Monday, October 14, 2013

ကျပ် ၁၀၀၀တန်ငွေစက္ကူ အတုများ တာမွေတွင် ဖမ်းမိ

,


ရန်ကုန်၊ အောက်တိုဘာ ၁၄

တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ခေါင်းဆောင်သော တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သတင်းအရ အောက်တိုဘာ၁၂ရက်နေ့ ည၆း၁၅ နာရီခန့်တွင်အရိုးကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် (၁၄၆)လမ်းဒေါင့်ရှိ လက်ဘက်ရည်ဆိုင်တွင် အသင့်စောင့်ဆိုင်းနေစဉ် သတင်းရရှိထားသူ မ-------- ရောက်ရှိလာသဖြင့် ရှာဖွေရာ ၎င်းကိုင်ဆောင်ထားသော Maddox စာတမ်းပါ အဖြူစင်းအနက်ရောင် လက်ဆွဲအိတ်(၁)လုံးအတွင်း အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာတမ်းပါ ငွေစက္ကူအတု (၁၀၀၀)ကျပ်တန် (အသေး) (၄၁၀)ရွက်အားလည်းကောင်း၊ဆင်းကဒ်ပါ Forme တံဆိပ် အနက်ရောင်(ဘေးအစင်းအနီရောင်) လက်ကိုင်ဖုန်း(၁)လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းYangon Policeမှသိရသည်။
ဖမ်းဆီးရမိသူ မ--အား ထပ်မံစစ်ဆေးခဲ့ရာ အဆိုပါငွေစက္ကူအတုများအား တောင်ဥက္ကလာပမြို့နယ်နေသူကို----ထံမှ ငွေကျပ်(၄)သိန်းဖြင့် ၀ယ်ယူထားခြင်းဖြစ်ကြောင်းနှင့် ၎င်းနေထိုင်ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၇)ရပ်ကွက်ရှိ နေအိမ်တွင် ငွေစက္ကူအတုများ ထပ်မံသိုဝှက်သိမ်းဆည်းထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေသိမ်းဆည်းခဲ့ရာ
ထင်းရှူးသေတ္တာထဲတွင် အနက်ရောင်ကြွပ်ကြွပ်အိတ်နှင့် ထုပ်လျက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာတမ်းပါ (၁၀၀၀)ကျပ်တန်(အသေး) ငွေစက္ကူအတု (၁၉၉၇)ရွက်အား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် တာမွေမြို့မရဲစခန်း(ပ)၄၅၁/၂၀၁၃၊ ဗဟိုဘဏ်ပုဒ်မ ၁၀၅/၁၀၆ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သည်။
အမှုအား မှုခင်းတပ်ဖွဲ့သို့ လွှဲပြောင်း၍ ကွင်းဆက်တရားခံကို---အား ဖမ်းဆီးစစ်ဆေးခဲ့ရာ (၁၀၀၀)ကျပ်တန် ငွေစက္ကူအတု (၇၀၀)ရွက်၊ (၇)သိန်းကျပ်နှင့် ငွေတုလုပ်သည့် ကာလာပရင်တာတို့အား သိမ်းဆည်းရရှိခဲ့ပြီး ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

0 comments to “ကျပ် ၁၀၀၀တန်ငွေစက္ကူ အတုများ တာမွေတွင် ဖမ်းမိ”

Post a Comment