People-centered Development ဆိုတဲ့ အယူအဆကို ၁၉၈၀ လွန်နှစ်များတုံးက David Korten ဆိုတဲ့ ပညာရှင်တစ်ယောက်က စတင်ဖော်ထုတ်ခဲ့တယ်လို့ ဆိုတယ်။
၂၀၁၂ ခုနှစ်၊ ဇွန်လ ပတ်ဝန်းကျင်လောက်ကလည်း သမ္မတကြီး မိန့်ခွန်းထဲမှာ အဲ့ဒီစကားလုံး သုံးစွဲသွားတာ ကြားလိုက်မိပါတယ်။ People-centered Development လုပ်ငန်းတွေကို ဦးစားပေး လုပ်သွားမယ်လို့ ပြောခဲ့တာ။
People-centered Development ရဲ့ အယူအဆတွေ၊ ဆွေးနွေးချက်တွေ၊ သီအိုရီပိုင်းတွေဖြင့် စာလေးမဆိုးလို့ အကျယ်မဆွေးနွေးလို။
သို့သော် တိုက်တိုင်ဆိုင်ဆိုင် ၁၁၅ မိုင် စခန်းက၊ လမ်းဘေးဈေးသည်တွေ ဖယ်ရှားတဲ့ ကိစ္စ၊ မနေ့ညကမှ ဖတ်လိုက်ရသမို့ ဒီအကြောင်း နည်းနည်း ပြောချင်လာမိတယ်။
People-centered Development မှာ အဓိကပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုက sustainability..
အဲ့ဒီ sustainability ထဲမှာမှ ဒေသခံလူထုရဲ့ ၀င်ငွေတိုးအောင်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် အသေးစားလုပ်ငန်းလေးတွေ လုပ်ပေးရမယ်ဆိုတာ အတော် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါတယ်။
အခု ကျွန်တော်တို့ နိုင်ငံဟာ People-centered Development မူ နဲ့ သွားနေပါတယ်။
ဒါဆို အခု ဖြူးမြို့က ရွာအုပ်စု တစ်ခုအနားမှာ ကျွန်တော်တို့ ၁၁၅ မိုင် စခန်းကြီး အရင်ခေတ်က ဆောက်ခဲ့ကြတယ်။ ဘာမှ လုပ်မပေးခဲဘူးဆိုလည်း ထားပါတော့။ အရင်ခေတ်က ကိုး။
သို့သော် အခု ခေတ်မယ် ကျွန်တော်တို့ စဉ်းစားသင့်တဲ့ ပုံစံ (mindset)က
အဲ့ဒီ ဒေသခံတွေအတွက် ကျွန်တော်တို့ ဘာလုပ်ပေးသင့်သလဲ၊ ဘာလုပ်ပေးနိုင်မလဲ၊ ဘာလုပ်ပေးရမလဲ ဆိုတဲ့ မေးခွန်းတွေကို အဖြေရှာဖို့လို့ ယူဆမိပါတယ်။
မှန်ပါတယ်။
အဲ့ဒီ လမ်းဘေးဈေးသည်တွေကြောင့် ကားရပ်နားစခန်းကြီး ညစ်ပတ်တာ၊ အကျည်းတန်တာ၊ စသည်၊ စသည်၊ ကျွန်တော်လည်း ခဏခဏ ဖြတ်သွားနေသမို့ သိပါတယ်။
အခု ဓာတ်ပုံထဲ ရှင်းသွားပြီဆိုတော့ ပထမဆုံး ခံစားချက်က ၀မ်းသာစရာကောင်းတယ်ပေါ့။
သို့သော် ဆက်တွေး မိတာက
အဲ့ဒီ ဒေသခံ ဈေးသည်လေးတွေ စီးပွားပျက်ရှာပြီ ဆိုတဲ့ အချက်။
တကယ် ရိုးရိုးလေး စဉ်းစားရင် သူတို့က ဒေသခံဆိုတော့ အိမ်ရှင်ဗျ။ ကျန်တဲ့ ကျွန်တော်တို့ ခရီးသွားတွေကသာ သူစိမ်းတွေ။
win-win ဆိုတာ ၂ဖက်လုံး အဆင်ပြေတဲ့ အဖြေ ဖြစ်ရမယ်။
အခု သန့်ရှင်းသပ်ယပ်ပြီး စည်းကမ်းရှိတဲ့ ကားရပ်နားစခန်းကလေး မြင်ရတော့ ကျွန်တော်တို့ သူစိမ်းတွေကဖြင့် လိုချင်တာ ရခဲ့ပြီပေါ့လေ။
သို့ပေသိ အဲ့ဒီ ဒေသခံ ကောက်ညှင်းကျည်တောက် သည်တွေ၊ အသုတ်သည်တွေ၊ ဖရဲသီးသည်တွေ၊ အအေးဆိုင်လေးတွေ စသည်စသည်။ သူတို့တွေအတွက်ကော တစ်ခုခု စဉ်းစားပေးကြရင် မကောင်းဘူးလား။
နံပါတ်တစ်- ဒေသခံပဲ ဖြစ်ရမယ်။
နံပါတ်နှစ်-စည်းကမ်းတော့ မရှိမဖြစ် ရှိရမယ်ပေါ့ဗျာ။ သူတို့တွေ ကျန်းမာရေးနဲ့အညီ ဈေးရောင်းနိုင်ဖို့၊ သန့်ရှင်းသပ်ယပ်အောင် ထိန်းသိမ်းဖို့ သင်တန်းတွေ ပေးရမှာက စည်ပင်သာယာရဲ့ အလုပ်ပဲ။
သူတို့ဟာ စည်းကမ်းမရှိလို့ ဈေးမရောင်းရတာ။ စည်းကမ်းရှိလာအောင် လေ့ကျင့်ပေးရမှာ အာဏာပိုင်ရဲ့ အလုပ်။ လေ့ကျင့်ပေးလို့မှ စည်းကမ်းမရှိတဲ့သူကဖြင့် ဖယ်တာတွေ အရေးယူတာတွေ လုပ်ချင် လုပ်ရမပေါ့။ ဒါက တစ်ပိုင်း။
နံပါတ်သုံး-ကားရပ်နားစခန်းလို မဟုတ်ဘဲ အခြား မြေကွက်လပ်၊ အနီးအနားမှာ ဒေသထွက်ကုန်ပစ္စည်းတွေ ရောင်းတဲ့ ဈေးလေးတစ်ခု စည်းကမ်းတကျ ဖွင့်ပေးတာမျိုး။
ဒါက all inclusiveness သဘောလည်း ပါတယ်။
၁၁၅ မိုင်ကို သူစိမ်းတွေက ဖွင့်၊ သူစိမ်းတွေပဲလာ၊ သူစိမ်းတွေပဲ ကောင်းစားပြီး၊ ဒေသခံတွေ ဘာမှ အကျိုးကျေးဇူး မရရင် ၁၁၅ မိုင်ဟာ သူတို့နဲ့ မဆိုင်ဘူးလို့ ထင်လာမယ်။
၁၁၅ မိုင်စခန်းက ရရှိတဲ့ အကျိုးကျေးဇူးကို ခံစားရသူတွေထဲမှာ ဒေသခံတွေပါမှ သူတို့အတွက် အကျိုးရှိပါလားဆိုကာ ဒါကို ၀ိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်တဲ့အထဲ သူတို့ ပါဝင်လာကြမှာ။
အချုပ်ဆိုရရင်
၁၁၅ မိုင်စခန်းက လမ်းဘေးဆိုင်တွေကို တစ်ခုခု စနစ်တကျ ပြန်မစီစဉ်ပေးဘဲ ဖယ်ရှားတယ်ဆိုရင်ဖြင့်
နိုင်ငံရဲ့ အခုသွားနေတယ် ဆိုတဲ့ People-centered Development မူနဲ့ ကွဲလွဲမှု ရှိနေပါလိမ့်မယ်။
သူတို့ ဒေသခံတွေ အတွက်လည်း တစ်ခုခု ပြန်စဉ်းစားပြီး လုပ်ပေးသင့်တယ်လို့ ယူဆမိပါကြောင်း။