Monday, September 30, 2013

"မြန်မာနိုင်ငံခေါင်းဆောင်သည် 'မူဆလင်ဆန့်ကျင်ရေး'ဝါဒဖြန့်ဘုန်းကြီး အရှင်ဝီရသူအား ကာကွယ် ပေးလျက်ရှိ" ဟု BBC မှ စွပ်စွဲ အပုပ်ချ ရေးသား

,
(BBC သတင်းဝက်ဘ်ဆိုက် 24 June 2013 ရက်စွဲပါ ဆောင်းပါးလေးပါ။ မြန်မာစာ ပရိသတ်အတွက် စီစဉ်ပေးလိုက်တာပါ။ ဆက်လက်တင်ပြစရာတွေလည်း ကျန်ပါသေးတယ်။ ဘယ်အရာဟာ ဓမ္မ၊ ဘယ်အရာဟာ အဓမ္မ။ ဘယ်သူဟာ လူကောင်း၊ ဘယ်သူဟာ လူဆိုးဆိုတာ တစ်နေ့မှာ ကမ္ဘာကြီးကပဲ ဆုံးဖြတ်ပေးသွားမှာပါ။ အဲဒီအချိန်ကျရင် BBC လဲ မြောင်းထဲ ရောက်သွားတော့မှာပါ။ BBC ကို ချစ်တဲ့ပရိသတ်ကြီး BBC နွံနစ်မသေအောင် ဆွဲတင် ကယ်ထုတ်ဖို့ ပြင်ဆင်ထားကြပါဦးနော်။)
မြန်မာနိုင်ငံခေါင်းဆောင်သည် “မူဆလင်ဆန့်ကျင်ရေး” ဝါဒဖြန့်ဘုန်းကြီး အရှင်ဝီရသူအား ကာကွယ်ပေးလျက် ရှိ။
၁။ အစုအဖွဲ့လိုက် ဖြစ်ပွားသော အကြမ်းဖက်မှု
၂။ အကြမ်းဖက်မှုနောက်ကွယ်မှ မေးခွန်းထုတ်ဖွယ်အရာ
၃။ အီးယူ၏ မြန်မာနိုင်ငံအပေါ် ဆန့်ကျင်ပိတ်ဆို့မှုများ
၎။ သဘောထားကွဲလွဲခြင်း၊ အခြေအနေများကို တည်ငြိမ်မှု အခြေအနေ ပြန်ရောက်အောင် ဆောင်ရွက် နိုင်ပါ့မလား...?
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် နိုင်ငံအတွင်း၌ မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ဖြစ်ပွားရန် လှုံ့ဆော်အားပေးသူဟု ကမ္ဘာမှ စွပ်စွဲခြင်း ခံနေရသော ဗုဒ္ဓဘာသာ ဘုန်းကြီးအား ခုခံကာကွယ်ပေးခဲ့သည်။
US TIME မဂ္ဂဇင်းသည် ၄င်း၏ ရှေ့ဆုံး မျက်နှာဖုံး စာမျက်နှာတွင် အရှင်ဝီရသူအား “ဗုဒ္ဓဘာသာ အကြမ်းဖက် သူ၏ ပုံရိပ်” ဟူသော ခေါင်းစဉ်အောက်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့သည်။
ထို့ကဲ့သို့ TIME မဂ္ဂဇင်း မဟုတ်မမှန် လုပ်ကြံဖော်ပြခြင်းကြောင့် အရှင်ဝီရသူ၏ နိုင်ငံသားများ ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝရေးအတွက် ကြိုးပမ်းနေမှုလမ်းစဉ်များကို အများပြည်သူလူထုက ယုံကြည်မှုတည်ဆောက်နေ ခြင်းအား ထိခိုက်လျော့ပါးစေနိုင်သည်ဟု ဦးသိန်းစိန်က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
ဝီရသူအနေဖြင့် မူဆလင် ဘာသာဝင်များသည် မြန်မာနိုင်ငံ၏ ယုံကြည်သက်ဝင်ရာ ဘာသာဖြစ်သော ဗုဒ္ဓဘာသာအပေါ်တွင် တစထက်တစ ခြိမ်းခြောက်လာနေသော အန္တရာယ်တစ်ခုဖြစ်သည်ဟု ရှုမြင်ထားသည်။
သမ္မတဝက်ဆိုက်၏ အစီရင်ခံစာတွင် TIME မဂ္ဂဇင်း၏ ဖော်ပြချက်သည် ဗုဒ္ဓဘာသာ ကိုးကွယ်သူများကို အထင် မြင်လွဲမှားမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ဗုဒ္ဓဘာသာဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက တည်ရှိခဲ့သောဘာသာတစ်ခုလည်းဖြစ်ပြီး ကျွနုပ်တို့ မြန်မာနိုင်ငံသားများ၏ အဓိက ကိုးကွယ်ရာ ဘာသာလည်း ဖြစ်သည်ဟု ဖော်ပြထားခဲ့သည်။
ယခုလက်ရှိတွင် အစိုးရအနေဖြင့် နိုင်ငံတွင်းရှိ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာများဖြင့် ပူးပေါင်းဆောင်ရွက်ကာ ဖြစ်ပွားလျက်ရှိသော သဘောထားကွဲလွဲမှု ပဋိပက္ခများ နိုင်ငံတွင်းမှ ပပျောက်အောင် ကြိုးစားလုပ်ဆောင်လျက်ရှိသည်ဟု ၄င်းမှ ထပ်လောင်းပြောကြားခဲ့သည်။
ထို့ပြင် တိုင်းမ်မဂ္ဂဇင်းသည် အရှင်ဝီရသူ၏ မူဝါဒအား ထောက်ခံလက်မှတ်ရေးထိုးသော သူများအား အရေ အတွက် တိုးမြင့်လာခြင်းအပေါ်ကိုလည်း အွန်လိုင်းမှရှုတ်ချ ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။
သက်တော် ၄၅ နှစ်ရှိပြီဖြစ်သော အရှင်ဝီရသူမှာ ၂၀၀၃ ခုနှစ်တွင် နိုင်ငံတွင်း မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုဖြစ်ပွားရန် သွေးထိုးလှုံဆော်မှုဖြင့် အကျဉ်းကျခံခဲ့ရသည်။ သို့သော် လွန်ခဲ့သောနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကာလ တစ်စိတ်တစ်ပိုင်းအရ ပြန်လည်လွတ်မြောက်လာခဲ့သည်။
အရှင်ဝီရသူသည် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်ရှိ ဘာသာခြား၊ လူမျိုးကွဲများအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ဗုဒ္ဓဘာသာဝင်များဘက်မှ ရပ်တည်ကာ ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါအရေးအခင်းတွင် အနည်းဆုံး လူ ၂၀၀ ခန့် သေဆုံးခဲ့ပြီး ထောင်နှင့်ချီသော ပြည်သူများ အိုးမဲ့၊ အိမ်မဲ့ ဖြစ်ခဲ့ရသည်။
ယခုနှစ် အစောပိုင်း မတ်လတွင် မြန်မာပြည် အလယ်ပိုင်း၌ ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာနှင့် မူဆလင် လူမျိုးများ အကြားပဋိပက္ခတွင် လူပေါင်း ၄၀ ခန့် သေဆုံးခဲ့ပြီး အများစုမှာ မူဆလင်များဖြစ်ကြသည်။
အရှင်ဝီရသူ၏ မူဆလင်ဆန့်ကျင်ရေး ခံယူချက်သဘောထားမှာ ဗုဒ္ဓဘာသာဝင်များအကြား ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိသွားခဲ့ပြီး အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့သော မူဆလင်များမှာ ရာနှင့်ချီ၍ အကျဉ်းကျခံထား ရပြီး၊ အလွန်းနည်းပါးသော ဗုဒ္ဓဘာသာလူမျိုးများကိုသာ အရေးယူမှု ပြုလုပ်ခဲ့သည်ဟု ဘန်ကောက်အခြေစိုက် BBC သတင်းဌာနမှ ဂျော်နသန်က ဆိုခဲ့သည်။ မြန်မာပြည်အလယ်ပိုင်း မိတ္ထီလာမြို့တွင် ဗုဒ္ဓဘာသာဝင်နှင့် မူဆလင်ဘာသာဝင်တို့အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လူပေါင်း ၄၀ ကျော်ခန့် သေဆုံးခဲ့ကြောင်း BBC သတင်းဌာန၏ အရှေ့တောင်အာရှဆိုင်ရာ သတင်းထောက် ဂျော်နသန်က ဆိုသည်။
အဆိုပါအရေးအခင်းဖြစ်ပွားခြင်းအပေါ်ကို ပထမဆုံးသုံးသပ်ချက်အမြင်အဖြစ် သဘာဝဘေးအန္တရာယ်ဟု အမည်တပ်ကာ ထွက်ပေါ်လာခဲ့သည်။ တစ်ရပ်ကွက်ထဲနေထိုင်သူများမှ စိတ်တူကိုယ်တူ ပူးပေါင်းကာ အုပ်၊ ဘိလပ်မြေများဖြင့် ဆောက်လုပ်ထားသော အိမ်များကို အကျိုးအပဲ့များဖြစ်အောင် ဖျက်ဆီးကြသည်။ မပြိုပျက်ဘဲ ကျန်ရှိနေသေးသော နံရံများကိုလည်း ဒေါသတကြီး ဖြိုဖျက်ကြသည်။ အထက်ပါအချက်များကို ထောက်ချင့်ခြင်းအားဖြင့် အဆိုပါအဖြစ်အပျက်များမှာ သဘာဝအလျောက် ဖြစ်ပွားရခြင်းမဟုတ်ပဲ လူများမှ ရည်ရွယ်ကာ ဖျက်ဆီးခြင်းဖြစ်သည်ကို သင်တို့သတိထားမိပေလိမ့်မည်။
ယခင်က ဆိုင်နေရာများ၊ မိသားစုများနေထိုင်သော အိမ်များသည် ယခုအခါ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ အဆိုပါနေရာများတွင် အုပ်အကျိုးအပဲ့များ အစားထိုးနေရာယူထားကြပြီး အတိုအစလိုက်လံကောက်ယူသော ကလေးများသာ ဟိုတစ ဒီတစ တွေ့မြင်နေရသည်။
မြို့အလယ်ခေါင်တွင် ဖြစ်ပွားခဲ့သော အဆိုပါ အနိဋ္ဌာရုံမြင်ကွင်းကို ပြည်သူများက မြို့ပြင်မှ ရပ်ကြည့်နေကြ ရသည်။ ထိုအရေးအခင်းတွင် မူဆလင်လူငယ်အနည်းဆုံး ၂၀ ခန့် စတေးခဲ့ရပြီး ၄င်းတို့၏ ဝိညာဉ်မဲ့သော ခန္ဓာများကို ဓာတ်ဆီဖြင့် လောင်းကာ မီးရှို့ထားသည်ကို ပြာမှုန်များထဲ ကြိုးကြား ကြိုးကြားတွေ့မြင် နိုင်ပေသည်။
မိတ္ထီလာမြို့အရေးအခင်းကြောင့် စစ်သားများလာရောက် ထိန်းသိမ်းသဖြင့် အပေါ်ယံကြည့်ပါက အခြေအနေကို ထိန်းသိမ်းနိုင်ပြီဟု ထင်မှတ်ရသည်။ အဘယ်ကြောင့်ဆိုသော် လာရောက်တာဝန်ယူသော အစိုးရတပ်ဖွဲ့များမှာ မျက်မှောက်ခေတ်မြန်မာနိုင်ငံနှင့် အံဝင်ခွင်ကျ ဖြစ်မှုအားနည်းနေသေးသည်ဟု ယူဆရသည်။ ထို့အပြင် သတ်မှတ်ချိန်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအသင်းမှ ဝင်းထိန်ဆိုသူမှာ ၄င်း၏ ယုံကြည်ချက်နှင့် ပတ်သက်လာပါက ပြောရဲ ဆိုရဲ သတ္တိရှိသူတစ်ဦးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအဖွဲ့အပေါ် သစ္စာစောင့်သိမှုကြောင့် ယခင်အစိုးရလက်ထက်တွင် နှစ်ပေါင်း ၂၀ ခန့် အကျဉ်းကျခံရကာ စိတ်ပျက်ဆိုးရွားဖွယ် အခြေအနေကို ရင်ဆိုင်ခဲ့ရသူလည်းဖြစ်သည်။ မိတ္ထီလာအရေးအခင်းတွင် ၄င်းမှာ မျက်မြင်သက်သေတစ်ဦးလည်းဖြစ်သည်။
“ကျွန်တော်ရှေ့မှာ လူငယ် ၈ ယောက် အသတ်ခံရတာကို မြင်ခဲ့ရတယ်။ ဒီလူအုပ်ကြီးကို ရပ်တန့်နိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ အိမ်ပြန်ကြဖို့ တိုက်တွန်းခဲ့ပေမယ့် သူတို့က ပြန်ပြီးခြိမ်းခြောက်ခဲ့တယ်ဗျာ။ အဲဒီအချိန် ရဲတွေက ကျွန်တော်ကို လူအုပ်ထဲကနေ ဆွဲထုတ်သွားတယ်။ ဒီရဲတွေက ဘာမှကို ဝင်မလုပ်ပေးကြဘူး။ ဘာကြောင့်လဲဆိုတာ ကျွန်တော် တကယ်နားမလည်နိုင်တော့ဘူးဗျာ။ သူတို့မှာ အတွေ့အကြုံအားနည်းပြီး လိုအပ်ချက်တွေရှိနေလို့လည်းဖြစ်နိုင်ပါတယ်။ သူတို့ကို အထက်အရာရှိက ဘာအတွက် အမိန့်ပေးထားလဲဆိုတာ သူတို့သေချာနားလည်ပုံမရဘူးထင်တယ်” “တစ်ယောက်အသတ်ခံလိုက် ရတိုင်း ထောင်နဲ့ချီတဲ့ လူအုပ်ကြီးက သြဘာပေးပြီး အောင်ပွဲခံနေကြတယ်။ ပြီးတော့ ဒီမူဆလင်တွေ ငါတို့ဘုန်း ကြီးကို မနေ့က သတ်သွားတယ် ငါတို့လည်း သူတို့ကို ပြန်သတ်ကိုသတ်ရမယ်ဆိုပြီး အော်ဟစ်နေကြ တယ်လေ။ အဲဒီလိုသြဘာပေး အော်ဟစ်နေတဲ့လူတွေထဲမှာ မိန်းမတွေ၊ ဘုန်းကြီးတွေ၊ လူငယ်တွေလည်း ပါတယ်။ ကျွန်တော်လေ စက်ဆုပ်ရွံရှာမိပြီး အလွန်ပဲရှက်မိပါတယ်ဗျာ” ဟု ပြောကြားသွားခဲ့သည်။
မိတ္ထီလာမြို့ လူဦးရေ၏ ၃၀% ရာခိုင်နှုန်းလောက်က မူဆလင်တွေဖြစ်ပြီး သူတို့၏ စီးပွားရေးအခြေအနေက တောင့်တင်းခိုင်မာကြသည်။ ဆိုင်ပိုင်တွေ အိမ်ပိုင်တွေများစွာရှိကြတယ်။ သို့သော် ယခု အဖြစ်အပျက်များ ဖြစ်ပွားပြီးနောက်မှာတော့ သူတို့ကို ကျွဲမောင်းသကဲ့သို့ ယာယီဒုက္ခသည်စခန်းထဲကို မောင်းသွင်းခံလိုက်ရသည်။ ထို့နောက် စခန်းမှာ အစောင့်အကြပ်တွေနှင့် တင်းကျပ်ထားတယ်ဟု သိရသည်။
ထိုဒုက္ခသည်များကို အဆင်ပြေနိုင်မည့် နေရာများသို့ ပြန်လည်နေရာချထားပေးနိုင်ရန် ကျွန်တော်တို့ ကြိုးပမ်းအားထုတ်မှုများလည်း မတင်မကျနဲ့ ပယ်ချခံလိုက်ရပါသည်။ နိုင်ငံတကာမှ အထောက်အကူ ဆေးဝါးများရောက်ရှိလာပြီးဖြစ်သော်လည်း ဒုက္ခသည်စခန်းမှာ ညစ်ပေစုတ်ချာ၍ နံစော်လျက်ရှိပြီး ယုတ်စွအဆုံး မိလ္လာရေဆိုးစနစ်ပင် မရှိကြောင်း တွေ့ရှိရသည်။
(အင်္ဂလိပ်စာမူကို မူရင်းလင့်ခ်နှင့်အတူ ပူးတွဲတင်ပြပါသည်။)
24 June 2013 Last updated at 12:30 GMT
Burmese leader defends 'anti Muslim' monk Ashin Wirathu
Ashin Wirathu is known for his anti-Muslim sentiments
Burma's Transition
• Q&A: Communal violence
• What's behind violence?
• EU lifts sanctions against Burma
• Will opposition adapt?
Burmese President Thein Sein has defended a Buddhist monk accused of fomenting a wave of anti-Muslim violence in the country.
US Time magazine currently has Ashin Wirathu on its front cover under the title "The face of Buddhist terror".
Thein Sein said the report undermined efforts to rebuild trust between faiths and that the monk's order was striving for peace and prosperity.
The monk has called Muslims a scourge threatening Burma's Buddhist character.
A statement on the president's website said the Time magazine report "creates a misunderstanding of Buddhism, which has existed for thousands of years and is the religion of the majority of our citizens".
"The government is currently striving with religious leaders, political parties, media and the people to rid Myanmar [Burma] of unwanted conflicts," it added.
The report was also condemned online, with a petition started over the weekend gaining close to 40,000 signatories on Monday.
Ashin Wirathu, 45, was jailed in 2003 for inciting anti-Muslim violence but was released last year as part of a prisoner amnesty.
He organised protests in support of Buddhists in Rakhine state, where violence broke out in 2012 and left at least 200 people dead and thousands displaced.
Earlier this year, central Burma saw violence between Buddhists and Muslims, which left more than 40 people dead, most of them Muslims, in March.
Ashin Wirathu's anti-Muslim sentiments are very widely shared by the Buddhist majority, and while the authorities have jailed hundreds of Muslims for involvement in the violence, very few Buddhists have been prosecuted, says the BBC's Jonathan Head in Bangkok.
4 April 2013 Last updated at 09:41 GMT
What is behind Burma's wave of religious violence?
Jonathan Head: "20 boys from a Muslim school were cut down and burned on the spot"
Last month more than 40 people died in violence between Buddhists and Muslims in the central Burmese town of Meiktila. The BBC's South East Asia correspondent Jonathan Head looks at the causes of the violence.
At first sight it appears that Meiktila has been hit by a natural disaster. Entire neighbourhoods have been levelled, homes of brick and cement smashed to rubble.
Then you notice holes pounded into the walls that are still standing, clearly made by human hands. It was anger, not nature, that wreaked this destruction.
The families and shop-owners that occupied these buildings have disappeared. The only people are the scavengers, salvaging anything of value left in the ruins.
A Muslim community that dates back many generations has been wiped out.
After Muslim neighbourhoods were levelled, only scavengers could be seen at the site of the destruction
Just outside the town centre people stop to look at a blackened patch of ground. This is where at least 20 Muslim boys were taken, from a madrassa, and hacked to death, their bodies soaked in petrol and set alight. Fragments of charred bones still lie in the ashes, beside discarded shoes.
On the surface Meiktila seems calm and orderly. Soldiers, who are supposed to be less visible in the new Burma, are back on the streets. A night-time curfew is being enforced.
But the events in March have shaken Meiktila's member of parliament.
Win Htein MP, National League for Democracy
Win Htein is a man of proven courage, who spent 20 years in appalling conditions in prison because of his loyalty to Aung San Suu Kyi and the National League for Democracy. The former army captain has seen plenty of violence, but he still shakes his head in disbelief at what he witnessed last month.
"I saw eight boys killed in front of me. I tried to stop the crowd, I told them to go home. But they threatened me, and the police pulled me away.
"The police did not do anything - I don't know why. Perhaps because they lack experience, perhaps because they did not know what orders to give.
"On the bank thousands of people were cheering. When someone was killed, they cheered. And they were shouting 'they killed our monk yesterday, we must kill them'. There were women, monks, young people. I feel disgusted - and ashamed."
At least 12,000 Muslims are thought to have fled their homes because of the unrest
Around 30% of Meiktila's population is Muslim. They were prominent in its commercial life, owning many of the shops.
Now most of them have been herded into rudimentary camps, where they are tightly guarded by armed police.
Our attempts to enter and speak to the displaced people were politely rejected. We could see aid being delivered - international agencies are already visiting - but conditions seemed squalid, with almost no sanitation.
http://www.bbc.co.uk/news/world-asia-23027492
http://www.bbc.co.uk/news/world-asia-22023830
Wira Thu

0 comments to “"မြန်မာနိုင်ငံခေါင်းဆောင်သည် 'မူဆလင်ဆန့်ကျင်ရေး'ဝါဒဖြန့်ဘုန်းကြီး အရှင်ဝီရသူအား ကာကွယ် ပေးလျက်ရှိ" ဟု BBC မှ စွပ်စွဲ အပုပ်ချ ရေးသား”

Post a Comment