Showing posts with label မှုခင်းသတင်း. Show all posts
Showing posts with label မှုခင်းသတင်း. Show all posts

Tuesday, November 19, 2013

လှိုင်သာယာမြို့နယ်တွင် ခိုးမှုကျူးလွန်သူများအား ဖေါ်ထုတ်ဖမ်းဆီးရမိ

,

ရန်ကုန်၊ နိုဝင်ဘာ ၁၉

၁၅.၁၁.၂၀၁၃ရက်နေ့ ၀၅၀၀အချိန်တွင် မမြမြသန်း(ရောင်း/၀ယ်)(ဘ)ဦးသောင်းတင်၊အမှတ်(၁၉၅၇)၊ကျန်စစ်သားလမ်း၊ရွှေလင်ဗန်းကျေးရွာ၊လှိုင်သာယာမြို့နယ်နေသူသည် အိမ်ရှေ့တံခါးပွင့်နေသည်ကိုတွေ့ရသဖြင့် နေအိမ်အတွင်းစစ်ဆေးရာ ဈေးရောင်းရာတွင်အသုံးပြုသည့် သေတ္တာငယ်အတွင်းထည့်ထားသော ငွေစက္ကူရောရာငွေကျပ် (၁၀၀၀၀) ပျောက်ဆုံးနေသည်ကိုတွေ့ရ၍ ထပ်မံစစ်ဆေးစဉ် အိပ်ယာခေါင်းရင်းတွင်ထားသည်
ရွှေထည်ပစ္စည်းနှင့်ငွေများထည့်ထားသောသေတ္တာမှာလည်းပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေရာ နေအိမ်နှင့်မျက်နှာချင်းဆိုင်ရှိ နေအိမ်ခေါင်းရင်းမှ အဆိုပါပျောက်ဆုံးသေတ္တာအားပြန်လည်တွေ့ရှိရသဖြင့်စစ်ဆေးရငွေစက္ကူ (၃၈)သိန်းအနက် ငွေကျပ်(၂၉)သိန်းပျောက်ဆုံးနေသည့်အပြင် အလေးချိန် ၉ ပဲ ၁ရွေးရှိရွှေလက်ကောက်(၂)ကွင်း၊အလေးချိန် ၄ ပဲ ၇ ရွေးရှိ လက်စွပ်(၁)ကွင်း၊ ရွှေတန်ဘိုးငွေကျပ်(၁၀)သိန်းခန့်နှင့် စုစုပေါင်းတန်ဘိုး ငွေကျပ်(၃၉၁၀၀၀၀)မှာ
ပျောက်ဆုံးသွားခဲ့ သဖြင့် ခိုးယူသူအားစုံစမ်းအရေးယူပေးရန် မမြမြသန်းမှ လှိုင်သာယာမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် (ပ)၁၃၃၂/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်လှစ်ပြီးတရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စုံစမ်းစစ်ဆေးဆောင်ရွက်နေစဉ် ၁၈.၁၁.၂၀၁၃ရက်နေ့တွင် လှိုင်သာယာမြို့နယ်နေသူ များဖြစ်သည့် ဝေလင်းထွန်း(ဘ)ဦးဇော်ဝင်းနှင့် အာကာထိုက်(ခ)ဘိုဘို (ဘ)ဦးခင်ထူး တို့ (၂)ဦးမှ ခိုးယူသွားကြောင်း စုံစမ်းသိရှိရသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၄င်းတို့ (၂)ဦးအား အခြားခိုးမှုများ ကျူးလွန်ထားခြင်းရှိ/မရှိ တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Read more →

Thursday, October 17, 2013

ဖြူးမြို့ ဒုတိယအကြိမ် ခေါင်းဖြတ် တရားခံ(၂)ဦး ဖမ်းဆီးရမိ

,

 ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ခင်တန်းကြီးအုပ်စု၊ ကျွဲမကူးကျေးရွာတွင် (၁၂.၁၀.၂၀၁၃)နေ့ ညနေ(၆း၀၀)အချိန်ခန့်က ဖြစ်ပွားခဲ့သော ခေါင်းဖြတ် လူသတ်မှု တရားခံအား ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ (၁၅.၁၀.၂၀၁၃)နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Myanmar News Now က သတင်းရရှိပါတယ်။ ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြ၀င်း၏ လမ်းညွှန်မှု၊ ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်း၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ဝင်းနှင့် အထူးအမှုစစ်အဖွဲ့၏ စုံစမ်းစစ်ဆေး ဖော်ထုတ်ချက်အရ (၁၅.၁၀.၂၀၁၃)နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။ တရားခံများ ဖြစ်ကြသော သန်းထွန်းဦး(ခ) သံချောင်း(ခ) သံလုံး(၂၆)နှစ်၊ (ဘ)ဦးတင်ဦး၊ ဗမာ ဗုဒ္ဓ၊ ကျဘမ်း၊ လှေကားထောင်မြောင်း၊ ရေးထိုး ကျေးရွာအုပ်စု၊ ဖြူးမြို့နယ် နေသူနှင့် ရဲညွှန့်(ခ)ဖထီး(၅၃)နှစ်၊ (ဘ)ဦးသန်း၊ ဗမာဗုဒ္ဓ၊ကျဘမ်း၊ ထန်းလျှက်ကုန်းရွာ၊ ပျဉ်းကတိုးကျေးရွာ အုပ်စု ဖြူးမြို့နေသူ(၂)ဦးအား စစ်ဆေးခဲ့ရာ ၄င်းတို့(၂)ဦးသည် သေဆုံးသူ ဦးဇော်မင်းနှင့်အတူ အခင်းဖြစ် တဲတွင် အရက်အတူတူသောက် စားပြီး စကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ တယ်လို့ ဆိုပါတယ်။ တရားခံတဦးဖြစ်တဲ့ သန်းထွန်းဦးမှ ဦးဇော်မင်းအား ၀ါးရင်းတုတ် ဖြင့် ရိုက်သတ် လိုက်သည်ကို ရွာထဲမှ ထမင်းချိုင့်ယူ၍ တဲသို့ ပြန်လာသော သေဆုံးသူ၏ဇနီး ဒေါ်တင်ရွှေတွေ့မြင်သွားသဖြင့် နှုတ်ပိတ်ရန် သန်းထွန်းဦး မှဒေါ်တင်ရွှေအား ၀ါးရင်းတုတ်ဖြင့် ရိုက်သတ်ရာ ရဲညွှန့ှ်သည် ဒေါ်တင်ရွှေ မသေမှာကို စိုးရိမ်၍ တဲရှိဓါးဖြင့် ထပ်မံထိုးသတ်ခဲ့ပါတယ်။ သန်းထွန်းဦးမှလည်း ဦးဇော်မင်း၏လည်ပင်းအား ဖြတ်၍ ၄င်းတွင်အသင့်ပါလာသော လွယ်အိတ်ထဲသို့ထည့်ပြီး ခေါင်းအား တောလမ်းတွင် စွန့်ပစ်ခဲ့သည်ကို ထွက်ဆိုခဲ့သဖြင့် သေဆုံးသူ ဦးဇော်မင်း၏ခေါင်းအား ခင်တန်းကြီးရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက် ရှာဖွေသော်လည်း မတွေ့ရှိရတော့ကြောင်းနှင့် အမြန်တရား စွဲတင်ပို့ရန် ဆောင်ရွက်လျှက်ရှိကြောင်း Myanmar News Now မှ စုံစမ်း သိရှိရပါတယ်။ ကိုသန့် ဇင်
Read more →

Monday, October 14, 2013

ညွှန်မှူးယောက်ဖကို ရုပ်ရှင်ဆန်ဆန် ၀ိုင်းဖမ်း၊ မြင်းဆေး ၆၆ ပြားတွေ့

,

 
  မနေ့ညက ကရင်ပြည်နယ် ဘားအံမြို့မှာ ရဲကား ၃ စီးက လိုင်စင်မဲ့ကားတစီးကို ရုပ်ရှင်ဆန်ဆန် ၀ိုင်းဖမ်းကြတယ်လို့ ဒီတပတ်ထုတ် မြန်မာပို့စ် ဂျာနယ်မှာ ရေးထားပါတယ်။

(ဓာတ်ပုံများ - ဇော်ရဲထက်)

ကားထဲမှာ စိတ်ကြွဆေး ၆၆ ပြား တွေ့တယ်၊ လိုင်စင်မဲ့ကားမောင်းသူက   ညွှန်ကြားရေးမှူးအဆင့်ရှိ အစိုးရအရာရှိကြီးတဦးရဲ့ ယောက်ဖ တော်စပ်သူဖြစ်တယ်လို့ ဘားအံမြို့ရဲစခန်းကို ကိုးကားပြီး ဂျာနယ်မှာ ရေးထားပါတယ်။

ဘားအံ ၉ ရပ်ကွက် ကညနရုံးအနီးမှာရှိတဲ့ အိမ်ထဲက ထွက်လာတဲ့ကားကို ၀ိုင်းဖမ်းကြတာလို့ ဂျာနယ်မှာ ရေးထားတာပါ။

ဖမ်းချုပ်ထိန်းသိမ်းရာမှာ ထင်ထင်ရှားရှားတွေ့ရတယ်လို့ ဆိုနိုင်တာကတော့ လက်ထိပ်ကိုင်ထားတဲ့ အမျိုးသမီးရဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။

ကိုင်ထားတဲ့လက်ထိပ်နဲ့ တယောက်ကို ခတ်လိုက်တယ်၊ လမ်းပေါ်မှာ မှောက်လျက်အနေအထားရှိတဲ့ နောက်တယောက်ရဲ့ ဇက်ကို ဒူးနဲ့ ဖိထားတာကို တွေ့ရပါမယ်။

ဘားအံအခြေစိုက် ရဲအရာရှိတဦးဖြစ်မယ်လို့ ယူဆရပါတယ်။

အိမ်ထဲကအထွက် ပိတ်ဖမ်းတယ် ဆိုတော့ သူတို့ ဖမ်းရမယ့်သူ(တွေ)ကို စောင့်ကြည့်နေတာလည်း ဖြစ်နိုင်ပါတယ်။
လိုင်စင်မဲ့ကားမောင်းလို့ ဖမ်းတာတော့ မဖြစ်နိုင်ပါဘူး။ ကရင်ပြည်နယ်မှာ လိုင်စင်မဲ့ကား များတဲ့အတွက် ကားဖမ်းဖို့အတွက်တော့ အဲဒီလောက် လှုပ်ရှားစရာ မလိုပါ။
တခြားအကြောင်းအရာအတွက် ဖမ်းတာ ဖြစ်မယ်လို့ ထင်ပါတယ်။

မြင်းဆေး ခေါ် စိတ်ကြွဆေး အလုံးခြောက်ဆယ်ကျော် ဖမ်းမိတယ်လို့ သတင်းမှာ ရေးထားတဲ့အတွက် မူးယစ်ဆေးအမှုအတွက် သံသယရှိလို့ ဖမ်းတာဖြစ်မယ်လို့ ယူဆရပါတယ်။


မူးယစ်ဆေးတိုက်ဖျက်ရေး၊ နှိမ်နင်းရေး လှုပ်ရှားမှုတွေကို တနိုင်ငံလုံးမှာ တွေ့နေရပါတယ်။
သို့သော်လည်း မူးယစ်ဆေးစီးဆင်းမှုက အရှိန်အဟုန်နဲ့ ဆက်ရှိနေပုံရပါတယ်။ ရဲတပ်ဖွဲ့ကို လိုအပ်တဲ့ နည်းပညာ၊ ဘတ်ဂျက် စသဖြင့် အားဖြည့်ပေးမယ် ဆိုရင်ဖြင့် နှိမ်နင်းရေးအရှိန် ပိုသွက်လာဖွယ်ရှိပါတယ်။



Read more →

ကျပ် ၁၀၀၀တန်ငွေစက္ကူ အတုများ တာမွေတွင် ဖမ်းမိ

,


ရန်ကုန်၊ အောက်တိုဘာ ၁၄

တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ခေါင်းဆောင်သော တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သတင်းအရ အောက်တိုဘာ၁၂ရက်နေ့ ည၆း၁၅ နာရီခန့်တွင်အရိုးကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် (၁၄၆)လမ်းဒေါင့်ရှိ လက်ဘက်ရည်ဆိုင်တွင် အသင့်စောင့်ဆိုင်းနေစဉ် သတင်းရရှိထားသူ မ-------- ရောက်ရှိလာသဖြင့် ရှာဖွေရာ ၎င်းကိုင်ဆောင်ထားသော Maddox စာတမ်းပါ အဖြူစင်းအနက်ရောင် လက်ဆွဲအိတ်(၁)လုံးအတွင်း အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာတမ်းပါ ငွေစက္ကူအတု (၁၀၀၀)ကျပ်တန် (အသေး) (၄၁၀)ရွက်အားလည်းကောင်း၊ဆင်းကဒ်ပါ Forme တံဆိပ် အနက်ရောင်(ဘေးအစင်းအနီရောင်) လက်ကိုင်ဖုန်း(၁)လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းYangon Policeမှသိရသည်။
ဖမ်းဆီးရမိသူ မ--အား ထပ်မံစစ်ဆေးခဲ့ရာ အဆိုပါငွေစက္ကူအတုများအား တောင်ဥက္ကလာပမြို့နယ်နေသူကို----ထံမှ ငွေကျပ်(၄)သိန်းဖြင့် ၀ယ်ယူထားခြင်းဖြစ်ကြောင်းနှင့် ၎င်းနေထိုင်ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၇)ရပ်ကွက်ရှိ နေအိမ်တွင် ငွေစက္ကူအတုများ ထပ်မံသိုဝှက်သိမ်းဆည်းထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေသိမ်းဆည်းခဲ့ရာ
ထင်းရှူးသေတ္တာထဲတွင် အနက်ရောင်ကြွပ်ကြွပ်အိတ်နှင့် ထုပ်လျက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာတမ်းပါ (၁၀၀၀)ကျပ်တန်(အသေး) ငွေစက္ကူအတု (၁၉၉၇)ရွက်အား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် တာမွေမြို့မရဲစခန်း(ပ)၄၅၁/၂၀၁၃၊ ဗဟိုဘဏ်ပုဒ်မ ၁၀၅/၁၀၆ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သည်။
အမှုအား မှုခင်းတပ်ဖွဲ့သို့ လွှဲပြောင်း၍ ကွင်းဆက်တရားခံကို---အား ဖမ်းဆီးစစ်ဆေးခဲ့ရာ (၁၀၀၀)ကျပ်တန် ငွေစက္ကူအတု (၇၀၀)ရွက်၊ (၇)သိန်းကျပ်နှင့် ငွေတုလုပ်သည့် ကာလာပရင်တာတို့အား သိမ်းဆည်းရရှိခဲ့ပြီး ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Read more →

ဖြူးတွင် ဒုတိယအကြိမ် ခေါင်းဖြတ် လူသတ်မှု တစ်ခုဖြစ်ပွား

,


ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ခင်တန်းကြီးအုပ်စု၊ ကျွဲမကူး ကျေးရွာတွင် မနေ့ ညနေ ပိုင်း (၁၂.၁၀.၂၀၁၃)နေ့ ညနေ(၆း၀၀)အချိန်ခန့်က လင်မယား(၂)ယောက်အား ခေါင်းဖြတ်သတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါတယ်။

ကျွဲမကူးကျေးရွာ၏ အနောက်ဘက် (၁)ဖာလုံခန့် အကွာ ဒေါ်သန်းသန်းလွင်၊(၄၉)နှစ်၊(ဘ)ဦးစိုးမြင့်၊ ဈေးရပ်ကွက်(၂)လမ်း၊ မြို့မအနောက်ရပ်ကွက်၊ ဖြူးမြို့နေသူ၏ ပျဉ်းကတိုး စိုက်ခင်းတွင် အစောင့် လုပ်ကိုင်နေသော ဦးဇော်မင်း၊(၅၆)နှစ်၊(ဘ) ဦးဇသန်းဘဟာဒူး၊ဂေါ်တဂါး/ဗုဒ္ဓ၊နှင့်၎င်း၏ ဇနီးဖြစ်သူ ဒေါ်တင်ရွှေ ၊(၅၅)နှစ်၊တို့ သတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။

အဆိုပါ လင်မယား ပြန်မလာသဖြင့် ကိုဝင်းလှိုင် နှင့် ကိုအေးနိုင်တို့ စိုက်ကွင်းအတွင်းသို့ သွား ရောက်ကြည့်ရှုရာ တဲအတွင်းရှိ မြေကြီးပေါ်၌ ဦးဇော်မင်းမှာ လည်ပင်းပြတ်၊ ခေါင်းရှာမတွေ့၊ ယာရင်အုံထိုးသွင်းဒ ဏ်ရာတစ်ချက်၊၄င်း၏ဇနီး ဒေါ်တင်ရွှေ မှာ ၀မ်းဗိုက်ဝဲဘက်ထိုးသွင်း ဒဏ်ရာ တစ်ချက်ဖြင့်သေဆုံးသည်ကို တွေ့ရှိရတာပါ။

အဆိုပါ လူသတ်မှုအား ဦးဇော်နိုင်ဦး(၃၆)နှစ်၊ (ဘ)ဦးလှမြင့်မှ တရားလိုပြုလုပ်၍ ဖြူးမြို့မစခန်းသို့ တိုင်ကြားခဲ့ရာ စခန်းမှ (ပ)၄၃၃/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂ အရအမှုဖွင့် အရေးယူထားပြီး တရားခံအား အပူတပြင်းလိုက်လံ ဖမ်းဆီး ဖော်ထုတ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

ကိုသန့် ဇင်

by Myanmar News Now
Read more →

Wednesday, October 9, 2013

မန္တလေး က သုံးလောင်းပြိုင်လူသတ်မှု့ ရဲတပ်ဖွဲ့ဝင်များ ဖော်ထုတ်ဖမ်းဆီးခဲ့

,


မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မှာ ထူးထူးဆန်းဆန်း ဖြစ်ပေါ်ခဲ့တဲ့ မန္တလေး က သုံးလောင်းပြိုင်လူသတ်မှု့ တရားခံလို့ယူဆရသူ နှစ်ဦးကို မန္တလေး ရဲတပ်ဖွဲ့ဝင်တွေ ဖေါ်ထုတ်ပေါ်နိုင်ပါပြီ .........

သွေးအေးလူသတ်သမား .. ရက်စက်တဲ့လူသတ်သမားကတော့ အသက် ၁၉နှစ်ဝန်းကျင်သာရှိသေးတဲ့ လူငယ်နှစ်ယောက်ပါပဲ ...

သတ်တဲ့သူဟာ မူခင်းဖြစ်ပွားရာ ကုမ္မဏီမှ ဝန်ထမ်းတစ်ဦးပါဝင်ပက်သက်နေပါတယ် .... အဆိုပါ ကုမ္မဏီမှာ အလုပ်ဝင်လုပ်တာ တစ်လ ဝန်းကျင်သာရှိသေးတယ်တဲ့သူတစ်ယောက်ပါ .. အဓိကသတ်ရတဲ့အကြောင်းအရင်းကတော့ ရန်ငြိုးရန်စ ကြောင့်မဟုတ်ပဲ မတော်လောဘ နဲ့ လိုချင်တပ်မက်မိတဲ့ ငွေကြေးကြောင့်ပါပဲတဲ့ .. သတ်ပုံ သတ်နည်းကလည်း ကျောချမ်းစရာပါ ..
ကုမ္မဏီမှာ လုံခြုံရေးဝန်ထမ်းအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်နေထိုင်ခဲ့သူ အငြိမ်းစား ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဦးတင်လှိုင်ဆိုတဲ့ အဘ ကို အဝတ်နဲ့ခေါင်းအုပ်ပြီး အုတ်ခဲနဲ့ထုရိုက်သတ်ခဲ့ပါတယ် .. အဲဒီနောက်မှာ မသေမှာစိုးလို့ ဆိုပြီး အနီးအနားမှာတွေ့တဲ့ ဘက်ထရီအိုးထဲက အက်စစ်ကို ဆေးထိုးအပ်နဲ့စုပ်ယူပြီး အဆုပ်ထဲကို ထိုးထဲ့ခဲ့သတဲ့...

နောက်ထပ် အိပ်နေတဲ့အစောင့်ကို ပါးစပ်ထဲ ပုဆိုးထိုးထဲ့ပြီး အုတ်ခဲနဲ့ထုသတ်ပါသတဲ့ ... အဲဒီအချိန် ပထမဆုံးအသတ်ခံရတဲ့ လုံခြုံရေးဝန်ထမ်းအဘရဲ့ ဇနီးနိုးလာလို့ အဲဒီအမျိုးသမီးကိုလည်း တိုင်နဲ့ခေါင်းနဲ့ဆောင့်တိုက်ပီး သတ်ပစ်ခဲ့သတဲ့ဗျာ ....အဆိုပါအမျိုးသမီးဟာ ကုမ္မဏီဝန်ထမ်းထဲမှ မဟုတ်ပဲ လခထုတ်ရက်မလို့ သူမရဲ့လင်ယောက်ကျား လုံခြုံရေးဝန်ထမ်းဆီမှ လခလာယူရင်း အိမ်အပြန်မိုးချုပ်လို့ အဆိုပါကုမ္မဏီမှာပဲ ညအိပ်ရာကနေ အသတ်ခံခဲ့ခြင်းဖြစ်ပါသတဲ့ .................

Photo Credit By - Lin Yar Ma
Read more →

Monday, October 7, 2013

မန္တလေးလူကုံထံများကြား နာမည်ကြီး နိုက်ကလပ်တစ်ခုဝင်ရောက်ဖမ်းဆီး

,

-----------------
မန္တလေး- မန္တလေးမြို့ရှိ လူကုံထံ အသိုင်းအ၀ိုင်းမှလူငယ်များအကြား နာမည်ကြီးသည့် နိုက်ကလပ်တစ်ခုကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မဟာအောင်မြေမြို့နယ်၊ ရဲ မွန်တောင်ရပ်ကွက်၊ ၃၅ လမ်းနှင့် ပြင်ဦးလွင်ကားလမ်းမထောင့်ရှိ Bar code အမည်ရစားသောက် ဆိုင်တွင် နိုက်ကလပ်ဖွင့်လှစ်ထားကြောင်း သတင်းရရှိသောကြောင့် အောက်တိုဘာ ၅ ရက် ည ၁၁ နာရီအချိန်တွင် ၀င်ရောက်ရှာဖွေ ရာဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နိုက်ကလပ်အခန်းအတွင်း မှ ဒီဂျေစက်တစ်လုံးနှင့် အတူ အသံပိုင်းဆိုင်ရာတွင် အသုံးပြု သည့် အခြားစက်ပစ္စည်းများ၊ ဆိုင် မန်နေဂျာဖြစ်သူနှင့် ၀န်ထမ်း ၁၃ ဦးတို့ကို တွေ့ရှိခဲ့ပြီး Bar Code ဆိုင်အတွင်းရှိ အထူးခန်း တစ်ခန်းတွင်လည်း ကွန်ပျူတာပိုင်းဆိုင်ရာ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လျှပ်စစ်သုံးပစ္စည်းများနှင့် ပရိဘောဂအချို့ကို ထပ်မံ တွေ့ရှိခဲ့ရသောကြောင့် ဆိုင်မန်နေဂျာဖြစ်သူ အမျိုးသားအား မဟာအောင်မြေမြို့မရဲစခန်းမှ ဗီဒီယိုအက် ၃၂/(က)ဖြင့်အမှုဖွင့်ကာ စစ်ဆေးနေသည်။

အဆိုပါ Bar Code နိုက်ကလပ်ကို တရားဝင်ဖွင့်ခွင့်လိုင်စင်ချထားပေးခြင်းမရှိဘဲ နိုက်ကလပ်ဖွင့်နေခြင်းဖြစ်ပြီး နိုက်ကလပ်အ တွက် ၀င်ကြေးမှာ တစ်နှစ်လျှင် ငွေကျပ်ဆယ်သိန်းပေးရသည်။ ယင်းကလပ်သို့ ပိုက်ဆံရှိသည့် လူများသာ အများဆုံးလာလေ့ရှိ ကြောင်း ၀င်ရောက်ဖမ်းဆီးရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဦးစိန်ထွန်းကပြောသည်။

“မန္တလေးမှာ နိုက်ကလပ် မရှိသင့်ဘူးဆိုပြီးသွားဖမ်းတာ။ ကလပ်ကိုလာတဲ့ ဧည့်သည်တွေကိုတော့ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ မှတ်တမ်းတင်ဓာတ်ပုံတွေ ယူထားလိုက်ပြီး ပြန်လွှတ်ပေးခဲ့တယ်”ဟုမန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူးက ဆက်လက်ပြောသည်။

Bar Code နိုက်ကလပ်အား တရားမ၀င် ဖွင့်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း ယခုမှ ဖမ်းဆီးခြင်းဖြစ်ပြီး ကျောင်းသား လူငယ်
များအကြားတွင်လည်း နာမည်ကြီးနိုက်ကလပ်တစ်ခု အဖြစ်ကျော်ကြားကြောင်း ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှ ဆရာ တစ်ဦးကပြောသည်။

“ဒီဟာဖွင့်တာနဲ့ ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့တို့၊ အုပ်ချုပ်ရေးရုံးတို့က သိကိုသိရမှာ။ တစ်မြို့လုံးနီးပါးကတောင်သိနေပြီ။ သူတို့က ခုမှသိပြီး ဖမ်းတယ်ဆိုတာတော့ မဟုတ်သေးဘူး”ဟု ၎င်းကဆက်လက်ပြောသည်။

မန္တလေးမြို့တွင်းတွင် ဒေးကလပ်နှင့် နိုက်ကလပ်များ ဖွင့်လှစ်ခြင်းကို ခွင့်ပြုထားခြင်း မရှိကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက သတ္တမအကြိမ် ကျင်းပသည့် လွှတ်တော်တွင် ပြောကြားထား သည်။

Ref : 7Day News Journal
Read more →

Friday, October 4, 2013

မြိတ်မြို့ပေါ်တွင် လက်စွမ်းပြ ဓားသရမ်းသူများအား ရဲနှင့် ပြည်သူ ပူးပေါင်း ဖမ်းဆီ

,


မြိတ်မြို့ပေါ် ရပ်ကွက်များအတွင်း မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ သွားလာကာ ညပိုင်း အချိန်များတွင် လမ်းသွား လမ်းလာများ၊ မော်တော် ဆိုင်ကာ စီးနင်းသူများအား အကြောင်းမဲ့ ဓားဖြင့် လမ်းသရဲ ဆန်ဆန် လိုက်လံ ခုတ်ထစ်နေသည့် လူငယ်(၇) ဦးအား မြိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ၀ိုင်းဝန်း ပူးပေါင်း ပိတ်ဆို့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ ည (၁၁)နာရီခွဲ အချိန်ခန့်တွင် လူငယ် တစ်အုပ်သည် မော်တော်ဆိုင်ကယ်များဖြင့် မြိတ်မြို့အတွင်း နောက်လယ်ရပ်ကွက်မှ စတင်ကာ လမ်းသွားလမ်း လာများ၊ မော်တော်ဆိုင်ကယ်စီးနင်း သူများအား ၄င်းတို့တွင် အဆင်သင့် ပါလာသည့် ဓားများဖြင့် မော်တော် ဆိုင်ကယ် စီးနင်းပြီး လိုက်လံ ခုတ်နေကြောင်း သတင်းအရ ပူးပေါင်း အဖွဲ့မှ ဖမ်းဆီးရာ သက်ပိုင်ဦး အသက် (၁၇)နှစ်၊ ကျော်စိုးထွန်း အသက် (၁၉)နှစ်၊ အာကာစိုး အသက် (၁၇)နှစ်၊ အောင်ဇင်မိုး အသက် (၁၈)နှစ်၊ အောင်သူရပိုင် အသက် (၁၈)နှစ် ၊ အားမာန်ပြည့် အသက် (၁၇)နှစ်၊ ကျော်ရန် အသက် (၁၆)နှစ်၊ တို့အား ၄င်းတို့ ကိုင်ဆိုင်ထားသည့် ဓားများနှင့်အတူ ပိတ်ဆို့ ဖမ်းဆီး နိုင်ခဲ့သည်။ အဆိုပါ ဓားဖြင့် လိုက်ခုတ်သည့် လူငယ်များအား မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်းမှ ဖမ်းဆီးထိန်းသိမ်းကာ (ပ) ၄၉၈/၂၀၁၃၊ ပြစ်မှုပုဒ်မ - ၂၃၆/၂၉၄/၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

Ref. မြိတ်ပုလဲမြေ
Read more →

Thursday, October 3, 2013

Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်

,


Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် အောက်တိုဘာ ၁ရက်နေ့ညက သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အမှုဖြစ်ပွားပုံမှာ ယနေ့မနက် ၆နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ အကွက်(တ-၇)၊ ၆၉လမ်း-နှင်းဆီလမ်းထောင့်၊ အမှတ်(ဏ/၁၆)၊ရှိ Panasonec Co.,Ltd မန္တလေးရုံးခွဲ(ရုံးခန်းနှင့်ဂိုထောင် တွဲ လျှက်) သို့ သက်ပိုင်စိုး ၂၇နှစ်(ဘ)ဦးစိုးတင့်၊ အရောင်းဝန်ထမ်းသည် ပစ္စည်းများထုတ်ယူရန်လာရောက်ခဲ့သည်။ ရောက်ရှိချိန်တွင် ခြံ ၀န်းတံခါးမကြီးပွင့်နေသည်ကို တွေ့ရပြီး ခြံဝန်းအတွင်းလူသုံးဦးလဲကျနေသည်ကို တွေ့ရှိသဖြင့် ဒါရိုက်တာ ဦးလှဖုန်းကျော်သို့အကြောင်း ကြားခဲ့သည်။

လဲကျနေသူသုံးဦးမှာ ဦးဟန်သောင်း(၇၀)နှစ်၊ PSS ကုမ္မဏီလုံခြုံရေးဝန်ထမ်း၊ (ဘ)ဦးသာဒွန်း၊ ထန်းတ ပင် ဈေးချိုရပ်ကွက်၊ အမရပူရမြို့၊ ဦးတင်လှိုင်(၅၄)နှစ် PSS ကုမ္မဏီလုံခြုံရေးဝန်ထမ်း၊ (ဘ)ဦးစု၊ သင်ပန်းကုန်း ဈေးချိုရပ်ကွက်၊ အမရပူရမြို့နှင့် ဒေါ်ကြည်ဟန်(စိစစ်ဆဲ) တို့ဖြစ်သည်ဟု သိရသည်။ ၄င်းသုံးဦးမှာ မျက်နှာနှင့်ဦးခေါင်းတို့တွင် ထုရိုက်ထား သည့် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှတ်တမ်းများအရသိရသည်။

အဆိုပါသတင်းမှာ ကနဦးသတင်းသာဖြစ်ပြီး အသေးစိပ်အချက်လက်များ မသိရသေးကြောင်း အမှုအား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

`လူသေအလောင်းတွေပဲတွေ့တယ်။ ပစ္စည်ပျောက်တာတော့ မတွေ့ရသေးဘူး။ ဘာကြောင့်လုပ်တယ် ဆိုတာ ဆက်လက်စုံးစမ်းဖော်ထုတ်သွားမှာပါ´ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ၄င်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး အမှတ်(၁၁)ရဲစခန်းတွင် (ပ)၄၉၈/၂၀၁၃၊ ပုဒ်မ(၃၀၂)အရအမှုဖွင့်အ ရေးယူထားကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်

ဖိုးလပြည့်

Popular Myanmar News Journal

Read more →

Wednesday, October 2, 2013

ထန်းတပင်မြို့နယ်မှ မိခင်အရင်းကိုသတ်သည့်သားအား မော်လမြိုင်တွင်ဖမ်းဆီးရမိ

,

၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန် ထန်းတပင်မြို့နယ်၊ဆန္ဒယော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးသည် တစ်ရွာတည်းနေ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုး မှာနေအိမ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရ၍သွားရောက်ကြည့်ရှုခဲ့ရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုးတွင် ဦးခေါင်းနောက် စေ့ပြတ်ရှဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ညှိုးပြတ်၊ ၀ဲကျောကုန်း ထိုးသွင်းဒဏ်ရာ၊၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၃)ချက်၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်တို့ဖြင့်
သေဆုံး နေသည်ကိုတွေ့ရှိရပြီး အနီးတွင် ရဲတင်း(၁)လက်၊ အရိုးအသွား(၆)လက်မခန့်ရှိဝါးရိုးတပ်မီးဖိုချောင် သုံးဓါးအကျိုး(၁)ချောင်းတို့အားတွေ့ရှိခဲ့ရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍စုံစမ်းရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုးမှာ ယင်းနေ့နံနက် ၀၃၃၀ အချိန်ခန့်က ၎င်း၏သားအရင်းဖြစ်သူ တင်ထွန်းဝင်းနှင့်စကားများခဲ့ကြောင်း၊ တင်ထွန်းဝင်းမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရှိရသဖြင့် အရေးယူပေးပါရန်ဦးကျော်မင်းစိုးမှတိုင်တန်းခဲ့၍ တက်သစ်နယ်မြေရဲစခန်း (ပ)၉၆/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူစုံစမ်းဆောင်ရွက်ခဲ့ပါသည်။

မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊အထူးမှုခင်းနှမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များနှင့်တက်သစ်နယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင်များပူးပေါင်း၍ အမှုမှ ပြစ်မှုကျူးလွန်ထွက်ပြေးတိမ်းရှောင်နေသူ တင်ထွန်းဝင်းအား ဖမ်းဆီးရမိရေးအတွက်စုံစမ်းဆောင်ရွက်ခဲ့ရာ၎င်းသည်မော်လမြိုင်မြို့တွင်ရောက်ရှိတိမ်းရှောင်နေကြောင်းသိ
ရှိရသဖြင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရှာဖွေဖမ်းဆီးခဲ့ရာ ၃၀.၉.၂၀၁၃ရက်နေ့ ၁၈၄၅ အချိန်တွင်မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ တိုးချဲ့(၃)လမ်းတွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police.
Read more →

Tuesday, October 1, 2013

ကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

,



ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့နယ် ၊ ခိုလမ်မြို့ နယ်မြေခံ ခိုလမ်ရဲစခန်း နှင့် တောင်ကြီး မူယစ်အထူး အဖွဲ့ တို့မှ ပူးပေါင်း အဖွဲ့သည် ယမန်နေ့ ညနေ ၂ နာရီိခန့်တွင် သတင်းအရ ခိုလမ် မြို့နယ်ခွဲ အမှတ်(၅/၁၈) ၊ ပြည်ထောင်စု လမ်း ၊ (၅)ရပ်ကွက် ၊ ဝမ်ဖွီး ကျေးရွာနေ မနန်းခင်စန္ဒာ (ခ) နန်းခမ်းကော် ၃၉ နှစ် (ဘ) ဦးစိုင်းလူ၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ မီးဖိုဆောင် နှင့် အောက်ထပ်ခန်း အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေး ပြား (၂၂ဝ)ပြား ၊ ပလပ်စတစ် အဖြူဖြင့် ထုပ်ထားသော ဘိန်းစိမ်း (၉၆)ဂရမ်အား ဖမ်းဆီး ရမိခဲ့ပြီး သတင်းဆက် အရ ရပ်ကွက်(၂) ၊ အိမ်အမှတ် (၄၁)နေ နန်းလှယဉ် ၄၃ နှစ် (ဘ) ဦးလုံးစမ်းစိန် ၏ နေအိမ်အား ဆက်လက်ရှာ ဖွေရာ

မူးယစ်ဆေးဝါး တွေ့ရှိခြင်း မရှိဘဲ ၄င်း၏ တူဖြစ်သူ ပီစော ၄၁ နှစ် (ဘ) ဦးလုံကန္န ၏ နေအိမ်အား ဆက်လက် ရှာဖွေစဉ် စိုင်းတိ ၄၁ နှစ် (ဘ) ဦးလုံကောက်ခက်ပန် သည် ရောက်ရှိ လာပြီး ပူပေါင်းအဖွဲ့မှ ရပ်တန့် အစစ်ဆေး ခံရန် ပြောဆိုစဉ် အုတ်တံတိုင်း ကျော်၍ ထွက်ပြေး သဖြင့် လိုက်လံ ဖမ်းဆီးရာ ၄င်းထံမှ ကျကျန်ရစ် ခဲ့သော အနက်ရောင် အိတ်တစ်လုံး သိမ်းဆည်း ရမိခဲ့သည်။

၎င်းနောက်သို့ ထပ်ကြပ် မကွာလိုက်လံ ရှင်းလင်းရာ နောင်ကျောင်း ရေကန်အနီး အရောက်တွင် တရားခံမှ ပစ္စတိုဖြင့် စတင် ပစ်ခတ်ပြီး ရေကူး ထွက်ပြေး သဖြင့် ပူးပေါင်းအဖွဲ့မှ ပစ်ခတ်ရာ ဦးခေါင်း ရှေ့ယာခြမ်း ထိမှန်ဒဏ်ရာ များဖြင့် ရေကန်ထဲတွင် သေဆုံးသွား ခဲ့သည်။ ကျကျန်ခဲ့သော ၄င်း၏ အိတ်အနက်ရောင် မှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြား (၆ဝ) ပြားပါ ၁ ထုပ် ၊ ချက်(စ်)နိုင်ငံ လုပ် RAMY အမျိုးအစား ပစ္စတို ၁ လက် ၊ ကျည်ကတ် ၁ ခု ၊ ကျည် ၁၄ တောင့် ၊ အမှတ် (၉၁) လက်ပစ်ဗုံး ၁ လုံး ၊ ငွေကျပ် ၁ဝ သိန်းနှင့် သေဆုံးစဉ် ၄င်း၏ ခါးတွင် ပတ်ထားသော ပျောက်ကျား ခါးပတ်အိတ် အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား (၂ဝဝ) ပြားပါ ၆ ထုပ် ၊ (၁၈ဝ)ပြားပါ ၁ ထုပ် ၊ ရေစို ပျက်စီးနေသည့် ဆေးပြား အလေးချိန် (၁ဝ) ဂရမ်ခန့်ပါ ၁ ထုပ် ၊ မှတ်ပုံတင် တစ်ခုအား သိမ်းဆည်း ရမိခဲ့သည်။

အခင်းဖြစ်ပြီး ချိန် ညနေ ၅ နာရီခန့်တွင် ဖြစ်စဉ် မဖြစ်ပွားမီ သေဆုံးသူ စိုင်းတိအား နန်းလှယဉ် ၏နေအိမ်သို့ လာရောက် ပို့ဆောင် ပေးခဲ့သော SURF နက်ပြာရောင် ၊ ယာဉ်အမှတ် (၇ခ/၂ဝ၆၅) နှင့် အတူ စိုင်းစံမင်း (ခ) စိုင်းစော ၁၉ နှစ် (ဘ) ဦးလုံးလု နှင့် စိုင်းစိန် ၂၈ နှစ် (ဘ) ဦးလုံးစိုင်း တို့နှစ်ဦးသည် ၄င်းနေအိမ်သို့ ပြန်လည် ရောက်ရှိ လာသဖြင့် ပူးပေါင်း အဖွဲ့မှ မသင်္ကာ၍ ခိုလမ်ရဲစခန်း သို့ခေါ် ဆောင် ကာ ယာဉ်အား အသေးစိတ် စစ်ဆေးရာတွင် နောက်ခန်း အတွင်းမှ M-22 မောင်းပြန် ရိုင်ဖယ် ၁ လက် (ခေါက်ဒင်ပါ) ၊ ကျည် ၁၆၈ တောင့် ၊ ကျည်ကတ် (၂)ခု ၊ (၉)လုံးကျည် (၁၇) တောင့် ၊ ၄င်းကျည်ခါးပတ် အနက်ရောင် ၁ ခု WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြား (၁ဝဝဝဝ) ပါအထုပ် ၂ ထုပ်တို့သိမ်းဆည်း ရမိခဲ့သည်။

အထက်ပါ ဖြစ်စဉ် များတွင် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြားတန်ဖိုး (၈၆၃၂၈၈ဝဝ) ကျပ် နှင့် ဘိန်းစိမ်း တန်ဖိုး (၄၄၉၅ဝ)ကျပ် ၊ စုစုပေါင်းတန်ဖိုး (၈၆၃၇၃၇၅ဝ) ကျပ်အား သိမ်းဆည်း ရမိခဲ့ပြီး တရားခံ များဖြစ်သော ပီစော ၊ စိုင်းစံမင်း (ခ) စိုင်းစော ၊ စိုင်းစိန် ၊ နန်းခင်စန္ဒာ ၊ နန်းလှယဉ် တို့ (၅) ဦးအား ခိုလမ် ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
Read more →

Monday, September 30, 2013

ထန်းတပင်မြို့နယ်တွင် လူသတ်မှုဖြစ်

,

  (အမေကို သတ်တဲ့သား) 

၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန် ထန်းတပင်မြို့နယ်၊စန္ဒယော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးသည် စန္ဒယော်ကျေးရွာနေဒေါ်ထွေးကြည်(ခ)ဒေါ်မိုး မှာနေအိမ်တွင် ဓါးဒဏ်ရာများဖြင့်
သေဆုံးနေကြောင်း သတင်းကြားသဖြင့် သွားရောက်ကြည့်ရှုရာဒေါ်ထွေးကြည်(ခ)ဒေါ်မိုးတွင် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ညှိုးပြတ်၊ ၀ဲကျောကုန်းထိုးသွင်းဒဏ်ရာ၊၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၃)ချက်၊၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်တို့ဖြင့် 
 သေဆုံးနေသည်ကိုတွေ့ရှိရပြီး အနီးတွင် ရဲတင်း(၁)လက်၊ အရိုးအသွား(၆)လက်မခန့်ရှိဝါးရိုးတပ် မီးဖိုချောင်သုံးဓါးအကျိုး(၁)ချောင်းတို့အား တွေ့ရှိခဲ့ရပါသည်။

ဖြစ်စဉ်အား စုံစမ်းမေးမြန်းရာ အခင်းဖြစ်အိမ်ခေါင်းရင်းဘက် (၂၅)ပေခန့်အကွာနေ ဦးသစ်လွင်၏ ပြောပြချက်အရ ၀၃၃၀ အချိန် ခန့်တွင် သေဆုံးသူနှင့်အတူနေသားဖြစ်သူ တင်ထွန်းဝင်းတို့ စကားများကြကြောင်း၊ သေဆုံးသူမှ တင်ထွန်းဝင်း ငါ့ကိုမလုပ်နဲ့ ငါပေးမယ်ဟုပြောဆိုသံကြားရကြောင်းတို့ကို သိရှိရသဖြင့်ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးကို သတ်ခဲ့သူ တင်ထွန်းဝင်းအားအရေးယူပေးပါရန် ဦးကျော်မင်းစိုးမှ တိုင်တန်းခဲ့၍ တက်သစ်နယ်မြေရဲစခန်း(ပ)၉၆/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police
Read more →

ဝဲကြီးကျေးရွာမှ ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင်ကန် ရဲစခန်းသို့ လာရောက်အဖမ်းခံ

,

ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့်ခံထားရသည့် ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန်အတွက် စက်တင်ဘာ ၂၈ ရက်တွင် ကျည်တောင်ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။
ယခုလာရောက် အဖမ်းခံသည့် ၁၀ ဦးသည် ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းဝင်းက တရားလိုပြုလုပ်၍ တိုင်တန်းထားသည့် ပြစ်မှုများဖြစ်သည့် (ပ)အမှတ် ၆၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၃၊ ၂၉၄၊ ၁၁၄ တို့အတွက် ဥပဒေနှင့်အညီ ရင်ဆိုင်ရန် လာရောက်အဖမ်း ခံခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ၁၀ ယောက်လုံး ဒီအမှုကို ရင်ဆိုင်ဖို့အတွက် လာရောက်အဖမ်း ခံတာပါ။ နောက်တစ်ခါ သူတို့ဘက်က အချိန်မတော် လာရောက်ကျူးလွန် ထားတာကိုလည်း ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အမှုပြန်ဖွင့်ဖို့ ဆုံးဖြတ်ထားပါတယ်။ အခုအချိန်မှာ အဲလောက်ပဲ ကျွန်တော်ပြောချင်ပါတယ်။ အခုအချိန်မှာ ထင်ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ်" ဟု ကိုဇော်လတ်က ပြောကြားခဲ့သည်။
ဥတ္တရသီရီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဦးသူရက "သူတို့တွေ အမှုပြန်ဖွင့်မယ် ဆိုရင်လည်း ကျွန်တော်တို့ အနေနဲ့ လက်ခံပြီး ပြန်ဖွင့်ပေးမယ်။ ကျွန်တော်တို့ အနေနဲ့ အမှုမှန် ပေါ်ပေါက်အောင် တရားဥပဒေနဲ့အညီ ပြန်လည်ဆောင်ရွက် ပေးမှာပါ။ ဒီအမှုကို ပွင့်လင်းမြင်သာစွာနဲ့ စစ်ဆေးသွားမှာပါ။ အမှုစစ်မယ့် နေ့မှာလည်း ဘယ်သူမဆို လာရောက်နားထောင် နိုင်ပါတယ်။ ကိုဇော်လတ်ကို စစ်ဆေးတဲ့ အခါမှာလည်း ကိုဇော်လတ် အနေနဲ့ လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့် ရှိပါတယ်။ အခုဟာက ရဲကိုရိုက်လို့၊ ရဲဒဏ်ရာရလို့ အမှုဖွင့်တာ မဟုတ်ပါဘူး။ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်တာကို နှောင့်ယှက်လို့ ဒီပုဒ်မနဲ့ စွဲတာပါ။ ဥပဒေ လမ်းကြောင်းအရ ကျွန်တော်တို့က ဘယ်သူ့ကိုမှ ခွင့်ပြုလို့ မရပါဘူး" ဟု ပြောကြားခဲ့သည်။
ယခုကဲ့သို့ လာရောက်အဖမ်းခဲ့သည့် ရွာသား ၁၀ ဦးသည် စက်တင်ဘာ ၁၂ ရက်တွင် အစိုးရ သတင်းစာတိုက်အတွက် သိမ်းယူထားသည့် ၀ဲကြီးကျေးရွာသားများ ယခင်က လုပ်ကိုင်ခဲ့သည့် လယ်ယာမြေများကို ၀င်ရောက်ထွန်ယက်ခဲ့ကြောင်း၊ ယင်းသို့ ထွန်ယက်ပြီးနောက်ပိုင်း စက်တင်ဘာ ၁၉ ရက်တွင် ရဲတပ်ဖွဲ့ဝင်အင်အား ၆၀ ခန့်ဖြင့် ည ၂ နာရီ ၁၅ မိနစ်ခန့်တွင် ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အခုအချိန်မှာ ထင်ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ် . . . . .
စက်တင်ဘာ ၂၇ ရက်တွင် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ညပိုင်းအချိန်မတော် ဖမ်းဆီးခြင်းမှာ တစ်ခါတစ်ရံမှာ လိုအပ်ချက် အရဖြစ်ကြောင်း၊ တရားခံရှိတဲ့အချိန် ၀င်ရောက်ဖမ်းရခြင်း ဖြစ်ကြောင်း၊ ဒါပေမဲ့လည်း တတ်နိုင်သလောက်တော့ ဒီလိုမျိုး မဆောင်ရွက်အောင် တာဝန်ရှိသူတွေကို မှာကြားထားကြောင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
လာရောက်အဖမ်းခံခဲ့သည့် ၀ဲကြီးကျေးရွာသား ၁၀ ဦးမှာ ကိုဇော်လတ်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်၊ ဒေါ်မာသင်း၊ ကိုအောင်ကျော်မိုး၊ ကိုဆန်းလွင်၊ ကိုသက်နိုင်၊ ကိုထွန်းလတ်၊ ဦးစိုးမြင့်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါလယ်မြေများအတွင်းရှိယူကလစ်ပင်များကိုခုတ်သည့်အတွက် ဇေယျာသီရိမြို့ ရွှေတွင်းကုန်းရဲစခန်းမှ ၀ဲကြီးကျေးရွာသားများဖြစ်သည့် ဒေါ်ဝင်းကြည်၊ ဒေါ်ခင်အေး၊ ကိုဇော်ခင်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်တို့အား ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ကိုဇော်လတ်နှင့်ဇနီး မမာသင်း အဖမ်းခံသည့်အတွက် ငါးနှစ်သမီးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က "ဥပဒေမှာကတော့ လူတစ်ယောက်ရဲ့အိမ်ဟာ သူ့ရဲ့ခံတပ်ပဲ။ သူ့ရဲ့ပိုင်နက်ကို ကျူးကျော်လာရင် အကြောင်းမရှိဘဲနဲ့ ဥပဒေနဲ့အညီ ဆိုတစ်မျိုး၊ ၀ရမ်းမပါဘဲနဲ့ ကျူးကျော်လာရင် ဒါဟာသူ့ကို တိုက်ခိုက်တာဘဲ။ သူ့မှာတုံ့ပြန်နိုင်တဲ့ အခွင့်အရေး ရှိတယ်။ ညအချိန် ကျွန်တော်တို့ ပိုင်နက်ကို ကျူးကျော်လာရင် သေသည်အထိ ပစ္စည်းကို ခုခံနိုင်တာ ပြစ်မှုဆိုင်ရာ ဥပဒေမှာ ရှိပြီးသားပါ။ ဒါပေမဲ့ အခုဟာက လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့၊ တစ်နည်းဆိုရင် ရဲလက်စွဲနဲ့ အညီပေါ့ဗျာ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတို့၊ အဲဒါတွေနဲ့အညီ ၀င်တာဆိုရင် တစ်မျိုးပေါ့။ ရွာမပြောနဲ့။ အိမ်တစ်အိမ် ၀င်ရင်တောင် ၀ရမ်းပါရတယ်ဗျာ။ ရှာဖွေဝရမ်းဆိုတာ ပါရတယ်။ ထောက်ပြရမယ် ဆိုရင်တော့ ပထမတစ်ချက်က ညအချိန်မတော် ၀င်တယ်။ ဒုတိယတစ်ချက်က ရပ်ရွာလူကြီး မပါဘူး။ တတိယ တစ်ချက်က ဖမ်းတဲ့ဝရမ်း မပါဘူး" ဟု သုံးသပ်ပြောကြားခဲ့သည်။

by weeklyeleven
Read more →

Friday, September 27, 2013

အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ

,


ဇော်ဇော်ထွေး | သောကြာနေ့၊ စက်တင်ဘာလ ၂၇ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၁၄ မိနစ်

မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသမီးငယ် တစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်းခံရသဖြင့် အရေးယူပေးရန် စက်တင်ဘာ ၂၅ ရက်က အမှုဖွင့် တိုင်တန်းထားသည်။

အမှုတွင် စက်တင်ဘာ ၂၀ ရက်နံနက် ၈ နာရီက မင်္ဂလာဒုံမြို့နယ်နေ ဦး-----(၅၃)နှစ်က အိပ်ရာထစဉ် အတူနေ သမီး ဖြစ် သူမ----(၁၈)နှစ်၏ လုံချည်တွင် သွေးများပေနေသည်ကို တွေ့ရှိသဖြင့် မေးမြန်းရာမှ အဓမ္မပြုကျင့်ခြင်း ခံရသည်ကို သိရှိခဲ့ကြောင်း တိုင်းရဲဌာန၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

သမီးဖြစ်သူက ပြောပြရာတွင် စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီအချိန်က နေအိမ်တွင် မီးပျက်နေသဖြင့် လမ်း အတွင်းရှိ ဈေးဆိုင်သို့ ဖယောင်းတိုင် သွားဝယ်ရာမှ ဈေးဆိုင် မရောက်ခင် လမ်းတွင် ပြစ်မှုကျုးလွန် ခံရခြင်း
ဖြစ်သည်ဟုလည်း ဖခင်က ရဲကို ထွက်ဆိုထားသည်။

သူမမှာ လမ်းအတွင်းတွင် မျိုးမင်းထိုက် (၃၂)နှစ် မင်္ဂလာဒုံမြို့နယ်နေသူ ပါသုံးဦးကို အရက်မူးလာသည်ကို တွေ့ရှိ ခဲ့ရသည်ဟု ဆိုထားသည်။ ထို့နောက် အမည်မသိသူ နှစ်ဦးက သူမအား လမ်းဘေးသို့ ဆွဲချ၍ မျိုးမင်းထိုက်က သားမယားပြုကျင့်ခဲ့ပြီးကျန်နှစ်ဦးကလည်း ဘေးမှ နေ၍ မဖွယ်မယာပြုလုပ်ခဲ့ကြသည်ဟု ရဲအား တိုင်တန်းထွက်ဆို ထားသည်။

ထို့ကြောင့် မျိုးမင်းထိုက် အပါအ၀င် သုံးဦးစလုံးကို အရေးယူပေးရန် ကာယကံရှင်၏ ဖခင်ဖြစ်သူက စွပ်စွဲ တိုင်တန်း လိုက်ခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကြောင့် မင်္ဂလာဒုံ ရဲစခန်းက စက်တင်ဘာ ၂၅တွင် (ပ)၅၉၅/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲခံထား ရသူ မျိုးမင်းထိုက်ကို ဖမ်းဆီးစစ်ဆေးနေကာ ကျန်နှစ်ဦးကိုလည်း ဖမ်းဆီးရမိရေး စုံစမ်းနေသည်။

ယင်းတို့ကို ပြစ်မှုကျူးလွန်ကြောင်း မှန်ကန်ပါက ပုဒ်မ ၃၇၆/၁၁၄ဖြင့် တရား စွဲတင်မည်ဟုလည်း တိုင်းရဲဌာနက ဆိုထားသည်။

ယင်းနေ့တွင်ပင် အသက် (၁၁)နှစ်အရွယ် ကလေးငယ်အား အသက်(၂၈)နှစ်ရှိ အိမ်ထောင်သည် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ဟုဆိုကာ တိုင်တန်းထားမှု တစ်ခုကိုလည်း တာမွေရဲစခန်းက(ပ) ၄၁၈/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူး ရုံး၏ မှတ်တမ်းများအရ သိရသည်။
Read more →

တရုတ်နိုင်ငံထုတ် ခြင်ဆေးခွေစားမိ၍ အမျိုးသမီးတစ်ဦးသေဆုံး

,
ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာတွင် အမျိုးသမီးတစ်ဦး တရုတ်ပြည်မှလာသော ကျင်းထုံ အမည်ရှိ ခြင်ဆေးခွေ များ စားရာမှ စက်တင်ဘာ ၂၃ ရက်တွင် သေဆုံးခဲ့သည်။

အမှုတွင် ညောင်ပင်သားကျေးရွာ အနီး လယ်တောထဲတွင် အမျိုးသမီးတစ်ဦး ခြင်ဆေးခွေများ စားသဖြင့် အသက် အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင်ရှိ နေကြောင်း နံနက် ၁၁ နာရီအချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ သတင်းပေးချက်အရ ဆင်အင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ကြသည်။

ထို့ကြောင့် အခင်းဖြစ်ရာအရပ်မှာ ညောင်ပင်သာ ကျေးရွာရှိ လယ်စောင့်တဲတွင်ဖြစ်ပြီး ခြင်ဆေးခွေများ စားသူမှာ မရီရီဦး(၂၁)နှစ်၊ ကျားမြောက်ကျေးရွာနေသူ ဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ကြောင့် သူမအား အချိန်မီ ကယ်ဆယ်နိုင်ရန် ရွှေဘို ပြည်သူ့ဆေးရုံကြီးသို့ ရဲဆေးစာဖြင့် ကယ်ဆယ်ပို့ဆောင်ပေး ခဲ့သည်ဟု သိရသည်။ သို့သော်လည်း ယင်းနေ့ ညနေ ၅ နာရီခန့်တွင် သေဆုံးသွားခဲ့သည်ဟု ဆင်အင်နယ်မြေ ရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးက ပြောခဲ့သည်။

ယင်းသေဆုံးမှုတွင် မရီရီဦးသည် မည်သည့်အတွက်ကြောင့် ခြင်ဆေးခွေများ စားသုံးခဲ့ခြင်းကို မသိရှိသေးပေ။ ယင်းသေဆုံးမှုကို သာမန် သွေးရိုးသားရိုး သေဆုံးခဲ့ခြင်း ဟုတ်၊ မဟုတ် ဆက်လက် စစ်ဆေးမည်ဖြစ်သဖြင့် ဆင်အင်နယ်မြေရဲ စခန်းက သေမှုသေခင်းအမှတ်စဉ် (၄/ ၂၀၁၃)ဖြင့် အမှုဖွင့်ထားသည်။
Credit: mizzimaburmese
Read more →

မန္တလေးရှိ ဟိုတယ်တစ်ခုတွင် နိုင်ငံခြားသားတစ်ဦး ဝတ်လစ်စားလစ်ဖြင့် သေဆုံး

,



အဆိုပါ သေဆုံးသူ သြစတြေးလျနိုင်ငံသား Mr.Wayne Gibson Mikchel (၆၈) နှစ်သည် အဆိုပါ ဟိုတယ်သို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် တစ်ဦးတည်း တည်းခိုခဲ့ပြီး စက်တင်ဘာလ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်က ဟိုတယ် သန့်ရှင်းရေးဝန်ထမ်းက သန့်ရှင်းရေး ပြုလုပ်ရန်အတွက် တံခါးခေါက်ရာ တုံ့ပြန်မှု မရှိသဖြင့် ဟိုတယ်ရှိ သော့အပိုဖြင့် ဖွင့်ခဲ့ရာ စောင်ခြုံလျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသေဆုံးနေသည့် နိုင်ငံခြားသားကို မန္တလေးဆေးရုံးကြီး ရင်ခွဲရုံတွင် ခွဲစိတ်စစ်ဆေးရာ နှလုံးသွေးကြောပိတ်၊ နှလုံးကြွက်သား ဆွေးမြည့်ရောဂါဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဆေးရုံဆေးစာအရ သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ဟိုတယ်မန်နေဂျာကို ဆက်သွယ်မေးမြန်းခဲ့ရာ ဟိုတယ်တွင် သေဆုံးခြင်း မဟုတ်ဘဲ ဆေးရုံတွင် သေဆုံးခြင်း ဖြစ်သည်ဟု ၎င်းက ပြန်လည် ဖြေကြားသည်။

သေဆုံးသူ နိုင်ငံခြားသား၏ အနီးတွင် ရေသန့်တစ်ဘူး၊ Red Ruby ဆေးလိပ်တစ်ဘူး၊ CocaCola တစ်ဘူးနှင့် အခြားဆေးကတ်များ (စိစစ်ဆဲ) တွေ့ရှိပြီး အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ မြို့နယ်ရဲစခန်းများ၊ အမှတ် (၁၃) မှုခင်းတပ်ဖွဲ့စု (မန္တလေး) တို့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လ၀က) အဖွဲ့များက ပူးပေါင်း၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကထပ်မံပြောကြားသည်။

သြစတြေးလျ နိုင်ငံသား၏ အခန်းအတွင်းမှ တွေ့ရှိသော ခရီးဆောင်အိတ် အတွင်းမှ Canon အမျိုးအစား ကင်မရာအကြီးတစ်လုံး၊ မှန်ဘီလူးသုံးခု၊ Sony ကင်မရာ အသေးတစ်လုံး၊ှ Samsung အမျိုးအစား လက်ကိုင်ဖုန်း အခွံနှစ်လုံး၊ မြန်မာငွေ ၅၀၀၀ ကျပ်တန် ၄၉ ရွက်၊ ၁၀၀၀ တန် နှစ်ရွက်၊ ၂၀၀ တန် နှစ်ရွက်၊ ၁၀ တန် တစ်ရွက်၊ စင်ကာပူဒေါ်လာ ၁၀ တန် နှစ်ရွက်၊ ၅ ဒေါ်လာ တစ်ရွက်၊ ၂ ဒေါ်လာ တစ်ရွက်၊ တရုတ်ယွမ် ၁၀၀ တန် ငါးရွက်၊ ၅ ယွမ်တန် သုံးရွက်၊ ၂၀ ယွမ်တန် သုံးရွက်၊ ၁၀ ယွမ်တန် တစ်ရွက်၊ ၁ ယွမ်တန် သုံးရွက်၊ သြစတြေးလျ နိုင်ငံသုံးငွေ ၁၀၀ တန် ၂၀ ရွက်၊ အမေရိကန် တစ်ဒေါ်လာတန် နှစ်ရွက်နှင့် အခြားအသုံးအဆောင် ပစ္စည်းများ ၅၁ မျိုးကို ဒုတိယ လဝကမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဟိုတယ်မန်နေဂျာနှင့် သက်ဆိုင်ရာ ရဲစခန်းတို့က မှတ်တမ်းပြုစု သိမ်းဆည်းထားကြောင်း အဆိုပါ တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်၍ ချမ်းအေးသာစံမြို့နယ် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၅/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးလျက် ရှိကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
The Voice Weekly

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြိုနယ် ဟေမာဇလရပ်ကွက် ၂၈ လမ်း၊ ၇၆x၇၇ ကြားရှိ ဟိုတယ်တစ်ခုတွင် စက်တင်ဘာလ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်က နိုင်ခြားသားတစ်ဦး အိပ်ရာပေါ်တွင် ဝတ်လစ်စားလစ်ဖြင့် စောင်ခြုံလျက် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
Read more →

ဖောက်ထွင်းမှုများဖြင့် ထောင် ၈၃ နှစ် ကျခံနေရာမှ ထွက်ပြေးပြီး ဖောက်ထွင်းမှု ထပ်မံကျူးလွန်သူအား ဖမ်းဆီးရမိ

,


ခိုးမှု၊ ဖောက်ထွင်းမှုများဖြင့် ထောင်ဒဏ် ၈၃ နှစ် ကျခံနေရာမှ မွန်ပြည်နယ်၊ မုပ္ပလင် ရဲဘက်စခန်းမှ တရားခံတစ်ဦး ထွက်ပြေးပြီး ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ ဖုန်းဆိုင် တစ်ဆိုင်ကို ထပ်မံဖောက်ထွင်းမှု ကျူးလွန်ခဲ့ရာမှ ဖမ်းဆီးရမိပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၎င်းကို အင်းစိန်မြို့နယ် ဖုန်းဆိုင်ဖောက်ထွင်း ခံရမှုနှင့် ပတ်သက်ပြီး မြောက်ပိုင်းခရိုင်၊ အထူးမှုခင်း နှိမ်နှင်းရေး ရဲတပ်ဖွဲ့က စုံစမ်းရာမှ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ အနောက်ပိုင်း ဆေးရုံအနီး၌ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ စက်တင်ဘာ ၂၆ ရက်တွင် သိရသည်။

အဆိုပါ နှစ်ရှည် ထောင်ဒဏ် ကျခံနေသည့် အကျဉ်းသားဖိုးငို (ခ) ၀င်းနိုင် (ခ) ကျော်မင်းလွင်သည် ခိုးမှုများဖြင့် ၂၀၀၀ ပြည့်နှစ်တွင် ထောင်ဒဏ် ၈၃ နှစ် ကျခံနေသူ ဖြစ်ကာ ၂၀၁၂ ခုနှစ် ၁၁ လပိုင်းတွင် မွန်ပြည်နယ်၊ မုပ္ပလင် ရဲဘက်စခန်းမှ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာ ၈ ရက်၊ ညပိုင်းတွင် အင်းစိန်မြို့နယ်၊ ဖော့ကန် ရပ်ကွက်ရှိ ဖုန်းဆိုင်တစ်ဆိုင်ကို ထပ်မံဖောက်ထွင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ဆီကို မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့က ဒီနေ့မှ လာအပ်တာပါ။ အဲဒါကြောင့် ကျွန်တော်တို့ သူ့ကို ပြည့်ပြည့်စုံစုံ မစစ်ဆေး၊ မမေးမြန်းရ သေးပါဘူး။ ပြည့်စုံအောင် စစ်ဆေးမေးမြန်းပြီးမှ ကျွန်တော် သူနဲ့ပတ်သက်တာကို တိတိကျကျ ဖြေကြားလို့ ရမှာပါ'' ဟု အင်းစိန်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မောင်မောင်ဦးက စတ်တင်ဘာ ၂၆ ရက်၊ မွန်းလွဲပိုင်းက ဖြေကြားသည်။

ဆက်လက်၍ အဆိုပါ အကျဉ်းသားမှာ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ ဖုန်းဆိုင်၏ အနောက်ဘက် ပြတင်းပေါက်အား သံတူရွင်းဖြင့် ကလော်ဖွင့်ပြီး အတွင်းရှိ သံပန်းတံခါး သော့ကို ဖျက်ဆီးဝင်ရောက်ကာ ဆိုင်အတွင်းရှိ လက်ကိုင်ဖုန်းများနှင့် ငွေဖြည့်ကတ်များကို ခိုးယူခဲ့ခြင်း ဖြစ်ကြောင်း ဒုရဲမှူးမောင်မောင်ဦးက ပြောကြားခဲ့သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီခန့်တွင် အေးသီတာတာလမ်း၊ ၃ ရပ်ကွက်၊ မရမ်းကုန်း မြို့နယ်နေ မ---(၃၂)နှစ်သည် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းတွင် ဖွင့်လှစ်ထားသော ဖုန်းဆိုင်အား ဆိုင်ဖွင့်ရန် ရောက်ရှိပြီး ဆိုင်အတွင်း သော့ဖွင့်ဝင်ရောက်စဉ် ဆိုင်အနောက်ဘက် ပြတင်းတံခါးများ ပွင့်နေပြီး ပစ္စည်းများ ပြန့်ကြဲနေသဖြင့် စစ်ဆေးကြည့်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးကြည့်ရာ ကျပ် ၁၈၄ သိန်းကျော် တန်ဖိုးရှိ ဟန်းဆက် ၁၂၄ လုံး၊ တစ်သောင်းတန် ငွေဖြည့်ကတ် ၅၉ ကတ်နှင့် ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ် ၆၆ ကတ်တို့မှာ ပျောက်ဆုံးလျက် ရှိကြောင်း တွေ့ရှိခဲ့ရပြီး အင်းစိန်မြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့ရာ ရဲစခန်းက (ပ)၉၇၄/၁၃ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ပြီး ဆက်လက် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
Read more →

Thursday, September 26, 2013

ရည်းစားဟောင်းကို အဓမ္မပြုကျင့်၍ မဖွယ်မရာ ဓာတ်ပုံရိုက် အွန်လိုင်းတင်သူ ကို ဖမ်းဆီး

,
 
အမျိုးသားတစ်ဦးက လွန်ခဲ့သော ၃ နှစ်ခန့်မှ ချစ်သူ ရည်းစားဖြစ်ခဲ့သူ ချစ်သူမိန်းကလေးဟောင်းကို မိမိ၏ နေအိမ်သို့ အတင်းအဓမ္မ ဆွဲယူခေါ်ဆောင်ပြီး အလိုမတူပါဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီးအ၀တ်အစားများကို ချွတ်၍ လက်ပြန်ကြိုးတုတ်ကာ ဖုန်းကင်မရာဖြင့် ဓာတ်ပုံများရိုက်ပြီး မိန်းကလေး၏ ညီမဖြစ်သူထံ အွန်လိုင်းမှ ပို့ပေးခဲ့ရာမှ မိခင်ဖြစ်သူမှ သိရှိသွား၍ စစ်ဆေးမေးမြန်းရာမှ အဖြစ်မှန်ကို သိရှိခဲ့ပြီး ပျဉ်းမနားမြို့မ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သောအမှုမှ တရားခံကို ဖမ်းမိထားရှိပြီး ဖြစ်ပါကြောင်းကို စက်တင်ဘာ ၂၄ ရက်တွင် အဆိုပါ မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မ—- (၂၆)နှစ်၊ ပျဉ်းမနားမြို့၊ရွှေချီရပ်ကွက်တွင် နေထိုင်သူသည် ပျဉ်းမနား ဆင်ရတနာမီးပွိုင့်အနီး ရှိနေစဉ် လွန်ခဲ့သော ၃ နှစ်ခန့်က ချစ်သူသမီးရည်စား ဖြစ်ခဲ့ဖူးသူ ပြည်ဖြိုးအောင် (၂၇)နှစ်၊ (ဘ) ဦးကျော်မြင့်၊ ရန်အောင် (၁) ရပ်ကွက်၊ ပျဉ်းမနားမြို့နေသူ ရောက်ရှိလာပြီး မ—– ကို ဆဲဆိုကြိမ်းဝါးပြီး ၎င်း၏ နေအိမ်သို့ ခေါ်ဆောင်သွားကာ အိပ်ယာခုတင်ပေါ် တွန်းလှဲခဲ့ကာ …မ—- ၏ အ၀တ်အစားများကို အကုန်ချွတ်၍ သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ကြောင်း၊၎င်းနောက် မ—- ကို လက်ပြန်ကြိုးတုတ်၍ ၎င်း၏ ဖုန်းကင်မရာဖြင့် ဓာတ်ပုံရိုက်ယူပြီး ၎င်းနှင့် ဆက်သွယ်ခြင်း မပြုလုပ်ပါက ဓာတ်ပုံများကို အင်တာနက်ပေါ်သို့ တင်မည်ဖြစ်ကြောင်း ပြောဆိုရာ မ—- မှ ထိုကဲ့သို့ မပြုလုပ်ရန်၊ ရိုက်ယူထားသော မိမိပုံများအား ဖျက်ပေးပါရန် ငိုယို တောင်းပန် အသနားခံ ပြောဆိုသော်လည်း ပုံများဖျက်ပေးခြင်း၊ လက်မခံခဲ့သည့်အပြင် ပြည်ဖြိုးအောင် (၂၇)နှစ်၊ (ဘ) ဦးကျော်မြင့်၊ ရန်အောင် (၁) ရပ်ကွက် နေထိုင်သူမှ မ—-၏ ညီမဖြစ် သူ မ—– ကိုင်ဆောင်သော ဖုန်းသို့ မိမိရိုက်ထားသော ပုံများကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က အွန်လိုင်းမှ ပေးပို့ခဲ့သောကြောင့် မ—– ၏ မိခင်ဖြစ်သူ ဒေါ်—– က သိရှိပြီး ဖြစ်စဉ်အား မေးမြန်းခဲ့ရာမှ သမီးဖြစ်သူ၏ ပြန်ပြောပြချက်အရ သိရှိခဲ့ကြောင်း၊ထို့နောက် မ—– မှ ၎င်းအား အလိုမတူဘဲ အတင်းအဓမ္မ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး ကာယိနြေ္ဒ ပျက်ပြားစေလျက် အရှက်ခွဲခဲ့သူ ပြည်ဖြိုးအောင်အား ဥပဒေအရ အရေးယူပေးပါရန် စက်တင်ဘာလ ၁၂ ရက်က တိုင်တန်းမှုကို ပျဉ်းမနားမြို့မ ရဲစခန်းမှ (ပ) ၅၈၅/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၇၆ အရ အမှုဖွင့်ခဲ့ပြီး ဒုရဲမှူး မျိုးသန်းဝင်းမှ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

မိုးယဉ်ညို (နေပြည်တော်)
myanmarthandawsint
Read more →

Wednesday, September 25, 2013

ဒီဇယ်ဆီ အငြင်းပွားသည့် ပြသနာကို တူမီးသေနတ်ဖြင့် ပစ်ခတ်ဖြေရှင်းသူအား ရဲတပ်ဖွဲ့မှ အရေးယူ

,


ဗန်းမောက်မြို့နယ်၊ နောင်ပတ်ကျေးရွာအနီး၊ ကျွန်းတော်ပြန့်ရွှေတူးဖော်ရေး လုပ်ကွက်များတည်ရှိရာ ဒေသ၌ စက်တင်ဘာ ၂၃ ရက်နေ့ည ၉ နာရီခွဲအချိန်ခန့်က စက်သုံးဆီ ဒီဇယ်ပြဿနာအား တူမီးသေနတ်ဖြင့် ပစ်ခတတ်ဖြေရှင်းရာမှ လူတစ်ဦး ပြင်းဒဏ်ရာများရခဲ့ကြောင်း ဒေသခံ ရွှေတူးဖော်ရေးလုပ်သားများထံမှ စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ ကျွန်းလှမြို့နယ်၊ မြစ်နီကျေးရွာနေ ကိုဆန်းဝင်းအောင် ဆိုသူသည် ကျွန်းတော်ပြန့် ရွှေတူးဖော်ရေးဒေသခံ ဦးထွန်းအုန်းနှင့် အကျိုးတူ ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ ယခုလ ၂၂ ရက်နေ့ည ၉ နာရီခွဲအချိန်ခန့်က ရွှေ လုပ်ငန်းသုံး ဒီဇယ်စက်သုံးဆီ ငါးဂါလံပုံး နှစ်ပုံးပျောက်ဆုံးခဲ့သဖြင့် အနီးဝန်းကျင်ရှိ ရွှေတူးဖော်ရေး လုပ်ငန်းတူ အလုပ်ရှင်များ ထံ လေ့လာစုံးစမ်းခဲ့ကြောင်း သိရသည်။ ထိုသို့ စုံစမ်းရာတွင် ၎င်းတို့၏ လုပ်ကွက်နှင့် ကိုက် ၅၀ ခန့်အကွာ၌ ရှိသော ကိုကံ တင် ဆိုသူ၏ လုပ်ကွက်သို့ ကိုဆန်းဝင်းအောင် ဆိုသူမှ သွားရောက်မေးမြန်းခဲ့ရာ ထိုနေရာ၌ ၎င်းတို့နှစ်ဦးသည် ဒီဇယ်ဆီကိစ္စ အငြင်းပွားခဲ့ကြပြီးနောက် ကိုကံတင် ဆိုသူမှ ၎င်း၏တဲအတွင်းရှိ တူမီးသေနတ်ကို ယူဆောင်၍ ကိုဆန်းဝင်းအောင်အား ထို သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ရာ ကိုဆန်းဝင်းအောင်၏ လက်ယာဘက် လက်ကောက်ဝတ်၌ ဖုယောင်ပွန်းပဲ့ဒဏ်ရာနှင့် ၀မ်း ဗိုက်၌ တစ်လက်မခန့် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဗန်းမောက်မြို့နယ်၊ မံစီကြီးနယ်မြေ ရဲစခန်း၏ မှုခင်းမှတ် တမ်းများတွင် ဖော်ပြထားကြောင်း စုံစမ်းသိရှိရသည်။
ဒီဇယ်ဆီအငြင်းပွားသည့်ကိစ္စအား တူးမီးသေနတ်ဖြင့် ပစ်ခတ်ဖြေရှင်းခဲ့သူ ကသာမြို့နယ်၊ ပင်ပွန်းခြုံကျေးရွာနေ (ဘ) ဦးတင်အောင်၏သား ကိုကံတင် အသက်(၃၁)နှစ်ဆိုသူအား ဗန်းမောက်မြို့နယ်၊ မံစီကြီး နယ်မြေရဲစခန်းမှ (ပ)၁၁၈/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၇ အရ အမှုရေးဖွင့်၍ ခေတ္တရဲစခန်းမှူး ရဲတပ်ကြပ်ကြီး သန်းဝင်းမှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ထိုဒေသတွင် ရွှေတူးဖော်ရေး လုပ်ငန်းအများအပြားရှိရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ တရားဝင်ခွင့်ပြုမိန့်အရ လုပ်ဆောင် ခြင်းဟုတ်၊ မဟုတ်အား သတင်းစာကျင့်ဝတ်များအရ သိလို၍ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုန့်ပြန်ဖြေကြားခြင်းမရှိ သဖြင့် ထိုကိစ္စအား သီးခြားသတင်းအတည်ပြုချက်ရရှိနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
သတင်း၊ ကိုတိုးကြီး
Read more →

ကလေးငယ်တစ်ဦးကို လိမ်လည်ခေါ်ဆောင်သူနှင့် အဓမ္မခိုင်းစေသူတို့အား ဖမ်းဆီးရမိထား

,


အသက် ၁၅ နှစ်သာရှိသေးသည့် အမျိုးသမီးငယ်လေး တစ်ဦးအား တရုတ်ပြည်ရှိ အနှိပ်ခန်းတစ်ခုတွင် အတင်းအဓမ္မ ခိုင်းစေရန် လိမ်လည်ခေါ်ဆောင်သူများကို စက်တင်ဘာ ၂၃ ရက်တွင် ဖမ်းဆီး စစ်ဆေးနေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။
အမှုကို ဒေါ်------(၄၀)နှစ်၊ ငါးရောင်း၊ ရွှေပြည်သာမြို့နယ်နေသကူ အမှုဖွင့် တိုင်တန်းထားခြင်း လည်းဖြစ်သည်။ အမှုတွင် စက်တင်ဘာ ၁၁ ရက်က ၎င်း၏ သမီးဖြစ်သူ မ----- (၁၅) နှစ်အား မဝင်းစန္ဒာအေး(ခ)ဝတ်မှုံ(၂၆)နှစ် ဝါးရုံဆိပ်ကျေးရွာ ကြည့်မြင့်တိုင်မြို့နယ် နေသူက ဗန်းမော်မြို့ရှိ ထမင်းဆိုင် တစ်ဆိုင်တွင် တစ်လလျှင် လစာ ကျပ်တစ်သိန်းခွဲထိ ရမည်ဟု ပြောဆို စည်းရုံးခဲ့သည်။
ထို့နောက် သမီးငယ်ဖြစ်သူအား အမည်မသိ ထမင်းချက် အမျိုးသမီးတစ်ဦးနှင့်အတူ ရန်ကုန်မြို့မှ ခေါ်ဆောင် သွားခဲ့ပြီး ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး မန္တလေးသို့ ရောက်နေကြောင်း၊ မဝင်းစန္ဒာက တရုတ်ပြည် ထဲသို့ ဆက်လက် ခေါ်ဆောင်သွားမည်ဖြစ်၍ မလိုက်လိုကြောင်း ပြန်လာခေါ်ရန် ပြေားကြားခဲ့သည်။
ထို့နောက် သမီးဖြစ်သူ ခရီးမထွက်မီ ခေတ္တ တည်းခိုနေထိုင်ခဲ့သော ကြည့်မြင်တိုင်မြို့နယ်ရှိ အမျိုးသမီး တစ်ဦးထံ သွားရောက်စုံစမ်းရာတွင် လွယ်ဂျယ်မြို့ရှိ ရှမ်းအိုးစည်ထမင်းဆိုင်နှင့် လေပြေကာရာအိုကေဆိုင် ပိုင်ရှင် မချို (ခ)မမြငြ့်မင့်ဦး(၅၃) နှစ် အေးရွာ၊ ကြည့်မြင်တိုင်မြို့နယ်နေသူ၏ ဖုန်းနံပါက်ကို ရရှိခဲ့သည် ဟုလည်း မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။
ထေို့ နာက်တရားလို ဖြစ်သည် ဒေါ်----က စက်တင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့မှ လွယ်ဂျယ်မြို့သို့ သွားရောက်ခဲ့ရာ စက်တင်ဘာ ၁၆ ရက်တွင် ဗန်းမော်သို့ ရောက်ရှိခဲ့သည်။ ထို့မှတစ်ဆင့် လွယ်ဂျယ်မြို့သို့ ပါဂျဲရိုးကားတစ်စီးဖြင့် သွားရောက်စဉ် လမ်းခရီးတွင် မချိုထံသို့ ဖုန်းခေါ်ဆိုခဲ့ရာ ၎င်းက “ရှင်ဘာလာလုပ်လဲ၊ ဒီမှာ အဖမ်းအဆီးတွေ ရှိတယ်၊ ရှင့်သမီးနဲ့ပြော” ဟု ဆိုခဲ့သည်။
ထို့နောက် သမီးဖြစ်သူက “အမေအမြန် လာခေါ်ပါ၊ ထမင်းဆိုင်မှာ အလုပ်ရမှာ မဟုတ်ဘူး၊ အနှိပ်ခန်းမှာ လုပ်ရမှာ” ပြန်လည် ပြောဆိုခဲ့ကြောင်းနှင့် မချိုဆိုသူက “ဒီအတိုင်းပြန် ခေါ်လို့ မရဘူး၊ လမ်းစရိတ်ပြန်လျော် ရမည်” ဟု ပြောဆိုပြီး ဖုန်းချသွားခဲ့သည်ဟုလည်း ဒေါ်-----က အမှုဖွင့်ရာတွင် ထွက်ဆိုထားသည်။
ထို့နောက် သူမက လွယ်ဂျယ်မြို့ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့နှင့် တွေ့ဆုံအကူအညီ တောင်းပြီး သမီးငယ်အား ထမင်းဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်ပြောဆိုခေါ်
ဆောင်၍ တရုတ်နိုင်ငံဘက်သို့ မတရားပို့ ဆောင်ပေးသူ မဝင်းစန္ဒာအေးနှင့် ထမင်းဆိုင်၊ ကာရာအိုကေဆိုင် ဗန်းပြ အနှိပ်ခန်းတွင် အတင်းအကျပ်စေခိုင်းသူ ဆိုင်ရှင် မချိုတို့အား အရေးယူပေးရန် အမှုဖွင့်ခဲ့ခြင်းလည်းဖြစ်သည်။
ထို့ကြောင့် လွယ်ဂျယ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၃ ရက်တွင် အမှုနှင့် ဖမ်းဆီးမိထားသူ မဝင်းစန္ဒာအေး၊ မချို (ခ) မမြင့်မြင့်ဦးတို့အား ကြည့်မြင့်တိုင်ရဲစခန်းသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု ဆိုထားသည်။
ယင်းအမှုအား ကြည့်မြင်တိုင်ရဲစခန်းက (ပ)၆၅၈/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိထားသူများအား ဆက်လက် စစ်ဆေးနေပြီး ပြစ်မှုထင်ရှား ပေါ်ပေါက်ပါက ပုဒ်မ ၂၄ဖြင့် တရားရုံးသို့ တရားစွဲတင်မည်ဟု တိုင်းရဲဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။
ယင်းအမှုနှင့် တဆက်တည်းဖြစ်သူ ဒေါ်ချို (ခ) မြင့်မြင့်ဦး (ခ) ချိုချိုမြင့်၊ အေးရွာ၊ ကြည့်မြင်တိုင်နှင့် လိမ်လည်ခေါ်ဆောင်သူ ဒေါ်သီတာ (ခ) ဖြူဖြူမော် တို့ကိုလည်း အမျိုးသမီး နှစ်ဦးအား အနှိပ်ခန်းတွင် လစာမပေးဘဲ စေခိုင်းထားမှုဖြင့် ရွှေပေါက္ကံနယ်မြေ ရဲစခန်းကလည်း (ပ) ၁၇၇/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး ပုဒ်မ ၂၄ ဖြင့် တရားစွဲတင်နိုင်ရန် စစ်ဆေးလျက်ရှိသည်ဟု တိုင်းရဲဌာနက ထုတ်ပြန်ထားသည်။
Read more →