
ငယ်ငယ်တုန်းက ခြေသေးတရုတ်မ ဆိုတာ ကြားဖူးတယ်။ ခြေထောက်သေးလို.
ခေါ်တယ်ထင်တာ။ အမှန်က တရုတ်ပြည်မှာ ခြေစည်းတာကို ခုခေတ်မှာ
ဒေါက်မြင့်ဖိနပ်စီးသလို သဘောထားကြတာပါ။ တန်ဖိုးကြီး ဖန်စီဒေါက်မြင့်ဖိနပ်
အမြင့်ကြီးစီးတာကို ခုခေတ်မှာ ပိုက်ဆံတတ်နိုင်ခြင်း ချမ်းသာခြင်းရဲ့
အမှတ်အသားတခုလို သဘောထားကြတယ်။ အဲ့ဒီခေတ်တုန်းကလည်း ခြေထောက်လေး
ချွန်နေတာ (မသွားနိုင် လမ်းမလျှောက်နိုင် မပြေးနိုင်တာ) ချမ်းချမ်းသာသာ နေရလို. အခန်.သားထိုင်နေရတယ်ဆိုတဲ့ social status တခုကိုပြချင်လို.ဖြစ်ပါတယ်။ တရုတ်ယောက်ျားတွေကလည်း အဲလိုခြေလေး သေးချွန်ပြီး နေမှ အရမ်း attractive ဖြစ်တယ် လက်ထပ်ဖို.သင့်တော်တယ်လို. ယူဆကြတယ်ဆိုပဲ။
ခြေစည်းတာ ဘယ်လောက်ခေတ်စားလဲဆိုရင် ဆင်းရဲတဲ့မိသားစုတစုမှာ
သမီးအကြီးဆုံးမွေးရင် ခြေစည်းပြီး ပစားပေးထားရပါသတဲ့။ နောက်မွေးလာတဲ့
သမီးလေးများက လယ်ထဲဆင်း ကောက်စိုက် အလုပ်ကြမ်းလုပ်ြ့ပီး အဲဒီခြေသေးမကို
လုပ်ကျွေးရပါတယ်။ ခြေမစည်းတဲ့မိန်းကလေးများ အမြင့်ဆုံးဖြစ်ရင်တောင်
မယားငယ်(cocubine) လောက်ပဲဖြစ်ကြရပါသတဲ့။
မိန်းကလေးငယ်ငယ်
(၄နှစ်ကနေ ၉ နှစ်)အရွယ်ကနေ ခြေစည်းဖို. ဆုံးဖြတ်ပြီးရင် ပထမဆုံးအဆင့်က
ခြေထောက်ကို ရေနွေးတွေ တိရိစ္ဆာန်သွေးတွေနဲ. ဆေးမြစ်တွေနဲ.ဆေြး့ပီး
နှိပ်နယ်ပေးရပါသတဲ့။ ပြီးရင် နောက်တဆင့်ကတော့ ခြေမကလွဲလို.
ကျန်တဲ့ခြေလေးချောင်းစလုံးကို
ချိုးလိုက်ရပါတယ်။ ပြီးရင် အဝတ်နဲ. တရက်ကို သုံးလေးနာရီစီ နှစ်ချီပြီး
စည်းထားလိုက်တာပါပဲ။ ပြီးရင် သေးနိုင်သမျှ အသေးဆုံး
ဖိနပ်ကိုစီးပေးထားပါတယ်။ အဲလိုနဲ. ခြေထောက်အရှည် လေးလက်မလောက်ပဲရှိတဲ့အထိ
စည်းရပါတယ်။
တရုတ်ကြီးတွေ ဘာလို.
ခြေစည်းတာကြိုက်သလဲဆိုရင် ခြေစည်းတဲ့ အမျိုးသမီးတယောက်က လမ်းလျှောက်ရင်
ခြေမလေးပဲ ထောက်ထောက်ပြီးလျှောက်ရတာဆိုတော့ မြန်မြန်လည်း မလျှောက်နိုင် ယိုင်တိုင်ယိုင်တိုင်နဲ. ယိမ်းနွဲ.ပြီး (မလဲအောင်) လျှောက်ကြတာကို သူတို.က အကြိုက်တွေ.ပါတယ် (ခုခေတ် ပင်ဆယ်လ်ဟီးလ်စီးသလိုပေါ့)။
အဲဒါကိုပဲ erotic ဖြစ်တယ်လို. ယူဆကြပါသတဲ့။ချင်မင်းဆက် (Qing Dynasty) က
sex manual (အလဲ့ တယ်လာပါလား) မှာဆိုရင် အမျိုးသမီးတွေရဲ.
စည်းထားတဲ့ခြေနဲ. (ခြေအိပ်ဝတ်ပြီးမှပေါ့) ကစားတဲ့နည်း ၄၈
မျိုးတောင်ပါတယ်လို.ဆိုပါတယ်။
တကယ့် foot fetish သမားတွေ။ နောက်တခုက အဲလိုခြေစည်းတဲ့
အမျိုးသမီးတယောက်ဟာ ဘာ အိမ်မှုကိစ္စမှ လုပ်ဖို.မလွယ်ပါဘူး။ ဘယ်မှလဲ
မသွားရမလာရတော့ ယောင်္ကျားတွေက စိတ်ချတယ်ပါတယ်တဲ့။ ဒီမိန်းမ
ဘယ်မှပြေးလို.မရဘူး ငါပိုင်ပြီပေါ့လေ။
ဒီခြေအိပ်ကို ချွတ်လိုက်ရင်တော့ သူတို.ကြိုက်ချင်မှကြိုက်ပါလိမ့်မယ်။ ကျန်တဲ့ခြေလေးချောင်းက ကောက်ကွေ.ပြီး ခြေဖဝါးမှာကပ်နေတာဆိုတော့ အဲ့အထဲကို ရေနဲ.စင်အောင်ဆေးဖို.ရာမလွယ်တဲ့အတွက်
မှိုတွေတက်ပြီး နံစော်နေတာပါပဲတဲ့။ တသက်လုံး disable ဖြစ်သွားတာမျိုးပါ။
နောက်ပိုင်း anit footbinding campaign တွေလုပ်ပြီးမှ
တဖြည်းဖြည်းနောက်ပိုင်းပျောက်သွားတာဖြစ်ပါတယ်။ အလှအပအတွက် အဆင့်အတန်းတခုအတွက် လက်ကောင်းခြေကောင်းတွေ အဓိပ္ဗါယ်မရှိ ကျိုးခဲ့ကြရတာပေါ့။