Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Tuesday, November 5, 2013

ဦးပိန် တံတား သမိုင်း

,


အမရပူရ မြို့နယ် အတွင်းရှိ တောင်တမန်အင်း ကို ဖြတ်ကျော်ကာ အမရပူရ မြို့ဟောင်းနှင့် ရတနာပုံ တက္ကသိုလ် ကို ဆက်သွယ် တည်ဆောက် ထားသည့် ဦးပိန် တံတား သည် မြန်မာနှင့် ကမ္ဘာကျော် ရှုခင်းကောင်း တစ်ခု၊ အပန်းဖြေ လေ့လာရန် နေရာ တစ်ခု အဖြစ် ကျော်ကြား ပေသည်။ ဦးပိန်တံတား သည် ၁.၂ ကီလိုမီတာ ( သို့မဟုတ် ) တစ်မိုင် ၏ ၄ ပုံ ၃ ပုံ ရှည်လျား ၍ ကမ္ဘာ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘမှာ အရှည်ဆုံး ကျွန်းသား တံတား ဖြစ်သည်။ တံတား ဆောက်လုပ် သော နှစ်ကို အင်းက အော်အာ ဆောက်လုပ်ခါ ( ၁၂၁၁ ) ဟု၎င်း၊ ပြီးစီးသည့် နှစ် ကို အင်းကအော်ညီး ဆောက်လုပ်ပြီး ( ၁၂၁၃ ) ဟုလည်း မှတ်သား ထားကြသည်။ တံတားပြီးစီး စက တိုင်ပေါင်း ၉၈၄-တိုင် ( န၀ အဋ္ဌ ဇယ မောင်ပိန် ) အခန်းပေါင်း ၄၈၂ - ခန်း ရှိခဲ့သည်။ တံတား အရှည်မှာ ( ၃၉၇၆ ) ပေ ရှည်၏။ နားနေဇရပ် လေးဆောင် ရှိပြီး ဘုရင့် ဖောင်တော်များ လွယ်ကူစွာ ဖြတ်သန်း သွားနိုင်ရန် ဖောင်ကြောင်း ကိုးခု ကိုလည်း စီစဉ် ထားရှိလေသည်။ ဒုတိယ ကမ္ဘာစစ် အပြီးတွင် မြစ်ရေကြီးမှု ကြောင့် တံတား ရေမြှုပ်ကာ အခန်းအချို့ ပျက်စီးသွား ခဲ့ရာ အမရပူရ အမတ် ဦးဘသီက ပြန်လည် ပြင်ဆင် ခဲ့သည်။ ၁၉၇၃ - ခုနှစ် ကလည်း အခန်း ရှစ်ဆယ်ကျော် ရေမျော သွားခဲ့သည်။ ထိုစဉ်က မဟာဂန္ဒရုံ ဆရာတော် အရှင် ဇနကာဘိဝံသ ဦးဆောင်၍ အမရပူရ မြို့နယ် ပြည်သူလူထု နှင့် ပြုပြင် ခဲ့သည်။

ကုန်းဘောင်ခေတ်၊ ပုဂံမင်း လက်ထက် တွင် ဦးပိန် တံတားကို တည်ဆောက် ခဲ့သည်။ ပုဂံမင်းမှာ ကြက်၊ငှက် အစရှိသည်သာမက အခြားသော တိရိစ္ဆာန်များ ကိုပါ ဖမ်းဆီး၍ တိုက်ပွဲ ကစားသည် ကို အထူး ၀ါသနာ ပါပြီး နေ့စဉ်နှင့်အမျှ ကစားပွဲ ကျင်းပလေ့ ရှိသည်။ တိုင်းရေး ပြည်ရာများ ကို ညီတော် နှစ်ပါးဖြစ်သည့် မင်းတုန်းနှင့် ကနောင်မင်းသား နှစ်ပါး ဦးဆောင် သည့် လွှတ်တော် ကသာ ကိုင်တွယ် ဖြေရှင်းနေခဲ့ ရသည်။ ပုဂံမင်း၏ တိရိစ္ဆာန်ရေးရာ ကျွမ်းကျင်သူမှာ ဘိုင်ဆပ်ဟု ခေါ်သည့် ကုလား တစ်ဦး ဖြစ်သည်။ ထိုသူကို ပုဂံမင်း က ကြိုက် နှစ်သက် လှသဖြင့် အမရပူရ တွင်မြို့ဝန် အဖြစ်ပင် ချီးမြှောက်ခဲ့သည်။ ထို ဘိုင်ဆပ်နှင့် အတူ ချီးမြှောက်ခြင်း ခံရသူမှာ ၄င်း၏ တပည့် မြို့စာရေး မောင်ပိန် ဆိုသူ ဖြစ်သည်။ ထို သူတို့နှစ်ဦး သောင်းကျန်း လှသဖြင့် အမရပူရ တစ်မြို့လုံး သည် ခြောက်ခြား ရသည်။ ထိုသူ နှစ်ဦး စကားမှာ မင်းနားပေါက် သဖြင့် ကြောက်ကြ ရသည်။ လှန်ဝံ့သူ မရှိခဲ့ပေ။ သို့သော် နောက်ဆုံး တွင် ၄င်းတို့၏ အပြစ်များ ကို ပုဂံမင်း သိသဖြင့် ဖမ်းဆီး ကာ အပေါင်း အပါများ နှင့် တကွ ကွပ်မျက်ခဲ့သည်။

မြို့စာရေး မောင်ပိန်သည် မွတ်ဆလင် ဘာသာဝင် ဖြစ်သော် လည်း မြန်မာ ဘုန်းတော်ကြီးကျောင်း ထွက်ဖြစ်သည်။ ခရစ်နှစ် ၁၈၄၉-ခုနှစ်တွင် အမရပူရ မြို့စာရေး မောင်ပိန်သည် အသက်ရှိစဉ်၊ အာဏာ ရှိစဉ် အတွင်းက အမရပူရ မြို့တော်မှ တောင်တမန် အင်း ကို ဖြတ်၍ အခြား ဖက်ကမ်း သို့ သစ်သား တံတားကြီး တစ်ခုကို တည်ဆောက် လေသည်။ တံတား ဆောက်လုပ် ရန် သစ်များကို အင်းဝ နှင့် စစ်ကိုင်း မြို့ဟောင်းများ မှ ဘုန်းတော်ကြီး ကျောင်းဟောင်း များ ဖျက်ခြင်း ဖြင့် ရရှိသည် ဟု ဆိုသည်။ တည်ဆောက် ရသည် အကြောင်း မှာလည်း အကောင်း မဟုတ်။ တစ်ဖက် ကမ်း ရှိ မွတ်ဆလင်များ ကို ဘိုင်ဆပ် က အမရပူရ သို့ အကြောင်း ရှိလျှင် အမြန် ကူးနိုင်ရန် ဟူသော ရည်ရွယ်ချက် ဖြင့် ဆောက်သည် ဟု ဆိုပါသည်။ တည်ဆောက်သူ မောင်ပိန် ကို အစွဲပြုပြီး ဦးပိန် တံတား ဟုသာ အမည်တွင် သည်။ မည်သို့ ဆိုစေကာမူ ဦးပိန် တံတား သည် ယနေ့အခါ တွင် တောင်တံမန်အင်း ၏ အထင်ကရ ပြယုဂ် အနေဖြင့် ထင်ရှားလျက် ရှိပေသည်။

မြန်မာနိုင်ငံမှ သမိုင်းအကျဉ်း များ
Read more →

Monday, November 4, 2013

ရတနာပုံနေပြည်တော်ရှိ လက်နက်စက်ရုံများ

,


ရတနာပုံနေပြည်တော်တွင် အမြောက်သေနတ်လုပ်စက်ရုံ ၄ ရုံ ရှိခဲ့ လေသည်။ ယင်းတို့အနက် ၂ ရုံမှာ နန်းမြို့တွင်းမှာ တည်ရှိသည်။ ကျန် ၂ ရုံမှာ မြို့မြောက်ပြင် အမရစံခေါင်ရပ်၊ ရွှေတချောင်း ကမ်းပါး၌
တစ်ရုံ၊ မြို့အနောက်ပြင် သင်္ဂဇာချောင်း ကမ်းပါးတွင် တစ်ရုံ တည်ရှိသည်။ မြောက်ပြင် အမရစံခေါင်ရပ်ရှိ အမြောက်သေနတ် စက်ရုံကို အိမ်ရှေ့စံ ကနောင်မင်းသားကြီး ရှိစဉ်ကပင် တည်ထောင် ခဲ့သည်။

၁၈၇၁၊ ဇန်နဝါရီလတွင် နန်းမြို့တွင်းရှိ အမြောက်စက်ရုံမှ အလွန် ကောင်းမွန် သေသပ်သည့် ယမ်းတောင့်ထိုး ကျည်မွေ အမြောက်ငယ် ၂ လက်ကို ပထမဆုံးအကြိမ် လုပ်ဆောင် အောင်မြင်ခဲ့သည်။ ယင်း အမြောက်ငယ်မှာ ၁၈ ပေါင် အမြောက်ဆံကို ပစ်ခတ်နိုင်သည်။ ပြောင်းဝအနည်းငယ် ကျယ်သည်မှအပ အပြစ်အနာအဆာ ပြောစရာ မရှိပေ။ ၁၈၇၁၊ မတ်လတွင် နောက်ထိုးကျည်မွေ အမြောက်တစ်ခုကို သွန်းလုပ်အောင်မြင်ခဲ့သည်။ ယင်းအမြောက်ကို ကြေးဖြင့်သွန်းလုပ်၍ လက်စလက်န ကောင်းမွန်သေသပ်သည့်အပြင် ၂ ချက်ပေါက်၊ ၁၂ ချက်ထွက် နောက်ထိုးအမြောက်ဖြစ်သည်။ ၁၈၇၁၊ နိုဝင်ဘာ လတွင် အမြောက်စက်ရုံအတွင်း အမြောက်ကြီးငယ်များ တွင်ကျယ်စွာ လုပ်ဆောင်ရှိနေလျက် ကြေးနှင့်သံ ရောသွန်းသည့် စစ်ဆောင်
အမြောက်ကြီး ၁၂ လက်မှာ ပြီးလုနီး ရှိနေသည်။ ၁၈၇၂၊ ဖေဖော်ဝါရီ လတွင် အထက်ဖေါ်ပြပါ အမြောက်ကြီးများအပြင် ၁ ပေါင်ကျည်ဝင် ရိုင်ဖယ်အမြောက်ငယ် ၂ လက်လည်း ကောင်းမွန်သေသပ်ကျနစွာ ထုတ်လုပ်နိုင်ခဲ့သည်။

ယင်းနှစ် မတ်လတွင် မြို့အနောက်ပြင် သင်္ဂဇာချောင်းကမ်းပါးရှိ လက်နက်စက်ရုံမှ လက်နက်ကြီးငယ် ၂၀ ထုတ်လုပ်နိုင်ခဲ့သည်။ ယင်းတို့အနက် အချို့မှာ ၄ ပေါင်၊ ၅ ပေါင် ကျည်ဝင် ကြေးအမြောက်၊ သံအမြောက်တို့ဖြစ်လျက် အချို့မှာ စိန်ဖြစ်သည်။ ထိုအတောအတွင်း မှာပင် ယင်းစက်ရုံ၌ စစ်သေနတ်ဟောင်း ၁၇ လက်ကို နောက်ထိုး သေနတ် (သေနတ်ခါးချိုး) အဖြစ်သို့ ပြင်ဆင်ပြောင်းလဲ လုပ်ဆောင် နိုင်ခဲ့သည်။ ထို့ပြင် အမြောက်ငယ်အဟောင်း ၄၂ လက်ကိုလည်း ခေတ်သုံးယမ်းတောင့် နောက်ထိုး ရိုင်ဖယ်များအဖြစ်သို့ ပြောင်းလဲ အောင်မြင်ခဲ့သည်။

နန်းမြို့တွင်း လက်နက်စက်ရုံတွင် မြန်မာအမျိုးသားနှင့် အိန္ဒိယ အမျိုးသား အလုပ်သမားပေါင်း ၁၀၀ ခန့်ရှိသည်။ ၁၈၇၂ မတ်လ ၁၉ ရက်နေ့တွင် ဝန်ကြီးမှူးကြီးများရှေ့သို့ ဆုံလည်အမြောက်ကြီးကို ထုတ်လုပ် အောင်မြင်ကြောင်း ပြသနိုင်ခဲ့သည်။ ယင်း ဆုံလည် အမြောက်မှာ ယမ်းတောင့် ၆ တောင့်ထိုးဖြစ်၍ တစ်ချက်ပစ်တိုင်း ယမ်းတောင့်အိမ်လည်သဖြင့် ခြောက်လုံးပြူးသေနတ် သဘောသွား
အတိုင်းပင်ဖြစ်သည်။

ရတနာပုံ အမြောက်သေနတ်စက်ရုံ ၄ ရုံမှ ၁၈၇၁ နှင့် ၁၈၇၂ နှစ်များ အတွင်း ကျည်မွေအမြောက်ငယ်များ၊ နောက်ထိုးကျည်မွေ အမြောက်ကြီးများကို ထုတ်လုပ်နိုင်၍ ၁၅ လက်ထက်မနည်း အောင်မြင်စွာ ထုတ်လုပ်နိုင်သည်။ တစ်လလျှင် အမြောက်ငယ် ၃ လက်၊ ၄ လက်ခန့် ထုတ်လုပ်နိုင်သည်။ ၆ ပေါင်ကျည်ဝင် ရှေ့ထိုး သံအမြောက်၊ ကြေးအမြောက်တို့ကိုလည်း သွန်းလုပ်နိုင်ခဲ့သည်။ နန်းမြို့တွင်းရှိ လက်နက်စက်ရုံ ၂ ရုံတွင် တူဆံများ၊ တူမီး သေနတ်များ ပြုလုပ်ခဲ့သည်။ ၁၈၇၄၊ နိုဝင်ဘာလအထိ တူမီး သေနတ်ပေါင်း ၄၅၀-ခန့် လုပ်ဆောင်ပြီးစီးခဲ့သည်။ ၁၈၇၅ ခုနှစ် အတွင်း နန်းမြို့တွင်းရှိ လက်နက်စက်ရုံ၌ အမြောက်ငယ်များနှင့်
ထားပေါင်း ၂၀၀၀၀၀ ခန့် ထုတ်လုပ် အောင်မြင်ခဲ့သည်။ မြို့မြောက်ပြင်ရှိ အမြောက်သေနတ်စက်ရုံတွင် ရေမြုပ်ဗုံးကြီး ၁၀ လုံးကို ထုတ်လုပ်ခဲ့သည်။ သီပေါမင်းလက်ထက် မြောက်ပြင် အမရစံခေါင်ရပ်ရှိ သေနတ်စက်ရုံမှ ဗထက်ခြိုက်ခေါ် နောက်ထိုး သေနတ် ၅၀၀ ကျော်မျှ ထုတ်လုပ်နိုင်ခဲ့သည်။

မြန်မာလူငယ်များကို အိန္ဒိယ၊ အီတလီ၊ ပြင်သစ်နှင့် အင်္ဂလန် နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ပြီး စက်ရုံများကို ဦးဆောင်စေသည်။ အီတာလျံလူမျိုး စကာလာဆိုသူကို သေနတ် စက်ဆရာကြီးအဖြစ် ကြီးမှူးလုပ်ဆောင်စေသည်။ ဥရောပ-အာရှသား အတတ်ပညာရှင်တစ်ဦးလည်း ရှိသည်။ ၁၈၈၅၊ ဒီဇင်ဘာလ ၂ ရက်နေ့ ဂျင်နရယ်ပရင်ဒါဂတ် ဦးဆောင်သည့် ဗြိတိသျှ ပြည်သိမ်းတပ်က စက်ရုံအတွင်းရှိ လက်နက်မျိုးစုံကို သိမ်းဆည်း ဖျက်ဆီးခဲ့သည်။

(မူရင်း - ပါမောက္ခဦးမြင့်စော)
Read more →

Friday, November 1, 2013

Facebook ကို လွမ်းမိုး ခဲ့သူ - Chris Putnam

,

Faebook Comment Box ထဲမှာ :putnam လို့ ရိုက်လိုက် ရင် ထွက်လာ တဲ့ ခေါင်းပုံ ကို ကျနော် ဆိုရင် အစ က ဂျက်စတင် ဘီဘာ ခေါင်း လို့တောင် အနီးစပ် ဆုံး လျှောက်ထင် လိုက် ပါသေး တယ်။ သို့ပေမယ့် အဲဒါ မှားပါ တယ်။ အဲ့ဒီ Emotion icon ပိုင်ရှင် က Chris Putnam လို့ အမည် ရတဲ့ လူငယ်လေး ဖြစ်ပါတယ်။

Georghia Southern University မှာ တက္ကသိုလ် တက်နေစဉ် ၂၀၀၅ ခုနှစ် က Facebook ကို ဟက်ခဲ့ ပါတယ်။ အကောင့် ပေါင်း ၁ ထောင် ကျော်ရဲ့  Profile page ကို Myspace Social Network က ပုံစံ ဖြစ်အောင် ပြောင်း လဲခဲ့ပြီး Contat Detail အချို့  ကိုတောင် ဖျက်ခဲ့ ပါသေးတယ်။ Cross-site scripting ကို အသုံးပြု ခဲ့ခြင်း ဖြစ်ပါ တယ်။ သူ့ရဲ့ လုပ်ဆောင် ချက် ကို Facebook က ထောက်လှမ်း မိခဲ့ပြီး Co-founder ဖြစ်သူ Dustin Moskovitz က ခေါ်ယူ တွေ့ဆုံ ခဲ့ပါတယ်။ အလုပ်လုပ် ဖို့ အတွက် အကမ်းလှမ်း ခံရပြီး Facebook security နဲ့ Developing Team မှာ ထူးချွန် တဲ့ Engineer တစ်ယောက် ဖြစ် ခဲ့ ပါတယ်။

Facebook မှာ Photo Album တင်တာ နဲ့ ဗီဒီယို တင်တာတွေ ကို Chrit Putnam ဦးဆောင် ဖန်တီး ခဲ့တာ ဖြစ်ပါတယ်။ သို့ပေ မယ့် ကုမ္မဏီ မှာ စုစုပေါင်း ၄ နှစ် ပဲ လုပ်ကိုင် ခဲ့သူပါ။ သက္ကရာဇ် ၂၀၁၀ ခုနှစ်မှာ ကုမ္မဏီမှ ထွက်ခွာ ခဲ့ပါတယ်။ သူထွက်ပြီး နောက် Facebook chat, Comment မှာ လို့ ရိုက်ရင် Chris Putnam ရဲ့  ခေါင်းပုံစံ ပေါ်စေဖို့ Facebook က အမှတ် တရ ပြုလုပ် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

အောင်ခမ်း ( TSJ Team )
Read more →

မယားကောင်း မယားမြတ်ဆိုတာ (မိန်းကလေးများ အထူးဖတ်ရန်)

,

 

မယားကောင်း မယားမြတ်ဖြစ်ဖို့ ဒါလေးတွေ ဖတ်ထားပါနော်

၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက် နေထိုင်လေ့ရှိခြင်း..။
၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။

၃။ လင် ရှာဖွေရသော ဥစ္စာပစည်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။

၎။ လင်နောက်မှ အိပ်လေ့ရှိခြင်း..။

၅။ လင်၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။

၆။ လင့်အာဏာကို မဖီဆန် လင်၏အလိုသို့လိုက်၍ ပြုရခြင်း..။

၇။ လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။

၈။ အပူအချမ်းတို့ လျော်စွာ လင်အား ဝတ်ဆင်ပေးရခြင်း..။

(သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း)

“လောကနီတိကျမ်း အလိုအရမူ”

၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာ ပြုပြင် စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့ နှစ်သက်ဖွယ်ပြုပြင် တတ်ခြင်း..။

၂။ လျှို့ဝှက်အပ်သော မကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။

၃။ အမှုကိစ္စ ဆောင်ရွက်သောအခါ၌ လည်းကောင်း လင်အနီးအပါးသို့ သွားသောအခါ၌ လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း..။

၎။ ဘေးဒုက္ခ ကြုံတွေ့သောအခါ တိုင်ပင်ဖော်ရခြင်း..။

၅။ အိပ်သောအခါလင်ကို မွေ့ လျှော်စေတတ်ခြင်း..။

၆။ အရောင်အဆင်း ပြုပင်ခြင်း၌ တင့်တယ်စွာ ပြုတတ်ခြင်း..။

၇။ အမျက်ထွက်ရန် ရှိသောအခါ အမျက်ကို သည်းခံထိန်းသိမ်းထား တတ်ခြင်း..။

ဤမယားသည် မယားကောင်း မယားမြတ်ဖြစ်၍ သေသည့်အခါ နတ်ပြည့်သို့သွားရသည်…..။

ဗဟုသုတတိုးပွားနိုင်ကြပါစေ
Read more →

Monday, October 21, 2013

လူသေကို မော်ဒယ်အဖြစ် ထားတဲ့ အပ်ချုပ်ဆိုင်

,

 ဒီစက်ချုပ်ဆိုင်ကို အဝေးကကြည့်လိုက်ရင်တော့ လှပနေမှာပါ..၊ ဒါပေမယ့် သေချာ အနီးကပ်ကြည့်လိုက် မယ်ဆိုရင် ဆိုင်ရှေ့မှာရှိတဲ့ အလှပြထားတဲ့ မော်ဒယ်အရုပ်က တစ်ခုခုထူးခြားနေတယ်ဆိုတာကို သင်သတိထားမိမှာပါ..၊ ဒီအရုပ်ကို Little Pascuala လို့ခေါ်ပြီး Mexico နိုင်ငံ Chihuahua မှာတော့ သူက star ပါပဲ..၊ ဘာလို့များ ဒီလိုအရုပ်တစ်အရုပ်က ကျော်ကြားနေတာပါလိမ့်..? အကြောင်းရှိပါတယ်..။ ပထမ တစ်ချက်က သူမဟာ ဒီနေရာမှာ ရှိနေတာ နှစ်ပေါင်း ၈၀လောက်ရှိနေပါပြီ...။ နောက်တစ်ချက်ကတော့ သူဟာ အရုပ်တစ်ရုပ်မဟုတ်ပါဘူး..၊ Little Pascuala ဆိုတဲ့ သူမဟာ ဒီဆိုင်ရဲ့ ပထမဦးဆုံး ပိုင်ရှင်ဖြစ်ပြီး သူရဲ့အလောင်းကို သေချာပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်..။ ဒီအရုပ်ကို မတ်လ ၂၅ ရက်နေ့ ၁၉၃၀ မှာ စတင်ပြသခဲ့ပါတယ်..၊ သတို့သမီး ၀တ်စုံလေးနဲ့ပေါ့..၊ အဲ့ဒီ အချိန်ကတည်းကစပြီး သူမကို လူတွေ စိတ်ဝင်စားခဲ့တာပါ..၊ ဒီအစီအစဉ်ကိုတော့ Little Pascuala ရဲ့ သမီးဖြစ်သူက ပြုလုပ်တာဖြစ်ပြီး အမြဲတမ်း သူမကို သတိရနေအောင်လို့ ဆိုပါတယ်..။ ဆိုင်က အလုပ်သမားတွေက တစ်ခါတစ်လေ Little Pascuala က သူတို့တွေကို စိုက်ကြည့်နေတတ်သလို တစ်ချို့ကလည်း သူမရဲ့အသားဟာ နွေးနေတယ်လို့ပြောကြပါတယ်..။ တစ်ယောက်ကဆိုရင် သူမရဲ့လက် မှာ တစ်ခါတစ်လေ ချွေးလေးတွေထွက်နေတတ်တယ်လို့တောင် ပြောပါတယ်..။ အောက်က ပုံမှာ သူမရဲ့ လက်ကိုကြည့်လိုက်ပါ..။ တစ်ကယ့် သက်ရှိတစ်ယောက်ရဲ့ လက်ပုံစံပါပဲ။ Little Pascuala ကို တစ်ပတ်နှစ်ကြိမ် အ၀တ်လဲပေးပါတယ်..၊ ဒီလိုအ၀တ်လဲပေးတဲ့ တာဝန်ကိုယူထား တဲ့ Burciaga က သူမကို အ၀တ်လဲပေးတဲ့အခါတိုင်း သူမရဲ့လက်တွေကို သတိထားကြည့်မိပါတယ်..။ သူမ လက်မှာ ချွေးတွေရှိနေပြီး လက်ထဲမှာ သွေးတွေ လည်ပတ်စီးဆင်းနေတယ်လို့တောင် ထင်မိပါတယ်..၊ ကျွန်မကတော့ သူ့
Read more →

Sunday, October 20, 2013

" မိန်းကလေးများအတွက် ခွန်အားဖြစ် ပုံပြင် "

,


တစ်ခါတုန်းက ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ....
"ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ"
ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က

"ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား" ဟုမေးလိုက်လေ၏ ။

နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။ဘုရားသခင်ကဆက်ပြောပြသည် ။ ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး....

"ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ လုပ်နိုင်တယ် ။ အစားအသောက်မျိုးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင် ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်တယ် "
ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။

ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။

"လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် ...... မဖြစ်နိုင်တာ ." ဟုပြောပြီးခေါင်းခါနေပြန်၏ ။

ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး ...

"ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား" ဟုထပ်မေးပြန်၏ ။

"ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး ၊ အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ ရလိမ့်မယ်"

ဘုရားသခင်က ဆက်ပြောပြန်၏ ။

"ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ "

"..........."

"နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ် ။ ပြီးတော့ တစ်နေ့ မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။

နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသို့ တိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ ကို တို့ ထိကြည့်လိုက်၏ ။

"နူးညံ့လွန်းလှချည်လား"

"ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။ အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်"

"သူမကတွေးတတ်လား"

ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။

"တွေးတတ်ယုံတင်မကပါဘူး ။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်"

နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏

"ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာ ၀န်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး"

"ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်"

"ဘာအတွက်လဲ"

"သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ"

ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ အထင်ကြီးသွားလေ၏ ။

"သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ်"

ဟုဆိုလိုက်သည် ။

ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည် ။

"ဟုတ်တယ် ... လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ လူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်"

"သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရတောင်တာမှ သူမက ပြုံးပြနိုင်တယ်"

"အဲ့ဒီလောက်တောင်ပဲလား"

"ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။ ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွ့ံတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် "

"အို"

"သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက် အခရာလို့ ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့ အပေါ်မှာတည်မှီနေတယ်လို့  ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ ။ သူမရဲ့ နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး"

"သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း ငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်း တစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်"

နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်က လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။

"သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ .... သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုတတ်သေးတယ်"

"............"

"အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာ ကိုလည်း သူမကသိသေးတယ်"

"ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်"

"ဘယ်လို"

နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏

"ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ"

"ဘာချို့ ယွင်းချက်လဲ"

"သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်"

"ဟင်"

"နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်"

ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။


ပုံပြင်အဆုံး

ဒီပုံပြင်လေးက ဘာကိုပြောချင်တာလဲဆိုတာ သိလောက်ပြီထင်ပါတယ် ။ တစ်ချို့ မိန်းကလေးတွေ တွေ့ နေရပါတယ် ။ အသည်းကွဲလို့ စိတ်ညစ်ပြီးးးးးးးး.. စိတ်ထဲရှိတဲ့ အတိုင်းတွေ လျှောက်လုပ်လို့ ဘ၀ဆုံးသွားတဲ့ အဖြစ်အပျက်ကလေးတွေပေါ့ ။ ဒီပုံပြင်လေးကို ဖတ်ပြီး မိမိကိုယ်မိမိ အားတင်းပြီးအသည်းကွဲမနေပဲ လောကကြီးကို ခေါင်းမော့ရင်ကော့ ပြီးဆက်ဆံလိုက်ပါလို့ ...ပြောကြားရင်း .... .နိဂုံးချုပ်လိုက်ပါသည်။

Credit@ အိမ့်မှူးသော်
Lady Fashion
Read more →

Saturday, October 19, 2013

"စုန္ဒ ၀က်ကုန်သည် အကြောင်း"

,

Photo: "စုန္ဒ ၀က်ကုန်သည် အကြောင်း"

စုန္ဒသည် ရာဇဂြိုလ်မြို့ ကြီးသား ဖြစ်၏။
သူ၏ အိမ်သည် မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ
ဝေဠုဝန်ကျောင်းတော်နှင့် သိပ်မဝေးလှ။ သို့ ရာတွင်
စုန္ဒသည် မြတ်စွာဘုရား ကျောင်းတော်သို့  တစ်ခါမျှ မသွား၊
မြတ်စွာဘုရား၏ တပည့်သား ရဟန်းသံဃာတော်များသည်
သူ၏ အိမ်သို့  မကြာခဏ ဖြတ်သန်းသွားလေ့ ရှိကြပါ၏။

ထိုသို့ ရဟန်းတော်များ မကြာခဏ ဖြတ်သန်းသွားကြသည်ကို
စုန္ဒသည် တွေ့ ပါ၏။ သို့ ရာတွင် စုန္ဒသည် ထိုရဟန်း
သံဃာတော်များကို နှုတ်ခွန်းဆက်ခြင်းပင် မပြု၊ လှူဒါန်းရမည်ကို
စိုးရိမ်၍ နှုတ်ခွန်းမဆက်ခြင်းလည်း ဖြစ်နိုင်၏။ အမြင်ကတ်၍
နှုတ်ခွန်းမဆက်ခြင်းလည်း ဖြစ်နိုင်၏။
မြတ်စွာဘုရား ကျောင်းတော်ကိုသာ မသွားသည် မဟုတ်၊
အခြားသော တိတ္ထိများ အရံသို့ လည်း စုန္ဒသည် မသွား၊
ပရိဗိုဇ်များနှင့်လည်း အကျွမ်းတ၀င် မဆက်ဆံ၊
အမှန်အားဖြင့် စုန္ဒသည် အလှူခံပုဂ္ဂိုလ်မှန်လျှင် မည်သည့်
အလှူခံ ပုဂ္ဂိုလ်ဖြစ်စေ မသိကျိုးကျွန်ပြု နေ၏။ စုန္ဒသည်
သူ၏ ဘ၀သက်တမ်း တစ်လျှောက်လုံး ပန်းတစ်ပွင့် ရေတစ်ခွက်
မျှကိုပင် မည်သည့် အလှူခံပုဂ္ဂိုလ်အားမဆို လှူဒါန်းဖူးသည်ဟူ၍
မရှိ၊ သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်းကား
ဝေးလေစွ။

မင်းနှင့်တကွ မှူးမတ်များ၊ တိုင်းသူပြည်သားများသည်
မြတ်စွာဘုရား၏ သာသနာတော်၌ သက်ဝင်ယုံကြည်ကြ၏။
နေ့ တိုင်းပင် ပန်းနံ့ သာ လက်စွဲလျက် ဝေဠုဝန်ကျောင်းတော်သို့ 
တရားနာ သွားကြ၏။ စုန္ဒလည်း မြင်၏။ သို့ ရာတွင် သူသည်
လောက၏ အမှန်တရား ရှာဖွေရေးကိစ္စနှင့် ပက်သက်၍
သူနှင့် ဆိုင်သည်ဟု ခံယူချက် လုံးဝမရှိ။

ထို့ ကြောင့် စုန္ဒသည် မည်သည့်ဘာသာရေးဂိုဏ်း၏
ဝါဒ၌မျှ သက်ဝင် ယုံကြည်ခြင်း မရှိသဖြင့် သူ့ ကို ဘာသာမဲ့
ဟု ဆိုရ၏။ ထိုခေတ်၌ စုန္ဒလို ဘာသာမဲ့ပေါင်း များစွာ ရှိနိုင်ပါ၏။
သို့ ရာတွင် ပိဋကတ်စာပေ၌ စုန္ဒလို မှတ်တမ်းတင်ခံရလောက်အောင်
မိုက်မဲ၍ ရက်စက်ကြမ်းကြုတ်သူ ရှား၏။

စုန္ဒ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် ၀က်သားပေါ်၍
ရောင်းဝယ်သော လုပ်ငန်းဖြစ်၏။ စုန္ဒသည် ၀က်ပေါက်စများကို
ဝယ်၍ သူ့ အိမ်၏ နောက်ဖေးဘက်၌ ၀က်ခြံကြီးတစ်ခုကို
ဆောက်၍ မွေးမြူထား၏။ ၀က်ပေါက်စများကို ၀ယ်သည်
ဆိုသော်လည်း ငွေဖြင့် ၀ယ်သည်မဟုတ်၊ စပါးဖြင့်
ဝယ်သည်ဆိုသော်လည်း တန်ရာတန်ကြေးပေး၍
ဝယ်သည်မဟုတ်၊ များစွာ ဈေးနှိမ်၍ ၀ယ်ခြင်း ဖြစ်၏။
စုန္ဒသည် ၀က်ကုန်သည်လောက၌ သူ့ နည်းသူ့ ဟန်အရ
ကျွမ်းကျင်သူ ဖြစ်၏။

စပါးများပေါ်ချိန်တွင် စပါးများကို ၀ယ်ယူစုဆောင်း၏။
စပါးရှားချိန်သို့ ရောက်သောအခါ စုန္ဒသည် တစ်ရွာဝင်
တစ်ရွာထွက်ဖြင့် ၀က်ပေါက်စများကို ငွေသားမပေးဘဲ
စပါးပေးကာ ၀ယ်ယူ၏။ ထိုထိုဒေသရှိ ၀က်မွေးမြူရေး
သမားများကလည်း စုန္ဒပေးသည့် ဈေးအတိုင်းပင်
ရောင်းလိုက်ရ၏။ စုန္ဒသည် ၀က်မွေးမြူရေးသမားများ၏
အခြေအနေကို သိ၏။ မရောင်းလျှင် မဖြစ်နိုင်သော
အခြေအနေသို့ ရောက်နေသော ၀က်မွေးမြူရေးသမားများ
ထံမှသာ ၀က်ပေါက်စများကို သူပေးချင်သည့် ဈေးအတိုင်း
ပေး၍ ၀ယ်ယူ၏။ နောက် သူကပင် ကရုဏာရှေ့ ထား၍
ဝယ်လိုက်သည့် သဏ္ဍာန်ကို ဆောင်လိုက်သေး၏။
ဝက်မွေးမြူရေးသမားများက စုန္ဒကိုပင် ကျေးဇူးတင်လိုက်ရသေး၏။
ထို့ ကြောင့် ၀က်ကုန်သည်လောက၌ စုန္ဒကို အရောင်းအ၀ယ်
ကျွမ်းကျင်သူအဖြစ် အသိအမှတ်ပြုခြင်း ဖြစ်၏။ ၀က်ရောင်းဝယ်ရေး
လုပ်ငန်း၌ အလွန်တော်သော စုန္ဒ။

စုန္ဒသည် ဘ၀ကို အတ္တရှုထောင့်မှ ကြည့်သူ ဖြစ်၏။
အတ္တရှုထောင့်မှ ကြည့်လေသောအခါ သူ၏ဘ၀အတွက်
အရာရာတိုင်း၌ အသာစံ ခြင်း သဘောကိုသာ တွေ့ ရ၏။
သူ့ ၌ တရားသည် မတရားသည်ဟူ၍ ပုံသေ သတ်မှတ်ချက်
မရှိ။ သူ့ ဘ၀အတွက် ရလျှင် တရား၏၊ မရလျှင် မတရား၊
လုယူ၍ပဲ ရရ၊ လိမ်ယူ၍ပဲ ရရ၊ ရလျှင် တရားသည်သာ ဖြစ်၏။
ထို့ ကြောင့် သူသည် ကုသိုလ်၌လည်း မယုံကြည်၊
အကုသိုလ်၌လည်း မယုံကြည်၊ စုန္ဒသည် အတ္တရှုထောင့်မှသာ
ဘ၀ကို ကြည့်သူ ဖြစ်သောကြောင့် သူ့ ကိုယ်ကိုသာ သူယုံ၏။
အခြား မည်သူ့ ကိုမျှ သူမယုံကြည်။ ဘာသာတရားများ၏
သွန်သင်ချက်၌လည်း သူ မယုံ၊ ပတ်ဝန်းကျင်၌လည်း သူမယုံ၊
စုန္ဒသည် သူ၏ဘ၀အတွက် အရာရာတိုင်းကို သာယာဖွယ်အဖြစ်သာ
မြင်၏။ အကယ်၍ သူ၏ ဘ၀အတွက် မသာယာဖွယ်ဖြစ်သော
အဟန့် အတားတစ်ခုခုကို တွေ့ ရပါက ယင်းအဟန့် အတားမှ
ထွက်မြောက်ရာကိုသာ အကြမ်းနည်းဖြင့် ဖြစ်စေ၊ အနုနည်းဖြင့်
ဖြစ်စေ ဖြစ်သည့်နည်းဖြင့် ထိုမသာယာဖွယ်ဖြစ်သော
အဟန့် အတားကို ဖယ်ရှားပြီး ထွက်မြောက်ရာကို
ရအောင်ယူမည် ဖြစ်၏။

စုန္ဒသည် သူ့ ဘ၀အတွက် သာယာဖွယ်ကို ရှာရာ၌လည်းကောင်း
မသာယာဖွယ် အဟန့် အတားကို ဖယ်ရှားရာ၌လည်းကောင်း၊
ထွက်မြောက်ရာကို ရအောင်ယူရာ၌လည်းကောင်း ဓမ္မနှင့်
အဓမ္မ၊ ကုသိုလ်နှင့် အကုသိုလ်တို့ နှင့် ပက်သက်၍ ပုံသေ
သတ်မှတ်ချက် မရှိ၊ အသာရလျှင် ပြီးရောဟူသော
ခံယူချက်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်သူ ဖြစ်၏။

ဘ၀ကို အနတ္တရှုထောင့်မှ ကြည့်လျှင်မူ တစ်မျိုးမြင်၏။
အနုဋီကာဆရာ၏ သြ၀ါဒအရ (၁) မြင့်မြတ်သော
စိတ်နေစိတ်ထားရှိခြင်း၊(၂) စဉ်းစဉ်းစားစားလုပ်တတ်ခြင်း၊
(၃) လုပ်နည်းလုပ်ဟန် မှန်ကန်ခြင်း ဟူသော အင်္ဂါသုံးရပ်နှင့်
ပြည့်စုံသော လုပ်ငန်းမှ ပေါ်ထွက်လာသော အကျိုးတရား
သည်သာလျှင် သာယာဖွယ် ဖြစ်၏။
အရိယသစ္စာအမြင်ဖြင့် ဘ၀ကို မမြင်နိုင်သေးသရွေ့ 
ကာလပတ်လုံး ပုထုဇဉ်တို့ ၏ အမြင်သည် ဆင်ကိုစမ်းသော
မျက်မမြင်ပုဏ္ဏား ခြောက်ယောက်တို့ ၏ အမြင်များကဲ့သို့ 
မပြည့်စုံသော အမြင်၊ သို့ မဟုတ် မှားယွင်းသော အမြင်ချည်း
ဖြစ်၏။ ယင်းအမြင်မျိုးကို ၀ိပ္ပလ္လာသဟု ခေါ်၏။
ထို့ ကြောင့် ပုထုဇဉ်ဟူသမျှသည် မည်မျှပင် ပညာရှိသည်ဖြစ်စေ
သူ၏ အမြင်၌ တစ်နည်းတစ်ဖုံအားဖြင့် မသာယာဖွယ်ပါမည်သာ
ဖြစ်၏။ ထိုမသာယာဖွယ်ကိုလည်း အနုဋီကာဆရာ၏ သြ၀ါဒ
အတိုင်း ဖယ်ရှား၍ ယင်းမှ ထွက်မြောက်ရာကို ရအောင်ယူရ၏။
ယင်း၏ အဖြေ၊ ယင်းမှ ထွက်ပေါက်ကို ရှာ၍ ထွက်ရ၏။

မသာယာဖွယ် သို့ မဟုတ် အဟန့် အတားကို ဖယ်ရှားရာ၌
ပထမ အခြေခံအနေဖြင့် မြင့်မြတ်သော စိတ်ထားရှိဖို့ 
လို၏။ ထို့ နောက် ဖြစ်ပေါ်လာသော အဟန့် အတားကို
အဘက်ဘက်မှ စူးစမ်းဆင်ခြင်နိုင်ဖို့ လို၏။ နောက်ဆုံး
အချက်အနေဖြင့် ဖယ်ရှားနည်း ဖယ်ရှားဟန် မှန်ဖို့ လို၏။
သို့ မှသာ မသာယာဖွယ် တည်းဟူသော အဟန့် အတားမှ
ထွက်မြောက်ရာကို ကျေကျေနပ်နပ် ရရှိနိုင်မည် ဖြစ်ပါ၏။
သို့ မဟုတ်ပါက နောက်ကြောင်းမအေးဘဲ စိတ်တထင့်ထင့်
ဝေဒနာကို ခံစားနေရပေလိမ့်မည်။

စုန္ဒကား ထိုနည်းကို မသုံး၊ ဘာပဲဖြစ်ဖြစ် သူ့ ဘက်မှ
အသာရသော နည်းကိုသာ သုံး၏။ အနာခံရသော နည်းကို
မသုံး၊ သူ အသာစီးရသော သဘောတရားကိုသာ သုံး၏။
စုန္ဒသည် သူ့ ဘ၀အတွက် အမြဲတမ်း သာယာဖွယ်ကိုချည်း
ရှာသူ ဖြစ်၏။

စုန္ဒသည် မတန်တဆဈေးဖြင့် အနယ်နယ်အရပ်ရပ်မှ ၀ယ်ယူ
လာသော ၀က်ပေါက်စများကို သူ့ အိမ်နောက်ဘက်ရှိ ၀က်ခြံကြီး
ထဲ၌ လှောင်ထား၏။ သတ်ဖြတ်လောက်သော အရွယ်သို့ 
မရောက်မချင်း စုန္ဒသည် ၀က်များကို ကောင်းမွန်စွာ ကျွေးမွေး၏။
ဝက်များ ၀ဖြိုး အသားတိုးမှ အရောင်းအ၀ယ်လုပ်ရာ၌
အမြတ်များများရသည်ကို စုန္ဒသိ၏။ ထို့ ကြောင့် စုန္ဒသည် ၀က်များကို
အစာကျွေးရာ၌ ဖွယ်ဖွယ်ရာရာဖြစ်အောင် ပြုလုပ်၍ ကျွေးပါ၏။

စုန္ဒသည် ၀က်မွေးမြုရေးလုပ်ငန်းဖြင့် အသက်မွေးသော်လည်း
စုန္ဒတစ်အိမ်တည်း လွင်တီးခေါင် နေသည်မဟုတ်၊
ရွာထဲရပ်ထဲ၌ပင် နေ၏။ ရွာထဲ ရပ်ထဲ၌ နေသည်ဆိုကတည်းက
စုန္ဒသည် လူ့ အဖွဲ့ အစည်းတွင်ရှိသော လူမှုရေး၊ နိုင်ငံရေး၊
စီးပွားရေး၊ အုပ်ချုပ်ရေး၊ သာသာရေး စသော ရေးရာအဖြာဖြာ
တို့ နှင့် မလွဲမသွေ ကြုံကြုံက်ရ၏။

ထိုသို့ ကြုံကြိုက်ရာတွင် လူမှုရေးအရလည်း လူသားအချင်းချင်း
ဆက်ဆံရ၏။ နိုင်ငံရေးအရလည်း နိုင်ငံသားအချင်းချင်း ဆက်ဆံရ၏။
စီးပွားရေးအရလည်း ရောင်းသူနှင့် ၀ယ်သူအချင်းချင်း ဆက်ဆံရ၏။
ဘာသရေး၌ကား ထိုကဲ့သို့ မဟုတ်၊ တစ်ဦးတည်း တစ်ယောက်တည်း
လုပ်ရ၏။ တစ်ဦးတည်း တစ်ယောက်တည်း လုပ်မှလည်း ဆိတ်ငြိမ်ရာကို
ရ၏။ ဆိတ်ငြိမ်ရာကို ရမှလည်း ပို၍ ထိရောက်၏။

ဘာသာရေးသည် အခြားတစ်ဘက်ကို မငဲ့သော၊ ဆက်ဆံရေးနှင့်
မပက်သက်သော ပုဂ္ဂလိက လုပ်ငန်းသဘောမျိုး သက်ရောက်သဖြင့်
အခြားသော နိုင်ငံရေး၊ စီးပွားရေး စသော ရေးရာများလောက်
အရေးမကြီးဟု ထင်မှားတတ်ကြ၏။ အမှန်အားဖြင့် ဘာသာရေးသည်
လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားကို တည်ဆောက်ရာ၌ ပဓာနကျ၏။
ကိုယ်ကျင့်တရားကောင်းသော လူတစ်ဦးချင်းစီ ပါဝင်ဖွဲ့ စည်းထားသော
လူ့ အဖွဲ့ အစည်းသာ လူ့ လောက အေးချမ်းသာယာရေးအတွက်
ဆောင်ရွက်နိုင်မည် ဖြစ်၏။

စုန္ဒသည် ကိုယ်ကျင့်တရား တည်ဆောက်ရေးအတွက် ဘာသာရေး
ဟူသမျှ၌ စိတ်ဝင်စားဖြင်း မရှိသဖြင့် သူ့ ၌ ကောင်းသော ကိုယ်ကျင့်တရား
မရှိ၊ ထို့ ကြောင့် စုန္ဒသည် ရပ်ထဲရွာထဲ၌ နေသော်လည်း သူ၏
အိမ်နားပတ်ဝန်းကျင်အပေါ် ငဲ့ညှာထောက်ထားရမှန်း မသိ၊ အားနာရမှန်းမသိ၊
သူလုပ်ချင်သည့် လုပ်ငန်းကို ဇွတ်တရွတ် လုပ်၏။ အမှန်အားဖြင့်
စုန္ဒသည် လူမဟုတ်သော လူဖြစ်၏။

စုန္ဒသည် သတ်ဖြတ်သင့်သော အခြေအနေသို့ ရောက်သော ၀က်များကို
သတ်ဖြတ်၍ ရောင်း၏။ သို့ ရာတွင် စုန္ဒ ၀က်သတ်နည်းကား
ယခုခေတ် ၀က်သတ်နည်းနှင့်မတူ၊ စုန္ဒသည် ၀က်များကို တိုင်၌
ချည်နှောင်၏။ မရုန်းနိုင်အောင် လုပ်၏။ ထို့ နောက် တင်းပုတ်နှင့်
ထု၏။ အသားများ ဖူးဖူးရောင်လာအောင် ပြုလုပ်ခြင်း ဖြစ်၏။
ထိုအခါ ၀က်များသည် အလွန်ဝလာဟန် ရှိ၏။ ထို့ နောက် စုန္ဒသည်
ဝက်များ၏ အာခေါင်ကို တုတ်နှင့်ထောက်ထား၏။
ဝက်များ၏ ပါးစပ်သည် ပွင့်ဟ၍ နေ၏။

စုန္ဒသည် ၀က်များ၏ ပါးစပ်ထဲသို့  ကျိုက်ကျိုက်ဆူနေသော
ရေနွေးကို လောင်းထည့်၏။ ၀က်များ၏ ခန္ဓာတွင်းမှ မစင်များကို
အရည်ပျော်၍ ထွက်သွားအောင် လုပ်၏။ ဤသို့ ရေနွေး
ကျိုက်ကျိုက်ဆူကို အကြိမ်များစွာ လောင်းထည့်၏။
ဝက်များ၏ အူအတွင်းမှ ကျဆင်းလာသော အရည်သည်
ဖြူလာသောအခါမှ ရေနွေးလောင်းထည့်ခြင်းကို ရပ်၏။
စုန္ဒ၏ ၀က်သတ်နည်းသည် တွေးကြည့်လျှင်
ကြက်သီးမွေးညင်း ထဖွယ်ကောင်းလောက်အောင်
ရက်စက်လှသည်။ စုန္ဒ၏ အိမ်နီးနားချင်းနေ လူများ
အဖို့ တော့ မည်သို့ ခံစားရမည် မသိ။

စုန္ဒသည် မည်သူ့ ကိုမျှ အရေးထားသည် မဟုတ်။
သူလုပ်ချင်သည့်အတိုင်း လုပ်သူဖြစ်၏။ စုန္ဒ၏
အိမ်နားတွင် မနေလိုပါက ပြောင်းရွှေ့ သွားရုံသာရှိ၏။
မမြင်လိုပါက မျက်စိကို ပိတ်ထားရုံသာ ရှိ၏။
မကြားလိုပါကလည်း နားကို ပိတ်ထားရုံသာ ရှိ၏။
စုန္ဒကတော့ မည်သူ့ ကိုမျှ အလေးထား၍
စဉ်းစားမည် မဟုတ်။ စုန္ဒ၏ အိမ်နားမှ ပြောင်းရွှေ့ မသွားနိုင်
ကြသူများသည် စုန္ဒကို လျစ်လျူရှုရုံမှတစ်ပါး
အခြားနည်းလမ်းများ မရှိတော့။

ဤနည်းအတိုင်း စုန္ဒသည် ၅၅ နှစ်တိုင်တိုင် ၀က်လုပ်ငန်းဖြင့်
အသက်မွေးမြူ၏။ ထိုကာလအတွင်း စုန္ဒသည် ၀က်များကို
သတ်ရာ၌ အလွန်ပျော်၏။ ၀က်များကို တင်းပုတ်ဖြင့် ထုသောအခါ
ဝက်များအော်ဟစ်ကြသည်ကို ကြားရလျှင်လည်း စောင်းသံကို
ကြားရသည်နှယ် အလွန်ပီတိဖြစ်၏။ ကျိုက်ကျိုက်ဆူနေသော
ရေနွေးများကို ၀က်များ၏ ပါးစပ်ထဲသို့ လောင်းချလိုက်သောအခါ
ဝက်များ စူးစူးဝါးဝါး အော်ဟစ်ကြသည်ကို ကြားရသောအခါလည်း
စုန္ဒသည် အလွန်နားထောင်ကောင်းသည်ဟု ထင်၏။

တစ်နေ့ တွင် စုန္ဒသည် မမာမကျန်းဖြစ်၏။ လောကအေပါ်
အနိုင်ယူခဲ့သမျှ ခုတော့ စုန္ဒသည် ဓမ္မ၏ ဒဏ်ခတ်ခြင်းကို ခံရလေပြီ။
၅၅ နှစ်လုံးလုံး ၀က်များအပေါ် စုန္ဒပြုမူခဲ့သည့်အတိုင်း အ၀ီစိ
ငရဲမီးလျှံသည် စုန္ဒဆီသို့  ရောက်လာ၏။ စုန္ဒသည်
ပူလောင်ခြင်း ဝေဒနာကို ပြင်းပြစွာ ခံစားရ၏။
ဝက်များသွားသည့်အတိုင်း လေးဘက်ထောက်၍ သွားရ၏။
ဝက်များ အော်ဟစ်သည့်အတိုင်း ဆူညံစွာ ၀က်သံဖြင့်
အော်ဟစ်ရ၏။

အကုသိုလ်ဟူသည် ဓမ္မနိယာမအတိုင်း တူသော အကျိုးကို
ပေး၏။ ကုသိုလ်သည်လည်း ထိုနည်းအတူပင် တူသောအကျိုးကို ပေး၏။
ဤနေရာ၌ကား စုန္ဒသည် သူ့ ဘ၀သက်တမ်းတစ်လျှောက်လုံး
ကုသိုလ်ကောင်းမှုဟူ၍ ဘာမျှ မပြုလုပ်ခဲ့သည့်အတွက် ကုသိုလ်နှင့်
ပက်သက်၍ တူသော အကျိုးပေးစရာ ဘာမျှ မရှိ၊ အကုသိုလ်ကသာ
တူသော အကျိုးပေးစရာ ရှိလေသည်။

စုန္ဒ၏ ကိုယ်၌ အနာတို့ သည် ဖူးဖူးရောင်ထကြကုန်၏။
အ၀ီစိ ငရဲမီးလျှံသည် စုန္ဒကိုယ်ပေါ်လွှမ်းခြုံထား၏။
စုန္ဒသည် သတိလွတ်ကင်း၍ အိမ်၏ အတွင်း၌ ဟိုမှသည်မှ
လှည့်လည်ပြေးသွား၏။ အိမ်သူအိမ်သားတို့ ကလည်း
စုန္ဒ အဝေးသို့ ထွက်မပြေးနိုင်စိမ့်သောငှာ အိမ်တံခါးကို
လုံခြုံစွာ ပိတ်ထားကြ၏။ လုံခြုံစွာ ပိတ်၍ထားသော
အိမ်အတွင်း၌ စုန္ဒသည် ၀က်ခြံတွင်း၌ အသတ်ခံရမည့် ၀က်များ
ထွက်ပေါက်ကို ရှာသကဲ့သို့  လှည့်လည်၍ ထွက်ပေါက်ရှာ၏။

စုန္ဒသည် ၀က်၏အော်သံဖြင့် ဆူညံစွာ အော်ဟစ်လျက် နေ၏။
စုန္ဒသည် အရှင်လတ်လတ် ပူပြင်းလှသော အ၀ီစိငရဲမီးဒဏ်ကို
ပြင်းထန်စွာ ခံစားရ၏။ အိမ်နီးပါးချင်းတို့ သည် စုန္ဒ၏ အော်သံကြောင့်
အိပ်၍မရဘဲ ရှိကြ၏။ စုန္ဒသည် ၇ ရက်ပတ်လုံး ၀က်များကို သူသတ်စဉ်က
ဝက်များခံစားရသည့်အတိုင်း ခံစားရ၏။ ၀က်များ ပြေးပေါက်ရှာသည့်အတိုင်း
သူလည်း ပြေးပေါက်ကို ရှာရ၏။ ၀က်များ နာကျင်စွာ ခံစားရသော
ဝေဒနာကြောင့် အော်ဟစ်ရသကဲ့သို့  စုန္ဒသည် အော်ဟစ်ရ၏။
ရ ရက်တိုင်တိုင် စုန္ဒသည် အရှင်လတ်လတ် လူ၏ ခန္ဓာဖြင့်
အ၀ီစိငရဲ၏ ဒဏ်ကို ခံစားရပြီးနောက် သေဆုံး၍ အ၀ီစိငရဲ၌
ကျရောက်လေ၏။ စုန္ဒ၏ အိမ်နီးပါးချင်းတို့ သည်
များစွာ ထိတ်လန့် ကြ၏။

စုန္ဒ၏ အိမ်အနီးမှ ဖြတ်၍သွားကြသော ရဟန်းတို့ က
မြတ်စွာဘုရားအား လျှောက်ထားကြ၏။ စုန္ဒ၏ အိမ်၌ ၇ ရက်
ပတ်လုံး ၀က်များ သတ်နေသည့် အသံကို ကြားရပါသည်။
စုန္ဒသည် အလွန် ရက်စက်ကြမ်းကြုတ်သူ ဖြစ်ပါသည်။
ဤမျှလောက် ရက်စက်ကြမ်းကြုတ်သောသူ တစ်စုံတစ်ယောက်ကိုမျှ
တပည့်တော်တို့  မတွေ့ ရဘူးပါဟု လျှောက်ထားကြ၏။

ထိုအခါ မြတ်စွာဘုရားက ချစ်သားရဟန်းတို့ ၊ စုန္ဒသည်
၇ ရက်ပတ်လုံး ၀က်တို့ ကို သတ်နေသည်မဟုတ်၊ ၅၅ နှစ်တို့ 
ကာလပတ်လုံး သူပြုခဲ့သော မကောင်းမှု အကုသိုလ်ကံသည်
ဤပစ္စုပ္ပန်ဘ၀၌ပင် စုန္ဒအား တူသောအကျိုးကို ပေးခြင်းဖြစ်၏။
ယနေ့ တွင်မှ စုန္ဒသည် ကွယ်လွန်၍ အ၀ီစိငရဲသို့ ကျသွားခြင်း
 ဖြစ်သည်ဟု မိန့် တော်မူကာ အောက်ပါဂါထာကို ဟောတော်မူ၏။

- မကောင်းမှုကို ပြုသူသည် 
ဤပစ္စုပ္ပန်ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏။

- နောင်တမလွန်ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏။
ပစ္စုပ္ပန် တမလွန် နှစ်ဘ၀လုံး၌ စိုးရိမ်ပူပန်ရ၏။

- ထိုသူသည် မိမိ၏ ညစ်ညမ်းသော အကုသိုလ် ကံကြမ္မာကို
 မြင်၍ စိုးရိမ်ပူပန်ရ၏။ စိုးရိမ်ပူပန်ရသည်နှင့်အမျှ ပင်ပန်းရ၏။

(ဆရာကြီး ဦးရွှေအောင် ရေးသားသော
ဓမ္မပဒ - စုန္ဒ၀က်ကုန်သည် ၀တ္ထု မှ)

မေတ္တာဖြင့် စီကုံးပူဇော်သူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com) 

စုန္ဒသည် ရာဇဂြိုလ်မြို့ ကြီးသား ဖြစ်၏။သူ၏ အိမ်သည် မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ
ဝေဠုဝန်ကျောင်းတော်နှင့် သိပ်မဝေးလှ။ သို့ ရာတွင်စုန္ဒသည် မြတ်စွာဘုရား ကျောင်းတော်သို့  တစ်ခါမျှ မသွား၊မြတ်စွာဘုရား၏ တပည့်သား ရဟန်းသံဃာတော်များသည်သူ၏ အိမ်သို့  မကြာခဏ ဖြတ်သန်းသွားလေ့ ရှိကြပါ၏။

ထိုသို့ ရဟန်းတော်များ မကြာခဏ ဖြတ်သန်းသွားကြသည်ကိုစုန္ဒသည် တွေ့ ပါ၏။ သို့ ရာတွင် စုန္ဒသည် ထိုရဟန်းသံဃာတော်များကိုတ်ခွန်းဆက်ခြင်းပင်မပြု၊လှူဒါန်းရမည်ကိုစိုးရိမ်၍ နှုတ်ခွန်းမဆက်ခြင်းလည်း ဖြစ်နိုင်၏။ အမြင်ကတ်၍နှုတ်ခွန်းမဆက်ခြင်းလည်း ဖြစ်နိုင်၏။မြတ်စွာဘုရား ကျောင်းတော်ကိုသာ မသွားသည် မဟုတ်၊အခြားသော တိတ္ထိများ အရံသို့ လည်း စုန္ဒသည် မသွား၊ပရိဗိုဇ်များနှင့်လည်း အကျွမ်းတ၀င် မဆက်ဆံ၊အမှန်အားဖြင့် စုန္ဒသည် အလှူခံပုဂ္ဂိုလ်မှန်လျှင် မည်သည့်အလှူခံ ပုဂ္ဂိုလ်ဖြစ်စေ မသိကျိုးကျွန်ပြု နေ၏။ စုန္ဒသည်သူ၏ ဘ၀သက်တမ်း တစ်လျှောက်လုံး ပန်းတစ်ပွင့် ရေတစ်ခွက်မျှကိုပင် မည်သည့် အလှူခံပုဂ္ဂိုလ်အားမဆို လှူဒါန်းဖူးသည်ဟူ၍မရှိ၊ သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်းကားဝေးလေစွ။

မင်းနှင့်တကွ မှူးမတ်များ၊ တိုင်းသူပြည်သားများသည်မြတ်စွာဘုရား၏ သာသနာတော်၌ သက်ဝင်ယုံကြည်ကြ၏။နေ့ တိုင်းပင် ပန်းနံ့ သာ လက်စွဲလျက် ဝေဠုဝန်ကျောင်းတော်သို့ တရားနာ သွားကြ၏။ စုန္ဒလည်း မြင်၏။ သို့ ရာတွင် သူသည်လောက၏ အမှန်တရား ရှာဖွေရေးကိစ္စနှင့် ပက်သက်၍
သူနှင့် ဆိုင်သည်ဟု ခံယူချက် လုံးဝမရှိ။

ထို့ ကြောင့် စုန္ဒသည် မည်သည့်ဘာသာရေးဂိုဏ်း၏၀ါဒ၌မျှ သက်ဝင် ယုံကြည်ခြင်း မရှိသဖြင့် သူ့ ကို ဘာသာမဲ့ဟု ဆိုရ၏။ ထိုခေတ်၌ စုန္ဒလို ဘာသာမဲ့ပေါင်း များစွာ ရှိနိုင်ပါ၏။သို့ ရာတွင် ပိဋကတ်စာပေ၌ စုန္ဒလို မှတ်တမ်းတင်ခံရလောက်အောင်မိုက်မဲ၍ ရက်စက်ကြမ်းကြုတ်သူ ရှား၏။

စုန္ဒ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် ၀က်သားပေါ်၍ရောင်းဝယ်သော လုပ်ငန်းဖြစ်၏။ စုန္ဒသည် ၀က်ပေါက်စများကိုဝယ်၍ သူ့ အိမ်၏ နောက်ဖေးဘက်၌ ၀က်ခြံကြီးတစ်ခုကိုဆောက်၍ မွေးမြူထား၏။ ၀က်ပေါက်စများကို ၀ယ်သည်ဆိုသော်လည်း ငွေဖြင့် ၀ယ်သည်မဟုတ်၊ စပါးဖြင့်ဝယ်သည်ဆိုသော်လည်း တန်ရာတန်ကြေးပေး၍၀ယ်သည်မဟုတ်၊ များစွာ ဈေးနှိမ်၍ ၀ယ်ခြင်း ဖြစ်၏။စုန္ဒသည် ၀က်ကုန်သည်လောက၌ သူ့ နည်းသူ့ ဟန်အရကျွမ်းကျင်သူ ဖြစ်၏။

စပါးများပေါ်ချိန်တွင် စပါးများကို ၀ယ်ယူစုဆောင်း၏။စပါးရှားချိန်သို့ ရောက်သောအခါ စုန္ဒသည် တစ်ရွာဝင်
တစ်ရွာထွက်ဖြင့် ၀က်ပေါက်စများကို ငွေသားမပေးဘဲစပါးပေးကာ ၀ယ်ယူ၏။ ထိုထိုဒေသရှိ ၀က်မွေးမြူရေး
သမားများကလည်း စုန္ဒပေးသည့် ဈေးအတိုင်းပင်ရောင်းလိုက်ရ၏။ စုန္ဒသည် ၀က်မွေးမြူရေးသမားများ၏
အခြေအနေကို သိ၏။ မရောင်းလျှင် မဖြစ်နိုင်သောအခြေအနေသို့ ရောက်နေသော ၀က်မွေးမြူရေးသမားများထံမှသာ ၀က်ပေါက်စများကို သူပေးချင်သည့် ဈေးအတိုင်းပေး၍ ၀ယ်ယူ၏။ နောက် သူကပင် ကရုဏာရှေ့ ထား၍၀ယ်လိုက်သည့် သဏ္ဍာန်ကို ဆောင်လိုက်သေး၏။
ဝက်မွေးမြူရေးသမားများက စုန္ဒကိုပင် ကျေးဇူးတင်လိုက်ရသေး၏။ထို့ ကြောင့် ၀က်ကုန်သည်လောက၌ စုန္ဒကို အရောင်းအ၀ယ်ကျွမ်းကျင်သူအဖြစ် အသိအမှတ်ပြုခြင်း ဖြစ်၏။ ၀က်ရောင်းဝယ်ရေးလုပ်ငန်း၌ အလွန်တော်သော စုန္ဒ။

စုန္ဒသည် ဘ၀ကို အတ္တရှုထောင့်မှ ကြည့်သူ ဖြစ်၏။အတ္တရှုထောင့်မှ ကြည့်လေသောအခါ သူ၏ဘ၀အတွက်
အရာရာတိုင်း၌ အသာစံ ခြင်း သဘောကိုသာ တွေ့ ရ၏။သူ့ ၌ တရားသည် မတရားသည်ဟူ၍ ပုံသေ သတ်မှတ်ချက်မရှိ။ သူ့ ဘ၀အတွက် ရလျှင် တရား၏၊ မရလျှင် မတရား၊လုယူ၍ပဲ ရရ၊ လိမ်ယူ၍ပဲ ရရ၊ ရလျှင် တရားသည်သာ ဖြစ်၏။ထို့ ကြောင့် သူသည် ကုသိုလ်၌လည်း မယုံကြည်၊အကုသိုလ်၌လည်း မယုံကြည်၊ စုန္ဒသည် အတ္တရှုထောင့်မှသာဘ၀ကို ကြည့်သူ ဖြစ်သောကြောင့် သူ့ ကိုယ်ကိုသာ သူယုံ၏။အခြား မည်သူ့ ကိုမျှ သူမယုံကြည်။ ဘာသာတရားများ၏သွန်သင်ချက်၌လည်း သူ မယုံ၊ ပတ်ဝန်းကျင်၌လည်း သူမယုံ၊စုန္ဒသည် သူ၏ဘ၀အတွက် အရာရာတိုင်းကို သာယာဖွယ်အဖြစ်သာမြင်၏။ အကယ်၍ သူ၏ ဘ၀အတွက် မသာယာဖွယ်ဖြစ်သောအဟန့် အတားတစ်ခုခုကို တွေ့ ရပါက ယင်းအဟန့် အတားမှထွက်မြောက်ရာကိုသာ အကြမ်းနည်းဖြင့် ဖြစ်စေ၊ အနုနည်းဖြင့်ဖြစ်စေ ဖြစ်သည့်နည်းဖြင့် ထိုမသာယာဖွယ်ဖြစ်သောအဟန့် အတားကို ဖယ်ရှားပြီး ထွက်မြောက်ရာကိုရအောင်ယူမည် ဖြစ်၏။

စုန္ဒသည် သူ့ ဘ၀အတွက် သာယာဖွယ်ကို ရှာရာ၌လည်းကောင်းမသာယာဖွယ် အဟန့် အတားကို ဖယ်ရှားရာ၌လည်းကောင်း၊ထွက်မြောက်ရာကို ရအောင်ယူရာ၌လည်းကောင်း ဓမ္မနှင့်အဓမ္မ၊ ကုသိုလ်နှင့် အကုသိုလ်တို့ နှင့် ပက်သက်၍ ပုံသေသတ်မှတ်ချက် မရှိ၊ အသာရလျှင် ပြီးရောဟူသောခံယူချက်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်သူ ဖြစ်၏။

ဘ၀ကို အနတ္တရှုထောင့်မှ ကြည့်လျှင်မူ တစ်မျိုးမြင်၏။အနုဋီကာဆရာ၏ သြ၀ါဒအရ (၁) မြင့်မြတ်သော
စိတ်နေစိတ်ထားရှိခြင်း၊(၂) စဉ်းစဉ်းစားစားလုပ်တတ်ခြင်း၊(၃) လုပ်နည်းလုပ်ဟန် မှန်ကန်ခြင်း ဟူသော အင်္ဂါသုံးရပ်နှင့်ပြည့်စုံသော လုပ်ငန်းမှ ပေါ်ထွက်လာသော အကျိုးတရားသည်သာလျှင် သာယာဖွယ် ဖြစ်၏။
အရိယသစ္စာအမြင်ဖြင့် ဘ၀ကို မမြင်နိုင်သေးသရွေ့ ကာလပတ်လုံး ပုထုဇဉ်တို့ ၏ အမြင်သည် ဆင်ကိုစမ်းသောမျက်မမြင်ပုဏ္ဏား ခြောက်ယောက်တို့ ၏ အမြင်များကဲ့သို့ မပြည့်စုံသော အမြင်၊ သို့ မဟုတ် မှားယွင်းသော အမြင်ချည်းဖြစ်၏။ ယင်းအမြင်မျိုးကို ၀ိပ္ပလ္လာသဟု ခေါ်၏။ထို့ ကြောင့် ပုထုဇဉ်ဟူသမျှသည် မည်မျှပင် ပညာရှိသည်ဖြစ်စေသူ၏ အမြင်၌ တစ်နည်းတစ်ဖုံအားဖြင့် မသာယာဖွယ်ပါမည်သာဖြစ်၏။ ထိုမသာယာဖွယ်ကိုလည်း အနုဋီကာဆရာ၏ သြ၀ါဒအတိုင်း ဖယ်ရှား၍ ယင်းမှ ထွက်မြောက်ရာကို ရအောင်ယူရ၏။ယင်း၏ အဖြေ၊ ယင်းမှ ထွက်ပေါက်ကို ရှာ၍ ထွက်ရ၏။

မသာယာဖွယ် သို့ မဟုတ် အဟန့် အတားကို ဖယ်ရှားရာ၌ပထမ အခြေခံအနေဖြင့် မြင့်မြတ်သော စိတ်ထားရှိဖို့ လို၏။ ထို့ နောက် ဖြစ်ပေါ်လာသော အဟန့် အတားကိုအဘက်ဘက်မှ စူးစမ်းဆင်ခြင်နိုင်ဖို့ လို၏။ နောက်ဆုံးအချက်အနေဖြင့် ဖယ်ရှားနည်း ဖယ်ရှားဟန် မှန်ဖို့ လို၏။သို့ မှသာ မသာယာဖွယ် တည်းဟူသော အဟန့် အတားမှထွက်မြောက်ရာကို ကျေကျေနပ်နပ် ရရှိနိုင်မည် ဖြစ်ပါ၏။
သို့ မဟုတ်ပါက နောက်ကြောင်းမအေးဘဲ စိတ်တထင့်ထင့်ဝေဒနာကို ခံစားနေရပေလိမ့်မည်။

စုန္ဒကား ထိုနည်းကို မသုံး၊ ဘာပဲဖြစ်ဖြစ် သူ့ ဘက်မှအသာရသော နည်းကိုသာ သုံး၏။ အနာခံရသော နည်းကိုမသုံး၊ သူ အသာစီးရသော သဘောတရားကိုသာ သုံး၏။စုန္ဒသည် သူ့ ဘ၀အတွက် အမြဲတမ်း သာယာဖွယ်ကိုချည်းရှာသူ ဖြစ်၏။

စုန္ဒသည် မတန်တဆဈေးဖြင့် အနယ်နယ်အရပ်ရပ်မှ ၀ယ်ယူလာသော ၀က်ပေါက်စများကို သူ့ အိမ်နောက်ဘက်ရှိ ၀က်ခြံကြီးထဲ၌ လှောင်ထား၏။ သတ်ဖြတ်လောက်သော အရွယ်သို့ မရောက်မချင်း စုန္ဒသည် ၀က်များကို ကောင်းမွန်စွာ ကျွေးမွေး၏။ဝက်များ ၀ဖြိုး အသားတိုးမှ အရောင်းအ၀ယ်လုပ်ရာ၌
အမြတ်များများရသည်ကို စုန္ဒသိ၏။ ထို့ ကြောင့် စုန္ဒသည် ၀က်များကိုအစာကျွေးရာ၌ ဖွယ်ဖွယ်ရာရာဖြစ်အောင် ပြုလုပ်၍ ကျွေးပါ၏။စုန္ဒသည် ၀က်မွေးမြုရေးလုပ်ငန်းဖြင့် အသက်မွေးသော်လည်းစုန္ဒတစ်အိမ်တည်း လွင်တီးခေါင် နေသည်မဟုတ်၊ရွာထဲရပ်ထဲ၌ပင် နေ၏။ ရွာထဲ ရပ်ထဲ၌ နေသည်ဆိုကတည်းကစုန္ဒသည် လူ့ အဖွဲ့ အစည်းတွင်ရှိသော လူမှုရေး၊ နိုင်ငံရေး၊စီးပွားရေး၊ အုပ်ချုပ်ရေး၊ သာသာရေး စသော ရေးရာအဖြာဖြာတို့ နှင့် မလွဲမသွေ ကြုံကြုံက်ရ၏။

ထိုသို့ ကြုံကြိုက်ရာတွင် လူမှုရေးအရလည်း လူသားအချင်းချင်းဆက်ဆံရ၏။ နိုင်ငံရေးအရလည်း နိုင်ငံသားအချင်းချင်း ဆက်ဆံရ၏။
စီးပွားရေးအရလည်း ရောင်းသူနှင့် ၀ယ်သူအချင်းချင်း ဆက်ဆံရ၏။ဘာသရေး၌ကား ထိုကဲ့သို့ မဟုတ်၊ တစ်ဦးတည်း တစ်ယောက်တည်းလုပ်ရ၏။ တစ်ဦးတည်း တစ်ယောက်တည်း လုပ်မှလည်း ဆိတ်ငြိမ်ရာကို
ရ၏။ ဆိတ်ငြိမ်ရာကို ရမှလည်း ပို၍ ထိရောက်၏။

ဘာသာရေးသည် အခြားတစ်ဘက်ကို မငဲ့သော၊ ဆက်ဆံရေးနှင့်မပက်သက်သော ပုဂ္ဂလိက လုပ်ငန်းသဘောမျိုး သက်ရောက်သဖြင့်အခြားသော နိုင်ငံရေး၊ စီးပွားရေး စသော ရေးရာများလောက်
အရေးမကြီးဟု ထင်မှားတတ်ကြ၏။ အမှန်အားဖြင့် ဘာသာရေးသည်လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားကို တည်ဆောက်ရာ၌ ပဓာနကျ၏။ကိုယ်ကျင့်တရားကောင်းသော လူတစ်ဦးချင်းစီ ပါဝင်ဖွဲ့ စည်းထားသော
လူ့ အဖွဲ့ အစည်းသာ လူ့ လောက အေးချမ်းသာယာရေးအတွက်ဆောင်ရွက်နိုင်မည် ဖြစ်၏။

စုန္ဒသည် ကိုယ်ကျင့်တရား တည်ဆောက်ရေးအတွက် ဘာသာရေးဟူသမျှ၌ စိတ်ဝင်စားဖြင်း မရှိသဖြင့် သူ့ ၌ ကောင်းသော ကိုယ်ကျင့်တရားမရှိ၊ ထို့ ကြောင့် စုန္ဒသည် ရပ်ထဲရွာထဲ၌ နေသော်လည်း သူ၏
အိမ်နားပတ်ဝန်းကျင်အပေါ် ငဲ့ညှာထောက်ထားရမှန်း မသိ၊ အားနာရမှန်းမသိ၊သူလုပ်ချင်သည့် လုပ်ငန်းကို ဇွတ်တရွတ် လုပ်၏။ အမှန်အားဖြင့်စုန္ဒသည် လူမဟုတ်သော လူဖြစ်၏။

စုန္ဒသည် သတ်ဖြတ်သင့်သော အခြေအနေသို့ ရောက်သော ၀က်များကိုသတ်ဖြတ်၍ ရောင်း၏။ သို့ ရာတွင် စုန္ဒ ၀က်သတ်နည်းကားယခုခေတ် ၀က်သတ်နည်းနှင့်မတူ၊ စုန္ဒသည် ၀က်များကို တိုင်၌
ချည်နှောင်၏။ မရုန်းနိုင်အောင် လုပ်၏။ ထို့ နောက် တင်းပုတ်နှင့်ထု၏။ အသားများ ဖူးဖူးရောင်လာအောင် ပြုလုပ်ခြင်း ဖြစ်၏။ထိုအခါ ၀က်များသည် အလွန်ဝလာဟန် ရှိ၏။ ထို့ နောက် စုန္ဒသည်ဝက်များ၏ အာခေါင်ကို တုတ်နှင့်ထောက်ထား၏။ဝက်များ၏ ပါးစပ်သည် ပွင့်ဟ၍ နေ၏။
စုန္ဒသည် ၀က်များ၏ ပါးစပ်ထဲသို့  ကျိုက်ကျိုက်ဆူနေသောရေနွေးကို လောင်းထည့်၏။ ၀က်များ၏ ခန္ဓာတွင်းမှ မစင်များကိုအရည်ပျော်၍ ထွက်သွားအောင် လုပ်၏။ ဤသို့ ရေနွေးကျိုက်ကျိုက်ဆူကို အကြိမ်များစွာ လောင်းထည့်၏။ဝက်များ၏ အူအတွင်းမှ ကျဆင်းလာသော အရည်သည်ဖြူလာသောအခါမှ ရေနွေးလောင်းထည့်ခြင်းကို ရပ်၏။စုန္ဒ၏ ၀က်သတ်နည်းသည် တွေးကြည့်လျှင်ကြက်သီးမွေးညင်း ထဖွယ်ကောင်းလောက်အောင်ရက်စက်လှသည်။ စုန္ဒ၏ အိမ်နီးနားချင်းနေ လူများအဖို့ တော့ မည်သို့ ခံစားရမည် မသိ။

စုန္ဒသည် မည်သူ့ ကိုမျှ အရေးထားသည် မဟုတ်။သူလုပ်ချင်သည့်အတိုင်း လုပ်သူဖြစ်၏။ စုန္ဒ၏
အိမ်နားတွင် မနေလိုပါက ပြောင်းရွှေ့ သွားရုံသာရှိ၏။မမြင်လိုပါက မျက်စိကို ပိတ်ထားရုံသာ ရှိ၏။
မကြားလိုပါကလည်း နားကို ပိတ်ထားရုံသာ ရှိ၏။စုန္ဒကတော့ မည်သူ့ ကိုမျှ အလေးထား၍
စဉ်းစားမည် မဟုတ်။ စုန္ဒ၏ အိမ်နားမှ ပြောင်းရွှေ့ မသွားနိုင်ကြသူများသည် စုန္ဒကို လျစ်လျူရှုရုံမှတစ်ပါး
အခြားနည်းလမ်းများ မရှိတော့။
ဤနည်းအတိုင်း စုန္ဒသည် ၅၅ နှစ်တိုင်တိုင် ၀က်လုပ်ငန်းဖြင့်အသက်မွေးမြူ၏။ ထိုကာလအတွင်း စုန္ဒသည် ၀က်များကိုသတ်ရာ၌ အလွန်ပျော်၏။ ၀က်များကို တင်းပုတ်ဖြင့် ထုသောအခါဝက်များအော်ဟစ်ကြသည်ကို ကြားရလျှင်လည်း စောင်းသံကိုကြားရသည်နှယ် အလွန်ပီတိဖြစ်၏။ ကျိုက်ကျိုက်ဆူနေသော
ရေနွေးများကို ၀က်များ၏ ပါးစပ်ထဲသို့ လောင်းချလိုက်သောအခါဝက်များ စူးစူးဝါးဝါး အော်ဟစ်ကြသည်ကို ကြားရသောအခါလည်းစုန္ဒသည် အလွန်နားထောင်ကောင်းသည်ဟု ထင်၏။

တစ်နေ့ တွင် စုန္ဒသည် မမာမကျန်းဖြစ်၏။ လောကအေပ်ါအနိုင်ယူခဲ့သမျှ ခုတော့ စုန္ဒသည် ဓမ္မ၏ ဒဏ်ခတ်ခြင်းကို ခံရလေပြီ။၅၅ နှစ်လုံးလုံး ၀က်များအပေါ် စုန္ဒပြုမူခဲ့သည့်အတိုင်း အ၀ီစိငရဲမီးလျှံသည် စုန္ဒဆီသို့  ရောက်လာ၏။ စုန္ဒသည်ပူလောင်ခြင်း ဝေဒနာကို ပြင်းပြစွာ ခံစားရ၏။ဝက်များသွားသည့်အတိုင်း လေးဘက်ထောက်၍ သွားရ၏။ဝက်များ အော်ဟစ်သည့်အတိုင်း ဆူညံစွာ ၀က်သံဖြင့်အော်ဟစ်ရ၏။

အကုသိုလ်ဟူသည် ဓမ္မနိယာမအတိုင်း တူသော အကျိုးကိုပေး၏။ ကုသိုလ်သည်လည်း ထိုနည်းအတူပင် တူသောအကျိုးကို ပေး၏။ဤနေရာ၌ကား စုန္ဒသည် သူ့ ဘ၀သက်တမ်းတစ်လျှောက်လုံးကုသိုလ်ကောင်းမှုဟူ၍ ဘာမျှ မပြုလုပ်ခဲ့သည့်အတွက် ကုသိုလ်နှင့်
ပက်သက်၍ တူသော အကျိုးပေးစရာ ဘာမျှ မရှိ၊ အကုသိုလ်ကသာတူသော အကျိုးပေးစရာ ရှိလေသည်။

စုန္ဒ၏ ကိုယ်၌ အနာတို့ သည် ဖူးဖူးရောင်ထကြကုန်၏။အ၀ီစိ ငရဲမီးလျှံသည် စုန္ဒကိုယ်ပေါ်လွှမ်းခြုံထား၏။
စုန္ဒသည် သတိလွတ်ကင်း၍ အိမ်၏ အတွင်း၌ ဟိုမှသည်မှလှည့်လည်ပြေးသွား၏။ အိမ်သူအိမ်သားတို့ ကလည်းစုန္ဒ အဝေးသို့ ထွက်မပြေးနိုင်စိမ့်သောငှာ အိမ်တံခါးကိုလုံခြုံစွာ ပိတ်ထားကြ၏။ လုံခြုံစွာ ပိတ်၍ထားသောအိမ်အတွင်း၌ စုန္ဒသည် ၀က်ခြံတွင်း၌ အသတ်ခံရမည့် ၀က်များထွက်ပေါက်ကို ရှာသကဲ့သို့  လှည့်လည်၍ ထွက်ပေါက်ရှာ၏။

စုန္ဒသည် ၀က်၏အော်သံဖြင့် ဆူညံစွာ အော်ဟစ်လျက် နေ၏။စုန္ဒသည် အရှင်လတ်လတ် ပူပြင်းလှသော အ၀ီစိငရဲမီးဒဏ်ကိုပြင်းထန်စွာ ခံစားရ၏။ အိမ်နီးပါးချင်းတို့ သည် စုန္ဒ၏ အော်သံကြောင့်အိပ်၍မရဘဲ ရှိကြ၏။ စုန္ဒသည် ၇ ရက်ပတ်လုံး ၀က်များကို သူသတ်စဉ်က၀က်များခံစားရသည့်အတိုင်း ခံစားရ၏။ ၀က်များ ပြေးပေါက်ရှာသည့်အတိုင်းသူလည်း ပြေးပေါက်ကို ရှာရ၏။ ၀က်များ နာကျင်စွာ ခံစားရသော
ဝေဒနာကြောင့် အော်ဟစ်ရသကဲ့သို့  စုန္ဒသည် အော်ဟစ်ရ၏။ရ ရက်တိုင်တိုင် စုန္ဒသည် အရှင်လတ်လတ် လူ၏ ခန္ဓာဖြင့်အ၀ီစိငရဲ၏ ဒဏ်ကို ခံစားရပြီးနောက် သေဆုံး၍ အ၀ီစိငရဲ၌ကျရောက်လေ၏။ စုန္ဒ၏ အိမ်နီးပါးချင်းတို့ သည်များစွာ ထိတ်လန့် ကြ၏။

စုန္ဒ၏ အိမ်အနီးမှ ဖြတ်၍သွားကြသော ရဟန်းတို့ ကမြတ်စွာဘုရားအား လျှောက်ထားကြ၏။ စုန္ဒ၏ အိမ်၌ ၇ ရက်ပတ်လုံး ၀က်များ သတ်နေသည့် အသံကို ကြားရပါသည်။စုန္ဒသည် အလွန် ရက်စက်ကြမ်းကြုတ်သူ ဖြစ်ပါသည်။ဤမျှလောက် ရက်စက်ကြမ်းကြုတ်သောသူ တစ်စုံတစ်ယောက်ကိုမျှ
တပည့်တော်တို့  မတွေ့ ရဘူးပါဟု လျှောက်ထားကြ၏။

ထိုအခါ မြတ်စွာဘုရားက ချစ်သားရဟန်းတို့ ၊ စုန္ဒသည်၇ ရက်ပတ်လုံး ၀က်တို့ ကို သတ်နေသည်မဟုတ်၊ ၅၅ နှစ်တို့ ကာလပတ်လုံး သူပြုခဲ့သော မကောင်းမှု အကုသိုလ်ကံသည်ဤပစ္စုပ္ပန်ဘ၀၌ပင် စုန္ဒအား တူသောအကျိုးကို ပေးခြင်းဖြစ်၏။ယနေ့ တွင်မှ စုန္ဒသည် ကွယ်လွန်၍ အ၀ီစိငရဲသို့ ကျသွားခြင်း
ဖြစ်သည်ဟု မိန့် တော်မူကာ အောက်ပါဂါထာကို ဟောတော်မူ၏။

- မကောင်းမှုကို ပြုသူသည် ဤပစ္စုပ္ပန်ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏။

- နောင်တမလွန်ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏။ပစ္စုပ္ပန် တမလွန် နှစ်ဘ၀လုံး၌ စိုးရိမ်ပူပန်ရ၏။

- ထိုသူသည် မိမိ၏ ညစ်ညမ်းသော အကုသိုလ် ကံကြမ္မာကိုမြင်၍ စိုးရိမ်ပူပန်ရ၏။ စိုးရိမ်ပူပန်ရသည်နှင့်အမျှ ပင်ပန်းရ၏။

(ဆရာကြီး ဦးရွှေအောင် ရေးသားသော
ဓမ္မပဒ - စုန္ဒ၀က်ကုန်သည် ၀တ္ထု မှ)

မေတ္တာဖြင့် စီကုံးပူဇော်သူ
အနှိုင်းမဲ့စာတိုပေစများ
Read more →

foot binding (aka Lotus Feet). ခြေစည်းခြင်း

,

ငယ်ငယ်တုန်းက ခြေသေးတရုတ်မ ဆိုတာ ကြားဖူးတယ်။ ခြေထောက်သေးလို. ခေါ်တယ်ထင်တာ။ အမှန်က တရုတ်ပြည်မှာ ခြေစည်းတာကို ခုခေတ်မှာ ဒေါက်မြင့်ဖိနပ်စီးသလို သဘောထားကြတာပါ။ တန်ဖိုးကြီး ဖန်စီဒေါက်မြင့်ဖိနပ် အမြင့်ကြီးစီးတာကို ခုခေတ်မှာ ပိုက်ဆံတတ်နိုင်ခြင်း ချမ်းသာခြင်းရဲ့ အမှတ်အသားတခုလို သဘောထားကြတယ်။ အဲ့ဒီခေတ်တုန်းကလည်း ခြေထောက်လေး ချွန်နေတာ (မသွားနိုင် လမ်းမလျှောက်နိုင် မပြေးနိုင်တာ) ချမ်းချမ်းသာသာ နေရလို. အခန်.သားထိုင်နေရတယ်ဆိုတဲ့ social status တခုကိုပြချင်လို.ဖြစ်ပါတယ်။ တရုတ်ယောက်ျားတွေကလည်း အဲလိုခြေလေး သေးချွန်ပြီး နေမှ အရမ်း attractive ဖြစ်တယ် လက်ထပ်ဖို.သင့်တော်တယ်လို. ယူဆကြတယ်ဆိုပဲ။

ခြေစည်းတာ ဘယ်လောက်ခေတ်စားလဲဆိုရင် ဆင်းရဲတဲ့မိသားစုတစုမှာ သမီးအကြီးဆုံးမွေးရင် ခြေစည်းပြီး ပစားပေးထားရပါသတဲ့။ နောက်မွေးလာတဲ့ သမီးလေးများက လယ်ထဲဆင်း ကောက်စိုက် အလုပ်ကြမ်းလုပ်ြ့ပီး အဲဒီခြေသေးမကို လုပ်ကျွေးရပါတယ်။ ခြေမစည်းတဲ့မိန်းကလေးများ အမြင့်ဆုံးဖြစ်ရင်တောင် မယားငယ်(cocubine) လောက်ပဲဖြစ်ကြရပါသတဲ့။

မိန်းကလေးငယ်ငယ် (၄နှစ်ကနေ ၉ နှစ်)အရွယ်ကနေ ခြေစည်းဖို. ဆုံးဖြတ်ပြီးရင် ပထမဆုံးအဆင့်က ခြေထောက်ကို ရေနွေးတွေ တိရိစ္ဆာန်သွေးတွေနဲ. ဆေးမြစ်တွေနဲ.ဆေြး့ပီး နှိပ်နယ်ပေးရပါသတဲ့။ ပြီးရင် နောက်တဆင့်ကတော့ ခြေမကလွဲလို. ကျန်တဲ့ခြေလေးချောင်းစလုံးကို ချိုးလိုက်ရပါတယ်။ ပြီးရင် အဝတ်နဲ. တရက်ကို သုံးလေးနာရီစီ နှစ်ချီပြီး စည်းထားလိုက်တာပါပဲ။ ပြီးရင် သေးနိုင်သမျှ အသေးဆုံး ဖိနပ်ကိုစီးပေးထားပါတယ်။ အဲလိုနဲ. ခြေထောက်အရှည် လေးလက်မလောက်ပဲရှိတဲ့အထိ စည်းရပါတယ်။

တရုတ်ကြီးတွေ ဘာလို. ခြေစည်းတာကြိုက်သလဲဆိုရင် ခြေစည်းတဲ့ အမျိုးသမီးတယောက်က လမ်းလျှောက်ရင် ခြေမလေးပဲ ထောက်ထောက်ပြီးလျှောက်ရတာဆိုတော့ မြန်မြန်လည်း မလျှောက်နိုင် ယိုင်တိုင်ယိုင်တိုင်နဲ. ယိမ်းနွဲ.ပြီး (မလဲအောင်) လျှောက်ကြတာကို သူတို.က အကြိုက်တွေ.ပါတယ် (ခုခေတ် ပင်ဆယ်လ်ဟီးလ်စီးသလိုပေါ့)။ အဲဒါကိုပဲ erotic ဖြစ်တယ်လို. ယူဆကြပါသတဲ့။ချင်မင်းဆက် (Qing Dynasty) က sex manual (အလဲ့ တယ်လာပါလား) မှာဆိုရင် အမျိုးသမီးတွေရဲ. စည်းထားတဲ့ခြေနဲ. (ခြေအိပ်ဝတ်ပြီးမှပေါ့) ကစားတဲ့နည်း ၄၈ မျိုးတောင်ပါတယ်လို.ဆိုပါတယ်။ တကယ့် foot fetish သမားတွေ။ နောက်တခုက အဲလိုခြေစည်းတဲ့ အမျိုးသမီးတယောက်ဟာ ဘာ အိမ်မှုကိစ္စမှ လုပ်ဖို.မလွယ်ပါဘူး။ ဘယ်မှလဲ မသွားရမလာရတော့ ယောင်္ကျားတွေက စိတ်ချတယ်ပါတယ်တဲ့။ ဒီမိန်းမ ဘယ်မှပြေးလို.မရဘူး ငါပိုင်ပြီပေါ့လေ။

ဒီခြေအိပ်ကို ချွတ်လိုက်ရင်တော့ သူတို.ကြိုက်ချင်မှကြိုက်ပါလိမ့်မယ်။ ကျန်တဲ့ခြေလေးချောင်းက ကောက်ကွေ.ပြီး ခြေဖဝါးမှာကပ်နေတာဆိုတော့ အဲ့အထဲကို ရေနဲ.စင်အောင်ဆေးဖို.ရာမလွယ်တဲ့အတွက် မှိုတွေတက်ပြီး နံစော်နေတာပါပဲတဲ့။ တသက်လုံး disable ဖြစ်သွားတာမျိုးပါ။ နောက်ပိုင်း anit footbinding campaign တွေလုပ်ပြီးမှ တဖြည်းဖြည်းနောက်ပိုင်းပျောက်သွားတာဖြစ်ပါတယ်။ အလှအပအတွက် အဆင့်အတန်းတခုအတွက် လက်ကောင်းခြေကောင်းတွေ အဓိပ္ဗါယ်မရှိ ကျိုးခဲ့ကြရတာပေါ့။
Read more →

Friday, October 18, 2013

ကလေးကို သာမန်လူတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်နည်း

,


ဖခင်တစ်ဦးရဲ့ အသိပေးချက် ၁၈ချက်

(၁) သင့်မှာရှိတဲ့အိပ်မက်တော်တော်များများကို သင်အကောင်အထည်ဖော်ဖြစ်ချင်မှ ဖော်ဖြစ်ခဲ့မယ်။ သင့်စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖြစ်မြောက်ဖို့ ကလေးကိုအစားထိုး မခိုင်းစေပါနဲ့။ ဒါဟာ သင့်စိတ်ကူးအိပ်မက်ပါ... ကလေးရဲ့စိတ်ကူးအိပ်မက်မဟုတ်ပါဘူး။

(၂) ကလေးနဲ့စကားပြောတဲ့အခါ ထိုင်ချပြီးမှ ပြောပါ။

(၃) ကလေးတွေ ဆော့ကစားတဲ့အခါ သူတို့အချင်းချင်းကြားက ပြဿနာ/အခက်အခဲကို သူတို့ကိုယ်တိုင် ဖြေရှင်းပါစေ။

(၄) ကလေးနဲ့ စိတ်ရှည်လက်ရှည်ဆော့ကစားပါ။ သူ့ရဲ့ကစားနည်းက ဘယ်လောက်ပဲ ပျင်းရိငြီးငွေ့စရာကောင်းနေနေပေါ့။

(၅) ပုံပြင်စာအုပ်တစ်အုပ်ကို ကလေးတစ်လှည့်၊ သင်တစ်လှည့်အတူ ဖတ်ရှုပါ။

(၆) လစဉ်လတိုင်း ကလေးနဲ့အတူ စာအုပ်ဆိုင်တစ်ခါပတ်ပါ။ တစ်ခါပတ်ရင် နှစ်နာရီအထက်ကြာပါစေ။

(၇) ကြိုးစားအားထုတ်မှုရှိမှ ဒါမှမဟုတ် မျှော်လင့်စောင့်စားတာမျိုးရှိမှ ဂုဏ်ပြုချီးမြှင့်တာလုပ်ပါ။ ဒါမှ တန်ဖိုးထားမြတ်နိုးတတ်မှုကို သူသင်ယူနိုင်လိမ့်မယ်။

(၈) ချီးကျူးတဲ့အပြင် အပြစ်ပေးတာမျိုးလည်း ရှိရတယ်။ မှတ်ထားရမှာက အပြစ်ပေးတယ်ဆိုတာ တုတ်၊ လက် ပါရမယ့် အပြစ်ပေးမျိုးမဟုတ်ပါ။

(၉) ငိုယိုဂျီကျတဲ့အခါ၊ မစားချင်၊ မလုပ်ချင်တာကို ငိုယိုငြင်းဆန်တဲ့အခါ အပေးအယူလုပ် ညှိနှိုင်းတာမျိုး မလုပ်မိစေနဲ့။

(၁ဝ) ကလေးကြီးပြင်းလေး ချွတ်ယွင်းချက်တွေကို သင်တွေ့လေ.... ဒီလိုအချိန်မျိုးမှာ သူ့ကိုမွေးဖွားကာစအကြည့်မျိုးနဲ့ သူ့ကိုနှစ်သက်ဖို့ မမေ့ပါနဲ့။ များများအားပေးပါ၊ "နင် တုံးလှချည်လား! တခြားလူတောင်တတ်တယ်.. နင် ဘာလို့မတတ်ရတာလဲ"ဆိုတဲ့စကားမျိုးကို ဘယ်တော့မှ မပြောပါနဲ့။

(၁၁) ကွန်ပြူတာကစားမှာကို မကြောက်ပါနဲ့။ တီဗွီစွဲတဲ့ကလေးတွေက ကွန်ပြူတာစွဲတဲ့ကလေးထက်များတယ်။ ကလေးကို တီဗွီအနားက ခွာပါစေ။ ခေတ်နဲ့အညီ စီးမျောပါစေ။ လမ်းညွှန်သင်ပြသူလုပ်ပါ၊ တားမြစ်သူ မဖြစ်ပါစေနဲ့။

(၁၂) မူလတန်းကစ ကလေးကို အိမ်မှုကိစ္စတွေ ခွဲဝေလုပ်ခိုင်းပါ။ ၃နှစ်အရွယ်ကစ လုပ်ခိုင်းနိုင်ပါတယ်။ ဥပမာ- ကစားစရာအရုပ်တွေ သိမ်းဆည်းတာ၊ သုတ်သင်တာ

(၁၃) စစချင်းမှာ ကလေးတွေရဲ့ ရမှတ် ရလဒ်ကို သိပ်အလေးမထားပါနဲ့။ သူ ကျောင်းနေပျော်မပျော်ဆိုတာကို ဦးစားပေး ဂရုစိုက်ပါ။

(၁၄) ဟိုသင်တန်း၊ ဒီကျူရှင်တွေနဲ့ ကလေးရဲ့နေ့စဉ်ဘဝကို သင်တန်း၊ ကျူရှင်တွေကြားမှာပဲ မနစ်ထားစေပါနဲ့။ ကလေးဘဝ၊ ကလေးသဘာဝ လွတ်လွတ်လပ်လပ်၊ ကျန်းကျန်းမာမာ၊ ကောင်းမွန်တဲ့အကျင့်တွေနဲ့ ရှင်သန်ကြီးပြင်းပါစေ။

(၁၅) စစ်တုရင်ကစားတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊ သီချင်းဆိုတာ ဒါတွေဟာ လူတိုင်းနှစ်သက်တဲ့ ကစားနည်းတွေပါ။ ကလေးကို အချိန်စောပြီး သင်ပေးလို့ရပါတယ်။

(၁၆) ဘဝတစ်သက်တာအသုံးဝင်မယ့် စိတ်ဝင်စားဖွယ်အရာကို သင်ပေးပါ။ ဥပမာ- ပန်းချီ၊ ဂီတ၊ စာပေ၊ လက်မှုပညာ... ကျောင်းတက်၊ အတန်းတက်၊ ကျူရှင်တက်ဆိုတာချည်းပဲ မခိုင်းစေပါနဲ့။

(၁၇) လူအများနဲ့ကစားနိုင်တဲ့ ကစားနည်းမှာ ပါဝင်ပါစေ။ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘောလုံး၊ ပင်ပေါင်..ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးလိုက်စားတဲ့အကျင့်ရှိပါစေ။

(၁၈) ကလေးကိုချစ်ရင် ကလေးရဲ့ ဖေဖေ(မေမေ)ကိုလည်း ချစ်ပါ။ သူ့ ဘိုးဘိုး၊ ဘွားဘွားတွေကိုလည်းချစ်ပါ။ ဒါမှ နောက်တစ်ချိန်မှာ သူ့မိသားစုနဲ့ သူ့ကလေးကိုချစ်တတ်ဖို့ သူ သင်ယူ၊ မှတ်သားပါလိမ့်မယ်။

မူရင်း။ ။ http://www.u148.net/article/22370.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်
Read more →

“ သီတင်းကျွတ်လအကြောင်း သိကောင်းစရာ ”

,



1376377_693672313976117_1142854954_n
သီတင်းကျွတ်လ သည် မြန်မာတို့ ၏ ၁၂ လရာသီတွင် သတ္တမ မြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီကြယ် နှင့် လမင်း တို့ 
စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea Lotus) ဖြစ်ပါသည်။ ယင်းတို့ကိုပင် မနုဿဗေဒ (Athropology) သဘောအရလူ့ယဉ်ကျေးမှုသမိုင်း ကြောင်းတစ်ခု အဖြစ် မြင်နိုင်ကြပါသည်။
သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုး ကြသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့ စုဝေးသော မိုးကာလဟု လည်းကောင်း၊ တောင်သူလယ် သမား တို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာ ထောင်မတ်သောလဟုလည်းကောင်း ပညာရှိများ ဖွင့်ဆိုကြသည်။မြန်မာတို့သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ဗုဒ္ဓသာသနာတော်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သိက္ခာကာမ၊ ဂန္ထကာရက၊ ပရိယတ္တိဝိသာရဒ၊ လဇ္ဇီပေသလ စသည့် တစ်ဖြာ ဂုဏ်ဝေဖြာသည့် သာသနာပြု ရဟန်းတော်များနှင့် တိုင်းချစ် ပြည်ချစ် မင်းတရားစစ်တို့ကြောင့် သက်ဝင်ယုံကြည်ဆည်းကပ် ကိုးကွယ်ခွင့် ရကြပြန်သော အခါ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားတော် များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော၊ ရောင့်ရဲ တင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်ကြသည်။
[www.facebook.com/youngbuddhistassociation.mm]
ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက် လပြည့်လကွယ် နေ့တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ၊ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြသည်။ သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ် အခါကပင် ဖြစ်ပါသည်ဟု ပြောဆိုနိုင်ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုကျင်းပသည့် သီတင်းကျွတ်လ မီးထွန်းပွဲတော်အစဉ်အလာများသည် ယင်းမှတစ်ဆင့် ကူးစပ်ဆင့်ပွားလာခြင်း ကြောင့် ဖြစ်ပါသည်။ ယင်းခေတ်အခါနှင့် ယခုခေတ်အခါတို့မတူသော်ငြားလည်း ရည်ရွယ်ချက်များ တူညီနိုင် ကြမည်ပင်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအား အမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည်။ သီတင်းကျွတ် လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းများဖြင့် စီချယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည်။ဟု ဗုဒ္ဓဘာသာစာပေ အဋ္ဌကထာများက ဆိုကြပါသည်။
ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊ ဆွမ်းပန်းရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြ သည်။ ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံ လုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည်ဟု မှတ်သားရပါသည်။
ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့ သည်အသက်ဂုဏ်ဝါကြီးသူ၊ မြင့်မြတ်သူတို့ အပေါ်တွင် ငယ်သူ၊ နိမ့်ကျ သူတို့ က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတိုင်း ၀ါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြသည့် ဓလေ့များကိုလည်း တွေ့မြင်ကြရပါသည်။
[www.facebook.com/youngbuddhistassociation.mm]
ထို့အပြင် ဤအချိန်ကာလသည် မြန်မာတို့ ၏ တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော၊ မာန်မာနကို နှိမ့်ချတတ်သောသဘော၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက်ကိုဖော်ကျူးပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာအစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ အစ်ကို၊ အစ်မများ ညီငယ်ညီမငယ်များအားလုံးတို့သည်လည်း လောကသာရ ရခိုင်သူမြတ် ရေးသည့် ဆုံးမစာအတိုင်း `ကောင်းသောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး´ တို့ ဖြင့် သီတင်းကျွတ်လ မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေဟု ဤစာ၏ နိဒါန်းအချီ အနေဖြင့် ဆုတောင်း ဆန္ဒပြုလိုက်ပါသည်။
မြတ်စွာဘုရားရှင် အလောင်းတော်ကို မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ တွင် မိခင်မာယာဒေ၀ီ မှ ဖွားမြင်တော်မူခဲ့ပါသည်။ ဖွားမြင်တော်မူပြီးသည့်နောက် (၁၆)နှစ် အရွယ်မှာ ယသော်ဓရာ နှင့် ထိမ်းမြား လက်ထပ်တော်မူခဲ့ပါသည်။ အသက် (၂၉)နှစ်မှာ သားတော် ရာဟုလာ ကို ဖွားမြင်သော ညမှာပင် ကာမဂုဏ်၏ အပြစ်တို့ကိုတွေ့ပြီး ငြီးငွေ့တော်မူသဖြင့် နန်းစည်စိမ် နှင့်တကွ အားလုံးကို စွန့်လွှတ်ပြီး ဥရုဝေလတော ကို ၀င်ခဲ့ပါသည်။ ဥရုဝေလမှာ ပင်ပန်းဆင်းရဲသော ဒုက္ကရစရိယ အကျင့်ကို ၆နှစ် ကာလပတ်လုံး ကျင့်ခဲ့ပါသည်။ ဘုရားအလောင်းတော်သည် မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်တော် အတွက် မည်သို့မျှ အထောက်အကူ မပြုသော ထိုအကျင့်များကို စွန့်လွှတ်ပြီး မဇ္ဈိမပဋိပဒါ ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်ကို ကိုယ်တော် တိုင် ကျင့်သုံးတော်မူခဲ့ပါသည်။ ထိုမဂ္ဂင်ရှစ်ပါး အကျင့်ဖြင့် ဂေါတမ ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့ မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရှိတော်မူခဲ့ပါသည်။
[www.facebook.com/youngbuddhistassociation.mm]
ဘုရားဖြစ်ပြီးနောက်-
(၁) ပလ္လင်္ကသတ္တာဟ။ ။ဘုရားဖြစ်သော ဗောဓိပင်ရင်းနေရာ (ပလ္လင်)ထက်တွင် ကဆုန်လပြည့်ကျော် (၁) ရက်နေ့မှ (၇) ရက်နေ့အထိ ၀ိမုတ္တိသုခ (သံသရာမှ လွတ်မြောက်ခြင်းချမ်းသာ) ကို ခံစားလျှက် သီတင်းသုံးတော်မူခဲ့ပါသည်။
(၂) အနိမိသ သတ္တာဟ။ ။ဗောဓိပင်၏အနီး အရှေ့မြောက်အရပ် တည့်တည့် (၁၄)လံအကွာ နေရာမှာ ကဆုန်လပြည့် ကျော် (၈)ရက်နေ့မှ (၁၄) ရက်နေ့အထိ (၇)ရက် ထပ်မံ သီတင်းသုံးတော်မူခဲ့ပါသည်။ ငါသည် ပါရမီများ ဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ်(၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံး ကြည့်ရှု ၀မ်းမြောက်နေတော်မူခဲ့ပါသည်။ (အ= မ။ နိမိသ= မျက်စိမှိတ်သည်။ အနိမိသ= မျက်စိမမှိတ်ပဲ)
(၃) စင်္ကမ သတ္တာဟ။ ။ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆)ရက်နေ့အထိ (၇)ရက်တွင် ဗောဓိပင်ပလ္လင်နဲ့ အနိမိသ သတ္တာဟ အကြား စင်္ကြံလျှောက်တော်မူကာ (၇)ရက် ထပ်မံသီတင်းသုံးတော်မူခဲ့ပါသည်။ ယင်းနေရာမှာ နတ်တို့က “ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေသေးသည်၊ ဘုရားစင်စစ်မဖြစ်သေး”ဟု ယုံမှားသံသယဖြစ်ကြသည်။ ထိုယုံမှားပျောက်စေရန် ရေအစုံ၊ မီးအစုံ ယမကပြာဋိဟာ ပြတော်မူခဲ့ပါသည်။ စင်္ကြံ ကြွရင်း တရားဆင်ခြင်၊ ဖလသမပတ် ၀င်စားသောကြောင့် စင်္ကမ သတ္တာဟ ဟုခေါ်ပါသည်။
(၄) ရတနာဃရ သတ္တာဟ။ ။ဗောဓိပင်၏ အနောက်မြောက် (၁၀)လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာ ရွှေအိမ်ထက်၌ နယုန်လဆန်း (၇) ရက်နေ့မှ (၁၃)ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်တော်မူပါသည်။ အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ။ နောက်ဆုံး ပဋ္ဌာန်းဒေသနာ တော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသော အခါမှသာ ရောင်ခြည်တော် (၆)သွယ် ကွန့်မြူး ထွက်ပေါ်လာခဲ့ပါသည်။
(၅) အဇပါလသတ္တာဟ။ ။ဒီနေရာကို ဆိတ်ကျောင်းသမားတွေ နေတဲ့ ညောင်ပင်လို့ ဆိုပါတယ်။ ဗောဓိပင်ရဲ. အရှေ.ဘက် (၃၂)လံ အကွာမှာ နယုန်လဆန်း (၁၄)ရက်နေ့မှ နယုန်လပြည့်ကျော် (၅)ရက်အထိ (၇)ရက် သီတင်းသုံးတော် မူပါတယ်။ ဒီနေရာမှာပဲ မာရ်နတ်ရဲ. သမီး (၃) ယောက် ဖြစ်တဲ့ (တဏှာ၊ အရတီ၊ ရာဂါ) တို့က ဘုရားရှင်ကို မိန်းမမာယာဖြင့် ဖြားယောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ သို့ပေးမယ့် ဘုရားရှင်က တုန်လှုပ်ခြင်း မရှိခဲ့ပါဘူး။
(၆) မုစလိန္ဒ သတ္တာဟ။ ။ဗောဓိပင်၏ အရှေ.တောင်ဘက် (၁၅)လံ အကွာ၊ မုစလိန္ဒာအိုင် အနီး ကျဉ်းပင်အောက်မှာ နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်နေ့ထိ (၇)ရက် သီတင်းသုံးတော် မူခဲ့ပါသည်။ ထိုနေရာကို သီတင်းသုံးစဉ်မှာ အခါမဲ့ မိုးရွာခဲ့သောကြောင့် မုစလိန္ဒာအိုင် နဂါးမင်းသည် တန်ခိုးနဲ့ လိုတာကို ဖန်ဆင်းနိုင်သော်လည်း သူ၏ပကတိ ကိုယ်တော်နှင့်သာ ပါးပြင်းမိုးပြီး ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါသည်။
(၇) ရာဇာယတန သတ္တာဟ။ ။ဗောဓိပင်၏ တောင်ဘက် (၄၀)လံ အကွာ လင်းလွန်းပင်ရင်းမှာ နယုန်လပြည့်ကျော် (၁၃)ရက်မှ ၀ါဆိုလဆန်း (၄)ရက်နေ့ အထိ (၇)ရက် ပတ်လုံး ဖလသမာပတ် ၀င်စားပါတယ်။(၇) ရက်ပြည့်တဲ့နေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ်နေချိန်မှာ ရာမညတိုင်း၊ ဥက္ကလာဇနပုဒ်၊ ပေါက္ကရ၀တ္တီဇနပုဒ်မှ ကုန်သည်ညီနောင် တဖုဿ၊ ဘလ္လိက တို့က ဘုရားရှင်ကို မုန့်ကျစ်ဆုပ် ဆပ်ကပ်ခဲ့ပါသည်။ ယင်းကုန်သည်ညီနောင်ကို သံဃာမရှိသေးသည့်ကာလဖြစ်သည့် အတွက် ဒွေဝါစိက သရဏဂုံ (၂)ပါးကိုသာချီးမြှောက်ခဲ့ပါသည်။ ဆံတော် (၈)ဆူ စွန့်တော်မူပါတယ်။ ယင်းဆံတော်တို့ကို သူတို့၏အရပ်ပြန်ရောက်သောအခါ စေတီထဲမှာ ဌာပနာပြုခဲ့ကြောင်း မှတ်သားရပါသည်။
ဗုဒ္ဓစာပေများအရ မြတ်စွာဘုရားသည် ပထမ၀ါကို မိဂဒါဝုန် မှာ ၀ါကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါ တို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါ ကို ဝေသာလီပြည်၊ ဆဋ္ဌမ၀ါ ကို မကုဠတောင် စသော နေရာဌာနများမှာ ၀ါကပ်တော်မူခဲ့ပါသည်။ သတ္တမ၀ါကို တာဝတိံသာနတ်ပြည်မှာ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သား ကို အမှူးထားကာ တာဝတိံတာ နတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် အဘိဓမ္မာ ဒေသနာတော် ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူခဲ့ပါသည်။ မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ ဟုလည်း ရှေးလူကြီးသူမများ ပြောဆိုရေးသားခဲ့ကြပါသည်။
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း (၉၀)၊ ၀ါတွင်း (၃) လ – မှာ
၁။ ဓမ္မသင်္ဂဏီကျမ်း ကို (၁၂) ရက်
၂။ ၀ိဘင်းကျမ်းကို (၁၂) ရက်
၃။ ဓာတုကထာကျမ်းကို (၆) ရက်
၎။ ပုဂ္ဂလပညတ်ကျမ်းကို (၇) ရက်
၅။ ကထာဝတ္ထုကျမ်းကို (၈) ရက်
၆။ ယမိုက်ကျမ်းကို (၂၀) ရက်
၇။ ပဋ္ဌာန်းကျမ်းကို (၂၅) ရက်
ဟောတော်မူခဲ့ပါတယ်။
[www.facebook.com/youngbuddhistassociation.mm]
အဘိဓမ္မာတရား ဒေသနာတော်ကို နည်း (၃) နည်း ဖြင့် ဟောကြားခဲ့ပါသည်။
(၁) အတိဝိတ္ထာရ ဒေသနာ (အကျယ်နည်း)
ဗုဒ္ဓမြတ်စွာသည် မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တ၀ါတို့နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တထိုင်တည်းဟောမှ နာကြားရသော တရားနာသူတို့ အကျိုးထူး ရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာ အကျယ်နည်းကို တာဝတိံ သာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါသည်။
(၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း)
မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော်မူပါတယ်။ ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါသည်။
(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်းမကျယ်နည်း)
အရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မူပါသည်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရာကို ဟောကြားသောအဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရား ထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက နားထောင်၍ လက်ခံအတည်ပြု တော်မူခဲ့ ပါသည်။
ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူခဲ့သဖြင့် ထူးမြတ်သောနေ့ အဖြစ်သတ်မှတ်ကြပါသည်။ ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေးဘီဘင်များ လက်ထက်ကပင် ရှိခဲ့ပါသည်။ ထို့အပြင်ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများလည်း ကျင်းပကြပါသည်။
တစ်နည်းဆိုလျှင် သီတင်းကျွတ်လပြည့်နေ့ကို “ဘုရားဆုပန်နေ့” ဟူ၍လည်း ခေါ်ဆိုနိုင်ပါတယ်။ ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ လကျာင်္ဘက်ရွှေစောင်းတန်းက နတ်ဒေ၀တာများ၊ လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်း တန်းဖြင့် ဆင်းသက်တော်မူပါသည်။ ထိုသို့ နတ်ဗြဟ္မာများခြံရံလိုက်ပါ၍ ဆင်းသက်တော်မူလာသည့် ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိ တင့်တယ်ပြည့်စုံသော အသရေ တော်ကို ဖူးမြင်ကြရသောအခါ (၃၆)ယူဇနာ အတွင်းရှိသော ပရိသတ်အားလုံး ဘုရားကိုအားကျ၊ ဘုရားဖြစ်ချင် စိတ်တွေ ပေါ်လာကာ ဘုရားဆုကို တောင်းကြပါသည်။ ထို့အတွက်ကြောင့် “ဘုရားဆုပန်နေ့” ဟုခေါ်ဆိုထိုက်ပါသည်။
[www.facebook.com/youngbuddhistassociation.mm]
သီတင်းကျွတ်လပြည့်နေ့တွင် ၀ါတွင်းသုံးလကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ၀ါဆိုတော်မူကြကုန်သော သံဃာတော် အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါသည်။ ထိုနေ့အထိဝါဆိုကြသည့် သံဃာများသည် အလွန်အကျိုးထူးသော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေး လည်းရရှိကြပါသည်။
အချုပ်အားဖြင့်ဆိုရသော်
သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ၀ါကျွတ်သောနေ့၊ အပြစ်ရှိက ပြောကြားပါရန် အချင်းချင်း ဖိတ်ပန်အမှုပြုကြသော ပ၀ါရဏာနေ့၊ ဘုရားရှင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဟောကြားပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုလ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ဘုရားရှင် ဆင်းသက် တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည့် ထွန်းညှိပူဇော်သောနေ့၊ ဗြဟ္မာနတ် လူ သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွ ကြည်ဖြူပူဇော်သောနေ့၊ နတ်လူအများ ဘုရားဆု ပန်သောနေ့ စသော ဂုဏ်ထူးဝိသေသအဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့ မြတ် ပင် ဖြစ်ပါသည်။
ဤကဲ့သို့နေ့ထူး၊ နေ့မြတ်မှာ ဓမ္မမိတ်ဆွေ သူတော်ကောင်းများအားလုံး သတိပဋ္ဌာန်တရားတော်များကို နာယူကျင့်ကြံ အားထုတ်နိုင်ကြသဖြင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ အမြိုက်နိဗ္ဗာန်ကို ရနိုင်ကြပါစေဟု ဆုတောင်းပြီး ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါသည်။
အသျှင်ဉာဏုတ္တရ (သီရိလင်္ကာ)မျှဝေတင်ပြပါသည်။
Read more →

Wednesday, October 16, 2013

ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွှေ - Inland taipan

,

snake
အရှည်အားဖြင့် ၅ပေ ၉ လက်မ ကနေ ၈ ပေ ၂ လက်မလောက်ထိ ရှည်နိုင်တဲ့ မြွှေမျိုး ဖြစ်ပါတယ်။
Inland taipan လို့ခေါ်ပြီး Fierce Snake လို့လည်း အမည်ရပါသေးတယ်။ သြစတေးလျနိုင်ငံ အရှေ့ အလယ်ပိုင်းမှာ ရှင်သန်ပေါက်ဖွားပြီး ရာသီပေါင်းစုံမှာ ရှင်သန်နေထိုင်နိုင်ပါတယ်။ နွေရာသီမှာ ညိုဝါဝါ အရောင် ပြောင်းပြီး ဆောင်းရာသီမှာ အနက်ရောင်၊ ညိုရင့်ရောင် တို့ကို ပြောင်းလဲသွားပါတယ်။
အဆိပ်ထုတ်နိုင်စွမ်းကတော့ 44 mg ရှိတယ်လို့ မှတ်တမ်းတင်ထားပေ မယ့် စံချိန်တင်အနေနဲ့ တစ်ခါကို 110 mg လောက်ထိ အများဆုံး အဆိပ် ထုတ်ဖူးထားပါတယ်။ ဒါကြောင့် Inland taipan ကို ကမ္ဘာ့အဆိပ်အပြင်း ဆုံး ကုန်ပေါ် မြွှေအဖြစ် စံချိန်တင်ထားကြောင်း သိရ ပါတယ်။
--
Ref: wiki
Aung Kham ( ရိုးရာလေး )
Read more →

Tuesday, October 15, 2013

ဗုံးပေါက်စဉ်နဲ့ဗုံးပေါက်ပြီး ပြုလုပ်ရန်

,


(၁) တည်ငြိမ်စွာရှိနေပါ။ သင်သာလျင် သင့်ရဲ့ကယ်တင်ရှင်ဖြစ်သည်။

(၂) သင်သည် ဗုံးပေါက်ကွဲသည့် အဆောက်အအုံအတွင်းတွင်သော်လည်းကောင်း၊ အထက်မှအရာဝတ္ထုများ ကျနေသည့်အခြေအနေနှင့်သော်လည်းကောင်း ကြုံတွေ့နေပါက တောင့်တင်းခိုင်မာသောစားပွဲ၊ အရာဝတ္ထုတို့အောက်တွင် အသံငြိမ်သွားသည်အထိဝပ်နေပါ။ အနည်းဆုံးအသံငြိမ်ပြီး တစ်မိနစ်ခန့်နေမှထွက်လာပါ။

(၃) ပေါက်ကွဲလွင့်စင်နိုင်သောအရာဝတ္ထုများ၊ မှန်တံခါးများ၊ ပြတင်းပေါက်များ၊ ဗီဒိုများ၊ လျှပ်စစ်ပစ္စည်းများ စသည်တို့နှင့် တတ်နိုင်သလောက်ဝေးဝေးနေပါ။

(၄) တာဝန်ကျ အရာရှိများ၊ လုံခြုံရေးအုာရှိများ ၏ညွှန်ကြားချက်ကို သေချာစွာလိုက်နာပါ။ အခင်းဖြစ်ပွားရာနေရာမှ အမြန်ဆုံးထွက်ခွာပါဟု ပြောလျင်ချက်ချင်းထွက်ခွာပါ။

(၅) အကူအညီလိုအပ်နေသော မသန်စွမ်းသူများကိုလည်း တတ်နိုင်သလောက်ကူညီပါ။

(၆) ချက်ချင်းကျရောက်လာနိုင်သောအန္တရာယ် (အဆောက်အအုံ ပြိုကျခြင်း၊ မီးကူးစက်လောင်ကျွမ်းခြင်း) အခြေအနေများမှအပ ပြင်းထန်စွာဒဏ်ရာရနေသူများကို မရွှေ့ပြောင်းပဲ ကယ်ဆယ်ရေးဝန်ထမ်းများ၏အကူအညီကို ချက်ချင်းရယူပါ။

(၇) ဂက်စ်များ၊ ဓါတုပစ္စည်းများ သိုလှောင်ရာနေရာများ၊ ပေါက်ကွဲစေနိုင်သော အရာများနှင့်နီးစပ်သောနေရာများ၊ မီးဖိုချောင်များသို့ သွားရောက်ခြင်းကိုရှောင်ကြဉ်ပါ။

(၈) သင်သည် အဆောက်အအုံ အပြင်သို့လွတ်မြောက်လာပါက တတ်နိုင်သမျှ အခင်းဖြစ်ရာ နေရာမှ လွှတ်မြောက်ရာရှောင်နေပါ။

(၉) Lifts (ဓါတ်လှေခါးများ)၊ Elevators (ရွေ့လျား စက်လှေခါးများ) အသုံးပြုခြင်းကိုရှောင်ကြဉ်ပါ။

(၁၀) အသေခံဗုံးခွဲမှုနှင့်ကြုံပါက မြေကြီးပေါ်တွင်ဝပ်နေပါ။ ဖြစ်စဉ်တိုင်းတွင် အသေခံဗုံးခွဲသူသည် (Flower Bouquet Pattern) နည်းကိုသာ သုံးလေ့ရှိသဖြင့် ဗုံးစများသည် မြေမျက်နှာပြင်မှ အမြင့် ၂ ပေ ၆ လက်မထက်မြင့်သော နေရာများကို ပိုမို ထိခိုက်စေပါသည်။ ထို့ကြောင့် သင်သည် မတ်တပ်ရပ်နေပါက သင်၏ ရင်ခေါင်းအထကက်ပိုင်းတွင် ထိခိုက်ဒဏ်ရာရစေနိုင်ပါသည် (လူအုပ်ကြားထဲတွင်တော့ ဝပ်မနေပါနှင့်)

(၁၁) ဗုံးပေါက်စဉ်အခြေအနေတွင် သင်၏ ပါးစပ်နဲ့အသက်ရှုခြင်းကို မြန်မြန်ပြုလုပ်ပေးပါ။ အဘယ့်ကြောင့်ဆိုသော် ဗုံးအစအနများ၊ လွင့်စင်လာသောအရာများကြောင့် အသက်မဆုံးရှုံးနိုင်ပဲ၊ သင်၏ ခပ်ပြင်းပြင်းရှုသွင်းထားသော လေကြောင့် သင်၏လေဝနေသော ဘောလုံးပုံ အဆုတ်မှာ အသံထက်မြန်သော ဗုံးပေါက်ကွဲမှု လေဖိအားကြောင့် အဆုတ်ပျက်စီးစေနိုင်ပါသည်။ ထို့ကြောင့် ထိုအချိန်တွင် အသက်ပြင်းပြင်းရှုပြီး အောင့်ထားခြင်းကိုရှောင်ကြဉ်ပါ။ အသေခံဗုံးခွဲမှုမျိုးတွင် ၆ ရာခိုင်နှုန်းသာလျင် ဗုံးအစအနများကြောင့် သေဆုံးခြင်းဖြစ်ပြီး ၉၄ ရာနှုန်းမှာ အထက်ပါ အတိုင်းအဆုတ် ပျက်စီးခြင်းကြောင့်ဟု ဖော်ပြထားပါသည်။

(၁၂) သင်သည်ဝပ်နေစဉ်အတွင်းအနည်းငယ်စောင်း၍ လက်မောင်းဖြင့် မျက်လုံးကို အုပ်ပြီး ပတ်ဝန်းကျင်အခြေအနေကိုလေ့လာပါ။

(၁၃) အကယ်၍ သင်သည်ဗုံးပေါက်ကွဲတောာ့မည်ဟု သိရှိလျင် မြေပြင်ထက်နိမ့သော နေရာများ၊ ကတုတ်ကျင်းများ၊ မြောင်းများကိုရှာ၍ သော်လည်းကောင်း၊ အမာခံအရာဝတ္ထုများကို အကာအကွယ်ယူ၍သော်လည်းကောင်း ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါသည်။

ပါကစ္စတန်တွင်ဗုံးကွဲပါက မည်ကဲ့သို့ ပြုလုပ်ပါဟူသော အင်တာနက်စာမျက်နှာမှနေ၍ ဆီလျော်အောင်ဘာသာပြန်ထားပါသည်။

ကျန်းမာချမ်းသာကြပါစေခင်ဗျာ။

မေတ္တာဖြင့်

KTS
Read more →

Monday, October 14, 2013

ရွှေတိဂုံစေတီတော်ကြီး၏ အံဖွယ် ၉ ဆူ

,


ရွှေတိဂုံစေတီတော်ကြီး၏ အံဖွယ် ၉ ဆူကို တပြိုင်နက်တည်း ဖူးမြော်ခွင့်ရရှိခြင်းဖြင့် လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံပါသည်။ အံဖွယ် ၉ ဆူကို တစ်ဆူချင်းစီ လိုက်လံဖူးမြော်နိုင်ရန် ပုံတော်များကို တည်နေရာနှင့်တစ်ကွ Shwedagon Media kit မှ ကုသိုလ်ယူ တင်ပေးလိုက်ပါသည်။

အံဖွယ် ၉ ဆူမှာ

၁။ ပတ္တမြားမျက်ရှင်
တည်နေရာ - ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အရှေ့  ဘက်တည့်တည့်တွင် တည်ရှိသည်။ တနင်္လာထောင့်။

၂။ ၀ိဇ္ဇာဇော်ဂျီ
တည်နေရာ - ရွှေတိဂုံစေတီတော်မြတ်ကြီး၏ စနေထောင့်တည့်တည့်တွင် တည်ရှိပါသည်။ စေတီတော်ကြီး၏ ပတ်လမ်းနံဘေးတွင်ဖြစ်ပါသည်။ ဝိဇ္ဇာဇော်ဂျီဘုရား၏ တနင်္ဂနွေထောင့်သည် ရွှေတိဂုံစေတီတော်ကြီးဖြစ်ပါသည်။

၃။ ရှင်စောပုဘုရား
တည်နေရာ - ချမ်းသာကြီးဘုရား၏ အနောက်မြောက်ဘက်တန်ဆောင်းတွင်တည်ရှိသည်။ ရာဟုထောင့်

၎။ ရှင်မထီးဘုရား
တည်နေရာ - နောင်တော်ကြီးစေတီတော်၏ မြောက်ဘက် အာရုံခံ ရှင်မထီးတန်ဆောင်းအတွင်းစံပယ်တော်မူပါသည်။ မြောက်အရပ်သို့ မျက်နှာမူထားပါသည်။

၅။ ရှင်အဇ္ဇဂေါဏဘုရား
တည်နေရာ - နောင်တော်ကြီးစေတီတော်၏ တောင်ဘက် အာရုံခံတန်ဆောင်းအတွင်း စံပယ်တော်မူသည်။ ရှင်အဇ္ဇဂေါဏတန်ဆောင်းသည် တနင်္ဂနွေထောင့်တွင် တည်ရှိပါသည်။

၆။ ဆံတော်တွင်းရုပ်ပွားတော်
တည်နေရာ- ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သောကြာဂြိုဟ်ထောင့်၊ မြောက်ဘက်မုခ်ဦးတန်ဆောင်းရှေ့ဖြစ်ပါသည်။ ဆံတော်တွင်းတန်ဆောင်း အတွင်းတွင်စံပယ်ပါသည်။

၇။ ဘိုးဘိုးအောင်ဂူဘုရား
တည်နေရာ - ရွှေတိဂုံစေတီတော် ( တနင်္လာထောင့် ) အရှေ့အရပ် အရှေ့ဘက်မုခ်ဦးတွင်တည်ထားကိုးကွယ်သော ဘုရားဖြစ်ပါသည်။ ထီးတော်ပုံစေတီ အောင်မြေရှေ့တွင် ဘိုးဘိုးအောင်တန်ဆောင်းရှိပြီး ယင်းတွင်တည်ထားပါသည်။

၈။ ကကုသန္ဓဘုရား ( လက်ပက်လက် ဘုရား )
တည်နေရာ။ ။ရှေ့ဘက်မုခ် အာရုံခံတန်ဆောင်းအတွင်း (တဝဂူ)

၉။ ပြဒါးရှင်ဘုရား
တည်နေရာ - အရှေ့ဘက်မုခ်နှင့် အင်္ဂါထောင့်ကြားရှိစေတီတစ်ဆူ၏တောင်ဘက်မုခ်အတွင်း ကိန်းဝပ်စံပယ်တော်မူသော ကြေးဆင်းတုတော်ဖြစ်ပါသည်။

Source: Shwedagon Media Kit မှ ကူးယူဖေါ်ပြပါသည်။








Read more →

Saturday, October 12, 2013

နှိုင်းယှဉ်ချက်များ

,


ပုဂံကို သမုဒ္ဒရာဇ်မင်းမှ ၁၀၇ - ၁၅၂ အတွင်း တည်ထောင်ခဲ့သည်ဟု လေ့လာ တွေ့ရှိရပါသည်။ အင်္ဂလိပ် သက်ဦးဆံပိုင် ဘုရင်စနစ်ကို ၄၀၀ မှစတင်၍ ၁၆၀၃ ၌ စည်းမျဉ်းခံ ဘုရင်စနစ်ကို စတင် ကျင့်သုံးခဲ့ပါ၏။ ပထမမြန်မာနိုင်ငံတော်ကို အနော်ရထာမှ ၁၀၄၄ - ၁၀၇၇ ၌ စုစည်းတည်ထောင်ပါသည်။

ယေဘုယျအားဖြင့် မြန်မာတို့ နိုင်ငံထူထောင်သည့်အချိန်သည် အင်္ဂလိပ်ထက်စောပါသေးသည်။ ပုဂံစေတီပုထိုးများနှင့် အင်္ဂလန်မှ အထင်ကရ သမိုင်းဝင် အဆောက်အဦးတို့မှာ တစ်ခေတ်တည်း တည်ဆောက်ခဲ့ကြောင်း တွေ့ရမည်ဖြစ်ပါသည်။ ပုဂံကတောင် ပို၍စောလျှင် စောနိုင်ပါသေးသည်။ စိန့်ပေါလ် ဘုရားကျောင်းနှင့် ပုဂံအာနန္ဒာဘုရားတို့မှာ မရှေးမနှောင်းတည်ဆောက်ခဲ့ကြပါသည်။
တတိယမြန်မာနိုင်ငံ ကုန်းဘောင်မင်းဆက် ကာလအတွင်း၌ မြန်မာတို့ လောကဓါတ်ပညာရပ်ပိုင်းတွင် များစွာခေတ်နောက် ကျကျန်ခဲ့ပေပြီ။ အဘယ့်ကြောင့်ဆိုသော် နယူတန်အကြောင်း မြန်မာတို့ သိသည်မှာ အလွန်နောက်ကျနေခဲ့ခြင်းကြောင့် ဖြစ်ပါ၏။

၂၀၀၇ ခုနှစ်ထုတ် အတွေးအမြင်စာစောင်၌ စာရေးသူ ဆရာ ဘိုးလှိုင်၏ “စတီဖင်ဟော့ကင်းအက်ဆေးများ” ဟူသောဆောင်းပါး၌အကြောင်းအရာတခုသည်အထူးသတိပြုစရာဆင်ခြင်စရာ၊ ပြန်လည်သုံးသပ်ဆန်းစစ်စ
ရာ အဖြစ်လေ့လာတွေ့ရှိပါသည်။

၁။ ၁၈၂၄ တွင် မိုက်ကယ်ဖါရာဒေးသည် လျှပ်စစ်ပညာရှင်ကြီးအဖြစ် ထင်ပေါ်နေချိန်၌ မြန်မာပြည်၌ အင်္ဂလိပ် - မြန်မာပထမစစ်ဖြစ် ပွါးလျှက်ရှိပြီး အောက်မြန်မာနိုင်ငံအား အင်္ဂလိပ်တိုက သိမ်းပိုက်လိုက်ချိန်ဖြစ်၏။ မြန်မာတို့ လျှပ်စစ်အကြောင်း ထိုအချိန်က မသိ သေးပေ။ မကြားဘူးသေးချေ။
၂။ အက်ဒီဆင်က လျှပ်စစ်ဓါတ်အား၊ လျှပ်စစ်မီးသီးတီထွင်ပြီး တယ်လီဖုန်းကို ကောင်းသည်ထက် ကောင်း အောင် စမ်းသပ်နေချိန် မြန်မာတို့၏ သိပ္ပံပညာကို ဦးဆောင်မည့် ယောမင်းကြီး ဦးဘိုးလှိုင်မှ အရာကျနေ ချိန်ဖြစ်နေပြန်ပါသည်။ J. J. Thomson တို့လူသိုက် လျှပ်စစ်မီးချောင်းနှင့် စမ်းသပ်မှုတွေလုပ်ပြီး အီလက်ထရွန်ကို ရှာဖွေတွေ့ရှိသောအချိန်တွင် မြန်မာတို့ အင်္ဂလိပ်လက်အောက်သို့ လုံးလုံးကျရောက်သွားပြီဖြစ်သည်။
၃။ တဖန် ၁၉၀၀ ခုနှစ်ဝန်းကျင်၌ မြန်မာမျိုးချစ်တို့၏ နယ်ချဲ့ကိုပြန်လည်တိုက်ခိုက်တော်လှန်မှုများ ချုပ်ငြိမ်းစပြုနေချိန်၌ ဂျာမဏီမှ မက်စ်ပလန့်၏ ကွမ်တန်သီအိုရီပေါ်ပေါက်သော ၂၀ ရာစုအစ နှစ်သစ် မြန်မာတို့ ခေါင်းမထောင်နိုင်ခဲ့သော နှစ်ကာလတွေဖြစ် နေပြန်ပါ သည်။

၎။ ၁၉၀၅ ခုနှစ် အိုင်စတိုင်း၏ အလင်းနှင့် လျှပ်စစ် သဘာဝကိုပြသော သီအိုရီနှင့် ရီလေတစ်ဗတီသီအိုရီ ပေါ်ပေါက်ခဲ့ပါသည်။ ထိုကာလအတောအတွင်း မန္တလေးမြို့၌ “ ကမ္ဘာကြီး ပြားသည် / လုံးသည်” စကားစစ်ထိုးပွဲကျင်းပခဲ့ပြီး မြန်မာဘုရင်ခေတ်မှ မြန်မာဝန်ကြီးဟောင်း၊ မင်းကြီးဟောင်းတို့ နားထောင်ခဲ့ကြောင်း ဖတ်ခဲ့ရဘူးပါသည်။ ထိုပွဲ၌ ကမ္ဘာ “ ပြားသည်” ဘက်ကို ဒိုင်က အနိုင်ပေးလိုက်သည်ဟု ဆိုပါသည်။


၅။ မြန်မာနိုင်ငံအပေါ် အဂ်လိပ်မှကျူးကျော်သိမ်းပိုက်သည့် အကြောင်းဖတ်ရလေတိုင်း အင်္ဂလိပ်က စစ်လက်နက်ပစ္စည်း သာလွန်သောကြောင့် မြန်မာတို့ က ရှုံးနိမ့်ခဲ့ရကြောင်း ရေးထားတာဖတ်ခဲ့ရပါသည်။
မြန်မာတို့သည် သတ္တိ ဗျတ္တိအရာ၌လည်း ခေသူမဟုတ်ပါ၊ စစ်ပညာအရာမှာလည်း မညံပါ။ သို့ အဘယ့်ကြောင့် မြန်မာတို့စစ် လက်နက်သည် နောက်ကျကျန်ခဲ့ပါသနည်း။ ဤအကြောင်းနှင့်ပတ်သက်၍ သမိုင်း၌ ခိုင်မာသော အကြောင်းပြချက် အထောက်အထား မတွေ့ရသေးပါ။

ဖေါ်ပြပါအချက်အလက်များသည် တခေတ်တခါက မြန်မာတို့၏ အခြေအနေများကို ထင်ဟက်ဖေါ်ညွှန်းလျှက်ရှိကြောင်း တွေ့ရမည်ဖြစ်ပါသည်။ ဤနိုင်ငံရေး သိပ္ပံလေ့လာရေးစာတမ်းသည် မြန်မာတို့၏ ခေတ်အဆက်ဆက်အခြေအနေများတို့၏ နိုင်ငံရေးအယူအဆ
များနှင့် နိုင်ငံရေးအခြေအနေများကို ပြန်လည်လေ့လာဆန်းစစ် သုတေသနပြုခြင်းမှာ မျက်မှောက်ခေတ် မြန်မာနိုင်ငံ အခြေအနေများသည် မည်သည့်အကျိုးဆက်မှ ဆင်းသက်ခဲ့သနည်း၊ မည်သည့်အတိုင်းအတာထိ သက်ရောက်ခဲ့သနည်း ဆိုသည့်ကို လေ့လာ တင်ပြခြင်း ဖြစ်ပါသည်။ လေ့လာသူ စာဖက်ပရိသက်အပေါင်းသည် ဤစာမျက်နှာများ၏ နောက်ကွယ်၌ရှိသော အကြောင်းရင်း များကို တွေ့မြင်နိုင်လိမ့်မည်ဟု စဉ်းစားနိုင်လိမ့်မည်ဟု ယူဆပါ၏။

ဤလေ့လာရေးစာတမ်း၌ မြန်မာ့နိုင်ငံရေးအယူအဆများ၏ စံတန်ဖိုးများအား ဖေါ်ပြခဲ့ပါပြီ။ လေ့လာသူများအနေဖြင့် သင့်တော်ရာ ရှုထောင့်များမှ ပြန်လည်သုံးသပ်၍ လိုအပ်သည်ကိုယူ၊ မလိုအပ်သည်များကို ဖယ်ရှားကာ မြန်မာ့လူ့အဖွဲ့အစည်း၏ စံတန်ဖိုးများအား ဆက်လက်ထိန်းသိမ်း၍ အနာဂတ်တိုင်းပြည်ကြီးကို ဦးဆောင်နိုင်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပါစေဟု ဆုတောင်းရင်း ပထမပိုင်း လေ့လာမှုများအား ဤနေရာ၌ အဆုံးသပ်မည်ဖြစ်ပါသည်။

ကိုးကား

http://humanresourceprogram.blogspot.ru မှကူးယူဖော်ပြသည်။
Read more →

ဆေးသုံး မှည့်တဲ့ ငှက်ပျောသီး

,

====================
Thursday, October 10, 2013

တိုက်ကြီးနယ်က ထွက်တဲ့ ဖီးကြမ်းငှက်ပျောသီးချင်း အတူတူ အနှိမ်ခံရတယ်ဗျာ။ ဆေးနဲ့မှည့်ထားတဲ့ ငှက်ပျောသီးမို့တဲ့။ နေပါဦး ကျုပ်ကများ ဆေးနဲ့မှည့်ချင်လို့ အမှည့်ခံထားတယ် ထင်နေလား။ ခြံရှင် ကိုဖိုးသာတို့ လင်မယား သူ့သမီးလေးကျောင်းအပ်ဖို့ ပိုက်ဆံလိုလို့ တဲ့ဗျာ။ သိပ်မရင့်သေးမှန်း သိရဲ့နဲ့ ဆေးစိမ်လို့ရလောက်တဲ့ အနေလောက် အခိုင်တွေ အကုန်လုံး ချိုင်ပစ်လိုက်တာ။ ကောင်းကောင်းမရင့်သေးတဲ့ ကျုပ်တို့ပါ ပါကုန်တာပေါ့။ သိပ်မရင့်လည်းပဲ ဆေးစိမ်လိုက်တော့ ဝါရောင် လိုက်လာပြီး မှည့်သွားတာပေါ့ဗျာ။

အခုဆိုင်ပေါ်မှာ ယှဉ်ရောင်းတော့ တကယ့်ငှက်ပျော အရင့်စစ်စစ်ကို သဘာဝအတိုင်း မှည့်ထားတဲ့ ငှက်ပျောသီးတွေလို ဇောင်းလေးတွေက ချော၊ အလယ်သားလေးတွေက မို့မို့ဖောင်းဖောင်း အစ်အစ်ကလေးမနေဘဲ ဇောင်းတွေကကြမ်း၊ အသားကလည်း သိပ်မပြည့် ချင်နဲ့ ဖြူဖြူဖွေးဖွေးရေဆေး ငါးနဲ့ မီးယပ်ပိန် မီးယပ်ခြောက်လို အသွင်အပြင်က ကွာချင်တိုင်း ကွာနေ တော့တာပေါ့ဗျာ။ ဒီကြားထဲ သူတို့က တစ်လုံးချင်း၊ နှစ်လုံးချင်းတဖြည်းဖြည်း မှည့်တော့ မိသားစုသိပ်မများတဲ့ အိမ်တွေဆို ငှက်ပျောတစ်ဖီးဝယ်ထားပြီး မှန်မှန်လေးစားသွားရင် အတော်ပဲ။ ကျုပ်တို့ကတော့ အားလုံးတစ်ပြိုင်တည်း မှည့်လိုက်တာ ဖီးကြမ်းဆိုတဲ့ နာမည်ကို ဖျောက်ပြီး တစ်ခိုင်လုံးရွှေ လို့တောင် နာမည်ပြောင်းဖို့ကောင်းသေး။

ခင်ဗျားတို့က ဆေးနဲ့မှည့်တဲ့ ငှက်ပျောသီးဆိုပြီး ကျုပ်တို့ကိုနှိမ်နေလို့ ပြောပြရဦးမယ်။ ကမ္ဘာမှာ နာမည်ကြီးပေ့ဆိုတဲ့ ငှက်ပျောသီးထုတ်လုပ်သူ တွေလည်း ဆေးအမျိုးမျိုးကို လိုသလိုသုံးကြတာပါပဲ။ တစ်နှစ်ကို ငှက်ပျောသီးတန်ချိန် နှစ်သန်းနီးပါးတင်ပို့တဲ့ ဖိလစ်ပိုင်လို နိုင်ငံမျိုးကနေ ကမ္ဘာအရပ် ရပ်ကို အလွန်အမှည့်မြန်တဲ့ ကျုပ်တို့လို ငှက်ပျောသီးတွေကို မှည့်ခါနီးမှ ခူးပြီး တင်ပို့လို့ ဘယ်ရမလဲဗျ။ တချို့ အင်တာနက် စာမျက်နှာတွေမှာ ရေးထားတာ ကတော့ အပင်ကနေ အစိမ်းရောင်ရှိတုန်းမှာ ခူး၊ ဆေးကြောသန့်စင်၊ ပိုးသတ်။ နောက်ပြီး မြန်မြန်မမှည့်အောင် အညှာကို ကျောက်ချဉ်ပွတ်ပြီး ခပ်အေးအေးဖြစ်အောင် ထိန်းထားတဲ့ ကွန်တိန်နာတွေနဲ့ နိုင်ငံတကာကို တင်ပို့ကြသတဲ့။ တင်သွင်းတဲ့နိုင်ငံကို ရောက်မှ လေလုံအောင် ပြင်ဆင်ထားတဲ့ အခန်းတွေထဲမှာ ငှက်ပျောသီးတွေကိုထည့် အီသိုင်လင်း (Ethylene) ဆိုတဲ့ ဓာတ်ငွေ့လွှတ်ပြီး မှည့်အောင် လုပ်ကြသတဲ့။ မှန်ကန်တဲ့ ဓာတုပစ္စည်းသုံးပြီး မှန်ကန်တဲ့နည်းလမ်းနဲ့ ငှက်ပျောသီးမှည့်အောင် လုပ်တာက ပြဿနာအရင်းအမြစ် မဟုတ်ဘူးဆိုတာကို ပြောချင်တာပါဗျာ။

ဒါဖြင့် ပြဿနာအရင်းအမြစ်က ဘာလဲဆိုရင် ကျုပ်က ကျုပ်ကိုဘယ်လို ဘယ်ပုံ ဆေးနဲ့မှည့်အောင် လုပ်ခဲ့သလဲဆိုတာကိုတော့ ပြောပြမှဖြစ်မယ်။ ကျုပ်တို့ကို အဖီးလိုက် ဆစ်ပိုင်းပြီး ပလတ်စတစ်ရေပုံးထဲကို စွတ်ခနဲနေအောင် နှစ်လိုက်တာပဲ။ ခဏလေးမှ ခဏလေးပါဗျာ။ အဲဒီရေနှစ်သဘင် ဆင်ယင်ပြီးတာနဲ့ ဒီအတိုင်း ချိတ်ဆွဲထားလိုက်။ တစ်ရက် နှစ်ရက်အတွင်း မှည့်တာပဲ။ ရေပုံးထဲမှာလား။ ဆေးပါတာပေါ့ဗျာ။ ဘာဆေးလဲဟုတ်လား။ ဘယ်သိမလဲဗျ ကျုပ်ကတရုတ်စာမှ မဖတ်တတ်တာ။ ရော့ဒီမှာ တံဆိပ်။ တွေ့လား အားလုံးက တရုတ်စာချည်းပဲ။ တိုက်ကြီးဈေးထဲက စိုက်ပျိုးရေးသုံး ပစ္စည်းဆိုင်တွေကို သွားပြီး ငှက်ပျောသီးမှည့်ဆေး လို့သာမေးလိုက်။ ခင်ဗျားက တို့ဆေး လိုချင်တာလား၊ စိမ်ဆေး လိုချင်တာလား ပြောလိုက်။ ဆိုင်ရှင်က ပေးလိမ့်မယ်။ ခင်ဗျားမကုန်မှာစိုးလို့ ဘူးလိုက် မဝယ်ချင်ရင် တစ်ရာဖိုး၊ နှစ်ရာဖိုး ဝယ်လည်း ရတယ်။ ရေထဲကို ဘယ်လောက်ထည့်ရမလဲ ဟုတ်လား။ မှန်းထည့်လိုက်ပေါ့ဗျာ။ တံဆိပ်ပေါ်မှာတော့ တရုတ်လို ရေးထားမှာပေါ့။ ဒါပေမဲ့ ကိုဖိုးသာတို့ လင်မယားလည်း တရုတ်လိုမှ မဖတ်တတ်တာ။ ကျုပ်တွေ့လိုက်တာကတော့ မခင်ညို ဆေးဘူးအဖုံးနဲ့ နှစ်ဖုံးစာ ရေပုံးထဲကို လောင်းထည့်လိုက်တာ တွေ့တာပဲ။

ဟိုတစ်လောကတော့ မနေနိုင်တဲ့ သူတစ်ယောက်က တရုတ်စာဖတ် တတ်တဲ့သူတွေကို အကူအညီ တောင်းပြီး အင်တာနက်ပေါ်မှာ ရှာလိုက်ဖွေလိုက်တော့ ဓာတုပစ္စည်းက 2-chloroethyl phosphoric acid လို့ခေါ်သတဲ့။ သူလည်း တရုတ်စာလုံးချင်းတိုက်ကြည့်ပြီးတော့ ယုံလိုက်တာပေါ့ဗျာ။ အပွင့် တွေအသီးတွေကို ကြီးထွားစေတဲ့ဆေး။ ဒီဆေးကို အဓိကအသုံးပြုတာက ဝါဆွတ်တဲ့အခါ လွယ်အောင်လို့တဲ့။ ချည်ဖြစ်လာမယ့် ဝါဖြူဖြူထွေးထွေး တွေက ဝါသီးတွေ အာလာတော့မှ အသီးထဲက ထွက်လာတာမဟုတ်လား။ သဘာဝအရ ဝါသီးအာအောင်စောင့်ပြီး ဝါဆွတ်ရင် အခင်းထဲကို ခဏခဏ သွားရတယ်။ အချိန်ကုန်တယ်။ လူပန်းတယ်။ အဲဒီတော့ ဝါသီးတွေ အများကြီး တစ်ချိန်တည်းအာအောင် ဒီဆေးကို အများဆုံးသုံးကြပါသတဲ့။ ဒီဆေးက အသီးပေါ်ဖျန်းပြီး ခဏနေတာနဲ့ အီသိုင်လင်း ဓာတ်ငွေ့အဖြစ် ပြောင်းသွားတာ မို့ ဆိုးဆိုးရွားရွား အန္တရာယ်တော့ သိပ်မဖြစ်ဘူးဆိုပဲ။ ဒါပေမဲ့ အတိုင်းအဆ မရှိ ဆေးပမာဏနဲ့ ရေထဲကိုရောချင်သလို ရောနေတာက မှားနေတယ်။ ဘူးထဲကဓာတုပစ္စည်းရဲ့ သန့်စင်မှုနှုန်း တို့ဘာတို့ မသိတာကလည်း အန္တရာယ်ကင်း မကင်း မသေချာမရေရာစေတဲ့ အချက်တွေပဲ။

ကျုပ်ပြောချင်တဲ့ ပြဿနာ အရင်းအမြစ်ဆိုတာက အဲဒါဗျ။ ဘယ်သူမှ မဖတ်တတ်တဲ့ တံဆိပ်နဲ့ ဒီဆေးတွေကို တရားဝင် ရောင်းဝယ်ဖောက်ကား နေတာကို ကျုပ်ကတော့ နားမလည်ဘူး။ ဆိုင်ပေါ်မှာရောင်းတဲ့ ပစ္စည်းတိုင်းဟာ အဲဒီဈေးကွက်ကို ကြီးကြပ်ကွပ်ကဲတဲ့ အာဏာပိုင် များဆီမှာ မှတ်ပုံတင် ထားတဲ့ မှတ်ပုံတင်နံပါတ် ပါရမယ် မဟုတ်ဘူးလားဗျ။ မှတ်ပုံတင်နံပါတ် တောင်မပါဘူး ဆိုတော့ အထဲကဓာတုပစ္စည်းက မှန်ကန်မှုရှိ မရှိ၊ သန့်စင်မှု ရှိ မရှိ ဘယ်လိုလုပ်ပြီး အာမခံနိုင်မလဲ။ နောက်ပြီး သုံးစွဲဖို့ အညွှန်းကရော ဘယ်လိုလုပ်ပြီး သိရမှာလဲ။ ဆေးကိုရေနဲ့ရောပြီး ဖျန်းတာက လယ်ကွင်းထဲက ဝါပင်တွေကိုလုပ်တာ။ အပင်ကခုတ်ထားတဲ့ ငှက်ပျောသီး ကျတော့
ရေထဲရောပြီး ဆေးဖျန်းတာက မှန်တာလား၊ ဒီဆေးထဲက အီသိုင်လင်းအငွေ့ ထွက်အောင် တစ်နည်းနည်းနဲ့ လုပ်ပြီး ငှက်ပျောသီးကို အငွေ့ပေးပြီး မှည့်အောင်လုပ်ရမှာလား။
အကြောင်းတစ်ခုခုကြောင့် ငှက်ပျောသီးအသားထဲ ဆေးတွေ စိမ့်ဝင်သွားခဲ့ရင် စားတဲ့သူကို ဥပါဒ်ဖြစ်စေမှာလား။ အဲဒါတွေကရော ဘယ်သူတွေက ညွှန်ကြားမှာတုန်း။
မပြောကောင်းမဆိုကောင်းဗျာ။ ငှက်ပျောသီးစားပြီး ဗိုက်နာလို့ ဆေးရုံရောက်တယ် ဆိုပါတော့။ ဒီအတွက် ဘယ်သူ့မှာတာဝန်ရှိတာလဲ။ ဆေးစိမ်တဲ့ ကိုဖိုးသာနဲ့ မခင်ညိုလား။ ဒီဆေးကို ရောင်းလိုက်တဲ့ တိုက်ကြီး ဈေးထဲက စိုက်ပျိုးရေးပစ္စည်းဆိုင်ရှင်လား။ အဲဒီဆေးတွေကို လက်ကားဖြန့်တဲ့ သူလား။ ဒီဆေးတွေကို တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ ကုန်သည်လား။ ဒီလို ပြဿနာအတွဲလိုက် မဖြစ်အောင် တာဝန်ယူ ထိန်းသိမ်းဖို့အတွက် အာဏာပိုင် အဖွဲ့အစည်းဆိုတာ ရှိရတာ မဟုတ်ဘူးလား။

ကျုပ်က ဒီလိုပြောတော့ အခုချက်ချင်း ဈေးထဲက မှတ်ပုံတင်နံပါတ် မပါတဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းတွေ သွားသိမ်းပစ်မယ် လို့များ မလုပ်လေနဲ့နော်။ ဒီနည်းက အလုပ်မဖြစ်ဘူးဗျ။ ဒီလို ကောက်သင်းကောက်တဲ့ အလုပ်တွေက ရေရှည်မခိုင်မြဲဘူး။ ဒီတံဆိပ်ကို ဖမ်းရင် နောက်တံဆိပ်ကို တင်ရောင်းမှာပဲ။ ခေါင်ကနေ စပြင်ရမှာဗျ။ စနစ်ကို ခိုင်မာအောင် တည်ဆောက်ရမှာ။ ပြည်တွင်းထုတ်တဲ့ စိုက်ပျိုးရေးသုံးပစ္စည်း ဆိုရင် မှတ်ပုံတင်ဖို့၊ ပြည်ပက တင်သွင်းတာ ဆိုလည်း တင်သွင်းခွင့်ပြုတဲ့ နံပါတ်ပါအောင် စနစ်တကျလုပ် ပေးဖို့၊ နောက်တစ်ဆင့်က မှတ်ပုံတင်နံပါတ် သို့မဟုတ် တင်သွင်းကုန်နံပါတ် စတာတွေမပါဘဲနဲ့ ဈေးကွက်ထဲမှာ မရောင်းအောင် ကြပ်မတ်ဖို့ ဘက်ပေါင်းစုံက လုပ်မှ ကြာရှည်ခံတဲ့ စနစ်တစ်ခုကို အောင်အောင်မြင်မြင် ထူထောင်နိုင် မှာပေါ့။

ငှက်ပျောသီးက လူစကားပြောတယ်လို့ ပြောလည်း ခံရမှာပဲဗျာ။ ငှက်ပျောသီးက ငှက်ပျောသီးလို လှလှပပ တင့်တင့်တယ်တယ် စားတော်ပွဲထဲ မရောက်ရဘဲ၊ ဝါရာက ညိုလာတဲ့အထိ ဝယ်သူမရှိလို့ ဆန်မှုန့်နဲ့လူး၊ ဆီပူထဲ ထည့်ကြော်ခံရတဲ့ ငှက်ပျောသီးကြော်ဘဝ ရောက်ဖို့ရာ မြင်နေတော့ စိတ်တိုတိုနဲ့ ပြောမိတာပေါ့ဗျာ။ ရှိကြီးခိုးပါရဲ့။ ကျုပ်ရဲ့နောင်လာနောက်သား တွေတော့ သဘာဝအတိုင်း မှည့်ခွင့်ပေးကြပါဗျာ။

(မစိမ့်)
The Voice Weekly
Read more →

Friday, October 11, 2013

** ဆေးနဲ့မှည့်တဲ့ငှက်ပျောသီး ***

,

====================
Thursday, October 10, 2013

တိုက်ကြီးနယ်က ထွက်တဲ့ ဖီးကြမ်းငှက်ပျောသီးချင်း အတူတူ အနှိမ်ခံရတယ်ဗျာ။ ဆေးနဲ့မှည့်ထားတဲ့ ငှက်ပျောသီးမို့တဲ့။ နေပါဦး ကျုပ်ကများ ဆေးနဲ့မှည့်ချင်လို့ အမှည့်ခံထားတယ် ထင်နေလား။ ခြံရှင် ကိုဖိုးသာတို့ လင်မယား သူ့သမီးလေးကျောင်းအပ်ဖို့ ပိုက်ဆံလိုလို့ တဲ့ဗျာ။ သိပ်မရင့်သေးမှန်း သိရဲ့နဲ့ ဆေးစိမ်လို့ရလောက်တဲ့ အနေလောက် အခိုင်တွေ အကုန်လုံး ချိုင်ပစ်လိုက်တာ။ ကောင်းကောင်းမရင့်သေးတဲ့ ကျုပ်တို့ပါ ပါကုန်တာပေါ့။ သိပ်မရင့်လည်းပဲ ဆေးစိမ်လိုက်တော့ ဝါရောင် လိုက်လာပြီး မှည့်သွားတာပေါ့ဗျာ။

အခုဆိုင်ပေါ်မှာ ယှဉ်ရောင်းတော့ တကယ့်ငှက်ပျော အရင့်စစ်စစ်ကို သဘာဝအတိုင်း မှည့်ထားတဲ့ ငှက်ပျောသီးတွေလို ဇောင်းလေးတွေက ချော၊ အလယ်သားလေးတွေက မို့မို့ဖောင်းဖောင်း အစ်အစ်ကလေးမနေဘဲ ဇောင်းတွေကကြမ်း၊ အသားကလည်း သိပ်မပြည့် ချင်နဲ့ ဖြူဖြူဖွေးဖွေးရေဆေး ငါးနဲ့ မီးယပ်ပိန် မီးယပ်ခြောက်လို အသွင်အပြင်က ကွာချင်တိုင်း ကွာနေ တော့တာပေါ့ဗျာ။ ဒီကြားထဲ သူတို့က တစ်လုံးချင်း၊ နှစ်လုံးချင်းတဖြည်းဖြည်း မှည့်တော့ မိသားစုသိပ်မများတဲ့ အိမ်တွေဆို ငှက်ပျောတစ်ဖီးဝယ်ထားပြီး မှန်မှန်လေးစားသွားရင် အတော်ပဲ။ ကျုပ်တို့ကတော့ အားလုံးတစ်ပြိုင်တည်း မှည့်လိုက်တာ ဖီးကြမ်းဆိုတဲ့ နာမည်ကို ဖျောက်ပြီး တစ်ခိုင်လုံးရွှေ လို့တောင် နာမည်ပြောင်းဖို့ကောင်းသေး။

ခင်ဗျားတို့က ဆေးနဲ့မှည့်တဲ့ ငှက်ပျောသီးဆိုပြီး ကျုပ်တို့ကိုနှိမ်နေလို့ ပြောပြရဦးမယ်။ ကမ္ဘာမှာ နာမည်ကြီးပေ့ဆိုတဲ့ ငှက်ပျောသီးထုတ်လုပ်သူ တွေလည်း ဆေးအမျိုးမျိုးကို လိုသလိုသုံးကြတာပါပဲ။ တစ်နှစ်ကို ငှက်ပျောသီးတန်ချိန် နှစ်သန်းနီးပါးတင်ပို့တဲ့ ဖိလစ်ပိုင်လို နိုင်ငံမျိုးကနေ ကမ္ဘာအရပ် ရပ်ကို အလွန်အမှည့်မြန်တဲ့ ကျုပ်တို့လို ငှက်ပျောသီးတွေကို မှည့်ခါနီးမှ ခူးပြီး တင်ပို့လို့ ဘယ်ရမလဲဗျ။ တချို့ အင်တာနက် စာမျက်နှာတွေမှာ ရေးထားတာ ကတော့ အပင်ကနေ အစိမ်းရောင်ရှိတုန်းမှာ ခူး၊ ဆေးကြောသန့်စင်၊ ပိုးသတ်။ နောက်ပြီး မြန်မြန်မမှည့်အောင် အညှာကို ကျောက်ချဉ်ပွတ်ပြီး ခပ်အေးအေးဖြစ်အောင် ထိန်းထားတဲ့ ကွန်တိန်နာတွေနဲ့ နိုင်ငံတကာကို တင်ပို့ကြသတဲ့။ တင်သွင်းတဲ့နိုင်ငံကို ရောက်မှ လေလုံအောင် ပြင်ဆင်ထားတဲ့ အခန်းတွေထဲမှာ ငှက်ပျောသီးတွေကိုထည့် အီသိုင်လင်း (Ethylene) ဆိုတဲ့ ဓာတ်ငွေ့လွှတ်ပြီး မှည့်အောင် လုပ်ကြသတဲ့။ မှန်ကန်တဲ့ ဓာတုပစ္စည်းသုံးပြီး မှန်ကန်တဲ့နည်းလမ်းနဲ့ ငှက်ပျောသီးမှည့်အောင် လုပ်တာက ပြဿနာအရင်းအမြစ် မဟုတ်ဘူးဆိုတာကို ပြောချင်တာပါဗျာ။

ဒါဖြင့် ပြဿနာအရင်းအမြစ်က ဘာလဲဆိုရင် ကျုပ်က ကျုပ်ကိုဘယ်လို ဘယ်ပုံ ဆေးနဲ့မှည့်အောင် လုပ်ခဲ့သလဲဆိုတာကိုတော့ ပြောပြမှဖြစ်မယ်။ ကျုပ်တို့ကို အဖီးလိုက် ဆစ်ပိုင်းပြီး ပလတ်စတစ်ရေပုံးထဲကို စွတ်ခနဲနေအောင် နှစ်လိုက်တာပဲ။ ခဏလေးမှ ခဏလေးပါဗျာ။ အဲဒီရေနှစ်သဘင် ဆင်ယင်ပြီးတာနဲ့ ဒီအတိုင်း ချိတ်ဆွဲထားလိုက်။ တစ်ရက် နှစ်ရက်အတွင်း မှည့်တာပဲ။ ရေပုံးထဲမှာလား။ ဆေးပါတာပေါ့ဗျာ။ ဘာဆေးလဲဟုတ်လား။ ဘယ်သိမလဲဗျ ကျုပ်ကတရုတ်စာမှ မဖတ်တတ်တာ။ ရော့ဒီမှာ တံဆိပ်။ တွေ့လား အားလုံးက တရုတ်စာချည်းပဲ။ တိုက်ကြီးဈေးထဲက စိုက်ပျိုးရေးသုံး ပစ္စည်းဆိုင်တွေကို သွားပြီး ငှက်ပျောသီးမှည့်ဆေး လို့သာမေးလိုက်။ ခင်ဗျားက တို့ဆေး လိုချင်တာလား၊ စိမ်ဆေး လိုချင်တာလား ပြောလိုက်။ ဆိုင်ရှင်က ပေးလိမ့်မယ်။ ခင်ဗျားမကုန်မှာစိုးလို့ ဘူးလိုက် မဝယ်ချင်ရင် တစ်ရာဖိုး၊ နှစ်ရာဖိုး ဝယ်လည်း ရတယ်။ ရေထဲကို ဘယ်လောက်ထည့်ရမလဲ ဟုတ်လား။ မှန်းထည့်လိုက်ပေါ့ဗျာ။ တံဆိပ်ပေါ်မှာတော့ တရုတ်လို ရေးထားမှာပေါ့။ ဒါပေမဲ့ ကိုဖိုးသာတို့ လင်မယားလည်း တရုတ်လိုမှ မဖတ်တတ်တာ။ ကျုပ်တွေ့လိုက်တာကတော့ မခင်ညို ဆေးဘူးအဖုံးနဲ့ နှစ်ဖုံးစာ ရေပုံးထဲကို လောင်းထည့်လိုက်တာ တွေ့တာပဲ။

ဟိုတစ်လောကတော့ မနေနိုင်တဲ့ သူတစ်ယောက်က တရုတ်စာဖတ် တတ်တဲ့သူတွေကို အကူအညီ တောင်းပြီး အင်တာနက်ပေါ်မှာ ရှာလိုက်ဖွေလိုက်တော့ ဓာတုပစ္စည်းက 2-chloroethyl phosphoric acid လို့ခေါ်သတဲ့။ သူလည်း တရုတ်စာလုံးချင်းတိုက်ကြည့်ပြီးတော့ ယုံလိုက်တာပေါ့ဗျာ။ အပွင့် တွေအသီးတွေကို ကြီးထွားစေတဲ့ဆေး။ ဒီဆေးကို အဓိကအသုံးပြုတာက ဝါဆွတ်တဲ့အခါ လွယ်အောင်လို့တဲ့။ ချည်ဖြစ်လာမယ့် ဝါဖြူဖြူထွေးထွေး တွေက ဝါသီးတွေ အာလာတော့မှ အသီးထဲက ထွက်လာတာမဟုတ်လား။ သဘာဝအရ ဝါသီးအာအောင်စောင့်ပြီး ဝါဆွတ်ရင် အခင်းထဲကို ခဏခဏ သွားရတယ်။ အချိန်ကုန်တယ်။ လူပန်းတယ်။ အဲဒီတော့ ဝါသီးတွေ အများကြီး တစ်ချိန်တည်းအာအောင် ဒီဆေးကို အများဆုံးသုံးကြပါသတဲ့။ ဒီဆေးက အသီးပေါ်ဖျန်းပြီး ခဏနေတာနဲ့ အီသိုင်လင်း ဓာတ်ငွေ့အဖြစ် ပြောင်းသွားတာ မို့ ဆိုးဆိုးရွားရွား အန္တရာယ်တော့ သိပ်မဖြစ်ဘူးဆိုပဲ။ ဒါပေမဲ့ အတိုင်းအဆ မရှိ ဆေးပမာဏနဲ့ ရေထဲကိုရောချင်သလို ရောနေတာက မှားနေတယ်။ ဘူးထဲကဓာတုပစ္စည်းရဲ့ သန့်စင်မှုနှုန်း တို့ဘာတို့ မသိတာကလည်း အန္တရာယ်ကင်း မကင်း မသေချာမရေရာစေတဲ့ အချက်တွေပဲ။

ကျုပ်ပြောချင်တဲ့ ပြဿနာ အရင်းအမြစ်ဆိုတာက အဲဒါဗျ။ ဘယ်သူမှ မဖတ်တတ်တဲ့ တံဆိပ်နဲ့ ဒီဆေးတွေကို တရားဝင် ရောင်းဝယ်ဖောက်ကား နေတာကို ကျုပ်ကတော့ နားမလည်ဘူး။ ဆိုင်ပေါ်မှာရောင်းတဲ့ ပစ္စည်းတိုင်းဟာ အဲဒီဈေးကွက်ကို ကြီးကြပ်ကွပ်ကဲတဲ့ အာဏာပိုင် များဆီမှာ မှတ်ပုံတင် ထားတဲ့ မှတ်ပုံတင်နံပါတ် ပါရမယ် မဟုတ်ဘူးလားဗျ။ မှတ်ပုံတင်နံပါတ် တောင်မပါဘူး ဆိုတော့ အထဲကဓာတုပစ္စည်းက မှန်ကန်မှုရှိ မရှိ၊ သန့်စင်မှု ရှိ မရှိ ဘယ်လိုလုပ်ပြီး အာမခံနိုင်မလဲ။ နောက်ပြီး သုံးစွဲဖို့ အညွှန်းကရော ဘယ်လိုလုပ်ပြီး သိရမှာလဲ။ ဆေးကိုရေနဲ့ရောပြီး ဖျန်းတာက လယ်ကွင်းထဲက ဝါပင်တွေကိုလုပ်တာ။ အပင်ကခုတ်ထားတဲ့ ငှက်ပျောသီး ကျတော့
ရေထဲရောပြီး ဆေးဖျန်းတာက မှန်တာလား၊ ဒီဆေးထဲက အီသိုင်လင်းအငွေ့ ထွက်အောင် တစ်နည်းနည်းနဲ့ လုပ်ပြီး ငှက်ပျောသီးကို အငွေ့ပေးပြီး မှည့်အောင်လုပ်ရမှာလား။
အကြောင်းတစ်ခုခုကြောင့် ငှက်ပျောသီးအသားထဲ ဆေးတွေ စိမ့်ဝင်သွားခဲ့ရင် စားတဲ့သူကို ဥပါဒ်ဖြစ်စေမှာလား။ အဲဒါတွေကရော ဘယ်သူတွေက ညွှန်ကြားမှာတုန်း။
မပြောကောင်းမဆိုကောင်းဗျာ။ ငှက်ပျောသီးစားပြီး ဗိုက်နာလို့ ဆေးရုံရောက်တယ် ဆိုပါတော့။ ဒီအတွက် ဘယ်သူ့မှာတာဝန်ရှိတာလဲ။ ဆေးစိမ်တဲ့ ကိုဖိုးသာနဲ့ မခင်ညိုလား။ ဒီဆေးကို ရောင်းလိုက်တဲ့ တိုက်ကြီး ဈေးထဲက စိုက်ပျိုးရေးပစ္စည်းဆိုင်ရှင်လား။ အဲဒီဆေးတွေကို လက်ကားဖြန့်တဲ့ သူလား။ ဒီဆေးတွေကို တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ ကုန်သည်လား။ ဒီလို ပြဿနာအတွဲလိုက် မဖြစ်အောင် တာဝန်ယူ ထိန်းသိမ်းဖို့အတွက် အာဏာပိုင် အဖွဲ့အစည်းဆိုတာ ရှိရတာ မဟုတ်ဘူးလား။

ကျုပ်က ဒီလိုပြောတော့ အခုချက်ချင်း ဈေးထဲက မှတ်ပုံတင်နံပါတ် မပါတဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းတွေ သွားသိမ်းပစ်မယ် လို့များ မလုပ်လေနဲ့နော်။ ဒီနည်းက အလုပ်မဖြစ်ဘူးဗျ။ ဒီလို ကောက်သင်းကောက်တဲ့ အလုပ်တွေက ရေရှည်မခိုင်မြဲဘူး။ ဒီတံဆိပ်ကို ဖမ်းရင် နောက်တံဆိပ်ကို တင်ရောင်းမှာပဲ။ ခေါင်ကနေ စပြင်ရမှာဗျ။ စနစ်ကို ခိုင်မာအောင် တည်ဆောက်ရမှာ။ ပြည်တွင်းထုတ်တဲ့ စိုက်ပျိုးရေးသုံးပစ္စည်း ဆိုရင် မှတ်ပုံတင်ဖို့၊ ပြည်ပက တင်သွင်းတာ ဆိုလည်း တင်သွင်းခွင့်ပြုတဲ့ နံပါတ်ပါအောင် စနစ်တကျလုပ် ပေးဖို့၊ နောက်တစ်ဆင့်က မှတ်ပုံတင်နံပါတ် သို့မဟုတ် တင်သွင်းကုန်နံပါတ် စတာတွေမပါဘဲနဲ့ ဈေးကွက်ထဲမှာ မရောင်းအောင် ကြပ်မတ်ဖို့ ဘက်ပေါင်းစုံက လုပ်မှ ကြာရှည်ခံတဲ့ စနစ်တစ်ခုကို အောင်အောင်မြင်မြင် ထူထောင်နိုင် မှာပေါ့။

ငှက်ပျောသီးက လူစကားပြောတယ်လို့ ပြောလည်း ခံရမှာပဲဗျာ။ ငှက်ပျောသီးက ငှက်ပျောသီးလို လှလှပပ တင့်တင့်တယ်တယ် စားတော်ပွဲထဲ မရောက်ရဘဲ၊ ဝါရာက ညိုလာတဲ့အထိ ဝယ်သူမရှိလို့ ဆန်မှုန့်နဲ့လူး၊ ဆီပူထဲ ထည့်ကြော်ခံရတဲ့ ငှက်ပျောသီးကြော်ဘဝ ရောက်ဖို့ရာ မြင်နေတော့ စိတ်တိုတိုနဲ့ ပြောမိတာပေါ့ဗျာ။ ရှိကြီးခိုးပါရဲ့။ ကျုပ်ရဲ့နောင်လာနောက်သား တွေတော့ သဘာဝအတိုင်း မှည့်ခွင့်ပေးကြပါဗျာ။

(မစိမ့်)
The Voice Weekly
Read more →

Thursday, October 10, 2013

သခင် ဖိုးလှကြီးရဲ့ လည်ပင်းက သံကြိုး ကြီးက ဘာ အဓိပ္ပာယ် လဲ

,


=======================================
သိန်းမြင့်ညို (ချောက်)

““ဘဘ၊ သခင် ဖိုးလှကြီးရဲ့ လည်ပင်းက သံကြိုး ကြီးက ဘယ်လို အဓိပ္ပာယ် လဲဟင်”” လို့ မြေးဖြစ်သူ က မေးလာ တယ်။ ဒီမေးခွန်းရဲ့ အဖြေကို နှစ်ပေါင်း များစွာ ရှာကြံတွေးဆ ခဲ့ပေမယ့် ကျေနပ်တဲ့ အဖြေကို မရခဲ့ဘူး။

တချို့က လည်း နယ်ချဲ့ အင်္ဂလိပ် BOC ရဲ့ နှောင် ကြိုးကို ဖြတ်တောက် ပစ်လိုက်တဲ့ နိမိတ်ပုံ သင်္ကေတ လို့ ဆိုကြတယ်။ တချို့က လည်း အရေးတော်ပုံ ကာလ ချီတက်ပွဲကြီး မှာ ဆွဲထားတဲ့ ““ခရာကြိုး”” လို့ပဲ ပြောကြ တယ်။ ဘယ်ဟာမှ အတည် ယူလို့ မရ နိုင်ခဲ့ပါဘူး။

အနုပညာ ရှင်တွေရဲ့အမြင်မှာ အင်္ဂလိပ် BOC ရဲ့ နှောင်ကြိုး အနေနဲ့ သံကြိုး ကိုတင်စား ထားတာ ပဲလို့ ပြောပေမယ့် အဓိပ္ပာယ် မယူဆ တတ်တဲ့ ကလေး တွေကြတော့ အဓိပ္ပာယ် ပြောင်းသွား ပြန်ရော။ ပိုဆိုး တာက ““ခွေးရူး ဘ၀ မကျွတ် မကျွတ် သံကြိုးကြီး နဲ့ ဒရွတ် ဒရွတ်”” ဆို ပြီး ပြောင်ကြ လှောင်ကြ တာပဲ။ ကလေး ဆိုတော့ ဘာသိ မှာလဲ၊ သံကြိုးကြီး ကလည်းလည်မှာ ဆွဲထားတော့ ပြောမယ် ဆိုလည်း ပြောချင် စရာပဲလေ။ ဒါပေမဲ့ သမိုင်းဝင် သံမဏိသပိတ် ခေါင်းဆောင် တစ်ဦးကို ဒီလိုပြက် ရယ် ပြုတာ ကိုတော့ စိတ်ထဲမှာ ခံစားမိတယ်။

ချောက်မြို့ မှာရှိတဲ့ ကျောင်းရှေ့မှာ သခင် ဖိုးလှကြီးရဲ့ ကိုယ်တစ်ပိုင်း ပုံရုပ်ထု ရှိတယ်။ အဲဒီ ရုပ်ထု ကို ပန်းပု ဆရာကြီး ဦးဟန်တင် ထုလုပ်ထား တယ်လို့ မှတ်သား ဖူးတယ်။ ဆရာကြီးကို နိုင်ငံတော် ကတာဝန် ပေး ပြီး ထုလုပ် ခိုင်းခဲ့ တာတဲ့။ ဆရာကြီး ဦးဟန်တင် ထုလုပ် ခဲ့တဲ့ ချောက် GTI ကျောင်းရှေ့ က သခင် ဖိုးလှကြီး ရုပ်ထု မှာလည်း သံကြိုးကြီး ကိုတွေ့ရတယ်။ ဆရာကြီး ကလည်း ၁၃၀၀ ပြည့် အရေးတော် ပုံကာလ အတွင်းမှာ ရိုက်ခဲ့တဲ့ သခင် ဖိုးလှကြီးရဲ့ဓာတ်ပုံ ကိုကြည့်ပြီး ထုလုပ် ခဲ့တာ ဖြစ်မှာပါ။ အရေး တော်ပုံ ကာလမှာ သခင် ဖိုးလှ ကြီးက သတင်းစာ ကိုကိုင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံ ရှိတယ်။ လည်ပင်းမှာ သံကြိုး လို့ထင် ရတဲ့ ကြိုး တုတ်တုတ် တစ်ချောင်း ကိုတွေ့ ရတယ်။ သံကြိုး ပုံကွင်းဆက် တွေနဲ့ ပဲ။ အဲဒီပုံကို နမူနာ ယူပြီး ထုလုပ်ခဲ့ ဟန်တူ ပါတယ်။

ချောက် GTI ကျောင်းမှာ ထုလုပ် ထားတဲ့ သခင် ဖိုးလှကြီးရဲ့ လည်မှာ သံကြိုးကွင်း ဆက်ကြိုးကြီး တစ်ချောင်းကို ဆွဲထားတာ တွေ့ရတယ်။ အဲဒီပုံက နှောင်းခေတ် လူတွေရဲ့ အမြင်မှာ စွဲထင် နေတာ ကြာခဲ့ ပြီပေါ့။ နှစ်ပေါင်းပဲ (၄၀) ရှိပြီလေ။ နောက် တစ်ခါ ဦးနေ၀င်းရဲ့လမ်းစဉ် ပါတီခေတ် က ထုတ်ဝေ ခဲ့တဲ့ (၄၅) ကျပ်တန် ငွေစက္ကူ မှာလည်း သခင် ဖိုးလှကြီးရဲ့ ရုပ်ပုံနဲ့ ထုတ်ဝေ ထားတာကို တွေ့ရပြန်တယ်။ အဲဒီပုံ ကတော့ ပန်းပု ဆရာကြီး ဦးဟန်တင် ထုလုပ်ထား တဲ့ သခင် ဖိုးလှကြီးရဲ့ ရုပ်ထုပုံနဲ့ အတူတူ ပါပဲ။ လည်မှာ သံကြိုးကြီး ဆွဲထား သလိုပဲပေါ့။

အဲသလို မြင်ကွင်း တွေကြောင့် လည်း နှောင်းခေတ် လူတွေရဲ့အသိမှာ သခင် ဖိုးလှကြီး ဆိုရင် လည်မှာ သံကြိုး ကြီးတန်း လန်းနဲ့လို့ ထင်ယောင် ထင်မှား ဖြစ်ကုန် ကြတာပဲ ပေါ့။ မြေးဖြစ်တဲ့ သူက လည်း ဒါကြောင့် ပြောတာ ရှိမှာပါ။

အဲဒီ သခင် ဖိုးလှကြီးရဲ့ လည်မှာ သံကြိုး တန်းလန်း ကိစ္စက ဒီကနေ အထိ ရှင်းလို့ မရ နိုင်သေးဘူး ဖြစ်နေတယ်။ (၇.၇.၂၀၁၃) နေ့တုန်း ကလည်း ဒီလိုပဲ ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ စိန်ရတု အထိမ်း အမှတ် အနေနဲ့ သခင် ဖိုးလှကြီးရဲ့ ကြေးသွန်း ရုပ်ထုကို ချောက်မှာ ရှိတဲ့ အလုပ်သမား မေဒေး ပန်းခြံမှာ စိုက်ထူကြ မယ်ပေါ့။ တချို့ ကလည်း တင်ပြကြ တာတွေရှိတယ်။ အားမာန် အပြည့် နဲ့ သုံးရောင် ခြယ် အလံကို ကိုင်နေတဲ့ ကိုယ်လုံးပြည့် ရုပ်ထု ပုံကို ထုလုပ် ချင်ကြတယ်။ တချို့ ကလည်း ကုန်ကျ စရိတ် နည်းမယ့် ကိုယ်တစ် ပိုင်းပုံ ကိုပဲ ထုလုပ် ချင်ကြတယ်။ နောက်ဆုံး တော့ ရန်ပုံငွေ အခြေအနေ အရ သခင် ဖိုးလှကြီး ရဲ့ ကိုယ်တစ်ပိုင်း ရုပ်ထု ကိုပဲ ကြေးရုပ် လုပ်ကြ မယ်ပေါ့။

ဒီမှာတင် ပြဿနာ ကမပြီးသေးဘူး။ သခင် ဖိုးလှ ကြီးရဲ့ လည်မှာ ဆွဲထားတဲ့ သံကြိုး ကိုထည့်မလား၊ မထည့် ဘူးလား။ ထည့်မယ် ဆိုရင် ကလေးတွေ ပြောကြ၊ လှောင် ကြတဲ့ ““သံကြိုးကြီး နဲ့ ဒရွတ် ဒရွတ်”” ဆိုတာ မျိုးဖြစ်မယ်။ မထည့်ဘူး ဆိုရင် မြင်နေကြ သခင် ဖိုးလှကြီးရဲ့ ပုံနဲ့ကွဲပြား နေမယ်ပေါ့။

လူတွေရဲ့ အမြင်မှာ သခင် ဖိုးလှကြီး ဆိုရင် သံကြိုး ပါရမယ် လို့မြင် နေကြပြီ။ သံကြိုး မပါတဲ့ ပုံတော့ ရှိပါတယ်။ မောင့် ကျက်သရေ ခေါင်းပေါင်း နဲ့ပုံ၊ ဒီပုံကြ တော့လည်း မာန်မပါ လို့ မသုံးချင်ကြဘူး။ ဒီလို ဆိုရင် အရေးတော်ပုံ ကာလ မှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံထဲ ကပုံကိုပဲ သုံးကြမယ်လို့ ဆုံးဖြတ် လိုက်ကြတယ်။ အဲဒီပုံကလည်း (၄၅) ကျပ်တန် ငွေစက္ကူ ထဲက ပုံနဲ့ အတူတူပါပဲ။ ဆရာကြီး ဦးဟန်တင် ရဲ့ ပန်းပုပုံနဲ့ အတူတူပါ။

ဒါပေမဲ့ ဒီသံကြိုးကြီး ကို ဘ၀င် မကျဖြစ် နေတယ်။ ဘာလို့ ပန်းပုရုပ်မှာ သံကြိုး ဖြစ်နေ ရတာ လဲပေါ့။ သူတို့ ဆွဲခဲ့တဲ့၊ ထုလုပ်ခဲ့ တဲ့သံကြိုးက အခု အတော် စဉ်းစားရ ကျပ်နေ တယ်။ သခင် ဖိုးလှကြီးရဲ့ သမိုင်း ရုပ်ပုံ အမှန်ကိုပဲ ထုလုပ် ချင်တယ်။ အဲဒီ သမိုင်း ရုပ်ပုံ အမှန်ဟာ သံကြိုး တော့ မဖြစ်နိုင်ဘူး။ အနုပညာ ရှင်တွေရဲ့ စိတ်ကူးဉာဏ် ကွန့်မြူးပြီး ဆွဲထားတဲ့ သံကြိုး ဆိုတာမျိုးလည်း မဖြစ်ချင် ဘူး။ သမိုင်း အစစ် အမှန်ဖြစ်တဲ့ ““ခရာကြိုး”” ကိုပဲဖြစ် စေချင်တယ်။ ခရာကြိုး ဆိုရင်လည်း ဒီလို သံကြိုးကွင်း ဆက်ပုံမျိုး မဟုတ်ဘူး။ သေးသေး မျှင်မျှင်ပဲ ဖြစ်ရမယ် ပေါ့။ ဒီနေရာမှာ ၀ိဝါဒ ကွဲပြား နေကြတယ်။

သခင် ဖိုးလှကြီးရဲ့ ကြေးသွန်း ရုပ်ထုမှာလည်း သံကြိုး ကွင်းဆက်ကြီး ကို ပြန်သုံး ထားရင် ကလေးတွေ လှောင်စရာ ဖြစ်နေမယ်။ ခရာကြိုး သေးသေး သုံးပြန်ရင် လည်း သမိုင်းဝင် ဓာတ်ပုံ ထဲက သခင် ဖိုးလှကြီးရဲ့ လည်မှာ ဆွဲထား တဲ့ကြိုးနဲ့ ကွဲပြား သွားမယ်။ ဒီလိုဆိုရင် ဘယ်လိုကြိုး ကို သုံးမှာလဲ။ သံကြိုးလား၊ ကြိုး မျှင်လား၊ အတော် ခေါင်းစား ခဲ့ရတဲ့ ပြဿနာပဲ။ နောက်ဆုံး တော့ နယ် ချဲ့ အင်္ဂလိပ် MOC ရဲ့ အနှောင် အဖွဲ့ကို ဖြတ် တောက်ခြင်း ဆိုတဲ့ နိမိတ်ပုံ ““သံကြိုး”” ကို သုံးကြစို့ လို့ ဆုံးဖြတ် လိုက်ကြတယ်။ စိတ်ထဲ မှာတော့ ဘ၀င် မကျ လှပါဘူး။

ကံကောင်း တယ်လို့ ပြောရ မလား မသိဘူး။ ဒါမှ မဟုတ် ကွယ်လွန် လေပြီးသော သခင် ဖိုးလှကြီး ကများ စိတ်စွမ်းအင် တွေပေးပြီး ပြဿနာ ကို ဖြေရှင်း လိုက်လေ သလား မသိဘူး။ ပြဿနာရဲ့ မူလ အဖြစ်မှန် ကို သိလိုက် ရတယ်။ ဒါဟာ သမိုင်းကို ပြန်လည် တည့်မတ် လိုက်ခြင်း ဖြစ်လို့ သိပ်ပြီး တန်ဖိုးကြီးမား ပါတယ်။ အဲသလို မဟုတ် ရင် တစ်သက်လုံး သခင် ဖိုးလှကြီးရဲ့ လည်မှာ ဆွဲထားတဲ့ သံကြိုးကြီးက ဘ၀င် မကျ စရာဖြစ်နေမှာ၊ အခုတော့ ရှင်းသွားပြီ။

ဖြစ်ပုံက ဒီလိုပါ၊ ၁၃၀၀ ပြည့် ရေနံမြေ အရေးတော် ပုံ စိန်ရတု အခမ်းအနား ကျင်းပမယ် လို့ သတင်းစာ တွေ၊ ဂျာနယ် တွေ၊ ဖေ့စ်ဘွတ်ခ် တွေက နေပြီး သတင်းဖြန့် လိုက် တယ်။ ဒီသတင်းက တောမီးပြန့် သလို တစ်နိုင်ငံ လုံး ပြန့်သွား တယ်။ ဒီမှာတင် သခင် ဖိုးလှကြီးရဲ့ မျိုးဆက် သစ်တွေက စိတ်ဝင်စား သွားတယ်။ ချောက်မှာ ရှိတဲ့ သခင် ဖိုးလှကြီးရဲ့ မျိုးဆက် တချို့က ဒီသံကြိုး ပြဿနာ ကို ထဲထဲ ၀င်ဝင် မသိကြ ပေမယ့် မန္တလေး မှာ ရောက်နေတဲ့ မျိုးဆက်သစ် တစ်ယောက် ကတော့ ဒီပြဿနာ ကိုသိထား တယ်။ သူ့ကို မေးလာတဲ့ သံကြိုး ပြဿနာ ကိုလည်း လက်လှမ်း မီသလောက် ရှင်းပြခဲ့ ဖူးတယ်။ ဒါပေမဲ့ တစ်နိုင်ငံ လုံး အတိုင်း အတာနဲ့ ဆိုတော့ ဘယ်မှာပြီး ပြည့်စုံ နိုင်ပါ့မလဲ။

၁၃၀၀ ပြည့် စိန်ရတု ကျင်းပရေး ကော်မတီ အနေနဲ့ လည်း ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ သခင်၊ သခင် မကြီး တွေနဲ့ လက်လှမ်း မီသလောက် ဆက်သွယ် လိုက်တဲ့ အခါ မှာတော့ သခင် ဖိုးလှကြီးရဲ့ သမီး (ဒေါ်ကျင်ကျင်ဝေ)ဆိုတာ နတ်မောက် မှာရှိနေတဲ့ အကြောင်း သိလိုက် ရတယ်။ သူ့ဆီမှာ သမိုင်းဝင် ဓာတ်ပုံ လည်းရှိတယ် လို့ ကြား သိရတော့ ဆက်သွယ် လိုက်တယ်။ သခင် ဖိုးလှကြီး ရဲ့သား ဦးအောင်သန်း ကတော့ ကွယ်လွန် သွားပြီမို့ ကျန်ရစ်တဲ့ မိသားစု ဆီက အထောက် အထား သိပ်မရဘူး။ ကံကောင်း ချင်တော့ သခင် ဖိုးလှကြီးရယ်၊ သခင် သိန်းမောင် ကြီးရယ် စုပြီး ရိုက်ထားတဲ့ ဘင်ခရာ တီးဝိုင်း ဓာတ်ပုံကို နတ်မောက် မှာ ရောက်နေတဲ့ ဒုတိယ သမီး ဒေါ်ကြင်ကြင် ဝေဆီက ရလိုက်တယ်။

ဒေါ်ကြင်ကြင်ဝေ အနေနဲ့ မန္တလေး မှာ ရောက်နေတဲ့ သူ့သမီး ဒေါ်ခင်အုန်းဝေ ကို ဖုန်းနဲ့ ဆက်ခေါ်ပြီး သူတို့ မိသားစု ချောက်ကို ရောက် လာကြတယ်။ ကွဲကွာသွား ခဲ့တဲ့ မွေးရပ်မြေ ကိုပြန်ပြီး ခြေချ ရတော့ သူတို့ရင်မှာ ပီတိတွေ လွှမ်းခြုံ နေတာပေါ့။ နှစ်ပေါင်း များစွာ ကွဲကွာ နေကြတဲ့ ဆွေမျိုး သားချင်း တွေ ပြန်လည် ဆုံတွေ့ ကြရ လို့လည်း မျက်ရည် လည်ရွှဲ ဖြစ်နေကြ သေးတယ်။ ဇရာ ရဲ့ အထုအထောင်း၊ လောကဓံရဲ့ အထုအထောင်း ကြောင့် ဆံပင် တွေဖြူ၊ သွားတွေ ကျိုးနေတာကို ““ဟင်”” ““ဟယ်”” နဲ့ တအံ့တသြ ဖြစ်နေ လိုက်ကြတာ၊ ပြီးတော့ ငိုလည်းငို၊ ရယ်လည်း ရယ်နဲ့ ပျော်စရာ့၊ ပျော်စရာ၊ ပျော်စရာကြီး ပေပါ့။

စိန်ရတု ဖြစ်မြောက်ရေး ကော်မတီ တွေအနေနဲ့ လည်း ကွဲကွာ ခဲ့ကြရတဲ့ မိသားစု တွေကိုကြည့်ပြီး စိတ်မကောင်း ဖြစ်တာ ရှိသလို ခုလိုပြန်လည် ဆုံဆည်း ပေးရတာကို ပီတိ ကုသိုလ် ဖြစ်မိ ပါတယ်။

မြန်မာ့ လူ့အဖွဲ့ အစည်းဟာ သိပ်ပြီး သံယောဇဉ် ကြီးတဲ့ လူ့ အဖွဲ့အစည်းပါ။ ကျွန်တော်တို့ အဘိုး၊ အဘွားတွေ တုန်းက ဆိုရင် ရွာမှာ အိမ်ဝိုင်း ကအကျယ်ကြီး၊ ခြံစည်း ရိုးခတ် တယ် ဆိုတာမရှိဘူး။ အဲဒီ ၀ိုင်းကျယ်ကြီး ထဲမှာပဲ သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေဟာ ကိုယ့်အိမ် နဲ့ကိုယ် သီခြား ခွဲနေကြတာ။ ဘေးကို လွင့်စင် သွားတယ်ဆို တာ မရှိသလောက် ရှားတယ်။ မိသားစု မောင်နှမ အချင်း ချင်းလည်း ချစ်လိုက် ကြတာ၊ စည်းလုံး လိုက်ကြတာ၊ တစ်ယောက်နဲ့ တစ်ယောက် လည်း ချစ်ကြောက် ရိုသေ ကြရတယ်။ ““အစ်ကိုကြီး အဖအရာ၊ အစ်မကြီး အမိအရာ”” ဆိုတဲ့ အုပ်ထိန်းမှု အောက်မှာ မြန်မာ့ လူ့အဖွဲ့ အစည်းဟာ စည်းလုံး ညီညွတ် စွာနဲ့ စည်းကမ်း ရှိရှိ နေထိုင် သွားခဲ့ကြ တယ်။ နောက်ပိုင်းမှာ မြို့ပြ ယဉ်ကျေးမှု တွေ ၀င်ရောက် လာတဲ့ အခါမှာ တော့ စည်းလုံး ညီညွတ်ခြင်း ဆိုတဲ့ စည်းရိုး ကျိုးပေါက် သွားတယ်။ ထက်အောက် ရိုသေ လေးစား မှုဆိုတာ တွေလည်း လျော့ရဲရဲ ဖြစ်လာတယ်။ အဲဒါကြောင့် မို့လည်း တစ်မြေစီ ခြားပြီး ဝေးကွာ သွားကြ ရင်းကနေ တဖြည်းဖြည်း မိသားစု စိတ်ဓာတ် တွေသွေးအေး ကုန် ကြရတယ်။

ဒါပေမဲ့ လည်း သွေးက တော့ စကားပြော တာပါပဲ၊ အနေ ဝေးပေမယ့် သွေးက နီးလျက် ရှိနေပါ သေးတယ်။ အခုလည်း သခင် ဖိုးလှကြီးရဲ့ သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေ ဟာ တစ်ဦးနဲ့ တစ်ဦး အနေ ဝေးပေ မယ့် အရေးကြီးတော့ သွေနီးတယ်ဆိုသလိုပါပဲ။ အချင်း ချင်းတွေ့ကြ၊ ဆုံကြတဲ့ အခါမှာတော့ ငယ်ဘ၀ တွေကို လွမ်းဆွတ် တမ်းတရင်း သူတို့ အဖေ၊ သူတို့ အဘိုးကို သတိတရ နဲ့ ဂုဏ်ယူ နေကြတယ်။

ရှေးဟောင်း အောက်မေ့ဖွယ် တွေကို ပြောကြ ဆိုကြ ရင်းက သခင် ဖိုးလှကြီးရဲ့ လည်မှာ ဆွဲထားတဲ့ သံကြိုး ကိစ္စကို ရောက်သွားတယ်။ သမီးဖြစ်သူ ဒေါ်ကြင်ကြင် ဝေကတော့ အသက် ကလည်း (၈၀) ကျော် နေပြီ။ သတိ တွေ ကလည်း ချွတ်ယွင်း နေပြီမို့ စကားတောင် လေးလုံး ကွဲအောင် မပြောနိုင် တော့ပါဘူး။ အတူတူ ပါလာတဲ့ သမီး ဖြစ်သူ ဒေါ်ခင်အုန်းဝေ က သာ ဦးဆောင်ပြီး ပြောသွား ခဲ့ တာပါ။

သခင် ဖိုးလှကြီးရဲ့ မြေးဖြစ်တဲ့ ဒေါ်ခင်အုန်းဝေ ဟာ သူ့အဘွား၊ ဒေါ်စောညွန့် ပြောပြ ခဲ့တဲ့ ၁၃၀၀ ပြည့် အိပ်မက် တွေကို အမှတ်တရ ပြောပြခဲ့ပါတယ်။ သခင် ဖိုးလှကြီးရဲ့ လည်မှာ ဆွဲထားတာ ဟာ သံကြိုး မဟုတ်ပါ ဘူး တဲ့။ ခရာကြိုး ပါတဲ့။ သံကြိုးနဲ့ တူနေရတာ ကတော့ သူ့ အဘွားဒေါ်စောညွန့်ထိုးပေးလိုက်တဲ့ သိုးမွေးကြိုးဟာ ကွင်းဆက်ဖြစ်နေတာမို့ သံကြိုးနဲ့တူနေတာပါတဲ့။ ရန်ကုန် ကို ချီတက် တဲ့နေ့ အမီ အဲဒီ သံကြိုးကွင်း ဆက်ပုံ သိုးမွေး ကို ထိုးပေး လိုက်တာ ပါတဲ့။ သံကြိုးနဲ့ တူသရောင် ရှိ ပေမယ့် ပေါ့ပါးတဲ့ ““ခရာကြိုး””လေးဖြစ်တဲ့ အကြောင်း၊ တမာ အိုင့်ရပ်ကွက် အရောက်မှာ အပြေး ကလေး လိုက်ပေး ရတာဖြစ် ပါတယ်လို့ သမိုင်းရဲ့ ကွက်လပ် တစ်ခုကို ဖြည့် ဆည်းရင်း ပြောပြ သွားတာကို မှတ်သား လိုက်ရ ပါတယ်။

သမိုင်းမှာ မှားနေ တာတွေ၊ ကွင်းဆက် ပြတ်နေတာ တွေ၊ ပျောက်ကွယ် နေတာ တွေကို အခုလိုပဲ ကြုံကြိုက် တဲ့အခါမှာ မေးမြန်း မှတ်သား တင်ပြနိုင်ကြ မယ်ဆိုရင် ပြီးပြည့်စုံတဲ့ သမိုင်း မှတ်တမ်းကြီး တွေကို ဖော်ထုတ်နိုင် မှာဖြစ်ကြောင်း ပါခင်ဗျာ။

messengernewsjournal
Read more →