လားရှိုးမြို့နယ် ဗန်းယွမ်းရွာနေ နော်ဆိုင်းသည် ၁၉၄၀ပြည့်နှစ်တွင် လားရှိုးမြို့၌ ဗြိတိသျှတပ်မတော်သို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် အင်္ဂလိပ်တပ်များ အိန္ဒိယသို့ဆုတ်ခွာရာတွင်လိုက်ပါသွားခဲ့သည်။၁၉၄၃ခုနှစ်တွင်မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် အမှတ်(၁)ကချင်သေနတ်ကိုင်တပ်ရင်းသို့ ဗိုလ် အဆင့်ဖြင့် ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ကရင်သေနတ်ကိုင်တပ်ရင်း(၁/၂/၃)တောခိုခဲ့ကြသဖြင့်ကရင်သောင်းကျန်းသူများအားတိုက်ခိုက်မှုတာဝန်ပေးအပ်ခဲ့ရာ တောင်ငူမြို့ရောက်ရှိ
စဉ်တွင် သစ္စာ ဖောက်ပြီး KNDO နှင့်ပူးပေါင်းခဲ့ပါသည်။ ထို့နောက် ၁၉၅၀ ပြည့်နှစ်တွင် KNDO အင်အားစုအဖြစ် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားခဲ့ပါသည်။ ထိုအချိန်တွင် လားရှိုးမြို့ အစိုးရအထက်တန်းကျောင်းတွင်ပညာသင်ကြားနေသော ဇော်ဆိုင်းအားစည်းရုံးခဲ့ပြီးနောက် တောခိုသွားခဲ့
ပါသည်။
၁၉၅၁ ခုနှစ်တွင် နော်ဆိုင်းနှင့် နောက်လိုက်အင်အား ၁၅၀ ခန့် တရုတ်နိုင်ငံသို့ ဝင်ရောက်ခိုလှုံခဲ့ရာ ဇော်ဆိုင်းသည် လိုက်ပါမသွားဘဲ သံတောင်၊ ဘောဂလိဒေသရှိ KNDO များနှင့် ပူးပေါင်းလှုပ်ရှားခဲ့သည်။ကချင် ပြည်နယ်လွပ်လပ်ရေးရရှိရေးအတွက် ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။ ဇော်ဆိုင်းသည် ထိုင်းနိုင်ငံတွင် ဒေါက်တာ စီတာရက်ဆိုသူနှင့် တွေ့ဆုံခဲ့ပြီးနောက် နော်ဆိုင်းမှ ကရင်များနှင့်ပူးပေါင်းနေပါက မဖြစ်နိုင် တော့ကြောင်း ဇော်ဆိုင်းအား အကြံပေးပြောကြားခဲ့သည်။ ထို့ကြောင့် ဇော်ဆိုင်းသည် မိမိဒေသသို့ပြန်၍ တော်လှန် ရေးလုပ်ရန် ဆုံးဖြတ်ခဲ့သည်။လူငယ်များအား စည်းရုံးသိမ်းသွင်းရန်အတွက် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြား နေသော ညီဖြစ်သူ ဇော်တူးအား လျှို့ဝှက်စွာ စာရေးဆက်သွယ်၍ တောင်ငူတွင်တွေ့ဆုံခဲ့ပါသည်။၁၉၅၄ခုနှစ်တွင် KNDO အဖွဲ့သည် ဇော်ဆိုင်းနှင့်အတူ အကြံပေးအရာရှိ ဂျီလစ်လင်း(ကချင်အမည် ဇော်ဘောက်)အားလိုက်ပါ စေလျက် ကချင်တော်လှန်ရေးစတင်ရန်ရှမ်းပြည်နယ်မြောက်ပိုင်းသို့ထွက်ခွာသွားခဲ့သည်။ ဇော်ဆိုင်းနှင့် ဇော်ဘောက် တို့သည် ဇော်ဆိုင်း၏ မိခင် ကျောင်းဆရာမလုပ်နေသော ဟိုကုန်းတိုက်နယ် နမ့်အန်ရွာ သို့ ရောက်ရှိ ခိုအောင်းပြီး မြေအောက်စည်းရုံးရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ ထိုအချိန်တွင် ဇော်ဆိုင်း ၏ညီဖြစ်သူ တက္ကသိုလ်ကျောင်းသား ဇော်တူး သည်တက္ကသိုလ်မှ ထွက်၍ဇော်ဆိုင်း ထံလာရောက် ပူးပေါင်းခဲ့သည်။ ထို့နောက် အမှတ်(၄)ကချင်သေနတ်ကိုင်တပ်ရင်းမှ ဒုတိယတပ်ကြပ်အဆင့်ဖြင့် ထုတ်ပယ်ခြင်းခံရပြီး သိန္နီတွင် ကျောင်းတက်နေသော လမုန်တူးဂျိုင်နှင့်တက္ကသိုလ်မှ ထွက်၍ ကွတ်ခိုင်မြို့တွင် အလုပ် လက်မဲ့ဖြစ်နေသော လမာလရိန်းတို့နှင့် ပူးပေါင်းခဲ့သည်။
၁၉၆၉ ခုနှစ်တွင် တော်လှန်ရေးစတင်ရန် ဇော်တူး၊ဇော်ဆိုင်းတို့သည် မြစ်ကြီးနားသို့ ရောက်ရှိပြီး KBSH ကျောင်းတွင် ကျောင်းအုပ်လုပ်နေသော မရန်ပရန်ဆိုင်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးလျင် KIO (Kachin IndependenceOrganization)ခေါ်ကချင်လွတ်မြောက်ရေးအစည်းအရုံးအား၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာ
လ (၂၅)ရက် နေ့တွင် လျှို့ဝှက်စွာဖွဲ့စည်းခဲ့သည်။ KIO မြေအောက်အဖွဲ့တွင် ဥက္ကအဖြစ် ဇော်ဆိုင်း၊ ဒုဥက္ကဌအဖြစ်ဇော်တူး အတွင်းရေးမှူးအဖြစ် လမာလရိမ်းတို့က တာဝန်ယူခဲ့သည်။ ထိုအချိန်တွင် ရှမ်းပြည်နယ်၌ နိုင်ငံရေးသမားအချင်းချင်း နေရာလုကြရာမှ နိုင်ငံရေးသမားအချို့၏ ခါးပိုက်ဆောင်အဖြစ် KIO အား လက်နက်ခဲယမ်းထောက်ပံ့ရာမှ လက်နက် ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်လာပြီး အင်အားမှာ (၂၇) ယောက်ရှိလာခဲ့သည်။
KIA အဖွဲ့သည် ၁၉၆၁ ခုနှစ်၊ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ဇော်တူးဦးစီး အင်အား(၁၆)ဦးနှင့် လားရှိုးငွေတိုက်အား စီးနင်းတိုက်ခိုက်၍ ငွေ(၉)သောင်းကျော်သိမ်းယူခဲ့ခြင်းဖြင့် လက်နက်ကိုင်လှုပ်ရှားမှုကို စတင် ခဲ့သည်။ ထိုသို့လက်နက်ကိုင်လှုပ်ရှားမှု စတင်သည်နှင့်လားရှိုး၊ကွတ်ခိုင်ဒေသမှ စည်းရုံးထားသည့်ကချင်လူငယ်များ တစ်ပြိုင်တည်းတောခိုခဲ့ကြသည် ။အင်အား(၁၀ဝ၀)ခန့် စုစည်းမိသောအခါ တပ်မဟာမှူးအဖြစ် ဇော်ဆိုင်းက လည်းကောင်း၊ တပ်မဟာဗိုလ်မှူးအဖြစ် ဂျီလန်လင်းကလည်းကောင်း တာဝန်ယူလျက် သိန္နီမြို့နယ်၊ တွယ်တောက် တွင် ၁၉၆၁ ခုနှစ်၊ဖေဖော်ဝါရီလ(၅) ရက်နေ့၌ KIA (Kachin Independence Army) ခေါ် ကချင် လွတ်လပ်ရေးတပ်မတော်နှင့် KIC (Kachin Indepence Council)ကို စတင်ဖွဲ့စည်းခဲ့ပါသည်။
ကချင်သောင်းကျန်းသူအဖွဲ့(KIA)သည် ကချင်ပြည်နယ် လွတ်လပ်ရေးရရှိရေးအတွက် လက်နက်ကိုင် ဆူပူမှု စတင်ရန် ရည်ရွယ်ချက်ဖြင့် လားရှိုးဘဏ်အား ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင်စတင်ဝင်ရောက်စီးနင်းခဲ့ရာမှပေါ်ပေါက်လာခဲ့ပြီး နှစ်စဉ် ဖေဖော်ဝါရီလ
(၅)ရက်နေ့အား KIA (ကချင်)တော်လှန်ရေးနေ့အဖြစ် လည်းကောင်း၊ ၁၉၆၀ ခုနှစ်၊အောက်တိုဘာလ(၂၅)ရက်နေ့ KIO (ကချင်)ကချင်လွတ်မြောက်ရေးအစည်းအရုံး ကိုလျှို့ဝှက်စွာဖွဲ့စည်းခဲ့ခြင်းကိုအကြောင်းပြုကာ အဆိုပါအောက်တိုဘာ(၂၅)ရက်နေ့ကို KIO ကချင်နှစ်ပတ်လည် နေ့အဖြစ်လည်းကောင်း အသီးသီးသတ်မှတ်ကာ ယင်းတို့၏ ဗဟိုဌာနချုပ်၊ တပ်မဟာ၊ တပ်ရင်းဌာနချုပ်နှင့် စခန်းများ တွင် အခမ်းအနားများပြုလုပ်ခဲ့ကြပါသည်။
အဆင့်ဆင့်ဖွဲ့စည်းတည်ဆောက်မှု
၁၁။ KIA၏ အားပေးကူညီမှု၊ ထောက်ပံ့မှုကိုရယူပြီး ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အနီး ဆင်လဲရွာ အရှေ့ဘက်(၁၀)မိုင်ခန့်အကွာတွင် စခန်းတည်ဆောက်၍ (KIA)၏ အခြေခံစစ်ပညာသင်တန်းအမှတ်စဉ်(၁) ကို ၁၉၆၁ ခုနှစ်၊ မတ်လ(၁၆)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၆၁ခုနှစ်၊ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ကွက်ခိုင်နယ်မြေ၌ KACHIN INDEPENDENCE ARMY ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့်ုခေ့ငညှုညိနစနညိနညခန ဃသကညခငူ ကချင်လွတ်မြောက်ရေးကောင်စီ(KIC)ကို စတင်ဖွဲ့စည်းခဲ့သည်။
၁၂။ ၁၉၆၃ ခုနှစ် အစပိုင်းတွင် တပ်မဟာ(၁)နှင့်တပ်ရင်း(၆)ရင်းအင်အား(၁၀ဝ၀)ကျော်ခန့်ရှိခဲ့သည်။ ၁၉၆၃ခုနှစ်၊ ဇွန်လ (၁၁)ရက်တွင် ပြည်တွင်းငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးခြင်းဖြင့်လက်တွေ့ အကောင်အထည်ဖော်ရန် တော်လှန်ရေးကောင်စီက ကမ်းလှမ်းခဲ့သည်။၁၉၆၄ခုနှစ်၊ နှစ်ဦးပိုင်းမှပင် တပ်မဟာ(၂)ကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။
၁၃။ တပ်မတော်မှ ဂန့်ဂေါ်၊ အောင်မြေ၊ ကောင်ရာဘွန်၊ ခရမ်း စသောစစ်ဆင်ရေးများဖြင့် ၁၉၆၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ထိုးနှက်မှုကြောင့် ၁၉၆၅ ခု စက်တင်ဘာလအထိ ကချင်သောင်းကျန်းသူ(၆၉၆)ယောက် ကျဆုံး၊ (၃၇၇)ယောက် ဒဏ်ရာရ၊ (၁၀၆၄)ယောက်ဖမ်းမိကာ(၂၂၂၃)ယောက် လက်နက်ချခဲ့ကြသည်။ ၁၉၆၅ ခုနှစ်မှ ၁၉၆၆ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ကချင်သောင်းကျန်းသူများ၏ လှုပ်ရှားမှုအရှိန်အဟုန်မှာ သိသိသာသာ ရပ်တန့်ကျဆင်း သွားခဲ့သည်။
၁၄။ ၁၉၆၆ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ကချင်ပြည်နယ်သို့ စစ်ဆင်ရေးဝင်နေသော မိမိတပ်အချို့ အမှတ်(၇၇) ခြေမြန်တပ်မဖွဲ့စည်းရန် ထုတ်နှုတ်လေ့ကျင့်ခြင်း၊ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လတွင် တရုတ်ကျောင်းသား များအရေးအခင်း ကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးတင်းမာခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လတွင် မရန်ဘရန်ဆိုင်း ဦးစီးသော ရှေ့ပြေး(၃၄)ယောက်အဖွဲ့သည် တရုတ်နှင့်အဆက်အသွယ်ပြုလုပ်ရန် တရုတ်ပြည်၊ ကူတုံတိုင်မြို့သို့ ရောက်ရှိပြီး၊ ပီကင်းသို့ရောက်ရှိကာ KIA က မော်စီတုံး၏ ဩဝါဒခံယူမည်၊ တရုတ်က စစ်ရေး၊ နိုင်ငံရေးသင်တန်းနှင့် လက်နက် ခဲယမ်းကူညီရန် သဘောတူညီခဲ့သည်။ ထို့နောက် ဇော်တူး၊ ဇော်ဒန်၊ လမုံတူး ဂျိုင်၊ မရန်ဘရန်ဆိုင်း၊ ပုံရွှေ့ဇော်ဆိုင်း တို့ဦးဆောင်သော (၄၂၅)ယောက်အဖွဲ့သည် ၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှ ၁၉၆၈ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်ထိ (၃)လနီးပါးမျှ သွားရောက်ပြီး၊ ပီကင်း၌ တရုတ်နီကိုယ်စား လှယ်များ၊ ဗသိန်းတင်၊ နော်ဆိုင်းတို့နှင့် တွေ့ဆုံ ခဲ့ကြောင်း သိရသည်။
၁၅။ ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့တွင် ပွန်း(ှီ-၉၁၉၀)မှ တောင်တြိဂံနယ်မြေသို့ ပြန်လည် ရောက်ရှိ ခဲ့သည်။ တရုတ်ထံမှ စစ်ရေးအကူအညီများရရှိလာပြီးနောက် KIA များသည် ကချင်ပြည်နယ်တွင် စစ်ရေးလှုပ်ရှားမှု အထူးတိုးမြှင့်ခဲ့သည်။ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော ဇော်ဆိုင်းထံမှလည်း လက်နက်/ခဲယမ်းများ ရရှိခဲ့သည်။
၁၆။ ဇော်တူးသည် ကွန်မြူနစ်ဝါဒကိုလက်ခံပြီး၊ မော်စီတုံးအတွေးအခေါ်ကို လက်ခံစည်းရုံးရာ နယ်မြေလူထုက လက်မခံသဖြင့် အောင်မြင်မှုမရှိခဲ့ပေ။ ခေါင်းဆောင်များ ရွေးချယ်ခန့်အပ်မှုတွင် လူမျိုးရေးသွေးခွဲကျင့်သုံးမှုများကြောင့် လည်းကောင်း၊ ကွန်မြူနစ်ဝါဒသွတ်သွင်းရာတွင်လည်းကောင်း၊ မနှစ်မြို့ကြသဖြင့် နယ်မြေလူထုတွင်မက သောင်းကျန်း သူများအတွင်းမှာပင် သဘောကွဲလွဲလာကြသည်။ ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် နော်ဆိုင်းဦးစီး ဗကပများ သည် မုံးကိုး(ှဏ-၂၄၉၉)အား တိုက်ခိုက်ပြီး၊ တစတစအခြေခံ နယ်မြေတိုးချဲ့ စည်းရုံးလာရာ KIA များနှင့် အကျိုးစီးပွား လုဘက်များဖြစ်ပေါ်လာခဲ့သည်။ ၁၉၆၈ ခုနှစ်၊ မတ်လတွင် မရူလူမျိုး KIA တပ်ရင်း(၄)အဖွဲ့(၁)မှူး ဇေလွန်း၊ အဖွဲ့(၅)မှူး စခုံတိန့်ယိမ်း နှင့် နောက်လိုက် (၁၂၀)တို့သည် ခေါင်းဆောင်ပိုင်းက ဂျိန်းဖောလူမျိုးကြီးဝါဒကိုရှေ့တန်းတင်လာခြင်း၊ ၎င်းလူမျိုးစုကိုသာလက်နက်ဦးစီးပေး တပ်ဆင်ခြင်း၊ ညီနောင်(၃)ဦး ကသာ လက်ဝါးကြီးအုပ်ချုပ်ခြင်းကို မကျေနပ်၍ ဇော်တူး လက်အောက်မှ ခွဲထွက်ကာ တရုတ်နိုင်ငံသို့သွားရောက်ပြီး ဗကပနှင့် ပူးပေါင်းခဲ့သည်။
၁၇။၁၉၆၈ခုနှစ်၊ဧပြီလ(၂၁)ရက်နေ့၌KIAတပ်မဟာ(၂)ဌာနချုပ်တွင် ပြုလုပ်သောအစည်းအဝေးက
နော်ဆိုင်းခေါင်းဆောင်သော ဗကပများအား နံပါတ်(၁)ရန်သူအဖြစ်သတ်မှတ်ခဲ့ပြီး၊ ဇွန်လမှစ၍ ဗကပများအား စစ်ရေးရပ်ဆိုင်းမှုပြုလုပ်ခဲ့သည်။ ထိုကာလတွင် ဇော်တူးသည် ကွန်မြူနစ်ဝါဒကို စွန့်ပယ်ကြောင်း အတိအလင်း ကြေငြာ ခဲ့သည်။ ဇော်တူးသည် ဗကပနှင့် ဆန့်ကျင်မှုရှိသော်လည်း တရုတ်ကွန်မြူနစ်အာဏာပိုင်များနှင့် တစ်ဖက်လှည့်ဖြင့် ဆက်သွယ်လျက်ရှိလေသည်။ ၁၉၇၂ ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် ဗကပခေါင်းဆောင် ခင်မောင်ကြီးက ကချင် သောင်းကျန်းသူများအား ဗကပမှတိုက်ရေး၊ မတိုက်ရေးတွင် ငြင်းခုန်ဆွေးနွေးခဲ့သော ကချင်ခေါင်းဆောင်နော်ဆိုင်းနှင့် ]] ဝ }}ခေါင်းဆောင်တစ်ဦးတို့အား ဖမ်းဆီးရိုက်သတ်ခဲ့လေသည်။
၁၈။ ၁၉၆၈ ခုနှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှရရှိသော လက်နက်များနှင့် တိုက်ကွက်ဖော်သွားသကဲ့သို့ ၁၉၆၉ ခုနှစ်တွင်လည်း ဖီဆိုနာဂများထံမှ တဘက်လှည့်ဖြင့်ရရှိသော လက်နက်ခဲယမ်းဖြင့်တိုက်ကွက် ဖော်ခဲ့လေသည်။ မိမိတပ်ဖွဲ့အား ချုံခိုတိုက်ခိုက်ခြင်း၊ မိုင်းထောင်ခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းဖြတ်တောက် ဖျက်ဆီးခြင်းများ၊ မြို့ရွာအတွင်းဝင်ရောက်၍ အလိုရှိသောလူများအား ဖမ်းဆီးသည်အထိ အတင့်ရဲလာကာ မြစ်ကြီးနားအရှေ့ခြမ်းတွင် အလုံးအရင်းဖြင့် လှုပ်ရှားခဲ့သည်။ အသက်(၁၃)နှစ်အထက်လူငယ်လူရွယ်များအား မဝင်မနေရ ခြိမ်းခြောက် စုစည်းခဲ့သည်။ KIA တပ်မဟာ(၁)လက်အောက်တွင် တပ်ရင်း(၁/၂/၅/၈/၉)တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး၊ တပ်မဟာ(၂) လက်အောက်တွင် တပ်ရင်း(၃/၄/၆/၇/၁၀/၁၁)ဖြင့် ဖွဲ့စည်းလှုပ်ရှားခဲ့သည်။ ဆုံးရှုံးသွားသော လက်နက်/ခဲယမ်း အတွက် တရုတ်ပြည်နှင့် နားလည်မှုရအောင် ကြိုးပမ်းခဲ့လေသည်။
၁၉။ KIAမှ ခွဲထွက်သွားခဲ့သော ဇေလွန်းနှင့် စခုံတိန့်ယိမ်းတို့သည် တရုတ်ပြည်တွင် သင်တန်းဆင်းပြီး ဗကပ တပ်ရင်း(၁၀၁)အဖြစ် ပြန်လည်ဝင်ရောက်လာသည်။ ဇေလွန်းနှင့် (၂၀ဝ)သည် ခန်တန်တောင်ကြားလမ်း (ှီ-၉၅၁၀) သို့ ၁၉၆၉ ခုနှစ်၊ မေလ (၁၉)ရက်တွင်လည်းကောင်း၊ (၂၀)ရက်နေ့တွင် ကန်ပိုက်တီး(ှီ-၉၁၅၇)သို့လည်းကောင်း ဝင်ခဲ့ပြီး ၊ စခုံတိမ်ယိမ်းနှင့် (၂၀ဝ)သည် ၁၉၆၉ ခုနှစ်၊ မေလ (၂၇)ရက်နေ့တွင် တန်လုံ(ဇြ- ၃၉၃၉) ပြည်သူ့ရဲစခန်းကို တိုက်ခိုက်၍ မိမိနယ်မြေတွင်းသို့ ဝင်ရောက်လာရာ မြစ်ကြီးနားအရှေ့ခြမ်း ချီဗွေ၊ ဆောလောနယ်မြေများတွင် KIA နှင့် ပြိုင်ဘက်များအဖြစ် ထင်ပေါ်လာသည်။
၂၀။ ၁၉၆၉ ခုနှစ်၊ ဇူလိုင်လအတွင်း KIA ဗဟိုကော်မတီအစည်းအဝေး တစ်ရပ်ကျင်းပပြီး]]ဝန်ပေါင် တိုင်းပြည် လွတ်မြောက်ရေးအဖွဲ့၏ မဟာနိုင်ငံရေးလမ်းစဉ်}}ကို အတည်ပြုဆုံးဖြတ်ခဲ့သည်။ ၎င်းတွင် ဝန်ပေါင်တိုင်းပြည် လွတ်မြောက်ရေးအဖွဲ့၊ နိုင်ငံရေးယုံကြည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်၊ ဝန်ပေါင်တိုင်းပြည်လွတ်မြောက်ရေးအဖွဲ့၏ အဓိကအခြေခံသော တိုက်ဖျက်ရမည့်ရန်သူ၊ ဦးတည်တိုက်ဖျက်ရမည့်ရန်သူ၊ မည်သူက ပြည်သူလူထု မည်သူကရန်သူ၊ ဝန်ပေါင်တိုင်းပြည်တက်ြွကရေး အခြေခံလူတန်းစားရည်မှန်းချက်ပန်းတိုင် ရောက်အောင်တိုက်ခိုက်သွားရမည့် နည်းဗျူဟာ၊ ပြည်သူလူထု၏ တော်လှန်ရေး၊ ပြည်သူလူထု၏ စုစည်းညီညွတ်ရေး၊ လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းထား ရေး၊ နိုင်ငံတော်စီမံခန့် ခွဲရေး၊ ဝန်ပေါင်တိုင်းပြည် လွတ်မြောက်ရေး၏ သဘောထား၊ နိုင်ငံခြားရေးဝါဒ တို့ဖြစ်လေသည်။
၂၁။ ဇော်တူးခေါင်းဆောင်သော KIA များသည် အင်အားကြီးထွားနိုင်မှုအတွက် အခြေခံနယ်မြေများမှ လူသစ်များကို အနုနည်း၊ အကြမ်းနည်းများအရ စည်းရုံးခဲ့သည်။ (VD)ခေါ်ကျေးရွာကာကွယ်ရေး အဖွဲ့များသာ မက (GFL)ခေါ်ဌာနေပြောက်ကျားများကိုပါ လေ့ကျင့်ဖွဲ့စည်းလာသည်။ စည်းရုံးရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် ကျေးရွာလူကြီးများအား တောတွင်းစခန်းများသို့ ဆင့်ခေါ်ပြီး စည်းရုံးရေးသင်တန်းများပို့ချပေးခဲ့သည်။ တဖက်တွင် လည်း မရန်ဘရန်ဆိုင်းအား တရုတ်ပြည်သို့စေလွှတ်၍ ဗကပအခြေအနေတင်ပြသော်လည်း တရုတ်အနေဖြင့် ဗကပ ခေါင်းဆောင်မှုအောက်သို့ ဝင်ရောက်ရန် တိုက်တွန်းခဲ့သည်။ ၁၉၇၀ ခုနှစ်ဆန်းတွင် KIA(၂၂၀)ခန့်အား တရုတ်ပြည်သို့ သင်တန်းစေလွှတ်ရေးနှင့် KIAကလည်း ကသာခရိုင်အတွင်းရှိ ဗကပ(၁၅၀)ခန့်အား တရုတ်ပြည်သို့ ပို့ဆောင်ပေးရေး မျှလောက်သာ သဘောတူညီမှုရရှိခဲ့သည်။
၂၂။ ၁၉၇၀ခုနှစ်၊ မေလတွင် ထွန်းရွှေမောင်ဦးစီးသော ရခိုင်လူငယ်တစ်စုအား KIAက လက်နက်တပ်ဆင် လေ့ကျင့်ဖွဲ့စည်း ပေးခဲ့ပြီးကချင်၊ နာဂ၊ မီဇို၊ ရခိုင်သောင်းကျန်းသူ လှုပ်ရှားမှုများပူးပေါင်းရေးအတွက် ကြိုးစား ခဲ့သည်။ ထိုစဉ်က အရှေ့ပါကစ္စတန်ကိုလည်း ကမ်းလှမ်းခဲ့သည်။
၂၃။ ဗကပများသည် မုံးပေါ်၊ နမ့်ချက်ဒေသမှ တောင်ပိုင်း KIA နယ်မြေသို့ မသိမသာဆင်းလာသည့်အတွက် ဗကပများနှငှု့်ဗများအပြန်အလှန် ဖမ်းဆီးသတ်ဖြတ်မှုများ ပေါ်ခဲ့သည်။ KIAများသည် ဗကပများနှင့် ပြေလည် မှုရရှိရန် ကြိုးပမ်းသော်လည်း အောင်မြင်မှုမရရှိပဲ အနိုင်ကျင့်ရန်စမှုများခံကြသည်။ ယင်းသို့ ပဋိပက္ခ ကြီးထွား လာသော ကြောင့် နိုင်ငံတော်ဖြင့် ညှိနှိုင်းချဉ်းကပ်လာခဲ့ပြန်သည်။ နားလည်မှုယူရန် ကြံစည်ဆဲမှာပင် ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်မှ (၁၀)ရက်ထိ တူးဂျိုင်နှင့် ဗကပများ မုံးပေါ်တွင်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် သဘောတူညီချက် အတော်အသင့်ရရှိပြီး အချင်းချင်းအတိုက်အခိုက်ရပ်စဲ၍ နိုင်ငံတော်အားဘုံရန်သူအဖြစ် သတ်မှတ်ပြန်သည်။
၂၄။ ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်ရေးတိုးမြှင့်ဆန့်ကျင်ရန် တပ်ရင်း(၁၁)ကို စစ်ကြောင်း(၄)ကြောင်း ဖွဲ့စည်း၍ နိုင်ငံတော်အားဦးတည်တိုက်ခိုက်ရန် ကြိုးပမ်းလာခဲ့သည်။ ၎င်းမှာ ဧရာဝတီမြစ်အနောက်ခြမ်းတွင် တပ်ရင်း (၅/၆/၁၁) တို့ကို ဇော်တူးဦးစီးပြီး ]] ကျားသစ်}} စစ်ကြောင်း၊ ကွတ်ခိုင်နယ်မြေတွင် တပ်ရင်း(၁/၂/၈/၉) တို့ကို ဇော်ဒန်ဦးစီးပြီး ]] ဆင် }} စစ်ကြောင်း၊ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းဒေသတွင် တပ်ရင်း(၃/၁၀)တို့ကို ကမ်တွဲဦးစီးပြီး ]] ခြင်္သေ့ }} စစ်ကြောင်း ၊ ပူတာအိုနယ်မြေတွင် တပ်ရင်း(၄/၇)တို့ကို ဇော်အိမ်ဦးစီးပြီး]] ကြံ့ }} စစ်ကြောင်းများဖြစ်ပါသည်။
၂၅။ ဗကပများက ပရိယာယ်ြွကယ်ဝစွာဖြငှ်ု့ဗ အမာခံနယ်မြေများအား ဆက်လက်ထိုးဖောက် သိမ်းသွင်း လာသဖြင့် ၁၉၇၂ ခုနှစ်၊ နှစ်ဦးပိုင်းမှစ၍ မိမိတို့ထံ ကိုယ်စားလှယ်များစေလွှတ်ခြင်း၊ စာရေးဆက်သွယ်ခြင်းတို့ဖြင့် စေ့စပ်ဆွေးနွေးရေးကြိုးပမ်းခဲ့ပြန်သည်။ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် ဗကပများအား တိုက်ခိုက်ခဲ့သော်လည်း၊ ဗကပများနှင့် မကြာခဏ ဆွေးနွေးခဲ့ကြသည်။ တစ်ဖက်မှလည်း လက်ယာအုပ်စုနှင့်ဆက်သွယ်ပြီး စစ်ရေးအကူအညီ ရရှိစေရန်နှင့် မိမိအစိုးရကို အခိုက်အတန့်နားလည်မှု ယူကာအမြတ်ထုတ်နိုင်ရေး စီစဉ်ခဲ့သည်။ ဗကပအား ဘုံရန်သူ သတ်မှတ်၍ မိမိနှင့်စစ်ရေးပူးပေါင်းတိုက်ခိုက်ရန် လက်နက်ခဲယမ်းဆေးဝါးပစ္စည်း များတောင်းခံလာခဲ့သည်။ မိမိတို့မှ ကန့်သတ်ဆွေးနွေးမှုပြုလုပ်နေစဉ် ၁၉၇၂ ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့ နောက်ပိုင်း အပစ်အခတ်ရပ်စဲချိန်တွင် ဗကပတို့အား တားဆီးဟန့်တားရေးအကြောင်းပြချက်ဖြင့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ ၁၉၇၁ ခုနှစ် နှစ်ဦးပိုင်းတွင် ဇော်ဒန်၏ တပ်မဟာအောက်ရောက်ရှိခဲ့သည်။
(အပိုင်း-၂ လာမည်)