Friday, September 27, 2013

နောက်ကွယ်မှာ တိုးတိုးသံ ၊ သူတို့ ဘာတွေကြံ

,
လတ်တလော ရေပန်းစားလာတဲ့  သတင်းတွေထဲမှာ ပြည်တွင်း နိုင်ငံရေးပါတီတွေအနေနဲ့  ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်ပစ်မယ်အချို့ကတော့ဖျက်ပစ်ဖို့အထိမလိုဘူး စတဲ့သတင်းတွေ ပဲဖြစ်ပါတယ်။ဒီအပေါ်မှာ အမြင်အမျိုးအမျိုး ရှုထောင့်အမျိုးမျိုးနဲ့သုံးသပ်ကြတာတွေရှိသလို ၊ ကလေးဆိုး တဇွတ်ထိုး လို ပြောဆိုနေတာတွေလဲ တွေ့ရပြန်ပါတယ်။မကြာသေးခင်ကမှ စင်္ကာပူ က အခမ်းအနား တစ်ခု မှာ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြောင်းကို ပြောင်းရမယ် ၊ပြောင်းမှ တကယ့်ဒီမိုကရေစီ နိုင်ငံဖြစ်လာမယ် ပြောဆိုခဲ့တာတွေလည်း တွေ့ရတယ်။နောက်တော့ မဇ္ဈိမ ၊ ဧရာဝတီ စတဲ့ပြည်ပသတင်းမီဒီယာတွေကလည်း နှပ်ကြောင်းပြောဆိုရေးသားလာတာတွေလည်း တွေ့ရပြန်တယ်။
     ကဲအဲ့ဒီတော့ မောင်ဘ လဲမနေသာတော့ ဟိုတွေးဒီတွေးနဲ့ တွေးမိတာပေါ့။မောင်ဘ တွေးမိတာတွေက
…ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်၊ဟုတ်ပြီဘာကိုပြင်မှာလဲဘယ်အချက်ကိုပြင်မှာလဲ။ပြည်သူလူထုအတွ

က်ပြင်ရမယ်ဆိုတာ ကောင်းတဲ့အလားအလာ နဲ့ ဒီမိုကရေစီ ဆန်တယ်လို့ထင်သလို တစ်ဦးတစ်ယောက်အတွက်ပြောင်းဖို့လိုတယ်ဆိုတဲ့အတွေးမျိုးအတွက်တော့ ဆေးလှုပ်သောက်ဖို့လိုနေပြီလို့

ထင်တယ်။ဒါထက် ပါတီတစ်ခုကပြောတယ် အခုအခြေခံဥပဒေကစစ်အစိုးရ လက်ထပ်က ရေးဆွဲခဲ့တာဖြစ်လို့ ပြည်သူတွေ ဆန္ဒမပါဘူးလို့ဆိုတယ်။တစ်ချို့ လူငယ်တွေကလဲ ပြင်ကိုပြင်ရမယ်လို့ အကြိမ်ကြိမ်ပြောနေပေမယ့် အခြေခံဥပဒေ အခန်းဘယ်နှစ်ခန်းနဲ့ ဖွဲ့စည်းထားလည်း ဆိုတာတောင်မသိတော့ ခက်သားလား။ကဲ.စစ်အစိုးရ လက်ထပ်ကမို့ ပြည်သူဆန္ဒမပါလို့ တစ်လအတွင်းပြန်ရေးဆွဲမယ် ဆိုတော့ နည်းနည်းလေးစဉ်းစားစရာဖြစ်လာတယ်အရင် စစ်အစိုးရ လက်ထပ်တုန်းက ဒီအခြေခံဥပဒေကို နှစ်ရှည်လများ ရေးဆွဲခဲ့ကြတယ်။ဒါကို တစ်လအတွင်းအပြီးရေးဆွဲမယ်ဆိုတော့…ပြည်သူအားလုံးရဲ့ဆန္ဒတကယ်စစ်စစ်တွေ ပါ  ပါ့မလား၊ ဘာအချက်တွေနဲ့ဘယ်လိုရေးဆွဲမှာလဲဘယ်သူတွေကရေးဆွဲမှာလဲဆိုတဲ့အချက်တွေဟာစဉ်းစားစရာဖြစ်

လာပြန်တယ်။ဒါမှမဟုတ် အသင့်ရေးဆွဲပြီးသားတွေ များ  တစ်ခြားနိုင်ငံက တင်သွင်းမှာ မို့လို့လား။မဆီမဆိုင်လို့ပြောတယ်လို့တော့မထင်နဲ့ မောင်ဘ တို့ကတော့ ၂၀ ရာစု အလယ်ပိုင်းလောက်က ဂျပန်နိုင်ငံလို အမေရိကန် ရေးဆွဲတဲ့ အခြေခံဥပေဒဆိုသလိုကြီးနဲ့တော့ မနေချင်ပေါင်။
           နောက်ပြီး ၂၅ ရက်နေ့က မဇ္ဈိမ သတင်းတစ်ပုဒ်မှာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ဥက္ကဋ္ဌ ဦးအေးသာအောင်က အခြေခံဥပဒေသစ်ကို အောက်တိုဘာလ မှာ အပြီးသတ်ရေးဆွဲပြီးတော့ လွှတ်တော်ကိုတင်သွင်းမှာ မဟုတ်ပဲနဲ့ ပြင်ပမှာ ကျင်းပနိုင်ဖွယ်ရှိတဲ့အမျိုးသား ညီလာခံမှာ ထုတ်ပြဆွေးနွေးသွားမယ်လို့ပြောကြားလိုက်တာတွေ့လိုက်ရတယ်။စဉ်းစားမိတာပေါ့ …ဒီဥပဒေသစ် က လွှတ်တော် နဲ့ ဆန့်ကျင်နေလို့လား ၊ ဒါမှမဟုတ် အဝေဖန် မခံနိုင်လို့လား ဆိုတာတွေဟာ တွေးစရာဖြစ်လာတယ်။ဖတ်မှတ်ဖူးတဲ့စာထဲမှာတော့ ဒီမိုကရေစီ ဆိုတဲ့စကားလုံးဟာ ကိုယ်တိုင်ထိန်းညှိသူ ဖြစ်သလို ၊ ကိုယ်တိုင်လည်း အထိန်းညှိခံရသူဖြစ်တယ်လို့ မှတ်သားဖူးတယ်။ဒီတော့ ငါလုပ်တာ အမှန် ၊ ငါလုပ်မှ ပြီးမှာ ၊ ငါ လုပ်မှ ဒီမိုကရေစီ
စစ်စစ် ဧကန်ဖြစ်မှာ ဆိုတဲ့ အတွေးဟာ အာဏာရှင် ဆိုတဲ့ စကားလုံး ကို အခြေခံလာတာတွေ့ရတယ်။
          နောက်ပြီး တစ်ချို့ကလဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်မယ်ဆိုလဲ သမ္မတ ဖြစ်ခွင့် နဲ့ ဒုသမ္မတ ဖြစ်ခွင့် ပြင်ဖို့မလိုဘူးလို့ ယူဆကြသလို ၊ အင်တာဗျူးတွေ သတင်းတွေလဲ ဖတ်ရတယ်။ ဒီလိုကြီးဆို အခု ဦးဆောင်ပြင်ပြီး တစ်လအတွင်းပြင်မယ်ဆိုတဲ့ NLD က ကျေနပ်ပါ့မလား(သူက ၅၉ ကိုပြင်ချင်နေပုံရတာကိုး)။ဒါပေမယ့် NLD အပြောကတော့ ပြည်သူတွေ အတွက်ပြင်မယ်လို့ဆိုပြီး ဘုန်းကြီးပျံ နဲ့ ရောငိုနေတာ တွေ့ရတာပဲ ။ဒါပေမယ့်  ဒီအခြေခံဥပဒေ ပြင်ရေး အပေါ်မှာ အားလုံး ပြင်ရမယ် ၊ပြည်သူအတွက် အကျိုးရှိတာတွေ ထပ်ထည့် ၊ အကျိုးမရှိတာတွေ နှုတ်စတာတွေ လုပ်ဖို့လိုတာတော့အမှန်ပဲ။လုံးလုံး ကြီးဖျက်ပလိုက်မယ်ဆိုတာတော့မောင်ဘကတော့မလိုဘူးထင်တာပဲ။
          နောက်ပြီး မောင်ဘ သဘောမကျတာ က မြန်မာပြည်က ပြည်သူပြည်သားတွေ အတွက် ရေးဆွဲမယ်ဆိုတဲ့ ဥပဒေသစ်ကိုပြည်ပမှာ ထုတ်ပြဆွေးနွေးမယ်ဆိုတာကြီးက ဘာသဘောလဲတော့မသိ။အခုတော့ ရုန်းစိရုန်းစိ နဲ့ တိုးတိုးတိတ်တိတ် ကြိတ်တော့ ကြံနေကြတယ် ။ ဘယ်ရုပ်ကို ဘယ်မျက်နှာဖုံး အုပ်ပြီးထွက်လာမလဲတော့ အခုပြောတာထက် ပိတ်ကားပေါ်စောင့်ကြည့်ကြတာ ပိုကောင်းမယ်ထင်ပါရဲ့။

မောင်ဘ

0 comments to “နောက်ကွယ်မှာ တိုးတိုးသံ ၊ သူတို့ ဘာတွေကြံ”

Post a Comment