Monday, September 30, 2013

ခြင်ကိုက်သက်သာပြီး ခြင်ပြေးစေရန်

,
(၁)ကြက်သွန်ဖြူကို ဆီနှင့်ရော၍ (၂၄)နာရီထားပါ။ ထို့နောက် ရေ လက်ဖက်ရည်ပန်းကန်လုံး (၂)ခွက်၊ လတ်ဆတ်သောသံပရာရည် စားပွဲ ဇွန်း(၁)ဇွန်းရောထည့်ပြီး အ၀တ်နှင့် စစ်ပါ။ဖျန်းဘူးထဲထည့်၍ လှုပ်ခါပြီး အခန်းထောင့်ကို ပက်ဖျန်းပါ။
(၂)ယူကလစ်ဆီကို သံပရာရည်၊နေ ကြာဆီနှင့်ရော၍ အသားတွင် လိမ်း ပေးပါ။
(၃)ရှာလကာရည် Venigar ကို လိမ်းပေးနိုင်သည်။ အသားတွင် လည်းကောင်း၊ မိမိထိုင်သည်ခုံ၊ အလုပ်လုပ် သည့်စားပွဲခြေတိုင်များ တွင်လည်းကောင်း လိမ်းထားပါ။
(၄)လင်ဗင်ဒါဆီကို နားရွက်အနောက်၊ ခါး၊လည်ပင်းတို့တွင် လိမ်းထားပါ။ ရနံ့သင်းရုံမက ခြင်ကို လည်း ပြေးစေသည်။ အထက်ပါနည်းများမှာ ခြင်သေစေရန် ရည်ရွယ်ပြုလုပ်ခြင်းမျိုး မဟုတ်ဘဲ အနံ့မကြိုက် ၍ ခြင်ပြေးစေသော နည်းလမ်းမျှသာဖြစ်သည်။
ထူး
Health Updates Journal
Read more →

တက္ကစီ စီးသူများ ဤကဲ့သို့ ယုတ်မာသောဖြစ်ရပ်ကို သင်ခန်းစာရယူပါ

,

သမိုင်းမှ လှိုင်သာယာဗစ်တိုးရီးရာသို့AA-.. နံပါတ်ဖြင့် ကားကို ငှားစီးခဲ့ရာ ၄င်းကားတွင် ဖုန်းကျကျန်ခဲ့ပါသည်။
၁၅မိနစ်ခန့်ကြာသော အခါတွင် ဖုန်းပျောက်ကြောင်း သတိထားမိခဲ့ပါသည်။ ထိုအခါ ဖုန်းကို အတူပါလာသောသူငယ်ချင်းဆီမှဖုန်းဖြင့် ဆက်ကြည့်ရာ ဖုန်းပြန်လိုချင်လျှင် ပိုက်ဆံ (၅၀၀၀၀) ကျပ်ကို သူအားပေးရမည် ဟု တောင်းပါသည်။ exchange မှ ဖုန်းလိုင်းပိတ်ပြီး အသစ်ပြန်လုပ်လျှင် လည်း ကျွန်မတို့အနေနှင့် ၀န်ထမ်းများဖြစ်သောကြောင့် အချိန် မလုံလောက်သောကြောင့် ထိုယာဉ်မောင်းအား တောင်းပန်၍ ညှိုနှိုင်းခဲ့ ပါသည်။ 
ထိုအခါ ယာဉ်မောင်းမှ သူနှင့်အတူ သူငယ်ချင်း(၅)ယောက်အား Beer ၀ိုင်းတစ်ဝိုင်းလုပ်ပေးရ မည်ဟု ပြောဆိုပါသည်။ကျွန်မအနေဖြင့် မိန်းကလေးတစ်ဦးဖြစ်သောကြောင့် ထိုကဲ့သို့ လုပ်ဆောင်ပေး ရန်မသင့်တော်ကြောင်းပြောဆိုခဲ့ပါသည်။
ထိုကဲ့သို့ ပြောဆိုညှိုနှိုင်းနေစဉ်တွင်လည်း မြန်မာလူမျိုးအချင်းချင်းရိုင်းပင်ကူညီမှုမရှိသည့်အပြင် နှမချင်း
ကိုယ်ချင်းမစာသောစကားများဖြင့်လည်း ပြောဆိုခဲ့ပါသည်။ ထိုသူအား အနူးအညွတ် တောင်းပန်ခဲ့ရာတွင် ထိုသူမှ (၈)မိုင် ရွှေဘဲစားသောက်ဆိုင်ရှေ့ သို့ ငွေ(၂၀၀၀၀၀)ကျပ်တိတိကို ယူဆောင်ကာ တစ်ဦးတည်း(၆)နာရီခွဲ တိတိကို အရောက်လာရမည်ဟု ဆက်သွယ်ပြောဆိုခဲ့ပါသည်။ ကျမအနေဖြင့် ထိုသူပြော သည့် အတိုင်း (၆)နာ၇ီခွဲတိတိတွင် ချိန်းဆိုသည့်နေရာသို့ရောက်ရှိခဲ့ရာတွင် ထိုသူအားမတွေ့ ရှိခဲ့ပေ။ ထိုနေရာတွင်ဆက်စောင့်နေခဲ့ရာ ထိုသူမှ Junction 8 အကျော် ကျိုက်ဝိုင်း သို့သွားသော လမ်းဘက်တွင် ရှိသော moon bakery ရှေ့သို့ လာခဲ့ပါဟု ထပ်မံချိန်းဆို၍ သွားခဲ့ရပါသည်။
ထိုသူအားတွေ့သောအခါတွင် ဆင်းကတ်သာ ပေး၍ လက်ထဲမှ ငွေ၂၀၀၀၀ အား အမြန် လုယူ၍ AA-3.. Taxi ကားဖြင့် အမြန်ထွက်သွားပါသည်။ ဟန်ဆက်အား ပြန် လည် ရရှိခြင်းမရှိပါ။
သို့ပါသောကြောင့် အမျိုးသမီးများ အနေဖြင့် အငှားကားများကို စီးရာတွင် သတိထား ဆင်ခြင်သင့်ကြောင်း တင်ပြအပ်ပါသည်။
----------
စာဖတ်သူ တစ်ဦးမှ ပေးပို့သော သတင်း တစ်ပုဒ် ဖြစ်ပါတယ်။ နောက်နောင် ယခုလို ကိစ္စရပ်များ မကြုံတွေ့ရစေရန် အားလုံးသိဖို့ မျှဝေ ပေးလိုက် ရပါတယ်။
 
By ရိုးရာလေး
Read more →

အဖေသို့ သမီးပေးစာ

,

၁၆ နှစ်အရွယ် သမီးလေး အခန်းထဲသို့ အဖေ ဖြစ်သူ ဝင်လာပါတယ်။ သမီး မရှိပဲ အခန်းက သပ်ရပ်နေပြီး စာတစ်စောင် စားပွဲပေါ်မှာ တင်ထား တာ တွေ့ လိုက်ပါတယ်။ စာကို ဖတ်ကြည့်တဲ့အခါ
ချစ်သော ဖေဖေ
ဒီစာကိုရေးရတဲ့အတွက် စိတ်မကောင်းပါဘူး။ ဖေဖေနဲ့ မေမေကို တကယ် ချစ်ပါတယ်။ သို့ပေမယ့် သမီးနဲ့ ချစ်သူနောက်ကို အပြီးလိုက်သွားပါပြီ။ စိတ်မဆိုးပါနဲ့ ဖေဖေ။ သူက သမီးအပေါ် ကောင်းပါတယ်။ အပြင်ပန်းက တက်တူးတွေ၊ ဆေးမင်ကြောင်တွေ ဘယ်လောက်ပဲ များများ သူ သမီးကို တကယ်ချစ်တာ ခံစားမိပါတယ်။ သမီးထက် ၁၄ နှစ်ကြီး ပိုကြီး တယ်လေ။ အိမ်ထောင်ကွဲပေါ့။ သို့ပေမယ့် သူ့ဇာတ်လမ်းတွေ ပျက်သွားပြီိလို့ ကတိပေး ထားတယ်။ သူ ကတိဖျက်တာ ၁၅ ခါ မကပေမယ့် ဒီတစ်ခါတော့ နောက် ဆုံး ဖြစ်မယ်လို့ သမီးယုံကြည်တယ်လေ။
သမီးမှာလည်း ကိုယ်ဝန်ရှိနေပြီလေ။ ငယ်သေးပေမယ့် ဒီအရွယ်မှာ မွေးလို့ ဘာမှ မဖြစ်ပါဘူး။ ကလေးတွေအများကြီးမွေးပြီး ဘဝတည်ဆောက်ဖို့လည်း သမီးဆန္ဒရှိတယ်။ သူလည်း ဒီတိုင်းပဲလေ။ ဒီအတွက် ဖေဖေ စိတ်မပူပါနဲ့။ သူ့မှာ အလုပ်အကိုင်မရှိဘူးဆိုတာ မှန်ပါတယ်။ သို့ပေမယ့် မြို့ မှာ သူ ဆေးခြောက်ဖြန့်တော့မယ်လေ။ သမီးကိုချစ်ရင် ဘယ်သူမှ မသိစေနဲ့နော်။ သမီးတို့ ချမ်းသာတဲ့တစ်နေ့ကျ ဖေဖေတို့ကို ပြန်ကျေးဇူးဆပ်မှာပါ။
ဖေ့ဖေ့ကိုလည်းချစ်တယ်။ ချစ်သူကိုလည်း ချစ်တယ်။ ဒီတော့ သမီးတို့ ပိုချစ်ရတဲ့ ချစ်သူဆီကိုပဲ လိုက်သွားပါပြီ အဖေ။
ချစ်ခြင်းများစွာဖြင့် အဖေ့ရဲ့  သမီး
စာဖတ်ပြီးချိန် ဒေါသကြီးလှတဲ့ အဖေဖြစ်ဟာ လက်တွေတောင် ကတုန်ကရင် ဖြစ်လာပါတယ်။ စာကို ဆုပ်ဖြဲမယ်အလုပ် အောက်နားမှာ စာနည်းနည်း ထပ်ရေးထားတာ တွေ့တော့ ဆက်ဖတ်မိပါတယ်။
PS: ဖေဖေရေ.။ အပေါ်က ရေးထားသမျှ တစ်ခုမှ မမှန်ပါဘူးနော။ အခု သမီး ဘေးက သူငယ်ချင်းအိမ်မှာ။ လောကမှာ ထင်ထားတာ တွေ (သမီး ရီပို့ကဒ်) ထက် အရမ်းဆိုးရွားတဲ့ အရာတွေ ရှိသေး၊ ဖြစ်နိုင်သေး တာကို သမီးပြောပြချင်တာပါ။ လောလောဆယ် စားပွဲ အံဇွဲထဲမှာ ကျောင်းက ပေးတဲ့ ရီပို့ကဒ် ( Report card ) ထားထား တယ်ဖေဖေ။ အမှတ်နဲ့ အဆင့်ကို မကြည့်ပဲ လက်မှတ်ထိုးပေးနော်။ သမီးကို ချစ်လို့ စိတ်ဆိုးပြေ ရင် ဖုန်းဆက်ခေါ်လိုက်နော.
I love you Daddy!
Read more →

NLD လူထု ဆန္ဒ စစ်တမ်းကောက်မည်ဆိုရာဝယ်..

,
 

ဖွဲ.စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး .....NLD ပါတီက လုပ်မည့် .....လူထုဆန္ဒ စစ်တမ်းကောက်ယူမှုရလာဒ်များသည် .....တရားမျှတပြီး သမာသမတ်ကျတဲ့ မဖြေများ မဖြစ်နိုင်ပါ.....

Reliable, Fair & Objective ဖြစ်တဲ့ ....လူထုဆန္ဒအစစ်အမှန်ကို ထင်ဟပ်မည့် အဖြေများဖြစ်အောင်လည်း .....ဖော်ထုတ်နိုင်မည် မဟုတ်ပါ......

NLD အနေဖြင့် သီးသန်.လွတ်လပ်တဲ့ .....third party & Independent ဖြစ်ပြီး .....စနစ်တကျ လူထု စစ်တမ်းတွေကို ကောက်ယူတတ်တဲ့ .....ဘယ် Media & Communication ကုမ္မဏီတွေ .....PR Firms ငှားမှာ ဆိုတာလည်း မေးစရာပါ.......

Survey တွေကို စနစ်တကျ ကောက်တဲ့ .....Pollsters ကုမ္မဏီတွေ ....Professionals တွေကို ငှားရမ်းပြီး လုပ်တာ မဟုတ်သရွေ.တော့ .....ယုံကြည် စိတ်ချရမည့် စစ်မှန်တဲ့ အဖြေတွေ ထွက်ဖို. မဖြစ်နိုင်ပါ.....

တကယ့် လူထု ဆန္ဒသဘောထားအမှန်တွေကို ....ထင်ဟတ်စေသည့် ရလာဒ်မျိုး ဖြစ်အောင် လုပ်နိုင်တဲ့ ....Capacity and System လည်း NLD မှာ မရှိပါ.....အဲဒါမျိုး အရင်က လုပ်ဖူးခဲ့သည့် အတွေ.အကြုံ Experiences လဲ မရှိပါ....ပါတီတစ်ခုတည်းက သူ့ သဘောနဲ့ ....သူ့ ပါတီဝင်တွေက ကောက်တဲ့ စစ်တမ်းတွေ .....လူထုဆန္ဒဆိုတဲ့အရာတွေဟာ .....တကယ့် ပြည်သူ လူထု အများစု ရဲ့ ....
စစ်မှန်တဲ့ လူထုသဘောဆန္ဒတွေကို .....တကယ် ကိုယ်စားပြု ထင်ဟပ်စေသည့် .....အဖြေများ ရလာဒ်များ မဟုတ်နိုင်ပါ......

လူထု စစ်တမ်းတခု ကောက်မယ် .....သဘောထား ဆန္ဒကို ခံယူမယ်ဆိုရင် ....ဘယ်အရပ် ဘယ်ဒေသက .....လူဦးရေ ဘယ်နှစ်ယောက် .....အမျိုးသား အမျိုးသမီး ဘယ်နှစ်ဦး ......လူကြီး လူငယ် အသက်အရွယ်က ဘယ် အချိုးအစားကို .....ဘယ်လ နှင့် ဘယ်အချိန်အတွင်းက .....ဘယ်လို မေးခွန်းတွေကို မေးပြီး ......Error Margin က +/- ဘယ်နှစ်ရာခိုင်နှုန်း .....Point ဘယ်လောက် ဆိုတာကို .......စနစ်တကျဖြင့် ဘက်လိုက်မှု မရှိပဲ .......တကယ့် သဘောထား အစစ်အမှန်တွေ ရရှိဖို. ......ကောက်ခံရတဲ့ စနစ်ပါ........

တော်ရုံတန်ရုံနဲ. လုပ်လို.ရတဲ့ ......ဖြစ်ကတတ်ဆန်း ကိစ္စ လဲ မဟုတ်ပါ.....ပါးစပ်ကနေ လွယ်လွယ်လေး ပြောလိုက်တာနဲ့  .....ဖြစ်တဲ့ ပြီးတဲ့ ကိစ္စမဟုတ်ပါ.....

ဒါကြောင့် လူဦးရေး သန်း ၆၀ ကျော် ရှိပြီး .....လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အပြင် .....တယ်လီဖုန်း အင်တာနက်နဲ. စာတိုက်စနစ်တွေ .....တပြည်လုံး စနစ်တကျ မရှိသေး .....
အခြေခံအဆောက်အဦး ......လမ်းတံတားတွေ မကောင်းသေးတဲ့ မြန်မာပြည်မှာ .....လူထုသဘောထား ဆန္ဒယူဖို. .....ပါတီတစ်ခု၏ အစည်းအဝေးပွဲတခုကနေ .....လွယ်လွယ် ကြေညာချက် ထုတ်လိုက်တာဟာ .....အရှိတရားနဲ. ဝေးပြီး .....တိုင်းပြည်၏ Logistics အခြေအနေကို ....မသိရာ ရောက်ပါသည်......

ပါတီဝင်အချို. ပင်နီအင်္ကျီဝတ်ပြီး ......စာအုပ်တစ်အုပ်နဲ့ ရပ်ကွက်ထဲ ရွာထဲကို လိုက်ပြီး ......
မေးမြန်းစုံစမ်းတာနဲ့  ပြီးတဲ့ကိစ္စလို.များ ......အလွယ်တကူ နားလည်နေသလားမသိပါ.....

အဲဒါမျိုးဟာ .....ရပ်ကွက်ထဲ မီးကြေး .....ဘုရားပွဲ အလှူငွေ ကောက်တာမျိုးပဲ ဖြစ်နိုင်ပါမည် ......
လူထုသဘောထား လူထုဆန္ဒခံယူတဲ့စနစ် မဟုတ်ပါ.....

မေးခွန်းတွေကို ဘယ်လို တည်ဆောက်သလဲ......မေးခွန်းတွေကို ဘယ်လို မေးသလဲ အပေါ်မှာ မူတည်ပြီး ......လူထုသဘောထား အဖြေတွေ ......ရလာဒ်တွေက ကွဲပြားနိုင်ပါသည်.......

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်အောင် ပိတ်ပင်ထားတဲ့ ......လက်ရှိ ဖွဲ.စည်းပုံကို .....
ပြင်ဆင်ဖို့ လိုသလား လို့ မေးတဲ့ မေးခွန်းနဲ့  ......

လက်ရှိ ဖွဲ.စည်းပုံကို ပြင်ဆင်ဖို. လိုသလား.......လိုတယ်ဆိုရင် ဘာကြောင့်လဲ ......မလိုဘူး ဆိုရင် ဘာကြောင့်လဲ ဆိုပြီး .....မေးလို.ရမည့် အဖြေတွေဟာ မတူနိုင်ပါ.......

ဒါကြောင့် လူထု ဆန္ဒသဘောထား ကောက်တယ်ဆိုရာမှာ.....မေးခွန်းတွေကို ဘယ်လို မေးသလဲ......
ဘယ်သူတွေက မေးတာလဲ......ဘယ်သူတွေကို မေးတာလဲ.....ဘယ်အရပ်ဒေသက လူတွေကို မေးသလဲ .....ဘယ်အချိန်မှာ မေးတာလဲ.....ဘယ်လောက်ကာလကြာကြာ အချိန်အတွင်းမှာ မေးတာလဲ.....
ဘယ်နှစ်ဦးကို မေးတာလဲ.....အများစုက အမျိုးသားလား အမျိုးသမီးလား .....လူကြီးလား လူငယ်လား .....ပညာတတ်တွေလား ဆင်းရဲသားတွေလား ......အဲဒီလူတွေရဲ့ Demographic က ဘယ်လို လဲ...
စသည့် အချက်အလက်တွေအပေါ် မူတည်ပြီး .....အဖြေတွေက ပြောင်းလဲ စေနိုင်တာမို့ .....
လွယ်ကူတဲ့အရာ မဟုတ်ပါ......

ဒီလို နက်နဲတဲ့အရာတခုလည်းဖြစ် .....အရေးကြီးတဲ့ ကိစ္စတခုလည်းဖြစ်တဲ့အရာကို .....
ပါတီတစ်ခုတည်းက လုပ်တယ်ဆိုလျှင် .....တကယ့် လူထုသဘောထား .....လူထု ဆန္ဒအစစ်အမှန်တွေပါလို. ပြောဖို.ခက်ပြီး .....အလွန်ဆုံးဖြစ်ရင် ပါတီတခု၏ အမြင် .....
ပါတီစွဲနှင့် လုပ်တဲ့ Partyscan Result ဖြစ်ပါမည်....

တကယ့် စစ်မှန်တဲ့ လူထုသဘောထား ဆန္ဒတွေကို ဖော်ထုတ်နိုင်တဲ့ ......ထင်ဟပ်နေတဲ့ လူထု စစ်တမ်းတခုဖြစ်ဖို့  ......ယုံကြည် ကိုးစားလို. မျှမျှတတနဲ့ .....
..... သမာသမတ်ကျမယ်လို. မယူဆပါ.....


NLD ပါတီအနေဖြင့် တစ်နိုင်ငံလုံးလူဦးရေကို လွမ်းခြုံဖို. မဆိုထားနဲ့ .....သူ့ ပါတီဝင်တွေ၏ စာရင်းဇယား Data တွေတောင် စနစ်တကျနဲ့ .....Centralized Controlled Computerized Data base ကို ......
ပါတီဝင်အားလုံးအတွက် .....မြို.နယ်နဲ. တိုင်းဒေသများကို လွမ်းခြုံတဲ့ စနစ်တခုရော .....
ကောင်းကောင်းရှိနေရဲ့လားဆိုတာတောင် ....အတိအကျ ပြောဖို. ခက်ပါသည်.....

သူ့ ပါတီဝင် အားလုံးကို လွှမ်းခြုံတဲ့ .....သဘောထားအမြင်တွေ ရရှိဖို.တောင် .....
စိန်ခေါ်ချက်တွေရှိနေတဲ့ ပါတီတစ်ခုအနေနဲ့ .....တနိုင်ငံလုံး၏ လူအများစုကို လွှမ်းခြုံပြီး .....
လူထု စစ်တမ်းကောက်မယ်ဆိုတဲ့ ကြေညာချက်ဟာ .....Pre-mature နိုင်ငံရေး မရင့်ကျက်မှုကို ပြသရာ ရောက်တဲ့အပြင် ......NLD နဲ. အနီးဆုံး တရုန်းရုန်းဖြစ်နေတဲ့ လက်သင့်တဲ့ .....
၉၀ ရွေးကောက်ပွဲအခြေခံ .....တိုင်းရင်းသားပါတီ ၉ ခု လူနည်းစု အုပ်စုနည်းနည်းလေးနဲ.တောင် .....
နိုင်ငံရေးအရ သဘောတူညီမှု ရရှိအောင် .....စည်းရုံး ဆွဲဆောင် ရှင်းပြနိုင်ခြင်း မရှိပဲ .....
Negotiation & Dialogue Failure ဖြစ်နေတာကို ......ထောက်ပြသလို ဖြစ်သွားစေပါသည်။

ဒီလို အချင်းချင်းအကြားမှာ ....နိုင်ငံရေးအရ သဘောတူညီမှု .....ဘုံ ရပ်တည်မှုတစ်ခု ရရှိအောင် .....
အဖြေတစ်ခု ရအောင် မလုပ်ဆောင်နိုင်တော့လို့ .....အရှုပ်တော်ပုံကို လူထု ကို ဖြေပြလိုက်ပုံပဲ ရပါတယ်......

( Credit to Udp Myanmar )
Read more →

၂၅ နှစ်အတွင်း တိုင်းပြည်အတွက် ဘာမှ မယ်မယ်ရရ မလုပ်ရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ၀န်ခံ

,


သက်တမ်း ၂၅ နှစ် ပြည့်ခဲ့ပြီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် အလုပ်တာဝန်များ မကျေပွန်သေးကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ငွေရတု သဘင်အခမ်း အနားတွင် ပြောကြားသည်။ “ကျွန်မတို့ရဲ့ တာဝန်တွေ ကျေပွန်ပြီလားဆိုတော့ အမှန်တော့ မကျေပွန်သေးပါဘူး” ဟု ၎င်းကဆိုသည်။


လက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးဘဲ ဒီမိုကရေစီ စံနှုန်းများ အနည်းငယ် တိုးတက်လာသည့် အခြေအနေ ရှိသော်လည်း ပြည်သူတို့၏ လူနေမှုဘဝများမှာ တိုးတက်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်စုကြည်က ပြောကြားသည်။ NLD ပါတီသည် လာမည့် ရွေးကောက်ပွဲအတွက် စဉ်းစားသည့် ပါတီမျိုး မဖြစ်စေချင်သော်လည်း ရွေးကောက်ပွဲတွင် အနိုင်ရချင်သည်ဟု ၎င်းကဆိုသည်။ NLD ပါတီ နာယကဖြစ်သူ ဦးတင်ဦးကမူ “NLD ပါတီဟာ အရင်ရွေးကောက်ပွဲ တုန်းကလို မဲအများကြီးရဖို့ မလွယ်တော့ဘူး” ဟု The Voice နှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားသည်။

YoYarLay
Read more →

ဆရာကြီး ဦးဂိုအင်ဂါ ကွယ်လွန်

,
ဆရာကြီး ဦးဂိုအင်ဂါ ( အသက် ၉၀ နှစ်)ဟာ ယမန်နေ့ ည ၁၀ နာရီ မိနစ် ၄၀ က အိန္ဒိယနိုင်ငံ မွန်ဘိုင်
( ဘုံဘေ) မြို့ နေအိမ်မှာပဲ လူကြီးရောဂါနဲ့ ကွယ်လွန် အနိစ္စ ရောက်သွားပါတယ်။ 


 
ဆရာကြီး ဦးဂိုအင်ဂါဟာ ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် ၁၉၆၉ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့် အခြား ကမ္ဘာ့နိုင်ငံတွေမှာ ၀ိပဿနာ တရားစခန်းတွေ များစွာ ဖွင့်လှစ်သင်ကြားပေးခဲ့သလို လူမှုကူညီရေး လုပ် ငန်းတွေလည်း များစွာ လုပ်ဆောင်ခဲ့ပါတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါရဲ့ အကျဉ်းထောင်တွေထဲမှာ တရားစခန်းတွေ ဖွင့်လှစ်သင်ကြားပေးခဲ့မှုတွေကြောင့် သက်ဆိုင်ရာ အကျဉ်းထောင် ၀န်ထမ်းတွေနဲ့ အကျဉ်းသားတွေကြား လူမှု ဆက်ဆံရေး ချောမွေ့ပြေပြစ်မှု ရှိလာပြီး အုပ်ချုပ်ရေးအတွက် ကြီးမားတဲ့ အထောက်အကူဖြစ်ခဲ့တာတွေကလည်း လူအများသိကြပါတယ်။ 

ဆရာကြီးဟာ ၀ိပဿနာ သုတေသန စင်တာကိုလည်း တည်ထောင်ခဲ့ပါသေးတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါဟာ ၁၉၂၄ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့က မြန်မာနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ခေါင်းကိုက် ဝေဒနာ စွဲကပ်ရာက ဆရာကြီး ဦးဘခင်ထံ တပည့်ခံခဲ့ပြီးနောက် ဗုဒ္ဓဘာသာ ဖြစ်လာခဲ့ပြီး တရား ဓမ္မများ ကို ပြန်လည် မျှဝေဟောပြောပို့ချလာခဲ့တာ ကွယ်လွန်အချိန်ထိ ဖြစ်ပါတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါဟာ အင်္ဂလိပ်၊ ဟိန္ဒိ ဘာသာတွေနဲ့ စာရေးခြင်း၊ ကဗျာ ရေးခြင်းတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါရဲ့ ဆယ်ရက် ၀ိပဿနာ သင်ခန်းစာ ဆိုတဲ့ စာအုပ်ဟာ ကမ္ဘာအနှံ့ လူသိများပါတယ်။ မကြာသေးမီကပဲ အိန္ဒိယနိုင်ငံက အရပ်သားဆိုင်ရာ တတိယမြောက်အမြင့်ဆုံး ဖြစ်တဲ့ Padma Bhushan ဆုကို ချီးမြှင့်ခဲ့ပါသေးတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါ ကွယ်လွန်သွားခြင်းဟာ ဗုဒ္ဓဘာသာ စစ်စစ် ပြန့်ပွားရေးအတွက် ဆုံးရှုံးမှုကြီး တခုလည်း ဖြစ်ပါတယ်။ 
Read more →

အသက်အရွယ်က စကားပြောတယ်

,


CIA ရဲ့ အကြီးအကဲဟာ စုံထောက် အသစ်သုံးယောက်ကို ခန့်ဖို့အတွက် စစ်ဆေးနေပါတယ်။

၂၅ နှစ်၊ ၃၅နှစ် နဲ့ ၄၅ နှစ် ရှိပြီဖြစ်တဲ့ အသစ်လူသုံးယောက်ကို သေနတ် တစ်လက်စီ ပေးလိုက်ပါသတဲ့။

နောက်ပြီးတော့ သူတို့ရဲ့ မိန်းမတွေကို အခန်းတစ်ခုစီမှာ ထည့်ထားပြီးတော့

“ကောင်းပြီ၊ မင်းတို့ မိန်းမတွေ ထည့်ထားတဲ့ အခန်းထဲကို ၀င်သွား၊ ပြီးရင် ဟောဒီ သေနတ်နဲ့တေ့ပြီး သေနတ်မောင်းကို ဖြုတ်ချလိုက်”

အသက် ၂၅ နှစ်အရွယ်ရှိတဲ့ စုံထောက်ကောင်လေးက ချက်ချင်းပြန်ဖြေတယ် “ကျွန်တော်မလုပ်နိုင်ဘူး၊ ကျွန်တော့်မိန်းမကို ကျွန်တော်အရမ်းချစ်တယ်”

အသက် ၃၅နှစ်၊ သေနတ်ကိုင်ပြီး အထဲကို ၀င်သွားတယ်။ ခဏနေတော့ ပြန်ထွက်လာတယ်.. “ကျွန်တော် မပစ်ရက်ဘူး.. ကျွန်တော့်မိန်းမကို ကျွန်တော်ချစ်သေးတယ်”

အသက် ၄၅ နှစ်၊ သေနတ်ကိုင်ပြီး အထဲဝင်သွားတယ်…. ခြောက်လုံးပြူး သေနတ်က သေနတ်သံ ၆ ချက်ထွက်လာတယ်… ပြီးတော့ လင်မယားနှစ်ယောက် စကားများသံတွေ ထွက်လာတယ်။

စုံထောက် အကြီးအကဲ အခန်းထဲကို ပြေးဝင်လာတယ်…

စုံထောက်အသစ်ကပြောတယ် “ဘယ်ငတုံးက သေနတ်ထဲကို ကျည်ဆံအတုတွေ ထည့်ထားတာတုံး… ဒီမှာ ၆ ချက်ပစ်တာတောင်မှ တစ်ချက်မှ ကျည်မထွက်ဘူး”

တိန်....ကောာင်းဗျ

ရီမောနိုင်ပါစေ

by lon elys..................
Read more →

တပ်မတော်၏ ဒို့တာဝန် အရေးသုံးကို ထိပါးလျှင် ပြောင်းလဲမှု နှေးကွေးသွားနိုင်သည်

,


မိမိတို့နိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် ဆိုးသည့်ဘက်မှာပဲဖြစ်ပါစေ၊ ကောင်းသည့်ဘက်မှာပဲဖြစ်ပါစေ တပ်မတော်၏ အခန်းကဏ္ဍသည် အရေးပါခဲ့သည်သာဖြစ်သည်။ ဒါကိုတော့ မည်သူမျှမငြင်းနိုင်ပါ။

တစ်ခါတစ်ရံ တပ်မတော်၏ အခန်းကဏ္ဍကို ဆိုးသည့်ဘက်မှ ရှုမြင်မည်ဆိုပါက တပ်မတော်၏ ရပ်တည်ချက်သည် အငြင်းပွားစရာများ ရှိနေမည်ဖြစ်ပြီး ကောင်းသည့် ဘက်မှရှုမြင်လျှင်လည်း တပ်မတော်အပေါ် ရှုမြင်သုံးသပ်မှုများမှာေ၀၀ါးနေမည်သာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍသည် အရေးပါခဲ့ပြီး အနာဂတ်နိုင်ငံရေးတွင်လည်း အချိန်ကာလ အတိုင်းအတာတစ်ခုအထိ အရေးပါနေဦးမည်မှာလည်းသေချာနေသည်။

တချို့ကမူ မြန်မာ့နိုင်ငံရေးတွင် တပ်မတော် မပါဝင်ရေး၊ တပ်မတော်နှင့် နိုင်ငံရေး မရောထွေးစေရေးကို စင်ပေါ်တင်ပြီး ဆွေးနွေးကြသည်။ သည်အတွေးအခေါ်မှာ သီအိုရီအားဖြင့် မှန်ကန်သော်ငြား လက်တွေ့အခြေအနေနှင့်မူ သဟဇာတ မဖြစ်သည့်၊ လက်ရှိ မြန်မာ့နိုင်ငံရေးနှင့် ကင်းလွတ်သည့်အယူအဆ ဖြစ်နေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဤကဲ့သို့သော အတွေးသည် မြန်မာ့နိုင်ငံရေး မိုးကောင်းကင်ကို ပိုပြီး ရှုပ်ထွေးမဲမှောင်စေသည့်နည်း
ဖြစ်သည်ဟုပင် ဆိုနိုင်ပါသည်။ လက်ရှိ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်အား လုံးဝဖယ်ထားရေး စဉ်းစားပုံစဉ်းစားနည်းသည် ပြဿနာများအား ရှင်းလင်းပစ်ရာ မရောက်သည့်အပြင် မတည်မငြိမ်ဖြစ်မှုများကို ဖိတ်ခေါ်လိုက်သလိုပင်ဖြစ်စေနိုင်သည်ကို ရှင်းလင်းစွာ လက်ခံရပေမည်။ လက်ရှိအချိန်မှာ မိမိတို့သည် မဟာဗျူဟာမြောက် အတွေးနှင့် နည်းဗျူဟာလုပ်ငန်းစဉ်များကို ရှင်းလင်းစွာ သိမြင်ကိုင်တွယ်တတ်ဖို့ လိုအပ်သည်။

မိမိတို့သည် အနာဂတ်မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို ယခင်သမိုင်းတွင်ခဲ့ပြီးသည့် သမိုင်းခြေရာများအပေါ်တွင်သာ လုံးဝအခြေစိုက် စဉ်းစားခြင်းသည် သေနင်္ဂဗျူဟာအရပင်လျှင် မှားယွင်းသည်။ မိမိတို့ စဉ်းစားရမည့်အချက်မှာ လက်ရှိတပ်မတော်၏ အခန်းကဏ္ဍ၊ လက်ရှိတပ်မတော်၏ ရပ်တည်ချက်၊ လက်ရှိတပ်မတော်၏ အလင်းအမှောင်များကို ခွဲခြမ်းစိတ်ဖြာရပေမည်။ ပစ္စုပ္ပန်သည် အတိတ်ထက် ပို၍ အရေးပါပြီး လက်တွေ့လည်းကျသည်ဟု မြင်သည်။ ထို့ကြောင့် မိမိတို့သည် တပ်မတော်အပေါ် ရှုမြင် သုံးသပ်မှုအသစ်ဖြင့်သာ မလွဲမသွေ ချဉ်းကပ်ကြရမည်သာ ဖြစ်သည်။ တပ်မတော်သည် ပြည်သူတို့ဘက်သို့ လုံးဝခြေစုံရပ်နိုင်စွမ်း ရှိစေရေးဆိုသည်မှာ မိမိတို့၏ တပ်မတော်အပေါ်ထားရှိသော အတွေးအခေါ်အယူအဆ ရှုထောင့်ကို အောင်မြင်အောင်ပြောင်းနိုင် မပြောင်းနိုင်အပေါ်တွင်မူတည်သည်။

ယခုအခါ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လုံးဝအသစ်တစ်ဖန် ပြန်လည်ရေးဆွဲရေး အယူအဆသည် လက်ရှိအခြေအနေ၌ မဖြစ်နိုင်ပါ။ ဖွဲ့စည်းပုံ ဥပဒေ ပြုပြင်ပြင်ဆင်ရေးသည်သာ လက်တွေ့လည်းကျပြီး အောင်မြင်ရန်လည်း ရှိသည့်အမြင် ဖြစ်ပါသည်။ မိမိတို့အမြင်၌ တပ်မတော်သည် ဖွဲ့စည်းပုံ လုံးဝ အသစ်ပြန်ဆွဲရေးကိုထောက်ခံလိမ့်မည်လည်းမဟုတ်ပါ။ ထို့ကြောင့် မိမိတို့သည် တပ်မတော်အနေနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက် ပူးပေါင်း ပါဝင်ထောက်ခံလာစေရေးကိုသာ ဆောင်ရွက်သင့်သည်ဟု မြင်သည်။

ထို့ကြောင့် မိမိတို့နိုင်ငံ လတ်တလော ရင်ဆိုင်နေရသော နိုင်ငံရေးစိန်ခေါ်မှု၊ နိုင်ငံရေး ကြိုးတန်းကို လွတ်အောင် ခုန်ကျော်နိုင်ဖို့ဆိုသည်မှာ တပ်မတော်က ပါဝင်သင့်ပါဝင်ထိုက်သည့် ပါဝင်နိုင်သည့် အခြေအနေများကို ဖန်တီးနိုင်မှသာ ထို နိုင်ငံရေးစိန်ခေါ်မှု ကြိုးတန်းကို လွတ်အောင် ခုန်နိုင်ကြမည် ဖြစ်သည်။ သို့မဟုတ်ပါက မိမိတို့နိုင်ငံ၏နိုင်ငံရေး ဖြစ်စဉ်သည် ပိုမိုနှေးကွေး၊ ပိုမိုမည်းမှောင် သွားနိုင်စရာအကြောင်းရှိပါသည်။ မိမိတို့၏ ဒီမိုကရေစီပန်းတိုင်ရောက်ဖို့ဆိုသည်မှာလည်း ယခုထက်ပိုမို အချိန်ယူရမည့်ကိန်းသို့ ဆိုက်နိုင်သည်ဟုလည်း ယူဆရပါသည်။

မဇ္ဈိမသတင်းဌာန
Read more →

ရန်ကုန်လေဆိပ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

,

ရန်ကုန်၊ စက်တင်ဘာ ၂၉
၂၈.၉.၂၀၁၃ရက်နေ့ ၁၀၄၅အချိန် ရန်ကုန်လေဆိပ် ပြည်တွင်းထွက်ခွါ X-Ray စက်၌ တာဝန်ထမ်းဆောင်နေသည့် ပူးပေါင်းအဖွဲ့သည် ရန်ကုန်မှ မြိတ်မြို့သို့သွားမည့် မြန်မာ့လေကြောင်း UB – Special ဖြင့် တင်ဆောင်ရန်အတွက် ကျော်စွာဝင်း၊ (ဘ)ဦးတင်ဦးလွင်၊ အင်းစိန်မြို့နယ်နေသူ ယူဆောင် လာသည့် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော TV Game စက်အား X-Ray စက်တွင် ဖြတ်သန်း...စဉ် ၎င်း Game စက်အတွင်း၌ မသင်္ကာ ဖွယ်ရာတွေ့ရှိသဖြင့် လေကြောင်း ရဲတပ်ဖွဲ့မှူးရုံး(ရန်ကုန်)သို့ ကျော်စွာဝင်းအား Game စက်နှင့်အတူခေါ်ဆောင်ကာ သက်သေများရှေ့တွင် ဖွင့်ဖေါက် စစ်ဆေးခဲ့ရာ Game စက်အတွင်းမှ အ၀ါရောင်တိတ်များဖြင့်ပတ်လျက် အပြာရောင်ပလပ်စတစ်အိတ်ငယ် များဖြင့် ထည့်ထားသော WY စာတမ်းပါ စိတ်ကြွဆေးပြား (၇၉၈)ပြား၊ အလေးချိန် (၇၉.၈)ဂရမ်ခန့် ၊ ကာလတန်ဘိုး ငွေကျပ်(၃၉၉၀၀၀၀)အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါသည်။
ကျော်စွာဝင်းအားစစ်ဆေးခဲ့ရာ အဆိုပါဆေးပြားများပါသည့်Gameစက်ကို ရန်ကုန်မြို့မှ မြိတ်မြို့သို့ ပို့ဆောင်ပေးရန် ၀၆၀၀အချိန်ခန့်က အမည်မသိအမျိုးသား (၁)ဦးမှ လာရောက်ပေးခဲ့ခြင်းဖြစ်ပြီး မြိတ်မြို့ရှိ ဦးနောင်ကို၊ (ဘ)ဦးညာထံသို့ ပို့ဆောင်ပေးရန်ဖြစ်ကြောင်း စစ်ဆေးသိရှိရ သဖြင့် ကော့သောင်း မူးယစ်တပ်ဖွဲ့စုမှ ၁၃၅၀အချိန်တွင် ဦးနောင်ကိုအား ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါစိတ်ကြွဆေးပြားများဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ကျော်စွာဝင်းနှင့် ဦးနောင်ကိုတို့အား မင်္ဂလာဒုံမြို့မ ရဲစခန်း မယ(ပ)၉/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
Read more →

တပ်ဦးမကျွံသင့်ပါ

,



( ပိုက်တင် )
( the voice weekly , today issue )

မဆလ ခေတ် အဆုံးသတ်ခါနီး အချိန်တုန်းက သမ္မတတွေ တစ်ယောက်ပြီးတစ်ယောက်ဖြုတ်ခနဲ ဖြုန်ခနဲ ထွက်ပေးရတာ မှတ်မိကြမှာပါ။ စစ်တပ်က အာဏာမသိမ်းခင်အချိန်လေးမှာဖြစ်ပါတယ်။ နိုင်ငံရေးအရ အကြီးအကျယ် ရှုပ်ထွေးနေခဲ့တဲ့ အချိန်လည်းဖြစ်ပါတယ်။ဦးစိန်လွင် သမ္မတရာထူးယူလိုက်တဲ့အချိန်မှာ စိန်လွင်ခြောက်တန်း တဇောက်ကန်းသောက်ရမ်းမလုပ်နဲ့ ဆိုတဲ့ အော်သံတွေ ရန်ကုန်တစ်မြို့လုံးညံပါတယ်။ ဦးစိန်လွင်လည်းအခြေအနေကို မထိန်းနိုင်ခဲ့ပါဘူး။

ဒီအကြောင်းတွေ ပြန်ပြောနေရခြင်းက တပ်ဦးကျွံခဲ့လို့ ....ကျွန်တော်တို့တွေ ဒုက္ခတွင်းထဲ မှာနှစ်ရှည်လများ နစ်ခဲ့ရတဲ့ အကြောင်းကို သတိရစေချင်လို့ပါ။ နောက်ထပ် အမှားတွေ ကျူးလွန်မိကြပြီးလိုရခရီးမရောက် ဖြစ်မှာ စိုးရိမ်လို့ ဖြစ်ပါတယ်။ စစ်တပ်အာဏာမသိမ်းခင် လူထုအုံကြွမှုကြီးရဲ့အရှိန်အဟုန်က ကြီးမားလွန်းလို့ ဘယ်လိုမှ အရှိန်မထိန်းနိုင်ဖြစ်ခဲ့ပါတယ်။ဦးစိန်လွင်ကို ရာထူးကနေလူထုအင်အားနဲ့ဖြုတ်ချခဲ့တဲ့အထိဘာမှပြသနာမရှိသေးပါဘူး။လူထုအောင်ပွဲခံတော့မယ့်ဆဲဆဲလို့
 ပြောနိုင်ပါတယ်။


အဆိုးဆုံးကတော့ဒေါက်တာမောင်မောင်သမ္မတရာထူးယူလိုက်တဲ့အချိန်ပါပဲ။ကျွန်တော်တို့တပ်ဦးကျွံခဲ့ပါ
တယ်။ ဒေါက်တာမောင်မောင်က ရွေးကောက်ပွဲအမြန်ဆုံးကျင်းပပေးမယ်၊ ပါတီစုံစနစ်ကိုထူထောင်မယ်လို့ ကတိပေးပါတယ်။ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကိုတောင်မှအတူတကွ ပျော်ပျော်ပါးပါး အုတ်မြစ်ချကြဖို့ ကမ်းလှမ်းပါတယ်။ဦးမောင်မောင်ရဲ့ ကတိစကားတွေအားလုံးကိုယုံကြည်ခဲ့သင့်တယ်လို့ ကျွန်တော်လုံးဝ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် အရပ်သားသမ္မတတစ်ယောက်လည်းဖြစ် ဥပဒေပညာရှင်တစ်ယောက်လည်းဖြစ်တဲ့ ဦးမောင်မောင်ကို ကျွန်တော်တို့ သုံးလလောက်များ အခွင့်အရေးပေးပြီးစောင့်ကြည့်ခဲ့ရင် ကျွန်တော်တို့(နိုင်ငံ ) အခြေအနေတစ်မျိုးတစ်ဖုံဖြစ်သွားနိုင်တာ မုချဖြစ်ပါတယ်။ဒါပေမယ့်နဖူးပြောင်ပြောင်ဦးမောင်မောင် အရူးထောင်ကိုပို့လိုက် ဆိုတဲ့ ကြွေးကြော်သံနဲ့ ကျွန်တော်တို့ ရွေးကောက်ပွဲဆိုတဲ့ ပါတီစုံဆိုတဲ့ ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ကြပါတယ်။


စစ်တပ်က အာဏာမသိမ်းခင်အချိန်လေးအထိ လူထုရဲ့ တော်လှန်ရဲတဲ့ စိတ်ဓါတ်နဲ့ အင်အားဟာ အမြင့်ဆုံးအနေအထားမှာရှိပါတယ်။ စစ်တပ်က ပစ်ခပ်နှိမ်နင်းပြီးတဲ့အခါမှာ အင်အားတွေ ကစဉ်ကလျားဖြစ်ခဲ့ရပါတယ်။ဒေါက်တာမောင်မောင်လက်ထက်မှာနိုင်ငံရေးသမားတွေက လူထုကို နားချစည်းရုံးနိုင်ပြီး အထွေထွေသပိတ်ကြီးကို ခေတ္တခန ရပ်နားထားလိုက်မယ်ဆိုရင်လူထုရဲ့ စွမ်းပကားကြီးမားလှတဲ့အင်အားဟာတိုင်းပြည်မှာအရေးကြုံလာတိုင်းအရှိန်အဟုန်ပြင်းပြင်းနဲ့ ပေါ်ထွက်
လာနိုင်မှာအသေအချာပါ။ကျွန်တော်တို့ဦးမောင်မောင်ရဲ့စကားကို လက်ခံပြီး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပြီး ရွေးကောက်ပွဲတစ်ခုကိုဖြတ်သန်းခဲ့မယ်ဆိုရင် ၊အဲဒီရွေးကောက်ပွဲမှာလိုချင်တဲ့ အဖြေကိုမရခဲ့ရင် လူထုရဲ့ စည်းလုံးညီညွတ်စွာ ကြီးမားပြင်းထန်နေတဲ့ စွမ်းအားကြီးကို အချိန်မရွေးလှုပ်နှိုးထကြွနိုင်မှာ သေချာပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ တပ်ဦးကျွံခဲ့ပါတယ်။ အခုနောက်ပိုင်းတော့ လူထုအင်အားကို ၈၈ တုန်းကလို ပြန်လည်စုစည်းဖို့ရာခက်ခဲသွားခဲ့ရုံမျှမကအကြောင်းတရာများစွာကြောင့် ဒီမိုကရေစီရေးနှောင့်နှေးခဲ့ရတာ ဒီကနေ့ အထိဖြစ်ပါတယ်။ ကျွန်တော်တို့ ရုန်းကန်နေကြရဆဲဖြစ်ပါတယ်။

နောက်တစ်ခါတပ်ဦးကျွံခဲ့တဲ့ဖြစ်ရပ်တစ်ခုကို ထပ်ပြောပါရစေ။ အမျိုးသားညီလာခံကို သပိတ်မှောက်ခဲ့တဲ့ ကိစ္စပါ။ ကျွန်တော်တို့ဟာနိုင်ငံတကာထောက်ခံမှုကို ပါဝါတစ်ခုလိုမှတ်ယူခဲ့ပါတယ်။ ညီလာခံကနေ လူထုကိုယ်စားလှယ်တွေနှုတ်ထွက်လိုက်ရင် ညီလာခံပျက်မယ်၊တပ်က စီစဉ်တဲ့ အခြေခံဥပဒေပျက်မယ် လို့ မှတ်ယူခဲ့ပါတယ်။ (ဒီနေရာမှာ ၉၀ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုတာ၊အာဏာမလွှဲတာမှန်တယ်လို့အာဏာရှင်ဘက်ကနေထောက်ခံပြောဆိုလိုရင်း
မဟုတ်ကြောင်း သိစေလိုပါတယ်။ အာဏာရှင်ခေတ်တုန်းက အာဏာရှင်စနစ်ရဲ့ထုံးတမ်းစဉ်လာအတိုင်း
အာဏာနဲ့ အနိုင်အထက်ပြုခဲ့တာ အမှန်ပါ။ ဒါပေမယ့် အာဏာရှင်စနစ်အဆုံးသပ်ပြီးဒီမိုကရေစီစနစ်နဲ့ အစားထိုးဖို့ လက်တွေ့ကျတဲ့ချဉ်းကပ်မှုတွေလိုပါတယ်။)
အာဏာရှင်အစိုးရက အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးပါတယ်။ လူထုကိုယ်စားလှယ်တွေ ညီလာခံကထွက်သွားတော့ ညီလာခံကို ရပ်ပစ်လိုက်ပါတယ်။
အချိန်ဆွဲပစ်လိုက်ပါတယ်။ ကျွန်တော်တို့က ဖိအားတွေပေးဖို့ တတ်နိုင်သလောက်လုပ်ပါတယ်။ အစိုးရကို ပိတ်ဆို့မှုတွေ ပြည်တွင်းပြည်ပကနေ ညာသံပေးပြီးလုပ်ခဲ့ပါတယ်။အစိုးရက သူလုပ်ချင်တဲ့ အချိန်ကျမှ ညီလာခံကို ပြန်စဖို့လုပ်ပါတယ်။ အခြေအနေကို စိတ်ကြိုက်ဖန်တီးပါတယ်။ နောက်ဆုံး ၂၀၀၈ အခြေခံဥပဒေပေါ်လာပါတယ်။နှစ်ကာလကြာရှည်စီးပွားပျက်ပြီး လူထု မွဲသွားပါတယ်။လက်တွေ့မှာ လုပ်လို့ရနိုင်တာကို စဉ်းစားပြီးဖိနှိပ်ခဲ့တာ ကို ဘယ်ဒီမိုကရက်တစ်မှ တရားမျှတတယ်လို့ မခံယူပါဘူး။ လက်တွေ့ ကျကျ ပြသနာကို ချဉ်းကပ်ဖြေရှင်းဖို့ဖြစ်နိုင်တာကနေ အကောင်းဆုံးစတင်ဖို့ ဆိုလိုရင်းသာဖြစ်ပါတယ်။)

ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးဖြိုမယ့်ကြံ ခါးကမသန် ဆိုသလိုပါပဲ။ အာဏာရှင်နဲ့ ကျွန်တော်တို့ အင်အားက မြင့်မိုရ်တောင်နဲ့ ခါချဉ်ကောင်လောက်ကွာခြားခဲ့လေတော့အခြေအနေဖန်တီးခွင့်က အာဏာရှင်ရဲ့လက်ထဲမှာပဲရှိခဲ့ပါတယ်။ ကျွန်တော်တို့ ရှုံးခဲ့တယ်လို့မပြောနိုင်ပေမယ့် ကျွန်တော်တို့ ပေးဆပ်ခဲ့ရပါတယ်။ ခေတ်ပြောင်းတော်လှန်ရေးတစ်ခုမှာ ပေးဆပ်ရတာ မဆန်းလှပေမယ့် လိုအပ်တာထက် ပမာဏာအလွန်များပြားစွာ ပေးဆပ်ခဲ့ရပါတယ်။ တစ်နိုင်ငံလုံး ပေးဆပ်ခဲ့ရတာပါ။ တပ်မတော်လည်းပါဝင်ပါတယ်။တပ်မတော်ဆိုတာ ပြည်သူ့တပ်မတော်ပါ။ ပြည်သူနဲ့တပ်မတော်အကြား အထင်အမြင်များတိမ်းစောင်းခဲ့ရခြင်းဟာ တပ်အတွက်ရော လူထုအတွက်ပါ ဆုံးရှုံးနစ်နာမှုကြီးဖြစ်ပါတယ်။

အခု တပ်ဦးကျွံမယ့်ကိစ္စတစ်ခု ခေတ်စားနေပြန်ပါပြီ။ အခြေခံဥပဒေအသစ်ရေးဆွဲရေးဆိုတဲ့ ကိစ္စပါ။ လက်ရှိကာလမှာလုံးဝ မဖြစ်သင့်တဲ့ ကိစ္စဆိုတာ ရှင်းရှင်းလင်းလင်းပြောကြားလိုပါတယ်။ဒါဟာ တိုင်းရင်းသားလူထုတစ်ရပ်လုံးရဲ့အကျိုး၊ ဒီမိုကရေစီရဲ့အကျိုးနဲ့ ပြည်သူ့တပ်မတော်ရဲ့အကျိုးတို့ကို လိုလားလို့ ပြောရခြင်းဖြစ်ပါတယ်။တပ်နဲ့ လူထုအကြားတိုးတက်လာတဲ့ အခြေအနေကို မထိပါးစေချင်ပါဘူး။

ရှင်းရှင်းပြောရရင် လက်ရှိအနေအထားကို တပ်ကခွင့်ပြုခဲ့တာပါ။ ဖြေလျှော့ပေးခဲ့တာပါ။ ကျွန်တော်တို့မှာ အခြေအနေကိုပြောင်းပြန်လှန်လောက်တဲ့အင်အားမရှိသေးပါဘူး။လက်ရှိအခြေအနေကိုပြောင်းပြန်လှန်ပြီးတပ်နဲ့ လူထု ပြန်ကျောခိုင်းစေမယ့် အဖြစ်မျိုးဖန်တီးတဲ့ လုပ်ရပ်မျိုးရှောင်ရှားကြရပါလိမ့်မယ်။ တပ်ကို အမြင်ကြည်လင်ဖို့လိုပါတယ်။တပ်ခေါင်းဆောင်တွေမှာ ကျွန်တော်တို့နဲ့ မတူတဲ့ နိုင်ငံရေးအမြင်ရှိပါတယ်။ သူတို့ကြိုးစားအားထုတ်နေတာလည်းအသေအချာဖြစ်ပါတယ်။လက်တွဲထားတာကကန်ထုတ်ဖို့ကြိုးစားတာထက်
ပိုလက်တွေ့ကျပါတယ်။လက်ရှိမှာ တပ်ကိုကန်ထုတ်ရင် ကန်ထုတ်တဲ့သူပဲ လွင့်ထွင်သွားနိုင်ပါတယ်။ တပ်အကြိုက်လိုက်ပြောတယ်မထင်ပါနဲ့။ ကျွန်တော်လည်း လွှတ်တော်ထဲမှာ တပ်ကလူတွေထိုင်နေတာ
သဘောမကျပါဘူး။အဲသလိုသဘောမကျလို့ဘဲသူတို့လွှတ်တော်ထဲကနေလိုလိုချင်ချင်ထွက်သွားမယ့်နည်း
လမ်းကို လက်ခံကြစေချင်တာပါ။ လွှတ်တော်ထဲကနေ တပ်ကထွက်သွားပြီဆိုတဲ့အချိန်ဟာ
ဟိုးလွတ်လပ်ရေးခေတ်က တပ်နဲ့ ပြည်သူစည်းလုံးချစ်ခင်မှုမျိုးပြန်ရတဲ့အချိန် ဒီမိုကရေစီဟာလည်း အပြည့်အဝထွန်းကားတဲ့အချိန် ဖက်ဒရယ်ပဲဖြစ်စေ တခြားစနစ်တစ်ခုပဲဖြစ်စေ အကောင်းဆုံးပြဌာန်းနိုင်ပြီး
လူထုတစ်ရပ်လုံးတန်းတူညီမျှ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမှု ရမယ့်အချိန်ဆိုတာ လုံးဝသေချာပါတယ်။ သွေးထွက်သံယိုတွေ၊ ဆင်းရဲဒုက္ခတွေ၊ ပြသနာတွေ၊ ဆုံးရှုံးနစ်နာမှုတွေ များလှပါပြီ။ ရာဇဝင်သမိုင်းဆိုးကြီးကို ပြန်ကျော့မယ့်အလုပ်တွေမလုပ်မိစေချင်တော့ပါဘူး။နည်းလမ်းလည်းရှိနေပြီ
 မျှော်လင့်ချက်လည်းရှိနေပြီဖြစ်လို့ လက်တွေ့ကျကျ စိတ်ရှည်လက်ရှည် စည်းလုံးညီညွတ်မှုကိုဦးတည်ပြီး ပန်းတိုင်ကိုအတူတကွပဲ အရောက်လှမ်းဖို့ ကြိုးပမ်းသင့်ပါပြီ။

တပ်က လက်ရှိအခြေခံဥပဒေကို လက်ရှိအချိန်မှာ လုံးဝအထိပါးခံမယ်မဟုတ်ပါ။ တပ်ရဲ့ ပဓါနအကျဆုံးတာဝန်ဆိုတာ သတိပြုသင့်ပါတယ်။ပြင်ဖို့အတွက်က တပ်ရဲ့ သဘောတူညီမှုရဖို့ သေချာပါတယ်။ နိုင်ငံရေးကို တစ်ဆင့်ချင်း ရှေ့တိုးဖို့ ( တပ်ကတစ်ဆင့်ချင်းနောက်ဆုတ်ဖို့ ) လက်ခံပြီးသားဖြစ်ပါတယ်။
အခု အခြေခံဥပဒေကိုပြင်ဖို့ဆိုတာ တောင်မှ တစ်ဆင့်ချင်းသာစဉ်းစားသင့်ပါတယ်။ အခုလောလောဆယ်မှာ လက်တွေ့ဖြစ်နိုင်တာက ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ဖို့ဖြစ်ပါတယ်။
ဖက်ဒရယ်ကိစ္စနဲ့ ၂၅% ကိစ္စကို ခနထားရမှာဖြစ်ပါတယ်။ လုပ်လို့လည်း လောလောဆယ်မရပါဘူး။ ( ဖက်ဒရယ်မရသင့်ဘူး၊ ၂၅%ကိုလည်းလက်ခံရမယ်လို့ လုံးဝ မရည်ညွှန်းပါ)
အချိန်မတန်သေးကြောင်းပြောလိုရင်းပါ။ ဖြစ်နိုင်ရင်တော့ ဒီမိုကရေစီ အခုရရင် အကောင်းဆံုးးပါ။ဒါပေမယ့် အခြေအနေအချိန်အခါအရ မဖြစ်နိုင်သေးတာကြောင့် သတိပေးရခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ဘက်မှာလည်းတစ်ကယ်တမ်းက အဆင်သင့်မဖြစ်သေးပါဘူး။ တပ်ရဲ့ နိုင်ငံရေးယုံကြည်ချက်ကို ဒီမိုကရေစီရေးအတွက် ထိထိရောက်ရောက် ရိုးရိုးသားသားအသုံးချရမယ့်အချိန်ပါ။နောက်ပြန်မလှည့်ဘဲနဲ့ ဒီမိုကရေစီသေချာပေါက်ရချင်ရင် တပ်ရဲ့ အင်အားကို ဒီမိုကရေစီတည်ဆောက်ရေးမှာ အသုံးချခွင့်ပေးရပါလိမ့်မယ်။တပ်ရဲ့နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီဝိုင်းဝန်းတည်ဆောက်ရေးရည်မှန်းချက်ကို အပြည့်အဝလက်သင့်ခံလိုက်တာနဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို ထိထိရောက်ရောက်တစ်ဆင့်ချင်းတက်လှမ်းလို့ ရမှာသေချာပါတယ်။ သံသယတွေကျန်နေသရွေ့ ကြနေဦးမှာမုချပါ။ တပ်ကို အဆိုးမြင် အပြစ်ပြောနေတဲ့သူတွေကျန်နေသေးသရွေ့တပ်က နိုင်ငံရေးကနေအလုံးစုံဆုတ်ခွာဖို့မျှော်လင့်လို့လုံးဝ
မရနိုင်ပါဘူး။

လူထုလည်းအောင်ပွဲမခံရသေးပါဘူး။ ဒီမိုကရေစီလည်း အဝေးကြီးလိုပါသေးတယ်။ပိုမဝေးစေချင်တဲ့ စိတ်သဘောထားနဲ့သတိပေးလိုရင်းဖြစ်ပါတယ်။ဒီမိုကရေစီအပြည့်အဝရအောင်အရင်ဆုံးဦးတည်သင့်ပါတယ်။ စစ်မှန်တဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီထူထောင်နိုင်တာနဲ့ ၂၅% လည်းလွှတ်တော်ထဲမှာ မရှိနိုင်တော့ပါဘူး။ဖက်ဒရယ်လည်း သေချာပေါက်ဖြစ်ပါလိမ့်မယ်။တိုင်းပြည်နဲ့လူထုလည်းချမ်းသာနေမှာ ဖြစ်ပါတယ်။
 နိုင်ငံတကာအလယ်မှလည်း ထည်ထည်ဝါဝါဖြစ်နေပါလိမ့်မယ်။နိုင်ငံရေးပါတီများနဲ့ တပ်မတော်တို့လည်း လူထုနဲ့ အတူ အောင်ပွဲခံနိုင်မှာအသေအချာမို့ ဘယ်သူမဆို အခြေအနေ အချိန်အခါအရ လောလောဆယ်မှာတပ်ဦးမကျွံသင့်ပါကြောင်း။ ။

ပိုက်တင်
Read more →

ရေမချိုးသင့်သော အချိန်များ

,

✰ ဘယ်လိုအခြေအနေ မျိုးမှာ ရေမချိုးသင့်ပါသလဲ ?

❉ သွေးပေါင် အရမ်းကျ နေချိန် မှာ ရေမချိုးသင့်ပါ ။
ရေချိုးတဲ့အခါ ရေအပုချိန်မြင့်ရင် သွေးကြောကျယ်ပြန့်သွားတာပြီး
ဦးနှောက်ထဲမှာသွေးပန့်ပိုးတာက မလုံလောက်ဘုးဖြစ်နေတတ်တာမို့
အလွယ်တကု မှုးလဲတတ်ပါတယ် ။
ရေအေးနဲ့ချိုးရင် သွေးကြောတွေက ကျုံ့သွား ပြီး အချမ်းတက်နိင်တယ် ။

❉ ရေအေးဖြင့်အမြဲ မျက်နှာသစ်သူ
တချို့ ကျန်းမာရေးချို့တဲ့ တဲ့အမျိုးသမီးများ ရေအေးနဲ့မချိုးသင့်ပါ ။ နဂိုက
ခုခံအားမကောင်းတာမို့ အေးတဲ့နိုးဆွမှု ကြောင့်အအေးမိ ၊အဖျားတက်ခြင်း
ကိုဖြစ်စေတယ် ။ ဒါပေမယ့် ကြာရှည် ရေအေးဖြင့်မျက်နှာသစ်သူက
သွေးလည်ပတ်မှုကို အထောက်အကုပြုပါတယ် ။
အအေးမိ နှာစေးတာကိုကာကွယ်နိင်ပြီး အသားရည်ကိုစိုပြေစေတယ် ။ 

❉ အရက်သောက်ပြီး နောက် ရေမချိုးသင့်
အရက်ပျံက အသည်း အလုပ်လှုပ်ရှားမှုကို ပာန့်တားနိင်တယ် ။ ဂလုးကို့စ် ထုတ်လုပ်ခြင်းကို တားဆီးတယ်။
ရေချိုးတဲ့အခါခန္ဓာကိုယ်ထဲမှသကြားဓာတ်ကိုအသုံးပြုရတာပိုများလာပါတယ် ။ အရက်သောက်ပြီးနောက်ရေချိုးရင်သွေးချိုက အချိန်မှီမဖြည့်စည်း
ပေးနိင်တာမို့အလွယ်တကု ခေါင်းမုးခြင်း ။ မျက်စိပြာခြင်း ၊ တစ်ကိုယ်လုံးအားမရှိ အားပျော့သွားတတ်ခြင်း ။ ပိုဆိုးပါက သွေးချိုကျဆင်းခြင်းကြောင့် မူးမေ့ မြော သွားတတ်ပါတယ် ။

❉ အစားဝအောင်စားပြိး နောက် ရေမချိုးသင့်
အစားဝအောင်စားပြိး နောက် ရေချိုးရင် တစ်ကိုယ်လုံးရဲ့အပေါ်ယံအရေပြား သွေးကြောက ရေနွေးရဲ့နိုးဆွမှုကြောင့် ကျယ်ပြန့်သွားပါတယ် ။ များသောသွေးလည်ပတ်မှုကအပြင်ဖက်သို့
ရောက်ရှိလာတာနဲ့အမျှဝမ်းဗိုက်ထဲမှသွေးပန့်ပိုးမှုကနည်းလာတာမို့ အစာကြေလမ်းကြောင်းစုတ်ယုမှုကို ထိခိုက်စေတာကြောင့်
သွေးချိုကကျဆင်းလာပါတယ် ။ ပိုဆိုးပါက မှုးမေ့လဲကျ တတ်ပါတယ် ။

❉ အလုပ်လုပ်ပြီးချင်း ရေမချိုးသင့်
ကာယအလုပ်လုပ်ဖြစ်စေ ဥာဏ်စွမ်းရည်ဖြင့်အလုပ်လုပ်သည်ဖြစ်စေ
အလုပ်လုပ်ပြီးနောက် ခဏ အနားယုပြီးမှ ရေချိုးသင့်တယ် ။
သို့မပာုတ်လျှင် နှလုံးရောဂါ ၊ ဦးနှောက်ထဲမျာသွေးပန့်ပိုးမှုမပြည့်စုံခြင်း ဖြစ်တာမို့မုးမေ့လဲကျသွားတတ်ပါတယ် ။ 

❉ အဖျားရှိတဲ့အခါရေမချိုးသင့်
အဖျား (၃၈ဒီဂရီ = ၁၀၀.၄ ဖာရင်ပိာုက် ) မြင့်တက်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ကယ်လိုရီကုန်ဆုံးသွားက ၂၀% များလာပါတယ် ။ အဲဒီအချိန်မှာ ခန္ဓာကိုယ်က အားလျှော့တာတဲ့အချိန်ဖြစ်တာမို့ရေချိုးလိုက်ရင် ရုတ်တရက် (အက်စီးတန့်)မတော်တဆများဖြစ်ပွားနိင်ပါတယ် ။

*** ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ........ .♡♡♡
လုတိုင်း လုတိုင်း ရေချိုးတာက နေ့စဉ် အလုပ်တစ်ခု ဖြစ်နေတယ် ။
ရေချိုးခြင်းကိုချိုးကိုချိုးရမယ်လို့တသတ်မှတ်တည်း မသတ်မှတ်ပါနဲ့ ။
ရှောင်ရန်နှင့်သတိထားစရာတွေလည်းရှိပါတယ် ။ သတိမမှုမိရင်
ရေချိုးလိုက်တာနဲ့တစ်ကိုယ်လုံးရောဂါဝေဒနာများရတတ်ပါတယ်။
အထုးသဖြင့် အလွန်ပုတဲ့မြန်မာပြည် ၊ ထိုင်း ။ မလေး မှာရှိတဲ့သူငယ်ချင်းများပိုပြီးသတိထားသင့်ပါတယ် ။ (ဦးနှောက်သွေးကြောပြတ်ခြင်း ။ဦးနှောက်သွေးထွက်ခြင်း ။လေဖြတ်ခြင်း တို့ဖြစ်တတ်တာမို့ သွေးတိုးနဲ့နှလုံး ရောဂါ ရှိသူများပိုပြီး ဂရုစိုက်ပါ )
သူငယ်ချင်းတို့ရောဒီလိုအခြေအနေမျိုးမှာရေချိုးဖုးရင်တော့သတိထားသင့်ပါတယ် လို့မျှဝေရင်းသူငယ်ချင်းများအားလုံးကျန်းမာပါစေ~~.♡♡♡
Jin Li Chao ✿ღ◠◠ღ✿
2013.09.29 at 22:33pm
Read more →

ထန်းတပင်မြို့နယ်တွင် လူသတ်မှုဖြစ်

,

  (အမေကို သတ်တဲ့သား) 

၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန် ထန်းတပင်မြို့နယ်၊စန္ဒယော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးသည် စန္ဒယော်ကျေးရွာနေဒေါ်ထွေးကြည်(ခ)ဒေါ်မိုး မှာနေအိမ်တွင် ဓါးဒဏ်ရာများဖြင့်
သေဆုံးနေကြောင်း သတင်းကြားသဖြင့် သွားရောက်ကြည့်ရှုရာဒေါ်ထွေးကြည်(ခ)ဒေါ်မိုးတွင် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ညှိုးပြတ်၊ ၀ဲကျောကုန်းထိုးသွင်းဒဏ်ရာ၊၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၃)ချက်၊၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်တို့ဖြင့် 
 သေဆုံးနေသည်ကိုတွေ့ရှိရပြီး အနီးတွင် ရဲတင်း(၁)လက်၊ အရိုးအသွား(၆)လက်မခန့်ရှိဝါးရိုးတပ် မီးဖိုချောင်သုံးဓါးအကျိုး(၁)ချောင်းတို့အား တွေ့ရှိခဲ့ရပါသည်။

ဖြစ်စဉ်အား စုံစမ်းမေးမြန်းရာ အခင်းဖြစ်အိမ်ခေါင်းရင်းဘက် (၂၅)ပေခန့်အကွာနေ ဦးသစ်လွင်၏ ပြောပြချက်အရ ၀၃၃၀ အချိန် ခန့်တွင် သေဆုံးသူနှင့်အတူနေသားဖြစ်သူ တင်ထွန်းဝင်းတို့ စကားများကြကြောင်း၊ သေဆုံးသူမှ တင်ထွန်းဝင်း ငါ့ကိုမလုပ်နဲ့ ငါပေးမယ်ဟုပြောဆိုသံကြားရကြောင်းတို့ကို သိရှိရသဖြင့်ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးကို သတ်ခဲ့သူ တင်ထွန်းဝင်းအားအရေးယူပေးပါရန် ဦးကျော်မင်းစိုးမှ တိုင်တန်းခဲ့၍ တက်သစ်နယ်မြေရဲစခန်း(ပ)၉၆/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police
Read more →

စောင့်ကြည့်၍သာ နေပါမည်

,
  
      မကြာသေးတဲ့ကာလတစ်ခုက“NLDပါတီထက်အရည်အချင်းရှိတဲ့ပါတီရှိရင်ပြ”ဆိုတဲ့ပြောလိုက်သံကိုကြားမိပါ
ရဲ့။မောင်ဘ ကတော့ ပြုံးစိစိ ပဲ ဖတ်လိုက်ပါတယ်။တကယ်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က မြန်မာ နိုင်ငံမှာ အဖွဲ့ဝင် အင်အားအရ ရော ၊ ပြည်သူ့ထောက်ခံမှု ရခဲ့တာရော ကျန်သော နိုင်ငံရေးပါတီတွေနဲ့ယှဉ်ရင်တော့အင်အားကြီးတဲ့ပါတီဆိုတာတော့ငြင်းမရတာအမှန်ပဲမဟုတ်လား။ဒါပေမယ့် NLD ထဲမှာဘယ်လိုလူမျိုးတွေ ပေါင်းစု နေလဲဆိုတာတော့ မောင်ဘ မပြောတော့ဘူးနော် ။ဒါနဲ့ အင်အားကြီးတိုင်း အရည်အချင်း ရှိပါ့မလားဆိုတာတော့ မေးစရာရှိတယ်။ဥပမာ ပြောရရင် ကာယဗလမောင်တိုင်း သချာင်္မတော်သလိုပေါ့။မောင်ဘ ကတော့ အင်အားကြီးတိုင်း အရည်အချင်းရှိမယ်လို့ပုံသေမမှတ်ယူဘူး။ဆင်ထက်အင်အားကြီးတာရှိအုံးမလားဒါပေမယ့်လူနဲ့တွေ့တော့လဲ
အသုံးချခံရတာပဲမဟုတ်လား။ကဲထားပါဆက်ကြစို့။
        ဒေါ်အောင်ဆန်းစုကြည်က  NLD ပါတီ ထက်အရည်အချုင်းရှိတဲ့ ပါတီရှိရင်ပြလို့ဆိုတော့ တနည်းအားဖြင့်ငါတို့ပါတီ လောက် အရည်အချင်းရှိတဲ့ ပါတီ မရှိဘူးလို့ သွယ်ဝိုက်ပြောလိုက်တာပဲမဟုတ်ဘူးလား။ဒါဆိုရင်တော့NLDရဲ့အရည်အချင်းဆိုတာ ဒေါ်အောင်ဆန်းစုကြည် ဘာနဲ့များတိုင်းတာသတ်မှတ်ပါသလဲလို့မောင်ဘ က မေးပါရစေ။“အရည်အချင်းဆိုတာ  အင်အား နဲ့ လူထုထောက်ခံမှု ရတာကို ပြောတာဟဲ့” ဆိုရင်တော့ မောင်ဘ အနေနဲ့ ဆိုဖွယ်ရာ မရှိသော်လည်း  အခြားအကြောင်းအရာကိုပြောတယ်ဆိုရင်တော့ မောင်ဘကိုနည်းနည်းလောက်တော့ မေးခွင့်ပြုပါ။ဒေါ်အော
င်ဆန်းစုကြည်အနေနဲ့ ယခင် ကတော့အကျယ်ချုပ် ဘ၀ နဲ့ နေခဲ့ရလို့ ဘာမှ မလုပ်နိုင်ခဲ့ဘူးဆိုလည်း ရှိစေတော့။အကျယ်ချုပ်က လွတ်မြောက်ပြီးတဲ့ နောက်ပိုင်း သုံးနှစ်တာ ကာလအတွင်း ပြည်သူလူထု အတွက် ဘာတွေ စွမ်းစွမ်းတမံ လုပ်ပေးပြီးပြီလဲ။ အကျယ်ချုပ်လွတ်ပြီးတဲ့ ၃ နှစ် အတွင်းမှာ ပြည်ပကို ၁၆ ကြိမ်ထွက်တယ် ။အဲ့ဒီအခါတွေမှာရော တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အကျိုးရှိစေမယ့် ဘယ်ကိစ္စတွေများဆောင်ရွက်ခဲ့မိလဲ။မောင်ဘ တွေ့မိတာတော့..”ဒီမိုကရေစီမပြည့်ဝသေးဘူး”-”လက်ရှိအစိုးရ လုပ်ရပ်ကို အရမ်းကြီး မထောက်ခံပါနဲ့အုံး”-“ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ကိုပြင်ရမယ်၊ မပြင်ရင် စစ်မှန်တဲ့ဒီမိုကရေစီမဟုတ်ဘူး” စတဲ့ ဓာတ်ပြားဟောင်းကြီးတွေပဲ အပြင်ထွက် ဖွင့်ဖွင့်နေတာပဲတွေ့တယ်။လွှတ်တော် နားရင် ပြည်ပသွားတယ် ။အမှန်တကယ်ဆို အမတ် (၄၄) နေရာ ရထားတဲ့ NLD အနေနဲ့ပြည်သူအကျိုးပြုမယ့် ဥပဒေကြမ်းတွေတင် ၊လွှတ်တော်ထဲမှာ အဆိုတွေတင် ၊ကြံ့ဖွတ်တင်တဲ့အဆိုတွေကိုလဲ အကျိုးမရှိတာကို ထောက်ပြ လုပ်နေရမှာမဟုတ်လား။အခုတော့ ဟိုတစ်လောက တစ်မတ်သားတွေ အပြည့်မတ်တပ်ရပ်တဲ့ အဆိုမှာတောင် နှာစေးနေတာတွေ့ရတယ်..။ အခုတစ်လောပြည်သူ အသံ တကယ်နားထောင်တယ်ဆိုရင် ပြည်သူတွေရဲ့ NLD အပေါ်မှတ်ချက်တွေကိုပြန်ကြားမယ်လို့တော့ မောင်ဘ ထင်တာပါပဲ။ဒါပေမယ့် “ငါ့လှေငါထိုး ပဲခူးရောက်ရောက်”ဆိုရင်တော့လည်းမောင်ဘလည်းမပြောတတ်ပါဘူး။
           NLD က သိပ်ကို အရည်အချင်းပြည့်တဲ့ ပါတီလို့ ဆိုတော့လည်း မောင်ဘ လဲ နည်းနည်းလေ့လာမိတယ်။မောင် ဘ မြင်တာလေး ပြောပါရစေနော်။အခုဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲမှာ တရားဥပဒေ စိုးမိုးရေးကော်မတီရဲ့ဥက္ကဌ။နိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု အားနည်းနေတယ် ၊ တရားဥပဒေ စိုးမိုးဖို့လိုတယ်လို့ပြောနေပေမယ် စိုးမိုးလာဖို့အတွက် ဥက္ကဌကြီး ဘာတွေ ဘယ်လိုဆောင်ရွက်နေပါသလဲ။မောင်ဘ ကတော့ မမြင်မိဘူးနော့။၂၀၁၀ ၀န်းကျင်တုန်းကတော့ မောင်ဘ Transperency စကားလုံးကို မကြာခဏကြားရသဗျာ့ ။ခုနောက်ပိုင်းတော့လည်း သိပ်မကြားတော့ပါဘူး။ထားပါလေ တစ်နိုင်ငံလုံးဆိုတော့ နည်းနည်း နယ်ပယ် ကျယ်သွားအုံးမယ်။ဒီတော့ အရည်အချင်းပြည့်ဝ တဲ့ NLD ပါတီလေးအတွင်းကိုပဲပြောကြရအောင်။

ဟိုတစ်လောက ပြင်ဦးလွင်မြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟနဲ့ ခိုင်ဝတ်ရည် သန္တာမောင်(ခ) သဲသဲ ကိစ္စလည်း NLD က ဘယ်လိုဖြေရှင်းပေးလိုက်လဲ မကြားလိုက်မိဘူး။ဘော်ဒီ ဂါတ်တွေ ထုထောင်းလိုက်တာတော့ ကလေးမလေးမှာ အနာတရ တွေဖြစ်လို့။ဒီလိုတွေ ပြန်ပြောနေလို့ မောင်ဘ တစ်ယောက်တော့ ချေးခြောက်ရေနူးနေပြန်ပြီလို့ မထင်ပါနဲ့။ တစ်ချို့က အဲ့လိုလေး နူးပေးမှ ကိုယ့်အနံ့ ကိုယ်မှတ်မိပြီး ကိုယ့်အပုံမှန်းကိုယ်သိမှာမို့ပါ။
          ဒီချုပ်ဥက္ကဌ ကလွှတ်တော်မှာ တရားဥပဒေစိုးမိုးရေး ကော်မတီမှာ ဥက္ကဌဖြစ်လာလို့လားတော့မသိဘူး
NLD ပါတီဝင်တွေရဲ့ မကောင်းတဲ့အနံ့တွေနည်းနည်းထွက်လာတယ်။မောင်ဘကတော့ မထင်ပါဘူးစစ်တပ်က လော်ဘီလုပ်တယ်လို့ပဲ ထင်ပါတယ်။ဒါနဲ့ ဟိုနေ့က နေပြည်တော် ဝဲကြီးရွာထဲကို တရားခံဝင်ဖမ်းတဲ့ ရဲတွေ ကိုကြိုးတုပ်ပြီး ရိုက်တဲ့ သူက nld ရပ်/ကျေး ဥက္ကဌ လို့ ပြောနေကြတယ်။နောက်ပြီးပန်းတောင်းမြို့နယ်မှာလည်းပန်းတောင်းပါတီ ဥက္ကဌ က (၄၁)သိန်း အလွဲသုံးစားလုပ်သတဲ့။ဒီအကြောင်းတွေနဲ့ ပတ်သတ်လို့လည်း မြန်မာနိုင်ငံရဲ့အရည်အချင်းရှိပါတီ ဖြစ်တဲ့ NLD က ဘာမှလည်းချပြခြင်း မရှိသလိုပါပဲ။ဒါမှမဟုတ် “ငါတို့ပြောမှ သိကြမှာ ငါတို့အသာလေး နေလိုက်မယ်လို့များ နေရော့သလား”..မလုပ်ပါနဲ့ တော်ကြာ အရမ်းပုပ်နေမှ အနံ့တစ်ထောင်းထောင်းနဲ့ရွံ့စရာကောင်းနေပါ့မယ်။ဒါတွေက တရားဝင် ထုတ်ပြောတာတွေ မဟုတ်တော့ ငြင်းချင်လည်း ငြင်းပေါ့။ သိန်း ၁၈၀၀ ကိစ္စတော့ မကြာသေးခင်ကမှ ဦးဥာဏ်ဝင်း ၀န်ခံထားတာမို့ မငြင်းပါနဲ့နော်။အဲ့ဒါတွေ အဲဒါတွေအပေါ်မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော လုပ်ရည်ကိုင်ရည်ရှိဒမိုကရေစီအရည်အချင်းပြည့်မီတဲ့NLDလိုပါတီအနေနဲ့မည်သို့မည်ပုံဆောင်ရွက် ဖြေရှင်း
သွားမလဲဆိုတာ ကို မောင်ဘ က စိတ်ဝင်စားစွာနဲ့တခုတ်တရ လေ့လာစောင့်ကြည့်နေဆဲပါဗျား။

မောင်ဘ(စင်္ကာပူ)


Read more →

ဝဲကြီးကျေးရွာမှ ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင်ကန် ရဲစခန်းသို့ လာရောက်အဖမ်းခံ

,

ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့်ခံထားရသည့် ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန်အတွက် စက်တင်ဘာ ၂၈ ရက်တွင် ကျည်တောင်ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။
ယခုလာရောက် အဖမ်းခံသည့် ၁၀ ဦးသည် ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းဝင်းက တရားလိုပြုလုပ်၍ တိုင်တန်းထားသည့် ပြစ်မှုများဖြစ်သည့် (ပ)အမှတ် ၆၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၃၊ ၂၉၄၊ ၁၁၄ တို့အတွက် ဥပဒေနှင့်အညီ ရင်ဆိုင်ရန် လာရောက်အဖမ်း ခံခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ၁၀ ယောက်လုံး ဒီအမှုကို ရင်ဆိုင်ဖို့အတွက် လာရောက်အဖမ်း ခံတာပါ။ နောက်တစ်ခါ သူတို့ဘက်က အချိန်မတော် လာရောက်ကျူးလွန် ထားတာကိုလည်း ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အမှုပြန်ဖွင့်ဖို့ ဆုံးဖြတ်ထားပါတယ်။ အခုအချိန်မှာ အဲလောက်ပဲ ကျွန်တော်ပြောချင်ပါတယ်။ အခုအချိန်မှာ ထင်ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ်" ဟု ကိုဇော်လတ်က ပြောကြားခဲ့သည်။
ဥတ္တရသီရီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဦးသူရက "သူတို့တွေ အမှုပြန်ဖွင့်မယ် ဆိုရင်လည်း ကျွန်တော်တို့ အနေနဲ့ လက်ခံပြီး ပြန်ဖွင့်ပေးမယ်။ ကျွန်တော်တို့ အနေနဲ့ အမှုမှန် ပေါ်ပေါက်အောင် တရားဥပဒေနဲ့အညီ ပြန်လည်ဆောင်ရွက် ပေးမှာပါ။ ဒီအမှုကို ပွင့်လင်းမြင်သာစွာနဲ့ စစ်ဆေးသွားမှာပါ။ အမှုစစ်မယ့် နေ့မှာလည်း ဘယ်သူမဆို လာရောက်နားထောင် နိုင်ပါတယ်။ ကိုဇော်လတ်ကို စစ်ဆေးတဲ့ အခါမှာလည်း ကိုဇော်လတ် အနေနဲ့ လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့် ရှိပါတယ်။ အခုဟာက ရဲကိုရိုက်လို့၊ ရဲဒဏ်ရာရလို့ အမှုဖွင့်တာ မဟုတ်ပါဘူး။ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်တာကို နှောင့်ယှက်လို့ ဒီပုဒ်မနဲ့ စွဲတာပါ။ ဥပဒေ လမ်းကြောင်းအရ ကျွန်တော်တို့က ဘယ်သူ့ကိုမှ ခွင့်ပြုလို့ မရပါဘူး" ဟု ပြောကြားခဲ့သည်။
ယခုကဲ့သို့ လာရောက်အဖမ်းခဲ့သည့် ရွာသား ၁၀ ဦးသည် စက်တင်ဘာ ၁၂ ရက်တွင် အစိုးရ သတင်းစာတိုက်အတွက် သိမ်းယူထားသည့် ၀ဲကြီးကျေးရွာသားများ ယခင်က လုပ်ကိုင်ခဲ့သည့် လယ်ယာမြေများကို ၀င်ရောက်ထွန်ယက်ခဲ့ကြောင်း၊ ယင်းသို့ ထွန်ယက်ပြီးနောက်ပိုင်း စက်တင်ဘာ ၁၉ ရက်တွင် ရဲတပ်ဖွဲ့ဝင်အင်အား ၆၀ ခန့်ဖြင့် ည ၂ နာရီ ၁၅ မိနစ်ခန့်တွင် ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အခုအချိန်မှာ ထင်ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ် . . . . .
စက်တင်ဘာ ၂၇ ရက်တွင် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ညပိုင်းအချိန်မတော် ဖမ်းဆီးခြင်းမှာ တစ်ခါတစ်ရံမှာ လိုအပ်ချက် အရဖြစ်ကြောင်း၊ တရားခံရှိတဲ့အချိန် ၀င်ရောက်ဖမ်းရခြင်း ဖြစ်ကြောင်း၊ ဒါပေမဲ့လည်း တတ်နိုင်သလောက်တော့ ဒီလိုမျိုး မဆောင်ရွက်အောင် တာဝန်ရှိသူတွေကို မှာကြားထားကြောင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
လာရောက်အဖမ်းခံခဲ့သည့် ၀ဲကြီးကျေးရွာသား ၁၀ ဦးမှာ ကိုဇော်လတ်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်၊ ဒေါ်မာသင်း၊ ကိုအောင်ကျော်မိုး၊ ကိုဆန်းလွင်၊ ကိုသက်နိုင်၊ ကိုထွန်းလတ်၊ ဦးစိုးမြင့်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါလယ်မြေများအတွင်းရှိယူကလစ်ပင်များကိုခုတ်သည့်အတွက် ဇေယျာသီရိမြို့ ရွှေတွင်းကုန်းရဲစခန်းမှ ၀ဲကြီးကျေးရွာသားများဖြစ်သည့် ဒေါ်ဝင်းကြည်၊ ဒေါ်ခင်အေး၊ ကိုဇော်ခင်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်တို့အား ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ကိုဇော်လတ်နှင့်ဇနီး မမာသင်း အဖမ်းခံသည့်အတွက် ငါးနှစ်သမီးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က "ဥပဒေမှာကတော့ လူတစ်ယောက်ရဲ့အိမ်ဟာ သူ့ရဲ့ခံတပ်ပဲ။ သူ့ရဲ့ပိုင်နက်ကို ကျူးကျော်လာရင် အကြောင်းမရှိဘဲနဲ့ ဥပဒေနဲ့အညီ ဆိုတစ်မျိုး၊ ၀ရမ်းမပါဘဲနဲ့ ကျူးကျော်လာရင် ဒါဟာသူ့ကို တိုက်ခိုက်တာဘဲ။ သူ့မှာတုံ့ပြန်နိုင်တဲ့ အခွင့်အရေး ရှိတယ်။ ညအချိန် ကျွန်တော်တို့ ပိုင်နက်ကို ကျူးကျော်လာရင် သေသည်အထိ ပစ္စည်းကို ခုခံနိုင်တာ ပြစ်မှုဆိုင်ရာ ဥပဒေမှာ ရှိပြီးသားပါ။ ဒါပေမဲ့ အခုဟာက လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့၊ တစ်နည်းဆိုရင် ရဲလက်စွဲနဲ့ အညီပေါ့ဗျာ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတို့၊ အဲဒါတွေနဲ့အညီ ၀င်တာဆိုရင် တစ်မျိုးပေါ့။ ရွာမပြောနဲ့။ အိမ်တစ်အိမ် ၀င်ရင်တောင် ၀ရမ်းပါရတယ်ဗျာ။ ရှာဖွေဝရမ်းဆိုတာ ပါရတယ်။ ထောက်ပြရမယ် ဆိုရင်တော့ ပထမတစ်ချက်က ညအချိန်မတော် ၀င်တယ်။ ဒုတိယတစ်ချက်က ရပ်ရွာလူကြီး မပါဘူး။ တတိယ တစ်ချက်က ဖမ်းတဲ့ဝရမ်း မပါဘူး" ဟု သုံးသပ်ပြောကြားခဲ့သည်။

by weeklyeleven
Read more →

အသေ တတ် သည် ဆို ရာ ၀ယ်

,


 
 သေခါနီးဖြစ်တဲ့ စိတ်ဟာ အရမ်းကို အရေးကြီးပါတယ် ။ လားရာသုဂတိကို ချက်ချင်း အကျိုးပေးနိုင်ပါတယ် ။ ဒီအကြောင်းတရားကို မြတ်စွာဘုရားရှင်က ယခုလို ဟောကြားခဲ့ပါတယ် ။ နွားကျောင်းသားဟာ နေ၀င်လို့ နွားတွေကို ခြံထဲသွင်းတဲ့
အခါမှာ နွားပျို နွားပေါက်စလေးတွေက ရှေ့ဆုံးကနေ တိုးဝှေ့ပြီး ၀င်ကြတယ် ။

ဒါပေမယ့် မသန်မစွမ်းတော့တဲ့ နွားအိုကြီးတွေကတော့ ဘယ်လောက်ပဲ ရိုက်နှက်ခြောက်လှန့်သည်ဖြစ်စေ ဖြည်းဖြည်းချင်းပဲ နောက်ဆုံးကနေ ၀င်ကြတယ်။
နောက်ဆုံး နွားခြံကို ပိတ်လိုက်တဲ့ အချိန်မှာတော့ နွားအိုကြီးတွေက ခြံပေါက်ဝမှာပဲ အိပ်ကြရတယ် ။ ဒါပေမယ့် နောက်တစ်နေ့ နွားတွေကို ခြံထဲက ပြန်ထုတ်တဲ့အခါမှာတော့ ခြံဝမှာ အိပ်နေတဲ့ နွားအိုကြီးတွေကပဲ
အရင်ထွက်ခွင့်ရပါတယ် ။ နွားပျို နွားငယ်တွေကတော့ နောက်ဆုံးမှပဲ ထွက်ကြရပါတယ် ။ အဲ့ဒီလိုပဲ သေခါနီး ခိုကိုးရာမဲ့နေတဲ့ အချိန်မှာ ဖြစ်တဲ့ စိတ်ဟာ အရင်ဆုံးအကျိုးပေးပါတယ်လို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ် ။

ဝိပဿနာအသိ မရှိတဲ့ လူ့ပတ်ဝန်းကျင်မှာ သေရရင်ဖြင့် အရမ်းကို ကြောက်ဖို့
ကောင်းပါတယ် ။ ကြည့်လေရာ မြင်လေရာက ကိုယ်တစ်ဘ၀လုံး စွဲခဲ့တဲ့ အရာတွေချည်းပါပဲ ။ အိမ်တွေ အသုံးအဆောင်တွေ အ၀တ်အစားတွေ သား သမီး လင် မယားတွေ အိမ်မွေးတိရစ္ဆာန်တွေ ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတာတွေအကုန်လုံးက
ကိုယ့်ကို အပါယ်ဆွဲချမယ့် အရာတွေချည်းပဲ ။ ဒါကြောင့် တစ်ချို့ နားလည် သဘောပေါက်တဲ့ လူတွေဟာ သူတော်ကောင်းနေရာ မေတ္တာဓါတ်လွှမ်းခြုံတဲ့နေရာ ဆိတ်ငြိမ်တဲ့နေရာတွေမှာ ကြိုတင်စီစဉ်ပြီး သေဆုံးလေ့ ရှိကြပါတယ်။
သေမယ့်အချိန်ကို ကြိုမသိနိုင်ပေမယ့် အဲ့လိုနေရာမျိုးမှာပဲ ဘ၀ရဲ့ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းသွားကြပါတယ် ။ ကြောက်လည်း ကြောက်စရာပါပဲ။
အပါယ်ကျသွားလို့ ဘွာတေး လုပ်လို့ မရပါဘူး ။

အကုသိုလ် အစွဲအလန်းတွေ အားကြီးလွန်းလို့ သေခါနီး ၀ိဥာဉ်မချုပ်နိုင်ပဲ ဆန့်တငင်ငင် ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ် ။ တစ်ချို့ကလည်း အကုသိုလ်စေတနာ ကုသိုလ်စေတနာ သိပ်ကြီးကြီးမားမား မရှိ.. ၀ိပဿနာဥာဏ်ကလည်း
မရှိတော့ သူ့ ကံက သူ့ကို ဘယ်ပို့ရမှန်း မသိပဲ ဟိုစိတ်ရောက်လိုက် ဒီစိတ်ရောက်လိုက်နဲ့ ကြာနေတာတွေ ရှိပါတယ်။ ဒါကိုပဲ ဘေးကလူက ဟိုလူ့စောင့်သလိုလို ဒီလူ့ စောင့်သလိုလို သားကိုပဲ မျှော်သလိုလို သမီးကိုပဲ
မျှော်သလိုလိုထင်တော့တာပါပဲ ။ သားလေး ရောက်လာပြီ သမီးလေး ရောက်လာပြီ ထကြည့်ပါဦး လို့ ဘေးကများ ကုန်းအော်လိုက်လို့ကတော့ သေတဲ့သူ တစ်ခါတည်း သွားရော့ ငရဲအိုးပဲ .. အပါယ်လေးဘုံကို တန်းနေအောင် ပြေးပါတော့တယ် ။
သေတဲ့သူကို ဆွဲခါ လှုပ်ယမ်း ဖက် ပြီး အော်ငိုတာကတော့ အဆိုးဆုံးပါပဲ ။ ကျလုကျခင် ဖြစ်နေတဲ့သူကို ချစ်သလိုလိုနဲ့ ဆောင့်ကန်ချလိုက်တာပါပဲ ။

ဒါကြောင့် ငါသေရင် မငိုကြနဲ့ ဆူဆူညံညံလည်း မလုပ်ကြနဲ့ ငါ့ဘေးနားလည်း မနေကြနဲ့ ငါ့တရားနဲ့ငါ  နှလုံးသွင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း သေမယ်လို့ အဲ့လို ကြိုတင်ပြီး မိသားစုကို မှာထားရမယ်... အဖေရယ် အမေရယ် နိမိတ်မရှိ
သေစကားမပြောပါနဲ့ အဲ့လို ပြောလာရင် ဟဲ့ နိမိတ်မရှိ မလုပ်နဲ့ ..ငါက သေရင် ဒီနိမိတ်နဲ့ပဲ သွားရမှာ ... အဲ့လို ပြတ်ပြတ်သားသား မှာထားရမယ်လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက အထပ်ထပ်အခါခါ သတိပေးသွားခဲ့တာပါ ။

တစ်ချို့က ကုသိုလ်ကောင်းမှုတွေတော့ လုပ်ခဲ့ပါရဲ့ ဒါပေမယ့် သေခါနီးကျတော့ လှူတုန်းကဖြစ်ခဲ့တဲ့ စေတနာကို ပြန်မစွဲပဲ ကျောင်းစွဲ ဘုရားစွဲ ဇရပ်စွဲ အဲ့လို စွဲတော့ ကျောင်းစောင့် ဘုရားစောင့် စေတီစောင့်တွေပဲ ဖြစ်ကြရတယ် ။ ရိပ်သာမှာ အားထုတ်ခဲ့ပေမယ့် ၀ိပဿနာစိတ် မဖြစ်ပဲ ရိပ်သာစွဲသေတော့
ရိပ်သာစောင့် ဖြစ်ရပြန်တယ် ။ စေတနာကို ပြန်စွဲမိရင်တောင်မှ အစွဲဖြစ်တဲ့အတွက် ကံရှိသလောက်အကျိုးပေးပြီး ကံကုန်တာနဲ့ ပြန်ဆင်းရမှာပါပဲ ။ ဒါကြောင့် အပါယ်လွတ်ရာလမ်း တစ်လမ်းပဲ ရှိပါတယ်။ အဲ့ဒါကတော့
အသက်ရှင်နေထိုင်တုန်းမှာ ၀ိပဿနာကို မြင့်မြတ်စွာ ကျင့်ကြံအားထုတ်ပြီး အသေတတ်အောင် ကြိုးစားဖို့ပါပဲ ။

သစ္စာတရားကို နှလုံးသားမှာ ယုံမှားသံသယမရှိအောင် ကျင့်ကြံသွားနိုင်တဲ့ အရိယာပုဂ္ဂိုလ်ကတော့ ပတ်ဝန်းကျင်ဘယ်လိုပဲ ဖြစ်ဖြစ် မတုန်လှုပ်တော့ပါဘူး ။
အရိယာတို့ရဲ့ လားရာသုဂတိဟာ မြဲသွားပြီ ဖြစ်တဲ့အတွက် သူသွားရမယ့် လမ်းကို ဖြောင့်ဖြောင့်တန်းတန်းပဲ သွားပါတယ် ။ ဒါပေမယ့် အဲ့လိုမှ မကျင့်ကြံနိုင်တဲ့ သာမာန် ပုဂ္ဂိုလ်များအတွက်ကတော့ သေခါနီးအချိန်နဲ့ ပတ်ဝန်းကျင်ဟာ  ကိုယ့်အတွက် နောက်ဆုံးအခွင့်အရေး နောက်ဆုံးကျည်ဆန်ဖြစ်တဲ့အတွက် အလွန်အင်မတန်မှ အရေးကြီးလှပါတယ်လို့ စေတနာ
အရင်းခံပြီး သတိပေးလိုက်ရပါတယ် ။

မှတ်ချက် ။ ။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ သေခါနီး ၀င်လာတတ်သောစိတ် တရားမှ ကောက်နုတ်ရေးသားချက် ဖြစ်ပါတယ် ။
Read more →

ရခိုင်ဒေသမှာ သာမန် အငြင်းပွားမှုတွေကနေ အကြမ်းဖက် ဆူပူမှုတွေ အထိ ဖြစ်ခဲ့

,

ရခိုင်ပြည်နယ် သံတွဲမြို့မှာ စနေနေ့က ကမန် အမျိုးသား ပါတီက ဦးကျော်စံလှရဲ့ အိမ်ရှေ့ အဝင်အထွက်မှာ ဆိုင်ကယ်မလွတ်လို့ အချင်းများရာကနေ လူအုပ်နဲ့ ရဲစခန်းကို သွားဝိုင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဆိုင်ကယ်သမား လူငယ်လေးကလည်း လူရည်မွန်လေး တဦး ဖြစ်သလို ဦးကျော်စံလှကလည်း မြို့မိမြို့ဖ တဦး ဖြစ်ကြောင်း၊ ဒါပေမယ့် အချင်းချင်း နားလည်မှု လွဲရာကနေ အချင်းများခဲ့တာ ဖြစ်ကြောင်း၊ ဒီသာမန် အငြင်းပွားမှုကို အခွင့်ကောင်း ယူပြီး လှုံ့ဆော်သူတွေ ရှိခဲ့တာကြောင့် အခုလို လူစုလူဝေးနဲ့ ရုတ်ရုတ်သဲသဲ အဆင့်ထိ ရောက်သွားတာလို့ သံတွဲခရိုင် NLD ဥက္ကဌ ဦးဝင်းနိုင်က ဘီဘီစီကို ပြောပြပါတယ်။

ဦးကျော်စံလှကို ဆဲရေး တိုင်းထွာမှု အပါအဝင် ပုဒ်မနှစ်ခုနဲ့ ရဲက ဖမ်းဆီးခဲ့ရာမှာ လူ၅၀လောက်က ရဲစခန်းကို ဝိုင်းထားပြီး ဦးကျော်စံလှကို လွှဲပေးဖို့ တောင်းဆိုခဲ့ ကြပါတယ်။

ညနေပိုင်းလောက်မှာ သံဃာတော်တွေရဲ့ ဖျောင်းဖျမှုနဲ့ လူစု ကွဲသွားခဲ့ပြီး ဦးကျော်စံလှ ကိုလည်း ရဲက အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါကို မကျေနပ်တဲ့ လူ၂၀လောက် က တနင်္ဂနွေနေ့မှာ ရဲစခန်းကို တခါ ထပ် ဝိုင်းခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီလူတွေဟာ မျက်နှာဖုံးတွေ စွပ်ထားကြပေမယ့် မြို့ခံတွေဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလူတွေ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်တွေက သိနေပေမယ့် အဖမ်းအဆီး ခုချိန်ထိ မရှိသေးဘူးလို့ ဦးဝင်းနိုင်က ပြောပါတယ်။

သံတွဲမြို့မှာ အခုလို ရုတ်ရုတ်သဲသဲ ဆူပူမှုတွေ ဖြစ်အောင် လှုံ့ဆော်မှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

ဘာသာခြား ဆိုင်တွေမှာ ဈေးမဝယ်ကြဖို့၊ ဝယ်သူတွေကို ဓါတ်ပုံ ရိုက်ထားပြီး လူ့လောကကြီးကနေ ဝိုင်းပယ်ထားကြဖို့ လှုံ့ဆော်မှုမျိုးတွေ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ည ၈နာရီလောက်မှာ သံတွဲမြို့ ၃ရပ်ကွက် တာဝင်္တိသာ လမ်းမှာ အိမ်တလုံး မီးရှို့ ခံခဲ့ရပါတယ်။

စနေနဲ့ တနင်္ဂနွေနေ့က ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ဒီမီးလောင်မှု ဆက်စပ်နေသလား ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း သံတွဲမြို့မှာ ရှိတဲ့ တောင်ကုတ်မြို့သူ တဦး ဆွဲလား ရမ်းလား အလုပ်ခံရတယ် ဆိုတဲ့ သတင်းတွေကြောင့် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့ရပါတယ်။
BBC
Read more →

"နောက်နေ့လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ် တော်သို့ ဆက်လက်ချီတက်ခြင်းမပြုရန် တိုင်းသံဃာ့နာယကဆရာတော်နှင့် တိုင်းအဆင့်တာဝန်ရှိသူများမှ မေတ္တာရပ်ခံ""

,

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာမှာပါနေတဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ် ကို ချမ်းသာပေးဖို့ တောင်းဆိုချီတက်နေတဲ့ရဟန်းသံဃာဦးဆောင်သူများသီတင်းသုံးညအိပ်ရပ်နားရာ ကောင်း
မှုတော် အနောက်မုဒ်၊ စည်တီးရွာရှိ စည်တီး ဘုန်းကြီးကျောင်း ကို စစ်ကိုင်းတိုင်းဒေသကြီးက တိုင်းသံဃာ့နာယကဆရာတော်များ၊တိုင်းတရားသူကြီးနဲ့၊တိုင်းအုပ်ချုပ်ရေးမှူးတို့ ရောက်ရှိလာပြီး နောက်တစ်ရက်မှာ
လက်ပံတောင်းတောင်ကို ဆက်လက်ချီတက်ခွင့် မပြုကြောင်း လာရောက်လျှောက်ထားတယ်လို့ သိရှိရပါတယ်၊ရဟန်းသံဃာဦးဆောင်သူများမှလည်းမူလရည်မှန်းထားသည့်အတိုင်းလက်ပံတောင်းတောင်ရှိ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ် အထိ ဆက်လက် ချီတက်သွားမှာ ဖြစ်တဲ့အကြောင်း မိန့်ကြားခဲ့တယ်လို့ သတင်းရရှိထားပါတယ်၊
Read more →

"မြန်မာနိုင်ငံခေါင်းဆောင်သည် 'မူဆလင်ဆန့်ကျင်ရေး'ဝါဒဖြန့်ဘုန်းကြီး အရှင်ဝီရသူအား ကာကွယ် ပေးလျက်ရှိ" ဟု BBC မှ စွပ်စွဲ အပုပ်ချ ရေးသား

,
(BBC သတင်းဝက်ဘ်ဆိုက် 24 June 2013 ရက်စွဲပါ ဆောင်းပါးလေးပါ။ မြန်မာစာ ပရိသတ်အတွက် စီစဉ်ပေးလိုက်တာပါ။ ဆက်လက်တင်ပြစရာတွေလည်း ကျန်ပါသေးတယ်။ ဘယ်အရာဟာ ဓမ္မ၊ ဘယ်အရာဟာ အဓမ္မ။ ဘယ်သူဟာ လူကောင်း၊ ဘယ်သူဟာ လူဆိုးဆိုတာ တစ်နေ့မှာ ကမ္ဘာကြီးကပဲ ဆုံးဖြတ်ပေးသွားမှာပါ။ အဲဒီအချိန်ကျရင် BBC လဲ မြောင်းထဲ ရောက်သွားတော့မှာပါ။ BBC ကို ချစ်တဲ့ပရိသတ်ကြီး BBC နွံနစ်မသေအောင် ဆွဲတင် ကယ်ထုတ်ဖို့ ပြင်ဆင်ထားကြပါဦးနော်။)
မြန်မာနိုင်ငံခေါင်းဆောင်သည် “မူဆလင်ဆန့်ကျင်ရေး” ဝါဒဖြန့်ဘုန်းကြီး အရှင်ဝီရသူအား ကာကွယ်ပေးလျက် ရှိ။
၁။ အစုအဖွဲ့လိုက် ဖြစ်ပွားသော အကြမ်းဖက်မှု
၂။ အကြမ်းဖက်မှုနောက်ကွယ်မှ မေးခွန်းထုတ်ဖွယ်အရာ
၃။ အီးယူ၏ မြန်မာနိုင်ငံအပေါ် ဆန့်ကျင်ပိတ်ဆို့မှုများ
၎။ သဘောထားကွဲလွဲခြင်း၊ အခြေအနေများကို တည်ငြိမ်မှု အခြေအနေ ပြန်ရောက်အောင် ဆောင်ရွက် နိုင်ပါ့မလား...?
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် နိုင်ငံအတွင်း၌ မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ဖြစ်ပွားရန် လှုံ့ဆော်အားပေးသူဟု ကမ္ဘာမှ စွပ်စွဲခြင်း ခံနေရသော ဗုဒ္ဓဘာသာ ဘုန်းကြီးအား ခုခံကာကွယ်ပေးခဲ့သည်။
US TIME မဂ္ဂဇင်းသည် ၄င်း၏ ရှေ့ဆုံး မျက်နှာဖုံး စာမျက်နှာတွင် အရှင်ဝီရသူအား “ဗုဒ္ဓဘာသာ အကြမ်းဖက် သူ၏ ပုံရိပ်” ဟူသော ခေါင်းစဉ်အောက်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့သည်။
ထို့ကဲ့သို့ TIME မဂ္ဂဇင်း မဟုတ်မမှန် လုပ်ကြံဖော်ပြခြင်းကြောင့် အရှင်ဝီရသူ၏ နိုင်ငံသားများ ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝရေးအတွက် ကြိုးပမ်းနေမှုလမ်းစဉ်များကို အများပြည်သူလူထုက ယုံကြည်မှုတည်ဆောက်နေ ခြင်းအား ထိခိုက်လျော့ပါးစေနိုင်သည်ဟု ဦးသိန်းစိန်က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
ဝီရသူအနေဖြင့် မူဆလင် ဘာသာဝင်များသည် မြန်မာနိုင်ငံ၏ ယုံကြည်သက်ဝင်ရာ ဘာသာဖြစ်သော ဗုဒ္ဓဘာသာအပေါ်တွင် တစထက်တစ ခြိမ်းခြောက်လာနေသော အန္တရာယ်တစ်ခုဖြစ်သည်ဟု ရှုမြင်ထားသည်။
သမ္မတဝက်ဆိုက်၏ အစီရင်ခံစာတွင် TIME မဂ္ဂဇင်း၏ ဖော်ပြချက်သည် ဗုဒ္ဓဘာသာ ကိုးကွယ်သူများကို အထင် မြင်လွဲမှားမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ဗုဒ္ဓဘာသာဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက တည်ရှိခဲ့သောဘာသာတစ်ခုလည်းဖြစ်ပြီး ကျွနုပ်တို့ မြန်မာနိုင်ငံသားများ၏ အဓိက ကိုးကွယ်ရာ ဘာသာလည်း ဖြစ်သည်ဟု ဖော်ပြထားခဲ့သည်။
ယခုလက်ရှိတွင် အစိုးရအနေဖြင့် နိုင်ငံတွင်းရှိ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာများဖြင့် ပူးပေါင်းဆောင်ရွက်ကာ ဖြစ်ပွားလျက်ရှိသော သဘောထားကွဲလွဲမှု ပဋိပက္ခများ နိုင်ငံတွင်းမှ ပပျောက်အောင် ကြိုးစားလုပ်ဆောင်လျက်ရှိသည်ဟု ၄င်းမှ ထပ်လောင်းပြောကြားခဲ့သည်။
ထို့ပြင် တိုင်းမ်မဂ္ဂဇင်းသည် အရှင်ဝီရသူ၏ မူဝါဒအား ထောက်ခံလက်မှတ်ရေးထိုးသော သူများအား အရေ အတွက် တိုးမြင့်လာခြင်းအပေါ်ကိုလည်း အွန်လိုင်းမှရှုတ်ချ ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။
သက်တော် ၄၅ နှစ်ရှိပြီဖြစ်သော အရှင်ဝီရသူမှာ ၂၀၀၃ ခုနှစ်တွင် နိုင်ငံတွင်း မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုဖြစ်ပွားရန် သွေးထိုးလှုံဆော်မှုဖြင့် အကျဉ်းကျခံခဲ့ရသည်။ သို့သော် လွန်ခဲ့သောနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကာလ တစ်စိတ်တစ်ပိုင်းအရ ပြန်လည်လွတ်မြောက်လာခဲ့သည်။
အရှင်ဝီရသူသည် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်ရှိ ဘာသာခြား၊ လူမျိုးကွဲများအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ဗုဒ္ဓဘာသာဝင်များဘက်မှ ရပ်တည်ကာ ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါအရေးအခင်းတွင် အနည်းဆုံး လူ ၂၀၀ ခန့် သေဆုံးခဲ့ပြီး ထောင်နှင့်ချီသော ပြည်သူများ အိုးမဲ့၊ အိမ်မဲ့ ဖြစ်ခဲ့ရသည်။
ယခုနှစ် အစောပိုင်း မတ်လတွင် မြန်မာပြည် အလယ်ပိုင်း၌ ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာနှင့် မူဆလင် လူမျိုးများ အကြားပဋိပက္ခတွင် လူပေါင်း ၄၀ ခန့် သေဆုံးခဲ့ပြီး အများစုမှာ မူဆလင်များဖြစ်ကြသည်။
အရှင်ဝီရသူ၏ မူဆလင်ဆန့်ကျင်ရေး ခံယူချက်သဘောထားမှာ ဗုဒ္ဓဘာသာဝင်များအကြား ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိသွားခဲ့ပြီး အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့သော မူဆလင်များမှာ ရာနှင့်ချီ၍ အကျဉ်းကျခံထား ရပြီး၊ အလွန်းနည်းပါးသော ဗုဒ္ဓဘာသာလူမျိုးများကိုသာ အရေးယူမှု ပြုလုပ်ခဲ့သည်ဟု ဘန်ကောက်အခြေစိုက် BBC သတင်းဌာနမှ ဂျော်နသန်က ဆိုခဲ့သည်။ မြန်မာပြည်အလယ်ပိုင်း မိတ္ထီလာမြို့တွင် ဗုဒ္ဓဘာသာဝင်နှင့် မူဆလင်ဘာသာဝင်တို့အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လူပေါင်း ၄၀ ကျော်ခန့် သေဆုံးခဲ့ကြောင်း BBC သတင်းဌာန၏ အရှေ့တောင်အာရှဆိုင်ရာ သတင်းထောက် ဂျော်နသန်က ဆိုသည်။
အဆိုပါအရေးအခင်းဖြစ်ပွားခြင်းအပေါ်ကို ပထမဆုံးသုံးသပ်ချက်အမြင်အဖြစ် သဘာဝဘေးအန္တရာယ်ဟု အမည်တပ်ကာ ထွက်ပေါ်လာခဲ့သည်။ တစ်ရပ်ကွက်ထဲနေထိုင်သူများမှ စိတ်တူကိုယ်တူ ပူးပေါင်းကာ အုပ်၊ ဘိလပ်မြေများဖြင့် ဆောက်လုပ်ထားသော အိမ်များကို အကျိုးအပဲ့များဖြစ်အောင် ဖျက်ဆီးကြသည်။ မပြိုပျက်ဘဲ ကျန်ရှိနေသေးသော နံရံများကိုလည်း ဒေါသတကြီး ဖြိုဖျက်ကြသည်။ အထက်ပါအချက်များကို ထောက်ချင့်ခြင်းအားဖြင့် အဆိုပါအဖြစ်အပျက်များမှာ သဘာဝအလျောက် ဖြစ်ပွားရခြင်းမဟုတ်ပဲ လူများမှ ရည်ရွယ်ကာ ဖျက်ဆီးခြင်းဖြစ်သည်ကို သင်တို့သတိထားမိပေလိမ့်မည်။
ယခင်က ဆိုင်နေရာများ၊ မိသားစုများနေထိုင်သော အိမ်များသည် ယခုအခါ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ အဆိုပါနေရာများတွင် အုပ်အကျိုးအပဲ့များ အစားထိုးနေရာယူထားကြပြီး အတိုအစလိုက်လံကောက်ယူသော ကလေးများသာ ဟိုတစ ဒီတစ တွေ့မြင်နေရသည်။
မြို့အလယ်ခေါင်တွင် ဖြစ်ပွားခဲ့သော အဆိုပါ အနိဋ္ဌာရုံမြင်ကွင်းကို ပြည်သူများက မြို့ပြင်မှ ရပ်ကြည့်နေကြ ရသည်။ ထိုအရေးအခင်းတွင် မူဆလင်လူငယ်အနည်းဆုံး ၂၀ ခန့် စတေးခဲ့ရပြီး ၄င်းတို့၏ ဝိညာဉ်မဲ့သော ခန္ဓာများကို ဓာတ်ဆီဖြင့် လောင်းကာ မီးရှို့ထားသည်ကို ပြာမှုန်များထဲ ကြိုးကြား ကြိုးကြားတွေ့မြင် နိုင်ပေသည်။
မိတ္ထီလာမြို့အရေးအခင်းကြောင့် စစ်သားများလာရောက် ထိန်းသိမ်းသဖြင့် အပေါ်ယံကြည့်ပါက အခြေအနေကို ထိန်းသိမ်းနိုင်ပြီဟု ထင်မှတ်ရသည်။ အဘယ်ကြောင့်ဆိုသော် လာရောက်တာဝန်ယူသော အစိုးရတပ်ဖွဲ့များမှာ မျက်မှောက်ခေတ်မြန်မာနိုင်ငံနှင့် အံဝင်ခွင်ကျ ဖြစ်မှုအားနည်းနေသေးသည်ဟု ယူဆရသည်။ ထို့အပြင် သတ်မှတ်ချိန်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအသင်းမှ ဝင်းထိန်ဆိုသူမှာ ၄င်း၏ ယုံကြည်ချက်နှင့် ပတ်သက်လာပါက ပြောရဲ ဆိုရဲ သတ္တိရှိသူတစ်ဦးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအဖွဲ့အပေါ် သစ္စာစောင့်သိမှုကြောင့် ယခင်အစိုးရလက်ထက်တွင် နှစ်ပေါင်း ၂၀ ခန့် အကျဉ်းကျခံရကာ စိတ်ပျက်ဆိုးရွားဖွယ် အခြေအနေကို ရင်ဆိုင်ခဲ့ရသူလည်းဖြစ်သည်။ မိတ္ထီလာအရေးအခင်းတွင် ၄င်းမှာ မျက်မြင်သက်သေတစ်ဦးလည်းဖြစ်သည်။
“ကျွန်တော်ရှေ့မှာ လူငယ် ၈ ယောက် အသတ်ခံရတာကို မြင်ခဲ့ရတယ်။ ဒီလူအုပ်ကြီးကို ရပ်တန့်နိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ အိမ်ပြန်ကြဖို့ တိုက်တွန်းခဲ့ပေမယ့် သူတို့က ပြန်ပြီးခြိမ်းခြောက်ခဲ့တယ်ဗျာ။ အဲဒီအချိန် ရဲတွေက ကျွန်တော်ကို လူအုပ်ထဲကနေ ဆွဲထုတ်သွားတယ်။ ဒီရဲတွေက ဘာမှကို ဝင်မလုပ်ပေးကြဘူး။ ဘာကြောင့်လဲဆိုတာ ကျွန်တော် တကယ်နားမလည်နိုင်တော့ဘူးဗျာ။ သူတို့မှာ အတွေ့အကြုံအားနည်းပြီး လိုအပ်ချက်တွေရှိနေလို့လည်းဖြစ်နိုင်ပါတယ်။ သူတို့ကို အထက်အရာရှိက ဘာအတွက် အမိန့်ပေးထားလဲဆိုတာ သူတို့သေချာနားလည်ပုံမရဘူးထင်တယ်” “တစ်ယောက်အသတ်ခံလိုက် ရတိုင်း ထောင်နဲ့ချီတဲ့ လူအုပ်ကြီးက သြဘာပေးပြီး အောင်ပွဲခံနေကြတယ်။ ပြီးတော့ ဒီမူဆလင်တွေ ငါတို့ဘုန်း ကြီးကို မနေ့က သတ်သွားတယ် ငါတို့လည်း သူတို့ကို ပြန်သတ်ကိုသတ်ရမယ်ဆိုပြီး အော်ဟစ်နေကြ တယ်လေ။ အဲဒီလိုသြဘာပေး အော်ဟစ်နေတဲ့လူတွေထဲမှာ မိန်းမတွေ၊ ဘုန်းကြီးတွေ၊ လူငယ်တွေလည်း ပါတယ်။ ကျွန်တော်လေ စက်ဆုပ်ရွံရှာမိပြီး အလွန်ပဲရှက်မိပါတယ်ဗျာ” ဟု ပြောကြားသွားခဲ့သည်။
မိတ္ထီလာမြို့ လူဦးရေ၏ ၃၀% ရာခိုင်နှုန်းလောက်က မူဆလင်တွေဖြစ်ပြီး သူတို့၏ စီးပွားရေးအခြေအနေက တောင့်တင်းခိုင်မာကြသည်။ ဆိုင်ပိုင်တွေ အိမ်ပိုင်တွေများစွာရှိကြတယ်။ သို့သော် ယခု အဖြစ်အပျက်များ ဖြစ်ပွားပြီးနောက်မှာတော့ သူတို့ကို ကျွဲမောင်းသကဲ့သို့ ယာယီဒုက္ခသည်စခန်းထဲကို မောင်းသွင်းခံလိုက်ရသည်။ ထို့နောက် စခန်းမှာ အစောင့်အကြပ်တွေနှင့် တင်းကျပ်ထားတယ်ဟု သိရသည်။
ထိုဒုက္ခသည်များကို အဆင်ပြေနိုင်မည့် နေရာများသို့ ပြန်လည်နေရာချထားပေးနိုင်ရန် ကျွန်တော်တို့ ကြိုးပမ်းအားထုတ်မှုများလည်း မတင်မကျနဲ့ ပယ်ချခံလိုက်ရပါသည်။ နိုင်ငံတကာမှ အထောက်အကူ ဆေးဝါးများရောက်ရှိလာပြီးဖြစ်သော်လည်း ဒုက္ခသည်စခန်းမှာ ညစ်ပေစုတ်ချာ၍ နံစော်လျက်ရှိပြီး ယုတ်စွအဆုံး မိလ္လာရေဆိုးစနစ်ပင် မရှိကြောင်း တွေ့ရှိရသည်။
(အင်္ဂလိပ်စာမူကို မူရင်းလင့်ခ်နှင့်အတူ ပူးတွဲတင်ပြပါသည်။)
24 June 2013 Last updated at 12:30 GMT
Burmese leader defends 'anti Muslim' monk Ashin Wirathu
Ashin Wirathu is known for his anti-Muslim sentiments
Burma's Transition
• Q&A: Communal violence
• What's behind violence?
• EU lifts sanctions against Burma
• Will opposition adapt?
Burmese President Thein Sein has defended a Buddhist monk accused of fomenting a wave of anti-Muslim violence in the country.
US Time magazine currently has Ashin Wirathu on its front cover under the title "The face of Buddhist terror".
Thein Sein said the report undermined efforts to rebuild trust between faiths and that the monk's order was striving for peace and prosperity.
The monk has called Muslims a scourge threatening Burma's Buddhist character.
A statement on the president's website said the Time magazine report "creates a misunderstanding of Buddhism, which has existed for thousands of years and is the religion of the majority of our citizens".
"The government is currently striving with religious leaders, political parties, media and the people to rid Myanmar [Burma] of unwanted conflicts," it added.
The report was also condemned online, with a petition started over the weekend gaining close to 40,000 signatories on Monday.
Ashin Wirathu, 45, was jailed in 2003 for inciting anti-Muslim violence but was released last year as part of a prisoner amnesty.
He organised protests in support of Buddhists in Rakhine state, where violence broke out in 2012 and left at least 200 people dead and thousands displaced.
Earlier this year, central Burma saw violence between Buddhists and Muslims, which left more than 40 people dead, most of them Muslims, in March.
Ashin Wirathu's anti-Muslim sentiments are very widely shared by the Buddhist majority, and while the authorities have jailed hundreds of Muslims for involvement in the violence, very few Buddhists have been prosecuted, says the BBC's Jonathan Head in Bangkok.
4 April 2013 Last updated at 09:41 GMT
What is behind Burma's wave of religious violence?
Jonathan Head: "20 boys from a Muslim school were cut down and burned on the spot"
Last month more than 40 people died in violence between Buddhists and Muslims in the central Burmese town of Meiktila. The BBC's South East Asia correspondent Jonathan Head looks at the causes of the violence.
At first sight it appears that Meiktila has been hit by a natural disaster. Entire neighbourhoods have been levelled, homes of brick and cement smashed to rubble.
Then you notice holes pounded into the walls that are still standing, clearly made by human hands. It was anger, not nature, that wreaked this destruction.
The families and shop-owners that occupied these buildings have disappeared. The only people are the scavengers, salvaging anything of value left in the ruins.
A Muslim community that dates back many generations has been wiped out.
After Muslim neighbourhoods were levelled, only scavengers could be seen at the site of the destruction
Just outside the town centre people stop to look at a blackened patch of ground. This is where at least 20 Muslim boys were taken, from a madrassa, and hacked to death, their bodies soaked in petrol and set alight. Fragments of charred bones still lie in the ashes, beside discarded shoes.
On the surface Meiktila seems calm and orderly. Soldiers, who are supposed to be less visible in the new Burma, are back on the streets. A night-time curfew is being enforced.
But the events in March have shaken Meiktila's member of parliament.
Win Htein MP, National League for Democracy
Win Htein is a man of proven courage, who spent 20 years in appalling conditions in prison because of his loyalty to Aung San Suu Kyi and the National League for Democracy. The former army captain has seen plenty of violence, but he still shakes his head in disbelief at what he witnessed last month.
"I saw eight boys killed in front of me. I tried to stop the crowd, I told them to go home. But they threatened me, and the police pulled me away.
"The police did not do anything - I don't know why. Perhaps because they lack experience, perhaps because they did not know what orders to give.
"On the bank thousands of people were cheering. When someone was killed, they cheered. And they were shouting 'they killed our monk yesterday, we must kill them'. There were women, monks, young people. I feel disgusted - and ashamed."
At least 12,000 Muslims are thought to have fled their homes because of the unrest
Around 30% of Meiktila's population is Muslim. They were prominent in its commercial life, owning many of the shops.
Now most of them have been herded into rudimentary camps, where they are tightly guarded by armed police.
Our attempts to enter and speak to the displaced people were politely rejected. We could see aid being delivered - international agencies are already visiting - but conditions seemed squalid, with almost no sanitation.
http://www.bbc.co.uk/news/world-asia-23027492
http://www.bbc.co.uk/news/world-asia-22023830
Wira Thu

Read more →

တစ်ကျော့ပြန် ရယ်ဒီကယ်လှိုင်း

,

ကျော်ဝင်း
------------------------------------

အစွဲ နှင့် ခေါင်းဆောင်မှု

မြန်မာ့နိုင်ငံရေး ဓလေ့တွင် မူလကတည်းက “ရယ်ဒီကယ်” အစွဲသန်သည်ဟု သမိုင်းပညာရှင် ဒေါက်တာမောင်မောင်ကြီးကမှတ်ချက်ပြုဖူးသည်။ဤအချက်ကဒီမိုကရေစီစနစ်အမြစ်တွယ်ရှင်သန်စေရေးအတွက် ခက်ခဲနိုင်သလို၊ အာဏာပိုင်စနစ် သက်ဆိုးရှည်စေရေးအတွက် အထောက်အကူ ဖြစ်စေ သည်ဟုလည်း သူက ကောက်ချက်ချခဲ့သည်။စာရေးသူ၏ မဆိုစလောက် အတွေ့အကြုံနှင့် ဥာဏ်မီ သလောက်ဆိုရလျင် ဆရာမောင်မောင်ကြီး၏ အဆိုနှင့်ကောက်ချက်မှာ သွေးထွက်အောင်မှန်သည်ဟု ထင်ပါသည်။
တစ်ခုတော့ရှိသည်။အမျှော်အမြင်ရှိသော ခေါင်းဆောင်မှုက ၊ဆိုခဲ့ပါ ရယ်ဒီကယ်အစွဲကို ဖေါက်ထွင်းစဥ်းစားနိုင်လျင်မူ၊ လမ်းကြောင်းမှန်သို့ ဦးတည်သွားနိုင်သည့် သာဓကအချို့ ရှိသလောက်ရှိသည်ဟု ဆင်ခြင်မိသည်။ဥပမာ-ဒုတိယ ကမ္ဘာစစ်အပြီး လွတ်လပ်ရေးကြိုးပမ်း မှုနောက်ဆုံး အဆင့်။ထိုစဉ်ကာလ ၊ပြည်တွင်းမှာရော၊နိုင်ငံတကာတွင်ပါ သြဇာကြီးလှသော၊ လက်ဝဲရယ်ဒီကယ်လှိုင်းကြီးကိုကျော်ပြီး၊လွတ်လပ်ရေးအရယူပေးနိုင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ၏ခေါင်းဆောင်မှုမျိုး ဖြစ်သည်။
သို့နှင့်တိုင် ဗိုလ်ချုပ်မရှိတော့သည့် နောက်ပိုင်း လွတ်လပ်ရေးခေတ်ဦးမှာပင် ၊လက်ဝဲ လက်ယာ အပြုတ်တိုက် ရယ်ဒီကယ်လှိုင်းများကို မကျော်လွှားနိုင်ရာမှ၊ပြည်တွင်းစစ်၊ဇတ်နာကြီး နှင့် တိုးခဲ့ရသည်။ အကျိုးဆက်ကား၊အားယူခါစ ဒီမိုကရေစီ နိုင်ငံရေးစနစ် သက်တမ်းကုန်သွားခြင်းပင်။ သည်လိုနှင့် ဆယ်စုများစွာ ပျောက်ဆုံးသွားခဲ့ရသော ဒီမိုကရေစီစနစ် ပြန်လည်အသက်သွင်းနိုင်ဖို့၊ မနည်းကြိုးစားရုန်းကန် နေရဆဲမှာပင်၊ ရယ်ဒီကယ် အန္တရာယ်လှိုင်းများကား ဆုံးပဲမဆုံးနိုင်။တစ်ကျော့ တဖန် ပြန်လည်အားသစ်လာသည်ကို တွေ့နေရသည်။

ဓလေ့နှစ်မျိုး

ဤနေရာတွင်၊စကားလုံးများနှင့် ဆက်စပ်နေသော သဘောထားများကို၊ပြန်ရှင်းဖို့လိုမည် ထင်ပါသည်။ အဘိဓာန်ဖွင့်ဆိုချက်အရ၊“ရယ်ဒီကယ်” ဆိုသည်မှာ၊“အရင်းအမြစ်မှတော်လှန်ပြောင်းလဲ
လိုသော”ဟုအဓိပ္ပါယ်ရသည်။နိုင်ငံရေးအရဆိုလျှင်၊သဘောထားမတူသူချင်း အပြန်အလှန်ဖယ်ထုတ်ဖို့ ရည်ရွယ်သော၊ ထိပ်တိုက်ရင်ဆိုင်ရေး အပြုတ်တိုက်ရေးဓလေ့ပင် ဖြစ်သည်။ဆိုရလျင် ပြည်တွင်းစစ် “ချသမိုင်း“ကြီးကို မွေးထုတ်လိုက်သည်မှာ ဤဓလေ့ပင်ဖြစ်သည်။

ကြည့်ပါ။ ၁၉၄၈ နောက်ပိုင်း၊အစိုးရအဆက်ဆက်၏ ရည်မှန်းချက်မှာ၊သူပုန်သကန်အမြစ်ဖြုတ် ရေးဖြစ်သည်။အပြန်အလှန်အနေနှင့်၊တောတွင်းလက်နက်ကိုင် အင်အားစုအသီးသီး၏ ရည်မှန်းချက် မှာလည်း၊ အစိုးရဖြုတ်ချရေးပင်ဖြစ်သည်။သူ့အကြောင်းနှင့်သူ အစိုးရတွေပြောင်းသွားသော်လည်း ၊ “လက်နက်ကိုင်တော်လှန်ရေး” ဆိုသည်ကြောင့် ပြုတ်ကျသွားသော အစိုးရဆို၍ တစ်ခုမှမရှိ။တစ်ဘက် က သူပုန်လည်းအမြစ်မပြတ်။တိုင်းပြည်သာ စုတ်ပြတ်သွားခဲ့ရသည်။ ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုသာ စတေးခဲ့ရသည်။ရယ်ဒီကယ် ဓလေ့ဖြင့်၊ပြည်တွင်းစစ် မရပ်နိုင်သည့်သာဓက။ဒီမိုကရေစီ ရေစုန်မျော ခဲ့ရသည့် သင်ခန်းစာ။

ဒီမိုကရေစီစနစ်အမြစ်တွယ်ရှင်သန်ဖို့ဆိုလျင် “သဘောထားမတူသူများ၊ အတူလက်တွဲညှိနှိုင်း ဆောင်ရွက်ကြရမည့် ယဉ်ကျေးမှု” တစ်နည်း ၊ “ဒီမိုကရက်တစ်ဓလေ့“ထွန်းကားဖို့လိုပါလိမ့်မည်။ ခက်နေသည်မှာ၊မြန်မာ့နိုင်ငံရေး ဓလေ့တွင်၊အဆိုပါ “ဒီမိုကရက်တစ်ဓလေ့”ထက်၊ရယ်ဒီကယ်ဓလေ့က ပိုစွဲခိုင်နေခြင်းပင်။ပြောရလျင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းရောက်မှ ဒီမိုကရက်တစ် ဓလေ့ကို ခပ်ရေးရေး စတွေ့လာရသည်။ဒီကြားထဲမှပင်၊ရယ်ဒီကယ်လှိုင်းများကား ၊အခါခွင့်သင့်တိုင်း ၊ တ၀ုန်းဝုန်း ရိုက်ခတ်ဆဲ....။ဥပမာ - လက်ပံတောင်းကိစ္စ ၊မန္တလေး ရှစ်လေးလုံးငွေရတု...စသည်ဖြင့်..။ ဟော- အခု နောက်တစ်ကြိမ်လာပြန်ပြီ။

ပြင်ရေးလား / အသစ်လား

ပြည်တွင်းငြိမ်းချမ်းရေး၊ ကြိုးပမ်းမှု၊ အဆင့်တစ်ဆင့်သို့ ရောက်လာချိန်၊ လွှတ်တော်မှလည်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လေ့လာသုံးသပ်ရေး ကော်မတီဖွဲ့ပြီး၊ကြိုးပမ်းလာချိန်...၊(ပို၍ အရေးကြီးသည်မှာ) မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ၊တည်တည်ငြိမ်ငြိမ်ရှေ့ဆက်နိုင်ရေးအတွက် အထူးလိုအပ်နေချိန်...။ ဤမျှအရေးကြီး၊အကဲဆတ်လှသော အခြေအနေမှာပင်၊ ဆိုခဲ့ပါ ဓလေ့နှစ်ရပ် တစ်ပြိုင်နက် ပေါ်လာသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်၊သဘောထား မတူသူများ ညှိနှိုင်းဆွေးနွေး အဖြေရှာကြမည်ဆိုသော “ဒီမိုကရက်တစ်ဓလေ့” နှင့် ၊ “၂၀၀၈ အခြေခံဥပဒေဖျက် ၊ အသစ်ပြန်ရေးရမယ်“ ဆို သော ထိပ်တိုက်ရင်ဆိုင်ရေး “ရယ်ဒီကယ်ဓလေ့” တို့ဖြစ်သည်။ နိုင်ငံရေးဓလေ့ ကိုယ်တိုင်မှာပင် ရယ်ဒီကယ် အစွဲသန်သော၊ မြန်မာနိုင်ငံအတွက်၊ဒုတိယလမ်းကြောင်း (အသစ်ပြန်လည်ရေးဆွဲရေး)မှာ၊ လူကြိုက်များနိုင်သည်၊ လက်ခုပ်သံရနိုင်သည်ကို ဆ၀ါးမိပါသည်။ သို့ တစေ သမိုင်းအတွေ့အကြုံများ အရ၊အန္တရာယ်ရှိနိုင်သည်။ လက်ရှိဒီမိုကရေစီ အပြောင်းအလဲကိုပင် ကတိမ်းကပါး ဖြစ်ကောင်းဖြစ်သွား နိုင်သည်။ စေတနာ မှန်သော၊ အမျှော်အမြင်ရှိသော ခေါင်းဆောင်မှုအနေနှင့် ဘာကိုရွေးကြမည်နည်း။

တိုင်းရင်းသားပါတီများ အပါအ၀င် နိုင်ငံရေးခေါင်းဆောင်များက၊လက်တွေ့ကျသော၊ပထမ လမ်းကြောင်းကို ရွေးလိုက်ကြသည်ကို ကြားရဖတ်ရသောအခါ ကျေးဇူးတင်ဝမ်းမြောက်ရသည်။ အထူး သဖြင့် ၀ါရင့်သမ္ဘာရင့် တော်လှန်ရေးသမားကြီး ၊ KNU ဗဟိုကော်မတီဝင် ၊ဖဒိုမန်းငြိမ်းမောင် လို ပုဂ္ဂိုလ် မျိုး ကိုယ်တိုင်က ၊ ဒီမိုကရက်တစ်ဓလေ့ဖြင့် ရပ်တည်ပြလိုက်ရာ၊ သူ့စေတနာနှင့် သူ့အမျှော်အမြင်ကို လေးစားအားကျရသည်။“လ္ဘက်ရည်ဆိုင်၊ဘီယာဆိုင်တွေထဲက၊နိုင်ငံရေး မီးရှူးမီးပန်းများကို မှုစရာမလို တော့ပြီ...” တွေးမိတော့ပျော်သွားသည်။ သို့သော်.......။

မေတ္တာရပ်ခံချက်


ပွင့်ပွင့်လင်းလင်းဆိုရလျင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက် (၀၂ /၀၉ /၂၀၁၃) ကိုဖတ် ရသောအခါ စောစောက အပျော်တွေလွင့်စင်သွားသည်။ အတော်ကြီးကို စိတ်ပျက်မိသည်။ NLD က၊ ဆိုခဲ့ပြီး သော၊ လမ်းကြောင်းနှစ်ရပ် ၊ဓလေ့နှစ်ခု တွင်။ တိတိပပ အဖြေမပေး။ “ပြည်သူလူထု၏ ဆန္ဒသဘောထားကိုရ ယူမည်” ဟုဆိုသည်။ “ ဘာလဲ....ဘယ်လိုလဲ”

“ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ” လုပ်မည့်သဘောလား။ဤသို့ဆိုလျှင် ဘယ်သူက လုပ်ပေးမည် နည်း။ဘယ်အဖွဲ့အစည်းက ကြီးကြပ်မည်နည်း။စာရေးသူ နားလည်သလောက်ဆိုရလျင် ၊ NLD သည် လွှတ်တော်မဟုတ်။ ရွေးကောက်ပွဲ ကော်မရှင်မဟုတ်၊အစိုးရမဟုတ်။ ထို့ထက် အရေးတကြီး စဉ်းစား ကြရမည်မှာ “ ဆန္ဒခံယူပွဲတိုင်းသည်၊လူထုဆန္ဒကို အမှန်တကယ် ထင်ဟပ်နိုင်ပါ၏လော...” ၊“လူထု ဆန္ဒအမှန်ကို ရရှိလျင်ပင်ထား ၊ ပြည်သူလူထု အနေနှင့် လက်တွေ့ကျသော မဟာဗျူဟာ တစ်ရပ်ကို ချမှတ်နိုင်စွမ်း အခါခပ်သိမ်းရှိနိုင်ပါမည်လော...”။ “မဟာဗျူဟာချမှတ်ရန် အတွက်လူထုတွင် တာဝန် ကောရှိပါ၏လော....”။ရာစုဝက်ကျော်မျှ ၊ဒီမိုကရေစီနှင့် ကင်းကွာခဲ့ရသော၊ ပညာရေးချွတ်ခြုံကျနေ သော၊နိုင်ငံရေးသားကြောဖြတ်ခံရသော၊စားဝတ်နေရေးအတွက် ကျားကုပ်ကျားခဲ ရုန်းကန်နေကြရ သော၊ အမိမြန်မာပြည်၏ ပကတိအရှိကို နှလုံးသွင်းနိုင်ကြဖို့ လိုမည်ထင်ပါသည်။

စာရေးသူအနေနှင့် NLD ခေါင်းဆောင်အပေါ် အများကြီးမျှော်လင့်ထားပါသည်။အထူးသဖြင့် လက်ဝဲရယ်ဒီကယ် အစွဲသန်သော မြန်မာ့နိုင်ငံရေးတွင်၊ ရှားရှားပါးပါး “လစ်ဘရယ်စိတ်အခံရှိသူ” ဟု မြင်ထားသည်။ သူမကိုယ်တိုင်ရေးသော ဆောင်းပါးတစ်ပုဒ်အရ၊ “တော်လှန်ရေးကာလ နှင့် တည်ဆောက်ရေးကာလ” ကို ကောင်းစွာခွဲခြား သိမြင် နိုင်သူဟု ယုံကြည်ထားပါသည်။ လက်ပံတောင်းအရေးကို ကိုင်တွယ်ခဲ့သော ၊ အမျှော်အမြင်ဖြင့် ယခုကိစ္စကို ပြန်လည်စဉ်းစားပေးပါ ဟု လေးစားစွာ မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

ကျော်ဝင်း
၂၉ .စက်တင်ဘာ.၂၀၁၃
Read more →

ညီသုတ(ပြည်) မှ NLD သို့ အိတ်ဖွင့်စာပေး၍ စိန်ခေါ်

,
 
NLD စွတ်စွဲသလို ဦးဝီရသူဟာ စစ်အစိုးရရဲ့ လက်ကိုင်ဒုတ် မှန်ကြောင်းသက်သေပြပါကညီသုတ(ပြည်) အမျိုးသားရေးလဲမရေး / မလုပ်သည့်အပြင် NLD ပါတီသို့ ချက်ခြင်းဝင်မည်
+++++++++++++++++++++++++++++++++++++++++++++++++++

မနေ့ညက NLD ကိုထောက်ခံတဲ့ ညီလေးတစ်ယောက်နဲ့စကားပြောဖြစ်တယ်။ကိုညီရယ်တဲ့ ကိုညီက NLD မကောင်းကြောင်းတွေရေးပြီး အတို့အထောင်တွေသိပ်မလုပ်ပါနဲ့တဲ့ ။ ဗုဒ္ဓေါ သူပြောလိုက်မှ ကိုယ့်အမှုက ပိုကြီးသွားသလိုပဲ ကိုယ်ကပဲ တိုင်းပြည်ကိုမငြိမ်မသက်ဖြစ်အောင် သွေးထိုးလှုံ့ဆော်နေသလိုလို ၊ အဓိက
ရုဏ်းတွေဖြစ်အောင်ပဲ ဖန်တီးရေးသား ၀ါဒဖြန့်နေသလိုလိုဖြစ်နေပြီ ။သူကပြောသေးတယ် ဦးဝီရသူဆိုတဲ့ ဘုန်းကြီးကို ဦခင်ညွှန့် နဲ့ ဦးအောင်သောင်းတို့က လက်သက်မွေးထားတယ်ဆိုပါလား ။

အမျိုးသားရေးလုပ်နေတဲ့ ဦးဆောင်ဆရာတော် သံဃာတော်တွေကိုကုလားမုန်းတီးရေးတရားတွေ ဟောပြီး စစ်အစိုးရရဲ့နောက်ကြောင်းပြန်လှည့်ရေးလမ်းစဉ်ကိုကူညီနေကြပါတယ်လို့စွတ်စွတ်စွဲစွဲ ပြောရဲကြတာ
ကတော့ သြချလောက်တဲ့ NLDပါပဲ ။ NLD မှ ညီငယ် တွေ နောင်တော်တွေ မိတ်ဆွေတွေကို ကျွန်တော်တစ်ခုမေးချင်ပါတယ်...ရိုးသားစွာဖြေကြပါ ။ ဦးဝီရသူဟာ တကယ်ပဲ စစ်အစိုးရရဲ့လက်ကိုင်ဒုတ်
ဖြစ်တယ်ဆိုရင် ညီသုတ(ပြည်) ဒီယနေ့ကစပြီး အမျိုးသားရေးမလုပ်တော့ပါဘူးNLD ပါတီထဲသို့ခြေစုံပြစ်ဝင်ပါတော့မည် NLD ခိုင်းသမျှ မဆိုင်းမတွ လုပ်ပါမည် ။ဦးဝီရသူဟာ NLD စွတ်စွဲသလို ဦးခင်ညွှန့်နဲ့ဦးအောင်သောင်းတို့၏လက်သက်မွေးထားသောဘုန်းကြီးတစ်ပါး(စစ်အစိုးရရဲ့လူ) ဖြစ်ကြောင့် ခိုင်လုံသော သက်သေပြပေးပါ ။

NLD သိထားသင့်သည်မှာ အမျိုးသားရေးတရားတွေဟောပြောနေသည့် သံဃာတော်များမှာဦးဝီရသူတစ်ပါးထဲမဟုတ်ပါ ။ မြန်မာနိုင်ငံအရပ်ရပ်ရှိ အထင်ကရဆရာတော် သံဃာတော်ပေါင်းများစွာမှ အမျိုးသားအကျိုးစီးပွါးအရေးနဲ့ ဘာသာရေးတရားတွေဟောပြောပို့ချနေကြ
တာပါ ။ထိုသံဃာတော်များအားလုံး စစ်အစိုးရရဲ့ လက်ကိုင်ဒုတ်များဖြစ်နေကြပြီလား ။NLD အနေဖြင့် ငါနှင့်မတူသူ ငါ့ရန်သူဟူသော သေးသိမ်သည့် အဓမ္မ၀ါဒီတို့၏ လမ်းစဉ်မှသွေဖည်ရှောင်ကြဉ်သင့်ပါသည် ။ပါတီနှင့် ပတ်သက်လာလျှင်(သို့) ဒေါ်စုကြည်နှင့်ပတ်သက်လာလျှင် မိမိတို့ကိုးကွယ်သည့် အထွဋ်အမြတ်ထားရာ သံဃာရတနာကိုတောင် မတော်မတရားခေါင်းစဉ်တပ်၍ စွတ်စွဲ ပုတ်ခက်ရဲလောက်အောင်မိုက်တွင်းနက်နေကြပြီလား။ပါတီကောင်းစားရေးထက်တိုင်းပြည်နှင့်လူမျိုးတို့၏
 ကောင်းစားရေးကို ရှေ့တန်းတင်သင့်ပါသည် ။မိမိပါတီအာဏာရရှိရေးထက် အမျိုးသားအကျိုးစီးပွါး ဖြစ်ထွန်းမှုကိုသာ ဇောင်းပေးကျိုးပန်းသင့်ကြောင်း စေတနာကောင်းနှင့်အကြံပြုပါရစေ ။

ညီသုတ(ပြည်)
ကိုညီ သုတ Facebook မှ ကူးယူဖော်ပြပါသည်
Read more →

ရန်သူ့ အင်္ဂါ ( ၁၆ ) ပါး

,
တစ်စုံ တစ်ယောက်က မိမိအပေါ် ရန်သူသဖွယ် ဆက်ဆံနေတယ် လို့ ထင်နေမိရင်
ကိုယ့်ရဲ့ အထင် မှန် မမှန် ဆိုတာကိုဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်လိုက်ပါ . . .


ရန်သူ့ အင်္ဂါ ( ၁၆ ) ပါး -

(၁) ကိုယ့်ကိုမြင်လျှင် မပြုံးရွှင်။

(၂) ကိုယ့်အသံကြားသော်လည်း မနှစ်သက်။

(၃) မျက်လုံးချင်းပင် မဆုံချင်၊ မျက်နှာလွှဲ၏။

(၄) ကိုယ့်ကို အမြဲ ဆန့်ကျင်၏။

(၅) ကိုယ်နှင့် မတည့်သူတို့နှင့်သာ ပေါင်း၏။

(၆) ကိုယ်နှင့်တည့်သူတို့နှင့် မပေါင်း။

(၇) ကိုယ့်ကို ချီးမွမ်းလျှင် မကြိုက်၊ တားမြစ်၏။

(၈) ကိုယ့်ကို ဆဲရေးကဲ့ရဲ့လျှင် ကြိုက်၏။

(၉) ရန်သူတို့၏ လျှို့ဝှက်ချက်ကို ကိုယ့်ကို မပြော။

(၁၀) ကိုယ့်လျှို့ဝှက်ချက်ကို လျှို့ဝှက်မပေး။

(၁၁) ကိုယ့်အလုပ်ကို မချီးမွမ်း၊ အပြစ်ရှာ၏။

(၁၂) ကိုယ့်ပညာကို အသိအမှတ် မပြု။

(၁၃) ကိုယ်စီးပွါးပျက်လျှင် ၀မ်းသာ၏။

(၁၄) ကိုယ်စီးပွါးတက်လျှင် မနာလို၊ မရှုစိမ့်။

(၁၅) ကောင်းတာရလျှင် ကိုယ့်ကို သတိမရ။

(၁၆) ကိုယ်ဒုက္ခရောက်သော်လည်း မသနား၊ စိတ်မတုန်လှုပ်။
-တို့ ဖြစ်ပါတယ်။

- ( မိတ္တာမိတ္တသုတ် )

credit to youngbuddhistassociation.mm
Read more →

လိုင်စင်ရ အသံတိတ် လူသတ်သမားများ

,

“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”

တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့် စိတ် အတော်ကြီးမားသွားသည်။

ယင်းကြောင့် လက်ရှိသုံးစွဲနေသော အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း အစားထိုး ရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။

အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသော အသားမှုန့်များတွင် အချိုမှုန့်များ၏ ပါဝင်ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊ အထူးသဖြင့် အချိုမှုန့်၊ အသားမှုန့်များသည် အချိုအရသာ ရရှိရန် အသုံးပြုသော်လည်း ယင်းတို့၏ ပါဝင်ပစ္စည်းများသည် အငန်ဓာတ်သာ ဖြစ်သောကြောင့် ရေရှည်စားသုံးမည် ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံရှိ စားသုံးသူ ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးပညာရှင် အသိုင်းအဝိုင်းက ပြောကြားထားသည်။

နေ့စဉ် အစားအစာများတွင် မပါမဖြစ် သုံးစွဲနေသော အချိုမှုန့်များကို ၁၉၀၈ ခုနှစ်တွင် ဂျပန်လူမျိုး Mr.KikunaeIkeda က စတင်တီထွင်ခဲ့ရာ ပထမဆုံး အချိုမှုန့်ကို ပင်လယ်ကျောက်ပွင့်များ၏ အစွမ်းသတ္တိကို အခြေခံကာ ထုတ်လုပ်ခဲ့သည်။

ယင်းနောက် အာဂျီနိုမိုတို အမည်ဖြင့် ကမ္ဘာကျော် ဟင်းခတ်ပစ္စည်း အချိုမှုန့် တစ်မျိုးကို အောင်မြင်အောင် ထုတ်လုပ်လာနိုင်ခဲ့သည်။ အချိုမှုန့်၏ အောင်မြင်မှုသည် ၁၉၅၉ ခုနှစ်တွင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ကြီး၏ အသိအမှတ်ပြုမှုကို ရရှိလာသည်။

သို့သော် ၂၀၀၀ ပြည့်လွန်နှစ်များတွင်မူ အချိုမှုန့်၏ ဆိုးကျိုးများ သိသိသာသာ ပေါ်ပေါက်လာခဲ့သဖြင့် ကမ္ဘာ့နိုင်ငံကြီး အများစုကလည်း အချိုမှုန့် ရောင်းချ တင်သွင်းခွင့်များကို တရားဝင် ပိတ်ပင်လာပြီး အချိုမှုန့် သုံးစွဲမည့်နေရာတွင် အသားမှုန့်များ ဝင်ရောက်လာသည်။

အချိန်ကာလ အတန်ကြာကတည်းက အချိုမှုန့် သုံးစွဲနေခဲ့ရာမှ မြန်မာနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် ယင်းအချို့မှုန့်များ တင်သွင်းခွင့် စတင်ပိတ်ပင်ခဲ့ပြီး ယခုနှစ်ပိုင်းတွင်မှ တရားဝင် တင်သွင်းခွင့် ပြုခဲ့ရာ လက်ရှိအချိန်တွင် ပြည်ပမှ အထူးသဖြင့် ထိုင်းနိုင်ငံမှ အချိုမှုန့်၊ အသားမှုန့်များသာမက ပြည်တွင်းထုတ် အသားမှုန့်များလည်း အိမ်ရှင်မတိုင်း၏ မီးဖိုခန်းတွင် နေရာယူလျက် ရှိသည်။

အချိုမှုန့်အန္တရာယ်ကို သိရှိပြီးနောက် အစားထိုးသုံးနိုင်သည့် အသားမှုန့်များကြောင့် လက်ရှိအချိန်တွင် အသားမှုန့် သုံးစွဲသူ ရာခိုင်နှုန်းသည် အချိုမှုန့် သုံးစွဲသူများထက် ပိုများနေလိမ့်မည် ဖြစ်သည်။ အသားမှုန့်၏ ကျန်းမာရေး ဆိုးကျိုးများသည် အချိုမှုန့်၏ ဆိုးကျိုးအတိုင်း ဖြစ်လာမည်ကိုမူ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် မသိကြသေးချေ။

လူ့ကျန်းမာရေးအတွက် တိတ်တဆိတ် အန္တရာယ်ပေးနေသော အချိုမှုန့်၊ အသားမှုန့်များသည် မြန်မာနိုင်ငံ အတွင်းသို့ နေ့စဉ် ဝင်ရောက်နေပြီး နေ့စဉ် စားသုံးနေသည့် အစားအစာတိုင်းတွင် နေရာယူကြီးစိုးလျက် ရှိသည်။

ရေရှည် သုံးစွဲလာသော အချိုမှုန့် ပြဿနာကို အသားမှုန့် အန္တရာယ်ထက် ပိုမိုရင်ဆိုင်နေရသည်မှာ အသားမှုန့်ထက် ဈေးနှုန်းသက်သာသော အချိုမှုန့်များကို စားသောက်ဆိုင် အများစုတွင် အသုံးပြု နေခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် စိန်ခေါ်မှုကြီး တစ်ရပ်လည်း ဖြစ်နေသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန၏ တရားဝင် ခွင့်ပြုချက် လိုင်စင်နှင့် ရောင်းချနေသော အချိုမှုန့်များ ရှိသော်လည်း တရားမဝင် သွင်းယူလာသော အချိုမှုန့် အန္တရာယ်က ရှိနေသေးသည်။
တရားမဝင် အချိုမှုန့်များတွင် တရုတ်နိုင်ငံရှိ အသေးစား တစ်နိုင်တစ်ပိုင် လုပ်ငန်းတို့မှ အချိုမှုန့် တံဆိပ် အတုများ ပြုလုပ်ကာ တင်သွင်းမှုများ ရှိသည့်အပြင် တံဆိပ်မပါသော အချိုမှုန့် အိတ်ကြီးများ ဖြင့်လည်း ဝင်ရောက်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ ဈေးဆိုင်များထံမှ စုံစမ်းသိရှိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှ အချိုမှုန့် တန်ချိန် ၄၀ နီးပါး တရားဝင် တင်သွင်းခဲ့ဖူးကြောင်း၊ တစ်ဖက်တွင်လည်း အဆိုပါ နှစ်လအတွင်း တရားမဝင် သွင်းလာသော အချိုမှုန့် တန်ချိန် ၁၀ ခန့် ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းပမာဏသည် အချိုမှုန့် ပမာဏသာဖြစ်ပြီး တရားဝင် ဖြန့်ဖြူး ရောင်းချနေသည့် အသားမှုန့်၏ ပမာဏကို ထည့်သွင်းထားခြင်း မရှိသေးချေ။ မြန်မာနိုင်ငံရှိ လူဦးရေသန်း ၆၀ ကျော်တွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သော အချိုမှုန့်၊ အသားမှုန့်များ၏ အန္တရာယ်ကို သိလျက်နှင့် တိုးဝင်နေကြရသူ အများအပြား ရှိနေသည်။
“အခုအချိုမှုန့်၊ အသားမှုန့် အစားထိုး ရွှန်းတိုးတိုးကို သကြားနဲ့ တွဲသုံးတယ်။ ကျန်တာတွေလည်း မသုံးရဲဘူး” ဟု အသက် ၄၀ ကျော်အရွယ် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။ ယင်းမှာ ပြည်တွင်းထုတ် အသားမှုန့်တစ်မျိုး ဖြစ်သည်။

အသားမှုန့် ထုတ်လုပ်ရာတွင် နိုင်ငံနှင့် လုပ်ငန်းရှင်အပေါ် မူတည်၍ ကွဲပြား ခြားနားသလို အသားမှုန့် အရောင်အဆင်းလည်း ကွဲပြားခြားနားကြောင်း၊ ယင်းကြောင့် ပြည်တွင်းထုတ် အသားမှုန့် အများစုသည် အဖြူရောင် အဆင်းရှိပြီး ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသော အသားမှုန့်များနှင့် ကွဲပြားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။

အစားအစာများတွင် အချို့မှုန့်နှင့် အသားမှုန့်များအစား ပုစွန်ခြောက်၊ ငံပြာရည်အချို၊ သကြားနှင့် ဆန်မှထုတ်သော ဟင်းခတ်အရည် တစ်မျိုးတို့ကို အသုံးပြုခြင်းဖြင့် ယင်းဟင်းခတ်မှုန့်များ သုံးစွဲမှုကို လျှော့ချသွားနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်က အကြံပြု ပြောကြားသည်။
“အညာဘက်မှာဆို ဘာဟင်းချက်ချက် မျှင်ငါးပိ ထည့်သုံးကြတယ်။ အဲဒါ ထည့်သုံးရင် အချိုလည်းရတယ်၊ အငန်လည်း ရတယ်၊ အနံ့လည်း ကောင်းတယ်” ဟု ရန်ကုန်မြို့နေ အသက် ၅၀ ကျော် အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ခင်အေးက ပြောဆိုသည်။

သို့သော် လတ်တလော ရေကျိုငါးပိတွင် ဓာတ်မြေသြဇာ ထည့်သွင်းထားသော သတင်းများ ပေါ်ထွက်ပြီး နောက်ပိုင်း ငါးပိ ရောင်းအားများလည်း ကျဆင်းသွားခဲ့ပြီး ငါးပိကို ယုံကြည်စွာ သုံးစွဲခဲ့သူများ ဟင်းပွဲတိုင်းတွင် ထည့်သွင်းရန် ကြောက်လန့်သွားခဲ့သည်။

ယင်းထက် ဆိုးရွားသည်မှာ အချိုမှုန့်၊ အသားမှုန့်များ ပိုသုံးစွဲလာသည့်အတွက် ကလေးသူငယ်များတွင် ငယ်ရွယ်စဉ် ကတည်းက နှလုံးရောဂါ ၊ ဆီးချိုရောဂါနှင့် သွေးတိုး လက္ခဏာများ ဖြစ်နိုင်ကြောင်း၊ ယင်းအပြင် အချိုမှုန့်ကို ရေရှည်စားသုံးပါက မှတ်ဉာဏ် အားနည်းလာကာ ပါကင်ဆန် ရောဂါနှင့် အယ်ဇိုင်းမားရောဂါတို့ ဖြစ်လာနိုင်ကြောင်း ပြည်တွင်း အထွေထွေရောဂါကု ဆရာဝန်များထံမှ သိရသည်။

ယင်းအပြင် အချိုမှုန့်ကို နေ့စဉ် စားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ မျက်လုံး ထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်သည့်အပြင် အခြားဘေးထွက် ဆိုးကျိုးများအဖြစ် ခြေဖျားလက်ဖျား ထုံကျင်ခြင်း၊ ပူနေခြင်း၊ မျက်နှာ တင်းနေခြင်း၊ ရင်ဘတ် အောင့်ခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း ရန်ကုန်မြို့ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက The Voice သို့ ပြောကြားသည်။

အချိုမှုန့်နှင့် ဓာတ်မတည့်သူများ အတွက်မူ ယင်းလက္ခဏာများထက် ဆိုးရွားသော ဘေးထွက် ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရောဂါဖြစ်မှန်း သိလျက်နှင့် အချိုမှုန့်၊ အသားမှုန့်များ သုံးစွဲနေသူတို့အတွက် မည်သည့် ဟင်းခတ် ပစ္စည်းမျိုးကို အသုံးပြုလျှင် အဆင်ပြေမည်ဟူသည့် တိကျသော အဖြေတစ်ခု လိုအပ်နေသည် ဖြစ်ရာ ဦးစွာ သဘာဝ အတိုင်း ပြုလုပ်ထားသော ဟင်းခတ် အစားအစာများကို ရိုးရာ ဟင်းချက်နည်းအတိုင်း နေ့စဉ်ဟင်းလျာများတွင် ထည့်သွင်း ချက်ပြုတ်မည် ဆိုပါက အသံတိတ် လူသတ်သမား အန္တရာယ်မှ ရှောင်ရှားနိုင်မည်။

သို့သော် စီးပွားရေး လုပ်ငန်းရှင်များ၏ အလွယ်လမ်း လိုက်တတ်သည့် အကျင့်ကြောင့် မြန်မာ့ဓလေ့ ထုံးစံအတိုင်း အသုံးပြုသော ဟင်းခတ်ပစ္စည်းများ၏ အာမခံချက် လျော့ကျလာခြင်းကြောင့် စားသုံးသူများ လွန်စွာစိုးရိမ်နေရသည်။

ယင်းသို့သော အခြေအနေများကို မဖြေရှင်းနိုင်သေးသရွေ့ မြန်မာနိုင်ငံ သားများသည် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး တို့ထက် အစွမ်းထက်သော လိုင်စင်ရ အသံတိတ် လူသတ်သမားများကို မီးဖို ချောင်ထဲတွင် ငြိုငြင်သော်လည်း ဧည့်ခံထား နေရဦးမည် ဖြစ်သည်။
“အချိုမှုန့်ထက် အသားမှုန့် ပိုဆိုးတာ သိပေမယ့် ဒါမှမစားရင် ရွေးစရာမှမရှိတာ သုံးနေရတာပေါ့။ ကြောက်တော့ နည်းနည်းတော့ လျှော့သုံးဖြစ်တယ်” ဟု အချိုမှုန့်နှင့် အသားမှုန့် နှစ်မျိုးစလုံး သုံးစွဲ နေသူ ဒေါ်တင်တင်ဌေးက ပြောကြားသည်။


(လဲ့ရည်မြင့်၊ သင်းရတနာဆု)
The Voice Weekly
Read more →