Showing posts with label အနုပညာ သတင်း. Show all posts
Showing posts with label အနုပညာ သတင်း. Show all posts

Tuesday, November 19, 2013

ထွန်းအိန္ဒြာဗို ကားရိုက် ဘာကြောင့် နားရတယ်

,

 
ထွန်းအိန္ဒြာဗို, ရုပ်ရှင်, ဂီတ
အကယ်ဒမီ ထွန်းအိန္ဒြာဗိုကို ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင်တဦးအဖြစ် ဤသို့ တွေ့ရသည် (ဓာတ်ပုံ – ဗိုလ်ချုပ်ရုပ်ရှင်အဖွဲ့ရဲ့ facebook စာမျက်နှာမှ)
အခုတလောမှာ အကယ်ဒမီ မင်းသမီး ထွန်းအိန္ဒြာဗိုတယောက် ရုပ်ရှင်ဇာတ်ကားတွေ မရိုက်တော့ဘူး ဆိုတဲ့ အသံတွေ ထွက်ပေါ်နေပါတယ်။ တကယ်လည်း သူ ရုပ်ရှင်ရိုက် နားထားတာ ၆ လလောက်ကျော်ပြီလို့ သိရပါတယ်။
ဒါပေမယ့် ထွန်းအိန္ဒြာဗိုကတော့ ရုပ်ရှင်လုံးဝ မရိုက်တော့တာ မဟုတ်ဘူး၊ သူနဲ့ သင့်လျော်တဲ့ ဇာတ်ရုပ်မတွေ့သေးလို့သာ မရိုက်တာပါလို့ ဧရာဝတီကို ပြောပါတယ်။
“ကျမက အပျိုကြီး၊ အဒေါ်၊ အစ်မ၊ ယောက္ခမ ဆိုတဲ့ ဇာတ်ရုပ်တွေကိုပဲ သရုပ်ဆောင် နေရတော့တာ။ မင်းသား သရုပ်ဆောင်သာ လွဲသွားတာ ကျမ ရိုက်ရတာ ဒါပဲ ဖြစ်နေတော့ ကိုယ်တိုင်ကကို မရိုက်ချင်တော့ဘူး။ အဲဒီလိုပဲ ကျမ အသက်အရွယ်နဲ့ အပြင် ကာရိုက်တာနဲ့ တကယ်ကိုက်ညီတဲ့ ဇာတ်ရုပ်မျိုး လာရင်ရိုက်မယ်၊ မလာရင် မရိုက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာ။ ကျမ အလုပ်က နားလား၊ မနားဘူးလားမေးရင်၊ ကျမစိတ်ကြိုက်ကား လာရင် ရိုက်မယ်၊ မလာရင် မရိုက်ဘူးပဲ။ အခုအထိ မလာတဲ့ အတွက် ရိုက်ကိုမရိုက်တာ ခြောက်လကျော်ပြီ” လို့ သူက ဆိုပါတယ်။
အသက် ၄၇ နှစ်ရှိပြီ ဖြစ်တဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုဟာ သူ့အသက်အရွယ်နဲ့ နေ့စဉ် ရှုတင်သွားနေရတာလည်း သိပ် သဘာဝမကျတော့ဘူးလို့ ခံစားလာရကြောင်း ပြောပါတယ်။
“ကျမ မိသားစုနဲ့ သားလေးကိုလည်း အချိန်ပေးစရာတွေ၊ ကိစ္စတွေရှိတယ်” လို့လည်း ထွန်းအိန္ဒြာဗိုက ဆိုပါတယ်။
သူ့အနေနဲ့ ကိုယ်တိုင် ဇာတ်ကားထုတ်လုပ် ရိုက်ကူးဖို့ အစီအစဉ် မရှိပေမယ့်လည်း အနုပညာ အလုပ်ကို အဆက်အသွယ် မဖြတ်ကြောင်း၊ ၀ါသနာပါတဲ့ အနုပညာအလုပ်တွေမှာ ဇာတ်လမ်းကောင်းတွေ လာငှားရင် ရိုက်မယ် ဆိုတဲ့အကြောင်း ဆက်ပြောပါတယ်။
“ကိုယ့်ဘာသာကိုယ်တော့ ဇာတ်လမ်းကို လိုက်ရှာ မနေပါဘူး” လို့ သူက ဆိုပါတယ်။ သရုပ်ဆောင် အလုပ်ကို ဇာတ်ရုပ်ကောင်းကောင်း တွေ့မှ လုပ်မယ်ဆိုတဲ့ ထွန်းအိန္ဒြာဗိုဟာ ဂီတအတွက် တကိုယ်တော် အခွေ ထွက်နိုင်ဖို့တော့ ကြိုးစားနေတယ်လို့ သိရပါတယ်။
“အခွေ ထွက်ဖို့က လုပ်နေတာတော့ ကြာပြီ။ အရင်ရွေးထားတဲ့ သီချင်းတွေကို အခု မကြိုက်တော့ဘူး။ ပထမကတော့ ကိုယ်ပိုင် သံစဉ်တွေချည်းပဲ လုပ်ဖို့ ရည်ရွယ်ထားတာ။ ရွေးချယ်တဲ့နေရာမှာ ကျမ အသံနဲ့ မကိုက်တာတွေ တွေ့ရတော့ ရွေးရတာ ဘောင်ကျဉ်းသွားတယ်။ ဒါကြောင့် အခွေထွက်ရင်တော့ ကော်ပီတွေလည်း ပါရင်ပါမယ်၊ စီးရီး ခေါင်းစဉ်တော့ မပေးရသေးဘူး။ ၁၁ ပုဒ်လောက် ပါမယ်။ အရင်က ကျွန်မဆိုနေကျ Pop ပုံစံတွေပါပဲ” လို့ ထွန်းအိန္ဒြာဗိုက ဆိုပါတယ်။
အရင်နှစ်က အကယ်ဒမီပေးပွဲမှာ ကော်ပီဇာတ်ကား တကား အကယ်ဒီ မရခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဧရာဝတီက မေးမြန်းရာမှာ သူက “သရုပ်ဆောင်ကတော့ ကော်ပီကို သရုပ်ဆောင်ရင် သူဘယ်လောက် တူအောင်လုပ်နိုင်လဲ၊ တူအောင် လုပ်နိုင်ပြီး ပရိသတ်ကို ဖမ်းစားနိုင်ရင် ပေးသင့်ပါတယ်။ ကော်ပီကားကြီးကို ဇာတ်ကားဆု ပေးတာတော့ မဖြစ်သင့်ဘူးပေါ့။ဒီနှစ် အကယ်ဒမီပေးပွဲမှာ ကျမ ကားတွေတော့ ပါပါတယ်။ အကယ်ဒမီ ရလောက်မှာတော့ မဟုတ်တဲ့အတွက် သက်သက် သွားအားပေးမှာပါ” လို့ ဖြေပါတယ်။
အကယ်ဒမီ ထွန်းအိန္ဒြာဗိုက လက်ရှိ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးရဲ့ အဖွဲ့ဝင်နေရာမှာ ပါဝင်နေပေမယ့်လည်း ဆက်လုပ်ဖို့ ဆန္ဒ မရှိတော့တဲ့အတွက် ထွက်စာတင်ဖို့ ဆုံးဖြတ်ထားတယ် လို့လည်း သိရတယ်။
“ကျမထက် သိတဲ့တတ်တဲ့ သူတွေ အများကြီး ရှိတဲ့အတွက် ကျမ နေရာမှာ တခြားသူ တယောက် အစားထည့်လိုက်ရင် ပိုကောင်းမယ်လို့ တွေးမိတယ်။ ကျမက ဘာမှ သိပ်မကျွမ်းကျင် ဘူးလေ။ အစည်းအဝေးတွေ သွားရင် ကိုယ့်နေရာက အလကား ဖြစ်နေတယ်လို့ ခံစားရတယ်။ အခုတော့ ထွက်စာတင်ဖို့ ဆုံးဖြတ်ထားတယ်။ အခုတော့ အစည်းအဝေး မတက်ချင်လို့ ရှောင်နေတယ်။ နောက်ပိုင်းလည်း သူတို့ ကျမကို ထုတ်မှာပါ” လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။
အခု လက်ရှိ အချိန်မှာ အကယ်ဒမီ ထွန်းအိန္ဒြာဗိုဟာ မိသားစုနဲ့ သားငယ်အတွက် အချိန်ပိုပေးရင်း အင်္ဂလိပ်စာကို ပိုလေ့လာ ဖြစ်နေပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေး အဖွဲ့မှာ အဖွဲ့ဝင်တဦး အဖြစ် ပါဝင်လုပ်ကိုင် ပေးနေတဲ့ သူက “အဲဒီ အဖွဲ့မှာလည်း ကျမက တောက်တိုမယ်ရပါ” လို့ ဧရာဝတီကို ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကတော့ အခုအချိန်မှာ ဇာတ်ညွှန်းကိစ္စ အားလုံး ပြီးစီးသွားပြီ ဖြစ်ပြီး ရိုက်ကူးဖို့အတွက် နိုင်ငံခြား ဒါရိုက်တာ တယောက်ကို ရှာနေပြီ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း နေရာမှာ သရုပ်ဆောင်မယ့် သူ၊ ဒေါ်ခင်ကြည် နေရာမှာ သရုပ်ဆောင်မယ့် သူတွေကို ရွေးချယ်ပြီး လိုအပ်တဲ့ သင်တန်းတွေ တက်ခိုင်းထားပေမယ့် နိုင်ငံခြားသား ဒါရိုက်တာ ရလာခဲ့ရင် သူတို့ စိတ်ကြိုက် ဖြစ်မဖြစ်ကိုတော့ မပြောတတ်သေးဘူးလို့ ထွန်းအိန္ဒြာဗိုက ဆိုပါတယ်။
“နိုင်ငံတကာ အဆင့်အထိ မှန်းထားတဲ့အတွက် နိုင်ငံခြား ဒါရိုက်တာနဲ့ ရိုက်မှာပါ။ ကျမတို့က တခြား ဘာကိစ္စမှ ဝင်မစွက်ဖက် ပေမယ့်၊ မြန်မာ့ အမြင်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ လွဲချော်နေတာတွေ ပါလာရင်၊ တွေ့ရရင်တော့ ကျမတို့က ဝင်ပြောမှာပါ” လို့ ထွန်းအိန္ဒြာဗိုက ရှင်းပြပါတယ်။

Read more →

ဆေးလိပ်ဖြတ်ချင် သူများအတွက် စီးကရက်ဆိုင် ဖွင့်မည်ဟု မင်းသမီး ဆုပန်ထွာကပြော

,

ဆေးလိပ်ဖြတ်ချင်သူများအတွက် အီလက်ထရောနစ်စီးကရက်ဆိုင်ကို ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်ဟု မင်းသမီး ဆုပန်ထွာက မဇ္ဈိမသို့ ပြောကြားလိုက်သည်။ ယင်းဆိုင်နာမည်ကို "Vape city" ဟု အမည်ပေး ထားပြီး အမေရိကန်နိုင်ငံမှ ကုမ္ပဏီ၏ထုတ်ကုန်ပစ္စည်းကို အသုံးပြုသွားမည်ဖြစ်သည်။
“ဒီဆေးလိပ်က ဆေးလိပ်စွဲနေသူတွေအတွက် အများကြီးထိရောက်မှုရှိပါတယ်။ နောက်ပြီး ဖွာနေရင်လည်း အငွေ့ထွက်ရင်ဘေးနားကလူတွေအတွက်ရော၊ ကလေးတွေအတွက်ရော ထိခိုက်မှုမရှိပါဘူး။အဲယားကွန်း ခန်းမှာလည်းသောက်လို့ရပါတယ်။ ဆေးလိပ်ပြာလည်း ခြွေစရာမလိုပါဘူး။ နီကိုဒင်းလည်းမပါတော့ ထိခိုက်မှုမရှိပါဘူး၊ မီးခြစ်လည်း မလိုပါဘူး”ဟု မင်းသမီး ဆုပန်ထွာက ပြောကြားသည်။
ယင်းဆေးလိပ်သည် အမျိုးသားရော၊ အမျိုးသမီးများပါအသုံးပြုနိုင်ပြီး ဘက်ထရီအားထည့်သွင်းကာ သုံးစွဲ ရမည့် စီးကရက်ဖြစ်သည်။
ယင်းအီလက်ထရောနစ်စီးကရက်ဆိုင်ကို မြရိပ်ညိုရှိsport bar ဘေးတွင်ဖွင့်လှစ်ရန် ရည်ရွယ်ထားပြီး ယခုအခါတွင် C/112၊ ရွှေနှင်းဆီကန်လမ်း၊ ကိုးမိုင်၊ မရမ်းကုန်းတွင် ၎င်းထုတ်ကုန်ပစ္စည်းများကို ရောင်းချ လျက်ရှိသည်။
ဘုန်းနေလ(ဒဂုံတက္ကသိုလ်)
By Mizzima
Read more →

Wednesday, November 6, 2013

အနူပညာ နဲ့ နိုင်ငံရေး တွဲလုပ်ချင်တယ်ဆိုတဲ့ ကြည်ဖြူသျှင်

,


 ကြည်ဖြူသျှင်, အမျိုးသမီး, လွှတ်တော်အမတ်, နိုင်ငံရေး
“နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ တွေ့ရတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင် (ဓာတ်ပုံ – ဧရာဝတီ)
လက်တင်အမေရိက၊ ဥရောပ၊ အာရှနိုင်ငံတွေက အမျိုးသမီးလွှတ်တော် အမတ်တွေကော၊ မြန်မာပြည်က အမျိုးသမီး လွှတ်တော်အမတ်တွေပါ ခန်းလုံးပြည့် ပျားပန်းခတ် လှုပ်ရှား သွားလာနေတဲ့ ခန်းမကြီးထဲမှာ လွှတ်တော်အမတ် မဟုတ်တဲ့ ခပ်ရိုးရိုး အပြင်အဆင်နဲ့ အမျိုးသမီးတဦး ငြိမ်ငြိမ်လေး ထိုင်နေပါတယ်။ သူ့လည်ပင်းမှာတော့ ဒီအခမ်းအနားကို တက်ခွင့် ရထားသူ တဦးအဖြစ် သိသာစေတဲ့ ကတ်ကလေးကို ချိတ်ဆွဲထားတာ တွေ့ရတယ်။
ခပ်ရိုးရိုး အပြင်အဆင်လို့ ဆိုရတာက မြန်မာအမျိုးသမီး လွှတ်တော် အမတ် အများစု ဆင်ယင်ထားပုံနဲ့ ကွဲလွဲနေလို့ ဖြစ်ပါတယ်။ ပုဝါတွေ၊ ဆံထုံးတွေ၊ ပန်းတွေမပါတဲ့ သူ့ပုံစံ၊ မျက်နှာမှာ အချယ်အသ ကင်းမဲ့တဲ့ သူ့ပုံစံက ကျန်တဲ့ အမျိုးသမီး တွေနဲ့ ကွဲထွက်နေပါတယ်။
သူကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလက နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ ကျင်းပခဲ့တဲ့ “နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တရပ်ကို တက်ရောက်လာသူ၊ ကွယ်လွန်သူ ပန်းချီဆရာကြီး ဝသုန်အကြောင်း ရိုက်ကူးထားတဲ့ “ဝသုန်ကောက်ကြောင်း” မှတ်တမ်း ရုပ်ရှင် ဇာတ်လမ်းတိုနဲ့ လူသိများသူ၊ ဇာတ်ကားကြီးပေါင်းများစွာ၊ ဗီဒီယို ကားပေါင်းများစွာကို ရိုက်ကူးနေသူ ဒါရိုက်တာ ကြည်ဖြူသျှင်ပဲ ဖြစ်ပါတယ်။ ဝသုန်ကောက်ကြောင်းဟာ ၂၀၀၈ ခုနှစ်က နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဇာတ်လမ်းတိုဆု ရရှိခဲ့ပါတယ်။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် တယောက်လည်း ဖြစ်နေပါ သေးတယ်။
လွတ်လပ်မှုကို မြတ်နိုးတဲ့ အနုပညာသမား တဦးအနေနဲ့ ကြည်ဖြူသျှင်ဟာ ပါတီနိုင်ငံရေးထဲမှာ ဘယ်လောက်အထိ ပါဝင် ပတ်သက်နိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း အဲဒီ ဆွေးနွေးပွဲ အခမ်းအနားဖွင့်ပွဲမှာ မိန့်ခွန်းပြောကြားရင်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အချိန်ကျရင် NLD ပါတီထဲမှာ အမျိုးသမီးတွေ ဒီထက်ပိုပြီး ဝင်ရောက် အရွေးကောက်ခံဖြစ်လိမ့်မယ် ဆိုတဲ့ စကားကိုလည်း ထည့်သွင်းပြောကြားခဲ့တော့ ဘယ်လို အမျိုးသမီးတွေကို ပါတီဝင်အဖြစ် စည်းရုံးထားပြီး လေ့ကျင့်မှုတွေ ရှိနေသလဲ ဆိုတာကလည်း မေးစရာ ရှိနေပါတယ်။ ဒီအထဲမှာ ကြည်ဖြူသျှင်ကော တယောက် အပါအဝင် ဖြစ်နိုင်မလား။
“ကျမ တာဝန်ကျရာ နေရာမှာ အကောင်းဆုံး ဖြစ်အောင် လုပ်ပေး သွားမှာပဲ။ ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ခြင်း၊ မမျှော်လင့်ခြင်း ဆိုတာလည်း မရှိဘူး။ အဓိက ကျမရဲ့ Target ကတော့ ၂၀၁၅ မှာ ဖြစ်လာမယ့် အမတ်လောင်းတွေ အတွက် ကျမ ဘယ်လို ပံ့ပိုးပေးရမလဲ ဆိုတာ စဉ်းစား ပြင်ဆင်နေပါပြီ” လို့ ကြည်ဖြူသျှင်က ဧရာဝတီကို ပြောပါတယ်။
ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ အရင်ကတော့ ပါတီနိုင်ငံရေးကို စိတ်မဝင်စားခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဖခင်ဟာ တက္ကသိုလ် ကျောင်းသား ဘဝကတည်းက နိုင်ငံရေးလုပ်ခဲ့သူ၊ အိမ်ထောင်ကျပြီး နောက်မှာ ထောင်ကျခဲ့သူ၊ နောက်ပိုင်း အဖမ်းအဆီးတွေ များလာတာကြောင့် နိုင်ငံရေးကို ပေါ်ပေါ်ထင်ထင် မလုပ်တော့ ပေမယ့် နိုင်ငံရေးသမားတွေနဲ့ ဆက်သွယ်ပြီး အိမ်မှာ နိုင်ငံရေးစကားတွေ အမြဲ ပြောနေလေ့ရှိသူ ဖြစ်တဲ့အတွက် ဖခင်ရဲ့ သွေးက ကြည်ဖြူသျှင်ရဲ့ ကိုယ်ခန္ဓာထဲမှာ စီးဆင်းနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
“အမှန်အတိုင်း ပြောရရင် ကျမ ပါတီနိုင်ငံရေးကို စိတ်မ၀င်စားဘူး။ ဒါပေမယ့် နိုင်ငံရေး သမားတွေကို ချစ်တယ်၊ လေးစားတယ်၊ ကူလည်း ကူညီချင်ပေးတယ်။ ဘာကြောင့်လဲ၊ ကျမ အဖေကိုယ်တိုင်လည်း နိုင်ငံရေးသမား ဖြစ်ခဲ့လို့၊ အဖေ့ရဲ့ ဒီမျိုးဗီဇက ကျမမှာ ပါလာတယ်” လို့ သူက ဆိုပါတယ်။
ကြည်ဖြူသျှင်ဟာ ဒါရိုက်တာ တယောက် အနေနဲ့ ရပ်တည်ခဲ့ပေမယ့် အခုလို အထိုက်အလျောက် ပွင့်လင်းလာတဲ့ အချိန်မှာ တတ်နိုင်သမျှ နိုင်ငံရေး အ၀န်းအ၀ိုင်းထဲ ၀င်ပြီး နိုင်ငံရေးသမားတွေကို အကူအညီ ပေးတယ်၊ အဲဒီလို အကူအညီ ပေးခဲ့ရာကနေ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပါတီထဲ ဝင်ဖို့ ပြောလာတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့စိတ်၊ ချစ်တဲ့စိတ်နဲ့ NLD ပါတီထဲ ဝင်ဖြစ်ခဲ့တာလို့ သိရတယ်။
“နောက်တခုက အမေစု (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ စကားတခွန်းပေါ့လေ၊ ဘာလဲ ဆိုရင်  ကိုယ့်တိုင်းပြည် အတွက်၊ ကိုယ့်အတွက် … သမီး ဒီအချိန်မှာ အပင်ပန်းခံရမယ်၊ သမီး အရမ်းအလုပ်များတာ အမေသိတယ်၊ ဒါပေမယ့် တတ်နိုင်သမျှ သမီး ၀င်ပါပါလို့ဆိုတော့ အဲဒီစကား ကြောင့် ကျမ ၀င်ပါဖြစ်တယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
သူ့အနေနဲ့ ပါတီနိုင်ငံရေးကို စိတ်မဝင်စားခဲ့ဘူး ဆိုတာကတော့ သူဟာ အနုပညာသမားတဦး ဖြစ်တဲ့အတွက် လွတ်လပ်မှုကို မြတ်နိုးပြီး လွတ်လွတ်လပ်လပ် နေတတ်လို့၊ ပြီးတော့ ပါတီတခုထဲကို ဝင်လိုက်တာနဲ့ အဲဒီပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ချမှတ်ထားတဲ့ မူဘောင်တွေနဲ့ သူ ကိုက်ညီမှု ရှိပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
“ဒါပေမယ့် တကယ်တမ်း ပါတီထဲ ၀င်လိုက်တဲ့ အခါမှာတော့ ကျမ ထင်သလို မဟုတ်ဘူး။ ကျမတို့ လွတ်လပ်စွာ ပြောလို့ ရတယ်၊ ညှိလို့ရတယ်၊ ပြောရမယ်ဆိုရင် ပါတီတွင်းမှာ ဒီမိုကရေစီ ဆိုတဲ့ လွတ်လပ်မှု၊ ကိုယ့်ရဲ့ အမြင်ကို လွတ်လပ်စွာ ဆွေးနွေးခွင့် အပြည့်အ၀ ရတယ်။ အခုအချိန်မှာတော့ ကျမ အနေနဲ့ ပါတီနိုင်ငံရေးကို နှစ်သက်သွားပြီ၊ သဘောကျသွားပြီ၊ နေသားကျသွားပြီ ပေါ့နော်” လို့ သူက ပြောပြပါတယ်။
သူ့ဝါသနာ ဖြစ်တဲ့ ဒါရိုက်တာ အလုပ်ကို မစွန့်လွှတ်ရဘူး၊ အမတ်လောင်းအဖြစ် ရွေးချယ်ခံဖို့ တာဝန်ပေးခြင်းလည်း ခံရမယ် ဆိုရင်တော့ ကြည်ဖြူသျှင်ဟာလည်း ၂၀၁၅ မှာ အရွေးချယ်ခံမယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်း တယောက် ဖြစ်လာနိုင်ပါတယ်။
“ကျမ ကတော့ နိုင်ငံရေး ဆိုတာ ကံတရားနဲ့ ဆိုင်တယ်၊ ဘယ်အလုပ်ဖြစ်ဖြစ်ပဲ ပေါ့လေ။ ကျမ ကိုယ့်ကိုယ်ကိုယ် မျှော်လင့် မထားဘူး။ ဒီလို ပါတီထဲ ရောက်သွားလိမ့်မယ်၊  ကျမ လုပ်နိုင်မယ်လည်း ထင်မထားဘူး။ ဒါပေမယ့် ကျမ လုပ်နိုင် လာတယ်။ ၂၀၁၅ အတွက် အမေစုရဲ့ ဘက်ကရော၊ ပါတီတွင်းက လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ရောပေါ့၊ ဘယ်လို စံနှုန်းတွေနဲ့ ပါတီ အမတ်လောင်း တွေကို ဘယ်လို ရွေးချယ်မလဲ၊ … ကျမသည်လည်း ဘယ်နေရာမှာ လုပ်ဆောင်ရမယ် ဆိုတာ မသိနိုင်ပါဘူး” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။
မြန်မာပြည်မှာ အမျိုးသားအမျိုးသမီး ခွဲခြားဆက်ဆံမှု ရှိနေတုန်းပဲလို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက ပြောကြ သလို၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အမျိုးသမီး၊ အမျိုးသား ခွဲခြားမှု ရှိနေသေးတယ်၊ တန်းတူညီမျှမှု မရှိဘူးလို့ အဲဒီ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒါရိုက်တာ ကြည်ဖြူသျှင်ကတော့ အဲဒီလို မထင်ပါဘူး။
“ကျမ ထင်တာကတော့ အစိုးရဌာနပိုင်း ဆိုင်ရာတွေမှာ ခွဲခြားမှု ပိုများမယ် ထင်တယ်။ အပြင်မှာတော့ အရည်အချင်းအပေါ် မူတည်ပါလိမ့်မယ်” လို့ ပြောပါတယ်။
သူကိုယ်တိုင်လည်း NLD ပါတီထဲဝင်ရောက် လုပ်ကိုင်တဲ့ အချိန်မှာ သူ့ထက် အသက်ကော၊ အတွေ့အကြုံပါ အများကြီး ကြီးရင့်သူ ယောက်ျား အများစုနဲ့ ရင်ဘောင်တန်းပြီး ကျရာတာဝန်ကို ထမ်းဆောင်ရာမှာ တာဝန်တွေက ကြီးလေးပေမယ့် အခက်အခဲ တစုံတရာ မရှိဘူးလို့ ဆိုပါတယ်။
“ဗဟိုကော်မတီဝင် အမျိုးသားကြီးတွေနဲ့ အတူ အလုပ်လုပ်ရတဲ့အခါ ကျမတို့အဖွဲ့တာဝန်ယူရတဲ့ အပိုင်းမှာ ကျမရဲ့ အကြံပေးချက်၊ စဉ်းစားချက်တွေကို လက်ခံစဉ်းစားပေးတာ တွေ့ရတယ်။ အမျိုးသမီးဆိုပြီး ခွဲခြားတာမျိုး မရှိပါဘူး” လို့ သူက ဆက်ပြောတယ်။
မြန်မာပြည်မှာ အမျိုးသမီး ဒါရိုက်တာတွေ ဘာကြောင့် အရမ်း နည်းနေသေးတာလဲ ဆိုတဲ့ ဧရာဝတီက မေးခွန်းကိုတော့ သူက အမျိုးသားတွေ အများစု ရှိတဲ့ ရိုက်ကွင်းထဲမှာ အမျိုးသမီး တယောက် အနေနဲ့ ဝင်တိုးဖို့ဆိုတာ တော်ရုံသတ္တိနဲ့ မလွယ်တာ ကြောင့် ဖြစ်မယ်လို့ ဖြေပါတယ်။
“နိုင်ငံတကာမှာတော့ ဒါရိုက်တာ တယောက်အတွက် ပြည့်ဝကျွမ်းကျင်တဲ့ လေ့ကျင့် သင်ကြားပေးတဲ့ ကျောင်းတွေရှိတယ်။ ကျမတို့ ဆီမှာ မရှိဘူး။ ရှိတဲ့ သင်တန်းကျောင်းတွေ ကလည်း အမှန်တိုင်း ပြောရရင် လုံးဝ အဆင့်မမီဘူး။ အဲဒီမှာ ကျမတို့ဟာ လက်တွေ့ကနေ သင်ယူရတယ်။ ကျမတို့ဆီမှာ ရှိတဲ့ ဒါရိုက်တာ တွေထဲမှာ ကျမရှိတယ်၊ အိအိခိုင်ရှိတယ်။ အောင်မြင်တဲ့ အမျိုးသမီးတွေ ထဲမှာ မျိုးရိုးကနေ ဖြစ်လာတာပါ” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆက်ပြောပါတယ်။
အဖိုး အဖွား မိဘတွေက ဒါရိုက်တာတွေ ဖြစ်နေတာကြောင့် သားသမီး၊ မြေးတွေဖြစ်တဲ့ သူတို့တတွေက ရိုက်ကွင်းတွေနဲ့ မစိမ်းတာ၊ ကြောက်ရွံ့စိတ် ကင်းခဲ့ကြတာပါ။
“စက်အဖွဲ့လည်း မကြောက်တော့ဘူး။ ကျမ သင်ချင်တယ်၊ လိုချင်တယ် ဆိုရင် သူတို့ သင်ပေးတယ်။ အချင်းချင်းကြားမှာ ခွဲခြားတာ မဟုတ်ဘူး။ ဒါပေမယ့် အစိမ်းသက်သက် တယောက်အနေနဲ့ သူ့မိဘက ထုတ်လုပ်သူအနေနဲ့ ရပ်တည်ပေးမလား၊ ဒါမျိုးလည်း ရှိသေးတယ်။ ကျမ ဒါရိုက်တာ ဖြစ်လာတယ် ဆိုတာ ကျမ အတွက် ငွေထုတ်ပေးတဲ့ သူတွေရှိတယ်။ ဆိုတော့ မိဘရဲ့ ပံ့ပိုးမှုနဲ့လည်း ဆိုင်တယ်” လို့ သူက ရှင်းပြပါတယ်။
အပြင်လူ တယောက်အနေနဲ့ ကတော့ အမျိုးသမီး ဒါရိုက်တာ တယောက်အနေနဲ့ ရိုက်ကွင်းအလယ်မှာ ဝင်ဆံ့ဖို့ ခက်ခဲမယ်လို့ သူက ဆိုပါတယ်။
“ကျမတို့ ကျတော့ အမေက ဒါရိုက်တာ တယောက်လည်း ဖြစ်တယ်၊ ဇာတ်ညွှန်းရေး ဆရာလည်း ဖြစ်တယ်၊ ငွေရှင်လည်း ဖြစ်တဲ့ အခါမှာ ငါ့သမီးသည် ဒါရိုက်တာ ဖြစ်နိုင်ခြေရှိတယ်။ သူ့ကို ငါ မြေတောင်မြှောက်ပေးရင်လည်း ဖြစ်တယ်လို့ သိတဲ့ အတွက်ကြောင့် ကျမလည်း ဖြစ်လာတာ။ ဒါရိုက်တာ အိအိခိုင်ဆိုလည်း မျိုးရိုးရှိတယ်။ ဆိုတော့ မျိုးရိုးမရှိသူတွေ အတွက် ၀င်တိုးတဲ့ အခါ ဘယ်သူတွေက ယုံယုံကြည်ကြည်နဲ့ ပေးမှာလဲ။ အမျိုးသမီး တယောက်ဟာ နိုင်ငံခြားက Directing နဲ့ ဘွဲ့ရလာတယ်၊ ဒါမှမဟုတ် သူ့မှာ ဒါရိုက်တာနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေ ပြည့်ဝနေတယ် ဆိုရင်တော့ ငွေရှင်တွေက ထုတ်ပေးမှာပဲ။ အဲဒါလည်း ကျမတို့ တိုင်းပြည်နဲ့ ဆိုင်တယ်” လို့ သူက ပြောပြပါတယ်။
ဒါရိုက်တာဆိုတာကို နိုင်ငံတကာမှာ ရိုက်ကွင်းရဲ့ ဘုရင်လို့ တင်စားကြပါတယ်။ ကြည်ဖြူသျှင်ဟာလည်း ဇာတ်ကားပေါင်း များစွာ ရိုက်ကူးနေတဲ့ ဒါရိုက်တာ တယောက် ဖြစ်တာကြောင့် ရိုက်ကွင်းရဲ့ ဘုရင်၊ ရိုက်ကွင်း တခုလုံးရဲ့ ခေါင်းဆောင်၊ ပဲ့ကိုင်သူလို့ ဆိုရမှာပါ။ ဒါပေမယ့် အဲဒီလို ကဏ္ဍတခုရဲ့ ခေါင်းဆောင်တယောက် ဖြစ်ဖို့ သင်တန်းပေးတာနဲ့ ဖြစ်နိုင်တယ် ဆိုတာ ကိုတော့ သူက မယုံကြည်ပါဘူး။
“ကျမကတော့ အမျိုးသမီးတွေကို Leader စိတ်ဖြစ်လာအောင် သင်တန်းပေးတယ် ဆိုတာထက်၊ အမေစု ပြောသလိုပဲ မိဘရဲ့ Control က အရမ်း အရေးကြီးတယ်။ ကျမ အမေဆိုရင် ကျမကို လွှတ်ပေးတယ်၊ လွှတ်ပေးတယ် ဆိုတာ Guide Line ချပေးတယ်။ အမေ ဆိုရင် ကျမကို သတ္တိရှိအောင်၊ လုပ်ရဲအောင်လုပ်ပေးတယ်။ အမေက ပြောတယ် ငါ့သမီး ပြင်မရတဲ့ အမှားက လွဲလို့ သမီး ကြိုက်တာလုပ်။ ပြင်မရတဲ့ အမှားကိုတော့ မလုပ်နဲ့ … ဆိုတော့ ကျမ သတ္တိရှိရှိလုပ်တယ်။ အခက်အခဲ ရှိတဲ့ အခါ ကျမ အမေကို ရင်ဖွင့်တယ်။ အမေက ငါ့သမီး လုပ်သာလုပ်၊ ဖြစ်ရမယ်လို့ ပြောတယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။
သူ့ရဲ့ အောင်မြင်မှုတွေ အပေါ်မှာ မိခင်ဖြစ်က ဂုဏ်ယူတယ်၊ ဒီသမီးရဲ့ အမေဖြစ်ရတာလည်း ဂုဏ်ယူတဲ့အတွက် သူ့ရဲ့ ပင်ပန်းမှုတွေက အမေဖြစ်သူရဲ့ စကားကြောင့် အားဆေး ဖြစ်စေတယ်လို့လည်း သူက ပြောပါတယ်။
“ကျမတို့ နိုင်ငံမှာ အောင်မြင်တဲ့ အမျိုးသမီး ဖြစ်စေချင်ရင် မိဘတွေက သမီးတွေကို ဖွင့်ပေးရမယ်။ အားပေးရမယ်။ ကျမ အပါအ၀င် ဖြူဖြူကျော်သိန်းတို့၊ ဆရာမ တင်မိုးလွင်တို့နဲ့ စကားပြောကြည့်တဲ့ အခါ သူတို့ အမေတွေ အရမ်းတော်လို့ ဆိုတာ သိရတယ်။ သူတို့ရဲ့ Leader တွေလို့ ပြောတယ်။ သူတို့ အမေတွေကြောင့် သူတို့ အောင်မြင်လာတယ်လို့ ပြောကြတယ်။ နောက်တယောက် ကျမသိတဲ့ အမတ်ပေါ့လေ၊ ဒေါက်တာ လှမြတ်သွေးပါ။ သူဆိုရင် သူ့အဖေက သူ့ကို သမီးလို့တောင် မသတ်မှတ် ဘူး၊ ယောက်ျားလေး တယောက်လိုပဲ Train ပေးတယ်။ ကျမထင်ပါတယ် အမျိုးသမီး ခေါင်းဆောင်တွေ ဖြစ်ဖို့အတွက် မိဘတွေက အရေးကြီးပါတယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။
မိန်းကလေးတယောက် သူကျင်လည်ရာ ပတ်ဝန်းကျင်မှာ အောင်မြင်ဖို့၊ တော်ဖို့ ဆိုရင် သင်တန်းတက်ရုံနဲ့ မရဘူး၊ မိဘတွေရဲ့ ပျိုးထောင်ပေးမှုက အရမ်းကို အရေးကြီးတယ်လို့ သူက ထောက်ပြပါတယ်။
“ဥပမာ – သင်တန်းကျောင်းက သင်ပေးလိုက်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရှိလာတယ် ဆိုပေမယ့် အိမ်ကျတော့ အမေက နင်လုပ်နေတာက မဖြစ်နိုင်ပါဘူး၊ လုပ်မနေပါနဲ့လို့ ပြောလိုက်တာနဲ့ တက်ကြွမယ့် စိတ်တွေကို ရိုက်ချိုးပစ်လိုက် သလိုပဲ။ မိသားစုရဲ့ အားပေးမှုက အရမ်း အရေးကြီးတယ်။ ကျမတို့ နိုင်ငံမှာ အမျိုးသမီးကောင်းတွေ ဖြစ်ဖို့ကို ပထမအဆင့် သူတို့ကို မိသားစုက အားပေးပါ၊ ပြီးတဲ့ အခါမှာ ဒီအမျိုးသမီးအတွက် အထောက်အပံ့ဖြစ်စေတဲ့ သင်တန်းတွေ ပို့ချပေးပါ။ မိသားစုက အားမပေးရင် ဒီမိန်းကလေးဟာ ဘယ်တော့မှ မတက်လာဘူး” လို့ သူက ဆိုပါတယ်။
ဒါရိုက်တာ ကြည်ဖြူသျှင်က သူနဲ့ ရွယ်တူတွေ၊ သူ့ထက် ငယ်တဲ့ မိန်းကလေးတွေ အတွက် စကားလက်ဆောင် အနေနဲ့ မဖြစ်နိုင်ဘူး ဆိုတဲ့ စိတ် ဘယ်တော့မှ မထားပါနဲ့လို့ ပြောပါတယ်။
“ကိုယ့်ထက် တော်တဲ့သူတွေ၊ တတ်တဲ့သူတွေ၊ ကိုယ့်ထက် အရမ်းမြင့်မားတဲ့ သူတွေ လုပ်တာ ဖြစ်မသွားခဲ့ဘူး၊ ဒါပေမယ့် ကိုယ့်အလှည့်မှာ ဖြစ်ချင်ဖြစ်သွားလိမ့် ဆိုတဲ့ စိတ်ကို ထားရမယ်” လို့ သူက ဆက်ပြောပါတယ်။
သူ့အနေနဲ့ ဘယ်တော့မှ မဖြစ်နိုင်ဘူး ဆိုတဲ့ စကားကို လက်မခံဘူးလို့လည်း ဆိုပါတယ်။
“တခါတလေကျရင် ကျမကို နင့်ထက်သာ၊ နင့်ထက်တော်၊ နင့်ထက် တတ်တဲ့သူတွေတောင် မဖြစ်တာ၊ နင်က ဘယ်လို ဖြစ်မှာလဲလို့ ပြောတဲ့အခါ ငါ့အလှည့်ကျရင် ဖြစ်ချင်ဖြစ်သွားမှာ ပေါ့လို့ ပြောလိုက်တယ်။ ကျမ အခု မဖြစ်ခဲ့ဘူးဆိုရင် နောက်တမျိုးနဲ့ ဖြစ်အောင် လုပ်တယ်။ ကျမက ကြာကြာ ကြေကွဲ မနေတတ်ဘူး၊ ကိုယ့်အရှုံးကို တမြေ့မြေ့ မခံစားနေ တတ်ဘူး” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
သူ စိတ်ဓာတ်ကျတဲ့အခါ တရက်ပဲ ကြာတတ်ပြီး တညအိပ်လိုက်တာနဲ့ နောက်တနေ့ဟာ သူ့အတွက် ဘ၀သစ် နေ့သစ်ပဲလို့လည်း သူက ဆိုပါတယ်။
“ကြည်ဖြူရှင်ကို ကြည့်ရတာ ဘယ်တော့မှ မရှုံးနိမ့်ဖူးဘူးလို့ ထင်ကြတယ်။ ကျမသည် ရှုံးနိမ့်ခဲ့ဖူးတယ်၊ အမှားတွေ တွေ့ကြုံခဲ့ဖူးတယ်၊ ပြောင်းတာ မြန်လွန်းလို့ ကျမ ရှုံးနိမ့်လိုက်ကြောင်း မသိလိုက်ဘူး။ ပြောချင်တာက လူဆိုတာ အမှားမကင်းဘူး၊ လဲမှာပဲ။ လဲတဲ့အခါ ချက်ချင်း ပြန်ထနိုင်ဖို့ အရေးကြီးတယ်” လို့ ကြည်ဖြူသျှင်က သူ့ခံယူချက်ကို ရှင်းပြပါတယ်။
ကမ္ဘာ အရပ်ရပ်က အမျိုးသမီး လွှတ်တော်အမတ်တွေ စုစည်းနေတဲ့ ခန်းမကြီးမှာ ဆွေးနွေးသံတွေ၊ အမေး အဖြေသံတွေနဲ့ လွှမ်းနေခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်က အမျိုးသမီး လွှတ်တော် အမတ်တွေက သူတို့ရဲ့ အတွေ့အကြုံတွေကို အားပါးတရ ရှင်းပြနေကြတာပါ။
မြန်မာပြည်က အမျိုးသမီး လွှတ်တော် အမတ်တွေတင် မကဘဲ၊ နိုင်ငံတကာက အမျိုးသမီးအမတ်တွေမှာလည်း သူတို့နည်း၊သူတို့ဟန်နဲ့ အခက်အခဲတွေ ရှိနေကြတယ် ဆိုတာကို ဒီဆွေးနွေးပွဲ တက်ခြင်း အားဖြင့် သိလိုက်ရတယ်လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။
“မတူတဲ့ ပါတီတွေက အမျိုးသမီးအချင်းချင်း ရင်းနှီးမှု ရတယ်။ တွေ့ဆုံခွင့်ရတယ်။ အမြင်တွေ ဖလှယ်ခွင့်ရတယ်။ ရှေ့ဆက်ပြီး နိုင်ငံရေးနဲ့ ဆက်စပ် လုပ်ကိုင်တဲ့အခါ တဦးနဲ့ တဦး စိမ်းမနေဘဲ လုပ်ကိုင် ဆောင်ရွက်သွားနိုင်ဖို့ အခွင့်အလမ်းရတယ်လို့ ကျမ ထင်တယ်။ နောက်တခုက နိုင်ငံတကာ အမျိုးသမီးအမတ်တွေ ပြောတာကို သိရတော့ သြော် သူတို့လည်း ငါတို့လိုပဲ ဒုက္ခရောက် အခက်အခဲတွေ တွေ့ရပါလား၊ ငါတို့လည်း စိတ်ဓာတ်ကျစရာ မလိုဘူးလို့ သိမြင်ရတယ်” လို့ သူက ဆက်ပြောတယ်။
အမျိုးသမီး အခွင့်အရေး တောင်းဆိုနေတဲ့ အဖွဲ့အစည်းတွေက ပြောဆိုနေတဲ့ မြန်မာပြည်က လွှတ်တော်ထဲမှာ အမျိုးသမီး ၃၀ ရာခိုင်းနှုန်း ပါဝင်ခွင့်ရသင့်တဲ့ အချက်ကိုတော့ ကြည်ဖြူသျှင်က အပြည့်အဝ သဘောမတူဘူးလို့ ဆိုပါတယ်။
“ကျမကတော့ အရည်အချင်းနဲ့ ရတာကိုပဲ ကြိုက်တယ်။ ခွဲတမ်းနဲ့ ဘယ်လောက် ဘယ်လောက် ရရမှာမို့လို့ ပေးတယ် ဆိုတာ ကိုတော့ မလိုချင်ဘူး” လို့ သူ့ ခံယူချက်ကို ပြောပြပါတယ်။
Read more →

ဒီဝါကျွတ်မှာ သတင်းကြီးနေတဲ့ သက်မွန်မြင့်

,

ဒီဝါကျွတ်မှာ သီတင်းကြီးနေတဲ့ သက်မွန်မြင့် 











ဒီ ဝါကျွတ် မှာလည်း အနုပညာရှင် တွေထဲ လက်ထပ် မင်္ဂလာပွဲ ဆင်နွှဲကြမယ့်
အသံတွေ ကြားလာရပြန် သလို ပရိသတ် အချစ်တော် သရုပ်ဆောင် အကယ်ဒမီ မင်းသမီးလေး သက်မွန်မြင့် တစ်ယောက်လည်း သတင်းကြီးနေ ပြန်ပါသေးတယ်။ဘဝ လက်တွဲဖော် ကို အနုပညာ လောကထဲက မဟုတ်ဘဲ အပြင်လောက ထဲက သူ ကိုပဲ ရွေးချယ်မှာဖြစ်ပြီး ကိုယ့်ကိုယ် တကယ် ချစ်ပြီးကိုယ်က တကယ် ချစ်ရတဲ့ သူကိုပဲ ရွေးချယ် သွားမှာ ဖြစ်ကြောင်း ပြောတဲ့ သက်မွန်မြင့် က
"တစ်ယောက်နဲ့ တစ်ယောက် ကတော့ တူမှာ မဟုတ်ဘူး။ စိတ်ချင်းလည်း တူမှာ မဟုတ်သလို စရိုက်ချင်းလည်း တူမှာ မဟုတ်ဘူး။ ကိုယ်လက်ခံပေးနိုင်တဲ့ အရာ ရှိမယ်၊ လက်ခံ မပေးနိုင်တဲ့ အရာလည်း ရှိမယ်။ ကိုယ် တကယ်ချစ်မှ မေတ္တာရှိမှ သာ သူ့အပေါ် မှာ အနစ်နာခံတာတွေ၊ သည်းခံတာတွေ၊ အလျှော့ပေးတာတွေ ရှိလာမှာလေ။ တစ်ဖက် နဲ့တစ်ဖက် အဆင်ပြေဖို့ ဆိုတာ နားလည်မှု၊ သည်းခံပေးမှု၊ ယုံကြည်ပေးမှု အဲဒါတွေလိုတယ်။ အနုပညာ အလုပ်ကလည်း လွယ်တဲ့ ကိစ္စ မဟုတ်ဘူး။ ဘယ်သူ ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ချစ်သူကို ပိုင်ဆိုင် ချင်ကြတယ်။ သဝန်တို ကြတယ်။ ဒါပေမဲ့ အလုပ်တစ်ခု အနေနဲ့ လုပ်တယ် ဆိုတာကို နားလည် ပေးဖို့လိုတာပေါ့။ အနုပညာရှင် တစ် ယောက် ကို မေတ္တာ ထားမယ် ဆိုရင် ဒါ က အလိုလို နားလည်ဖို့ ကြိုးစား ရမှာပေါ့" လို့ သက်မွန်မြင့် ပြောပါတယ်။
ဘဝ လက်တွဲဖော်က စဉ်းစား စိတ်ကူး ယဉ်လို့ရတဲ့ အရာ မဟုတ်ဘဲ ကိုယ့်ရဲ့ကံ တရားပေါ် မှာပဲ မူတည်ပါတယ် ဆိုတဲ့ သက်မွန်မြင့်က..
"ဆယ်ကျော်သက် တုန်းကတော့ စိတ်ကူး ယဉ်တာပေါ့။ ကိုယ်က ဘယ်လို လူမျိုးကို လိုချင်တယ်။ ဘယ်လိုပုံစံ ဆိုပြီး စိတ်ကူးယဉ်ခဲ့တာ ရှိတယ်။ ဒါပေမဲ့ အသက်တွေ ကြီးလာတော့ အဲဒီလို စိတ်ကူးယဉ်လို့ ရတာမျိုး မဟုတ်ဘူး ဆိုတာ နားလည်လာတယ်။ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်တဲ့ ကိစ္စမဟုတ်ဘူး ဆိုတာ သိလာတယ်။ ဒါကတော့ ကိုယ့်ရဲ့ ကံတရား၊ ကိုယ့်ရဲ့ဖူးစာပဲ ပေါ့။ ကိုယ်က ဘာမှ ကြိုတင်ပြောလို့ ရတဲ့ ကိစ္စ မဟုတ်ဘူး။ သက်မွန်က အမျိုးမျိုးလည်း ကြုံခဲ့ပြီးပြီ ဆိုတော့ ကံ ကြမ္မာကို သိပ်ပြီး ယုံမနေတော့ဘူး။ ဘာမှလည်း တွေး မနေတော့ဘူး။ အဓိကက အလုပ်လုပ်မယ်။ စိတ်ထား ကောင်း ကောင်းထားမယ်။ အချိန်ကျ လာတဲ့ အချိန်ကျရင် ဖြစ်သွားမှာပါ" လို့ ပြောပါတယ်။
ဖေဖော်ဝါရီလ ထဲမှာ သက်မွန်မြင့် မင်္ဂလာပွဲကြီး ဆင်နွှဲမယ် ဆိုတဲ့ သတင်း စကား အပေါ်မှာတော့ တကယ်ဖြစ်လာတဲ့ အချိန်မှသာ တကယ်ပြောတာ ကောင်းပါတယ် လို့သက်မွန်မြင့် က ပြန်လည် ဖြေကြား ပြခဲ့ပါတယ်။  
ခိုင်ဝေလွင်
Read more →

Wednesday, October 23, 2013

နန်းခင်ဇေယျာနဲ့ နိုင်ငံတကာ မယ်အဖွဲ့ ပုဂံဒေသကို ခရီးဆက်

,


မနှစ်က ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss International ပြိုင်ပွဲမှာ Miss Internet ဆုရခဲ့တဲ့ နန်းခင်ဇေယျာ ဟာ မြန်မာနိုင်ငံကို ရောက်လာတဲ့ နိုင်ငံတကာက Miss International တွေကို အခုရက်ပိုင်း ရန်ကုန်မှာ လိုက်လံ ရှင်းလင်းပြသရတဲ့ တိုးရစ်ဂိုက် တာဝန် ယူနေပါတယ်။

ဓာတ်ပုံများ- နန်းခင်ဇေယျာ

ဒီကနေ့ မနက်ကတော့ နန်းခင်ဇေယျာ ဦးဆောင်တဲ့ မယ်တွေဟာ မြန်မာ့ရှေးဟောင်းမြို့တော်ဖြစ်တဲ့ ပုဂံ ဒေသဆီကို ထွက်ခွာသွားပါပြီ။

Bye Yangon . See you soon Bagan fans!  လို့ နန်းခင်ဇေယျာက ဆိုထားပါတယ်။


ရန်ကုန်မှာ သူတို့ အဖွဲ့ ရှိစဉ်မှာ မြန်မာ့လူမှုဘ၀တွေကို လေ့လာခဲ့ကြသလို တင်ဆက်မှုတချို့လည်း လုပ်ဆောင်ခဲ့ကြပါတယ်။ ရန်ကုန်မြို့တခွင် အလှမယ်တွေရဲ့ လှုပ်ရှားမှု ဓာတ်ပုံတွေကို နန်းခင်ဇေယျာက သူ့ ဖေ့စ်ဘုတ်ကတဆင့် အသိပေး ဖော်ပြထားချက်တချို့ စုစည်း ဖော်ပြပေးလိုက်ပါတယ်။










နန်းခင်ဇေယျာ၊ နိုင်ငံတကာ မယ်တချို့နဲ့ ရန်ကုန်ကို ရောက်နေတဲ့ နာမည်ကြီးထိုင်းအဆိုတော် ကာရာဘောင်း
blog.irrawaddy
Read more →

Friday, October 18, 2013

သားသမီးတွေကို အမေရိကမှာပဲ ကျောင်းထားမယ်ဆိုသူ နိုင်းနိုင်း

,


မလေးရှားနိုင်ငံမှာ ရိုက်ကူးတဲ့ မဟာဆန်တဲ့ မာယာမျက်နှာဖုံး ဇာတ်ကားမှာ ခေါင်းဆောင် မင်းသား နေရာက ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နိုင်းနိုင်းက ကိုယ်သရုပ်ဆောင်ရ မယ့်နေရာကို တာဝန်ကျေအောင် ဆောင်ရွက်ခဲ့ကြောင်းပြောပါတယ်။လတ်တလောမှာ နိုင်းနိုင်း က ကြော်ငြာ ရိုက်ကူးနေပြီး ဇာတ်ကားကိုတော့ ကြိုက်တဲ့ဇာတ်လမ်းမှပဲ ရိုက်ကူးတော့မှာဖြစ်ကြောင်း ပြောပါ တယ်။ “ကျွန်တော့်ဇာတ်လမ်းတွေကလည်း ဒရာမာပဲ ဖြစ်ဖြစ်၊ အိမ်ထောင်ရေး ပဋိပက္ခပဲဖြစ်ဖြစ် တော်တော်များနေပြီ။ အခုလွှင့်နေတဲ့ ဇာတ်ကားတွေကလည်း တီဗီချန်နယ်တွေမှာ ဆက် တိုက်လာနေတယ်။ ကျွန်တော်အသစ်ထပ်လုပ်လိုက်တာ တစ်ခုက အရှေ့ကအဟောင်းနဲ့ သိပ် မကွာရင် ကျွန်တော် မလုပ်ချင်တော့ဘူး။ ပရိသတ်စိတ်ဝင်စားမယ့် ဇာတ် လမ်းမျိုးနဲ့ ကွဲပြားခြား နားတာဖြစ်ချင်တယ်။ အဲဒါကြောင့် နောက်ပိုင်းကြုံသမျှ၊ လာသမျှဇာတ်တွေကို မရိုက်ချင်တော့ ဘူး။ ရှေ့ကလုပ်ခဲ့ဖူး တဲ့ပုံစံမျိုးမလုပ်ချင်ဘူး။ ခေါက်ရိုးကျိုးထဲက မလုပ်ချင်ဘူး။ ခွဲထွက်ချင်တယ်။ အထူးသဖြင့် ကျွန်တော်ရိုက်ချင်တာက ဖြစ်ရပ်မှန်ဇာတ်လမ်းဆန်း ဆန်းတွေပါ။ ပရိသတ်အတွက် ဖျော်ဖြေမှုလည်းပါမယ်။သင်ခန်းစာရမယ့် အကြောင်းအရာတွေလည်းပါရမယ်” လို့ ဇာတ်လမ်းတွေ ရွေးချယ်ရိုက်ကူးသွားမယ့် အကြောင်း   နိုင်းနိုင်းက ပြောပါတယ်။နိုင်းနိုင်းကသားသမီးတွေ အကုန် လုံးကို အမေရိကမှာပဲ ကျောင်းထားသွားမယ်လို့ ပြောပါတယ်။ နိုင်ငံခြားမှာ ကျောင်းထားပေမယ့် နိုင်ငံ ခြား အငွေ့ အသက်တွေ မကူးစက်စေဘဲ၊ ကိုယ့်ရိုးရာယဉ်ကျေးမှု၊ ဘာသာတရားတွေကိုလည်း နားလည်အောင် ရှင်းပြသွားမယ်ဆိုတဲ့ နိုင်းနိုင်းက “ကျွန်တော့်အမျိုးသမီးဆိုရင် ဟိုမှာငယ် ငယ်ကတည်း ကကျောင်းတက်ပေမယ့်သူအဲဒီရဲ့အငွေ့အသက်တွေ မကူးစက်ပါဘူး။ ဒါကလည်း မိဘ၊ အသိုင်းအဝိုင်း ပတ်ဝန်းကျင်နဲ့ ဆိုင်တယ်လေ။ ကေ လးတွေကို ဟိုမှာ ကျောင်းထား ပေမယ့် စန္ဒီရဲ့အုပ်ချုပ်မှု၊ ဂရုစိုက်မှု၊ သူ့ရဲ့ Control  ပေါ်မူတည်ပြီး ကလေးတွေက ရှိနေမှာပါ။ ဖြစ်နိုင် ရင်တော့ ကျွန်တော့် ရိုးရာယဉ်ကျေး မှုလည်း မပျောက်ချင်ဘူး။ ဘာသာ စကားကိုလည်း မပျောက်စေချင်ဘူး။ ကလေးတွေဟိုရောက်ပေမယ့် မြန်မာလို လုံးဝတတ်ရမယ်။ မြန်မာစကားကို ကျွမ်းကျွမ်းကျင် ကျင် ပြောနိုင်ရမယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် ကလေးတွေ လည်း ဗုဒ္ဓဘာသာပဲဖြစ်ရမယ်။ မိဘကိုးကွယ်လို့ မဟုတ်ဘဲနဲ့ သူတို့ကြီးလာရင် ဘာသာတရား ရဲ့အကြောင်းကို ရှင်းပြပြီး တော့ သူတို့နားလည်ပြီး ကိုးကွယ်တာပိုကောင်းတာပေါ့” လို့ပြောပါတယ်။ စတုတ္ထမြောက်ရင် သွေးလေးက ဘာလေး ပဲဖြစ်ဖြစ် ချစ်မှာပဲဖြစ်ပြီး အဓိကတော့ ခြေလက်အင်္ဂါ စုံစုံနဲ့ ကျန်းမာရေး ကောင်းတယ်ဆိုရင်ပဲသား၊ သမီးရတနာ တစ်ခုပါပဲလို့ နိုင်းနိုင်း က ပြောပါတယ်။
               ခိုင်ဝေလွင်
Read more →

Friday, October 4, 2013

ဗေဒင်ကို ယုံသင့် သလောက်ယုံတဲ့ ၀တ်မှုံရွှေရည်

,

Wut-Hmone-Shwe-Yee 














မိန်းကလေးပဲ ဗေဒင်ကို စိတ်ဝင်စားတာပေါ့။ လက်္ခဏာကြည့် ဖြစ်တယ်။ စပ်စုတာပေါ့နော်။ ဗေဒင်က အတိုင်းအတာ တစ်ခုလောက်ထိ မှန်တာတွေလည်း ရှိတာပဲ။ ဒါပေမဲ့ ဘယ်သူမပြု မိမိမှုပေါ့။ ကိုယ်လုပ် မှရတာတွေလည်း ရှိတယ်။ ဗေဒင် ဆိုတာကတော့ ကောင်းတာ၊ ဆိုးတာ၊ ညံ့တာတွေကိုပြောပြတော့ ကိုယ်က ရှောင်စရာရှိတာ ရှောင်လို့ ရတယ်။ ဘုရား၊ တရားလေးနဲ့ စောင့်ရှောက်တာတော့ ကောင်းပါတယ်။ အဓိကကတော့ ဗေဒင်ဆိုတာ ဘုရား၊ တရားလုပ်ဖို့ပဲ ပြောတာ များပါတယ်။ ဘာသာရေးလုပ် ဖို့ပြောတာပေါ့။
ဘာသာရေးကတော့ လုပ်ရမှာပဲ။ ဘာသာရေး များများလုပ်မှ ကိုယ့်အတွက် အကာ အကွယ်လည်း ဖြစ်မယ်။ အစောင့် အရှောက်လည်း ဖြစ်တယ်။ ဘာသာရေးကို ယုံယုံကြည်ကြည်နဲ့ လုပ်သင့်တယ်။ ဗေဒင်ကို အရမ်း ယုံကြည်တာမျိုးတော့ မဟုတ်ပါဘူး။ မယုံဘူးလည်း မဟုတ်ဘူး။ အားလုံးကို ကစ်က လက်ခံပါတယ်။ ဘယ်အရာမဆို သူ့ဟာနဲ့သူ ဟုတ်နေတာပါပဲ။ ဗေဒင်က မှန်တာတွေလည်း ရှိပါတယ်။
မဇ္ဈိမ ပဋိပဒါပေါ့။ အလယ် အလတ်ပါပဲ။ အစွန်းရောက်ကြီးလည်း မဟုတ်ပါဘူး။ ကစ်က အားလုံးကို လက်ခံပါတယ်။ ဥပါဒ်ဒဏ် ကြောင့် ဥပါဒ်ရောက်တာမျိုးလည်း ရှိပါတယ်။ ဗေဒင်ကို ယုံသင့်သလောက်လည်း ယုံတယ်။ အစွန်း ရောက်ကြီးတော့ မဟုတ်ပါဘူး။
တချို့ကျတော့လည်း ဗေဒင်ကို မယုံဘူး။ ကိုယ်လုပ်မှ ကိုယ်ရမယ် ဆိုတဲ့ သူမျိုးကိုရော ကစ်က ဘယ်လိုမြင် လဲဆိုတော့ အဲဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် အယူအဆ ချင်းတော့ မတူပါဘူး။
ကျော်မျိုးနိုင်
8 Days
Read more →

Thursday, October 3, 2013

သားစိုးရဲ့ Miss ရွှေပိုးနန်းတော်၊ Manhunt 2013 နဲ့ ခင်စုစုနိုင် DVD ပရိုမိုးရှင်း ကျင်းပပြီးစီး

,
အမြဲတမ်းတခုခုတော့ မွှေတတ်တဲ့ သားစိုးတယောက်ကတော့ ဒီတခါသူဖွင့်ထားတဲ့ ရွှေပိုးနန်းတော်ပိုးထည်ဆိုင်မှာ ၀ယ်ယူအားပေးတဲ့ မိန်းမလှလေးတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Miss ရွှေပိုးနန်းတော်ပြိုင်ပွဲ ပြုလုပ်ပြီး အလှမယ်တွေ ရွေးချယ်ခဲ့ပြီး ဖြစ်ပါတယ်။
ပြိုင်ပွဲကိုတော့ စက်တင်ဘာ ၂၉ ရက်နေ့မှာ Park Royal Hotel မှာကျင်းပပြုလုပ်ခဲ့တာပါ။
ပြိုင်ပွဲ ကျင်းပနေစဉ်မှာ ပိုးထည်တွေကို ဒီဇိုင်းထွင် ချုပ်ပြီး နာမည်ကြီး သရုပ်ဆောင်တွေ၊ မော်ဒယ်လ်တွေကို ၀တ်ဆင်စေကာ Show တင်ဆက် ပြသခဲ့ပါတယ်။ ဒါ့အပြင် သားစိုးက သူ့ဆိုင်ရဲ့ ဖောက်သည်တွေကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ပိုးထည်တွေကို Discount ပေး ရောင်းချတဲ့အပြင်၊ နှစ်ထည်ဝယ် တထည် လက်ဆောင်ပေး အစီအစဉ်၊ တထည်ဝယ် တထည် လက်ဆောင်ပေး အစီအစဉ်နဲ့ ရောသမမွှေ ရောင်းချခဲ့တယ်လို့ သိရပါတယ်။
ပရိသတ်တွေနဲ့ ဖောက်သည်တွေကလည်း ကျေနပ်ဝမ်းမြောက်စွာ ၀ယ်ယူခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါ့အပြင် Miss ရွှေပိုးနန်းတော် ဆုတွေကို ရွေးချယ်တဲ့အခါမှာတော့ Miss Internet ဆုအနေနဲ့ Facebook မှာ Like အများဆုံးရခဲ့တဲ့ စိမ့်ရှားလဲ့ကို ဆုငွေကျပ် ငါးသိန်း၊ Miss ရွှေပိုးနန်းတော်ဆု အနေနဲ့ ဆုငွေ ကျပ်ငါးသိန်းစီကို အသက် ၃၀ နှစ်အောက် Miss ရွှေပိုးနန်းတော် 2013 ဆုရတဲ့ ချောရူပါသက်၊ အသက် ၃၀ နှစ်အထက် Miss ရွှေပိုးနန်းတော် 2013 ဆုရတဲ့ စန်းမြဝေတို့ကို ချီးမြှင့်ခဲ့ပြီး နှစ်သိမ့်ဆုတွေကို ရှုမ၀နဲ့ သူဇာဝင်းတို့ကို ချီးမြှင့်ခဲ့ပါတယ်။
Miss ရွှေပိုးနန်းတော်ဆု ရရှိသူတွေကို သားစိုးက တနှစ် စာချုပ်ချုပ်ပြီး အနုပညာ လုပ်ငန်းတွေ လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။
MANHUNT 3 ဆု နေဝင်း ဆွတ်ခူး
Myanmar Model Management ကစီစဉ်ကျင်းပတဲ့ MAN OF THE YEAR 2013 တတိယအကြိမ်မြောက် အကြီးကျယ်ဆုံး အမျိုးသား မော်ဒယ်လ် ရွေးချယ်ပွဲ (MANHUNT 3) ကိုစက်တင်ဘာ ၂၈ ရက်နေ့က STRAND HOTEL မှာ ကျင်းပ ပြုလုပ်ခဲ့ ရာမှာ အမြင့်ဆုံး Manhunt ဆုအတွက် ငွေကျပ် ၁၅ သိန်းကို နေ၀င်းကရရှိပြီး First Runner Up ဆု ငွေကျပ် ခုနစ်သိန်းကို ကျော်ကိုကိုဝေနဲ့ Second Runner Up ဆုငွေကျပ် ငါးသိန်းကို ထွန်းနိုင်ဦး တို့က အသီးသီး ဆွတ်ခူး ရရှိခဲ့ပါတယ်။
ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူများစွာ ထဲကမှ ဆန်ခါတင် အယောက် ၃၀ ကို အဆင့်ဆင့် ရွေးချယ် ယှဉ်ပြိုင်စေခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
၃၀ ထဲက ဆန်ခါတင် ၁၂ ဦး ရွေးချယ်ခဲ့ပြီး အဲဒီအထဲကမှ အနုပညာ အရည်အသွေး (Talent) ရှိတဲ့ သူ ၅ ဦးကို ရွေးချယ်ကာ Manhunt 2013 ကို ချီးမြှင့်ခဲ့တာပါ။
ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင် အမျိုးသားတွေဟာ ကျန်းမာသန်စွမ်းပြီး အနုပညာ အရည်အချင်း ပြည့်ဝသူ၊ အနုပညာကို အမှန်တကယ် ၀ါသနာပါတဲ့ သူတွေလို့ သိရပါတယ်။
ပြိုင်ပွဲဝင်တွေကို Sport Wear နဲ့ Casual ၀တ်စုံ နှစ်မျိုး ၀တ်ဆင် ယှဉ်ပြိုင်စေခဲ့ပါတယ်။ ပထမဆုံး Title ဆုတွေကိုချီးမြှင့်ရာမှာ Mr. Wellman အတွက် ဆုငွေကျပ်ငါးသိန်းကို ကျော်ကိုကိုဝေက ရရှိပြီး Mr. Casabella ဆုအတွပ် ငွေကျပ်သုံးသိန်းကို ကျော်နေထွန်းတို့က အသီးသီး ရရှိခဲ့ပါတယ်။
Mr. Maxmate ဆုအတွက် ဆုငွေကျပ်ငါးသိန်းကို ကာရာနဲ့ Mr. Best Skin ဆု ငွေကျပ်သုံးသိန်းကို နေ၀င်းတို့က ရရှိပြီး Mr. Best Hair Style အတွက် ဆုငွေကျပ်သုံးသိန်းကို သီဟကိုကိုဇင်က ရရှိခဲ့ပါတယ်။ Mr. Best Body ဆု (1 Year Membership) ကို နိုင်နိုင်း၊ Mr. Idol ဆုအတွက် ငွေကျပ်တသိန်းကို ဖြိုးဇင်မောင်နဲ့ Mr. People Choice Award ဆုအတွက် ငွေကျပ် သုံးသိန်းကို ဖိလစ်ဇော်က ရရှိခဲ့ပါတယ်။
Title ဆုတွေ ချီးမြှင့်ပြီးတဲ့ အချိန်ကျမှ Manhunt 2013 ကို ရွေးချယ်ခဲ့တာပါ။ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ် တလျှောက်လုံးမှာလည်း Myanmar Model Management ရဲ့စီစဉ်မှုအနေနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ၊ Sponsor Company Brand Show တွေနဲ့ တင်ဆက်ခဲ့ပါတယ်။
ခင်စုစုနိုင်ရဲ့ ချစ်မြဲအတိုင်း ချစ်မယ် DVD Promotion ပွဲကျင်းပ
Melody World မှာ ဆုရခဲ့တဲ့ အဆိုတော် ခင်စုစုနိုင်ရဲ့ ချစ်မြဲအတိုင်းချစ်မယ် DVD Promotion ပွဲအခမ်းအနားကို စက်တင်ဘာ ၂၈ ရက်နေ့က Junction Square မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ခင်စုစုနိုင်ရဲ့ အခွေမှာ သီချင်း ၁၂ ပုဒ် ပါဝင်ပြီး The Sun Music က ဖြန့်ချိမှာဖြစ်ကြောင်း သိရပါတယ်။
Promotion ပွဲနေ့မှာ ခင်စုစုနိုင်က သူ့ရဲ့ အနုပညာ မောင်နှမတွေနဲ့ အတူ ပရိသတ်တွေကို သီဆိုဖျော်ဖြေပြီး အမှတ်တရ လက်မှတ် ရေးထိုးပေးခဲ့ ပါတယ်။
သူ့ရဲ့အခွေနဲ့ ပတ်သက်ပြီး ခင်စုစုနိုင်က ပရိသတ်တွေအတွက် ကြိုးစားထားကြောင်း၊ သူ့သီချင်းတွေကို ပရိသတ်က အားပေးတဲ့အတွက် ၀မ်းသာကြောင်း ဟြေပါတယ်။
“ညီမ ဒီအခွေကို Audio CD မထွက်ခင် ကတည်းက ကြိုးစားထားတာဆိုတော့ နှစ်နှစ်လောက် ကြိုးစားထားပါတယ်။ ညီမ ပရိသတ် ကြိုက်မယ် ထင်တာလေးတွေကို ကြိုးစားပြီး ချပြထားတာပါ။ ပရိသတ်ကို ချပြပေမယ့် ကိုယ်တိုင်တော့ အားမရသေးပါဘူး။ Audio CD ထွက်တုန်းကတော့ အရုပ်မပါတဲ့ အတွက် တချို့ပရိသတ်တွေက မသိသေးတာလည်း ရှိတယ်လေ။ ကိုယ့်ကို အမြဲအားပေးနေတဲ့ ပရိသတ်ကကျတော့ Title သီချင်းလေးနဲ့ ငါ့ဘ၀ငါ့အိန်ဂျယ် သီချင်းကို ကြိုက်တယ်လို့ ဟြေကြတယ်။ သီချင်းတောင်း ကဏ္ဍတွေနဲ့ ပြိုင်ပွဲတွေမှာ ညီမ သီချင်းလေးတွေကို ဆိုတာ တွေ့ရတဲ့ အတွက်လည်း အရမ်းပျော်ပါတယ်။ ညီမ သီချင်းဆိုတဲ့ အခါမှာလည်း ခံစားချက် တခုပါအောင် ဆိုပါတယ်။ ပရိသတ် အကြိုက်နဲ့ ကိုယ့်အကြိုက် ထပ်တူကျသွားလို့ ညီမကို ပရိသတ်က လက်ခံ အားပေးတာပါ” လို ခင်စုစုနိုင်က ဆိုပါတယ်။
Title သီချင်း ချစ်မြဲအတိုင်း ချစ်မယ် ဆိုတာက ချစ်သူအတွက် ရည်ရွယ်ပြီး ပေးထားတာ မဟုတ်ပါဘူးတဲ့။ သီချင်း ရေးပေးတဲ့ ကို R ခိုင်ကို မေးကြည့်မှသိမယ်လို့ သူက ဆက်ပြောပါတယ်။
“ညီမအတွက် အချစ်က Love Is Blind လို့တော့ ဟြေလို့ရပါတယ်။ ညီမက အခု ညီမရဲ့ချစ်သူထက် ချစ်ရမယ့်သူကို မတွေ့ဖူးသေး ပါဘူး။ အဲဒါကြောင့်ပဲ သူ့ကို ချစ်နေတာထင်ပါတယ်။ ညီမရဲ့ အခွေလေးကိုလည်း ပရိသတ်တွေ အားပေးပါဦးလို့ ဟြေချင်ပါတယ်” ဆိုပြီး ခင်စုစုနိုင်က ဧရာဝတီကတဆင့် ဟြေသွားပါတယ်။

Read more →

Wednesday, October 2, 2013

Miss Universe Myanmar ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ် အမရာငြိမ်းနှင့် တွေ့ဆုံခြင်း

,

Miss Universe Myanmar ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ် အမရာငြိမ်းနှင့် တွေ့ဆုံခြင်း Miss Universe Myanmar ပြိုင်ပွဲဝင် အလှမယ် တစ်ဦးဖြစ်သူ အမရာငြိမ်းနှင့် တွေ့ဆုံပြီး ပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်နေမှုများ၊ ပရိသတ်များ ကြိုက်နှစ်သက်ကြသည့် သူမရိုက်ကူးသော ဓာတ်ပုံများ အကြောင်း၊ သူမနှင့် ပတ်သက်၍ ထွက်ပေါ်ခဲ့ဖူးသော ကောလာဟလအပေါ် သူမ၏ သဘောထားတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။
Voice ။ ။ Miss Universe Myanmar ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်သွားပုံလေး ပြောပြပေးပါဦး။
AMN ။ ။ ညီမငယ်ငယ်လေး ကတည်းက Miss Universe လို ပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ချင်ခဲ့တာပါ။ ဒါပေမဲ့ တစ်ချိန်တုန်းကတော့ ညီမတို့မှာ ဒီလိုအခွင့်အရေးမျိုးက မျှော်မှန်းခွင့် မရှိခဲ့ဘူးပေါ့။ အခုလို အခွင့်အရေး ရလာတဲ့အခါမှာ ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည် ဖော်ချင်တဲ့အတွက် ဝင်ပြိုင် ဖြစ်တာပါ။
Voice ။ ။ ဒီပြိုင်ပွဲအတွက် အမရာငြိမ်းရဲ့ ပြင်ဆင်နေမှု အပိုင်းကို ပြောပြပေးပါဦး။
AMN ။ ညီမ ဒီပြိုင်ပွဲအတွက် စာတွေအများကြီး ဖတ်ဖြစ်ပါတယ်။ ညီမက မော်ဒယ်လ်ဆိုတော့ အရင်ကတည်းက အလှအပကို ဂရုစိုက်ပေမယ့် အခုဒီပြိုင်ပွဲ မပြိုင်ခင်ကာလ မှာတော့ ပိုပြီးဂရုစိုက်ဖြစ် တယ်။ ညီမ ကိုယ်အလေးချိန်တက်တာ အရမ်းလွယ်တဲ့အတွက် ကိုယ့်ရဲ့ခန္ဓာ ကိုယ်အချိုးအစားကို သေချာထိန်းတယ်။ Cat Walk လျှောက်တာ လေ့ကျင့်တယ်။ Presentation Skill ကောင်းအောင် အင်္ဂလိပ်စာကိုလည်း ပြန်ပြီး လေ့လာနေပါတယ်။
Voice ။ ။ ပြိုင်ပွဲအတွက် ပြင်ဆင်မှု အပိုင်းမှာရော ဘယ်လိုအခက်အခဲတွေ တွေ့ရလဲ။
AMN ။ ။ ဒီပြိုင်ပွဲက ညီမတို့နိုင်ငံအတွက် နှစ်ပေါင်း ၅၀ ကျော်မှ ပြန်လည် ယှဉ်ပြိုင်ခွင့်ရတာ ဖြစ်တဲ့အတွက် ပြိုင်ပွဲအတွက် ပြင်ဆင်မှု အပိုင်းမှာရော၊ ညီမတို့ တစ်ဦးချင်းစီမှာပါ လိုအပ်ချက်တွေ ရှိမှာပါ။ ဒါပေမဲ့ ညီမယုံကြည်တာက မြန်မာလူမျိုးတွေက စိတ်ဓာတ် အရမ်းကြံ့ခိုင်ပါတယ်။ အဲဒီအတွက် ဟိုမှာသွားပြိုင်တဲ့ အခါမှာ ညီမမှ မဟုတ်ဘူး။ အရွေးခံရတဲ့သူ ဘယ်သူမဆို နိုင်ငံတကာနဲ့တန်းတူ ကိုယ့်နိုင်ငံနောက်ကျ မကျန်ရစ်အောင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
Voice ။ ။ ရုရှားမှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ဖို့အတွက် အမရာငြိမ်းတို့ Miss တွေရဲ့ အားနည်းချက်က ဘာဖြစ်မယ်ထင်လဲ။
AMN ။ ။ အဓိကကတော့ မြန်မာလူမျိုး ဖြစ်တဲ့အတွက် ညီမတို့ရဲ့ ခန္ဓာကိုယ် အချိုးအဆစ်က Swim Suit ဝတ်ဖို့ သိပ်အဆင်မပြေဘူး။ ကျန်တာကတော့ အားလုံးက အရည်အချင်း ကိုယ်စီရှိကြပါ တယ်။ "အမှန်အတိုင်း ပြောရရင် ညီမက ဒီလိုမျိုး ကောလာဟလ တစ်ခုနဲ့ နာမည်ကြီးခဲ့ရတာကို သဘောမကျပါဘူး..." Voice ။ ။ အမရာငြိမ်းက ဒီပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲ ဘယ်နှခုလောက် ပြိုင်ဖူးလဲ။
AMN ။ ။ ညီမက ပြိုင်ပွဲတွေ သိပ်မပြိုင်ဖူးပါဘူး။ မော်ဒယ်လ် စလုပ်တဲ့ ၂၀၁၂ ခုနှစ်လောက်တုန်းက Miss People တစ်ပွဲပဲ ပြိုင်ဖူးပါတယ်။ အဲဒီပြိုင်ပွဲမှာ Best Complexion ဆု ရခဲ့ပါတယ်။ နောက်ပိုင်း ပြိုင်ပွဲတွေ မပြိုင်ဖြစ်တာကတော့ ညီမက ပြိုင်ပွဲမှာ ကြုံရတဲ့ စိတ်ခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေကို မခံနိုင်တဲ့အတွက် မပြိုင်ဖြစ်တာပါ။
Voice ။ ။ Miss Universe ပြိုင်ပွဲတွေကို ဘယ်အချိန်ကစပြီး ကြည့်ဖူးတာလဲ။ Miss တစ်ယောက်မှာရှိတဲ့ ဘယ်လိုအရည်အချင်း မျိုးတွေကို အားကျလဲ။
AMN ။ ။ Miss Universe ပြိုင်ပွဲတွေကို ညီမခြောက်တန်းနှစ်လောက် ကတည်းကစပြီး ကြည့်ဖူးပါတယ်။ ညီမ သတိထားမိတာကတော့ Miss Universe ပြိုင်ပွဲတိုင်းမှာ ဆုရသွားတဲ့ Miss တွေ အားလုံးက သူတို့ကိုယ်သူတို့ အရမ်းယုံကြည်မှု ရှိတဲ့ပုံပေါက်တယ်။ ကိုယ်မှန်တယ်ထင်တာ၊ ကိုယ့်စိတ်ထဲမှာ ရှိတာကို ရဲရဲရင့်ရင့်နဲ့ ပြောရဲကြတယ်။ ဒီအချက်တွေကို ညီမသဘောကျသလို၊ အားကျစိတ်လည်း ဖြစ်ပါတယ်။
Voice ။ ။ အခုဆို အမရာငြိမ်းကို မော်ဒယ်လ်အနေနဲ့ ပရိသတ် တော်တော်များများက သတိထားမိ လာကြပြီဆိုတော့ သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ ရိုက်သွားဖို့ရှိလား။
AMN ။ ။ အမှန်အတိုင်း ပြောရရင် ညီမက မော်ဒယ်လ်ကိုတောင် Professional လုပ်တဲ့အထဲမှာ မပါပါဘူး။ သရုပ်ဆောင် ဘက်ကိုတော့ ကူးဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ညီမ ဓာတ်ပုံရိုက်ရတာကိုတော့ အရမ်း ဝါသနာပါတဲ့အတွက် ဓာတ်ပုံမော်ဒယ်လ် အနေနဲ့တော့ ဆက်လုပ်သွားမှာပါ။
Voice ။ ။ အမရာငြိမ်းရဲ့ အပြင်ရုပ်ရည်နဲ့ ဓာတ်ပုံထဲက ရုပ်ရည်က တော်တော် ကွာတယ်နော်။ ဓာတ်ပုံရိုက်တဲ့ အခါမှာကျတော့ ဘယ်လို Mood သွင်းပြီး သရုပ်ဆောင် ဖြစ်လဲ။
AMN ။ ။ ညီမရဲ့မျက်နှာက မိတ်ကပ် လိမ်းပြီးတဲ့ရုပ်နဲ့၊ မလိမ်းရသေးတဲ့ရုပ် အရမ်းကွာတယ်။ ဓာတ်ပုံရိုက်ဖို့အတွက် မိတ်ကပ် လိမ်းလိုက် Mood သွင်းလိုက်ရင်ကို မျက်နှာက ချက်ချင်း ပြောင်းတယ်လို့ ညီမနဲ့ ရိုက်ဖူးတဲ့ ဓာတ်ပုံဆရာတိုင်းက ပြောကြပါတယ်။
Voice ။ ။ အမရာငြိမ်းရဲ့ ဓာတ်ပုံတွေက Sexy Pose တွေများတယ်နော်။ အဲဒါကျတော့ ဘယ်လိုစိတ်သွင်းပြီး သရုပ်ဆောင် ဖြစ်လဲ။
AMN ။ ။ ညီမရိုက်တဲ့ ဓာတ်ပုံတွေမှာ Pose တော်တော်များများက Sexy ဆန်တဲ့ ဘက်ကိုသွားပါတယ်။ Sexy ပုံစံရိုက်ပေမယ့်လည်း အရမ်းကြီးဖော်တာ၊ ချွတ်တာမျိုးတော့ ညီမ မရိုက်ပါဘူး။ ဒါကလည်း ဓာတ်ပုံ ရိုက်တော့မှသာ အဲဒီလိုပုံစံမျိုး ရိုက်ဖြစ်တာပါ။ အပြင်မှာ ဆိုရင်တော့ ညီမက သာမန်သူလို ကိုယ်လိုပုံစံပဲ နေပါတယ်။
Voice ။ ။ ကမ္ဘာကျော် မိုက်ကယ်လန်း အဖွဲ့က အဆိုတော်နဲ့ တွဲရိုက်ခဲ့တဲ့ ကြော်ငြာ ဓာတ်ပုံနဲ့ ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့ ကောလာဟလကြောင့် အမရာငြိမ်းကို ပရိသတ်တွေပိုပြီး သတိထားမိလာတယ်လို့ ပြောရင်ရမလား။
AMN ။ ။ အမှန်အတိုင်း ပြောရရင် ညီမက ဒီလိုမျိုး ကောလာဟလ တစ်ခုနဲ့ နာမည်ကြီးခဲ့ရတာကို သဘောမကျပါဘူး။ ညီမက ဒီအနုပညာ အလုပ်တွေကို မိဘ ခွင့်မပြုတဲ့ကြားက လုပ်ခဲ့ရတာ ဖြစ်တဲ့အတွက် အခုလို ပြဿနာ ပေါ်ပေါက်လာတဲ့အခါမှာ အိမ်နဲ့ထပ်ပြီး ဒုတိယအကြိမ် အတိုက်အခံ ဖြစ်ခဲ့ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုအချိန်အထိ အမြင်လွဲနေသူ တချို့လည်း ရှိတဲ့အတွက် ဒီဖြစ်ရပ်ကို ညီမက သဘောမကျပါဘူး။ ဒီကိစ္စနဲ့ ဆက်နွှယ်ပြီး ကိုယ့်ကို အားပေးတဲ့ နှစ်သိမ့်တဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေ အများကြီး ရလာတဲ့အတွက်တော့ ညီမကျေနပ်ပါတယ်။
Voice ။ ။ မော်ဒယ်လ် လုပ်တာအပြင် တခြားဘာတွေကိုရော စိတ်ဝင်စားလဲ။ AMN ။ ။ မော်ဒယ်လ် လုပ်တာအပြင် ညီမ သီချင်းနားထောင်ရတာ၊ သီချင်း ဆိုရတာကို ကြိုက်ပါတယ်။ ဒါပေမဲ့ ညီမက အသံတော့ မကောင်းပါဘူး။ သီချင်းကတော့ သီချင်းအမျိုးအစား တော်တော်များများကို ကြိုက်ပါတယ်။ အရမ်းဆူညံ ပေါက်ကွဲတဲ့ သီချင်းပုံစံမျိုးက လွဲရင်ပေါ့။ Voice ။ ။ ဖက်ရှင်ကျတော့ရော ဘယ်လိုဖက်ရှင်မျိုးကို စိတ်ဝင်စားလဲ။
AMN ။ ။ တကယ်တော့ ညီမက ဖက်ရှင်ကို စိတ်ဝင်စားတဲ့ လူထဲမှာ မပါပါဘူး။ ပုံမှန်ထသွားထလာ ဆိုရင်လည်း စကတ်ပွပွဖားဖား တစ်ထည်၊ တီရှပ် တစ်ထည်လောက်ဆို ညီမအတွက် လုံလောက်ပါတယ်။ သိပ်ပြီးတိုလွန်း၊ ပြတ်လွန်းတဲ့ ပုံစံမျိုးကိုတော့ ညီမဝတ်လေ့ ဝတ်ထ မရှိပါဘူး။ ဝတ်ရတာ ပေါ့ပေါ့ပါးပါး ရှိတဲ့ ဖက်ရှင်မျိုးကို ညီမသဘောကျပါတယ်။
Voice ။ ။ Miss Universe Myanmar ပြိုင်ပွဲ အပေါ်မှာရော ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
AMN ။ ။ ညီမက ပြိုင်ပွဲမှာ ကြုံရတဲ့ Stress ကို မခံနိုင်ပေမယ့် ဒီပြိုင်ပွဲကတော့ ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့ရတဲ့ အိပ်မက် ဖြစ်တဲ့အတွက် ဝင်ရောက် ယှဉ်ပြိုင် ဖြစ်တယ်။ အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ် ဆိုတဲ့စိတ်ပဲ ရှိပါတယ်။ မျှော်လင့်ချက် ဆိုတာတော့ ဘာမှမထား ထားပါဘူး။ ဒီကရသမျှ အတွေ့အကြုံတွေကိုပဲ ညီမလိုချင်ပါတယ်။========== Voice ။ ။ အမရာငြိမ်းကို ဖက်ရှင်ရှိုးတွေမှာ လျှောက်တာ သိပ်မတွေ့ရဘူးနော်။
AMN ။ ။ ညီမ ရှိုးလျှောက်ရတာ မကြိုက်ပါဘူး။ ညီမရဲ့ခန္ဓာကိုယ်နဲ့ ရှိုးလျှောက်တာနဲ့က သိပ်ပြီးတော့ အံဝင်ခွင်ကျ မဖြစ်ဘူးလို့ ထင်ပါတယ်။ အဲဒါကြောင့် ရှိုးတွေ သိပ်မလျှောက်ဖြစ်ပါဘူး။ Voice ။ ။ အမရာငြိမ်းကို အားပေးနေတဲ့ ပရိသတ်တွေအတွက် ပြောချင်တာတွေရှိရင် ပြောပေးပါဦး။
AMN ။ ။ ပရိသတ်တွေ အမရာကို ကြည့်ချင်နေသေးသရွေ့၊ Billboard တွေမှာ၊ ကြော်ငြာတွေမှာ မြင်ချင်နေသေးသရွေ့ ညီမ ဒီအလုပ်ကို ကြိုးစားပြီး လုပ်သွားမှာပါ။ ဆက်ပြီးတော့ အားပေးကြပါလို့လည်း ပြောချင်ပါတယ်။ 
The Voice Journal
Read more →

Tuesday, October 1, 2013

မသန်စွမ်းသူများကို ကြိုတင်တောင်းပန်ထားချင်ဟု ခန့်စည်သူ ပြောကြား

,


ရန်ကုန်၊ စက်တင်ဘာ၂၉

ရွှေ့မိုးသည်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးကာ၊ အောက်တိုဘာလအတွင်း ရုံတင်ပြသမည့် ကိုယ့်အထာနဲ့ကိုယ် ရုပ်ရှင်ဇာတ်ကားသည် မသန်စွမ်းသူများကို လှောင်ပြောင် သရော်ထားသည်ဟု အမြင်လွဲမှားမည် စိုးသည့်အတွက် ကြိုတင် တောင်းပန်ထားချင်ကြောင်း၊ ဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင် ခန့်စည်သူက The Voice သို့ ပြောကြားသည်။

ဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင်မှုများသည် မသန်စွမ်းသူများကို လှောင်ပြောင်ထားသည်ဟု အမြင်လွဲမှားမည်ကို စိုးရိမ်ကြောင်း၊ ဇာတ်ကား၏ အဓိက ပေးချင်သော သတင်းစကားမှာ လူတစ်ယောက်သည် ကျန်းမာသန်စွမ်းသော်လည်း အသက်ရှင်နေစဉ် ကာလအတွင်း လောကကြီးအတွက် ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်အတွက် အကျိုးမပြုနိုင်ပါက လူသန်သော်လည်း စိတ်မသန်စွမ်းသူအဖြစ် မှတ်ယူရမည် ဖြစ်ပြီး အချို့သောလူများသည် မျက်စိမမြင်၊ နားမကြား၊ စကားမပြောတတ်သော်လည်း တိုင်းပြည်နှင့် လူမျိုးကို အကျိုးပြုနိုင်ပါက လူမသန်သော်လည်း စွမ်းသူများအဖြစ် မှတ်ယူရမည်ဆိုသည့် အကြောင်းကို တင်ပြထားခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ကျွန်တော်က ဟာသကားတွေမှာ သရုပ်ဆောင်တဲ့အခါ လွတ်လွတ်လပ်လပ် သရုပ်ဆောင် တတ်တယ်။ ဒါပေမဲ့ ဒီကားမှာ မျက်မမြင်အဖြစ် သရုပ်ဆောင်ရတဲ့အခါ အခက်တွေ့တော့တာပဲ။ သရုပ်ဆောင် တစ်ယောက်ရဲ့ အသက်က မျက်လုံးလေ။ ဒီကားမှာက မျက်လုံးနဲ့ သရုပ်မဆောင်ရဘဲ ပါးစပ်နဲ့ပဲ ပြောခဲ့ရတယ်။

သရုပ်ဆောင်တဲ့ နေရာမှာလည်း ကျွန်တော်ရဲ့ဇာတ်ကောင်က မမြင်တာကို မြင်တဲ့သူ တစ်ယောက်လို အမြဲတမ်း ဟန်ဆောင်နေတာဆိုတော့ သရုပ်ဆောင်တဲ့အခါ သတိထားပြီး သရုပ်ဆောင်ရတယ်” ဟု ကိုယ့်အထာနဲ့ကိုယ် ဇာတ်ကားတွင် သရုပ်ဆောင်ထားသည့် မျက်မမြင် ဇာတ်ကောင်စရိုက်နှင့် ပတ်သက်၍ ခန့်စည်သူက ဆိုသည်။

ကိုယ့်အထာနဲ့ကိုယ် ဇာတ်ကားကို လွန်ခဲ့သော ၂ နှစ်ခန့်က ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း၊ ဇာတ်ကားတွင် လိုအပ်ချက်များ ရှိသည်ကို သိသော်လည်း ဈေးကွက် အနေအထားနှင့် ရရှိနိုင်သည့် ငွေကြေး အတိုင်းအတာကြောင့် ထိုမျှသာ ရိုက်ပြနိုင်ခဲ့ကြောင်း၊ လာရောက် ကြည့်ရှုသော ပရိသတ်များ စိတ်အပန်းပြေမည် ဆိုပါက ကျေနပ်ကြောင်း ယင်းဇာတ်ကားကို ရိုက်ကူးသည့် ဒါရိုက်တာကိုဇော် (အရုဏ်ဦး) က ဆိုသည်။

ကိုယ့်အထာနဲ့ကိုယ် ရုပ်ရှင်ဇာတ်ကားသည် ဟန်နီ၏ ဝတ္ထုကို ဒါရိုက်တာကိုဇော် (အရုဏ်ဦး) က ရိုက်ကူးထားခြင်း ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ခန့်စည်သူ၊ ထွန်းထွန်း၊ ကျော်ကျော်ဗို၊ မိုးဟေကို၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံ၊ သန္တာဗိုလ်တို့က ပါဝင် သရုပ်ဆောင်ထားသည်။

စာရေးဆရာ သည်ခေတ်နေ၏ ဇာတ်လမ်းကို ဒါရိုက်တာနေပိုင် ရိုက်ကူးပြီး သရုပ်ဆောင်မြင့်မြတ်နှင့် အိချောပိုတို့ ပါဝင် သရုပ်ဆောင် ထားသည့် ဂျောင်းဇာတ်ကားတွင် ရခိုင် အမျိုးသမီးများကို ထိခိုက်စေသည့် အသုံးအနှုန်း ပါဝင်ခဲ့မှုကြောင့် ရခိုင်လူမျိုးများနှင့် ပရိသတ်များကို တောင်းပန်ကြောင်း ဇာတ်ကားနှင့် သက်ဆိုင်သူများက ပြောကြားခဲ့ဖူးသည်။
Read more →

Saturday, September 28, 2013

ကိုယ်ပိုင် ရုပ်ရှင် ထုတ်လုပ်ရေး အကြောင်း ပြောပြတဲ့ ခိုင်နှင်းဝေ

,

ကိုယ်ပိုင် ရုပ်ရှင် ထုတ်လုပ်ရေး အကြောင်း ပြောပြတဲ့ ခိုင်နှင်းဝေမိမိကုမ္ပဏီမှ ရိုက်ကူးသည့် ဇာတ်ကားတွင် ဇာတ်ပို့ ဇာတ်ရံ ကအစ နာမည်ရှိ သရုပ်ဆောင် များသာ သုံးချင် ကြောင်း ကိုယ်ပိုင် ရုပ်ရှင် ထုတ်လုပ်ရေးဖြင့် ဇာတ်ကား များ ရိုက်ကူးနေသည့် ခိုင်နှင်းဝေ က ပြောသည်။
”ကိုယ်လုပ်တဲ့ အလုပ် ကိုယ်ရိုက်တဲ့ ဇာတ်ကားက ကွာလတီ ကောင်းရမယ်။ ခိုင်နှင်းဝေ ကုမ္ပဏီက ရိုက်တဲ့ ဇာတ်ကားက ဘာ ဇာတ်ကားကြီးမှန်း လည်း မသိဘူး၊ ဇာတ်ပို့ ၊ ဇာတ်ရံတွေ သုံးထားတာ တွေကလည်း မကောင်းဘူး။ ဇာတ်လမ်းတွေ ကလည်း မကောင်းဘူး ဆိုတာမျိုး မကြားချင်ပါဘူး။ ကျွန်မ တို့ ဖန်တီးတဲ့ အနုပညာ တွေက ဇာတ် အိမ် ကောင်းရမယ်။ ဇာတ်လမ်း ဇာတ်ကွက် ကောင်းရမယ်”ဟု ၄င်းက ဆိုသည်။
ခိုင်နှင်းဝေက ဒါရိုက်တာ ဇော်မျိုးပြည့်၏ ‘ဆက် ချစ်ခွင့်’ ဇာတ်ကားကို မြင့်မြတ်၊ ချမ်းမီမီကို တို့နှင့်အတူ ပါဝင် သရုပ်ဆောင် နေကြောင်း သိရသည်။ ”ဇာတ်ကောင် ကာရိုက်တာ နဲ့ လိုက်ပြီးတော့ အဝတ်အစား ဆိုရင် သေချာ စဉ်းစားပြီး ဝတ်ဆင်ပါတယ်။ အမေခန်း ဆိုရင်လည်း အမေနဲ့ လိုက်ဖက်တာ မျိုး၊ ဟော့ရှော့ ဆို လည်း ဟော့ရှော့၊ မြန်မာ ဆန်ဆန် ဆိုလည်း မြန်မာ ဆန်ဆန် ကိုယ့်ဘာသာ ကိုယ်စဉ်းစား ပြီးတော့ အဝတ်အစား ဒီဇိုင်းတွေကို ဝတ်ဆင် ဖြစ်ပါတယ်။
”ကျွန်မ တို့က သရုပ်ဆောင် တစ်ယောက် အနေနဲ့ အနုပညာ အပိုင်းပဲ ကြည့်လိုက်တယ်။ ဒီအနု ပညာကို ဝါသနာပါတဲ့ အတွက်ကြောင့် ဇာတ်ကား တစ်ကား ရိုက်ကူးခဲ့မယ် ဆို အမေ ဆိုလည်း အမေ၊ ဒါပေမဲ့ ဒီအမေက ဒီဇာတ်ကား ထဲမှာ အဓိက သရုပ် ဆောင်ပိုင်း မှာ ပါဝင်တဲ့သူ ဖြစ်ရမယ်။ အဲဒါ ဆိုရင်တော့ လက်ခံ ရိုက်ကူးပါတယ်။ မင်းသမီး ဖြစ်ရမှ ရိုက်ကူးမယ်လို့ မရှိပါဘူး”ဟု ခိုင်နှင်းဝေ က ပြောသည်။
Popular News
Read more →

Friday, September 27, 2013

နာမည်ကြီးရန်အတွက် Sexy photo၊ Sexy pose များ ဆက်ရိုက်သွားမည့် အင်ဂျင်နီယာတစ်ဦး

,
From : .... ဧရာဝတီ

ဇွန်သဉ္ဖာက မှော်ဘီ GTC ကနေ B.E ရော M.E ပါဘွဲ့များပါ ရယူခဲ့ပြီးမှ မော်ဒယ်လ် လောကကို 
ဝင်ရောက်လာသူလည်း ဖြစ်ပါတယ်။ ပေါ်တင်ကျလွန်းတဲ့ Sexy ဓာတ်ပုံတွေကိုသာ ရိုက်ကူးနေပေမယ့်၊ 
သရုပ်ဆောင်ပိုင်းကို ပိုပြီး သဘောကျ ပါတယ်ဆိုတဲ့ ဇွန်သဉ္ဖာက “ဿွာနတ္တ”ဆိုတဲ့ ဗီဒိယို ဇာတ်ကားကို 
ခေါင်းဆောင်မင်း သမီးအဖြစ် ရိုက်ကူးထားပြီး တခြား ဗီဒီယို ဇာတ်ကား အနည်းငယ်မှာလည်း 
ပါဝင်သရုပ်ဆောင်ခဲ့ ဖူးပါတယ်။
Sexy ကျလွန်းတဲ့ ဓာတ်ပုံတွေကြောင့် အင်တာနက်ပေါ်က တခြားဝက်ဘ်ဆိုက် တွေမှာပါ သူ့ဓာတ်ပုံတွေကိုဖော်ပြခံနေရတဲ့ မော်ဒယ်လ် ဇွန်သဉ္ဖာရဲ့ Facebook မှာ သူငယ်ချင်း ငါးထောင်နီးပါးရှိပြီး Followers ပေါင်း၂ သောင်း နီးပါး ရှိနေပါတယ်တဲ့။
အွန်လိုင်းပေါ်မှာ မြန်မာပြည်ရဲ့ Nicki Minaj (အမေရိကန် အမျိုးသမီး Rap အဆိုတော်၊ သရုပ်ဆောင်) လို့ လူသိများတဲ့ တောင်ကြီးသူ ဇွန်သဉ္ဖာကို သူရိုက်ဖြစ်နေတဲ့ Sexy ဓာတ်ပုံတွေ ဘာကြောင့် ဘယ်လို 
ရိုက်ဖြစ်နေလဲ၊ ဒီအပေါ်ကိုရော သူ့ရဲ့ ခံစားချက် ဘယ်လိုရှိသလဲ ဆိုတာကို ဧရာဝတီ သတင်းထောက် 
မစပ်စုက မေးမြန်းစပ်စု ထားပါတယ်။
မေး။     ။ အခုလို အမူအရာပိုင်းနဲ့ ၀တ်စားဆင်ယင်မှု ပိုင်းမှာ ပွင့်ပွင့်လင်းလင်းနဲ့ သရုပ်ဆောင် 
ရိုက်ကူးထားတဲ့ ဓာတ်ပုံ တွေကို ဘာကြောင့် Facebook ပေါ် တင်ဖြစ်ရတာပါလဲ။
ဖြေ။     ။ အစကတော့ ဘာရယ်မဟုတ်ဘူး။ ပုံတွေကို ဒီအတိုင်း ရိုက်ပြီးတင်တာပါပဲ။ ဒါပေမယ့် 
အားပေးတဲ့သူတွေ များလာတဲ့အတွက်ကြောင့် သူတို့ကလည်း ဒီလိုပုံစံမျိုးကို ကြိုက်တဲ့အတွက် 
ထပ်ပြီးတော့ Sexy ပုံစံတွေပဲ ရိုက်ဖြစ်သွားတာပါ။ ကိုယ့်မျက်နှာက Cute လည်း မဖြစ်ဘူး၊ Cute ပုံစံက 
ကိုယ်နဲ့လည်း မလိုက်တဲ့အတွက်၊ ကိုယ့်မှာလည်း အားသာချက်က ခန္ဓာကိုယ် အလှ ရှိတဲ့အတွက် Sexy 
ပိုင်းကို ဦးစားပေးရင်းနဲ့ တောက်လျှောက် Sexy ပုံစံပဲ ဖြစ်သွားတာပါ။ နောက်ပိုင်းလည်း အဲဒီလို Sexy 
ပုံတွေပဲ ရိုက်ဖြစ်ဖို့ များပါတယ်။ ကိုယ့်ကို ပြန်ပြီး ပြောကြတဲ့ ပရိသတ်တွေကလည်း Sexy ပုံတွေပဲ 
ရိုက်စေချင်တာ များတော့ သူတို့အားပေးတဲ့ နောက်ကို လိုက်ရင်းနဲ့ Sexy ပုံတွေပဲ ရိုက်ဖြစ်သွားတာပါ။
မေး။     ။ ဇွန်သဉ္ဖာ ရိုက်ဖြစ်တဲ့ ဓာတ်ပုံတွေက Facebook မှာပဲ သုံးဖို့လား။ ဒါမှမဟုတ် ဂျာနယ်တွေ 
မဂ္ဂဇင်းတွေမှာရော အသုံးပြုဖို့ သီးသန့် ရိုက်ဖြစ်တာမျိုးကော ရှိလား။ ဒီလို ဓာတ်ပုံတွေကို ပြည်တွင်း 
ဂျာနယ်တွေမှာကော သုံးလို့ရလား။
ဖြေ။     ။ အရင်တုန်းကတော့ ကိုယ့်ဖာသာကိုယ် ၀ါသနာပါလို့ ရိုက်ဖြစ်တာရှိတယ်။ နောက်ပိုင်း ကျတော့ 
ဂျာနယ်အတွက် ရိုက်ပေးတာတွေ များပါတယ်။ ဂျာနယ် လေးငါးခုလောက် အတွက် ရိုက်ဖြစ်တယ်။ သူတို့ 
ဂျာနယ်မှာ မပါခင် Facebook မှာ ကိုယ်က အရင်တင်ဖြစ်တယ်။ Facebook မှာ အရင်သုံးတယ်။ 
တချို့ကျတော့ Facebook မှာ အရင်တင်ပြီးတော့မှ ဂျာနယ် အတွက် ဓာတ်ပုံလိုချင်တယ် ဆိုတော့မှ 
Facebook ကပုံကို ပေးလိုက်တာမျိုးလည်း ရှိပါတယ်။ ပုံတွေက နှစ်မျိုးစလုံး အတွက် အဆင်ပြေတယ်။ 
Facebook မှာလည်း သုံးတယ်၊ ဂျာနယ်အတွက် လည်းသုံးပါတယ်။ ဂျာနယ်တွေကျတော့ သူတို့ဘက်က 
လာကမ်းလှမ်းတော့မှ Facebook မှာ ရှိပြီးသား၊ ပေါက်ပြီးသား ပုံလေးတွေ ပေးလိုက်ဖြစ်တာပေါ့။ 
သူတို့အတွက် သက်သက် မရိုက်ဖြစ်တော့ဘူးပေါ့။ တချို့ အရမ်း ဟော့တာတွေ ကျတော့ 
သူတို့မထည့်ရဲတာလည်း ရှိတယ်၊ ဒါပေမယ့် တချို့ကျတော့ ထည့်ရဲတယ်။ ကျမ ရိုက်ထားတဲ့ အပေါ်က 
ဘရာအနက်နဲ့ ရက်ပါ ပုံစံဆိုရင် ဂျာနယ်တခုက ထည့်မယ်လို့ ပြောတယ်။ တချို့ကျတော့လည်း 
ထည့်ရဲတယ်၊ တချို့ကျတော့လည်း မထည့်ရဲဘူး။ အဲဒီလိုတော့ ရှိပါတယ်။
မေး။     ။ ဇွန်သဉ္ဖာ ရဲ့ Facebook က ဓာတ်ပုံတွေကို တချို့လူတွေက ရိုင်းရိုင်းစိုင်းစိုင်း ပြောထားတာတွေ တွေ့ရတော့ အဲဒီ အပေါ်ကိုရော ဘယ်လို သဘောရလဲ။ ဒီလိုပုံတွေ ရိုက်ရင်၊ တင်ရင် ဒီလို ပြောကြမှာပဲ ဆိုတာကို သိရက်နဲ့ တင်ဖြစ်တာလား။
ဖြေ။     ။ တချို့တွေ တော်တော် မိုက်မိုက်ရိုင်းရိုင်း ရေးထားတာတွေ ရှိပါတယ်။ အရမ်းကြီး 
ကိုယ်မခံနိုင်လောက်တဲ့ အရာမျိုး ဆိုရင်တော့ သူတို့ကို ဘာမှ ပြန်ပြော မနေတော့ဘူး။ 
အဆင်မပြေဘူးဆိုရင် ဘလော့ဂ် လိုက်တယ်။ ဒါပေမယ့် တချို့ ရေးထား တာတွေက အရမ်းကြီး မရိုင်းဘူး။ ကိုယ်တင်ထားတဲ့ ပုံနဲ့လည်း သူတို့စာတွေက စပ်ဆက်မှု ရှိနေတယ် ဆိုရင် သူတို့က အချိန် ပေးပြီး ကိုယ့်ကို လာရေးပေးထားတဲ့ အတွက် ဖြစ်နိုင်ရင် သူတို့ ကွန်မန့်တွေကို Delete မလုပ်ဘူး။ ဒီအတိုင်းပဲ ထားတာ များ တယ်။ ဒါပေမယ့် တချို့ကျတော့လည်း ပြောတယ်၊ အရမ်းမရိုင်းပေမယ့် ဖျက်ပစ်လိုက်ပေါ့။ ကိုယ်က မဖျက်ချင်ဘူးဆိုတာ သူတို့ကို Respect ပေးတာပေါ့နော်။ သူတို့ အချိန်ကုန်ခံပြီး ကျမ ပေ့ခ်ျကို ကွန်မန့်လာပေးထားတဲ့ အချိန်အတွက် လေးစားတဲ့ အနေနဲ့ မဖျက်ပါဘူး။ သိရက်နဲ့ လုပ်ဖြစ်တာပါ။ လူတွေ ဝေဖန်မယ်၊ မျိုးစုံပြောမယ် ဆိုတာလည်း ကြိုသိတယ်။ အဲဒီလိုပဲ သူတို့ပြောသလို အားပေးတဲ့ သူတွေကလည်း ရှိနေတော့ လုပ်ချင်တာကိုပဲ ဦးစားပေးပြီး လုပ်ဖြစ်သွားတာပါ။ များသော အားဖြင့် သူတို့ပြောတာတွေကို သိသိနဲ့ လုပ်တာများပါတယ်။
မေး။     ။ ဒါကို နာမည်ကြီးချင်လို့ လုပ်တာလားဆိုတဲ့ အမေးအပေါ် ဇွန်သဉ္ဖာ ဘက်က 
ဘာပြောစရာရှိပါသလဲ။
ဖြေ။     ။ အမှန်အတိုင်း ပြောရရင်တော့ နာမည်ကြီးချင်လို့ လုပ်တာ ပါပါတယ်။ အဓိကကတော့ ကိုယ်က နာမည်ကြီး သွားမယ်၊ Facebook ကနေ လူသိများမယ်၊ အဲဒီကနေတဆင့် အနုပညာလောကက ဒါရိုက်တာတွေ၊ အနုပညာ သမားတွေနဲ့ ရင်းနှီးမှုရမယ်။ အဲဒီကနေမှ အလုပ်တွေ အများကြီး လုပ်နိုင်တယ်ပေါ့။ ပြီးတော့ မြန်မြန် နာမည် ကြီးချင်လို့ ထိုးဖောက်တာ လည်း ပါပါတယ်။ ကိုယ်က ဘွဲ့ရပြီးပြီ၊ အသက်ကလည်း ၂၃ နှစ်ရှိပြီ၊ ၁၆ နှစ် သမီးလောက်က စလုပ်တာ ဆိုရင်တော့ ဖြည်းဖြည်းချင်း သွားလို့ရပေမယ့် ကိုယ့်အသက် အရွယ်နဲ့ကျတော့ အဲဒီလို တဖြည်းဖြည်းချင်း သွားနေရင် ဖြစ်ချင်မှ ဖြစ်မှာဆိုတော့ ဘာရယ် မဟုတ်ပါဘူး။ နောက် ကိုယ့်ကို အနုပညာ လုပ်ခွင့်ကလည်း အိမ်က တနှစ်၊ နှစ်နှစ်လောက်ပဲ ခွင့်ပြုထားတာ ဆိုတော့ အဲဒီအတောအတွင်း လေးကို မြန်မြန်လေး ပေါက်သွားအောင် ဆိုပြီးတော့ ဖြတ်လမ်းနည်း လုပ်ကြည့်တဲ့ သဘောလည်း ပါပါတယ်။ အိမ်က နှစ်နှစ်လောက် နေပြီးတော့မှ မအောင်မြင်နိုင်ဘူး ဆိုရင်တော့ မိဘတွေက ပညာရေးဘက်ကို ပြန်လုပ်စေချင် ပါတယ်။ အဲဒီကျရင် ကိုယ်ကလည်း တခုခုတော့ ပြန်စဉ်းစားရမှာပေါ့။ အဲဒါကတော့ လောလောဆယ် ဆက်လုပ်ဖြစ်၊ မလုပ်ဖြစ် ဆိုတာကတော့ အတိအကျ ပြောလို့မရသေးပါဘူး။
မေး။     ။ တခြား နိုင်ငံတကာ မိန်းကလေးတွေနဲ့ မတူဘဲ မြန်မာမိန်းကလေး ဆိုတဲ့ ကန့်သတ်ချက် 
စည်းတွေ ဘောင်တွေများ လွန်းတဲ့ မြန်မာလူမျိုး မိန်းကလေး တယောက်အနေနဲ့ အခုလို Sexy ဆန်တဲ့ 
Pose တွေကို လုပ်နိုင်တဲ့ ဇွန်သဉ္ဖာရဲ့ ခံစားချက်က ဘယ်လို ရှိမလဲ။
ဖြေ။     ။ အဓိကက လုပ်နိုင်တယ်ဆိုတာကလည်း ပရိသတ်က Facebook က စပြီး တောင်းဆိုလို့ပါ။ 
သူတို့ရဲ့ တောင်းဆို ချက်ကြောင့် ဆက်ပြီးတော့ လုပ်ရဲသွားတာပါ။ သူတို့သာ ဆက်အားမပေးဘူး ဆိုရင် လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ရပ်သွား မယ်လို့ ထင်ပါတယ်။ ပုံတပုံ တင်လိုက်ရင် သူတို့အားပေးတဲ့ Like တွေ Comment တွေက ဆက်လုပ်ဖို့ အတွက် အများကြီး ဖြစ်စေပါတယ်။ အဓိကကတော့ 
သူတို့ကြောင့်ပါပဲ။
မေး။     ။ Sexy ဆန်တဲ့ ဓာတ်ပုံတွေရဲ့ ဘေးမှာ များသောအားဖြင့် တွေ့ရတတ်တဲ့ ကွန်မန့်တွေက 
ဒီလောက်တောင် ပြချင် နေရင် နိုင်ငံဂုဏ်လည်း ဆောင်နိုင်မယ့် နိုင်ငံတကာ မယ်ပြိုင်ပွဲတွေမှာ အကျိုးရှိရှိ ဖော်ချွတ် ပြပါလားဆိုတဲ့ အပြောတွေပါပဲ။ အဲဒီအပေါ်ကိုရော ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ။     ။ သူတို့ကိုတော့ ကျေးဇူးတင်ပါတယ်။ ကိုယ့်ကို ဒီလိုမျိုးပြိုင်စေချင်တဲ့ အတွက်ကြောင့်ပါ။ ဒါပေမယ့် ကိုယ့်အနေနဲ့ ကျတော့ အဲဒီလောက်အထိ ယုံကြည်မှု မရှိဘူးလို့ ပြောလို့ရပါတယ်။ နောက်ပြီး အဲဒီလို ၀င်ပြိုင်ပြီးတော့ မရတဲ့အခါမှာ ဖြစ်လာမယ့် စိတ်ဓာတ်ကျမှုကိုလည်း မခံစားနိုင်ဘူး။ အဲဒါကြောင့် များသောအားဖြင့် ပြိုင်ပွဲတွေ ၀င်မပြိုင်ဖြစ်ဘူး။ ကိုယ့် ပုံစံကလည်း မော်ဒယ်လ် တယောက်နဲ့ မတူဘဲ 
မယ်တယောက်လို ဖြစ်နေတော့ စင်ပေါ်မှာ များသောအားဖြင့် နိုင်ငံတကာက မော်ဒယ်လ်ပုံစံတွေပဲ 
ရွေးတော့လေ မရနိုင်ဘူးလို့ တွက်ထားလို့ မပြိုင်ဖြစ်တာလည်း ပါပါတယ်။
မေး။     ။ နိုင်ငံတကာ မှာလည်းရှိပါတယ်။ လိင်အသားပေး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေသာ 
သီးသန့်ရိုက်ကူးလေ့ရှိတဲ့ မော်ဒယ်လ် သရုပ်ဆောင် ဆိုတာပေါ့။ ဆိုတော့ ဇွန်သဉ္ဖာ ဖန်တီးချင်တဲ့ 
ရှေ့လျှောက် အနုပညာပုံရိပ်က ဘယ်လို ဖြစ်မလဲ။
ဖြေ။     ။ ကျမ အဓိက ဖြစ်ချင်တာကတော့ သရုပ်ဆောင် ဖြစ်ချင်တာပါ။ သရုပ်ဆောင်ပိုင်းကို 
ဦးတည်ရင်းနဲ့မှ မော်ဒယ်လ်လည်း ဖြစ်ဖို့ လိုအပ်တယ်လို့ ထင်လို့ မော်ဒယ်လ် သင်တန်းတွေတက်ပြီး 
Facebook ကိုလည်း ဓာတ်ပုံတွေ တင်ဖြစ်တာပါ။ အဓိကကတော့ သရုပ်ဆောင် လုပ်မှာဖြစ်တဲ့အတွက် 
နောက်ပိုင်းကျရင် ဓာတ်ပုံရိုက်ရင် ဒါကတော့ ဓာတ်ပုံ အနေနဲ့ ရိုက်တာပေါ့။ Sexy photo အနေနဲ့ Sexy 
pose အနေနဲ့ပဲ ရိုက်မှာပါ။ လိင်အသားပေးတို့ ဘာတို့ အထိတော့ သွားဖို့မရှိပါဘူး။ Sexy ဆိုရင် တော့ 
Sexy လိုင်းတလိုင်းပဲ ရိုက်မယ်။ ဖြစ်ချင်တာကတော့ သရုပ်ဆောင် ဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းကို 
ဦးစားပေးပြီး လှုပ်ရှားသွားဖို့ရှိပါတယ်။
မေး။     ။ လက်ရှိ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာကို သွားပြိုင်နေတဲ့ မယ်တွေကိုတောင် ရေကူးဝတ်စုံနဲ့ 
တွေ့ရင် အမျိုးမျိုး ဝေဖန်ချင် နေတာဆိုတော့ အဲဒီအပေါ်ကိုရော ဘယ်လိုမြင်လဲ။
ဖြေ။     ။ ကျမကတော့ သဘောကျပါတယ်။ မိန်းမတယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ တကယ့်အလှကို 
အဲဒီတော့မှ အစအဆုံး မြင်ရတာပါ။ မယ်တယောက်ရဲ့ အလှအပကို ဒီလို ၀တ်ပြီးပြတယ်၊ ဒါကို စိတ်ထဲမှာဟော့တယ်၊ ရိုင်းတယ်လို့ မထင်ပါဘူး။ အရင်ခေတ်က မယ်တွေလည်း ဒီလိုမျိုး ၀တ်ခဲ့ရတာ ဆိုတော့လေ။ သူတို့ အခုလို နိုင်ငံတကာနဲ့ ယှဉ်တဲ့ အခါမှာ ဒီလို ၀တ်တယ် ဆိုတာကလည်း ခန္ဓာကိုယ် တခုလုံးမှာ ချွင်းချက် မရှိအောင် လှတယ်ဆိုတာကို ပြသတဲ့အတွက် သဘောကျ ပါတယ်။ အခုလိုမျိုး မယ်တွေအနေနဲ့ ရေကူးဝတ်စုံ ၀တ်ပြီး ပြိုင်ရတဲ့အခါ မြန်မာပရိသတ်တွေ အနေနဲ့ ၀ိုင်းပြီး ဝေဖန်ကြ တယ်ပေါ့။ သူတို့ပြောတာတွေကို စိတ်ထဲမှာ ထားမနေဘဲ ကိုယ်လုပ်စရာ ရှိတာကို ရှေ့ဆက် လုပ်သွားရမယ်လို့ ကျမ ခံယူပါတယ်။ ဒီလို ပြိုင်ပွဲဝင်တဲ့အခါမှာ နိုင်ငံတကာ အဆင့်မီ ကိုယ့်ခန္ဓာကိုယ်မှာ ရှိတဲ့ အလှအပ အကုန်လုံးကို ပြခွင့်ရတယ်။ ကိုယ့်နိုင်ငံ ဂုဏ်ဆောင်နိုင်တဲ့ အတွက် ကိုယ့်ဘာသာကိုယ် ဂုဏ်ယူရမှာ၊ ကိုယ့်အလှကို ကမ္ဘာကို ချပြခွင့် ရတဲ့အတွက် ဂုဏ်ယူရမှာပါ။ အမြင်မတူသူတွေ ကတော့ ရှိမှာပေါ့လေ။ ဒါပေမယ့် အကုန်လုံး အကြိုက်ကို လိုက်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ကိုယ်လုပ်စရာ ရှိတာကို ကိုယ့်ခံယူချက်နဲ့ကိုယ် ရှေ့ဆက်သွားဖို့ လိုပါတယ်။     ။
Read more →

Thursday, September 26, 2013

မြန်မာ့ကိုယ်စားပြု အနုသုခုမ သင်္ကေတစောင်း တူရိယာဖြင့် ကမ္ဘာ့ အလယ် ဂုဏ်ယူဖွယ် ပရဟိတ ဆောင်ရွက်မည့် ဂုဏ်ရည်အေးကျော်

,

ဂုဏ်ရည်အေးကျော် က ဒီဇင်ဘာ (၇) ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ စတင်ကျင်းပမယ့် Miss International 2013 ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ဖို့ အတွက် ကြိုတင် ပြင်ဆင်မှု တွေ ပြုလုပ်နေ ရပါတယ်။ ဒီပြိုင်ပွဲမှာ နိုင်ငံရဲ့ ရိုးရာ နဲ့ Talent ပြဖို့ စောင်းတီးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဂုဏ်ရည်အေးကျော် က စောင်းတီးတဲ့ အတတ် ပညာကို ငယ်စဉ်ကတည်းက ၀ါသနာပါပြီး သင်ယူလေ့လာ ခဲ့တာလို့လည်း ပြောပြပါတယ်။
“ဂုဏ်ရည် စောင်းကို ဂျပန်ရိုးရာ သီချင်း “စူကီရာကီ” ဆိုတဲ့ သီချင်းကို လေ့ကျင့် ထားပါတယ်။ သီချင်းက အမြူးလေးပေါ့။ စောင်းတီးတာ ပထမ အစဖွင့် ကိုမြန်မာ တီးလုံး သံစဉ်နဲ့ စပြီး ဂျပန် သီချင်းကို တီးပြီး အပိတ်ကို မြန်မာ သံစဉ် နဲ့ ပိတ်မယ်။ မြန်မာ့ ရိုးရာစောင်း နဲ့ ဂျပန်ရိုးရာ သီချင်းကို တီးမှာပါ။ ဂုဏ်ရည် တို့ကိုပြိုင်ပွဲ အတွက် ဖောင်က အများကြီးပဲ။ အဓိက ထား ယူခိုင်းတာက ကိုယ့်နိုင်ငံ ရဲ့ Culture ကို ကိုယ့်ယဉ်ကျေးမှု ကိုယ်စားပြုပြီး ပြိုင်ပွဲ မှာ လေလံပစ်မယ့် ပစ္စည်း ယူလာ ခိုင်းတယ်။ ရတဲ့ ငွေကြေးကို ဘိုးဘွားရိပ်သာ နဲ့ မိဘမဲ့ ကလေးတွေကို လှူမယ်လို့ ပြောတဲ့အတွက် ဂုဏ်ရည် ကိုယ်တိုင် တီးတဲ့ စောင်းကို လေလံပစ်မယ်လို့ စဉ်းစားထား ပါတယ်။ နိုင်ငံရဲ့ယဉ်ကျေးမှု အစစ် အမှန်ဖြစ်ကြောင်း ဆိုတာတွေ ကိုပြောနိုင်ဖို့လည်း ပြင်ဆင်ထားပါတယ်။ အခု စောင်းကို ဆရာမ ဒေါ်မော်လွင်မြင့် (မန္တလေး ပန်တျာ)၊ ဆရာ ဦးမြင့်စိန် (ရန်ကုန်-အမျိုးသား ပြဇာတ်ရုံ)၊ ဆရာ ဦးဘုန်းမြင့် တို့က သင်ပေးထားပါတယ်။ စောင်းကို ဂုဏ်ရည်လည်း တီးပြထားတော့ လေလံပစ်ရင် ပိုကောင်း မယ် ထင်လို့ပါ။ မြန်မာနိုင်ငံ ကို ဂျပန်ဝန်ကြီးတွေ လာတုန်းကလည်း ဂုဏ်ရည် တို့ သမ္မတကြီးက စောင်းကိုပဲ လက်ဆောင်ပေးခဲ့တော့ မြန်မာ နဲ့ ဂျပန်နိုင်ငံ ရဲ့ ဆက်သွယ် မှု က စောင်းက ရှိနေပြီးသားပါ ။ဒါက အကောင်းဆုံး ဖြစ်မယ်လို့ သေသေချာချာ စဉ်းစားခဲ့တာပါ။ စောင်းက မြန်မာ့ ရိုးရာ အစစ်အမှန်လေ။ တီးတတ် နေတာကို တအား ဂုဏ်ယူမိတယ်။ Miss Myanmar တုန်းကလည်း ဒီစောင်းကြောင့်လည်း တအား အမှတ်တွေ ရခဲ့တာလေ။ ဒီစောင်းတီးနေတဲ့ အသံ ကြားရရင်ကို ကြည်နူးနေတာ။ တန်ဖိုး ထားစွာ နဲ့ ဒီစောင်းကို ယူသွားမှာပါ။ နောက် ဂုဏ်ရည် တီးတဲ့စောင်းကိုပဲ လေလံတင်ဖြစ်တာက ကိုယ်တီးနေကြ မှလည်း အဆင်ပြေတာလေ။ အဲဒါကြောင့် ပဲ အခု ဒီ စောင်းက Miss Myanmar ပြိုင်ဖို့အတွက် လေ့ကျင့်တဲ့အချိန် ထဲကစောင်းလေးပါ” လို့ ပြောပြခဲ့ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
မေမွန်မောင်
Read more →

ကြက်တောင်ရိုက် အားကစားနည်းနဲ့ ခင်ဝင့်ဝါ

,


၂၇ ကြိမ်မြောက် အရှေ့တောင် အာရှဆီးဂိမ်း အားကစားပြိုင်ပွဲ အတွက် ပေါ်ပြူလာ ဂျာနယ်က တင်ဆက်နေကျဖြစ်တဲ့ ဆီးဂိမ်းလှုံ့ဆော်ရေး အားကစား ကဏ္ဍအနေနဲ့ ဒီတစ်ပတ်မှာတော့ ကြက်တောင် ရိုက်အား ကစားနည်းကို ရွေးချယ်ဖြစ်ခဲ့ကြပြီး ဒီကြက်တောင် ရိုက်အားကစား နည်းအတွက် ကူညီ သရုပ်ဆောင် ပေးဖို့ မင်းသမီးကို စဉ်းစားတဲ့ အခါမှာတော့ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကိုရရှိပိုင် ဆိုင်ထား တဲ့ မြန်မာ့ဂုဏ် ဆောင် ခင်ဝင့်ဝါ ကို အားလုံး က သဘောကျ ကြပါတယ်။ ခင်ဝင့်ဝါကလည်း ဆီးဂိမ်း အားကစားလှုံ့ဆော် ရေးအတွက်ဖြစ် တာကြောင့် လိုလိုလားလားပဲ ကူညီပေးခဲ့ ပါတယ်။
ဆီးဂိမ်းအား ကစားဝတ်စုံတွေ အတွက်W&W Co;Ltd Royal Golden Owls (RGO) (SEA Games Souvenirs)မှကူညီ ပေးခဲ့ပြီးခင်ဝင့်ဝါ အတွက် မိတ်ကပ်- ထက်(Pop Soul) ကကူညီပံ့ပိုးပေးခဲ့ကြပါ တယ်။ ကြက်တောင် ရိုက်ကွင်း နေရာကိုတော့ အလုံမြို့နယ်ရှိ Indonesian International School မှာ သွားရောက်ရိုက်ကူး ဖြစ်ခဲ့ပြီး ကျောင်းမှ တာဝန်ရှိသူများ ကလည်း ရိုက်ကွင်း အတွက် ဝိုင်းဝန်းအားပေး ပံ့ပိုးကူညီပေး ခဲ့ကြပါတယ်။
မြန်မာနိုင်ငံ အတွက် ဆီးဂိမ်းအား ကစားကဏ္ဍမှာ တစ်ဖက် တစ်လမ်းက ပါဝင်ခွင့်ရတဲ့ အတွက် တအား ဝမ်းသာဂုဏ်ယူမိပြီး ကိုယ်တိုင်လည်းငယ်စဉ်ကတည်းက အားကစား လုပ်ဖြစ်ကြောင်းကို ခင်ဝင့်ဝါက "ညီမ ငယ် ငယ်တုန်းကကြက်တောင် ရိုက်တယ်။ ဘောလုံး ကန်တယ်။ပြေးတယ်။ အားကစားတွေ အားလုံးကိုလည်း ကြိုက် ပါတယ်။ တစ်ခါတလေ ကြက်တောင် ရိုက်ဖြစ် တယ်။ တစ်ခါတလေကျရင် ပြေးတယ်။ အားကစား လုပ်တာက ကျန်းမာရေး အတွက်များစွာ အထောက် အကူပြုပါ တယ်။ ဥပမာ ဘောလုံးကန်တဲ့ အား ကစားတစ်ခုကို ကစားလိုက်တဲ့ အခါ ချွေးထွက် တယ်။ ချွေးထွက်တဲ့ အခါခန္ဓာ ကိုယ်မှာရှိတဲ့ အပူတွေအကုန် လုံးထွက်သွား တဲ့အတွက် ကျန်းမာရေးကို များစွာ အထောက်အကူပြုတယ်" လို့ ပြောပါ တယ်။
ဆီးဂိမ်း အားကစားပြိုင်ပွဲ ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ် တာကြောင့် ဂုဏ်ယူမိသလို မြန်မာ နိုင်ငံ က အားကစားသမား တွေလည်း အကောင်းဆုံး ယှဉ်ပြိုင်ကာ ဆုတွေအများ ကြီးရပြီး မြန်မာ့ ဂုဏ်ဆောင် နိုင်တဲ့ အားကစားသမားတွေ ဖြစ်ပါစေလို့လည်း ဆုတောင်း ပေးခဲ့ပါတယ်။
 ၂၇ကြိမ်မြောက် အရှေ့ တောင်အာရှ ဆီးဂိမ်းပြိုင် ပွဲမှာ အားကစားနည်း၃၃ မျိုးထည့်သွင်း ကျင်းပသွား မှာဖြစ်ပြီး ကြက်တောင် ရိုက်အားကစားနည်း အတွက် ရွှေ၅ခု၊ ငွေ၅ခု၊ ကြေး၅ခုတို့ကို ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။  
ခိုင်ဝေလွင်
Read more →

Wednesday, September 25, 2013

မိုးဟေကိုက စာနယ်ဇင်းတွေ အမြင်စောင်းမှာ မကြောက်ဘူးတဲ့

,

မိုးဟေကို, စာနယ်ဇင်း, ဗီဒီယို
မိုးဟေကိုက သူခင်မင် ရင်းနှီးတဲ့ သတင်းသမားတွေကိုပဲ အင်တာဗျူး ဖြေပေးလေ့ ရှိတယ် ဆိုတာနဲ့ ပတ်သက်ပြီး စာနယ်ဇင်းတွေက အမြင် စောင်းမှာကို မကြောက်ဘူး၊ မစိုးရိမ်ဘူးလို့ ဟြေပါတယ်။
သူက ဂျာနယ်တစောင်မှာ အင်တာဗျူးတွေကို ခင်မင်ရင်းနှီးသူတွေကိုပဲ ပေးမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
“မိုးက ခင်မင်တဲ့သူတွေကိုပဲ အင်တာဗျူး ဖြေပါတယ်၊ မိုးကို အမြင်စောင်းမှာကိုလည်း မစိုးရိမ်ပါဘူးရှင့်။ ဘာလို့လဲဆိုတော့ မိုးမသိတဲ့ သူတွေဆိုရင် မိုးဓာတ်ပုံ ပေးစရာ အကြောင်းမရှိဘူး။ နောက်တခုက ကိုယ့်အကြောင်း မသိဘဲ လာဗျူးတဲ့သူတွေက ကိုယ့်စကား တလုံးနဲ့ သူရေးတာ၊ သူအထင်လွဲမှာ ဆိုတော့ အဲဒီ စကားတလုံးကြောင့် ပိုပြီးတော့ အထင်လွဲ ခံရမှာကို ပို ကြောက်တယ်။ အဲဒီတော့ ကိုယ့်စကားကို နည်းနိုင်သမျှ နည်းအောင် သိမ်းလိုက်တဲ့ သဘောပါပဲ” လို့ မိုးဟေကိုက ပြောပါတယ်။
သူနဲ့ ခင်မင်တဲ့ သူတွေ၊ သူ့ကိုမေးနေကျ သူတွေကတော့ အကြောင်းသိတွေဖြစ်လို့ အင်တာဗျူးပေးတဲ့ အကြောင်း၊ တချို့ သတင်းသမားတွေက သူ့ဇာတ်လမ်းကို မကြည့်ဘဲ၊ သူ့အကြောင်း မသိဘဲ မေးတတ်တာမျိုး ရှိလို့ အင်တာဗျူး မဖြေတာ ဖြစ်တဲ့ အကြောင်း မိုးဟေကို အပြောအရ သိရပါတယ်။
“အဲဒီလို လူမျိုးတွေက ကိုယ့်ကို မေးပြီး ဖြစ်သလို ဓာတ်ပုံနဲ့ တင်ရင် ပရိသတ်ကို စော်ကားသလို ပိုဖြစ်မှာ စိုးလို့ ကိုယ့်ဘာသာကိုယ် ထိန်းချုပ်လိုက်တဲ့ သဘောပါ။ အဲဒီအတွက် ပရိသတ်နဲ့ ထိတွေ့မှု နည်းသွားတယ် လို့လည်း မထင်ပါဘူးရှင့်။ ဘာလို့လဲ ဆိုတော့ မိုးက ဇာတ်ကားတွေလည်း ရိုက်နေတယ်၊ ကားတွေလည်း ထွက်နေတော့ တနည်းနည်း နဲ့တော့ ပရိသတ်နဲ့ ထိတွေ့နေတယ်လို့ ထင်ပါတယ်” လို့ သူက ဟြေပါတယ်။
မိုးဟေကိုက ဒီခေတ်မှာ မင်းသမီးတယောက်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို စပ်စပ်စုစု လိုက်သိချင်တဲ့သူကို ပရိသတ်ထဲမှာ မတွေ့ဖူးသေးပါဘူး လို့လည်း ဟြေပါတယ်။ သူများ စိတ်ဝင်စားအောင် ကိုယ့်ကိုယ်ကိုယ် Profile လုပ်ပြီး တင်တာမျိုးလည်း မရှိပါဘူးလို့လည်း သူက ဆိုပါတယ်။
“အဲဒီအတွက်လည်း အချိန်မပေးနိုင်ပါဘူး။ မိုးရဲ့ Personal ကို စိတ်ဝင်စားတဲ့သူ ရှားပါတယ်။ အခုခေတ်က အရမ်း တိုးတက်ပြီးတော့ ပွင့်လင်းလာပြီရှင့်။ လူတယောက်ရဲ့ Personal ကို စိတ်ဝင်စားဖို့ထက် လူတယောက်ရဲ့ အနုပညာကို စိတ်ဝင်စားတာ များတယ်လို့ ထင်ပါတယ်။ ကိုယ့်ရဲ့ Personal ကို စပ်စပ်စုစု လိုက်မေးတဲ့ သူမျိုးတော့ မိုး မတွေ့ဖူးသေး ပါဘူးရှင့်၊ မိုးကို အားပေးနေတဲ့ ပရိသတ်တွေကို မိုးကျေးဇူးတင်ပါတယ်” လို့ မိုးဟေကိုက ဧရာဝတီကို ဟြေပါတယ်။
အခုလတ်တလောမှာ သရုပ်ဆောင် မိုးဟေကိုက ဒါရိုက်တာ နေသူရိန် ရိုက်ကူးတဲ့ ဗီဒီယို ဇာတ်ကား တကားမှာ ကင်ဆာ ရောဂါသည် မိန်းကလေးအဖြစ် ကိုယ့်ကိုယ်ကိုယ် သိထားပေမယ့် ဘဝကို အရှုံးမပေးဘဲ ပရဟိတ လုပ်ငန်းတွေ လုပ်ပြီး ဘဝကို ကုန်ဆုံးစေတဲ့ သူတယောက် အဖြစ် သရုပ်ဆောင် နေပါတယ်။
မိုးဟေကိုက အပြင်မှာတော့ ပရဟိတ အလုပ်တွေကို ကိုယ်တိုင် ဦးဆောင်ပြီး မလုပ်နိုင်ပေမယ့် လက်လှမ်း မီသလောက်တော့ တဘက်တလမ်းက လုပ်တယ်လို့ ဟြေပါတယ်။
“မိုးက ပရဟိတ အလုပ်တွေကို အပြင်မှာလည်း စိတ်ဝင်စားပါတယ်။ ပရဟိတ အလုပ်တွေကို ကိုယ်တိုင် မလုပ်နိုင်ရင်တောင် လက်လှမ်းမီသလောက် တဆင့်စကား တဆင့်နဲ့ တဘက်တလမ်းက ပါဝင်ခဲ့တာ ရှိပါတယ်။ မိုးကိုယ်တိုင် ရှေ့ထွက်ပြီး မလုပ်ပေမယ့် လက်လှမ်း မီသလောက် လုပ်တာလေးတွေတော့ ရှိပါတယ်” လို့ သူက ဆိုပါတယ်။
သီချင်းဆိုတာကို ၀ါသနာပါပေမယ့် အချိန်မပေးနိုင်တာရယ်၊ သရုပ်ဆောင်ဘက်မှာ အားလျော့မှာ စိုးရိမ်တဲ့အတွက် ရယ်ကြောင့် လုပ်လက်စ အခွေကိုတောင် ရပ်ထားတယ်လို့ သိရပါတယ်။
“မိုးက သီချင်းဆိုတာကို ၀ါသနာတော့ပါတယ်။ ဒါပေမယ့် သရုပ်ဆောင်ဘက်မှာ အချိန်ပေးနေရတဲ့ အတွက် အဲဒီဘက်မှာ တော်တော် လစ်ဟာနေတာပေါ့နော်။ သရုပ်ဆောင်ဘက်ကို ၀ါသနာက ပိုပါတယ်ဆိုတော့ အဆိုဘက်က အားလျော့နေတဲ့ သဘောပေါ့။ လုပ်မယ်လို့ စဉ်းစားထားပြီး လုပ်လက်စ တန်းလန်းတောင် ဒီအတိုင်းပဲ ထားထားတာလေ။ မိုးက အသံ မကောင်းတဲ့ အတွက်ကြောင့် သီချင်းဆိုဖို့တောင် အားမရှိပါဘူး။ သူများ ဆိုတာတွေပဲ နားထောင်ဖြစ်ပါတယ်။ မိုးအစ်ကိုက အရင်ကတည်းက သီချင်းဆိုတာကို ၀ါသနာပါတာပါ။ မိုးအစ်ကို အခွေထွက်ပေမယ့် မိုးကတော့ သီချင်းအခွေ လုပ်တဲ့ဘက်ကို မလှည့်နိုင်သေးပါဘူးရှင်” လို့ မိုးဟေကိုက ပြောပါတယ်။
မိုးဟေကိုက သီချင်းအေးအေး လေးတွေကို ပိုကြိုက်ပေမယ့် သီချင်းကို ခံစားချက်နဲ့ ပတ်သက်ပြီးတော့ နားမထောင်ဘူး၊ နားထောင်လို့ ကောင်းတာမှန်သမျှ နားထောင်တယ်လို့ ဆိုပါတယ်။
“သီချင်းစာသား အတိုင်းတော့ လိုက်ခံစားပေးတယ်။ ကိုယ့် ခံစားချက်အတိုင်းတော့ လိုက်နားမထောင်ပါဘူး။ အဆိုတော်ဆိုတဲ့ သီချင်းနဲ့ ခံစားချက် စာသားအတိုင်းပဲ နားထောင်လိုက်တာပဲ ရှိပါတယ်” လို့ သူက ဆက်ဟြေပါတယ်။
မိုးဟေကိုက အသည်းကွဲ သီချင်းတွေ နားထောင်ပြီး အသဲကွဲနေဖို့ အချိန်အကုန် မခံဘူးလို့လည်း သူ့ရဲ့ ခံစားချက်ကို ဟြေပြပါတယ်။
“အသည်းကွဲ သီချင်းတွေက ဟိုးအရင် ခေတ်အဆက်ဆက် ကတည်းက ရှိတာပါ။ အသည်းကွဲ သီချင်းတွေမှာ ပရိသတ်ရဲ့ ခံစားမှုနဲ့ တိုက်ဆိုင်ရင် သီချင်းတပုဒ် ကတော့ ပေါက်သွားတာပေါ့နော်။ မိုးကတော့ အဲဒီလို အသည်းကွဲ သီချင်းတွေ နားထောင်ပြီး အသဲကွဲတာမျိုး မဖြစ်ဖူးဘူး။ အဲဒီလိုမျိုး အချိန်မကုန်ဘူးရှင့်” လို့ သူ့ယူဆချက်ကို ရှင်းပြပါတယ်။
Read more →

ကြက်တောင်ရိုက် အားကစားနည်းနဲ့ ခင်ဝင့်ဝါ

,

ကြက်တောင်ရိုက် အားကစားနည်းနဲ့ ခင်ဝင့်ဝါ
 















၂၇ ကြိမ်မြောက် အရှေ့တောင် အာရှဆီးဂိမ်း အားကစားပြိုင်ပွဲ အတွက် ပေါ်ပြူလာ ဂျာနယ်က တင်ဆက်နေကျဖြစ်တဲ့ ဆီးဂိမ်းလှုံ့ဆော်ရေး အားကစား ကဏ္ဍအနေနဲ့ ဒီတစ်ပတ်မှာတော့ ကြက်တောင် ရိုက်အား ကစားနည်းကို ရွေးချယ်ဖြစ်ခဲ့ကြပြီး ဒီကြက်တောင် ရိုက်အားကစား နည်းအတွက် ကူညီ သရုပ်ဆောင် ပေးဖို့ မင်းသမီးကို စဉ်းစားတဲ့ အခါမှာတော့ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကိုရရှိပိုင် ဆိုင်ထား တဲ့ မြန်မာ့ဂုဏ် ဆောင် ခင်ဝင့်ဝါ ကို အားလုံး က သဘောကျ ကြပါတယ်။ ခင်ဝင့်ဝါကလည်း ဆီးဂိမ်း အားကစားလှုံ့ဆော် ရေးအတွက်ဖြစ် တာကြောင့် လိုလိုလားလားပဲ ကူညီပေးခဲ့ ပါတယ်။
ဆီးဂိမ်းအား ကစားဝတ်စုံတွေ အတွက်W&W Co;Ltd Royal Golden Owls (RGO) (SEA Games Souvenirs)မှကူညီ ပေးခဲ့ပြီးခင်ဝင့်ဝါ အတွက် မိတ်ကပ်- ထက်(Pop Soul) ကကူညီပံ့ပိုးပေးခဲ့ကြပါ တယ်။ ကြက်တောင် ရိုက်ကွင်း နေရာကိုတော့ အလုံမြို့နယ်ရှိ Indonesian International School မှာ သွားရောက်ရိုက်ကူး ဖြစ်ခဲ့ပြီး ကျောင်းမှ တာဝန်ရှိသူများ ကလည်း ရိုက်ကွင်း အတွက် ဝိုင်းဝန်းအားပေး ပံ့ပိုးကူညီပေး ခဲ့ကြပါတယ်။
မြန်မာနိုင်ငံ အတွက် ဆီးဂိမ်းအား ကစားကဏ္ဍမှာ တစ်ဖက် တစ်လမ်းက ပါဝင်ခွင့်ရတဲ့ အတွက် တအား ဝမ်းသာဂုဏ်ယူမိပြီး ကိုယ်တိုင်လည်းငယ်စဉ်ကတည်းက အားကစား လုပ်ဖြစ်ကြောင်းကို ခင်ဝင့်ဝါက "ညီမ ငယ် ငယ်တုန်းကကြက်တောင် ရိုက်တယ်။ ဘောလုံး ကန်တယ်။ပြေးတယ်။ အားကစားတွေ အားလုံးကိုလည်း ကြိုက် ပါတယ်။ တစ်ခါတလေ ကြက်တောင် ရိုက်ဖြစ် တယ်။ တစ်ခါတလေကျရင် ပြေးတယ်။ အားကစား လုပ်တာက ကျန်းမာရေး အတွက်များစွာ အထောက် အကူပြုပါ တယ်။ ဥပမာ ဘောလုံးကန်တဲ့ အား ကစားတစ်ခုကို ကစားလိုက်တဲ့ အခါ ချွေးထွက် တယ်။ ချွေးထွက်တဲ့ အခါခန္ဓာ ကိုယ်မှာရှိတဲ့ အပူတွေအကုန် လုံးထွက်သွား တဲ့အတွက် ကျန်းမာရေးကို များစွာ အထောက်အကူပြုတယ်" လို့ ပြောပါ တယ်။
ဆီးဂိမ်း အားကစားပြိုင်ပွဲ ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ် တာကြောင့် ဂုဏ်ယူမိသလို မြန်မာ နိုင်ငံ က အားကစားသမား တွေလည်း အကောင်းဆုံး ယှဉ်ပြိုင်ကာ ဆုတွေအများ ကြီးရပြီး မြန်မာ့ ဂုဏ်ဆောင် နိုင်တဲ့ အားကစားသမားတွေ ဖြစ်ပါစေလို့လည်း ဆုတောင်း ပေးခဲ့ပါတယ်။
 ၂၇ကြိမ်မြောက် အရှေ့ တောင်အာရှ ဆီးဂိမ်းပြိုင် ပွဲမှာ အားကစားနည်း၃၃ မျိုးထည့်သွင်း ကျင်းပသွား မှာဖြစ်ပြီး ကြက်တောင် ရိုက်အားကစားနည်း အတွက် ရွှေ၅ခု၊ ငွေ၅ခု၊ ကြေး၅ခုတို့ကို ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။  
ခိုင်ဝေလွင်
Read more →

Star Model Int’L နှင့်ချုပ်ဆိုထားသည့် စာချုပ်ကို ခင်ဝင့်ဝါက ငွေကျပ်သိန်း ၃၀ ပေးဆောင်၍ ရုပ်သိမ်း

,


Miss Supranational ပြိုင်ပွဲတွင် ဆု လေးဆုဆွတ်ခူးခဲ့သည့် ခင်ဝင့်ဝါသည် Star model Int’l နှင့် ချုပ်ဆိုထားသည့် စာချုပ်ပါ စည်းကမ်းချက်အချို့ကို
ဖောက်ဖျက်ခဲ့သဖြင့် ငွေကျပ် သိန်း ၃၀ လျော်ကြေး ပေးအပ်၍ ရုပ်သိမ်းလိုက်ကြောင်း ခင်ဝင့်ဝါက မဇ္ဈိမသို့ပြောကြားလိုက်သည်။

ထို့အတွက်ကြောင့် ခင်ဝင့်ဝါအနေဖြင့် Miss Supranational Myanmar Organization ဖြင့် ချုပ်ဆိုထားသည့်အတိုင်း တစ်နှစ်တာ လုပ်ကိုင်သွားမည်ဖြစ်ကြောင်းလည်း ဆက်လက် ပြောဆိုလိုက်သည်။

“သမီး Star မော်ဒယ်လ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အတွက် လျော်ကြေးငွေကို ဒီလလယ်မှာ Miss Supranational Myanmar Organization က ပြုလုပ်တဲ့ အနုပညာလုပ်ငန်းတွေမှာပဲဆက်ပြီး အလုပ်တွေ လုပ်သွားမှာပါ၊ ဆရာဂျွန်လွင်နဲ့ ဘာမှတော့ ပြဿနာမရှိပါဘူး၊ အေးအေးဆေးဆေးပါပဲ”ဟု ခင်ဝင့်ဝါက ပြောသည်။

ခင်ဝင့်ဝါသည် Star Model int’l တွင် ၂၀၁၂ ဇွန်၊ ဇူလိုင်လတွင် စတင်ပြီး သင်တန်း တက်ရောက်ခဲ့သည်။ သင်တန်းပြီးဆုံးချိန်တွင် ခင်ဝင့်ဝါက ၎င်းအေဂျင်စီနှင့် ငါးနှစ်တာ အနုပညာအလုပ်များကို အတူတကွ လုပ်ကိုင်မည့် စာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စာချုပ်အား ပယ်ဖျက်ခြင်းအပေါ် Star Model int’l မှ ဂျွန်လွင်က ““အခု အချိန်မှာ မပြေလည်စရာ အကြောင်း မရှိပါဘူး။ သူလည်း သူ့အလုပ် သူလုပ်နေတာပါ။ ကျွန်တော်တို့ အေဂျင်စီအနေနဲ့ ကလေးတွေကို လွတ်လွတ်လပ်လပ်နဲ့ လုပ်ခွင့်ပေးထားတယ်၊ စာချုပ်ချုပ်ထားပေမယ့်လည်း သူတို့တွေ အလုပ်လုပ်ခွင့် ရနေမှာပါ။ ပြည်ပကို သွားပြိုင်ကြတဲ့ သူတွေအနေနဲ့ ပို့ပေးတဲ့ organizer တွေက အကျိုးမြတ်လိုလို့ လွှတ်ပေးတာလား။ စေတနာနဲ့ လွှတ်ပေးတာလား ဆိုတာကို သိရမှာပါ။ စာချုပ်ဆိုတာက စည်းနဲ့ဘောင်နဲ့ အလုပ်လုပ်ဖို့အတွက် လုပ်ထားတာပါ။ အကျိုးအမြတ်အတွက် မဟုတ်ပါဘူး။ စာချုပ်အတိုင်း တကယ်ပေးလျော်ရမယ်ဆိုရင် ဟိုဘက်ကို သိန်းတစ်ထောင်လျော်ရမှာ ကိုယ့်ဘက်က သိန်း ၃၀ ပဲ လျော်ရမှာဆိုတော့ ဘယ်ဘက်ကို
လျော်မလဲဆိုတာကို စဉ်းစားကြည့်ပါ။ သူ့အနေနဲ့ ဟိုဘက်ကို စာချုပ်ချုပ်ထားတော့ အခက်အခဲဖြစ်နေတာကြောင့် ကျွန်တော်တို့အနေနဲ့ ငါးနှစ် စာချုပ် ချုပ်ထားပေမယ့် သိန်းကျပ် ၃၀ သတ်မှတ်ပြီး စာချုပ်ကို ဖျက်ပေးခဲ့တာပါ”ဟု ပြောသည်။

Mizzima
Read more →

Tuesday, September 24, 2013

ခဏချစ်ရရင်ပြီးရော ဖြစ်ခဲ့ဖူးတဲ့ စန္ဒီမြင့်လွင်

,

လူရယ်လို့ ဖြစ်လာရင် အချစ်ဆိုတာကို မခံစားတတ်သူ မရှိသလောက် ရှားမယ် ထင်ပါတယ်။ တချို့က  တော့လည်း ပိုင်ဆိုင်ရမှအချစ်၊ မပိုင်ဆိုင်ရဘဲ ခွင့်လွှတ်အနစ်နာခံ တာကိုလည်း အချစ်လို့ဆိုပြန်ပါတယ်။ အချစ်ဒဿန ဆရာတွေက အချစ်ကိုအမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆို ကြသလိုချစ်ခြင်းနဲ့ အိမ်ထောင်ပြု ခြင်းကြားမှာ ဘယ်လိုဆက်နွယ်မှု တွေရှိနေလဲ အနုပညာရှင်တွေကို တီးခေါက်ကြည့်တဲ့အခါ...
Q : နောက်ပိုင်းမှ သံယောဇဉ် ရှိသိသွာားတာမျိုးပဲဖြစ်မှာပါ။
A : မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့ ခံစားမှုမျိုး ခံစားဖူးလားဆိုတော့ အဲဒီလိုတော့ မပြောတတ်ဘူး။ နောက်ပိုင်းမှ သံယောဇဉ်ရှိသွားတာမျိုးပဲ ဖြစ်ရင်ဖြစ်မှာပေါ့။ မြင်မြင်ချင်းကတော့ သူ့ကိုကိုယ်က ခင်လို့ ရတယ်။ နည်းနည်းကြာသွားတော့မှ သူနဲ့သံယောဇဉ် ဖြစ်သွားတာမျိုးပဲဖြစ်မှာပါ။ ဒီးဒီ ဆယ်ကျော်သက် တုန်းကဘာမှ နားမလည်ခဲ့ဘူး။ ချစ်ရရင်ပြီးရောပဲ။ အခုကျတော့ ကိုယ်တကယ်အရမ်း ချစ်လို့ရမလား။ ဆယ်ကျော်သက် တုန်းက ခဏချစ်ရရင်ပြီးရော အခု ကျတော့ တစ်ဘဝလုံးလက်တွဲနိုင်မှ ဆိုပြီးတွေးတတ် သွားပြီ။
Q : အိမ်ထောင်တစ်ခုတည် ဆောက်ဖ်ဖို့ အချစ်က ၈၀ ရာခိုင်နှုန်း အရေးကြီးတယ်။
A : အချစ်က အိမ်ထောင်တစ်ခု တည်ဆောက်ဖို့အတွက် ၈၀ ရာ ခိုင်နှုန်းလောက်လိုမယ်ထင်တယ်။ (၂၀)ရာခိုင်နှုန်းလောက်က ဘဝအ တွက်ပေါ့။ အားလုံးကောင်းဖို့ အကုန်လုံးပြည့်စုံမှလို့ထင်တာပဲ။ အများ ကြီးတော့ သိပ်မသိပါဘူး။ အချစ်ဆိုတာကို ဒီးဒီလက်ခံတယ်။ အချစ်ဆိုတာ ထူးဆန်းတယ်။ အချစ်ဆိုတာ ကောင်းပါတယ်။ အချစ်ကို ပူလောင်တယ်တို့၊ အေးမြတယ်တို့ အဓိပ္ပာယ် ဖွင့်ချင်တာမျိုး မရှိပါဘူး။
Q : အချစ်သီချင်းတွေ အများကြီး သီဆိုရတဲ့ အဆိုတော် တစ်ယောက်အနေနဲ့ အချစ်ကို လက်ခံယုံကြည် ထားတာက။
A : ကိုယ့်သီချင်းထဲကလိုအချစ်မျိုး ရှိလား၊ မရှိဘူးလားတော့မသိဘူး။ ဒီးဒီက အချစ်သီချင်းတွေဆိုရင် သီချင်းရေးဆရာ ရေးပေးတာကို စိတ်ထဲ မှာထည့်ပြီး ခံစားလိုက်တာပဲ။ ကိုယ်ဆိုတဲ့သီချင်းနဲ့တော့ တိုက်ဆိုင်မှု တွေမရှိပါဘူး။
Q : လူတစ်ယောက်က ချစ်နေရင် စိတ်ချမ်းသာလို့ ချစ်တာ။
A : အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ခံစားမှုတစ်ခုပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်နေရင် စိတ်ချမ်းသာလို့ချစ် တယ်။ တချို့ကျတော့လည်း သူ့ကို ချစ်နေရရင်၊ ပေးဆပ်နေရရင် စိတ်ချမ်းသာလို့ ချစ်တာလည်း ရှိပါတယ်။ အချစ်ဆိုတာ ဒီလိုပဲတစ်ယောက် တစ်မျိုးစီပါပဲ။ အချစ်ကို ဒဿနမ ဖွင့်တတ်ပါဘူး။ ဒီးဒီတွေ့ဖူးခဲ့တဲ့ အချစ်ကတော့ ထူးထူးခြားခြားကြီး မရှိပါဘူး။ ပုံမှန်ပါပဲ။
By 8 Days
Read more →

Monday, September 23, 2013

*ဘ၀ မမေ့တဲ့ အလှမယ် ( Miss Supranational 2013)*

,

ပြီးခဲ့တဲ့ ရက်ပိုင်းက ဘယ်လာရုစ်နိုင်ငံမှာ ကျင်းပသွားခဲ့တဲ့ Miss Supranational 2013 မှာ သရဖူဆောင်း သွားတဲ့ ဖိလင်ပိုင်နိုင်ငံက မစ္စ Mutya Datul ရဲ့ ဘ၀ ဇာတ်ကြောင်းလေးကို ဖိလစ်ပိုင်း ရုပ်သံ သတင်းဌာန တခုနဲ့ မေးမြန်း တင်ဆက်ထားတာပါ။

Mutya ဟာ ငယ်စဉ်က ကျေးလက်တောရွာကမှာ မွေးဖွားကြီးပြင်းခဲ့တာဖြစ်ပြီး ဆင်းရဲတဲ့ မိသားစု က ပေါက်ဖွားလာတာ ဖြစ်သလို သူ့ဘ၀မှာ ဆင်းရဲမှုကြောင့် ဆာလောင်မှုတွေနဲ့ မကြာခဏ ကြုံဆုံခဲ့ရ တာလေးကိုလည်း မေးမြန်းခန်းတခုမှာ ပြောသွားပါတယ်။

ပြကွက်တခုမှာတော့ သူဟာ မိသားစုနဲ့ အတူ ထမင်းစားဝိုင်းမှာ ထမင်းကို ဆီဆမ်း၊ ဆားဖြူးပြီး စားနေခိုက် ကြက်ပေါင် ကိုက်စားသလို စိတ်က မျှော်မှန်း စားသောက်ခဲ့ရတာကိုလည်း ပြောပြသွားပါတယ်။

ငယ်စဉ်ကျောင်းသူဘ၀ တုန်းက အတန်းထဲမှာ ဈေးရောင်းပြီး ဘ၀ကို ဖြတ်သန်းခဲ့ရတာလည်း သူက မချွင်း မချန် ပြောသွားပါသေးတယ်။

သူဟာ ဖိလစ်ပိုင်းနိုင်ငံမှာလည်း အခြား အလှမယ်ပြိုင်ပွဲတွေမှာလည်း ဆုတွေ ရခဲ့တဲ့အကြောင်းအပါအ၀င် အခုနောက်ဆုံး အမေရိကန် ဒေါ်လာ ၂ သောင်းခွဲနဲ့အတူ Miss Supranational 2013 သရဖူ ဆုရနဲ့အတူ မိခင် နိုင်ငံကို ပြန်လာခဲ့ပါတယ်။

သူ့ဇာတိမြေကို ပြန်လာရာလမ်းတလျှောက် သူ့ကို အားပေးချီးမြှောက်ကြိုဆိုနေကြတဲ့ ဒေသခံတွေကိုလည်း သူက အားပေး စကား တွေ ပြောခဲ့ပါသေးတယ်။

ဘ၀ မမေ့တဲ့ ဖိလစ်ပိုင် အလှမယ်ရဲ့ သူ့ဘ၀၊ သူ့အကြောင်း ပြောသွားတာကို မစ်ဆိုလိုဂျီ က အခုလို ဖော်ပြ ထားပါတယ်။ ဖိလစ်ပိုင်ဘာသာစကားနဲ့ မေးမြန်း ဖြေဆိုထားကြတာပါ။

ဧရာဝတီblog

Miss Supranational 2013 ဆုရှင် ဖိလစ်ပိုင်အလှမယ် Mutya Datul ရဲ့ အိမ်အပြန်ခရီး၊ ဓာတ်ပုံ- missosology
Read more →