ဂုဏ်ရည်အေးကျော်
က ဒီဇင်ဘာ (၇) ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ စတင်ကျင်းပမယ့် Miss
International 2013 ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ဖို့ အတွက် ကြိုတင်
ပြင်ဆင်မှု တွေ ပြုလုပ်နေ ရပါတယ်။ ဒီပြိုင်ပွဲမှာ နိုင်ငံရဲ့ ရိုးရာ နဲ့
Talent ပြဖို့ စောင်းတီးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဂုဏ်ရည်အေးကျော် က
စောင်းတီးတဲ့ အတတ် ပညာကို ငယ်စဉ်ကတည်းက ၀ါသနာပါပြီး သင်ယူလေ့လာ
ခဲ့တာလို့လည်း ပြောပြပါတယ်။
“ဂုဏ်ရည် စောင်းကို ဂျပန်ရိုးရာ သီချင်း
“စူကီရာကီ” ဆိုတဲ့ သီချင်းကို လေ့ကျင့် ထားပါတယ်။ သီချင်းက အမြူးလေးပေါ့။
စောင်းတီးတာ ပထမ အစဖွင့် ကိုမြန်မာ တီးလုံး သံစဉ်နဲ့ စပြီး ဂျပန်
သီချင်းကို တီးပြီး အပိတ်ကို မြန်မာ သံစဉ် နဲ့ ပိတ်မယ်။ မြန်မာ့
ရိုးရာစောင်း နဲ့ ဂျပန်ရိုးရာ သီချင်းကို တီးမှာပါ။ ဂုဏ်ရည်
တို့ကိုပြိုင်ပွဲ အတွက် ဖောင်က အများကြီးပဲ။ အဓိက ထား ယူခိုင်းတာက
ကိုယ့်နိုင်ငံ ရဲ့ Culture ကို ကိုယ့်ယဉ်ကျေးမှု ကိုယ်စားပြုပြီး ပြိုင်ပွဲ
မှာ လေလံပစ်မယ့် ပစ္စည်း ယူလာ ခိုင်းတယ်။ ရတဲ့ ငွေကြေးကို ဘိုးဘွားရိပ်သာ
နဲ့ မိဘမဲ့ ကလေးတွေကို လှူမယ်လို့ ပြောတဲ့အတွက် ဂုဏ်ရည် ကိုယ်တိုင် တီးတဲ့
စောင်းကို လေလံပစ်မယ်လို့ စဉ်းစားထား ပါတယ်။ နိုင်ငံရဲ့ယဉ်ကျေးမှု အစစ်
အမှန်ဖြစ်ကြောင်း ဆိုတာတွေ ကိုပြောနိုင်ဖို့လည်း ပြင်ဆင်ထားပါတယ်။ အခု
စောင်းကို ဆရာမ ဒေါ်မော်လွင်မြင့် (မန္တလေး ပန်တျာ)၊ ဆရာ ဦးမြင့်စိန်
(ရန်ကုန်-အမျိုးသား ပြဇာတ်ရုံ)၊ ဆရာ ဦးဘုန်းမြင့် တို့က သင်ပေးထားပါတယ်။
စောင်းကို ဂုဏ်ရည်လည်း တီးပြထားတော့ လေလံပစ်ရင် ပိုကောင်း မယ် ထင်လို့ပါ။
မြန်မာနိုင်ငံ ကို ဂျပန်ဝန်ကြီးတွေ လာတုန်းကလည်း ဂုဏ်ရည် တို့ သမ္မတကြီးက
စောင်းကိုပဲ လက်ဆောင်ပေးခဲ့တော့ မြန်မာ နဲ့ ဂျပန်နိုင်ငံ ရဲ့ ဆက်သွယ် မှု က
စောင်းက ရှိနေပြီးသားပါ ။ဒါက အကောင်းဆုံး ဖြစ်မယ်လို့ သေသေချာချာ
စဉ်းစားခဲ့တာပါ။ စောင်းက မြန်မာ့ ရိုးရာ အစစ်အမှန်လေ။ တီးတတ် နေတာကို တအား
ဂုဏ်ယူမိတယ်။ Miss Myanmar တုန်းကလည်း ဒီစောင်းကြောင့်လည်း တအား အမှတ်တွေ
ရခဲ့တာလေ။ ဒီစောင်းတီးနေတဲ့ အသံ ကြားရရင်ကို ကြည်နူးနေတာ။ တန်ဖိုး ထားစွာ
နဲ့ ဒီစောင်းကို ယူသွားမှာပါ။ နောက် ဂုဏ်ရည် တီးတဲ့စောင်းကိုပဲ
လေလံတင်ဖြစ်တာက ကိုယ်တီးနေကြ မှလည်း အဆင်ပြေတာလေ။ အဲဒါကြောင့် ပဲ အခု ဒီ
စောင်းက Miss Myanmar ပြိုင်ဖို့အတွက် လေ့ကျင့်တဲ့အချိန် ထဲကစောင်းလေးပါ”
လို့ ပြောပြခဲ့ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
မေမွန်မောင်