၂၆။ KIAဗဟိုကော်မတီအစည်းအဝေးကို ဆမားဘွန်(ှီ-၆၀၇၆)၌ ကျင်းပခဲ့သည်။ ၎င်းတို့မချဉ်းကပ် နိုင်သော မိမိအတွင်းစည်းများရှိ ကျေးရွာများအား ယခင်မပေးရသေးသော (၃)နှစ်အတွက် ဆက်ကြေးများကို ပြန်လည်ကောက်ယူခဲ့သည်။ KIA အင်အား စုများအား ပြန်လည်စုဖွဲ့ပြင်ဆင်မှုများပြုလုပ်ခဲ့ကြသည်။ ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့၌ ဆွေးနွေးပွဲပယ်ဖျက်လိုက်သည်။ ၁၉၇၂ ခုနှစ်၊ ဩဂုတ်လ၂ ၉ ရက်မှ အောက်တိုဘာလ ၂၇ ရက်အတွင်း ဟူးကောင်းဒေသတပ်ရင်း (၆)နယ်မြေအတွင်း ကျင်းပပြုလုပ်သော KIA ဗဟိုကော်မတီအစည်းအဝေး က တပ်မဟာ(၂)ခုအစား အောက်ပါတပ်မဟာ(၄)ခုတိုးချဲ့ဖွဲ့စည်းလိုက်ပြီး စစ်ဦးစီးချုပ်အဖြစ် ဇော်ဆိုင်းနှင့် ဒုစစ်ဦးစီး ချုပ်အဖြစ် ဇော်တူးမှဆောင်ရွက်သည်-
(က) တပ်မဟာ(၁)အား တူးဂျိုင် ဦးစီး၍ ကချင်ပြည်နယ် မြောက်ပိုင်း။
(ခ) တပ်မဟာ(၂)အား ဇော်တူး ဦးစီး၍ ကချင်ပြည်နယ် အနောက်ပိုင်း။
(ဂ) တပ်မဟာ(၃)အား ဇော်မိုင် ဦးစီး၍ ကချင်ပြည်နယ် အရှေ့ပိုင်း။
(ဃ) တပ်မဟာ(၄)အား ဇော်ဒန် ဦးစီး၍ ကချင်ပြည်နယ် တောင်ပိုင်း။
၂၇။ပြန်လည်ဖွဲ့စည်းခြင်း ။ ကချင်သောင်းကျန်းသူများ(ခေါ်) ကချင်ပြည်နယ်လွတ်မြောက်ရေးကောင်စီအား အောက်ပါအတိုင်း ဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့သည် ဗဟိုကော်မတီ ၏ အမြဲတမ်းကော်မတီဝင်ကို ပူးတွဲထမ်းဆောင် ရန်ဖြစ်သည်-
(က) ဗိုလ်မှူးချုပ် ဇော်တူး ဥက္ကဋ္ဌ
(ခ) ဆလန်ကဘာ ပုံရွှေဇော်ဆိုင်း အတွင်းရေးမှူး
(ဂ) ဗိုလ်မှူးကြီး တူးဂျိုင် တွဲဘက်အတွင်းရေးမှူး
(ဃ) ဗိုလ်မှူးကြီး ဇော်ဒန် အဖွဲ့ဝင်
(င) ဆလန်ကဘာ မရန်ဘရန်ဆိုင်း (တရုတ်ပြည်သံအမတ်)
(စ) ဒုဗိုလ်မှူးကြီး လမာလရိန်း အဖွဲ့ဝင်
(ဆ) ဆလန်ကဘာ ဇော်အောင် အဖွဲ့ဝင်
(ဇ) ဒုဗိုလ်မှူးကြီး ဇော်မိုင် အဖွဲ့ဝင်
(ဈ) ဗိုလ်မှူး ခွန်ချို အဖွဲ့ဝင်
(ည) ဗိုလ်မှူး ဇော်ဘွန် စီးပွားရေးတာဝန်ခံ
(ဋ) ဗိုလ်မှူး ဇော်ဖန် အဖွဲ့ဝင်
၂၈။ ကချင်ပြည်နယ်လွတ်မြောက်ရေးကောင်စီအောက်ရှိအဖွဲ့အစည်း(၃)ရပ်။ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကချင်ပြည်နယ်လွတ်မြောက်ရေး တပ်မတော်(ကာကွယ်ရေး) KIA။
(ခ) အုပ်ချုပ်ရေးအဖွဲ့။
(ဂ) ကချင်ပြည်နယ်လွတ်မြောက်ရေးအစည်းအရုံးအဖွဲ့ KIA။
၂၉။ ကချင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်(KIA)။ အောက်ပါအတိုင်းဖွဲ့စည်းထားသည်-
(က) ဗိုလ်ချုပ် ဇော်ဆိုင်း ဥက္ကဋ္ဌ(ယိုးဒယား၊ ဘန်ကောက်)
(ခ) ဗိုလ်မှူးချုပ် ဇော်တူး ဒုဥက္ကဋ္ဌ၊ တပ်မဟာ(၂)
(ဂ) ဗိုလ်မှူးကြီး တူးဂျိုင် အတွင်းရေးမှူး၊ တပ်မဟာ(၁)
(ဃ) ဗိုလ်မှူးကြီး ဇော်ဒန် အဖွဲ့ဝင်၊ တပ်မဟာ(၄)
(င) ဒုဗိုလ်မှူးကြီး လမာလရိန်း တွဲဘက်အတွင်းရေးမှူး
(စ) ဒုဗိုလ်မှူးကြီး ဇော်မိုင် အဖွဲ့ဝင်၊ တပ်မဟာ(၃)
(ဆ) ဗိုလ်မှူး ဘရန်တောင် အဖွဲ့ဝင်
၃၀။ ကချင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်။ တပ်ဖွဲ့ငယ်မှ တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ တပ်ရင်း၊ တပ်မဟာ စသည်ဖြင့် အဆင့်ဆင့်စနစ်တကျဖွဲ့စည်းထားပါသည်။ တပ်မဟာ(၄)ခု အောက်တွင် အောက်ပါအတိုင်း တပ်ရင်းများခွဲခြားထားပါသည်-
(က) တပ်မဟာ(၁)။ တပ်ရင်း(၄)(၇)(၁၀)။
(ခ) တပ်မဟာ(၂)။ တပ်ရင်း(၅)(၆)(၁၁)။
(ဂ) တပ်မဟာ(၃)။ တပ်ရင်း(၁)(၃)။
(ဃ) တပ်မဟာ(၄)။ တပ်ရင်း(၂)(၈)(၉)။
၃၁။ အုပ်ချုပ်ရေး။ တပ်မဟာမှူးသည် တိုင်းအုပ်ချုပ်ရေးကိုလည်းကောင်း၊ တပ်ရင်းမှူးသည် ခရိုင်အုပ်ချုပ် ရေးကိုလည်းကောင်း၊ အဖွဲ့မှူးသည် မြို့နယ်အုပ်ချုပ်ရေးကိုလည်းကောင်း၊ အဖွဲ့ငယ်မှူးသည် တိုက်နယ်အုပ် ချုပ်ရေးကိုလည်းကောင်း ကြပ်မတ်ကွပ်ကဲပေးရသည်-
(က) ကချင်ပြည်နယ်မြောက်ပိုင်းတိုင်းအုပ်ချုပ်ရေး(တပ်မဟာ-၁)
(၁) ဗိုလ်မှူးကြီး လမုံတူးဂျိုင် တိုင်းအုပ်ချုပ်ရေးမှူး
(၂) ဗိုလ်မှူး တွဲရှောင် ဒုတိုင်းအုပ်ချုပ်ရေးမှူး
(၃) ဗိုလ်မှူး မရန်ဘရန်ရှောင် ဘဏ္ဍာရေးအရာရှိ
(ခ) ကချင်ပြည်နယ်အနောက်ပိုင်းတိုင်းအုပ်ချုပ်ရေး(တပ်မဟာ-၂)
(၁) ဗိုလ်မှူးချုပ် ဇော်တူး တိုင်းအုပ်ချုပ်ရေးမှူး
(၂) ဒုဗိုလ်မှူးကြီး လမာလရိန်း ဒုတိုင်းအုပ်ချုပ်ရေးမှူး
(ဂ) ကချင်ပြည်နယ်အရှေ့ပိုင်းတိုင်းအုပ်ချုပ်ရေးအဖွဲ့(တပ်မဟာ-၃)
(၁) ဒုဗိုလ်မှူးကြီး ဇော်မိုင် တိုင်းအုပ်ချုပ်ရေးမှူး
(၂) ဗိုလ်မှူး ခွန်ချို ဒုတိုင်းအုပ်ချုပ်ရေးမှူး
(ဃ) ကချင်ပြည်နယ်တောင်ပိုင်းတိုင်းအုပ်ချုပ်ရေးအဖွဲ့(တပ်မဟာ-၄)
(၁) ဗိုလ်မှူးကြီး ဇော်ဒန် တိုင်းအုပ်ချုပ်ရေးမှူး
(၂) ဗိုလ်မှူး ဇော်ဖန် ဒုတိုင်းအုပ်ချုပ်ရေးမှူး(ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးမှူး)
(၃) ဗိုလ် တူးဂေါင် (လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး)
၃၂။ ကချင်ပြည်နယ်လွတ်မြောက်ရေးအစည်းအရုံးအဖွဲ့(KIA)။ ၎င်းသည် စည်းရုံးရေးဆိုင်ရာတာဝန်ခံ အနေဖြင့် သီးခြားအဖွဲ့အစည်းတစ်ခုဖြစ်လေသည်။ ၎င်းသည် ကာကွယ်ရေး၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ညှိနှိုင်း ဆောင်ရွက်ရသည်။ ကချင်လွတ်လပ်ရေး(KIA)အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ဗိုလ်မှူးချုပ် ဇော်တူး ဥက္ကဋ္ဌ၊ တပ်မဟာ(၂)
(ခ) ဗိုလ်မှူးကြီး တူးဂျိုင် ဒုဥက္ကဋ္ဌ၊ တပ်မဟာ(၁)
(ဂ) ဆလန်ကဘာ ပုံရွှေဇော်ဆိုင်း အတွင်းရေးမှူး
(ဃ) ဗိုလ်မှူးကြီး ဇော်ဒန် တွဲဘက်အတွင်းရေးမှူး၊ တပ်မဟာ(၄)
(င) ဒုဗိုလ်မှူးကြီး လမာလရိန်း အဖွဲ့ဝင်
(စ) ဒုဗိုလ်မှူးကြီး ဇော်မိုင် အဖွဲ့ဝင်
(ဆ) ဆလန်ကဘာ ဇော်အောင် အဖွဲ့ဝင်
(ဇ) ဗိုလ်မှူး မရန်ကရန်တောင် အဖွဲ့ဝင်
(ဈ) ဆလန်ကဘာ မရန်ဘရန်ဆိုင်း အဖွဲ့ဝင်
၃၃။ ၁၉၇၉ ခုနှစ်၊ KIA ခေါင်းဆောင်များ။ ၁၉၇၇ ခုနှစ်၊ ပါဂျိုဒေသသို့ KIA ဗဟိုပြောင်းပြီးနောက် ၁၉၇၉ ခုနှစ်၊ ဇန်နဝါရီလအထိ KIA သောင်းကျန်းသူများ၏ခေါင်းဆောင်များမှာအောက်ပါအတိုင်းဖြစ်သည်-
(က) ကချင်လွတ်မြောက်ရေးဗဟိုကော်မတီ(KIA)
(၁) ဆလန်ကဘာ ဘရန်ဆိုင်း ဥက္ကဌ
(၂) ဗိုလ်မှူးကြီး ဇော်မိုင် ဒုဥက္ကဌ
(၃) ဆလန်ကဘာ ဇောင်းဟရား အတွင်းရေးမှူး
(၄) ဗိုလ်ချုပ် တူးဂျိုင် အဖွဲ့ဝင်
(၅) ဗိုလ်မှူးကြီး ကမာလရိန် အဖွဲ့ဝင်
(၆) ဗိုလ်မှူး ကမ်တွဲ အဖွဲ့ဝင်
(၇) ဗိုလ်မှူး ဇော်အိမ် အဖွဲ့ဝင်
(၈) ဗိုလ်မှူး ကဒေါ့ဇော်ဆိုင်း အဖွဲ့ဝင်
(၉) ဗိုလ်မှူး ဇော်ဖန် အရန်ကော်မတီ
(၁၀) ဗိုလ်မှူး ဆိုင်းဖုန်း အရန်ကော်မတီ
(၁၁) ဗိုလ်ကြီး ဆင်ဝါးနော် အရန်ကော်မတီ
(၁၂) ဆလန် ဖော်နလဂေါင် အရန်ကော်မတီ
(ခ) ကချင်လွတ်လပ်ရေးကောင်စီ(KIC)
(၁) ဆလန်ကဘာ ဘရန်ဆိုင်း ဥက္ကဋ္ဌ(နိုင်ငံခြားရေးတာဝန်ခံ)
(၂) ဗိုလ်ချုပ် တူးဂျိုင် ဒုဥက္ကဋ္ဌ(ကာကွယ်ရေးတာဝန်ခံ)
(၃) ဆလန်ကဘာ ဇောင်းဟရား အတွင်းရေးမှူး(အုပ်ချုပ်ရေးတာဝန်ခံ)
(၄) ဗိုလ်မှူးကြီး ဇော်မိုင် အဖွဲ့ဝင်(ဒုကာကွယ်ရေးတာဝန်ခံ)
(၅) ဗိုလ်မှူးကြီး ကမာလရိန် အဖွဲ့ဝင်(ဘဏ္ဍာရေးတာဝန်ခံ)
(၆) ဗိုလ်မှူး ကမ်တွဲ အဖွဲ့ဝင်
(၇) ဗိုလ်မှူး မဂျီဇော်အိမ် အဖွဲ့ဝင်
(ဂ) ကချင်လွတ်လပ်ရေးတပ်မတော်(KIA)
(၁) ဗိုလ်ချုပ် တူးဂျိုင် စစ်ဦးစီးချုပ်
(၂) ဗိုလ်မှူးကြီး ဇော်မိုင် ဒုစစ်ဦးစီးချုပ်
(၃) ဗိုလ်မှူး ဇော်ဖန် တပ်မဟာ(၁)မှူး
(၄) ဗိုလ်မှူး ကမ်တွဲ တပ်မဟာ(၂)မှူး
(၅) ဗိုလ်မှူး မဂျီဇော်အိမ် တပ်မဟာ(၃)မှူး
(၆) ဗိုလ်မှူး ဆိုင်းဖုန်း တပ်မဟာ(၄)မှူး
၃၄။ ၂၀ဝ၁ခုနှစ်၊KIA ခေါင်းဆောင်များ။ ၂၀ဝ၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် လိုင်စင်ရှိ KIA(ကချင်) ဗဟိုဌာနချုပ်၌ ဗဟိုလုံခြုံရေး တပ်ရင်းမှူး အဆင့်ရှိသူများဖြစ်ကြသော ဦးအင်ဘန်လနှင့် ဦးလဆန်းအောင်ဝါတို့ ဦးဆောင်၍ အာဏာသိမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ ကြောင်း၊ ၎င်းတို့ ၂ ဦး ဦးဆောင်သည့်တပ်ဖွဲ့ဝင်အင်အား ၄၀ဝ ခန့်က ဗဟိုဌာနချုပ်အား ထိန်းချုပ်ထားခဲ့ပြီး KIA(ကချင်)ဥက္ကဋ္ဌတာဝန်ယူထားသူ ဦးဇော်မိုင်အား ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ဦးဇော်မိုင် က လက်မခံသဖြင့်သေနတ်၃ ချက်ပစ်ဖောက်ပြီး ခြိမ်းခြောက်ခဲ့ ရကြောင်း၊ ဗဟိုကော်မတီဝင် ဦးဂေါ်ရီဇော်ဆိုင်း ဝင်ရောက်ထိန်းသိမ်းဆွေးနွေးမှသာ လက်အောက်တပ်ဖွဲ့ဝင်များနှင့် လူထုသဘောကျသူကို ရွေးချယ်တာဝန်ပေးရန် သဘောတူလက်မှတ်ရေးထိုးပေးခဲ့ကြောင်း၊ ၎င်းဖြစ်စဉ်ဖြစ်ပွားချိန်တွင် ဦးလမုန်တူးဂျိုင်(ထိုစဉ်ကဒုတိယဥက္ကဋ္ဌ တာဝန်ယူထားသူ)နှင့် ဦးဇောင်းဟရားတို့သည် ဗဟိုဌာနချုပ်တွင် မရှိ ကြောင်း၊နောက်ကွယ်မှ ကြိုးကိုင်သူများမှာ ဦးလမုန်တူးဂျိုင်ဖြစ်သော်လည်း သတင်းပေါက်ကြားမှုကြောင့် တိမ်းရှောင် သွားသည်ဟု သိရှိရကြောင်း၊ ၂၀ဝ၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် အများ၏သဘောတူညီချက်အရ ဦးလမုန်တူးဂျိုင်အား ဥက္ကဋ္ဌ အဖြစ်တင်မြောက်ခဲ့ကြောင်း၊ ၎င်းနောက် ၂၀ဝ၁ ခုနှစ် ၊ မတ် ၂ ရက်နေ့မှ ၉ ရက်နေ့အထိ လိုင်ဇာ၌ ခေါင်းဆောင်ပိုင်းအစည်း အဝေးပြုလုပ်ခဲ့ပြီး အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်-
(က) ကချင်လွတ်မြောက်ရေးကော်မတီ(KIA)
(၁) ဦးလမုန်တူးဂျိုင် ဥက္ကဋ္ဌ
(၂) ဦးဇောင်းဟရား ဒုဥက္ကဋ္ဌ
(၃) ဦးဂမ်ရှောင် အထွေထွေအတွင်းရေးမှူး
(၄) ဦးဆွန်လွတ်ဂွန်မော်(ခ)အက်စ်ဂွန်မော် ဒုအထွေထွေအတွင်းရေးမှူး
(၅) ဦးဂေါ်ရီဇော်ဆိုင်း ဗဟိုကော်မတီဝင်
(၆) ဦးအင်ဘန်လ ဗဟိုကော်မတီဝင်
(၇) ဦးဆွန်လွတ်ဂမ် ဗဟိုကော်မတီဝင်
(၈) ဒေါက်တာလဂျာ ဗဟိုကော်မတီဝင်
(၉) ဦးဇောင်းဘုတ်ထန် ဗဟိုကော်မတီဝင်
(၁၀) ဦးလဂျောင်ခေါင်လွန်း ဗဟိုကော်မတီဝင်
(၁၁) ဦးအင်ဂန်းဇော်ခွမ်း ဗဟိုကော်မတီဝင်
(၁၂) ဦးဆင်ဝါးနော် ဗဟိုကော်မတီဝင်
(၁၃) ဦးခွန်နောင် ဗဟိုကော်မတီဝင်
(၁၄) ဦးလဖိုင်လ ဗဟိုကော်မတီဝင်
(၁၅) ဦးလမာဂွမ်ဖန်း ဗဟိုကော်မတီဝင်
(၁၆) ဦးနော်ရစ် ဗဟိုကော်မတီဝင်
(၁၇) ဒေါ်ကော့မိုင် ဗဟိုကော်မတီဝင်
(၁၈) ဦးဂျိမ်းစလွမ်းဒေါင် ဗဟိုကော်မတီဝင်
(၁၉) ဦးလွမ်းဒေါင် ဗဟိုကော်မတီဝင်
(၂၀) ဦးဇိုင်းဇန့် ဗဟိုကော်မတီဝင်
(ခ) ကချင်လွတ်မြောက်ရေးကောင်စီ(KIC)
(၁) ဦးလမုန်တူးဂျိုင် ဥက္ကဋ္ဌ
(၂) ဦးလမာဂွမ်ဖန်း အတွင်းရေးမှူး
(၃) ဦးနော်ရစ် ဒုအတွင်းရေးမှူး
(ဂ) ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)
(၁) ဗိုလ်ချုပ်အဆင့်ရှိ အင်ဘန်လ စစ်ဦးစီးချုပ်
(၂) ဒုမှူးကြီးအဆင့်ရှိ ဇောင်းဘုတ်ထန် ဒုစစ်ဦးစီးချုပ်
(၃) ဒုမှူးကြီးအဆင့်ရှိ လရှီးဇော်နန် စစ်ဦးစီး(ပ)
(၄) မှူးအဆင့်ရှိ ဂွတို(ခ)ခေါင်လွန်း တပ်မဟာ(၁)မှူး
(၅) မှူးအဆင့်ရှိ အောင်ဆိုင်းလာ တပ်မဟာ(၂)မှူး
(၆) မှူးအဆင့်ရှိ ရှဒန်းယော်ဒိန် တပ်မဟာ(၃)မှူး
(၇) မှူးအဆင့် ခွန်ဆိုင်း လှုပ်ရှားတမဟမှူး
၃၅။ ၂၀ဝ၃ ခုနှစ်၊ ဒီဇင်ဘာတတိယပတ်အတွင်း KIA(ကချင်) အမျိုးသားထောက်လှမ်းရေးနှင့်လုံခြုံရေးဌာန တာဝန်ခံတာဝန်ယူထားသူ ဗိုလ်မှူးကြီးအဆင့်ရှိ လဆန်အောင်ဝါဦးဆောင်သည့်အဖွဲ့သည် ပြည်ပရောက် ကချင် တိုင်းရင်းသားများဖြစ်ကြသော ဘွမ်လရော်၊ ဟော်ဝါဂျာလ၊ ဟော်ဝါးဇော်ဂမ်ဆိုသူတို့နှင့် ဏညေုခေ့ငညအဖွဲ့၏စီစဉ် ပေးချက်အရ KIA(ကချင်)ခေါင်းဆောင်ပိုင်းအနက် ဦးဂေါ်ရီဇော်ဆိုင်း(ဒုတိယဥက္ကဋ္ဌ-၂)နှင့်ဒေါက်တာ တူးဂျာ၊ အထွေ ထွေအတွင်းရေးမှူး)တို့ ၂ ဦးအားဖြုတ်ချအာဏာသိမ်းရန် ကြံစည်ခဲ့ကြောင်း၊ လဆန်အောင်ဝါ ဦးဆောင်သော အဖွဲ့ သည် ၂၀ဝ၃ခုနှစ်၊ဒီဇင်ဘာ(ခရစ်စမတ်ကာလ)တွင် ဦးလမုန်တူးဂျိုင်(ဥက္ကဋ္ဌ)နှင့် ဦးဇောင်းဟရား(ဒုတိယဥက္ကဋ္ဌ-၁) တို့ ၂ ဦးထံ ချဉ်းကပ်ပြီး ၎င်းတို့ဆောင်ရွက်မည့် အစီအစဉ်ကိုရှင်းပြကာ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့အား လက်ရှိရာထူးအတိုင်း ဆက်လက်တင်မြှောက်ပါမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း၊ ဦးဇောင်းဟရားက ၎င်းသည် အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးမကောင်းသောကြောင့် KIA(ကချင်)အဖွဲ့မှ နုတ်ထွက်လိုကြောင်း ပြောသော် လည်း နုတ်ထွက်ခြင်းမပြုရန်တားမြစ်ခဲ့ကြောင်း၊ ဦးအင်ဘန်လ(KIA-ကချင်/စစ်ဦးစီးချုပ်တာဝန်ယူထားသူ)သည် ကျန်းမာရေးမကောင်းသဖြင့် ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ သွားရောက်ဆေးကုသမှုခံယူနေသည်မှာ ကြာမြင့် နေပြီဖြစ်သောကြောင့် ဦးလဆန်အောင်ဝါအနေဖြင့် ၎င်းကိုထည့်မတွက်တော့ဘဲ ယခင်စည်းရုံးထားပြီးဖြစ်သည့် ဦးလဖိုင်ဇော်တန်(KIA-ကချင်/စစ်ဦးစီးမှူးတာဝန်ယူထားသူ)ပါဝင်မှုကြောင့် KIA(ကချင်)လက်နက်ကိုင်အဖွဲ့ကို ထိန်းချုပ်နိုင်မည်ဟုယူဆကာ ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့ကို ရုပ်ပြထားပြီး ဦးဂေါ်ရီဇော်ဆိုင်း၊ ဒေါက်တာတူးဂျာနှင့် ဦးလေဇိန်နော်ဘောက်(KIA-ကချင်/ဒုတိယစစ်ဦးစီးချုပ်အဆင့်ရှိသူ)တို့အား ဖြုတ်ချအာဏာ သိမ်းရန်ကြံစည်ခဲ့ သော်လည်း ဦးလဖိုင်ဇော်တန်သည် ဦးဂေါ်ရီဇော်ဆိုင်းနှင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူဖြစ်ရာ ဖြုတ်ချခြင်းခံရမည့် သူများအတွင်း၌ ဦးဂေါ်ရီဇော်ဆိုင်းအား ပါဝင်ကြောင်းသိရှိသည်နှင့် ဦးလဆန်အောင်ဝါ၏ စီစဉ်မှုနောက်သို့ လိုက်ပါ ခြင်းမပြုတော့ဘဲ ပြည်ပရောက်ကချင်တိုင်းရင်းသား ဘွမ်လရော်ဦးဆောင်သည့် ဏညေုခေ့ငည အဖွဲ့၏ နောက်ကွယ်မှ အားပေးကူညီမှုအရ ဦးလဆန်အောင်ဝါ အာဏာသိမ်းမည့်အစီအစဉ်ကို ဦးလမုန်းတူးဂျိုင်နှင့် အခြားတာဝန်ရှိသူများ ထံ အသိပေးခဲ့ခြင်းကြောင့် အာဏာသိမ်းမှုမအောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။၂၀ဝ၄ ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်နေ့ တွင် KIA ဗဟိုကော်မတီသည် ဦးလဆန်အောင်ဝါနှင့်အဖွဲ့အား ဖမ်းဆီးထိန်းသိမ်း ရန်ဆောင်ရွက်စဉ် ဦးလဆန်အောင်ဝါသည် ကြိုတင်သတင်းရရှိကာထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၎င်းကိုလိုလား ထောက်ခံသူ KIAတပ်ဖွဲ့ဝင် (၁၀ဝ)ကျော်ခန့်နှင့် ကချင်အထူးဒေသ(၂)KIAအဖွဲ့မှခွဲထွက်ခဲ့ပြီး ကချင်အထူးဒေသ(၁) NDAK ဌာနချုပ် ပန်ဝါတွင် ၂၀ဝ၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍အခြေပြုနေထိုင်ခဲ့ပါသည်။၂၀ဝ၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၁)ရက်တွင် အထက်ဌာနခွင့်ပြုချက် ဖြင့် ဂွေထုဒေသသို့ တပ်ဖွဲ့ဝင်(၂၂၃)ဦး၊ အိမ်ထောင်စုဝင်(၉၁)ဦး၊ ပေါင်း(၃၁၄)ဦး နှင့် ၆၀မမ ၂လက်၊ လက်နက်မျိုးစုံ (၆၀)လက်၊ ကျည်မျိုးစုံ ၁၉၄၀ တောင့်၊ လက်ပစ်ဗုံး ၇၈ လုံး၊ အမ်၇၉ ဗုံးသီး ၉ လုံး၊ ၆၀မမ ဗုံးသီး ၃၀ လုံးဖြင့်ပြောင်းရွေ့ အခြေပြုခဲ့ကြပါသည်။ ၎င်းတို့အဖွဲ့သည် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များဆောင်ရွက်ပြီး ၂၀ဝ၉ ခုနှစ်၊ စက်တင်ဘာ လ ၂၉ ရက်နေ့မှစ၍ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ခွင့်ပြုချက်ဖြင့် ဝိုင်းမော်မြို့နယ်၊ လဝါယန်ကျေးရွာ၌ ပြည်သူ့စစ် ကြီးကြပ်ရေးအဖွဲ့ ၁၀ ဦး၊ အမာခံ ၃၀ ဦး၊ အရန် ၄၉ ဦးဖြင့်လည်းကောင်း၊ ဂွေထုကျေးရွာ၌ အမာခံ ၃၀ဦး၊ အရန် ၄၅ ဦး၊ ပေါင်း ၁၆၄ ဦး၊ လက်နက်မျိုးစုံ ၇၇ လက်ဖြင့် ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။ ဦးလမုန်တူးဂျိုင်သည် အသည်းရောဂါဖြစ်ပွားသဖြင့် ၂၀ဝ၆ ခုနှစ်၊ မေ ၃၁ ရက်နေ့တွင် တယ်ဟုန်ခရိုင်၊ မံစီမြို့ရှိဆေးရုံ၌ တက်ရောက်ဆေးကုသနေရာမှ ရောဂါမသက်သာ၍ ဇွန်လ ၁၅ ရက်နေ့တွင် လိုင်ဇာသို့ပြန်လည်ခေါ်ဆောင်ခဲ့စဉ် ထိန်းချုံးမြို့နှင့် ရင်ကျန်းမြို့အကြားရှိ လန်ဟောရွာသို့ အရောက်သေဆုံးသွားခဲ့ကြောင်း၊ ၎င်းနောက်ဇွန် ၁၉ ရက်နေ့တွင် ဗဟိုကော်မတီအစည်းအဝေးပြုလုပ်ပြီး ဦးဇောင်းဟရားအား ဥက္ကဋ္ဌတာဝန်ခေတ္တပေးခဲ့ကြောင်း၊ ဇွန် ၂၁ ရက်နေ့တွင် KIA။ှုဃ(ကချင်)ဥက္ကဋ္ဌတာဝန်ပေးမည့်သူကို မဲစနစ်ဖြင့်ရွေးချယ်ခဲ့ရာ ဥက္ကဋ္ဌအဖြစ်ဦးဇောင်းဟရား (ယခင်ဒုတိ ယဥက္ကဋ္ဌ-၁)အားလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ(၁)အဖြစ် ဦးဂေါ်ရီဇော်ဆိုင်း(ယခင်ဗဟို ကော်မတီဝင်)အားလည်း ကောင်း၊ ဒုတိယဥက္ကဋ္ဌ(၂)အဖြစ် ဒေါက်တာတူးဂျာ(ယခင်ဒုတိယဥက္ကဋ္ဌ-၂)ကိုပင်လည်းကောင်း၊ှုဃ(ကချင်)ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးအင်ဘန်လ(ယခင်ဒုတိယဥက္ကဋ္ဌ)အားလည်းကောင်း ရွေးချယ်ခဲ့ပြီး ကျန်ဗဟိုကော်မတီဝင်များ ပြောင်းလဲ ဖွဲ့စည်းမှုမရှိကြောင်း သိရှိရပါသည်။
KIA အဖွဲ့အတွင်း ဖြစ်ပွားခဲ့သောပြဿနာများ
၃၆။ KIA ခေါင်းဆောင်များကျဆုံးခြင်း။ ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဗကပဘက်မှ သခင်ဖေတင့် ကလည်းကောင်း၊ KIAဘက်မှ ပုန်ရွှေဇော်ဆိုင်းကလည်းကောင်း၊ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ မအောင်မြင့်ခဲ့ပေ။ ၁၉၇၅ခု မတ်လ(၁)ရက်နေ့တွင် KIA တပ်မဟာ(၄)နယ်မြေ ကွတ်ခိုင်အနောက်ခြမ်း၊ နမ့်ဟိုင်း ဒေသတွင် တပ်မဟာ(၄)မှူး ဇော်ဒန်ကျဆုံးပြီးနောက် တပ်မဟာ(၄)ကို ဇော်မိုင်ကတာဝန်ယူခဲ့ပြီး ဗကပများအား ဆက်လက်ရင်ဆိုင်ခဲ့ပါသည်။ ဗကပ တပ်ရင်း(၂၀၂)သည် ၁၉၇၅ ခုနှစ်၊ ဩဂုတ်လမှ စတင်၍ အင်အားဖြည့်တင်းပြီး KIA တပ်မဟာ(၄)နယ်မြေသို့ တိုးချဲ့လာသည်။ ကွတ်ခိုင်အရှေ့ခြမ်း KIA တပ်ရင်း(၂)နယ်မြေတွင်လည်း ဗကပတပ်မဟာ(၂)မှ အင်အားစုများအောက်တိုဘာလမှစ၍ မန်ယုံမော်ဒေသမှတစ်ဆင့် ကွတ်ခိုင်အရှေ့ခြမ်းအထိ လှုပ်ရှားလာခဲ့သည်။ KIA တပ်ရင်း(၈)နယ်မြေတွင်လည်း ဗကပတပ်ရင်း(၁၂)က ဝင်ရောက်လာခဲ့သည်။ ဗကပ တပ်ရင်းများအား ဇော်မိုင်သည် နမ့်ဟိုင်း၊ နမ့်ဆောင်ကြဲဒေသမှ ရင်ဆိုင်ဟန့်တားခဲ့ရသည်။
၃၇။ ၁၉၆၅ ခုနှစ်မှစ၍ ဥက္ကဋ္ဌ ဇော်ဆိုင်းသည် ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့ပြီး ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ဇော်တူးသည် အရှေ့ပိုင်းတိုင်းနယ်မြေမှတစ်ဆင့် ထိုင်းနိုင်ငံသို့သွားရာ ၁၉၇၄ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် ရောက်ရှိခဲ့သည်။ ၁၉၇၅ ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် ပုန်ရွှေဇော်ဆိုင်းနှင့်အဖွဲ့သည် ကေအိုင်အေတပ်ရင်း(၈) အစောင့်အရှောက်ဖြင့် ထိုင်းနိုင်ငံသို့ထွက်ခွာခဲ့သည်။ KIAအောက်ခြေက ခေါင်းဆောင်များယိုးဒယား ရောက်နေခြင်း ကို မကျေနပ်ကြချေ။ ခေါင်းဆောင်များသည် ဘိန်း-ကျောက်စိမ်းများ ရောင်းချရသောငွေများ၊ ဆက်ကြေးငွေများကို ကိုယ်ကျိုးသုံးစွဲပြီး စည်းစိမ်ယစ်မူးနေကြသည်ဟု သိမြင်လာကြသည်။ ခေါင်းဆောင် ဇော်ဆိုင်းသည် နှစ်ရှည်လများ ထိုင်းတွင်နေထိုင်ပြီး ပြည်တွင်းသို့ ပြန်လည်ဦးဆောင်မှုမပေးခြင်း၊ ဇော်တူးသည် မိန်းမ မယူရဟူသော အမိန့်ကို ထုတ်ပြန်ခဲ့သော်လည်း ၁၉၆၆ ခုနှစ်တွင် အမိန့်ပြင်၍ ရဲမေ လော့ခိုင်လူအွန်နှင့်လည်းကောင်း၊ ၁၉၇၃ ခုနှစ်တွင် ရဲမေ ဆိုင်းတော်နှင့်လည်းကောင်း ထပ်မံယူခြင်း၊ ပုန်ရွှေဇော်ဆိုင်းသည် ရဲမေလုဆိုင်အား မယားငယ် အဖြစ်ယူခြင်း အပေါ် ငယ်သားများက မကျေနပ်ကြချေ။ ၎င်းပြင် ဘိန်းနှင့် ကျောက်စိမ်းရောင်းရငွေ သိန်း(၁၀ဝ)နီးပါးကိုလည်း ဖြောင်ခဲ့သည်ကိုလည်း မကျေနပ်ကြချေ။ ၁၉၇၅ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် ယခင် KIA တပ်ရင်း(၁၁)တပ်ရင်းမှူး ဆိုင်းတူးက ဇော်ဆိုင်း၊ ဇော်တူးနှင့် ပုန်ရွှေဇော်ဆိုင်းတို့အား ထိုင်းနယ်စပ်ရှိ KIA ဆက်သွယ်ရေးစခန်းတွင် လုပ်ကြံသတ်ဖြတ်ခဲ့သည်။ KIA ဗဟိုမှ ၎င်းခေါင်းဆောင်များသည် ဖောက်ပြန်မှုကြောင့် ဖယ်ရှားခြင်းဖြစ်ကြောင်း တိုင်းကော်မတီများနှင့် ခရိုင်ကော်မတီများသို့ ရှင်းလင်းခဲ့ပါသည်။ ဆိုင်းတူအား ထိုင်းရဲအဖွဲ့မှ ၂၉-၉-၁၉၇၅ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့သည်။
၃၈။ ပြဿနာမသဲကွဲမီ ဇော်မိုင်ထံသို့ ထန်းပိုးစခန်းရှိ ဂေါ်လူလဒွဲနှင့် ကျန်ခေါင်းဆောင်များက ဆိုင်းတူသည် အစိုးရသူလျှိုဖြစ်ပြီး တမင်လုပ်ကြံခြင်းဖြစ်ကြောင်း တင်ပြကြသည်။ ထို့ကြောင့် တပ်ရင်း(၈)ရင်းမှူး ခွန်ချိုအား စစ်ဆေးရန် ထိုင်းနိုင်ငံသို့စေလွှတ်ခဲ့သည်။ စုံစမ်းရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်ကို ပြည်တွင်းဗဟိုကော်မတီသို့ တင်ပြရာတွင် ခေါင်းဆောင်(၃)ဦးအား တမင်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း လက်ခံခဲ့ပါသည်။ ပစ်သတ်လိုက်သည် ဆိုသော အကြောင်းမှန်များထွက်ပေါ်လာခြင်းမရှိခဲ့ပေ။ ဇော်ဒန်ကျဆုံးပြီးနောက် တပ်မဟာ(၄)တာဝန်ကို ဇော်မိုင်က တာဝန်ယူခဲ့ပြီး ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ ဗကပအား ရင်ဆိုင်တိုက်နိုင်ခဲ့ရာ တိုက်ပွဲပေါင်း(၁၆) ကြိမ်ဖြစ်ပြီး (၂)ဘက်လုံးအထိနာခဲ့သည်။ ဇော်မိုင်သည် ဗကပရင်း(၂၀၂)ကို ဦးတည်၍ ]] ကြောင်နက် }} အမည် စစ်ဆင်ရေးဖြင့် ၂၁-၁၁-၁၉၇၅ ရက်မှ ၂၆-၃-၁၉၇၆ ရက်နေ့ထိ ပြုလုပ်ခဲ့ပါသည်။
KIA ဗဟိုကော်မတီအစည်းအဝေး
၃၉။ KIA ခေါင်းဆောင်ပိုင်း(၃)ဦး ကျဆုံးသွားသဖြင့် ဗဟိုကော်မတီ ဥက္ကဋ္ဌတာဝန်ကို ဘရန်ဆိုင်းက တာဝန်ယူခဲ့ပြီး စစ်ဦးစီးချုပ်တာဝန်ကို တူးဂျိုင်က ပူးတွဲဆောင်ရွက်သည်။ တပ်မဟာ(၄)မှူး ဇော်မိုင် ကို ဗိုလ်ချုပ် အဆင့်တိုးမြှင့်ပေးပြီး၊ စစ်ဦးစီးချုပ်အဖြစ်ပေးကာ၊ ဒုစစ်ဦးစီးချုပ်ကို ဗိုလ်မှူး တူးဂျိုင်အားခန့်အပ်ခဲ့ကြောင်း ၁၈-၈- ၁၉၇၈ ရက်နေ့တွင် ကြေငြာခဲ့သည်။ သို့သော်ပြန်လည်ညှိနှိုင်းပြီး ဗဟိုကော်မတီအစည်းအဝေးမပြုလုပ်မီ လက်ရှိ ရာထူးအဆင့်များဖြင့်သာ ဆက်လက်ဆောင်ရွက်ရန်စီစဉ်ခဲ့ကြသည်။ KIA ကော်မတီအစည်းအဝေးကို KIA တပ်မဟာ(၃)၊ တပ်ရင်း(၃)ဌာနချုပ် ပါဂျို(ှဲ-၅၃၈၉)နယ်မြေ ပါဂျိုချောင်းအရှေ့ဘက်ကမ်းရှိ ခါးတောင်ကတောင် (တရုတ်ရွာ)တွင် ကျင်းပရန်စီစဉ်ကြသည်။ ၁၂-၁-၁၉၇၆ ရက်နေ့တွင် အစည်းအဝေးပြုလုပ်ခဲ့ကြပြီး အောက်ပါအချက် များကို အဓိကထားဆွေးနွေးကြသည်-
(က) KIA ၏ (၁၀)နှစ်တာကာလအတွင်း နိုင်ငံရေး၊ စစ်ရေးနှင့်စီးပွားရေးပြန်လည်သုံးသပ်ခြင်း။
(ခ) ကချင်လွတ်မြောက်ရေးကောင်စီဝင်များ ရွေးချယ်ခန့်အပ်ခြင်း။
(ဂ) အရှေ့တောင်အာရှနိုင်ငံများဖြစ်သော လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံများ၏ နိုင်ငံရေး အခြေအနေများ။
၄၀။ ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်မှ ထူးခြားချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) နိုင်ငံရေးလမ်းစဉ်။ လွတ်လပ်သောဝန်ပေါင်(ခေါ်)ကချင်သမ္မတနိုင်ငံထူထောင်ရန်။
(ခ) တစ်ဖက်နိုင်ငံနှင့်ဆက်သွယ်မှု။ တစ်ဖက်နိုင်ငံနှင့်ဆက်သွယ်၍ စစ်ရေး၊ နိုင်ငံရေး အကူအညီများရယူရန်။
(ဂ) ကေအိုင်အေနှင့် ဗကပ ဆက်သွယ်မှု။ ဗကပနှင့်အပေးအယူဝါဒကျင့်သုံးရန်၊ ထိုသို့ကျင့် သုံးရာတွင် စစ်ရေးမဟာမိတ်အနိမ့်ဆုံးအဆင့် မူဝါဒကျင့်သုံးရန်နှင့် ဗကပများသည် ကချင်ပြည်နယ်မှ ၎င်း၏တပ်တစ်ခုကို ထုတ်နှုတ်စေ၍ KIA များက ကချင်ပြည်နယ်ခွဲမှ သင့်တော်သည့်နယ်မြေကို ဗကပများအားလွှဲပြောင်းပေးရန်၊ (၎င်းတို့၏ စစ်ရေးမဟာမိတ်အနိမ့်ဆုံးအဆင့် ဆိုသည့်မူဝါဒမှာ ပူးပေါင်းစစ်ဆင်ရေးနယ်မြေဖြတ်သန်းခွင့်ပြုရေး၊ သတင်းဖလှယ်ရေး၊ တန်းတူညီမျှရေးနှင့် အချင်းချင်း မပုတ်ခတ်ရေး စသည့်အချက်များဖြစ်သည်ဟု ဆိုလိုပါသည်။)
(ဃ) အခြားသောင်းကျန်းသူအဖွဲ့အစည်းများနှင့် ဆက်သွယ်မှု။ ပလောင်၊ ရခိုင်၊ ချင်း၊ ကချင်၊ ကယား၊ မွန်၊ ပအိုဝ့်စသည့် သောင်းကျန်းသူများနှင့် သဘောတူစစ်မျက်နှာဖွင့်ရန်နှင့် မွတ်စလင်များကို စည်းရုံးသွားရန်။
(င) အိန္ဒိယနှင့်ဆက်သွယ်မှု။ စီးပွားရေးအရ အိန္ဒိယနိုင်ငံဘက်သို့ လမ်းဖွင့်ထားပြီးနောက်၊ နိုင်ငံရေး အရအဆက်အသွယ်ရရှိအောင်ပြုလုပ်ရန်နှင့် နာဂသောင်းကျန်းသူ၊ မီဇိုသောင်းကျန်းသူများကို လက်ရှိအတိုင်း အကူအညီပေးသွားရန်။
၄၁။ ကေအိုင်အေခေါင်းဆောင်သစ်များ။ ဗဟိုကော်မတီအစည်းအဝေးက KIA ခေါင်းဆောင်ပိုင်း ရွေးချယ်တင်မြှောက်မှုများနှင့် ဌာနမှူးနေရာ အပြောင်းအလဲများပြုလုပ်ခဲ့သည်-
(က) ပါတီဗဟိုကော်မတီဝင်များ
(၁) မရန်ဘရန်ဆိုင်း ဥက္ကဋ္ဌ
(၂) ဗိုလ်မှူးကြီး ဇော်မိုင် ဒုဥက္ကဋ္ဌ
(၃) ဇောင်းဟရား ပါတီအထွေထွေအတွင်းရေးမှူး
(၄) ဗိုလ်မှူးချုပ် တူးဂျိုင် ကော်မတီဝင်
(၅) ဒုဗိုလ်မှူးကြီး လမာလရိန်း ကော်မတီဝင်
(၆) ဗိုလ်မှူး ကမ်တွဲ ကော်မတီဝင်
(၇) ဗိုလ်မှူး ဇော်အိမ် ကော်မတီဝင်
(၈) ဗိုလ်မှူး ဂေါ်လီဇော်ဆိုင်း ကော်မတီဝင်
(၉) ဗိုလ်မှူး ဇော်ဖန် အရန်ဗဟိုကော်မတီဝင်
(၁၀) ဗိုလ်မှူး ဆိုင်ဖုန်း အရန်ဗဟိုကော်မတီဝင်
(၁၁) ဗိုလ်ကြီး တန်ဂွန်း အရန်ဗဟိုကော်မတီဝင်
(၁၂) ဗိုလ်ကြီး ဆင်ဝါးနောင် အရန်ဗဟိုကော်မတီဝင်
(၁၃) ဆလန်ဖော်နလဂေါင် အရန်ဗဟိုကော်မတီဝင်
(ခ) KIA ခေါင်းဆောင်သစ်များ
(၁) မရန်ဘရန်ဆိုင်း ကောင်စီဥက္ကဋ္ဌ
(၂) ဗိုလ်မှူးချုပ် တူးဂျိုင် ဒုကောင်စီဥက္ကဋ္ဌ
(၃) ဇောင်းဟရား ပါတီအထွေထွေအတွင်းရေးမှူးနှင့် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ
(၄) ဒုဗိုလ်မှူးကြီး လမာလရိန်း ကောင်စီအတွင်းရေးမှူး၊ ဘဏ္ဍာရေးတာဝန်ခံ
(၅) ဗိုလ်မှူးကြီး တူးဂျိုင် စစ်ဦးစီးချုပ်
(၆) ဗိုလ်မှူးကြီး ဇော်မိုင် ဒုစစ်ဦးစီးချုပ်
(၇) ဗိုလ်မှူး လဘန် ဦးစီး(ဒု)
(၈) ဆလန်ဘရန်ဆိုင်း နိုင်ငံခြားရေးဆက်သွယ်ရေးတာဝန်ခံ
(၉) ဗိုလ်မှူး ကမ်တွဲ ဒုနိုင်ငံခြားရေးဆက်သွယ်ရေးတာဝန်ခံ
(ဂ) ဌာနဦးစီးမှူးကြီးများ
(၁) ဗိုလ်မှူး ကမ်တွဲ နိုင်ငံခြားရေးတွဲဘက်တာဝန်ခံ
(၂) ဗိုလ်မှူး အင်ဂျော့တင် လေ့ကျင့်ရေးညွန်ကြားရေးမှူး
(၃) ဗိုလ်မှူး ဘရန်တောင် တမဟ(၁)၊ ယာယီတပ်မဟာမှူး
(၄) ဗိုလ်မှူး အောင်ရှင်း တမဟ(၂)၊ တပ်မဟာဗိုလ်မှူး
(၅) ဗိုလ်မှူး မဂျီဇော်အိမ် တမဟ(၃)၊ ယာယီတပ်မဟာမှူး
(၆) ဗိုလ်မှူး ဇုတ်ဒိုင် တမဟ(၃)၊ တပ်မဟာဗိုလ်မှူး
(၇) ဗိုလ်မှူး ဆိုင်ဖုန် တမဟ(၄)၊ တပ်မဟာဗိုလ်မှူး
(၈) ဗိုလ်မှူး ခွန်ချို တောင်ပိုင်းတိုင်း အုပ်ချုပ်ရေး
(၉) ဗိုလ်ကြီး ဆင်ဝါးနောင် အရှေ့ပိုင်းတိုင်းအုပ်ချုပ်ရေး
(၁၀) ဗိုလ်ကြီး တွဲရှောင် မြောက်ပိုင်းတိုင်းအုပ်ချုပ်ရေး
(၁၁) ဗိုလ်ကြီး တင်ဂွန်း အနောက်ပိုင်းတိုင်းအုပ်ချုပ်ရေး
(၁၂) ဗိုလ်ကြီး ကတော့ဇော်ဆိုင်း တမဟ(၂)တပ်မဟာမှူး
(၁၃) ဗိုလ်မှူး ဇော်ဖန် တမဟ(၄)တပ်မဟာမှူး
မှတ်ချက်။ တပ်မဟာမှူးများသည် တိုင်းအုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည်။
(ဃ) အဆင့်တိုးမြှင့်ခြင်း
(၁) ဗိုလ်မှူးချုပ် တူးဂျိုင်အား ဗိုလ်ချုပ်အဖြစ် တိုးမြှင့်၍ စစ်ဦးစီးချုပ်ခန့်အပ်သည်။
(၂) ဒုဗိုလ်မှူးကြီး ဇော်မိုင်အား ဗိုလ်မှူးကြီးအဖြစ် တိုးမြှင့်၍ ဒုစစ်ဦးစီးချုပ်ခန့်အပ်သည်။
၁၉၇၆ ခုနှစ်၊ နောက်ပိုင်းအခြေအနေ
၄၂။ ဗကပကညီညွတ်ရေးကမ်းလှမ်းခြင်း။ KIAခေါင်းဆောင်များ အသတ်ခံရပြီးနောက် ဗကပဗဟိုကော်မတီ ဥက္ကဋ္ဌ ဘသိန်းတင်သည် ကိုယ်တိုင်လက်မှတ်ရေးထိုး၍ ၂၁-၈-၁၉၇၅ ရက်စွဲဖြင့် စာတစောင်ကို KIA ထံပို့ခဲ့သည်။ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဘရန်ဆိုင်းလက်ခံရရှိပြီး ဘရန်ဆိုင်း၊ တူးဂျိုင်၊ ဇော်မိုင်၊ ကမ်တွဲ၊ လမာလရိန်းတို့ ညှိနှိုင်းကြသည်။ ဗကပ၏ ကမ်းလှမ်းချက်ကို မူအားဖြင့်လက်ခံကြောင်း၊ KIA ဗဟိုကော်မတီဝင် အားလုံး စုစည်းတိုင်ပင်ပြီးမှသာ သဘောထားပြန်ကြားမည်ဖြစ်ကြောင်း ပြန်ကြားခဲ့သည်။ ၁၉၇၆ ခုနှစ်၊ ဇန်နဝါရီလ KIA ဗဟိုကော်မတီအစည်းအဝေး ပါဂျို၌ကျင်းပသည့်အခါ ဗကပ၏စာအား ထည့်သွင်းဆွေးနွေးခဲ့သည်။
အပိုင်း (၃) အား ဆက်လက်စောင့်မျှော် ဖတ်ရှုပါရန်............