Monday, September 30, 2013

စောင့်ကြည့်၍သာ နေပါမည်

,
  
      မကြာသေးတဲ့ကာလတစ်ခုက“NLDပါတီထက်အရည်အချင်းရှိတဲ့ပါတီရှိရင်ပြ”ဆိုတဲ့ပြောလိုက်သံကိုကြားမိပါ
ရဲ့။မောင်ဘ ကတော့ ပြုံးစိစိ ပဲ ဖတ်လိုက်ပါတယ်။တကယ်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က မြန်မာ နိုင်ငံမှာ အဖွဲ့ဝင် အင်အားအရ ရော ၊ ပြည်သူ့ထောက်ခံမှု ရခဲ့တာရော ကျန်သော နိုင်ငံရေးပါတီတွေနဲ့ယှဉ်ရင်တော့အင်အားကြီးတဲ့ပါတီဆိုတာတော့ငြင်းမရတာအမှန်ပဲမဟုတ်လား။ဒါပေမယ့် NLD ထဲမှာဘယ်လိုလူမျိုးတွေ ပေါင်းစု နေလဲဆိုတာတော့ မောင်ဘ မပြောတော့ဘူးနော် ။ဒါနဲ့ အင်အားကြီးတိုင်း အရည်အချင်း ရှိပါ့မလားဆိုတာတော့ မေးစရာရှိတယ်။ဥပမာ ပြောရရင် ကာယဗလမောင်တိုင်း သချာင်္မတော်သလိုပေါ့။မောင်ဘ ကတော့ အင်အားကြီးတိုင်း အရည်အချင်းရှိမယ်လို့ပုံသေမမှတ်ယူဘူး။ဆင်ထက်အင်အားကြီးတာရှိအုံးမလားဒါပေမယ့်လူနဲ့တွေ့တော့လဲ
အသုံးချခံရတာပဲမဟုတ်လား။ကဲထားပါဆက်ကြစို့။
        ဒေါ်အောင်ဆန်းစုကြည်က  NLD ပါတီ ထက်အရည်အချုင်းရှိတဲ့ ပါတီရှိရင်ပြလို့ဆိုတော့ တနည်းအားဖြင့်ငါတို့ပါတီ လောက် အရည်အချင်းရှိတဲ့ ပါတီ မရှိဘူးလို့ သွယ်ဝိုက်ပြောလိုက်တာပဲမဟုတ်ဘူးလား။ဒါဆိုရင်တော့NLDရဲ့အရည်အချင်းဆိုတာ ဒေါ်အောင်ဆန်းစုကြည် ဘာနဲ့များတိုင်းတာသတ်မှတ်ပါသလဲလို့မောင်ဘ က မေးပါရစေ။“အရည်အချင်းဆိုတာ  အင်အား နဲ့ လူထုထောက်ခံမှု ရတာကို ပြောတာဟဲ့” ဆိုရင်တော့ မောင်ဘ အနေနဲ့ ဆိုဖွယ်ရာ မရှိသော်လည်း  အခြားအကြောင်းအရာကိုပြောတယ်ဆိုရင်တော့ မောင်ဘကိုနည်းနည်းလောက်တော့ မေးခွင့်ပြုပါ။ဒေါ်အော
င်ဆန်းစုကြည်အနေနဲ့ ယခင် ကတော့အကျယ်ချုပ် ဘ၀ နဲ့ နေခဲ့ရလို့ ဘာမှ မလုပ်နိုင်ခဲ့ဘူးဆိုလည်း ရှိစေတော့။အကျယ်ချုပ်က လွတ်မြောက်ပြီးတဲ့ နောက်ပိုင်း သုံးနှစ်တာ ကာလအတွင်း ပြည်သူလူထု အတွက် ဘာတွေ စွမ်းစွမ်းတမံ လုပ်ပေးပြီးပြီလဲ။ အကျယ်ချုပ်လွတ်ပြီးတဲ့ ၃ နှစ် အတွင်းမှာ ပြည်ပကို ၁၆ ကြိမ်ထွက်တယ် ။အဲ့ဒီအခါတွေမှာရော တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အကျိုးရှိစေမယ့် ဘယ်ကိစ္စတွေများဆောင်ရွက်ခဲ့မိလဲ။မောင်ဘ တွေ့မိတာတော့..”ဒီမိုကရေစီမပြည့်ဝသေးဘူး”-”လက်ရှိအစိုးရ လုပ်ရပ်ကို အရမ်းကြီး မထောက်ခံပါနဲ့အုံး”-“ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ကိုပြင်ရမယ်၊ မပြင်ရင် စစ်မှန်တဲ့ဒီမိုကရေစီမဟုတ်ဘူး” စတဲ့ ဓာတ်ပြားဟောင်းကြီးတွေပဲ အပြင်ထွက် ဖွင့်ဖွင့်နေတာပဲတွေ့တယ်။လွှတ်တော် နားရင် ပြည်ပသွားတယ် ။အမှန်တကယ်ဆို အမတ် (၄၄) နေရာ ရထားတဲ့ NLD အနေနဲ့ပြည်သူအကျိုးပြုမယ့် ဥပဒေကြမ်းတွေတင် ၊လွှတ်တော်ထဲမှာ အဆိုတွေတင် ၊ကြံ့ဖွတ်တင်တဲ့အဆိုတွေကိုလဲ အကျိုးမရှိတာကို ထောက်ပြ လုပ်နေရမှာမဟုတ်လား။အခုတော့ ဟိုတစ်လောက တစ်မတ်သားတွေ အပြည့်မတ်တပ်ရပ်တဲ့ အဆိုမှာတောင် နှာစေးနေတာတွေ့ရတယ်..။ အခုတစ်လောပြည်သူ အသံ တကယ်နားထောင်တယ်ဆိုရင် ပြည်သူတွေရဲ့ NLD အပေါ်မှတ်ချက်တွေကိုပြန်ကြားမယ်လို့တော့ မောင်ဘ ထင်တာပါပဲ။ဒါပေမယ့် “ငါ့လှေငါထိုး ပဲခူးရောက်ရောက်”ဆိုရင်တော့လည်းမောင်ဘလည်းမပြောတတ်ပါဘူး။
           NLD က သိပ်ကို အရည်အချင်းပြည့်တဲ့ ပါတီလို့ ဆိုတော့လည်း မောင်ဘ လဲ နည်းနည်းလေ့လာမိတယ်။မောင် ဘ မြင်တာလေး ပြောပါရစေနော်။အခုဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲမှာ တရားဥပဒေ စိုးမိုးရေးကော်မတီရဲ့ဥက္ကဌ။နိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု အားနည်းနေတယ် ၊ တရားဥပဒေ စိုးမိုးဖို့လိုတယ်လို့ပြောနေပေမယ် စိုးမိုးလာဖို့အတွက် ဥက္ကဌကြီး ဘာတွေ ဘယ်လိုဆောင်ရွက်နေပါသလဲ။မောင်ဘ ကတော့ မမြင်မိဘူးနော့။၂၀၁၀ ၀န်းကျင်တုန်းကတော့ မောင်ဘ Transperency စကားလုံးကို မကြာခဏကြားရသဗျာ့ ။ခုနောက်ပိုင်းတော့လည်း သိပ်မကြားတော့ပါဘူး။ထားပါလေ တစ်နိုင်ငံလုံးဆိုတော့ နည်းနည်း နယ်ပယ် ကျယ်သွားအုံးမယ်။ဒီတော့ အရည်အချင်းပြည့်ဝ တဲ့ NLD ပါတီလေးအတွင်းကိုပဲပြောကြရအောင်။

ဟိုတစ်လောက ပြင်ဦးလွင်မြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟနဲ့ ခိုင်ဝတ်ရည် သန္တာမောင်(ခ) သဲသဲ ကိစ္စလည်း NLD က ဘယ်လိုဖြေရှင်းပေးလိုက်လဲ မကြားလိုက်မိဘူး။ဘော်ဒီ ဂါတ်တွေ ထုထောင်းလိုက်တာတော့ ကလေးမလေးမှာ အနာတရ တွေဖြစ်လို့။ဒီလိုတွေ ပြန်ပြောနေလို့ မောင်ဘ တစ်ယောက်တော့ ချေးခြောက်ရေနူးနေပြန်ပြီလို့ မထင်ပါနဲ့။ တစ်ချို့က အဲ့လိုလေး နူးပေးမှ ကိုယ့်အနံ့ ကိုယ်မှတ်မိပြီး ကိုယ့်အပုံမှန်းကိုယ်သိမှာမို့ပါ။
          ဒီချုပ်ဥက္ကဌ ကလွှတ်တော်မှာ တရားဥပဒေစိုးမိုးရေး ကော်မတီမှာ ဥက္ကဌဖြစ်လာလို့လားတော့မသိဘူး
NLD ပါတီဝင်တွေရဲ့ မကောင်းတဲ့အနံ့တွေနည်းနည်းထွက်လာတယ်။မောင်ဘကတော့ မထင်ပါဘူးစစ်တပ်က လော်ဘီလုပ်တယ်လို့ပဲ ထင်ပါတယ်။ဒါနဲ့ ဟိုနေ့က နေပြည်တော် ဝဲကြီးရွာထဲကို တရားခံဝင်ဖမ်းတဲ့ ရဲတွေ ကိုကြိုးတုပ်ပြီး ရိုက်တဲ့ သူက nld ရပ်/ကျေး ဥက္ကဌ လို့ ပြောနေကြတယ်။နောက်ပြီးပန်းတောင်းမြို့နယ်မှာလည်းပန်းတောင်းပါတီ ဥက္ကဌ က (၄၁)သိန်း အလွဲသုံးစားလုပ်သတဲ့။ဒီအကြောင်းတွေနဲ့ ပတ်သတ်လို့လည်း မြန်မာနိုင်ငံရဲ့အရည်အချင်းရှိပါတီ ဖြစ်တဲ့ NLD က ဘာမှလည်းချပြခြင်း မရှိသလိုပါပဲ။ဒါမှမဟုတ် “ငါတို့ပြောမှ သိကြမှာ ငါတို့အသာလေး နေလိုက်မယ်လို့များ နေရော့သလား”..မလုပ်ပါနဲ့ တော်ကြာ အရမ်းပုပ်နေမှ အနံ့တစ်ထောင်းထောင်းနဲ့ရွံ့စရာကောင်းနေပါ့မယ်။ဒါတွေက တရားဝင် ထုတ်ပြောတာတွေ မဟုတ်တော့ ငြင်းချင်လည်း ငြင်းပေါ့။ သိန်း ၁၈၀၀ ကိစ္စတော့ မကြာသေးခင်ကမှ ဦးဥာဏ်ဝင်း ၀န်ခံထားတာမို့ မငြင်းပါနဲ့နော်။အဲ့ဒါတွေ အဲဒါတွေအပေါ်မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော လုပ်ရည်ကိုင်ရည်ရှိဒမိုကရေစီအရည်အချင်းပြည့်မီတဲ့NLDလိုပါတီအနေနဲ့မည်သို့မည်ပုံဆောင်ရွက် ဖြေရှင်း
သွားမလဲဆိုတာ ကို မောင်ဘ က စိတ်ဝင်စားစွာနဲ့တခုတ်တရ လေ့လာစောင့်ကြည့်နေဆဲပါဗျား။

မောင်ဘ(စင်္ကာပူ)


0 comments to “စောင့်ကြည့်၍သာ နေပါမည်”

Post a Comment