါ်ယူနိုင်ပြီး ဟာသဥာဏ်လည်းရှိတယ်။ ဘ၀ကို စိတ်လက်ပေါ့ပါးစွာ လျှောက်လမ်းခွင့်ကိုပေးတဲ့ မိန်းမမျိုးပေါ့။
တချို့ကျတော့ ချစ်တီးနဲ့ တူသောမိန်းမကိုရတယ်။ ပိုက်ဆံကို အရမ်းမက်မော၊ သူလည်းရှာ၊ ယောင်္ကျားကိုလည်း ရှာခိုင်း၊ ပြီးရင် သူတို့ရဲ့ လက်သုံးစကားက ပိုက်ဆံသာရမယ်ဆို ယောင်္ကျားတောင် ပေါင်လိုက်ချင်သတဲ့လေ။
တချို့ကျတော့ မိခင်နဲ့တူသော မိန်းမကိုရတယ်။ နွေးထွေးတဲ့ မေတ္တာနဲ့ ကိုယ့်ကို နားလည်ပေးနိုင်သလို အခက်အခဲ တစ်စုံတစ်ရာ ဖြစ်လာရင်လည်း မိခင်တစ်ယောက်က သားအပေါ်မှာထားတဲ့ မေတ္တာမျိုးနဲ့ ရင်ဆိုင်ရပ်တည်ပေးနိုင်တယ်။ လဲကျတဲ့အခါ ညင်သာစွာ ထူပေးနိုင်သလို အောင်မြင်တဲ့အချိန်မှာလည်း သူများအလဲမထိုးနိုင်အောင် ဂရုစိုက် တည့်မတ်ပေးတယ်။ အရာရာကို ထပ်တူနီးပါး ခံစားနားလည်ပေးနိုင်တဲ့ နှလုံးသားကို ပိုင်ဆိုင်တယ်။ ဖြတ်ထိုးဥာဏ်ကောင်းပြီး ပြဿနာတော်တော်များများကို သိမ်မွေ့စွာဖြေရှင်းနိုင်တယ်။ ယောင်္ကျားကိုယ်တိုင်ကလည်း မိန်းမဖြစ်သူကို လေးစားချစ်ခင်စွာမြတ်နိုးတယ်ဆိုရင်တော့ ဘုရားသခင်ပေးတဲ့ ဆုလာဒ်ကိုရတဲ့ ယောင်္ကျားမျိုးပေါ့ဗျာ။
ကိုယ့်ရွေးချယ်မှုတစ်ခုက ကိုယ့်ဘ၀တစ်ခုလုံးကို မသိမသာ ဖြေးဖြေးချင်း ပြောင်းလဲသွားနိုင်တဲ့အရာ၊ ဘာတွေဘယ်လိုပြောင်းလဲမယ်ဆိုတာ တိတိကျကျဘယ်သူမှ မသိနိုင်တဲ့အရာ၊ အကောင်းဆုံးဆိုတာကို ကိုယ်သတ်မှတ်တဲ့ စံနဲ့ လွပ်လပ်စွာရွေးချယ်ခွင့်လဲ ပေးထားတဲ့ အရာ၊ အချစ်ဆိုတာကို ဓါးစာခံလုပ်ပြီး ရဲရဲကြီးစွန့်စားကြည့်ကြတဲ့ အရာ၊ ပြီးသွားတဲ့ အခါ တိတ်ဆိတ်စွာ လူမသိ၊ သူမသိ တိတ်တိတ်လေး ကြေကွဲရတဲ့ အရာ၊ ဒါမှမဟုတ် ပွင့်လင်းစွာ ပျော်ရွှင်ခွင့်ရတဲ့အရာ၊ ဒါမှမဟုတ် မချိသွားဖြဲ ဖြစ်ကြရတဲ့ အရာ၊ ထိုထိုသော အရာများ ပေါင်းဆုံရာ လူ့ဘ၀ရဲ့ တစ်ခုတည်းသော အရသာကတော့ အိမ်ထောင်ရေးပါဘဲ။
အောင်မြင်တဲ့ အိမ်ထောင်တစ်ခုကို ခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်တဲ့ အစ်ကိုကြီးတစ်ယောက်ကို လျှို့ဝှက်ချက်မေးကြည့်တာကတော့ ယောင်္ကျားလေးရော မိန်းကလေးရော နှစ်ယောက်စလုံးက “ဘာပဲဖြစ်ဖြစ် ကျေကျေနပ်နပ်ကြီး (ကျေကျေနပ်နပ်ကြီးနော်) သည်းခံခွင့်လွှတ်နားလည်ကြမယ်ဆိုတဲ့ အချစ်မျိုးနဲ့ ချစ်နိုင်ပြီဆိုမှ အိမ်ထောင်ပြုပါ” တဲ့။ ဒီနေ့အထိ ကျွန်တော် ကြားဖူးသမျှထဲမှာတော့ သူ့အဖြေက အကောင်းဆုံးပါဘဲ
Read more →
Friday, August 16, 2013
ကညာပြောသော ယူရမည့် ယောက်ျားအကြောင်း
,
၁။ ယောကျာ်းတစ်ယောက်အဖို့  ရုပ်ရည်ချောဖို့ မလိုပါဘူး၊ပိုက်ဆံလေးထောရင် ပြီးတာပါပဲ
Shopping မှာမ၀ယ်ဘဲ ဈေးကိုအနည်းဆုံး ၃ ပတ်လောက်လျှောက်ကြည့်တာကို မငြီးမငြူ
ဂျီးမထူပဲ လိုက်နိုင်ရင်တော်ပါပြီ။
၂။ ယောကျာ်းတစ်ယောက်အဖို့  သူအရင်နေခဲ့တဲ့အိမ် ကျယ်ကျယ် မကျယ်ကျယ်အရေးမကြီးပါဘူး။
လက်ထပ်ပြီးရင်နေမဲ့ အိမ်ကိုသာ ကြီးကြီးလေး ၀ယ်ထားရင် ပြီးတာပါပဲ။
၃။မင်္ဂလာဆောင်မဲ့ စရိတ်အတွက်လည်း ပူစရာမလိုပါဘူး။သူ့ မှာရှိတဲ့ ပိုက်ဆံအကုန်
ကိုယ့်လက်ထဲ အပ်ထားမယ်ဆိုရင် ကိုယ်က စိုက်ထုတ်ပေးမှာပေါ့။
၎။အသွင်မတူ အိမ်သူမဖြစ်တဲ့ ။ အသွင်တူအောင် သူကဘောပွဲကြည့်မယ်ဆိုရင် ကိုယ်က ဘောလုံးသမားတွေကို လိုက်ကြည့်လိုက်ပေါ့။တစ်ပွဲမှာ တစ်ယောက်တော့ အရမ်းချောမှာ သေချာတယ်။
 (ကညာ့ မန်ယူအသင်းမှာဆိုရင် ချောတဲ့သူတွေ များတယ်..အဟိ..ဂယ်ကျောတာ..)
၅။သူ့ ကျန်းမာရေးကို ဂရုစိုက်ပေးရမယ်နော်။အသားဓါတ်လိုရင် ပဲများများသာကျွေးပေါ့။
အသားစားလို့ သွားကိုက်ရင် သူအရမ်းခံစားနေရမှာပေါ့။ကိုယ့်ယောကျာ်းခံစားနေရရင် ဘယ်မိန်းမမှ မကြည့်ရက်ဘူးလေ။ဒါကြောင့် အသားဆိုရင် ကိုယ်သာအနစ်နာခံပြီး စားပြစ်လိုက်ပေါ့။
၆။ကိုယ့်ယောကျာ်းက ခေတ်နဲ့ တစ်ပြေးညီ ဖြစ်နေရင် နောက်မိန်းမယူသွားမှာကို စိုးရိမ်နေရလိမ့်မယ်။
အဲဒီတော့ ပုဆိုးနှစ်ထည် အင်ကျီ နှစ်ထည်လောက်ဆို လုံလောက်ပြီ။ကိုယ်ကတော့ ခေတ်နဲ့ အညီနေနိုင်
မှယောကျာ်း အချစ်မလျော့မှာမို့  လှတပတလေးဆို ၀ယ်သာဝယ်။ ဈေးနှုန်းဆိုတာ ကိုယ်ပြောမှ သူသိတာ မဟုတ်လား။
၇။ ထမင်းဟင်းချက်တဲ့ အခါမှာလည်း ချို၊ ချဉ်၊ ငန်၊ စပ်၊ ပျော့ ၊ တူး၊ မနပ်ဆိုတဲ့ စကားနဲ့ အညီ တစ်နေ့ တစ်နေ့ 
အရသာ မထပ်အောင်ချက်ကျွေးရမယ်နော်။ ကိုယ်က လုံးဝ မစားနိုင်ရင်တော့ တစ်ခုခု စားစရာ ၀ယ်ပြီး ချက်ပြုတ်နေတုန်း စားထားလိုက်လေ။ထမင်းဘာလို့  သိပ်မစားတာလဲ မေးရင်တော့ ၀ိတ်ချနေတယ်
လို့ ပြောလိုက်ပေါ့၊
၉။အိမ်သန့် ရှင်း လုပ်ရတာလည်း လွယ်ပါတယ်။ ရှုပ်ထားတာမှန်သမျှ လွှင့်သာပြစ်လိုက်။
နောက်ဆို ဘယ်သူမှ ရှုပ်အောင် လုပ်ရဲမှာ မဟုတ်တော့ဘူး။
၁၀။ကိုယ့်ကို အသက်တစ်မျှ တန်ဖိုးထားတဲ့ သူ့ ကို ကိုယ့်ဆီ ပိုက်ဆံမအပ်လို့  စိတ်မဆိုးလိုက်နဲ့ နော်။
Credit Card တွေကို သူ့ ဆီကနေ တောင်းထားလိုက်ပေါ့။
၁၁။သူက ကိုယ်လိုချင်တာ ၀ယ်ပေးဖို့  ငြင်းဆန်နေရင် ၊ ကိုယ့်ကို အလိုလိုက် အလျော့ပေးဖို့ တွန့် ဆုတ် နေရင်တော့  Holly Wood ကရွှေမင်းသမီးတစ်ယောက်မှာ ယောကျာ်းဘယ်နှစ်ယောက် ယူခဲ့တဲ့ စာရင်းလေး
လုပ်ပြီး သူ့ ကိုပြောပြဖို့ မမေ့နဲ့ နော်။
၁၂။ ဒီလူနဲ့  စိတ်သဘောထားချင်း မတိုက်ဆိုင်လို့  ကွာရှင်းချင်လည်း ကွာရှင်းလိုက်ပေါ့။
ကဲ ဘယ်လိုလဲ သူငယ်ချင်းကောင်း ယောင်းမတို့ ရေ…ကညာပြောတဲ့အချက်အားလုံးကိုထောက်ခံတယ်မလား.. ဟီဟိ.
Read more →