Showing posts with label ကျန်းမာရေး သတင်း. Show all posts
Showing posts with label ကျန်းမာရေး သတင်း. Show all posts

Wednesday, October 16, 2013

ထိပ်ကပ်နာ (သို့) ထိတ်ခပ်နာ(Sinusitis)

,


နှာခေါင်း ကောင်းဖို့ အလွန် အရေးကြီး ပါသည်။ ညှောင်နှာနှာ နှာခေါင်းသံဖြင့် စကား ပြောလျှင်၊ လူတောထဲ နှပ် ခဏခဏ ညှစ်နေရ လျှင် ဘယ်သူမှ သဘောကျမည် မဟုတ်ပါ။ ထို့ကြောင့် နှာခေါင်း ကျန်းမာအောင် အထူး ဂရုစိုက် သင့်ပါသည်။ သီတဂူ ဆရာတော် ဘုရားက တိုသော တရား ကောင်းသည် ဟု ဟောထားတာ ကြားဘူး ပါသည်။ ကျွန်တော်လည်း အကောင်းဆုံး ရေးထား ပါသည်။

အများအားဖြင့်ကျွန်တော်တို့တတွေ ရာသီဥတု အကူး အပြောင်းတွင် နှာခေါင်း ပိတ်လို့ ပိတ်၊ နှာရည် ကျလို့ကျနဲ့ အတော်အိနြေ္ဒ ပျက်ရ ပါတယ်။ မြန်မာလို ထိပ်ကပ်နာ ဟု ခေါ်ပါသည်။ ဆေးပညာ မှာတော့ SINUSITIS ဟု ဆိုပါသည်။ sinus မှာလှိုဏ် ဟု အဓိပ္ပါယ် ရပြီး itis မှာတော့ ရောင်ရမ်းခြင်း ဟု အဓိပ္ပါယ် ရပါသည်။ ထိပ်ကပ်နာ ဖြစ်စေသော sinus များမှာ နှာခေါင်း ပတ်ဝန်း ကျင်ရှိ မျက်နှာ အရိုး တွင် ရှိသော လှိုဏ် ကလေးများ ရောင်ရမ်းခြင်း ကြောင့် ဖြစ်ပါသည်။ ၎င်း လှိုဏ်လေး များမှာ ပါးရိုး၏ အောက်၊ မျက်ခုံး နောက်နှင့် မျက်လုံး နှစ်လုံးကြား အနောက်ဘက် တို့တွင် ရှိပါသည်။

ကျွန်တော်တို့ ကျန်းမာ နေစဉ်တွင် ၎င်း လှိုဏ်လေး များမှာ လေများဖြင့် ပြည့်နေ ပါသည်။ ထိုသို့ ဖြစ်နေခြင်း ၏ အကျိုးကြောင့် ကျွန်တော် တို့ ဦးခေါင်းရိုး အား နဂို ရှိရင်း အလေးချိန် ထက် ပေါ့စေပါသည်။ ထို့ပြင် အသံအိုး မှ လာသော အသံကို သည် လှိုဏ်လေး များ နဲ့ အကြောင်း ပြုပြီး ကွဲပြားသော အသံများ ထွက်လာ ပါသည်။

SINUS လှိုဏ်လေးများတွင် ရောဂါ ဖွဲ့တည် နေပုံ ကို အောက်ပါ ပုံတွင် ရှုပါ။


ပုံမှန် sinus နှင့် ပိုးဝင်ပြီး ပြည်များဖြင့် ပြည့်နေသော sinus ကို ယှဉ်ပြထားပုံ

ဒီလှိုဏ် လေးတွေဟာ နှာခေါင်း လမ်းကြောင်းမှာ သွားပြီး ပွင့်နေ ရပါတယ်။ ဒါမှသာ ဒီ လှိုဏ်လေး တွေထဲမှာ ရှိတဲ့ လေတွေက ပြင်ပ လေနဲ့ လဲလှယ် နိုင်မှာ ဖြစ်သလို သူတို့ ထဲမှာ ရှိတဲ့ အချွဲ အကျိ အရည် တွေ ကလည်း နှာခေါင်း အတွင်းကို ကောင်းမွန်စွာ စီးကျ နိုင်မှာ ဖြစ်ပါတယ်။

အဲဒီတော့ လှိုဏ် အ၀လေးတွေ ပိတ်ပြီ ဆိုရင် လှိုဏ်နံရံ အမြှေးပါး ( sinus membrane) တွေ ယောင်ပြီးတော့ ထိပ်ကပ်နာ ရတော့ တာပါပဲ။ ဒီ အမြှေးပါး တွေ ယောင်ဖို့ ပိုပြီး အခွင့်အလမ်း ရှိတဲ့ အကြောင်းအရာ တွေ ကတော့ -
အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ရောဂါပိုး ၀င်နေတဲ့ သူတွေ (ဥပမာ - တုပ်ကွေး ၊ စသဖြင့်ပေါ့)

ဓာတ်မတည့် တတ်တဲ့သူတွေ (Allergic ရှိသူများ ၊ခြင်ဆေး အမွှေးတိုင် အမှုံအမွှား စသည် တို့်ဖြင့် ဓာတ်မတည့် သူများ … )

ရင်ကြပ်ရောဂါ ရှိသူများ

ဆေးလိပ်သောက်သူများ

ဟိုမုန်း hormone အပြောင်းအလဲ ဖြစ်တဲ့ကာလ (ဥပမာ - ကိုယ်ဝန် ဆောင်စဉ်)

သွေးချို ဆီးချို ရောဂါ ရှိတဲ့သူများ

နှာခေါင်း အတွင်း ပြင်ပရှိ ပစ္စည်း ၀င်နေသူများ (ဥပမာ - ချိုချဉ် သကြားလုံး ပဲစေ့)

ကိုကင်းရှူ သူများ

အကြောင်းကြောင်းကြောင့် နှာခေါင်းပိုက် ထည့်ထား ရသူများ

သွား ပြဿနာ ရှိသူများ (သွားကိုက်ခြင်း)

နှာခေါင်း နဲ့ ပါး တို့တွင် ထိခိုက် ဒဏ်ရာ ရှိနေသူများ

နှာခေါင်း ထဲမှာအဖုအကျိတ် တွေ ဖြစ်နေသူများ
မှာ လှိုဏ်ဝတွေ ပိတ်ပြီးတော့ ယောင်နိုင်ပါတယ်။

အကြောင်း အမျိုးမျိုးကြောင့် ဒီ လှိုဏ်ဝလေးတွေ ပိတ်ရင် လှိုဏ်(sinus) တွေ အ တွင်းမှာ bacteria တွေ ပေါက်ဖွား နိုင်ပြီးတော့ ထိပ်ကပ်နာ ဖြစ်နိုင် ပါတယ်။

၎င်းထိပ်ကပ်နာကို (၂) မျိုးခွဲပါတယ်။
ခဏတဖြုတ် (အာဂန္တု) ထိပ်ကပ်နာ နှင့်

နာတာရှည် ထိပ်ကပ်နာ
ရယ်လို့ နှစ်မျိုး ခွဲထားပါတယ်။

ရက်သတ္တ လေးပါတ် အောက် ဆိုရင် ခဏတဖြုတ် လို့ သတ်မှတ်ပြီး လေး ပါတ် ထက် ကျော်ရင်တော့ အကြမ်း အားဖြင့် နာတာရှည် လို့ပဲ သတ်မှတ် ပါတယ်။ သူတို့ နှစ်မျိုး လုံးမှာ ဖြစ်တဲ့ လက္ခဏာ တွေကတော့ အတုတူပဲ ဖြစ်ပါတယ်။
နှာပိတ်နေခြင်း (သို့) နေ့ပိုင်းမှာ နှာရည် တတောက်တောက် နဲ့ ဖြစ်နေပါမယ်၊ နှာခေါင်းထဲမှာ ပြည့်နေ သလို မျိုး ခံစားရပြီး ခေါင်းငုံ့ရင် ပိုပြီး ခံစားရပါတယ်။

နှာခေါင်း ကနေ နှာရည် ပြစ်ပြစ် တွေ ထွက်နေ ပါမယ်။ (bacteria ကြောင့် ဆိုရင် နှာရည် က ပိုပြစ်ပြီး အရောင်က အစိမ်းရောင်(သို့) ၀ါကျင့်ကျင့် အရောင် ဖြစ်နေ နိုင်ပါတယ်။

မျက်နှာကြီး တင်းနေ သလို မျိုး ခံစားရပါမယ် ၊ မနက် အိပ်ရာ ထ ဆိုရင် ပိုဆိုး ပါမယ်။

မျက်လုံး ပတ်ဝန်းကျင်မှာ ရောင်နေ နိုင်ပါတယ်

မနက် အိပ်ယာ ထမှာ ဖြစ်စေ ခေါင်းငုံ့ လိုက်ရင်ဖြစ်စေ ခေါင်းကိုက် တတ်ပါတယ်

ပါးရိုးတွေ မျက်ရိုးတွေ ကိုက်တတ် ပါတယ်

ပါးရိုးက sinus တွေ ယောင်တာ ဆိုရင် သွားပါ ကိုက်နိုင်ပါတယ်

ကိုယ်ပူ တက်နိုင်ပါတယ်

တချို့ မှာတော့ ည အိပ်ရေး ပျက်လောက်အောင် ချောင်းခြောက် တွေဆိုးကြပါတယ်

တခါတလေ တော့လဲ အစာအိမ်မှာ ပြဿနာ တက်ပြီး ပျို့တာ အန်တာတွေပါ ဖြစ်နိုင်ပါတယ်


ဒီ ရောဂါ လက္ခဏာ တွေဟာ ကျွန်တော်တို့ တတွေ အဖြစ်များဆုံး ဖြစ်ကြတဲ့ virus ကြောင့် အအေးမိ တဲ့အခါ ၊ allergy လို့ ခေါ် တဲ့ ဓာတ်မတဲ့ မှု ဖြစ်တဲ့ အခါ မှာ ခံစား ရတဲ့ လက္ခဏာ တွေနဲ့ ဆင်တူ လိုပါပဲ။ ဒါပေမယ့် bacteria ကြောင့် ဖြစ်တာ ဆိုရင်တော့ ပိုမို ဆိုးရွားပြီး ကာလ ပိုရှည် နိုင်ပါတယ်။

တစ်နှစ်အောက် ကလေးတွေ မှာတော့ ဒီ sinusတွေ ကောင်းကောင်း မဖွံ့ဖြိုး သေးလို့ sinusitis မဖြစ်နိုင်ဘူး လို့ ဆိုပါတယ်။ တစ်နှစ် အထက် ကလေးတွေမှာ တော့ လက္ခဏာတွေက လူကြီးများ မှာ ဖြစ်တာနဲ့တော့ကွာပါတယ်
ကလေးက ဂဏှာမငြိမ် ဖြစ်မယ်၊

အီနေမယ်

ပါးစပ်ဟ အသက်ရှူ ပြီးတော့ ကလေး အသက်ရှူ သံ ကို ကြားနေ ရတယ်

ကလေးက နှာသံ လေးနဲ့ စကား ပြောမယ်

ထမင်း ကောင်းကောင်း မစားဘူး (အစာကျွေး ရတာ ခက်မယ်)
စတဲ့ ပြဿနာတွေ ရှိပါမယ်။

ထိပ်ကပ်နာနှင့်ဆင်တူ ယိုးမှား ရောဂါ များမှာ -
အအေးမိ နှာစေးခြင်း

ဓာတ်မတည့်မှု ကြောင့် နှာစီး ချောင်းဆိုး ဖြစ်ခြင်း (Allergic ဖြစ်ခြင်း)


ရောဂါ အဖြေရရန် အတွက် ရှာဖွေ စမ်းသပ်မှုများ
သွေးစစ်ခြင်း

ဓာတ်မှန်ရိုက်ခြင်း

တီဗွီ ဓါတ်မှန် Ultrasound ရိုက်ခြင်း

ကွန်ပျူတာ ဓါတ်မှန် CT ရိုက်ခြင်း

ယေဘူယျ အားဖြင့်တော့ ၄င်း စမ်းသပ်မှုများကို ပြုလုပ်လေ့ မရှိပါ။ အများ အားဖြင့်တော့ ဆရာဝန်က နှာခေါင်း ပါးစပ်နဲ့ လည်ချောင်း တို့ကို စမ်းသပ် တာနဲ့ပဲ ရောဂါအဖြေကို ရရှိ နိုင်ပါတယ်။ လိုအပ်ရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်း ပါရဂူ ဆီမှာ ပြသင့်ပါတယ်။ လိုအပ်လျင် ၄င်းပါရဂူမှ နှာခေါင်းအတွင်းသို့ မှန်ပြောင်းထည့် စမ်းသပ်ခြင်း ပြုလုပ် ပါလိမ့်မည်။

နောက်ဆက်တွဲဆိုးကျိုးများ

ခဏတဖြု တ်ရောဂါကို မကုသ ဘဲထားလျင် နာတာရှည် ထိပ်ကပ် ရောဂါ ဖြစ်သွား နိုင်ပါတယ်။ ၄င်းရောဂါကို ကုသမှု မခံယူ သော အခါတွင် ဖြစ်စေ၊ ကုသမှု ခံယူပါ လျက် ဆေးမတိုး သောကြောင့် ဖြစ်စေ အသက် အန္တရာယ်ကို စိုးရိမ်ရသော အခြေနေများ ထိ ဖြစ်သွား နိုင်ပါတယ် -
ဦးနှောက် အမြှေးပါး ရောင်ရမ်းခြင်း

ဦးနှောက် ထဲတွင် ပြည်တည်နာ ဖြစ်ခြင်း

အရိုးတွင်း ပိုးဝင်ပြီး အရိုး ရောင်ရမ်းခြင်း များ
ဖြစ်စေ နိုင်ပါတယ်

ကုသမှုများ

ရောဂါကြောင့် ဖြစ်နေသော ပြဿနာ များ ကိုကုသခြင်း

နာကျင်ကိုက်ခဲခြင်း ဖျားနားခြင်းများရှိလျင် အကိုက်ခဲပျောက်ဆေးများ ( Paracetamol, diclofenac စသဖြင့် …)

Antihistamine ( Burmeton , cetirizine, loratidine, Altiva-d)
၎င်း Antihistamine မှာ ဓာတ်မတည့်မှုအား ဆန့်ကျင်သော ဆေးဖြစ်ပါသည်။ ၄င်း၏ အာနိသင်မှာ နှာခေါင်း အယားသက် သာ စေပါသည်။ ဆိုးကျိုးမှာ လူကို လေးလံ ထိုင်းမှိုင်း စေပါသည်။ ယာဉ်မောင်းနှင် သူများ ဆရာဝန်နှင့် တိုင်ပင်ပါ။

Decongestants (Phenylpropanolamine {Decolgen တွင် ပါဝင်သောဆေး}, Phenylpherine)
၎င်းမှာ နှာပိတ်နေခြင်း ၊ နှပ်ချီးများ ဖြင့်ကျပ်သိပ် နေခြင်းအား ယာယီ သက်သာ စေပါသည်။ Decongestant Sprays များကိုလည်း ရက် အနည်းငယ်ခန့် အသုံးပြု နိုင်ပါသည်။

နှာခေါင်း အယောင် သက်သာစေရန် အတွက် Nasal inhalers (Beconase , nasalide , Vancenase) နာတာရှည် ဖြစ်နေသူ များ သည် ဆရာဝန်နဲ့ တိုင်ပင်ပြီး လချီ သုံးနိုင်ပါသည်။

အချွဲအကျိများပိတ်ဆို့ မနေပဲ ချောမွေ့စွာ စီးကျ သွားစေရန် ချွဲပျော် Expectorants ဆေးများ ကိုလည်း သုံးစွဲ နိုင်ပါသည်။ water spray ကိုတစ်နေ့ လျှင် လေးငါးကြိမ် ခန့်ထိ သုံးနိုင် ပါသည်။

Bacteria ကြောင့်ဖြစ်လျင်Antibiotics( ပိုးသတ်ဆေး) (Amoxacillin, Erythromycin, Septrin) စသည့် ပိုးသတ်ဆေး များကို ဆရာဝန် ညွှန်ကြား သည့်အတိုင်း သောက်သင့် ပါသည်။ Bacteria ကြောင့် ကြိမ်ဖန် များစွာ ဖြစ်နေသော sinusitis ကိုမူ ပိုးသတ်ဆေး ( Antibiotics ) ခပ်ပြင်းပြင်း (augmentin, Ceftin) စသည် တို့ကို (၄) ပါတ်ခန့်ထိ ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သင့် ပါသည်။ ပိုးသတ်ဆေး ကို ဆရာဝန် ၏ ညွှန်ကြားချက် ဖြင့်သာ သောက်သုံး သင့်ပါတယ်။

ထိပ်ကပ်နာရောဂါမဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်ခြင်း

Allergic (ဓာတ်မတည့်စေသော) ဖြစ်စေသော အရာများနဲ့ ထိတွေ့မှု မှ ရှောင်ရှားရန် (ဥပမာ - ခြင်ဆေးခွေ၊ အမွှေးတိုင် ၊ ဖုန်မှုန့် … စသည်ဖြင့်)

ပြတင်းပေါက်များ ဖွင့်ပြီး အိမ်အတွင်း လေ၀င် လေထွက် ကောင်းစေခြင်း

အချွဲများ ပိတ်ဆို့ မနေစေရန်အတွက် ညအိပ် သည့်အခါ ဦးခေါင်းကို အနည်းငယ် မြှင့်ပြီး အိပ်ခြင်း

Decongestants များကိုဆရာဝန်ဖြင့်တိုင်ပင်ပြီးသတိဖြင့်အသုံးပြုခြင်း

ဆေးလိပ် မသောက်ခြင်း

ရောဂါ ဖြစ်နေသော သူနှင့် ထိတွေ့မှု မရှိစေခြင်း

အာဟာရ မျှတစွာ စားခြင်းနှင့်

ကိုယ်လက် လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်း
တို့ ဖြစ်ပါသည်။

ဒေါက်တာ စိုင်းဝေအောင်
public health in myanmar
Read more →

Wednesday, September 18, 2013

မျက်ကြည်လွှာ တစ်ခု တည်း ဖြင့် လူနာ သုံးဦး ခန့် အစားထိုး ကုသ နိုင်ပြီ

,




မျက် ကြည်လွှာ တစ်ခုကို ယခင်က လူ တစ်ဦး ကိုသာ အစားထိုး ကုသ နိုင်ခဲ့ ရာမှ ယခုအခါတွင် ပြောင်း လဲ တိုးတက် လာသော နည်းပညာ များ ကြောင့် မျက်ကြည်လွှာ တစ် ခုကို လူ သုံးဦး ခန့်အား ကုသ လာ နိုင်ပြီ ဖြစ်ကြောင်း သိရ သည်။မျက်ကြည်လွှာ တွင် Epithetiun,Stroma,Endot heliun ဟူ၍ အပိုင်း သုံးပိုင်း ရှိသည့် အထဲ တွင် မကောင်း သည့် အပိုင်း ကိုသာ အစားထိုး ကုသ လာနိုင် ခြင်း ဖြစ်ကြောင်း မျက်စိ အထူး ကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက် တာ တင်ဝင်း က ပြောသည်။

''ဆရာ တို့က တစ်ချိန် တုန်း က ဆိုရင် မျက်စိ ဘယ်နေရာ ပဲထိ ထိ မျက်ကြည်လွှာ တစ်ခုလုံး ကို ထုတ် လိုက်တယ်။ နောက် ဟိုဘက် က မျက်ကြည်လွှာ တစ်ခုလုံး ကို ယူပြီး တော့ ထည့် လိုက်တယ်။ အဲဒါကို KRP လို့ခေါ်တယ်။ ဒီ နောက်ပိုင်း မှာ နည်းပညာတွေ တိုးတက် လာတယ်။ စက်ပစ္စည်း တွေ ရောက်ရှိ လာတော့မှ မကောင်း တဲ့ အပိုင်း လေး ကိုပဲ အစားထိုး တော့ မျက်ကြည်လွှာ တစ်ခု တည်း နဲ့ လူနာ နှစ်ဦး သုံးဦး ကို ကုလာ နိုင် တာပါ''ဟု ပါမောက္ခ ဒေါက်တာ တင်ဝင်း က ပြေကြား သည်။

ယင်း ကဲ့ သို့ မျက်ကြည်လွှာ တစ်ခု တည်းမှ လူနာ သုံးဦးခန့် အား အစားထိုး ကုသ လာနိုင်ခြင်း မှာ အမေရိကား တွင် ၂၀၀ဝပြည့် နှစ် ကတည်း က စတင် ပြုလုပ် နိုင် ခဲ့ပြီး အာရှ နိုင်ငံ များမှာ ၂၀၀၈ ခုနှစ်ခန့် တွင် စတင် လုပ်ဆောင် နိုင် ခဲ့ကြောင်း၊ မြန်မာနိုင်ငံ တွင် ယင်း နည်းပညာ နှင့် စက် ပစ္စည်း များ က ယမန်နှစ် မှ စတင် ပြီး ရန် ကုန် မျက်စိ ဆေးရုံကြီး တွင် စတင် အသုံး ပြုကာ ကုသ နိုင်ခြင်း ဖြစ် ကြောင်း သိရသည်။

''အလှူရှင် တစ်ဦး ဆီက မျက် ကြည်လွှာ က ၁ဝ မီလီမီတာ ရှိမယ် ဆိုရင် အဲဒီကနေ လိုအပ်တဲ့ ခုနစ် မီလီမီတာ ကို အရင် ဖြတ်ပြီးတော့ လိုအပ် တဲ့ နေရာ Stroma နဲ့ Epithetiun ဆိုပြီး နှစ်ပိုင်း ခွဲလိုက် ပြီး လိုအပ်တဲ့ လူနာ နှစ်ဦး ကို ပေးလိုက် တယ်။ ကျန်တဲ့ သုံးမီလီမီတာ ကို တော့ အဲဒီ အပိုင်းမှာ လိုအပ်တဲ့ လူနာ နောက် တစ်ဦးကို ပေးလိုက် မယ်ဆိုရင် မျက်ကြည် လွှာ တစ် ခု နဲ့ လူနာ နှစ်ဦး သုံးဦး ကို ကုသ ပေး နိုင်မယ်'' ဟု မျက်စိ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက် တာ တင်ဝင်း က ပြော သည်။

ယခု လက်ရှိ အချိန် တွင် မျက် ကြည်လွှာ အစားထိုး ကုသခြင်း ကို နည်းနှစ် နည်းလုံး ဖြင့် ကုသ နေနိုင်ပြီ ဖြစ်ကြောင်း ယင်း က ဆက်လက် ပြောကြား ခဲ့သည်။
''မျက်ကြည် လွှာ တစ်ခုလုံး လိုအပ် တဲ့ လူနာ ကို မျက်ကြည် လွှာ တစ်ခုလုံး ပေးတယ်။ မျက်ကြည် လွှာ ကို လွှာပြီးတော့ လိုအပ် တဲ့ အပိုင်းလေး ပဲ ပေးပြီး တော့ ကုသ ခြင်း ဆိုတဲ့ နည်း နှစ် နည်းလုံး နဲ့ ကုသ လို့ အောင်မြင် နေ ပါပြီ။ လှူ ဒါန်း တဲ့ သူတွေ က နည်း ပေမယ့် အမြင် အာရုံရ သွားတဲ့ သူတွေက တော့ အရင်က ထက် တော့ ပိုများ လာပါပြီ'' ဟုပြော သည်။

မျက်ကြည်လွှာ သည် လူ တစ်ဦး သေဆုံးပြီး လေး နာရီအ တွင်း ထုတ်ယူ ရခြင်း ဖြစ်သည့် အ တွက် ရန်ကုန် နှင့် မန္တလေး မျက်စိ ဘဏ် နှစ်ခု အနေဖြင့် ၂၄ နာရီ တာဝန်ချိန် ရှိနေ ကြောင်း၊ လတ် တလော တွင် မျက်ကြည်လွှာ အ စားထိုး ကုသ ရန် လူနာ ၃၀၀၀ ခန့် စောင့်ဆိုင်း နေပြီး တစ်နှစ် လျှင် လှူဒါန်း သူ မှာ ၁၀၀ မှ ၁၅၀ အတွင်း သာ ရှိကြောင်း သိရသည်။

Yangon Media Group
Read more →

Sunday, August 25, 2013

ကင်ဆာတိုက်ဖျက်မယ့်ဆေး ရှာတွေ့ပြီ

,

ကင်ဆာရောဂါကို ခုခံတိုက်ဖျက် နိုင်မယ့် ဆေးကို အမေရိကန်မှာ ဆေး ပညာရှင်တို့ ရှာတွေ့ ပြီ ဖြစ်ပါ တယ်။ ဆေးကြီးသက်သက် ရရှိတာ မဟုတ်ပဲ တိရစ္ဆာန်မျိုးစိတ်တစ်ခု သွားတွေ့ခြင်း ဖြစ်ပါတယ်။

Naked Mole Rat လို့ခေါ်တဲ့ မွေးပြောင်ကြွက်မျိုး ဖြစ်ပါတယ်။ အာဖရိက အရှေ့ ပိုင်းက အပူပိုင်းဒေသမှာ နေထိုင်တဲ့ မွေးပြောင် ကြွက်တစ်မျိုး ဖြစ်ပြီး သူ့ရဲ့  ထူးခြားချက်ကတော့ ကင်ဆာရောဂါကို ခုခံနိုင်ခြင်း ဖြစ်ပါတယ်။ သူ့မှာ နောက်ထပ်ထူးခြားချက်က နာကျင်မှုကို မခံစားနိုင်ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့  ဦးနှောက်နဲ့ အာရုံကြောဆီကို ခန္ဓာကိုယ် က နာကျင်မှု ဝေဒနာ မပို့လွတ်ပေးပါဘူး။ ဒါကြောင့် နာကျင်မှုလည်း မသိပါဘူး။ အဓိက တွေ့ရှိ ချက် ကတော့ ကင်ဆာ ရောဂါ တိုက်ဖျက်နိုင်မယ့် အာနိသင် တစ်ခုပါ။

၂၀၀၉ ခုနှစ်ကစလို့ မွေးပြောင် ကြွက် အကောင် ၉၀ ကို မွေးဖွားပြီး ကင်ဆာ ဓာတ်ကြွယ်တဲ့ ဆေးတွေ ထိုးခဲ့ ပါတယ်။ ကိုယ်တွင်းမှာ ရှိတဲ့ ကင်ဆာဓာတ် ကို သူ့ကိုယ်တွင်းက ထုတ်တဲ့ သကြားဓာတ် တစ်မျိုး (HA) မော်လီကျူး များက တန်ပြန်ခုံခံပြီး ပုံမှန်အတိုင်း သက်တမ်း ၃၀ အထိ နေနိုင်တာ ကို တွေ့ရှိခဲ့ပါတယ်။ သူ့ကိုယ်တွင်းက ထုတ်တဲ့ HA သာ သာမန်လူတစ်ဦး ထက် ငါးဆ မက ပိုလွန်ပြီး ကင်ဆာဆဲလ်တွေ ကို ချေမှုန်းတဲ့ နေရာမှာ အင်မတန် မြန်ဆန်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် ကင်ဆာရောဂါ တိုက်ဖျက်မယ့် ဆေး စစ်ဆေးစမ်းသပ်ဖော် ထုတ်မှုကို Naked Mole Rat မှ စတင်ရမှာ ဖြစ်ပါတယ်။ ၎င်းတို့ ခန္ဓာကိုယ် တွင်းမှာ ရှိတဲ့ HA မော်လီကျူးဓာတ်ကို အခြေခံလို့ ဆေးတစ်မျိုးဖန်တီးရင် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ခြင်း၊ ဖြစ်နေရင်လည်း တိုက်ဖျက်ခြင်း တို့ကို အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကင်ဆာရောဂါ ဆေးသုတီများဟာ မကြာမီ နှစ်များအတွင်း ကင်ဆာရောဂါ တိုက်ဖျက်နိုင်မယ့် ဆေးဝါးများ ဖန်တီးဖော်ထုတ်နိုင်မယ်လို့ ကြေညာ ခဲ့ကြောင်း သိရပါတယ်။
.
Ref: nature.com
Aung Kham (International news for myanmar)

http://www.innewsmyanmar.com/2013/08/blog-post_24.html

Read more →

Monday, August 19, 2013

ကော်ဖီ အသောက်များ သေလမ်းသွားမည်ဟုဆို

,


တစ်ပတ်လျှင် ကော်ဖီ ၂၈ ခွက်ထက် ပိုသောက်သုံးသူ အသက် ၅၅ နှစ်အောက် ငယ်ရွယ်သူများသည် အသက်အန္တရာယ် ပိုမို စိုးရိမ် ရကြောင်း အွန်လိုင်း ဂျာနယ် တစ်ခုဖြစ်သည့် Mayo Clinic Proceedings တွင် ရေးသား ဖော်ပြထားသည်။

ကော်ဖီကို အလွန်အကျွံ သောက်သုံးခြင်းဖြင့် အသက်အန္တရာယ် စိုးရိမ် ရကြောင်း အထူးသဖြင့် တစ်ပတ်လျှင် ၂၈ ခွက်၊ တစ်ရက် လေးခွက်နှုန်း ခန့် ကော်ဖီ သောက်သူများတွင် စိုးရိမ်စရာ ကောင်းကြောင်း၊ ကော်ဖီ အလွန်အကျွံ သောက်သုံးသူ ၅၆ ရာခိုင်နှုန်းသည် ရောဂါများဖြစ်ပွားလွယ် ပြီး သေဆုံးနှုန်းလည်း မြင့်မားသည်ဟု ယင်းစာစောင်တွင် ရေးသား ထားသည်။

အထူးသဖြင့် အမျိုးသမီးများ အသက် ၅၅ နှစ်အောက် ကော်ဖီ သောက်သုံးမှု လွန်ကျူးသူများတွင် သေဆုံးမှု နှစ်ဆ ပိုများကြောင်း ယခုလေ့လာထားချက် မှာ ၁၉၇၁ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း လေ့လာထားချက်များ ဖြစ်ကြောင်း အသက် ၂၈ နှစ်မှ ၈၇ နှစ်အတွင်း အမျိုးသမီး ၄၃၇၂၇ ဦးကို လေ့လာရာမှ ရလဒ်ကို ထုတ်ပြန်ထားခြင်း ဖြစ်သည်ဟု ယင်းစာစောင်က ဆိုသည်။

The Voice
Read more →

Friday, August 16, 2013

TEENAGE PREGNANCY အသက်ငယ်ငယ် ကိုယ်ဝန်လွယ်

,
သမီးအသက် ၁၇ ပါရှင့်။ အိမ်ထောင်ကျတာ တစ်နှစ်ရှိပါပြီ။ အိမ်ထောင်ကျပြီးပြီးချင်းပဲ သမီး လက်မောင်း ထဲ ထည့်တဲ့ ပစ္စည်း သုံးပါတယ်ရှင့်။ ၁၁ လပိုင်း ၆ ရက်နေ့ ရောက်တော့ အဲဒါကို ပြန်ထုတ်လိုက်ပါ တယ်ရှင့်။ ၁၂ လပိုင်းမှာ ရာသီမပေါ်တာ ၄ ရက် ရောက်လာလို့ အိမ်မှာ ဆီးစစ်ကြည့်တော့ Positive ဖြစ်နေပါတယ်ရှင့်။ ၃ ခါလုံး ဒီအဖြေပဲ ထွက်ပါတယ်ရှင့်။ နောက် ၂ ပါတ်လည်း ရောက်ရော သွေးတွေ အရမ်းဆင်းပါတယ်။ ပြီးတော့ လက်ဝါး တစ်ဝက်စာလောက်ရှိတဲ့ သွေးခဲ ရှည်မျောမျောတစ်ခု ပါလာပါတယ်။ သွေးကြော ခရမ်းရောင်အကြောင်းလေးတွေ ပါပါတယ်ရှင့်။ ခါးနည်းနည်းကိုက်တာက လွဲလို့ တခြားဘာမှ မဖြစ်ပါဘူးရှင့်။ သွေးဆင်းတာကလည်း ခါတိုင်းလိုပဲ တစ်ပါတ်ပဲ ကြာပါတယ်ရှင့်။ အဲဒါ ကိုယ်ဝန်ပျက်တာပါလားရှင့်။ နောက်ထပ်ရော ကိုယ်ဝန် ထပ်ရနိုင်ပါသလားရှင့်။ ဘယ်လောက်ကြာမှ ရနိုင်မလဲရှင့်။ အသက်အရွယ်နဲ့ သားအိမ်ဆိုင်ပါသလားရှင့်။ အခုအရွယ်မှာ ကိုယ်ဝန်ဆောင်ရင် ဘာအခက် ခဲတွေ ဖြစ်နိုင်ပါသလဲရှင့်။
ဆီးစစ်လို့ အပေါင်းပြရာကနေ သွေးဆင်းတာဟာ ကိုယ်ဝန်ပျက်တာ သေခြာတယ်။ Complete abortion ကိုယ်ဝန် အပြည့်အစုံ ပျက်ခြင်း ဖြစ်နိုင်ပါတယ်။ အများအားဖြင့် Incomplete abortion တဝက်တပျက် ပျက်တာဖြစ်တယ်။ အဲလိုသာဆို D and C သားအိမ်ခြစ်ရတယ်။ တချို့မှာ Septic abortion ကိုယ်ဝန် ပျက်ရင်း ပိုးဝင်တတ်တယ်။ ကိုယ်ဝန်ပျက်ပြီးနောက် တားတာလဲ မလုပ်ဘဲ အကာအကွယ်မဲ့ လိင်ဆက် ဆံရင် ချက်ချင်းဆိုသလို နောက်ကိုယ်ဝန် ဆက်ရနိုင်တယ်။ ဘယ်လောက်ကြာမယ်က တယောက်နဲ့ တယောက် မတူတတ်ပါ။ သီအိုရီအရပြောရရင် ပျက်သွားတဲ့သွေးကို ရာသီလာသလိုဘဲ အောက်မေ့နိုင်ပြီး၊ နောက် ၁၄ ရက်မှာ မျိုးဥထွက်လို့၊ ကျား-သုက်ပိုးနဲ့ ထိတွေ့-ပေါင်းစပ်မယ်ဆိုရင် တခါတည်း နောက်ကိုယ် ဝန် ရပါလိမ့်မယ်။
အသက် ၁၈ နှစ်အောက်နဲ့ ၃၅ နှစ်အထက်တွေ သားဦး ကိုယ်ဝန်ဆောင်ရင် အထူးသတိထားရမယ်။ Teenage pregnancy ဆိုတာ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်လို့ ပြောတာ မမှန်ဘူး။ အသက် ၂ဝ အောက်မှာ ကိုယ်ဝန် ရတာကိုသာ ဆေးပညာက ဆိုတယ်။ (မီဒီယာ) မှာတော့ မိန်းကလေးငယ်ငယ် မရည်ရွယ်ဘဲ၊ ယာက်ျားလဲ မယူဘဲ၊ အမှန်မထင် ကိုယ်ဝန် ရတာကိုမှသာ ဒီဝေါဟာရကို သုံးကြတယ်။
မိန်ကလေးတိုင်း အပျိုဖြစ်တာနဲ့ ၁၂-၁၃ နှစ်ကစပြီး ယောက်ျားနဲ့ ဖေါက်ပြားမိရင် ကိုယ်ဝန်ရနိုင်ကြတယ်။ မိန်းကလေးငယ် ကိုယ်ဝန်ဆောင်နှုန်း နေရာမတူရင် မတူဘူး။ တောင်-ကိုရီးယားမှာ ကိုယ်ဝန် ၁ဝဝဝ မယ် ၃ ယောက်မပြည့်ဘူး။ ဆာဟာရ-အောက်ပိုင်းမှာတော့ ၁၄၃ ယောက်အထိရှိတယ်။ တကမ္ဘာလုံးမှာ ၁၅-၁၉ ယောက်ရှိတယ်။
၂ဝဝ၁ UNICEF စစ်တမ်းအရ ဖွံ့ဖြိုးဆဲနိုင်ငံ ၁၂ ထဲက ၁ဝ ခုမှာ အသက်ငယ်ငယ်မှာ လိင်ဆက်ဆံမှု ရှိသူပေါင်း ၃ ပုံ ၂ ပုံရှိနေတာ တွေ့ရတယ်။ အမေရိကားနဲ့ ဥရောပါမှာဆို ၈ဝ% ကျော်တယ်။ သြစတြေးလျ၊ ယူကေ၊ အမေရိကားမှာ ၁၅ နှစ်သမီးလေးတွေရဲ့ ၂၅%၊ ၁၇ နှစ်သမီးတွေရဲ့ ၅ဝ% လိင်ဆက် ဆံမှုပြုကြ တယ်။ အနောက်နိုင်ငံတွေမှာ သတိထားကြတာက လိင်ကတဆင့် ကူးစက်ရောဂါ အတွက်သာ ဖြစ်ပါတယ်။
Save the Children ရဲ့တွေ့ရှိချက်အရ ကမ္ဘာမှာ အသက် ၂ဝ အောက် မိခင်တွေကနေ မွေးလာတဲ့ ကလေးပေါင်း ၁၃ သန်းရှိတယ်။ ၉ဝ% ဟာ မချမ်းသာတဲ့ နိုင်ငံတွေက ဖြစ်တယ်။ မွေးလာကြတဲ့ ကလေး တွေရော သူတို့မိခင်ငယ်လေးတွေမှာရော ကျန်းမာရေး နောက်ဆက်တွဲတွေ ဖြစ်ကြရလို့ သေဆုံးရတာတွေ များတယ်။ အသက် ငယ်ငယ်နဲ့ ကိုယ်ဝန်ဆောင်ရင် ပုံမှန် ကိုယ်ဝန်ဆောင်တိုင်းမှာ သတိထားစရာ တွေထက် ပိုပြီးသတိထားစရာတွေ ရှိပါတယ်။ အသက်ငယ်လေ ပိုလေဖြစ်တယ်။
သုတေသနတွေလုပ်တော့ Low birth weight ကိုယ်အလေးချိန် မပြည့်တဲ့ ကလေး မွေးတာနဲ့ Premature labor လမစေ့ဘဲ မွေးတာ ဆက်စပ်နေတာ သိရတယ်။ Anemia သွေးအားနည်းရောဂါလဲ ပိုများတယ်။ Prenatal care ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း လုပ်တာ နည်းကြတယ်။ သူတို့ကနေ မွေးတဲ့ကလေး တွေမှာ ဆေးရုံတက်ရတာ ပိုများတယ်။ Inadequate nutrition အာဟာရ မပြည့်စုံတာမှာ မတတ်နိုင်လို့ မစားရသူတွေအပြင် တတ်နိုင်ပေမဲ့ အာဟာရမကောင်းလှတဲ့ Fast food တွေစားလို့လဲ ဖြစ်စေတယ်။ HIV အဖြစ်လဲများတာ သိရတယ်။
Obstructed labour ကလေးကို မွေးလမ်းကနေ ရိုးရိုး မမွေးနိုင်တာလဲပါတယ်။ Caesarean section ခွဲမွေးရတာ ပိုများစေတယ်။ PET/Eclampsia ကိုယ်ဝန်-သွေးဆိပ်တက်တာ၊ Obstetric fistula မွေးလမ်းကြောင်း ပြွန်ပေါက်ဖြစ်တာ၊ Infant mortality မွေးလာတဲ့ ကလေး ၁ နှစ်အတွင်း သေဆုံးရတာ၊ Maternal death ကလေးမီးဖွါးရင်း သေဆုံးရတာတွေ ပိုများတယ်။ Psychosocial စိတ်ပိုင်း သက်ရောက်မှု တွေလဲ ရှိတယ်။
WHO ခန့်မှန်းချက်အရ ၁၅-၁၉ နှစ်ကိုယ်ဝန်ဆောင်သူတွေဟာ ၂ဝ-၂၄ နှစ်မိခင်လောင်းတွေထက် Pregnancy related death ကိုယ်ဝန်နဲ့ ဆက်စပ်ပြီး သေဆုံးရနှုန်း ၂ ဆ ပိုတယ်။ ၁ဝ-၁၄ နှစ်သမီးတွေ ကိုယ်ဝန်ဆောင်ရင် ၂ဝ နှစ်ရှိသူတွေထက် Maternal mortality မီးတွင်းသေဆုံးမှုနှုန်းက ၅ ဆမြင့်တက် တယ်။ Illegal abortion တရားမဝင် ကိုယ်ဝန်ဖျက်မှုကြောင့် ဖြစ်ရတာတွေလဲ မနည်းဘူး။
မချမ်းသာတဲ့ နိုင်ငံတွေမှာ တခြားစဉ်းစားစရာ Social issues လူမှုရေးတွေက များတယ်။ ပညာနည်းတာ၊ ဆင်းရဲတာတွေလဲ ပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာတော့ လက်မထပ်ဘဲ ကိုယ်ဝန်ရတာက များတယ်။ တတ်နိုင်သူတွေက High-quality medical care အထူး ဂရုစိုက်ကြရင် ပုံမှန် ကိုယ်ဝန်တွေလို ဖြစ်နိုင် ပါတယ်။
 
Dr. တင့်ဆွေ
Read more →

Wednesday, August 14, 2013

ကင်ဆာရောဂါ အဖြစ်အများဆုံး (၁၀)နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်နေပြီး ဓာတုဆေး အသုံးပြုထားသော စားသောက်ကုန်များကြောင့် အဖြစ်အများဆုံးဟု သိရ

,
A-14-8
အရောင်တင်ဆေး အသုံးပြုထားသော နနွင်းမှုန့်၊ ငရုတ်သီးမှုန့်များကို တွေ့ရစဉ် (ဓာတ်ပုံ-မို့မို့)
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ထုတ်ပြန်ထားသော စာရင်းအရ မြန်မာနိုင်ငံသည် ကင်ဆာရောဂါ အဖြစ်အများဆုံး (၁၀) နိုင်ငံစာရင်းတွင် ပါဝင်နေပြီး ဓာတုဆေးဝါး မလွတ်ကင်းသော စားသောက်ကုန်များကြောင့် အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ သိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် ဓာတုဆိုးဆေးများ၊ အရောင်တင်ဆေးများဖြင့် ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်များကို ၀ယ်ယူသူများအောင် ပြုလုပ်နေကြပြီး ထိုစားသောက်ကုန်များကို ကြာရှည်စားသုံးပါက အစာအိမ် အူလမ်းကြောင်းကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာတို့ကို ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။
ထို့အပြင် ကလေးငယ်အများစု တိုက်ကျွေးလျက်ရှိသော နို့မှုန့်များသည် တရုတ်နိုင်ငံမှ အ၀င်များပြီး အန္တရာယ်များသော အကြောဆွဲနိုင်သည့် မယ်လမင်းဓာတ်များ ပါဝင်နေကြောင်း၊ ကော်ဖီမစ်နှင့် Creamer များတွင်လည်း ကဖိန်း၊ အုန်းသီးခွံအမှုန့်များ ထည့်သွင်းထားသောကြောင့် ကျောက်ကပ်ပျက်စီးခြင်း၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အမျိုးသမီးများ ကိုယ်ဝန်မဆောင်နိုင်သည်အထိ ဖြစ်စေနိုင်ကြောင်း သိရသည်။
"ယခုနောက်ပိုင်း တချို့ပြည်တွင်းထုတ်ကုန်တွေမှာ Expire Date ကို ပြန်ပြင်ပြီးတော့ ဆိုင်တွေမှာ တင်တာတွေ ရှိလာတယ်။ စားသုံးသူတွေက Date ကိုကြည့်ပြီး ၀ယ်စားတာ များတဲ့အတွက်ကြောင့် အထဲမှာ မှိုတက်နေတာကို မသိနိုင်ပါဘူး။ အဲတော့ ဖြစ်စေချင်တာက Date လွန်နေတဲ့ဟာ ၀ယ်မိပြီဆိုရင် ဆိုင်ကိုချက်ချင်း ပြန်ပြောပါ။ ပြန်ပြောမှ ဆိုင်ကနောက်ဆိုရင် သေချာစစ်ပြီး ကုန်ပစ္စည်းကို ဆိုင်ပေါ်တင်ရင် စားသုံးတဲ့သူလည်း အန္တရာယ် မရှိနိုင်တော့ဘူး။ Date ပြောင်းတဲ့ ကုမ္ပဏီကလည်း နောက်ဆိုမလုပ်ရဲ တော့ဘူးပေါ့။ အဓိက နယ်စပ်က ၀င်လာတဲ့ ကုန်ပစ္စည်း အများစုကို မသိဘဲ စားမိတဲ့သူတွေ၊ ဆိုင်ပေါ်တင်မိတဲ့ သူတွေကြောင့် ကင်ဆာရောဂါ ရှိသူဦးရေ တိုးပွားလာရတာပါ" ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း အတွင်းရေးမှူး၊ ဒေါက်တာရီလွင်ကျော်ဇော၏ ပြောကြားချက်အရ သိရသည်။
ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျော့ကျနိုင်စေရန် ဓာတုပစ္စည်း ပါဝင်သည့် စားသောက်ကုန်များအပြင် ကင်ဆာဓာတ်ကို ဖြစ်ပွားစေနိုင်သော လူသုံးကုန် ပစ္စည်းများဖြစ်သည့် ပလတ်စတစ်အိတ်၊ တစ်ခါသုံးဖော့ဘူးများ၊ ခြင်ဆေးခွေ၊ ဖိုက်ဘာပစ္စည်းများကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ရန် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းမှ တိုက်တွန်းအကြံပြုထားကြောင်း သိရသည်။

Ref : Eleven
Read more →

Tuesday, August 13, 2013

အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ

,


(၁) မုန်လာဥနီ

မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

(၂) ပဲတီစိမ်းအဖတ်

ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။

(၃) ဝက်အူချောင်း

ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

(၄) အသားကင်

အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်း တစ်မျိုး ပေါ်ထွက် တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာ စေနိုင်ပါတယ်။
Read more →

ရုတ်တရက် လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ် ကုသနည်း

,


(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။

ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော
လှုပ်ရှားခြင်း ဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏ အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။

(၂) လူနာကိုဖြစ်သည့် နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲ မကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။

လူနာကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို့) လက်အပ်ဖြင့် လူနာ၏လက်ချောင်း ဆယ်ချောင်း ထိပ်ဖျားများကို (ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည် သတိရ လာပါလိမ့်မည်။

(၃) လူနာပါးစပ် ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့် ပွတ်သပ်ပေးပါ။

နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့် နေရာ) ကို ပိုးသတ် ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီ ဖောက်ပေးပါ။ နားရွက်နှစ်ဖက် လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီ ထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ့နေသောပါးစပ် ပြန်တည့် သွားပါလိမ့်မည်။

(၄) ထိုအခြေအနေ ရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။

ထိုအခြေအနေရောက်အောင် စောင့်ပြီးမှ ဆေးကုသခံစေပါက
(၁) အကြောသေခြင်း
(၂) ကိုယ်တစ်ခြမ်းသေခြင်း
(၃) ခြေလက်လှုပ်မရခြင်း
(၄) စကားမပီသခြင်း စသည်တို့ လုံးဝမဖြစ်နိုင်တော့ပါ။

လက်တွေ့ ပျောက်ကင်း သက်သာ စေသောနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်း ဝေဒနာမှ ကင်းဝေးစေရန် အတွက် ကုသိုလ်ပြုလိုက်ပါသည်။ တရုတ်ပြည်မှ ပေးပို့သော တရုတ်ရိုးရာ ဆေးကျမ်းမှ တိုက်ရိုက် ဘာသာပြန်ဆိုထား ပါသည်။

Myanmar News Update
Read more →

အရမ်းအန္တရာယ် များနေပြီ ဖြစ်တဲ့အချိုမှုန့်ရဲ့ဆိုးကျိုးတွေ

,
အချိုမှုန့် ဆိုတာ ဘာလဲ ........0525msg
ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား
ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ
(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့အဖော်အပေါင်းတွေပါပါလာပါလိမ့်မယ်။

(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။

(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့်ရှိကာ အ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။

(ဒါဟာ အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။
(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။
(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။
(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။
(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။
Credit: Monywa Times
Read more →

Monday, August 12, 2013

အသားအရေ ထိန်းနည်း (၈)မျိုး၏ လျှို့ဝှက်ချက်

,
ဘယ်အသက်ရွယ်ပဲ ရောက်ရောက် အသားအရေ ကျန်းမာပြီး ကြည့်ကောင်း နေစေဖို့ အောက်ပါ မြန်ဆန် ထိရောက်တဲ့ အလွယ်နည်းတွေရဲ့ လျှို့ဝှက်ချက် တွေကို ဖော်ပြ လိုက်ပါတယ်။
0601beauty

အသားအရေ ထိန်းနည်း (၁)
အသားအရေ ထိခိုက်စေသော အမှုအကျင့်များ ရှောင်ရှားခြင်း လျှို့ဝှက်ချက်-
အသားအရေ ထိခိုက်စေတဲ့ ဆေးလိပ် သောက်တာ၊ နေပူဆာ လှုံတာနဲ့ အရက်သောက် တာတို့လို အသား အရေထိခိုက် စေတဲ့ အမူအကျင့် သုံးရပ်ကို ရှောင်သင့် ပါတယ်။ နေပူထဲကို မဖြစ်မနေ သွားရတဲ့ အခါ SPF ပါတဲ့ နေကာ ခရင်မ်ကို လိမ်းပေး သင့်ပါတယ်။ ဆေးလိပ် သောက်တာနဲ့ အရက်ကို အလွန်အမင်း သောက်တာတွေက အသားအရေကို ထိခိုက်စေတဲ့ အပြင် အသက်အန္တရာယ် ကိုပါ ခြိမ်းခြောက် နေပါတယ်။

အသားအရေ ထိန်းနည်း (၂)
မျက်နှာကို တစ်နေ့ နှစ်ကြိမ် သန့်စင်ခြင်း လျှို့ဝှက်ချက်-
မျက်နှာနှင့် လည်ပင်းကို ပုံမှန် ဆေးကြောသန့်စင် ပေးတာကြောင့် အရေပြား ထိခိုက်စေတဲ့ အညစ်အကြေး၊ ဖုန်မှုန့်တွေကို ကင်းစင် စေရုံသာမက အရေပြားကို ကြည်လင်ဝင်းပ လာစေပါတယ်။

အသားအရေ ထိန်းနည်း (၃)
မျက်နှာကို လက်ဖြင့် ထိတွေ့မှု မရှိခြင်း လျှို့ဝှက်ချက် - လက်ဆိုတာ မျက်နှာပြင် အမျိုးမျိုးကို ထိတွေ့ကိုင်တွယ်တဲ့ အရာဖြစ်လို့ လူ့ခန္ဓာကိုယ်မှာ အညစ်ပတ်ဆုံး အင်္ဂါ အစိတ်အပိုင်းလို့တောင် တင်စား ခေါ်ဝေါ်ကြပါတယ်။ ဒီလို ညစ်ပတ်နေတဲ့ လက်နဲ့ မျက်စိကို ပွတ်တဲ့အခါ၊ မေးစေ့ကို ထိတွေ့တဲ့အခါ၊ ပါးပြင်ကို အုပ်မိုးပြီး ကိုင်တဲ့အခါ သင့်လက်က ပိုးတွေကို မျက်နှာပြင်ဆီ ရောက်အောင် ပို့ဆောင်သလို ဖြစ်စေပါတယ်။

အသားအရေ ထိန်းသိမ်းနည်း (၄)
အယ်လ်ကိုဟော ရှောင်ခြင်း လျှို့ဝှက်ချက် -အရက်ကို မသောက် တာ အကောင်းဆုံးပါ။ မနေနိုင်ပါက သင့် အသားအရေ ကျန်းမာလှပရေးအတွက် အယ်လ်ကိုဟောကို အနည်းဆုံး ပမာဏ သောက်ပါ။ အရက်ကို အလွန်အမင်း သောက်သုံး တာကြောင့် မျက်နှာအရေ ပြားအပေါ်ယံ လွှာနဲ့ ကပ်နေတဲ့ သွေးကြော တွေကို ကျယ်စေ နိုင်ပါတယ်။

အသားအရေထိန်းသိမ်းနည်း (၅)
အဆီများကို ကင်းစင်စေခြင်း လျှို့ဝှက်ချက် -
မျက်နှာပေါ်က အဆီ ပိုတွေ ကင်းစင်စေဖို့ရာ အတွက် ပေါင်ဒါမှုန့် လိမ်းပေးပါ။ ဒါမှမဟုတ် အဆီစုပ်တဲ့ စက္ကူနဲ့ သုတ်ပေးပါ။ အဆီပြန်တဲ့ အသားအရေအတွက် အဆီပါဝင်တဲ့ ပေါင်ဒါကို ရှောင်ပါ။

အသားအရေထိန်းသိမ်းနည်း (၆)
နှုးညံ့သော မျက်ဝန်း တစ်ဝိုက်ကို ပွတ်သပ်မှု မပြုခြင်း လျှို့ဝှက်ချက် -
မျက်နှာ အသားအရေ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက် အရေပြား နေရာက အလွန့်အလွန် နူးညံ့သိမ်မွေ့ လွန်းပါတယ်။ ဒါကြောင့် မျက်ဝန်းတစ်ဝိုက် မိတ်ကပ် လိမ်းရင်လည်း ညင်ညင်သာသာ ပွတ်သပ်ပြီး လိမ်းသင့်ပါတယ်။ မျက်စိ ယားယံနေရင် မျက်ဝန်း တစ်ဝိုက်ကို အေးမြတဲ့ ပိတ်စ ဒါမှမဟုတ် ရေခဲဝတ်ကပ် ပေးပါ။

အသားအရေ ထိန်းသိမ်းနည်း (၇)
အသားအရေ ထိန်းပစ္စည်း အမျိုးအစားများကို သုံးခြင်း လျှို့ဝှက်ချက် -
အသားအရေထိန်း ပစ္စည်းအမျိုးမျိုးကို ဝယ်ပြီးသုံးရင် ပါဝင် ပစ္စည်းတွေက တစ်ခုနဲ့ တစ်ခု အဟန့်အတား ဖြစ်စေတာ၊ ဓာတ်မတည့်မှု ဖြစ်စေတာနဲ့ အာနိသင်ကို ယုတ်လျော့ စေတာတို့ ဖြစ်စေ နိုင်ပါတယ်။ အကောင်းဆုံး ရလဒ် လိုချင်ရင် အတူပေါင်းစပ် သုံးနိုင်အောင် ဖော်စပ်ထုတ် လုပ်ထားတဲ့ အသားအရေထိန်း ပစ္စည်းတွေကို သုံးသင့်ပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်သူရဲ့ ညွှန်ကြားချက် အရ သုံးပါ။

အသားအရေ ထိန်းသိမ်းနည်း(၈)
စပျစ်ဆီသုံးခြင်း လျှို့ဝှက်ချက် -
အသားအရေ ထိန်းသိမ်း ရေးအတွက် ချွေးပေါက်ကျဉ်း ဆေးရည် (Toner)ထဲမှာ စပျစ်ဆီ လက်ဖက်စား ဇွန်းတစ်ဇွန်း ထည့်သုံးပါ။ စပျစ်ဆီဟာ အရေပြားဆဲလ် တွေကို ပြန်လည်ပြုပြင် ပေးတာနဲ့ အားဖြည့်တာ တွေကို လုပ်ဆောင်ပေးတဲ့ အတွက် အိုမင်းမှု တားဆီခြင်း အနေနဲ့ အသုံးဝင် ပါတယ်။
Credit: ဇွန်/ Myawady
Read more →

မှဲ့ခြောက်နဲ့ တင်းတိပ် ပျောက်စေတဲ့ သဘာဝနည်းလမ်းများ

,
ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ်မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မလုပ်ခင် မျက်နှာကို 0522faceသန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။ အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေ မယ့် နည်းလမ်း ကောင်းလေးပါ။ ဖရဲသီးမှာပါတဲ့ ရေဓာတ်က မဲ့ခြောက်၊ တင်းတိပ်တို့ကို ပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်းကောင်းလေးတစ်ခုပါ။

ဒီ နည်းကို မလုပ်ချင်သူတွေအတွက်ကတော့ ဖရဲသီးစားတဲ့ အခါတိုင်း အောက်ခံ အဖြူသားထိ စားနိုင်ပါ တယ်။ ဖရဲသီး ကို စားခြင်းဖြင့် ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပြီး ကျောက်ကပ်၊ ဆီး၊ အသဲ၊ အဆုတ် စတဲ့ ရောဂါရှိသူတွေ အတွက် လည်း ကောင်းမွန်တဲ့ နည်းလမ်းကောင်းလေးပါဘဲ။ အားလုံး ဖရဲသီးစားတိုင်း အောက်ခံ အဖြူသားပါအောင် စားလိုက်ကြရအောင်နော်။

မျက်မှာပေါ်က အမဲစက် ပျောက်နည်း
မျက်နှာပေါ်မှာ အမည်း စက် ရှိလို စိတ်ညစ်နေတဲ့ ပျိုရွယ်သူတွေအတွက် နည်းလမ်း ကောင်းလေး တစ်ခု ကို ထပ်ပေးပါမယ်။
တချို့ ၀က်ခြံရှိတဲ့ ပျိုရွယ်သူတွေမှာ ဖြစ်တတ်တာက ၀က်ခြံကို မမှည့်ခင် ညစ်ထုတ်တဲ့သူတွေရှိပါတယ်။ အဲဒီလို လုပ်တာ ကြောင့် မျက်နှာပေါ်တွင် အမာရွတ်(သို) အမည်းစက်များ ကျန်ရှိတတ်ကြပါတယ်။ ထိုသို့ အမည်းစက်များရှိနေတာကို ဒီ က နေ့ ခေတ်မှာတော့ ခေတ်မီဆေးဝါးတွေ ပေါလာသော်လည်းဘဲ သဘာဝ ဆေးနည်ကောင်းလေး တစ်ခုရှိပါတယ်။

သိတာလေးတွေကို ဖော်ပြပေးလိုက်ပါမယ်။ စာဖတ်ပရိတ်သတ်တွေ အတွက်အဆင်ပြေမယ့် နည်းလမ်းကောင်း လေးမို့ပါ။ လုပ်ကြည့်နိုင်ပါတယ်နော်။ လုပ်နည်းလေးကတော့ လွယ်ကူတဲ့ နည်းလမ်းပါ။ အိမ်ရှင်မများ ဟင်းချို ချက်တဲ့ အခါမှာ ထည့်ခတ်တဲ့ ငရုတ်ကောင်းမှုန့် လေး အနည်းငယ်နဲ့ ဒိန်ချည် ကို ရောသမပြီး အမည်း စက်ရှိတဲ့ မျက်နှာပြင်ကို လိမ်းပေး ပါ။

နာရီဝက်(သို့) ၄၅ မိနစ်ခန့် ကြာ အောင် ထားပေးပြီး မျက်နှာကို သန့်စင်အောင် သစ်ပေးလိုက်ပါ။ ဒီလို နည်း အတိုင်း နေ့စဉ် လုပ်ပေးပါက တစ်ပတ်အတွင်း သိသာသိသာ ပျောက်ကင်းနိုင်တဲ့သဘာဝ ဆေးနည်းကောင်း လေးပါ။ ပိုက်ဆံမကုန်မယ့် နည်းလမ်းလေးပါ။ မျက်နှာမှာရှိတဲ့ အမည်းစက်တွေကို ဈေးကြီးပေးပြီး ကုသစရာမလို တဲ့ နည်းလမ်း ကောင်းလေးမို့ ပြန်လည် မျှဝေပေးလိုက်တာပါ။
အိမ့်သံစဉ်
credit to ပိုပိုဇော်(သဘာဝအားအင်)
Read more →

Sunday, August 11, 2013

သွားပိုးစားရောဂါအား စာသင်ကျောင်းများမှ စတင်ကာကွယ်မည်

,

ကမ္ဘာပေါ်တွင်သွားနှင့်ခံတွင်းရောဂါမှ ဖြစ်ပွားမှုအများဆုံးဖြစ်သည့်သွားပိုးစားခြင်းရောဂါကိုကာကွယ်ရန် မြန
မမာနိုင်ငံရှိစာသင်ကျောင်းများတွင်သွားနှင့်ခံတွင်းဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များပြုလုပ်
ပေးသွားမည်ဟု သိရှိရသည်။
အဆိုပါ အစီစဉ်ကို မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆရာဝန်များအသင်းနှင့် Unilever Co.ltdတို့မှပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ပြီး ယခုကဲ့သို့ ပြုလုပ်ပေးမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။"ကျောင်တွေမှာ ပညာပေးအစီစဉ်အနေနဲ့ မိဘတွေရော၊ ကလေးငယ်တွေကိုရော ဦးတည်ပါတယ်။ ဒီလိုလုပ် တာက ကလေးငယ်တွေ ကြီးပြင်းလာတဲ့အခါမှာ သွားနဲ့ ခံတွင်း ရောဂါတွေ မဖြစ်အောင် အထောက်အကူ အများကြီးရှိနိုင်ပါတယ်"ဟု မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်းဥက္ကဌ ပါမောက္ခဒေါက်တာ ပွင့်ဖူးက ပြောသည်။သွားနှင့် ခံတွင်းရောဂါများကာကွယ်နိုင်ရန် နေ့ ည သွားတိုက်သည့်အလေ့အကျင့် ရရှိစေရန်၊ သွားနှင့်ခံတွင်း ဆိုင်ရာ ဟောပြောပွဲများ၊ ပြဇာတ်၊ သွားတိုက်ဆေးများဝေခြင်း၊ ရောဂါအကြောင်း ပိုစတာများကပ်ခြင်း၊သွားတိုက်ရန် ပြက္ခဒိန်များဝေခြင်းစသည့်အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ထိုကဲ့သို့ ပြုလုပ်ခြင်းကို ၂၀၁၃ခုနှစ် ဇူလိုင်လ မှ ဒီဇင်ဘာလအထိ(၆)လတာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်းရေးစောင့်ရှောက်မှုအစီအစဉ် (Live, Lear,Laugh)အား မြို့ပြနှင့် ကျေးလက်စာသင်ကျောင်းများတွင် ပြုလုပ်သွားမည်ဖြစ်သည်။
"ရန်ကုန်၊မန္တလေးမြို့ထဲက ကျောင်းတွေမှာဒီရက်ပိုင်းစလုပ်ဖို့စီစဉ်နေပါပြီအစောပိုင်းလုပ်ဖို့ကတော့ ကျောင်း ၆၀လောက်မှန်းထားပါတယ်။"ဟု Uniliever Myanmar Ltd မှ Conntry Director ဦးဇော်မျိုးလှိုင်က ပြော သည်။  
အဆိုပါကျန်းမာရေးစောင့်ရှောက်မှုအစီစဉ်ကို၃နှစ်စီမံကိန်းရေးဆွဲထားပြီးပထမဆုံးအကြိမ်ပြုလုပ်သည့်(၆)လ တာကာလအတွင်း ကျောင်းပေါင်း ၃၀၀ မှကလေး (၄)သန်းကို သွားနှင့် ခံတွင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။"ဒီလိုလုပ်ပေးတာက ကောင်းပါတယ်။ သွားမကောင်းရင် ကလေးရယ်မှ မဟုတ်ပါဘူး လူကြီးလည်း ဒုက္ခ ရောက်တာပဲ ကလေးတွေကို အဓိကထားပြီး လုပ်ပေးတာက ကောင်းတော့ကောင်းတာပေါ့ ဒါပေမဲ့ ထိရောက် တဲ့ စောင့်ရှောက်မှုဖြစ်ဖို့တော့ လိုတာပေါ့" ဟု ကမာရွတ်မြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။
ကမ္ဘာပေါ်တွင် သွားနှင့်ခံတွင်း ရောဂါများတွင် သွားပိုးစားခြင်းရောဂါသည် အဖြစ်များဆုံးရောဂါတစ်ခုဖြစ်ပြီး ၀င်ငွေနည်းပါးသော နိုင်ငံများတွင် ဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်ကာ အဆိုပါရောဂါခံစားနေကြသူ၏ ၉၀ ရာခိုင် နှုန်းမှာ ဆေးကုသခံယူမူမရှိကြောင်း ကမ္ဘာ့သွားနှင့်ခံတွင်း ဆိုင်ရာအဖွဲ့အစည်း (FDI) မှ သတင်းထုတ်ပြန်ထားသည်။

Source ___မြစ်မခ
Read more →

ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ဆံပင်ဆေးဆိုးပါက သန္ဓေသားပျက်စီးနိုင်

,

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဓာတုဗေဒဆေးများပါဝင်သော အစားအသောက်များနှင့် အသုံးအဆောင်ပစ္စည်းများ သုံးစွဲပါက သန္ဓေသားကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးထံမှ သိရသည်။ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ဓာတုဗေဒပစ္စည်းများပါဝင်သော ပစ္စည်းများ မကြာခဏသုံးစွဲပါက သန္ဓေသားကို ခြေပျက်လက်ပျက်ဖြစ်စေခြင်းနှင့် သန္ဓေသား၏ မျိုးရိုးဗီဇတစ်သျှူးများ ပျက်စီးစေနိုင်ကြောင်း သိရသည်။
 ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ဓာတုပစ္စည်းတွေပါတဲ့ အစားအသောက်၊ အသုံးအဆောင်တွေကို တတ်နိုင်သလောက် ရှောင်စေချင်တယ်။ ဖြစ်နိုင်ရင် သဘာဝပစ္စည်းတွေကိုပဲ အသုံးပြုကြပါ ကလေးမွေးပြီးရင်လည်း နို့မှုန့်တွေမှာ Chemical ပါတဲ့အတွက် သဘာဝဖြစ်တဲ့ မိခင်နို့နဲ့နွားနို့ပဲတိုက်စေချင်တယ် ” ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသန်းထိုက်က ပြောသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း အစားအသောက်ကိစ္စများတွင် သာမက အသုံးအဆောင်ပစ္စည်းများ အသုံးပြုရာတွင်လည်း သတိပြုရန်လိုအပ်ကြောင်း၊ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းဆံပင်ဆေးဆိုးခြင်းသည်လည်းသန္ဓေသားကိုအန္တရာယ်ဖြစ်စေသည့်အ
တွက် လုံးဝမပြုလုပ်သင့်ကြောင်း ၎င်းကဆက်ပြောသည်။
ဆံပင်ဆိုးဆေးတိုင်းတွင် ဓာတုပစ္စည်းများပါဝင်နေပြီး ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း အသုံးပြုမိပါက ကိုယ်ဝန်ပျက်ကျစေခြင်း၊ သန္ဓေသားကို ထိခိုက်စေနိုင်ကြောင်း အတိအကျစမ်းသပ်ထားခြင်းများ မရှိသော်လည်းအဆိုပါဓာတုပစ္စည်းများသည်လူ၏အရေပြားမှတစ်ဆင့် သွေးကြောအတွင်းသို့စိမ့်ဝင်လာသည့်
အတွက် သန္ဓေသားအား အန္တရာယ်ပေးနိုင်ကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်စဉ်မှာ ဆံပင်ဆေးဆိုးတာက သန္ဓေသားကို ထိခိုက်စေပါတယ် ဒါကိုအမျိုးသမီးတွေက သိပ်သတိမထားကြဘူး အရမ်းဆိုးချင်နေရင်တောင် ကိုယ်ဝန် (၃)လအရွယ်မှာ လုံးဝမဆိုးမိပါစေနဲ့  ၆လကျော်ရင် ဆိုးချင်ဆိုးလို့ရပါတယ် ဒါပေမယ့် အန္တရာယ်ကင်းတယ်လို့တော့ မဟုတ်ဘူး အကြံပေးချင်တာက ကိုယ်ဝန်ဆောင်နေစဉ်မှာ လုံးဝမဆိုးတာ အကောင်းဆုံးပါပဲ ဟု ဒေါက်တာသန်းထိုက်ကဆက်ပြောသည်။
ကိုယ်ဝန်(၃)လအရွယ်သည် သန္ဓေသား၏ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်၊ အသည်း အစရှိသည့် အဓိကအင်္ဂါအစိတ်အပိုင်းများ ဖွံ့ဖြိုးတိုးတက်ချိန်ဖြစ်ကြောင်း သိရသည်။
အစားအသောက်ကို ဆင်ခြင်စားသောက်ရမယ်လို့ သိထားပေမယ့် ဒီလို အန္တရာယ်များမယ်လို့ မထင်ထားဘူး။ ဆံပင်ဆိုးတာက ကလေးကိုထိခိုက်စေတယ်လို့ မကြားဖူးဘူး အမျိုးသမီးတိုင်းလည်း ဒါကိုသတိထားမိမှာ မဟုတ်ဘူးသိထားရင် ရှောင်သင့်တာရှောင်လို့ရတာပေါ့ ”ဟု ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးက ဆိုသည်။

Source___မြစ်မခ
Read more →