Monday, October 14, 2013

ဝိ၀ါဒများနှင့် ၉၆၉ အပေါ် ကျွန်တော့်ခံယူချက်

,



ကျွန်တော်တို့ မြန်မာတွေက တစ်ယောက်က တစ်ခုကို စလိုက်ပြီဆိုရင် လက်ခံချင်ကြဘူး။ ၀ိဝါဒတွေကွဲ ကြတယ်။ အမျိုးမျိုး ဝေဖန်ပြီး မဖြစ်အောင် နှောင့်ယှက်တာတွေလုပ်ကြတယ်။ အဲဒီမှာ ကျွန်တော်တို့ စဉ်းစားရမှာက ထွင်လိုက်တဲ့ အရာသည် ကောင်းကျိုးကို ဦးတည်သလား ဆိုးကျိုးကို ဦးတည်သလားဆိုတဲ့ ရည်ရွယ်ချက် ကို သိဖို့ ကြိုးစားရပါမယ်။ အခုက ဘယ်လို ဖြစ်လဲဆိုတော့ အဲသလို သိဖို့ လဲမကြိုးစားဘူး ကိုယ့်စိတ်နဲ့ အခန့် မသင့်တာနဲ့ မကောင်းဘူး မဟုတ်ဘူး ဆိုတာပဲ ပြောတယ်။ ဘာကြောင့် မကောင်းသလဲ ဘာကြောင့် လက်မခံသလဲဆိုတာကို မပြောနိုင်ဘူး။

ဥပမာ ဆိုပါစို့ 

၉၆၉ ဆိုပြီး ဘုရားဂုဏ်တော်(၉)ပါး၊ တရား ဂုဏ်တော်(၆)ပါး၊ သံဃာ့ဂုဏ်တော်(၉) ပါး ရတနာမြတ်သုံးပါးကို ရည်စူးပြီး ဂဏန်းကိုယ်စားပြု အမှတ်သင်္ကေတလုပ်လိုက်တယ်။ ဒါကို အမျိုးမျိုး ဝေဖန်ကြတယ်။ မဝေဖန်နဲ့ မဟုတ်ဘူး ဝေဖန်ပါ။ ဒါပေမယ့် အကျိုးအကြောင်းတော့ ဆီလျော်မှု ရှိပါစေပေါ့ဗျာ။ အရဟံ မလုပ်ဘူးလားတို့ ။ ဗုဒ္ဓံ ဓမ္မံ သံဃံ လို့ ရေးပါတို့ ။ သူများတွေလုပ်တာကို လိုက်အတုယူလို့ ။ ဘုရားဟောထားတဲ့ ပြီးပြည့်စုံတဲ့ တရားတော်တွေရှိလျက်နဲ့ ထပ်မံဖြည့်စွက် တာ မကောင်းဘူးတို့ ….အစရှိသဖြင့်ပေါ့ဗျာ………….

ဒီမှာ ကျွန်တော့်ရဲ့  ၉၆၉ အပေါ် ခံယူချက်လေးနဲ့ ရှင်းပြချင်ပါတယ်။ ပထမ အချက် ကျွန်တော်တို့ မြန်မာ ဗုဒ္ဓဘာသာတွေ သွားနေတဲ့ တူညီတဲ့ လမ်းကြောင်းတစ်ခုရှိပါတယ်။ အဲဒါကတော့

***အမျိုးဘာသာ သာသနာ မပပျောက်ဖို့ နဲ့  သာသနာတော် နေလို လလို ထွန်းလင်းတောက်ပပြီး အနာဂတ် ရင်သွေးတွေရဲ့ နှလုံးသားမှာ ဘုရားတည်နိုင်ဖို့ ပါ။ ****

ဒီတော့ ၉၆၉ ပဲရေးရေး၊ အရဟံ ပဲ ရေးရေး၊ ဗုဒ္ဓံ ဓမ္မံ သံဃံ ပဲသုံးသုံးပါ။ လမ်းကြောင်းဦးတည်ချက်က တူညီနေတာပဲမဟုတ်လား။ ဒါကို မတူညီလို့  ဆိုပြီး ရန်သူလို့ သတ်မှတ်လို့ မရပါဘူး။ လက်တောင်မှ အတို/အရှည်မညီတာဗျာ။ အတို/အရှည်မညီလို ဖြတ်ထုတ်လို့ မှ မရတာ။ ၉၆၉ ကိုပဲ သုံးရမယ်လို့ လဲမပြောပါဘူး ယုံကြည်လို့ သက်ဝင်ရင် သုံးပါ။ မသုံးလို့ လဲ ရန်မမူပါဘူး။ ဒါပေမယ့် ၉၆၉ သည် မှတ်ရတာ လွယ်ကူတယ်။ အဲဒီအမှတ်တံဆိပ်တော်လေး ကပ်ထားတော့ စိတ်မှာမေ့နေတဲ့  ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်တွေကို ပြန်လည် အသိဝင်ပြီး အမျိုးဘာသာ သာသနာကို စောင့်ရှောက်လိုစိတ် သွေးမအေးစေဖို့ ဖြစ်စေပါတယ်။

နောက် ဒုတိယအချက်ကတော့ ဘုရားဟောထားတဲ့ ပြီးပြည့်စုံတဲ့ တရားတော်တွေရှိလျက်နဲ့ ထပ်မံဖြည့်စွက် တာမဟုတ်ပါဘူး။ သိလွယ် မှတ်လွယ်အောင် လူတွေရင်ထဲကို ၉၆၉ ဆိုတဲ့ ရတနာမြတ်သုံးပါကို ထည့်ပေးလိုက်တာပါ။ ဖြည့်စွက်တယ်ပြောရအောင်လဲ ဘုရားဟောထားတဲ့ ဘုရားဂုဏ်တော်ကိုးပါကိုလဲ မထိခိုက်ပါဘူး။ ဂုဏ်တော် ၉ ပါးရှိလို့ ၉ ယူတာပါ။ တစ်ခုလဲ ပိုမယူသလို လျှော့လဲမယူပါဘူး။ လိုတိုးပိုလျှော့လုပ်မှ ဖြည့်စွက်ပြင်ဆင်တယ်လို့ ခေါ်ပါတယ်။ အခုက ဘာကိုမှ ဖြည့်စွက်ပြင်ဆင်တာတစ်ခုမှ မရှိပါဘူးဆိုတာပါ။
ဟုတ်ပြီ ၉၆၉ အမှတ်တံဆိပ်တော်ပေါ်လာလို့ ဘာတွေ
အကျိုးကျေးဇူးတွေရလာသလဲ ပြန်ကြည့်ရအောင်….

၉၆၉ အမှတ်တံဆိပ်တော်ပေါ်လာလို့ …အမျိုးသားရေး အသိစိတ်၊ ဘာသာရေး အသိစိတ်တွေဖြစ်လာပါတယ်။ တရားပွဲတွေ ယဉ်ကျေးလိမ္မာသင်တန်းတွေ ဓမ္မစကူးလ်တွေ နေရာတိုင်းလို ပေါ်ပေါက်လာပါတယ်။ အမျိုးဘာသာ သာသနာအတွက် သွေးမအေးပဲ အမြဲ သွေးနွေးစေပါတယ်။ အခြားဘာသာခြားတွေရဲ့ ဗုဒ္ဓဘာသာအပေါ်ထားတဲ့ စိတ်ထားတွေထင်သာ မြင်သာ ဖြစ်လာစေပါတယ်။ ဆူပူမှုဆိုတာ ၉၆၉ က လုပ်တာ/စတာ တစ်ခုမှ မရှိပါဘူး။ မြန်မာတွေတိုင်းရင်းသားညီအကိုတွေ သွေးပိုစည်းလာပါတယ်။ လူမှု အကျိုးပြုအဖွဲ့ တွေ အချင်းချင်း ချိတ်ဆက်လာနိုင်တယ်။ အမျိုးစောင့် ဥပဒေတစ်ရပ် ပေါ်ပေါက်ဖို့ ဖြစ်လာတယ်။ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ တွေ ပေါ်ပေါက်လာတယ်။ ဒါတွေက ကောင်းကျိုးသာ ဖြစ်ပြီး ဆိုးကျိုးဆိုတာ မရှိသေးပါဘူး။

*** အမျိုးဘာသာ သာသနာ သစ္စာစောင့်ပါမည်။
*** ဘာသာတူရာ ဆိုင်မှာသာဈေးဝယ်ယူပါမည်။
*** ဘာသာတူရာ အချင်းချင်းသာ ဖူးစာရွေးပါမည်။
*** ငါတို့ အရိုးစည်းရိုးထိုးလို့ ကာသင့်ပါလျှင် ကာရမည်။

ဆိုတာတွေက မကောင်းတဲ့ အချက်တွေလားဗျာ။ ဦးနှောက်ကလေးနဲ့ စဉ်းစားပြီး ချင့်ချင့်ချိန်ချိန်လေးလဲ တွေးကြ၊ ရေးကြ ၊ ပြောကြပါ။ ကိုယ်စိတ်နဲ့ အခန့် မသင့်တိုင်း ပြောရမယ်ဆိုရင်တော့ ဘယ်အရာမှကို အခန့် သင့်မယ်မထင်ပါဘူး။ လူ့ အလို နတ်တောင် မလိုက်နိုင်တာဗျာ။ အားလုံး ညှိနှိုင်းလုပ်ဆောင်ကြပါလို့ တိုက်တွန်းရင်းဖြင့်…………….

သခင် ခက်ထန်

0 comments to “၀ိဝါဒများနှင့် ၉၆၉ အပေါ် ကျွန်တော့်ခံယူချက်”

Post a Comment