Sunday, September 29, 2013

၂၅ နှစ် ပြည့် NLD

,
 
 
နှစ်ပေါင်း ၂၅ နှစ်ရှိနေပြီ ဆိုတဲ့ ဒီမိုကရေစီပါတီကြီးတခုတောင် အခုမှ ဒီမိုကရေစီ ဆန် လာခါစလို. ဒေါ်စုကိုယ်တိုင် ၀န်ခံပြောနေမှာတော သက်တမ်း ၃နှစ် မရှိသေးတဲ့ လက်ရှိ အစိုးရဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ. အပြည့်အ၀ မကိုက်ညီသေးတာ အံ့သြစရာမဟုတ်ပါ။

NLD ပါတီ၏ အားနည်းချက်တွေကို လူတွေက ထောက်ပြနေတဲ့ အချက်တွေနဲ. ပတ်သက်ပြီး ဒေါ်စု တုံ.ပြန်ပုံက ပါတီတိုင်း နိုင်ငံရေး ပါတီတိုင်းမဆို အားနည်းချက် ရှိနေတာမို. ဒီမိုကရေစီ ခိုင်မာတဲ့နိုင်ငံတွေက နိုင်ငံရေး ပါတီတွေမှာတောင် အားနည်းချက်တွေ ရှိတတ်တာမို. သိပ်ပြီး မဆန်းပါဘူး--တဲ့။

ပြီးပြည့်စုံတဲ့အဖွဲ. ပြီးပြည့်စုံတဲ့ပါတီဆိုတာ မပါဘူးတဲ့။ ဒါဆိုလည်း ဒေါ်စု ပြောတဲ့အတိုင်း ပြန်ပြောရာရင်--- မြန်မာပြည်က လက်ရှိ အစိုးရတင် မဟုတ်ပါဘူး ကမ္ဘာပေါ်က ဒီမိုကရေစီ ဘိုးအေတွေ ဒီမိုကရေစီဘကြီးတွေ ဒီမိုကရေစီ ဖခင်နိုင်ငံတွေက ဒီမိုကရေစီအစိုးရတွေမှာလည်း ရာနှုန်းပြည့် ၁၀၀% ဒီမိုကရေစီ စံနှုန်း စံထားတွေနဲ့ ကိုက်ညီတဲ့ ပြီးပြည့် စုံတဲ့ အစိုးရမျိုးဆိုတာ ကမ္ဘာပေါ်မှာ ဘယ်နေရာ ဘယ်တိုင်းပြည် ဘယ်အစိုးရ မှာမှ မရှိတာကြောင့် လက်ရှိ မြန်မာပြည်က အစိုးရကိုလည်း ရာနှုန်းပြည့် ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ. မပြည်.ရကောင်းလားပြီးပြီး ပြောမနေပါနဲ. ဘယ်နေရာမှ မရှိတဲ့ကိစ္စကို။

ပြောရရင် NLD ပါတီက အစိုးရဖွဲ.ခဲ့လျှင်လည်း ဒီမိုကရေစီ စံနှုန်း စံထားတွေနှုင့် ရာနှုန်းပြည့် ကိုက်ညီမှာ မဟုတ်ပါဘူး။ NLD ပါတီလည်း တခြားပါတီလိုပါပဲ သိပ် ထူးမခြားနာပဲ မဟုတ်ပါလား.

ပါတီရဲ့ အားနည်းချက်တွေကို ထောက်ပြတဲ့အပေါ် ဘယ်လို ပြုပြင်ပြီး ပိုကောင်းအောင် လုပ်သွားမယ်လို. မပြောပဲ ရှင်းမပြသွားပဲ--- ဒါဟာ ပါတီတိုင်းမှာ အားနည်းချက်ဆိုတာ ရှိတဲ့အရာမို. သိပ်ပြီး အရေးမကြီးသလိုလို ဂရုစို်က်စရာမလိုသလို ပြောဆို ပုံပါ--- တချိန်ချိန်မှာ အာဏာရ ပါတီကြီး တခု အဖြစ် မျှော်လင့်ထားတဲ့ ဒီမိုကရေစီ ပါတီကြီး တခုအတွက် အတော်ကို စိတ် ပျက်ဖို. ကောင်းတဲ့အချက်ပါ။

ကျမတို. ပါတီရဲ့ အားနည်းချက်တွေကို ထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီထက် ပိုကောင်းအောင် ကျမတို. ဘယ်လို ကျိုးစားသွားပါ့မယ်လို. ကတိစကားတွေ ပြောရမည့်အစား အားနည်းချက်ဆိုတာ လူတိုင်းရှိတာမို. ကိစ္စမရှိသလိုလို အလေးပေးစရာ မလိုတဲ့ကိစ္စလိုလို ပေါ့ပျက်ပျက်နဲ. ဖြေကြားချက်ဟာ လူအများ မျှော်လင့်ထားတဲ့ ခေါင်းဆောင်တဦးဆီက ရရှိလာတဲ့ တုံ.ပြန်ချက်တွေလား--- မေးရပါမည်။

နောက်တခုက လက်ရှိ NLD ပါတီဟာ ၁၉ ၈၉ ခုနှစ်က ဖွဲ.စည်းခဲ့သည့် မူလ ပါတီနှင့် အတူတူလား ဆိုတာ မေးစရာပါ။ တကယ်တော့ မတူတော့ပါဘူး ဒါကြောင့် ၂၅ နှစ်ဆိုတဲ့အချက်မှာလည်း ဟုတ်တယ် မဟုတ်ဖူးဆိုတာ ထောက်စရာ ဖြစ်စေပါသည်။

မူလပါတီဟာ ခမောက် ပါတီပါ။ ၂၀၁၀ မှာ ဇာတ်သိမ်းပါသည်။ လက်ရှိပါတီဟာ အသစ်ဖွဲ.တဲ့ ပါတီဟာ ဒီလို ပြောဆိုချက်မျိုး အရင်တုန်းကလည်း တစည ပါတီဟာ မဆလ ပါတီနှင့် အတူတူလား လို. မေးခဲ့ရသလိုပါ။ အတူတူလား ဆိုရင် မတူပါ။ ဒါပေမယ့် မဆလ ပါတီဝင် အများစုနှင့် ဖွဲ.စည်းခဲ့တဲ့ပါတီ ဆိုရင်တော့ ဟုတ်ပါသည်။

အခုလည်း လက်ရှိ ဒေါ်စု ဥက္ကဌ လုပ်တဲ့ NLD ပါတီဟာ အရင် ခမောက်ပါတီနှင့် အတူတူ လားဆိုရင်ဖြင့် အတူတူ မဟုတ်ပါ။ အရင် ခမောက် ပါတီဝင် ဟောင်း အများစုနှင့် ပြန်ဖွဲ.စည်းခဲ့တာ ဆိုရင်တော့ မှန်ပါသည်။ ဒီအတိုင်းပဲ ဖြစ်ပါသည်။

ခမောက်ပါတီ NLD ဆိုရင် ဦးခင်မောင်ဆွေတို. ဒေါက်တာ သန်းငြိမ်းတို. ဦးစိန်လှဦးတို. ဒုဗိုလ်မှူးကြီး ကျော်ဆန်းတို့ ဒေါ်ဝင်မေးတို. ဦးဝင်းခက်တို. ဦးသိန်းညွှန်.တို.နဲ.လည်း ဆိုင်ပါသည်။ ပါဝင်ပါသည်။ ပါတီရဲ့ ရွေးကောက်ပွဲဟာလည်း ခမောက် တံဆိပ် ပဲ မဟုတ်ပါလား။ အခုတော့ ဒီအခြေအနေတွေက ပြောင်းသွားတာမို. တခုတည်းလို. ပြောဖို. ခက်ပါသည်။

ဒါပေမယ့် ၂၀၁၀ မှ ပြန်ဖွဲ.သည့် လက်ရှိ NLD ပါတီဆိုရင်တော့ သီးခြားဆီမှာ အကြောင်းကတော့ လက်ရှိ ပါတီဝင်အဖြစ် ၀င်ချင်ရင် အရင် ပါတီ ၀င်ဟောင်းတွေလည်း သီးသန်. အဖွဲ.၀င် ပြန်လျှောက်ခဲ့ရတာ ဖြစ်ပါသည်။ အရင် ပါတီဝင်ဟောင်းတွေဟာ အော်တိုမစ်တစ် အလို လျှောက် ပါတီ သစ်မှာ ပါတီဝင် ဖြစ်တာ မဟုတ်တဲ့အပြင် လက်ရှိ ခေါင်းဆောင်မှုအဖွဲ.နှင့် အရင် ဦးဆောင်မှု အဖွဲ.ဟာလည်း သီးခြားစည်း ဖြစ်တာမို. လက်ရှိ ပါတီ NLD ဟာ အရင် ၁၉ ၉ ၀ ရွေးကောက်ပွဲမှာ ၀င်ခဲ့သည့် ခမောက် ပါတီနဲ. ဥပဒေကြောင်းအရ နိုင်ငံရေးအရ လုံးဝ တခုတည်း တစ်ပါတီတည်း မဟုတ်ပါ။

ဒါကြောင့် ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ.ဟာ မလိမ့်တပတ် လုပ်သလို ဖြစ်စေပါသည်။

0 comments to “၂၅ နှစ် ပြည့် NLD ”

Post a Comment