Monday, September 30, 2013

ထန်းတပင်မြို့နယ်တွင် လူသတ်မှုဖြစ်

,

  (အမေကို သတ်တဲ့သား) 

၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန် ထန်းတပင်မြို့နယ်၊စန္ဒယော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးသည် စန္ဒယော်ကျေးရွာနေဒေါ်ထွေးကြည်(ခ)ဒေါ်မိုး မှာနေအိမ်တွင် ဓါးဒဏ်ရာများဖြင့်
သေဆုံးနေကြောင်း သတင်းကြားသဖြင့် သွားရောက်ကြည့်ရှုရာဒေါ်ထွေးကြည်(ခ)ဒေါ်မိုးတွင် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ညှိုးပြတ်၊ ၀ဲကျောကုန်းထိုးသွင်းဒဏ်ရာ၊၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၃)ချက်၊၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်တို့ဖြင့် 
 သေဆုံးနေသည်ကိုတွေ့ရှိရပြီး အနီးတွင် ရဲတင်း(၁)လက်၊ အရိုးအသွား(၆)လက်မခန့်ရှိဝါးရိုးတပ် မီးဖိုချောင်သုံးဓါးအကျိုး(၁)ချောင်းတို့အား တွေ့ရှိခဲ့ရပါသည်။

ဖြစ်စဉ်အား စုံစမ်းမေးမြန်းရာ အခင်းဖြစ်အိမ်ခေါင်းရင်းဘက် (၂၅)ပေခန့်အကွာနေ ဦးသစ်လွင်၏ ပြောပြချက်အရ ၀၃၃၀ အချိန် ခန့်တွင် သေဆုံးသူနှင့်အတူနေသားဖြစ်သူ တင်ထွန်းဝင်းတို့ စကားများကြကြောင်း၊ သေဆုံးသူမှ တင်ထွန်းဝင်း ငါ့ကိုမလုပ်နဲ့ ငါပေးမယ်ဟုပြောဆိုသံကြားရကြောင်းတို့ကို သိရှိရသဖြင့်ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးကို သတ်ခဲ့သူ တင်ထွန်းဝင်းအားအရေးယူပေးပါရန် ဦးကျော်မင်းစိုးမှ တိုင်တန်းခဲ့၍ တက်သစ်နယ်မြေရဲစခန်း(ပ)၉၆/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

0 comments to “ထန်းတပင်မြို့နယ်တွင် လူသတ်မှုဖြစ်”

Post a Comment