Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Tuesday, November 19, 2013

***ဗုဒ္ဓသာသနာအတွက် အလားအလာ မ ကောင်းတော့ကြောင်း အင်းစိန် ရွာမဆရာတော် ဘုရားကြီး၏ သတိပေးချက်***

,

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ.(ဗဟို) မှဦးဆောင်ဆရာတော်တစ်ပါးဖြစ်သော
အင်းစိန်ရွာမဆရာတော် အရှင်တိလောက ဘိဝံသ ဆရာတော်ကြီး၏ ယနေ့ ဗုဒ္ဓဘာသာ ခေါင်းဆောင်များအတွက် "သတိပေးချက်" " "ယနေ့ဗုဒ္ဓဘာသာဝင် ခေါင်းဆောင်အများစုသည်........
၁။မြတ်ဗုဒ္ဓ ဘုရားဖြစ်ခါစက မိန့်ကြားခဲ့သော သာသနာပြုလမ်းစဉ်လိုက်သူ မရှိသလောက်ဖြစ်နေပြီ။

၂။မိမိနေရာ၌သာနေထိုင်ပြီးစာပေပို့ချနေခြင်းကို ပရိယတ္တိသာသနာပြုနေသည်ဟု ထင်နေကြသည်။

၃။ပြည်ပနိုင်ငံရောက်ရဟန်းတော်များသည်ပြည်ပမှာရောက်နေသည့်မိမိနိုင်ငံ သားဗုဒ္ဓဘာသာဝင်များ၏အကြည်ညိုခံသက်သက်ဖြင့်ကျေနပ်နေကြသည်။

၎။ဘာသာခြားများကို သီမ်းသွင်းသာသနာပြုနိုင်မှု မရှိသလောက်ရှားသည်။

၅။ပြည်တွင်းနေရဟန်း၊သာမဏေအများစုမှာလည်း ပရိယတ်၊ပဋ္ဋိပတ်နှင့်ကင်းကွာပြီး ယောင်ဝါးဝါး စားကာ သောက်ကာ အလကား အချိန်ဖြုန်းနေကြသည်။

၆။ဦးဆောင်ပုဂ္ဂိုလ်များနှင့်နောက်လိုက်များပါ မိမိရရှိသော လာဘ်လာဘများကို သာသနာအတွက်သုံးခြင်းထက် သာသနာအတွက် အကျိုးမများသည့် နေရာ၌ ဖြုန်းပစ်ကြသည်။

ရ။လာဘ်လာဘပေါများသည့် မြို.ကြီး ပြကြီးလိုနေရာဌာနများမှာသာ နေလိုကြသည်။

၈။သာသနာမရောက်သေးသည့်နယ်စွန်နယ်ဖျား လာဘ်လာဘ ရှားပါးသောနေရာများသို့ ကိုယ်ကျိုးစွန့် သွားရောက်သာသနာပြုလိုစိတ် မရှိကြ။

၉။လိုအပ်သည့် အဟောင်းပြုပြင်မှုထက် မလိုအပ်ဘဲ ဘုရားတည်၊ကျောင်းဆောက် စသောအဆောက်အဦးများဆောက်လုပ်ခြင်းဖြင့် နိုင်ငံ့ဘဏ္ဍာ၊ပြည်သူ့ဘဏ္ဍာ၊ သာသနာ့ဘဏ္ဍာတို့ကိုဖြုန်းတီးပစ်ကြသည်။ဤသို့ သောပြုမူလုပ်ဆောင်နေခြင်းများသည် သာသနာတော်ပြန့်ပွားရေးအတွက် အလားအလာမကောင်းပါ။

အရှင် တိလောကာဘိဝံသ (အင်းစိန် ရွာမ)
Read more →

Monday, November 18, 2013

ကထိန်အလှူခံ ဖျော်ဖြေရေး ယဉ်ကျေးမှု ပြောင်းလဲလာ

,


ကထိန်, ဘာသာရေး, ဂီတ, ယဉ်ကျေးမှု
ကထိန် အလှူခံပွဲ တခု (ဓာတ်ပုံ – စည်သူ)
ရန်ကုန်မြို့မှာ ကထိန်ရာသီရောက်ပြီဆိုရင် ကထိန်ပွဲတွေ ဖြစ်မြောက်အောင် အပြိုင်အဆိုင် အလှူခံတဲ့ ဆိုက်ကားဂိတ်၊ ကားဂိတ်၊ ရပ်ကွက်လူငယ်၊ အသင်းအဖွဲ့တွေက အလှူခံထွက်ကြတဲ့အခါ အရင်လို မြန်မာသံစဉ်၊ ရိုးရာတီးလုံးတွေ၊ သီချင်းတွေ ဖွင့်ပြီး အလှူခံတဲ့ ဓလေ့ထက်  နိုင်ငံတကာတီးလုံးတွေ၊ DJ နဲ့ Remix တွေလို ဂီတတွေနဲ့ အလှူခံကြတာ ပိုများနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
အလှူခံမှာ ဖွင့်နေကြတဲ့ သီချင်းတွေရဲ့  အဓိပ္ပာယ်ဟာ မြန်မာလိုပြန်ရင် ယဉ်ကျေးမှုမရှိဘဲ တော်တော်လေး နားမခံသာဘဲ ဘာသာရေးအမြင်နဲ့ ကြည့်ရင် မလျော်ညီတဲ့ သီချင်းတွေ ဖြစ်နေတယ်လို့ ဒေါပုံမြို့နယ်မှာ နေတဲ့ မမီးမီးက ဧရာဝတီကို ပြောပါတယ်။
“နိုင်ငံခြားသီချင်းတွေကို အဓိပ္ပာယ် မသိဘဲ ဖွင့်နေကြတာ တော်တော်ဆိုးတယ်။ ဥပမာ ဂျနီဖာလိုပက်ဇ်ရဲ့ On the Floor ဆိုတဲ့ သီချင်းက နိုက်ကလပ်တွေမှာ ဖွင့်သင့်တဲ့ သီချင်းမျိုး။ Hotel Room Service ဆိုတဲ့ သီချင်းမျိုးတွေ။ ပြီးတော့ အင်္ဂလိပ်လို Low, Low လို့ဆိုတဲ့ သီချင်းတပုဒ်ကို မြန်မာလို အသံလိုက်ထွက်ပြီး ဆိုနေကြတာ ကြားရတာ တော်တော်ဆိုးတယ်” လို့ မမီးမီးက သူရဲ့ အမြင်ကို ပြောပါတယ်။
ရန်ကုန်မြို့မှာ အလှူခံထွက်ကြတဲ့အခါ ကိုရီးယားအဆိုကျော် PSY ရဲ့ အိုပါဂန်းနမ်းစတိုင် သီချင်းကို အသံချဲ့စက်နဲ့ အသံကုန် ဖွင့်ကြောင်း၊ နေ့ညအချိန်မလပ် အလှူခံတော်တော်များများမှာ ဒီသီချင်းကို နှစ်နှစ်ခြိုက်ခြိုက်ဖွင့်ပြီး ဒီသီချင်းထဲက သရုပ်ဆောင်ရဲ့ ဟန်အတိုင်း မကတတ်ကတတ်နဲ့ လိုက်ကကြကြောင်း၊ တချို့ဆိုရင် အလှူခံထွက်ရင် သောက်စားမူးယစ် နေတာမျိုးတွေပါ ရှိကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းမှာနေတဲ့ ဒေါ်ဥမ္မာက ပြောပါတယ်။
“လှူဖို့ အလှူခံရင်တော့ မပြောပါဘူး။ တချို့ကြတော့ အလှူခံပြီးတော့ အဲဒီပိုက်ဆံထဲက အရက်ဝယ်သောက် နေတာမျိုးတွေကတော့ မကောင်းဘူးပေါ့လို့”  ဒေါ်ဥမ္မာက ဆက်ပြောပါတယ်။
အိုပါဂန်းနမ်းစတိုင် သီချင်းအပါအ၀င် သီချင်းအမြူးလေးတွေ ဖွင့်ရတာဟာ လူစိတ်ပါလာပြီး လှူချင်တန်းချင်လာအောင် လုပ်ရတာ ဖြစ်ပြီး အလှူခံလှည့်တဲ့အခါ ကတဲ့သူတွေကို မြူးအောင်၊ စိတ်ပါလက်ပါ ကချင်လာအောင် လုပ်ရတာဖြစ်ကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်း (၄၀) ရပ်ကွက်မှာ ဘုံကထိန်ဖြစ်မြောက်ရေး ဦးဆောင်အလှူခံတဲ့ ကိုသီဟက ဧရာဝတီကို ပြောပါတယ်။
“ဂန်းနမ်းစတိုင် သီချင်းက မြူးတယ်။ အဲတာကြောင့် လူများတဲ့နေရာရောက်ရင် ဂန်းနမ်းစတိုင်သီချင်း ဖွင့်ထည့်လိုက်တာပဲ။ တခါတလေ ဗီဗာဟိန်း၊ DJ သီချင်းတွေ ဖွင့်တယ်” လို့ ကိုသီဟက ဆိုပါတယ်။
ဘာသာရေး၊ ဓမ္မသီချင်းတွေ ဖွင့်ရင် အလှူခံငွေ နည်းနည်းပဲ ရတယ်လို့ အလှူလှည့်ခံတဲ့သူတွေက ယုံကြည်နေကြပြီး ဂီတအသံစုံနဲ့ ဖွင့်ပြီးအလှူခံတာ တရက်ကို မြန်မာကျပ်ငွေ ခြောက်သောင်းကနေ တစ်သိန်းထိရတယ်လို့ သိရပါတယ်။
အလှူခံထွက်တဲ့ အခါမှာလည်း တချို့ရပ်ကွက်တွေက ပေးမ၀င်တာမျိုးတွေရှိကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဆီကို တရက်ကြိုပြီး အကြောင်းကြားမှ ရပ်ကွက်ထဲ ဝင်ခွင့်ရလေ့ရှိကြောင်း၊ ကြိုတင် အကြောင်းမကြားမိလို့ ဒဂုံမြို့သစ် မြောက်ပိုင်း (၃၆) ရက်ကွက်မှာ သွားအလှူခံတဲ့အခါ မရဘဲ လှည့်ပြန်ခဲ့ရတာ ရှိကြောင်းလည်း ကိုသီဟက ပြောပါတယ်။
“သောက်တာစားတာ ရှိကြတာတော့ ဟုတ်တယ်။ လူအမျိုးမျိုး စိတ်အထွေထွေပဲ။ သောက်တာစားတာကတော့ သိပ်မဆန်းတော့ဘူးလို့ ပြောရမယ်” လို့လည်း သူက ဆိုပါတယ်။
အခုလိုမျိုး သောက်စား အလှူခံနေတာမျိုးတွေ ဖြစ်မှာစိုးလို့ ကထိန်အလှူခံကို ကိုယ်ထူကိုယ်ထ အနေနဲ့ ဖြစ်အောင် ကထိန်ရာသီ မတိုင်ခင် လွန်ခဲ့တဲ့ လေးလလောက်က စပြီးတော့ ကိုယ့်ဂိတ်က တက္ကစီ ယာဉ်မောင်းတွေကို တယောက်လျှင် တရက် ၂၀၀ ကျပ်နဲ့ ကြိုပြီးတော့ အလှူခံထားလို့ တခြားနေရာတွေမှာ လိုက်ပြီးတော့ အလှူခံဖို့ မလိုတော့ဘူးလို့ ဒဂုံမြို့သစ် မြောက်ပိုင်း (၄၀) ရက်ကွက် ကုန်းထိပ်မှတ်တိုင် တက္ကစီဂိတ်က ကိုမြင့်နိုင်က ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ ဂိတ်မှာက တက္ကစီ ယဉ်မောင်း ၂၅ ဦးလောက် ရှိတယ်။ သူတို့ဆီက ငွေနဲ့ ကိုယ့်အသိ အိမ်လေးတွေမှာပဲ အလှူခံလိုက်တာ ၇ သိန်းကျော် ရတယ်။ အလှူမခံဘူးဆိုတာက အရက်သေစာသောက်စားမှာ၊ သရုပ်ပျက်တာမျိုးတွေ မဖြစ်စေချင်လို့” လို့ ကိုမြင့်နိုင်က ဆိုပါတယ်။
ကထိန်ပွဲဆိုတာဟာ တနှစ်မှာတခါ၊ တလမှာတကြိမ်၊ တကြိမ်မှာ တခါပဲဆိုသလို့ ပြုလုပ်ရတဲ့ ကာလဒါန တမျိုးဖြစ်ပြီး ဘုရားကိုယ်စား သံဃာတွေကို ပူဇော်တာဖြစ်လို့ တတ်နိုင်ရင် တရားနဲ့ ပူဇော်တာ၊ ပဌာန်းနဲ့ ပူဇော်တာမျိုးကသာ အကောင်းဆုံးလို့ တောင်ဥက္ကလာ (၂) ၀ိုင်းမှာ ရှိတဲ့ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်က စာချဆရာတော် အရှင် ဥတ္တရက ဧရာဝတီကို မိန့်ပါတယ်။
“ပုံစံအမျိုးမျိုးနဲ့ အလှူခံကြတာက သူတို့ရဲ့ လုပ်ငန်းအပေါ်မှာ တက်ကြွအောင် လုပ်ကြတာပေါ့။ အတိုင်းအထက်လွန် သရုပ်ပျက်သွားတာမျိုး ဆိုရင်တော့ မကောင်းဘူးပေါ့။ ဆိုင်ကယ်တွေ၊ ကားတွေရှေ့မှာ အရုပ်ကြီးတကားကားနဲ့ ပိတ်ပြီး အတင်းအလှူခံတာမျိုးတော့ မကောင်းဘူးပေါ့” လို့ အရှင် ဥတ္တရက မိန့်ပါတယ်။
ကထိန်သင်္ကန်းကို သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ကနေ တန်ဆောင်မုန်း လပြည့်နေ့အထိ ကပ်လို့ရပြီး ကထိန် အကျိုးတရားကိုတော့ တပေါင်းလပြည့်နေ့အထိ ခံစားလို့ရတယ်လို့ သိရပါတယ်။
Read more →

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေးမည့် အခြေခံဥပဒေဟောပြောပွဲ ခွင့်ပြုချက်ရပြီ

,

နေပြည်တော်တွင် နိုဝင်ဘာ ၁၈ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲကို တရားဝင် ခွင့်ပြုချက်ရပြီဟု ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက မဇ္ဈိမကို ပြောသည်။


နေပြည်တော်၊ ဇမ္မူသီရိမြို့နယ်၊ လက်ပံခါးလှကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေးမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူရေး လူထုဟောပြောပွဲအခမ်းအနားကို နိုဝင်ဘာလ၁၈ရက်၊ နံနက်၈နာရီခွဲတွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါ ပွဲကျင်းပခွင့်ကို ဒေသဆိုင်ရာ အာဏာပိုင်များက ဟောပြောပွဲ ကျင်းပရေးကော်မတီ၏ လျှောက်လွှာကို ငြင်းပယ်မှုများရှိခဲ့သည်။ ယင်းအတွက် ဇမ္မူသီရိမြို့နယ်၊ ရဲတပ်ဖွဲ့ရုံးတွင် ဒေသအာဏာပိုင်များက ပွဲစီစဉ်ကျင်းပသူများကို ခေါ်ယူတွေ့ဆုံခြင်းများလည်း ရှိခဲ့သည်။

"ဟောပြောပွဲကျင်းပဖို့ တရားဝင်ခွင့်ပြုလိုက်တယ်လို့ နိုဝင်ဘာ၁၇ရက်၊ နံနက်က အာဏာပိုင်တွေက အကြောင်းပြန်ခဲ့တာပါ" ဟု ဦးမင်းသူက ပြောသည်။

နေပြည်တော်ကောင်စီရုံး၏ အနီးအနားတွင် ရှိနေခြင်း၊ ပွဲကျင်းပမည့် နေ့သည် ရုံးဖွင့်ရက်ဖြစ်နေခြင်းနှင့် ပွဲကျင်းပခွင့်လျှောက်ရာတွင် ပွဲစီစဉ်သူလက်မှတ်သာ ပါရှိပြီး ဟောပြောမည့်သူ၏ လက်မှတ် မပါရှိဟုဆိုကာ ငြင်းပယ်ခဲ့ခြင်းဖြစ်ပြီး ဇမ္မူသီရိမြို့နယ် ပြင်ပသို့ နေရာပြောင်းလဲကျင်းပပါက ခွင့်ပြုမည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက အကြောင်းပြန်ခဲ့ကြောင်း ဦးမင်းသူ၏ ပြောကြားချက်အရ သိရသည်။

၎င်းက ဆက်၍“ကျွန်တော်တို့ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ မှူးရုံးက ခေါ်ပါတယ်၊ ဥပဒေနဲ့အညီ ဆောင်ရွက်တာဖြစ်လို့ ကျွန်တော်တို့ ဒီနေရာကနေ မရွှေ့နိုင်ပါဘူးလို့ ပြန်လည်ဆွေးနွေးခဲ့တယ်” ဟု ပြောသည်။

ပွဲကျင်းပခွင့်အတွက် နိုဝင်ဘာလ ၁၃ရက်တွင် ခွင့်ပြုချက်တင်ပြခဲ့ခြင်းဖြစ်ပြီး ဒေသအာဏာပိုင်များက နိုဝင်ဘာလ ၁၄ရက်တွင် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၆ ရက်နေ့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ခံမှတစ်ဆင့် ဖိတ်ခေါ်သည့်အတွက် ဟောပြောပွဲကျင်းပရေးကော်မတီက သွားရောက်တွေ့ဆုံခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူရေး လူထုဟောပြောပွဲအခမ်းအနားများကို စက်တင်ဘာလမှစတင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ပြုလုပ်ခဲ့ရာ ထိုသို့ ကနဦးတားမြစ်ခံရခြင်းမျိုး မရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။
Read more →

Thursday, November 14, 2013

ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရရှိ ...

,
၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက် ၁၁ နာရီ ၁၅ မိနစ်နာရီ၊ လှိုင်သာယာမြို့နယ် အလင်းပဒန်ကျေးရွာ အမှတ် ၃/၄ ရှိ ကျော်ဆန်းဦး ပိုင်ဆိုင်သည့် SKY အအေးခန်းဧည့်ရိပ်သာသို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး ၀င်းနိုင် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များရောက်ရှိပြီး ၀င်ရောက်ရှာဖွေရာ တည်းခိုခန်းအမှတ် ဘီ-၁၅ တွင် တည်းခိုနေထိုင်သည့် တင်မောင် အသက် ၃၄ နှစ်၊ ဘ - ဦးစံဝင်း၊ ကျောင်းရပ်ရွာ မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်နေသူထံမှ pvc ပိုက်ဖြင့် ပြုလုပ်ထားသည့် ယမ်းတောင့်နှစ်တောင့်၊ ယမ်းထည့်ထားသည့် ပုလင်း ၂ လုံး အပါအ၀င် စုစုပေါင်း စပ်ဆက်ပစ္စည်း ၁၄ မျိုးအား ဖမ်းဆီးရမိကြောင်း၊ ဖမ်းဆီးချိန်တွင် အမည်မသိသူ တစ်ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ဖမ်းဆီးရမိ တရားခံအား သက်ဆိုင်ရာမှ စစ်ဆေးနေကြောင်းနှင့် ထွက်ပြေးလွတ်မြောက်သူအား စုံစမ်းဖော်ထုတ်ကြောင်း သတင်းရရှိသည်။
(မြင့်ဦး/မင်္ဂလာဒုံမြို့နယ်)
Read more →

Wednesday, November 13, 2013

ဖုန်း Bill ဖြည့်မရဖြစ်နေပါသလား!!!!!

,


ခုတလော ငွေဖြည့်မရတာ၊ ငွေလွဲပို့ရင်မရောက်တာတွေ တော်တော်များများ
ကြားလာရ ပါတယ်။ ရောင်းသူနဲ့ ဝယ်သူကြားမှာတစ်ယောက်နဲ့တစ်ယောက် သံသယ စိတ်တွေဝင်ပြီး ပြဿနာ တက်ရတာလဲ ဖုန်းဆိုင်တိုင်း
၊ငွေဖြည့်ကဒ်ရောင်းသူတိုင်း ဖုန်းကိုင်ဆောင်သူတိုင်း ကြုံခဲ့ပြီးသားဖြစ်မှာပါ။

ဒီပြဿနာမှာ ဝယ်သူရော ရောင်းသူရော မမှားကြပါဘူး။ ဝယ်သူနဲ့ရောင်းသူ
ကြားထဲက သံသယ စိတ်တွေကင်းစေဖို့ သက်ဆိုင်ရာ sever ဖုန်းကိုခေါ်ဆို
မေးမြန်းခြင်းဖြင့် သိရှိ နိုင်ပါတယ်။

ငွေဖြည့်ကဒ် error များအတွက် ဆက်သွယ်ရန် ဖုန်းနံပါတ်များ...

GSM/WCDMA ကဒ်များအတွက် 01-555476

CDMA 800 MHz(73 ဖြင့်စသော)၊450 MHz ကဒ်များအတွက် 09-73111111

1500 Ks CDMA 800(MEC Tel) ကဒ်များအတွက် Call Canter -1212

Ytalk international calling card များအတွက် 09-73174871

အထက်ဖော်ပြပါ ဖုန်းများမှ သက်ဆိုင်ရာ ဖုန်းများ သို့ ခေါ်ဆို၍ မေးမြန်းနိုင်
ပါသည်။

သက်ဆိုင်ရာဖုန်းကိုဆက်ပီးတော့ ဖြစ်နေတဲ့ အကြောင်းအရာကိုပြောပြပါ၊ serial no. တောင်းပါလိမ့်မယ်။ error ဖြစ်နေတဲ့ bill ကဒ် အပေါ်က serial no. ကိုပြောပြလိုက်ပါ။

အသုံးမပြုရသေးဘူးဆိုရင် အသုံးမပြုရသေးပါဘူးပြောပြီးတော့ သုံးပြီးသားဆိုပါက ဘယ်နေ့ ဘယ်အချိန်က ဘယ်ဖုန်းနံပါတ် ကို ငွေဝင်သွားပါပြီဆိုတာကို တိတိကျကျ ပြောပြပါလိမ့်မယ်။

ဝယ်သူ နဲ့ ရောင်းသူ ကြား သံသယ စိတ်တွေ ကင်းရှင်းကြပါစေ။

Bo Bo Ko ( MM Social Sky )
Read more →

ဒေါ်အောင်ဆန်းစုကြည်ဇာတာနှင့်မြန်မာပြည်အလားအလာ

,

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သမ္မတလုပ်လိုသောဆန္ဒရှိကြောင်း ထုတ် ဖော်ခဲ့ပါသည်။ ပြည်သူအများစုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် လေးစားမှုရှိသည့်အားလျော်စွာ သမ္မတ ဖြစ်စေလိုသောဆန္ဒအပြည့်အ၀ရှိကြပါ သည်။ တိုင်းရင်းသားများဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် စစ်မှန် သော ဖက်ဒရယ်ပြည်ထောင်စုကို ထူ ထောင်ပေးမည်ဟုယုံကြည်ထားကြသဖြင့် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး ကို သိသိသာသာ ထောက်ခံအားပေး လျက်ရှိကြသည်။

ဤသို့အဘက်ဘက်မှ ထောက်ခံမှု အားကောင်းနေသော ဒေါ်အောင်ဆန်းစု ကြည်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ကြီးအပြီး သမ္မတဖြစ်နိုင်ပါမည်လော။

ဤမေးခွန်းသည် ပြည်သူအများ လိုလိုလားလားသိလိုကြသော ဆန္ဒများ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးသည် ဒေါ်အောင်ဆန်းစု ကြည်ဇာတာတွင် သမ္မတဖြစ်နိုင်သော ဇာတာပါမပါ၊ လက်ရှိမြန်မာနိုင်ငံနိုင်ငံ ရေးရာသီဥတုနှင့် ကိုက်ညီမှုရှိ၊ မရှိ၊ ဤ အချက်များကို ခွဲခြမ်းစိတ်ဖြာပြီး ခြုံငုံ သုံးသပ်ကြည့်ပါက အလွယ်တကူ ပိုင်း ခြားဝေဖန်အဖြေမှန်သိနိုင်ပေလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြား ဆန်းပြားသောဇာတာကို လေ့လာကြည့် မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်၏ လဂ်သည်မဟုတ်မခံတတ်သော၊အတိုက် အခိုက်အလွန်များသော၊ လေးပစ်ရန်ချိန် ရွယ်ထားသော ပုံပါရှိသည့် ဓနုလဂ်ဖြစ် သည်။ တနင်္လာဂြိုဟ်သည် ကန်ရာသီမှာ ရှိသောကြောင့် လဂ်ဆယ်တန့်ကိန်းအိမ် တွင် ကန်စန်းအဖြစ် ရပ်တည်သဖြင့် ကန် ကြာပေါက်သော ဇာတာဟုဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဓနုလဂ်မှ (၉) တန့်သခင်ဂြိုဟ်တနင်္ဂနွေဂြိုဟ်နှင့် (၁၀) တန့်သခင် ဗုဒ္ဓဟူးဂြိုဟ်သည် ပထနီ အိမ်တွင်း ပူးယှဉ်နေသောကြောင့်အလွန် အားကောင်းသော ဗုဒ္ဓတိဿရယုဒ်ရရှိ သည်။ ပထနီအိမ်ဖြစ်သော နိုင်ငံခြား ဂြိုဟ်အိမ်တွင် ဤယုဒ်ရရှိသူများသည် နိုင်ငံတကာအပေါ် သြဇာသက်ရောက်မှု ရှိခြင်းနှင့် နိုင်ငံတကာ၏ ချစ်ခင်လေးစား မှု အထူးခံရသော ဇာတာဖြစ်သည်။ ထို့ ကြောင့်ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ဖြစ် ရုံမျှမက ကမ္ဘာ့နိုင်ငံအသီးသီးက ချီးမြှင့် သော၊ နိုင်ငံတကာ ဆုပေါင်းများစွာ ရရှိ ခဲ့ခြင်းပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဇာတာတွင် လောကုတ္တရာဂြိုဟ်ကြီးများဖြစ်သော စနေဂြိုဟ်၊ ရာဟုဂြိုဟ်၊ ကြာသပတေး ဂြိုဟ်တို့သည် တစ်ခုနှင့်တစ်ခု အဆက် အသွယ်ပြုမှုအလွန်အားကောင်းသဖြင့် ဘာသာတရားကိုင်းရှိုင်းခြင်းနှင့် ဘာဝနာ တရားပွားများကာ တရားထူးတရားမြတ် ရရှိနိုင်သော ဇာတာဖြစ်သဖြင့် အသက် အန္တရာယ်မည်သို့ကြုံစေကာမူ ကယ်တင် မည့်သူ အဆင်သင့်ရောက်ရှိ လာမြဲဖြစ် သည်။ ဥပမာ စစ်အာဏာရှင် များလက် ထက်ဒေါ်အောင်ဆန်းစုကြည် ဖြတ်သန်း ခဲ့ရသောနိုင်ငံရေးခရီးကြမ်း တွင် ရန်သူ့ သတ်ကွင်းအကြိမ်ကြိမ်ကြုံ တွေ့ခဲ့သော် လည်း အသည်းတဖိုဖို ရင်တမမနှင့် အသက်ဘေးမှသီသီလေးလွတ်ခဲ့ရသည့် အကြိမ်ပေါင်းလည်း မနည်းတော့ပြီ။

ဒေါ်အောင်ဆန်းစုကြည်ဇာတာတွင် တနင်္လာဂြိုဟ်ရပ်တည်မှုကိုကြည့်ပါက ကိန်းအိမ်တွင် ကန်စန်းဖြစ်ပြီး ကန်ကြာ ပေါက်သောဇာတာဖြစ်သဖြင့် စိတ်ဓာတ် စွမ်းရည်မြင့်မားခြင်းနှင့် စိတ်တန်ခိုးလွန် စွာထက်မြက်သော ဇာတာဖြစ်သည်။ သူ တစ်ပါးအပေါ် မကောင်းသော စိတ်ထား ခြင်း၊အငြိုးအတေးအာဃာတကြီးခြင်းများ သည် မြူမှုန်မျှ မတွေ့ရသောဇာတာဖြစ် သည်။ မိမိအပေါ် တိုက်ခိုက်လာသမျှ အဆုံးစွန်ထိ သည်းခံနိုင်စွမ်းရှိသော်လည်း ဓနုလဂ် သဘာဝအရ အများပြည်သူ ကောင်းကျိုးအတွက် ထိခိုက်လာလျှင် ရဲရဲဝံ့ဝံ့ပြောရဲဆိုရဲသောသတ်္တိ အပြည့်အ၀ ရှိသော ဇာတာလည်းဖြစ်သည်။

အင်္ဂါဂြိုဟ်၏ ရပ်တည်မှုကို ကြည့် ပါက အင်္ဂါဂြိုဟ်သည် ကသစ်ဖြစ်သော် လည်း ပြခံနေသော သောကြာနှင့် ပူး ယှဉ်နေသည့်အပြင် အင်္ဂါဂြိုဟ်သည် နိပ် န၀င်းစီးထားပြန်ရာအင်္ဂါဂြိုဟ်၏မကောင်း သော ဆိုးကျိုးပေးခြင်းများကို ပြင်းပြင်း ထန်ထန်ခံစားရသော ဇာတာဖြစ်သည်။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်သော်လည်း စစ်ဗိုလ်ချုပ်များ၏ ချစ်ခင်လေးစားမှုကို မခံစားရဘဲ ပြစ်တင် ရှုတ်ချမှုအမျိုးမျိုးကိုသာ ကြုံတွေ့ခဲ့ရ သည်မဟုတ်ပါလော။

ဒေါ်အောင်ဆန်းစုကြည်ဇာတာကို န၀င်းစီးအရ လေ့လာကြည့်ပါက အင်္ဂါ ဂြိုဟ်ဖြစ်သော စစ်ဂြိုဟ်သည် မိတ်ဂြိုဟ် မဖြစ်ဘဲရန်ဂြိုဟ်ဖြစ်နေသဖြင့်ဒေါ်အောင် ဆန်းစုကြည်သည် နိုင်ငံရေးလောကသို့ ၀င်ရောက်လာသည့်အချိန်အခါမှစ၍ စစ် အစိုးရ၏ နိုင်ငံရေးထိုးစစ်များကို ကြိမ်ဖန် များစွာ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဇာတာ တွင် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစု ကြည်သည် တစ်သွေးတစ်သားတည်း စီး ဆင်းရမည့်အစား ဒေါင်းတစ်လမ်း စာ တစ်လမ်း တစ်လမ်းစီဖြစ်နေသောဇာတာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးသည် ပြည်သူများမည်သို့ ထောက်ခံစေကာမူတပ်မတော်၏ထောက်ခံ မှုမရှိသော ဇာတာဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး သည် အလှမ်းဝေးနေကြောင်း တွေ့ရပေ မည်။

အခြေခံဥပဒေအရကြည့်ပါကလည်း သမ္မတရွေးချယ်ခွင့်အခြေခံပုဒ်မ ၅၉ တွင် ပြဋ္ဌာန်းထားသော ““သမ္မတ၏ သားသမီး များသည် ပြည်ပနိုင်ငံသားအဖြစ် ခံယူ ထားသူမဖြစ်စေရ။ မိမိ၏ဇနီးမယား၊ ခင်ပွန်းလင်သားသည် နိုင်ငံခြားသား မဖြစ်စေရ””ဟူသော ပြဋ္ဌာန်းချက်သည် လည်း ဒေါ်အောင်ဆန်းစုကြည်သမ္မတ မဖြစ်နိုင်ရန် လုံးဝပိတ်ပင်တားမြစ်ချက် လည်း ရှိနေပေသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ်္မတဖြစ်လိုသော ဒေါ်အောင်ဆန်းစု ကြည်သည် အထက်ပါပြဋ္ဌာန်းချက်များ ပြင်ဆင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းနေ သော်လည်း နောက်ဆုံးလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပါက စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် ဒေါ်အောင်ဆန်းစု ကြည်သမ်္မတမဖြစ်နိုင်ရေးထပ်မံတားဆီး ထားရာ ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင် ဆန်းစုကြည်သမ္မတမဖြစ်နိုင်ရန် သော့ အထပ်ထပ်ခတ်ထားသကဲ့သို့ဖြစ်နေပေ သည်။

ဤသို့ဆိုလျှင် ဒေါ်အောင်ဆန်းစု ကြည်သည် သမ္မတဖြစ်ရေးလမ်းကြောင်း ပေါ်ဆက်လက်လျှောက်လှမ်းနေဦးမည် လော။ ကျရာနေရာ၊ ကျရာအခန်းကဏ္ဍ မှ ပေါင်းစည်းလက်တွဲကြလျက် မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ အစစ်အမှန်ရရှိရေးအတွက် ဆက်လက် ကြိုးပမ်းလုပ်ဆောင်နိုင်ဦးမည်လော။ ပြည်သူအများသည် ဒေါ်အောင်ဆန်းစု ကြည်၏ ဆုံးဖြတ်ချက်ကိုသာ မျှော် တလင့်လင့် နားစွင့်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်ဇာတာ၏ ထူးခြားချက်ကို ဆက်လက်လေ့လာကြည့် လျှင် အကောင်းဘက်သို့ ရောက်ချိန်နီး တိုင်းအဆိုးများနှင့် ကြုံတွေ့ရတတ်သည်။ အနီးကပ်ဆုံးရောက်ရှိနေသော ၂၀၁၃ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၄ ခုနှစ် ဇန်န ၀ါရီလတွင် မကောင်းသော ဂြိုဟ်စီးဂြိုဟ် နင်းများကျရောက်ချိန်တွင် ဂြိုဟ်သွားနှုန်း များလည်း ဖောက်ပြန်နေသဖြင့် ကံကြမ္မာ ဆိုးများ၊ အရေးအခင်းများ၊ ပေါက်ကွဲမှု များစသည့်မကောင်းသော ကံကြမ္မာတစ် ခုခု ရုတ်တရက် မထင်မှတ်ဘဲ ကြုံတွေ့ ရတတ်သည်။ ထိုအချိန်တွင် ဒေါ်အောင် ဆန်းစုကြည်သည် ကံမကောင်းသော အချိန်ဖြစ်သဖြင့် ရုတ်တရက်ကျန်းမာရေး ထိခိုက်ခြင်း၊ မတော်တဆ ထိခိုက်မှုဖြစ် ခြင်း၊ ပြဿနာကြီးငယ်အသွယ်သွယ်ကြုံ တွေ့ရတတ်ခြင်းစသည့် မကောင်းသော ဆိုးကျိုးတစ်ခုခု ကြုံတွေ့ရလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ဓနုလဂ် များ၊ မေထုန်လဂ်၊ ကန်လဂ်နှင့် ကုမ်လဂ် များသည် ရန်ဂြိုဟ်များ ပူးယှဉ်နေပါက ဤအချိန် ဤအခါတွင် အန္တရာယ်များ ကျရောက်တတ်သဖြင့် သတိထားရမည့် အချိန်ဖြစ်သည်။

ထိုအချိန်တွင် မြန်မာနိုင်ငံ၏ ဘာ သာရေးဂြိုဟ်ဖြစ်သော ကြာသပတေး ဂြိုဟ်သည် ရန်ဂြိုဟ်များနှင့်ယှဉ်တွဲ၍ သွားနှုန်းဖောက်ပြန်နေသဖြင့် ဘာသာ ရေးနှင့်ပတ်သက်သော ပေါက်ကွဲမှုများ၊ အရေးအခင်းများ၊ ဘာသာရေးနှင့်ဆိုင် သော ပြဿနာများသည် မထင်မှတ်ဘဲ ရုတ်တရက်ဖြစ်ပေါ်လာတတ်သည်။

အရေးကြီးသော နေ့ရက်များမှာ (၄)ဂဏန်း (၈)ဂဏန်းရောက်သည့် နေ့ ရက်များသည် အထူးအရေးကြီးသည့် နေ့ ရက်များဖြစ်သည်။ အထူးသဖြင့် ဒီဇင်ဘာ (၂၂)၊ ရက်၊ (၂၆)ရက်၊ (၃၁)ရက်နှင့် ဇန်န၀ါရီလ (၄)ရက်၊ (၈)ရက်များသည် မကောင်း သောဆိုးကျိုးများ သိသိသာသာ ပြင်း ပြင်းထန်ထန် ဖြစ်ပေါ်စေတတ်သည်။ ဖြစ်ပေါ်လာခဲ့သည်ရှိသော် ကြိုတင်သိရှိ ထားခြင်းဖြင့် စုပေါင်းကာကွယ် ဖြေရှင်း နိုင်စေရန် ရည်ရွယ်၍ တင်ပြခြင်းဖြစ်ပါ သည်။ ယခုကဲ့သို့ ဂြိုဟ်များသွားနှုန်း ဖောက်ပြန်ပုံကို ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကြီးဖြစ်ခဲ့ဖူးသည့် သာဓက များ အထင်အရှားရှိခဲ့ဖူးပါသည်။

လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး ဦးတည်ချက်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်း ပေါ်မှာ ပြင်းပြင်းထန်ထန် လှုပ်ရှား ဆောင်ရွက်နေကြောင်း တွေ့ရှိရပေ သည်။ အထူးသဖြင့်NLDပါတီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြားကာမတ္တကြားဖူးကြကုန်သော ပြည် သူလူထုကြီး ထဲထဲဝင်ဝင် သိရှိစေခြင်း အကျိုးငှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေရှင်းလင်းပွဲများနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေးတို့ကို ပြည်သူလူထု ဆန္ဒကောက်ယူပွဲများကိုပါ မြို့နယ် အသီး သီးနေရာအနှံ့အပြား လုပ်ဆောင်လျက် ရှိပါသည်။

ယင်းကဲ့သို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တော့မည်ဆို လျှင် မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူး ပြောင်းလာခဲ့ပုံကို တစေ့တစောင်း ပြန် ပြောင်းကြည့်ဖို့ လိုအပ်လာမည်ဟု ယူဆ မိပါသည်။ နိုင်ငံတော်အာဏာကို ပြင်း ပြင်းထန်ထန် ဆုပ်ကိုင်ထားသော ဗိုလ် ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံတော်က အာဏာကို သွေးတစ်ပေါက်မှမကျစေဘဲ ရွေးကောက်ပွဲများပြုလုပ်၍ အေးချမ်း သာယာစွာ လွှဲအပ်ပေးသောအခါ နိုင်ငံ တကာ အသိုင်းအ၀ိုင်းက ကောင်းချီးသြဘာပေးခဲ့ကြ သည်။ မြန်မာ ဒီမိုကရေစီပုံသဏ္ဌာန် သည် ပိတ်ထား သော ချိပ်ကိုဖြုတ်ပြီး ဖွင့်ပြီးဖြစ်သော်လည်း တံခါးရွက်များ သည်ကား စေ့ထားဆဲဖြစ်သဖြင့် လက်ရှိ ကျင်လည် လှုပ်ရှားနေသော မြန်မာ့ဒီမို ကရေစီသည်ရင့်ကျက်တည်ငြိမ်နေသော ဒီမိုကရေစီနိုင်ငံကြီးများ၏ ဒီမိုကရေစီစံ နှုန်းများနှင့် နှိုင်းယှဉ်၍လည်းကောင်း၊ တိုင်းတာ၍လည်းကောင်း ရနိုင်ကောင်း သော အချိန်အခါမဟုတ်သေးပါ။

အာဏာရှင်စနစ် အငွေ့အသက် များနှင့် မွှမ်းထုံနေသော လက်ရှိမြန်မာ ဒီမိုကရေစီသည် သည်လမ်းကို သည် ပန်းပန်၊ ဒီခရီးကို ဒီထီးဆောင်း၊ သည် ကွေ့ကို သည်တက်နှင့် လှော်ခတ်နေရ သည့်အချိန်ကာလဖြစ်သည်။ ဤသို့ ရုန်း ကန်လှုပ်ရှားနေရသော အကျပ်အတည်း ကာလမျိုးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ဖူးသော ““ကျားရှေ့ရောက်နေတဲ့ အချိန်၊ တစ်ယောက်နှင့်တစ်ယောက် စိတ်ကောက်နေလို့မဖြစ်ဘူး။ အားလုံး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းတိုက်နိုင်မှ၊ လွတ် လပ်ရေးဆိုတာရမှာဖြစ်တယ်””ဟူသော ဗိုလ်ချုပ်ထုံးကို နှလုံးမူဖို့အချိန် ရောက်ရှိ နေပါသည်။

ဤသို့ဆိုလျှင် အဖာတစ်ရာ၊ အကွဲ တစ်ရာနှင့် လှော်ခတ်နေရသော ပြည် ထောင်စုလှေကြီးပေါ်တွင် လိုက်ပါလာ ကြကုန်သော သမ္မတကြီးနှင့် အစိုးရအဖွဲ့ ၀င်များ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တပ် မတော်သားများ၊ လွှတ်တော်ဥက်္ကဋ္ဌကြီး များနှင့် လွှတ်တော်ကိုယ်စားလှယ်တော် ကြီးများ၊ နိုင်ငံရေးပါတီအသီးသီးမှ ပုဂ္ဂိုလ် ကြီးများ၊ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်ကြီးများသည် ထိပ်တိုက်ရင်ဆိုင်မှုများ၊ သဘောကွဲလွဲမှု များ ဖယ်ရှားကြ၍ အဖာတစ်ရာ အကွဲ တစ်ရာ ပြည်ထောင်စုလှေကြီး တိမ်း မသွားအောင်၊ မှောက်မသွားအောင်၊ နောက်ကြောင်းပြန်လှည့်မသွားအောင်၊ တစ်ဖက်နှင့်တစ်ဖက် အတတ်နိုင်ဆုံး ဖြေ လျှော့ကြကာ၊ ဥမကွဲသိုက်မပျက်၊ စည်း စည်းလုံးလုံး ညီညီညွတ်ညွတ် ပျော်ပျော် ပါးပါး လှော်ခတ်သွားကြမည်ဆိုလျှင် ဒီမို စံချိန်စံနှုန်းများ ကိုက်ညီသော ဒီမိုကရေစီ ပန်းတိုင်ကြီးဆီသို့ မလွှဲဧကန်ရောက်ရှိ နိုင်ပေလိမ့်မည်။

ဆရာတိုး(စမ်းချောင်း)
Read more →

ပြည်တွင်းနည်းပညာတက္ကသိုလ်များတွ င် ပြည်ပတက္ကသိုလ်များနှင့် ချိတ်ဆက်ကာ Joint Degree ရရှိအောင် ဆောင်ရွက်မည်

,

===================================
ချိုကို|အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၂၊ ၂၀၁၃ ခုနှစ်

သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်များတွင် ပြည်ပတက္ကသိုလ်များနှင့် ချိတ်ဆက်ကာ Joint Degree ရရှိအောင် ဆောင်ရွက်ပေးမည့် ပညာရေးစနစ်ကို အကောင်အထည် ဖော်ရန် စီစဉ်နေကြောင်း သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာနစက်မှုနှင့် သက်မွေးပညာဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဝင်းက မဇ္ဈိမကို ပြောကြားသည်။

ယင်းစနစ်ကို သင်ကြားရာတွင် နည်းပညာတက္ကသိုလ်များတွင် တက်ရောက်သင်ကြားနေသော ကျောင်း သား၊ ကျောင်းသူများအနေဖြင့် တက်ရောက်စဉ် ပညာသင်နှစ်အတွင်းမှာပင် နို်င်ငံခြားရှိ နည်းပညာ တက္ကသိုလ်များ၏ သင်ရိုးများကိုပါ ဖြေကြားကာ Joint Degree ဘွဲ့များရရှိနိုင်ရန် စီစဉ်နေခြင်းဖြစ်သည် ဟု ၎င်းက ပြောကြားခြင်းဖြစ်သည်။

ဦးဇော်ဝင်းက “အာဆီယံနိုင်ငံက နည်းပညာတက္ကသိုလ်တွေနဲ့ ပြည်တွင်းနည်းပညာတက္ကသိုလ်က တာ ၀န်ရှိသူတွေ အောက်တိုဘာလကုန်လောက်က ပညာရေးဆွေးနွေးပွဲတစ်ခုလုပ်ခဲ့တယ်။ ဆွေးနွေးတဲ့ အထဲမှာ အာဆီယံတက္ကသိုလ်တွေကဘွဲ့ကို ပြည်တွင်းတက္ကသိုလ်က ကျောင်းသားတွေပါ ဖြေဆိုပြီး ရယူနိုင်မယ့် Joint Degree ဘွဲ့စနစ်ကို အကောင်အထည်ဖော်လုပ်သွားဖို့တော့ ရည်မှန်းထားတယ်”ဟု မဇ္ဈိမကို ပြောသည်။

ဖက်စပ်ဘွဲ့စနစ်ဖြစ်သည် joint Degree ကို အကောင်အထည်ဖော်ရန်မှာလည်း အချိန်ကာလအားဖြင့် အနည်းငယ်ကြာမြင့်နိုင်သေးကြောင်းလည်း ၎င်းကဆိုသည်။

ဆက်လက်၍ ဦးဇော်ဝင်းက “joint Degree စနစ် အကောင်အထည်ဖော်ဖို့ဆိုတာ နိုင်ငံခြားတက္ကသိုလ် က ပညာရေးစနစ်နဲ့ ပြည်တွင်းနည်းပညာတက္ကသိုလ်က ပညာရေးစနစ်က တန်းတူဖြစ်ဖို့လိုတယ်။ ဒါကြောင့် မြန်မာနိုင်ငံနည်းပညာတက္ကသိုလ်က ပညာရေးစနစ်ကို အရင်ဆုံးအဆင့်မြှင့်တင်ပြီး သူတို့ ပညာရေးစနစ်နဲ့ တန်းတူဖြစ်မှ ဒီပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်မှာပါ။ ဒါကြောင့် အချိန်ကာ လက အနည်းငယ်ကြာမြင့်နိုင်ဦးမယ်”ဟု ဆိုသည်။

ထိုသို့ joint Degree ပညာရေးစနစ်မှာ ကောင်းမွန်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဆိုပါစနစ် အကောင်အထည်ဖော်ရန်မှာ လက်တလောတွင် ခက်ခဲသည့်အခြေအနေဖြစ်ပြီး ဖြစ်နိုင်ခြေမရှိသေး ကြောင်း၊ သို့သော် နောက်ပိုင်းတွင် ပညာရေးအဆင့်မြှင့်တင်ကာ လုပ်ဆောင်သွားပါက ဖြစ်နိုင်သည်ဟု လည်း ရန်ကုန်အဆင့်မြင့်နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာဌာနမှ ဆရာတစ်ဦးဖြစ်သူ ဒေါက် တာဉဏ်မြင့်ကျော်က သုံးသပ်ပြောကြားသည်။

၎င်းက “joint Degree ပညာရေးကတော့ ဒီကတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ကျောင်းသားက နိုင်ငံခြားတက္ကသိုလ် မှ ဆရာကသင်ကြားတဲ့သင်ခန်းစာကို အွန်လိုင်းကနေလေ့လာပြီး စာမေးပွဲ ၀င် ဖြေနိုင်တယ်။ တကယ်လို့ အောင်တယ်ဆိုရင် အဲဒီတက္ကသိုလ်ကပေးတဲ့Joint Degree ဘွဲ့ကိုလည်း ရတယ်။ ဒီကကျောင်းမှာ စာမေးပွဲအောင်ရင်လည်း ဒီကအင်ဂျင်နီယာဘွဲ့တစ်ခုလည်းရတယ်။ ဘွဲ့နှစ် ခုကို တစ်ပြိုင်တည်းရနိုင်တာပေါ့”ဟု ပြောသည်။
Mizzima news
Read more →

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရှေ့ရှုကြရန် အမေရိကန်သံအမတ် အကြံပြု

,

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန် ညှိနှိုင်း ဆောင်ရွက်သင့်ပြီး ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရှေ့ရှုလုပ်ဆောင်ရန် ရခိုင်ပြည်နယ်အစိုးရသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က တိုက်တွန်းလိုက်သည်။
ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၁၁ ရက်က သွားရောက်ခဲ့ပြီး ပြည်နယ်အစိုးရနှင့် စစ်တွေမြို့၊ စစ်တွေဟိုတယ်တွင် တွေ့ဆုံစဉ် အမေရိကန်သံအမတ်က တိုက်တွန်းသွားခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က နိုဝင်ဘာ ၁၂ ရက်တွင် မဇ္ဈိမကို ပြောသည်။
“ရှေ့ဆက်ပြီး ပဋိပက္ခတွေထက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားပြီးညှိနှိုင်းဖို့ပဲ အလေး ထား ပြောကြားသွားပါတယ်။ ဒေသခံတွေကလည်း သူတို့လိုအပ်ချက်ရှိတဲ့ အချက်တွေကို အမေရိကန်သံအမတ် နားလည်အောင် အပြန်အလှန် ဆွေးနွေးကြပါတယ်”ဟု ပြောသည်။
ထို့အပြင် ရခိုင်နှင့် ဘင်္ဂါလီ နှစ်ဖက် လူ့အဖွဲ့အစည်း ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်ရန်လည်း သံအမတ်ကြီးက တိုက်တွန်းခဲ့သည်ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် စစ်တွေ မြို့မိမြို့ဖ ဦးသန်းထွန်းက မဇ္ဈိမကို ပြောသည်။
“ပဋိပက္ခနဲ့ပတ်သက်ရင် ဘင်္ဂါလီတွေက ပိုပြီး နစ်နာတယ်လို့ နိုင်ငံတကာက ရှုမြင်နေတယ်။ ဘင်္ဂါလီတွေ နဲ့ ရခိုင်တွေ ယှဉ်တွဲနေထိုင်ရေးအတွက် နှစ်ဖက်အဖွဲ့အစည်းက ခေါင်းဆောင်တွေ ထိပ်တိုက် ဆွေးနွေး သင့်တယ်လို့ သူက ပြောသွားပါတယ်”ဟု ပြောသည်။
တွေ့ဆုံပွဲသို့ အမေရိကန်သံအမတ်ဒဲရစ်မစ်ချယ်၊ ဆွစ်ဇာလန်သံအမတ်၊ ဗြိတိန်သံရုံးအရာရှိ၊ နယ်စပ်ရေး ရာဝန်ကြီးဌာန၀န်ကြီး ဒုဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့နှင့် စစ်တွေ မြို့ မိမြို့ဖများ၊ စစ်တွေ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် လူမျိုးစု နှစ်စုကြား ပဋိပက္ခများသည် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှုမှ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့ သည့် ၂၀၁၂ ခုနှစ်နှင့် ယခုနှစ်အတွင်းလည်း ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။ ပဋိပက္ခများကြောင့် ရခိုင်ပြည် နယ်တွင် ဒုက္ခသည် တစ်သိန်းကျော်ရှိလာပြီး ဘင်္ဂါလီဒုက္ခသည် ၈၀,၀၀၀ ကျော်နှင့် ရခိုင်ဒုက္ခသည် ၃၀, ၀၀၀ ကျော် ရှိနေသည်။
အလားတူပင် ၂၀၁၃ ခုနှစ် စက်တင်ဘာလကုန်ပိုင်းက ဖြစ်ပွားခဲ့သော သံတွဲပဋိပက္ခများကြောင့်လည်း အိုးအိမ်မဲ့ဒုက္ခသည် ၅၀၀ ကျော် ထပ်မံရှိလာသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ထုတ်ပြန်သည့် စာရင်းများတွင် ဖေါ်ပြထားသည်။
Read more →

နောက်ရွေးမည့်သမ္မတ အသက် ၄၀ ထက် မကြီးရန် မြို့ကြီး ရှစ်မြို့ရှိ လူထု ဆန္ဒရှိနေဟုဆို

,
၂၀၁၅ ရွေးကောက်ပွဲက ရွေးချယ်တင်မြှောက်မည့် သမ္မတ၏အသက် ၄၀ နှစ်အောက်ဖြစ်ရန် နေပြည် တော်အပါအ၀င် မြို့ကြီးရှစ်မြို့ရှိ ဒေသခံများက ဆန္ဒရှိနေသည်ဟု မြန်မာနိုင်ငံ ရှေ့နေများအသင်း(MLA) မှ ရှေ့နေဦးကျော်စိုးဦးက နိုဝင်ဘာ ၁၂ ရက်တွင် ပြောဆိုသည်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ က အခြေခံဥပဒေနှင့်ပတ်သက်ပြီး အများပြည်သူနှင့် ဆွေးနွေးရန် ခွင့်ပြုခဲ့သည့်အတွက် မြန်မာနိုင်ငံ ရှေ့ နေများအသင်းနှင့် မြန်မာဥပဒေပြု အထောက်အကူပြုကွန်ရက်တို့က ဦးဆောင်ပြီး နိုဝင်ဘာ ၃ ရက်မှ စ တင်ကာ မြို့ကြီးရှစ်မြို့ရှိ ဒေသခံများနှင့် ဆွေးနွေးရာ မြို့အားလုံးက အထက်ပါအတိုင်း ဆန္ဒပြုသည်ဟု ၎င်းက ပြောသည်။

“သမ္မတရဲ့ အရည်အချင်းမှာ အသက်အရွယ်နဲ့ ပတ်သက်လို့ကတော့ တော်တော်များများပြောကြတယ်။ အထူးသဖြင့်ကတော့ ငယ်ငယ်ရွယ်ရွယ် လူငယ်တွေအတွက် လမ်းဖွင့်ပေးတဲ့အနေနဲ့ အသက် ၃၀ ပတ် ၀န်းကျင် ၃၀၊ ၃၅ လောက်ကို လျှော့ချထားသင့်ပါတယ်။ ၄၅ နှစ်ဆိုတော့ နိုင်ငံတကာ စံနှုန်းနဲ့ကြည့်မယ် ဆိုရင်လည်း အရမ်းမြင့်မားနေတယ်ပေါ့”ဟု ၎င်းက ပြောသည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(ဂ)တွင် သမ္မတနှင့် ဒု-သမ္မတသည် “အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်”ဟု ပြဋ္ဌာန်းထားသည်။

မြန်မာရှေ့နေများအသင်း သွားရောက် ဆွေးနွေးခဲ့သည့် မြို့များတွင် နေပြည်တော်၊ မန္တလေး၊ ဘားအံ၊ မော်လမြိုင်၊ ပဲခူး၊ တောင်ကြီး၊ မိထ္တီလာနှင့် ရန်ကုန်များ ပါဝင်ပြီး ဒေသခံများအပါအ၀င် နိုင်ငံရေးပါတီများ နှင့် လူမှုရေးအဖွဲ့များလည်း လာရောက် ဆွေးနွေး အကြံပြုကြသည်ဟု ဦးကျော်စိုးဦးက ပြောသည်။

သို့သော် အဆိုပါအကြံပြုချက်များနှင့် ပတ်သက်ပြီး ဒေါက်တာအောင်ထွန်းသက်က “လူ့အခွင့်အရးမှာ လူတစ်ယောက်ရဲ့အခွင့်အရေးကို အဲ့ဒီ့လူရဲ့ အသက်နဲ့ ကျား၊ မနဲ့ မခွဲရဘူးလေ။ အဲဒီတော့ ငယ်မှ၊ ကြီးမှ ရယ် မဟုတ်ပါဘူး။ မစ္စတာနယ်ဆင်မင်ဒဲလားဆို အသက်တော်တော်ကြီးမှ သမ္မတဖြစ်သလို အိုဘားမား လည်း အသက်အငယ်ဆုံး သမ္မတ ဖြစ်ခဲ့တာပဲ။ အသက်အပိုင်းအခြားအနေနဲ့ မစဉ်းစားသင့်ဘူးလို့ ဆရာ တော့ ထင်တာပဲ။ တစ်ခုရှိတာက လူငယ်၊ လူကြီးဆိုတာထက်ကို တကယ်တမ်း နိုင်ငံကို ဦးဆောင်နိုင် မယ့်လူ လိုတာပဲလေ”ဟု သုံးသပ်သည်။

လက်ရှိတွင် ဆွေးနွေးထားသည့် အကြံပြုချက်ပေါင်း နှစ်ရာခန့်ရရှိထားပြီး မော်လမြိုင်၊ ပဲခူး၊ ဘားအံမှ ဒေ သခံများ၏ အကြံပြုချက်ပေါင်း ၇၀ ကိုလွှတ်တော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူး ပေါင်းကော်မတီသို့ တင်ပြထားပြီးဖြစ်ကာ အကြံပြုချက်အားလုံးကို လာမည့်ဒီဇင်ဘာလကုန်တွင် နောက် ဆုံးထားပြီး ယင်းကော်မတီသို့ တင်ပြမည်ဟုလည်း မြန်မာဥပဒေအထောက်အကူပြုကွန်ရက်မှ ဦးဆောင် သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်မင်းစံက ပြောသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့က လာမည့် ၂၀၁၅ တွင် သမ္မတဖြစ်လိုကြောင်း ပြောဆိုထားသည်။

မင်းမင်း| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၁၃ ခုနှစ်
Mizzima - News in Burmese
Read more →

ရန်ကုန်မြို့ OIC ဆန္ဒပြပွဲတွင် ၈၈များ၊ NLD ပါတီဝင်များ နှင့် ဖယောင်းတိုင်ကိုင်ခဲ့သူများ မပါ

,
From : .. eleven





OIC မြန်မာပြည်သို့ လာရောက်လေ့လာမည့် အစီအစဉ်နှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်မှ စတင်ပြီး ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ရှိ ကြေးသွန်းဘုရားကြီးရှေ့မှ ဆူးလေစေတီ၊ မြို့တော်ခန်းမရှေ့သို့ လမ်းလျှောက်ချီတက်ပြီး ဆန္ဒထုတ်ဖော်နေကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် သံဃာနှင့် ပြည်သူများ ပါဝင်ဆန္ဒထုတ်ဖော်မည်ဖြစ်ပြီး ဗဟန်းမြို့ နယ်နှင့် ကျောက်တံ တားမြို့နယ် ရဲစခန်းတို့မှ ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း မကွေး ပရိယတ္တိ စာသင်တိုက်မှ ဆရာတော် ဦးပါမောက္ခက မိန့်ကြားခဲ့သည်။
Read more →

Tuesday, November 12, 2013

မင်္ဂလာတောင်ညွန့်မြို့နယ်ရဲတပ်ဖွဲ့ကို ဥရောပသမဂ္ဂမှသင်တန်းပေးမည် လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့်စံချိန်စံညွှန်းများသင်ကြားမည်

,
မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့အား ဥရောပသမဂ္ဂမှ ပြည်သူပူးပေါင်းပါဝင်သော ရဲ လုပ်ငန်းစနစ်(Community Policing) သင်တန်း ပို့ချပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ် ဖွဲ့ရေးစု-၃မှ ရဲမှူးကြီးသက်လွင်က ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူတန်းစား အလွှာပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်လျက်ရှိ ခြင်းနှင့်အတူ ဘာသာရေးအဆောက်အအုံများ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများစွာရှိခြင်းတို့ ကြောင့် ယင်းမြို့နယ်ရဲတပ်ဖွဲ့အား သင်တန်းပို့ချ ပေးရန် ရွေးချယ်ရခြင်းဖြစ်ကြောင်း သိရသည်။

''အခုလက်ရှိ ရဲတပ်ရင်းတွေကို ပို့ချပေးနေ တဲ့ သင်တန်းပြီးသွားရင် သွားရောက်သင်ပေးမှာ ပါ။ ပြည်သူပါဝင်လာအောင်၊ ပူးပေါင်းဆောင် ရွက်လာအောင် ဘယ်လိုလုပ်ရမလဲပေါ့''ဟု ၄င်း ကဆက်ပြောသည်။

ဥရောပသမဂ္ဂမှ ၁၈လတာကာလအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ယူရိုငွေ ၁ဝသန်းအကုန် အကျခံ၍ သင်တန်းများပို့ချပေးမည်ဖြစ်ကာ သင်တန်းနည်းပြများတွင် ဘယ်လ်ဂျီယံရဲတပ်ဖွဲ့မှ ရဲအရာရှိ နှစ်ဦး၊ ဗြိတိန်နိုင်ငံမှ ရဲအရာရှိ လေးဦး နှင့် ဂျာမနီနိုင်ငံမှ ရဲအရာရှိ နှစ်ဦးတို့ ပါဝင် ကြောင်းသိရသည်။

''သင်တန်းဆရာတွေက နိုင်ငံတကာရဲလုပ် ထုံးလုပ်နည်းတွေအပြင် လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ စံချိန်စံညွှန်းတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးနှင့်အညီ စီမံခန့်ခွဲမှုတွေကို သင်ပေးသွားမှာပါ''ဟု ရဲမှူး ကြီးသက်လွင်ကပြောသည်။

မင်္ဂလာဒုံမြို့နယ်ရှိ ရဲတပ်ရင်း-၈တွင် ယခု လ ၅ရက်မှစတင်ကာ ရဲတပ်ရင်းများမှ အရာရှိ နှင့် အခြားအဆင့်ရဲဝန်ထမ်း၂ဝဝကို ယခုလ ၁၈ ရက်ထိ လူအုပ်စု စနစ်တကျစီမံထိန်းသိမ်းမှု သင်တန်းပို့ချပေးလျက်ရှိသည်

ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိများသို့ ပထမဆုံးအကြိမ် အကြမ်းဖက် လူအုပ်စု ကိုင်တွယ်ထိန်းသိမ်းရေးနှင့် ဆက်နွှယ် သော လူထုပူးပေါင်းပါဝင်သည့်အကြိမ်၊ သင်တန်း ပို့ချမှုကို သြဂုတ်လအတွင်းကပြုလုပ်ခဲ့ပြီး ရဲတပ်ရင်းများမှ တပ်ရင်းမှူး ဒုတိယရဲမှူးကြီး ၁၈ဦးနှင့် ဒုတိယတပ်ရင်းမှူး ရဲမှူးနှစ်ဦးတို့ တက်ရောက်ခဲ့သည်။
Read more →

အရိုးပွခြင်းကို ဖြစ်စေသော အကြောင်းရင်းများ

,

အောက်ပါ အချက်တွေဟာ အရိုးပွရောဂါကို ဖြစ်စေပါတယ်။ ဒီအချက်တွေ ရှိနေတဲ့ သူတွေဟာ အထက်ပါ စစ်ဆေးမှုကို လုပ်သင့်ပြီး အရိုးအားဖြည့် ကယ်လစီယမ်နဲ့ ဗိုက်တာမင် D အားဆေးတွေကို ဆရာဝန် ညွှန်ကြားချက် ပမာဏ အတိုင်း မှီဝဲသင့်ပါတယ်။

(၁) မျိုးရိုး ရှိခြင်း
ပထမအဆင့် ဆွေမျိုး (1st degree relative) လို့ခေါ်တဲ့ မိသားစုဝင်တွေထဲမှာ တစ်ယောက်ယောက် အရိုးပွရောဂါဖြစ်ဖူးရင် သင်လဲ ဖြစ်ဖို့ တော်တော် နီးစပ်ပါတယ်။

(၂) အမျိုးသမီး ဖြစ်ခြင်း
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အရိုးပွရောဂါဖြစ်ဖို့ ပိုနီးစပ်တာ တွေ့ရပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတိုင်းဟာ အရိုးပွရောဂါ ရှိနေတာ သေချာသလောက်ပါပဲ။

(၃) လူဖြူ (သို့) အာရှသား ဖြစ်ခြင်း
လူဖြူ (သို့) အာရှသား တွေဟာ လူမည်းတွေနဲ့ အမေရိကသားတွေထက် အရိုးပွရောဂါ ပိုဖြစ်လေ့ ရှိပါတယ်။

အထက်ပါ အချက် (၃) ချက်ဟာ သင်ဘယ်လိုမှ ပြောင်းလဲ၍ မရသော အချက်များ (Non-modifiable Factors) တွေ ဖြစ်လို့ ဒါတွေအတွက်တော့ သင်ရှောင်ကြဉ်ဆင်ခြင်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် အခု ဆက်လက်ဖော်ပြမယ့် အချက်တွေကတော့ ပြောင်းလဲ၍ ရသော အချက်များ (Modifiable Factors) တွေ ဖြစ်တာမို့ သင်သာဆင်ခြင်မယ်ဆိုရင် အရိုးပွရောဂါကို ရာသက်ပန် ကာကွယ်တားဆီးရာ ရောက်ပါတယ်။ (ဒါပေမဲ့ အရမ်းတော့လည်း မလွယ်ပါဘူး) အောက်က အချက်တွေက အပေါ်က အချက် သုံးချက်ထက် ပိုလည်း အရေးပါပါတယ်။

(၄) မ ဟော်မုန်း အီစထရိုဂျင် လျော့နည်းသွားခြင်း
အီစထရိုဂျင်ဟာ အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသမီးတွေဟာ သွေးဆုံးသွားတာနဲ့ အီစထရိုဂျင်ပမာဏ လုံးဝ ကျဆင်း လျော့နည်းသွားတာမို့ အရိုးပွတဲ့ အခြေအနေကို သွေးဆုံးပြီး လပိုင်း အတွင်း ရောက်သွားနိုင်ပါတယ်။

အီစထရိုဂျင်ကို သားဥအိမ် (Ovary) နှစ်ခုကနေ ထုတ်ပေးပါတယ်။ ဒါကြောင့် သွေးဆုံးတဲ့ အရွယ်မရောက်သေး ပေမယ့် အကြောင်းကြောင်းကြောင့် (ဥပမာ သားဥအိမ်ကင်ဆာ) သားဥအိမ် ထုတ်လိုက်ရရင် အီစထရိုဂျင် ထုတ်လုပ်မှု လျော့နည်းသွားစေပြီး အရိုးပွနိုင်ပါတယ်။

ဒီနေရာမှာ (အမျိုးသမီး ကျန်းမာရေးဆောင်းပါး ရေးပေးပါလို့ တောင်းဆိုတဲ့ သူတွေကို) ပြောလိုတာက အရွယ်ရောက်ပြီး သွေးဆုံးဖို့ ဝေးသေးတဲ့ အရွယ်တွေမှာလည်း ဓမ္မတာ ကာလမမှန်ခြင်း (ပေါ်လိုက် ပျောက်လိုက်၊ တိုလိုက် ရှည်လိုက် ဖြစ်ခြင်း) တွေဟာ အီစထရိုဂျင် ပမာဏ နည်းတာကို ပြတာမို့ ဒီလို အမျိုးသမီးတွေဟာလည်း အရိုးပွလာနိုင်ပါတယ်။

အမျိုးသားများ အတွက်ကတော့ အရိုးတွေကို မပွအောင် ဖိုဟော်မုန်း တက်စတိုစတီရုန်းက ကာကွယ် ပေးတာမို့ တက်စတိုစတီရုန်း ပမာဏလျော့နည်းတဲ့ အမျိုးသားတွေလည်း အရိုးပွနိုင်ပါတယ်။

(၅) ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း လုံးဝ မလုပ်ခြင်း
လေ့ကျင့်ခန်းမှန်မှန် စနစ်တကျ လုပ်သူတွေဟာ အရိုးတွေ သန်မာစေတဲ့ အကျိုး ရရှိပါတယ်။ မလုပ်ရင် အရိုးတွေ ကြံ့ခိုင်မှု နည်းကာ အရွယ်မတိုင်ခင် အရိုးပွရောဂါ ရစေနိုင်ပါတယ်။

(၆) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်ထဲမှာ ပါတဲ့ ဓာတုဒြပ်ပေါင်းတွေဟာ သင့်ခန္ဓာကိုယ်က ကယ်လစီယမ်ခေါ် ထုံးဓာတ်ကို မသုံးစွဲနိုင်အောင် နှောင့်ယှက်ပြီး အီစထရိုဂျင်က အရိုးတွေကို ကာကွယ်တဲ့ စွမ်းရည်ကိုပါ ကျဆင်းစေတာ အခိုင်အမာ တွေ့ရှိထားရပါတယ်။

(၇) အရက် အလွန်အကျွံ သောက်ခြင်း
အရက် အလွန်အကျွံ သောက်ရင် ကယ်လစီယမ် ပမာဏ လျော့နည်းကျဆင်းစေပြီး အရိုးတွေက ကယ်လစီယမ်ကို သုံးစွဲပြီး တည်ဆောက်မှုကိုပါ လျှော့ချပစ်ပါတယ်။

(၈) အစာအိမ် အူလမ်းကြောင်း ရောဂါများ ရှိခြင်း
ဒီရောဂါမျိုး တွေထဲက တစ်ခုခုရှိရင် ကယ်လစီယမ်နဲ့ ဗိုက်တာမင် D စုပ်ယူမှုကို လျော့နည်းစေပါတယ်။

(၉) ကျောက်ကပ်ရောဂါ ရှိခြင်း
ကျောက်ကပ်ရောဂါ ရှိသူရဲ့ ကျောက်ကပ်ဟာ ကယ်လစီယမ်တွေ ဆီးဖြစ်အောင် စုစည်းမှုကနေ ပြန်လည်စုပ်ယူနိုင်စွမ်း ကျဆင်းလာတာမို့ ကယ်လစီယမ် ဆုံးရှုံးမှု များလာက အရိုးပွလာ စေပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါ ငယ်စဉ်ကတည်းက ရှိတဲ့ ကလေးတွေဟာ အရပ်ရှည်ခဲတာ ဖြစ်ပါတယ်။

(၁၀) ပါရာသိုင်းရွိုက်နှင့် သိုင်းရွိုက်ရောဂါ ရှိခြင်း

ပါရာသိုင်းရွိုက် ဟော်မုန်း လွန်ကဲခြင်းဟာ အရိုးထဲက ကယ်လစီယမ်တွေကို အပြင်ကို ထွက်စေပြီး အရိုးပွစေပါတယ်။ သိုင်းရွိုက်ဟော်မုန်းလွန်ကဲသူတွေ (လည်ပင်းအကျိတ်ကြီးရောဂါ ရှိသူတွေ) ဟာ အရိုးတွေ အားနည်းပွယောင်းလာခြင်းကို ရေရှည်မှာ ခံစားလာရပါတယ်။

(၁၁) အစာစုပ်ယူမှု ပြဿနာရှိသော ရောဂါ တစ်မျိုးမျိုး ရှိခြင်း
ဥပမာ ဂျုံစားရင် ၀မ်းလျှောတဲ့ မျိုးရိုးလိုက်ရောဂါ (Celiac Disease) ရှိရင် ကယ်လစီယမ်နဲ့ ဗိုက်တာမင် D စုပ်ယူမှု အားမကောင်းတဲ့အတွက် အရိုးပွရောဂါ နောက်ဆက်တွဲ ရနိုင်ပါတယ်။

(၁၂) အချို့ဆေးများကို စွဲသောက်နေရခြင်း
ကျောက်ကပ်ရောဂါ၊ ပန်းနာရင်ကြပ်၊ လေးဘက်နာ အမျိုးမျိုး စတဲ့ Prednisone ပရက်ဒီဆိုလုံး (အရပ်အခေါ် ပက်နက်စလုံး) စွဲသောက်နေရတဲ့ သူတွေ၊ သိုင်းရွိုက်ဟော်မုန်း အထွက်နည်းလို့ ဖြည့်စွက် သိုင်းရွိုက်ဟော်မုန်း ဆေးတွေ ကြာရှည် မှီဝဲနေရသူတွေ၊ ၀က်ရူးပြန်ရောဂါရှိလို့ အတက်ကျဆေးတွေ စွဲသောက်နေရသူတွေ၊ အလျူမီနီယမ် ပါဝင်တဲ့ ၀ါးစားလို့ရတဲ့ အစာအိမ်လေနာပျောက်ဆေးတွေ မကြာခဏ သောက်နေရ သူတွေဟာဖြင့် အရိုးပွရောဂါ ဖြစ်ဖို့ အလွန်နီးစပ်ပါတယ်။

ဒါကြောင့် အရိုးပွရောဂါကို ကာကွယ်တဲ့ အနေနဲ့ နို့နဲ့ နို့ထွက် အစားအစာများကို မှန်မှန်စားသုံးပေးခြင်း၊ မနက်ခင်းနေပူစာ လှုံပေးခြင်း၊ ဗိုက်တာမင် D နဲ့ ကယ်လစီယမ် ပါဝင်တဲ့ အရိုးအားဖြည့်ဆေးတွေ သောက်ပေးခြင်း စတာတွေနဲ့ ကာကွယ်နိုင်ပြီး သံသယရှိတယ် ဆိုရင်ဖြင့် ဆရာဝန်နှင့် သွားရောက်ပြသ၍ စစ်ဆေးမှု ခံယူသင့်ပါကြောင်း တင်ပြပေးလိုက်ပါတယ်။
Read more →

Friday, November 8, 2013

" ဆီးဂိမ်းလုံခြုံရေး အတွက် ခြွင်းချက် မရှိအာမခံ "

,

ဆီးဂိမ်း လုံခြုံရေး အတွက် ခြွင်း ချက်မရှိ အာမခံကြောင်း အားကစား ဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဦးသောင်း ထိုက်က ပြောသည်။

”ထုတ်ဖော်ပြောဖို့ ခက်ပါ တယ်။ ပြောနိုင်တာက လုံခြုံရေး အ တွက် အာမခံပါတယ်။ တစ်စုံတစ်ရာ ဘာမှမဖြစ်နိုင်ပါဘူး”ဟု ၄င်းက ပြောသည်။

လုံခြုံရေး လုပ်ငန်းများ ဆောင် ရွက်ရာတွင် အသေးစိတ် အနေအထား မှစ၍ ဆောင်ရွက်ထားပြီး အကြောင်း အရာတစ်ခုကြောင့် အရေးပေါ် အခြေအနေမျိုး ဖြစ်ပေါ် လာခဲ့ပါ ကလည်း ပထမ လုံခြုံရေး၊ ဒုတိယ လုံခြုံရေး စသည့် အဆင့်ဆင့် ဆောင် ရွက်ထားကြောင်း သိရသည်။

”လုံခြုံရေး အခြေအနေကို ကြောက်ပြီး လာမပြိုင်တဲ့ ကစားနည်း တွေ၊ ကစားသမားတွေကတော့ သူ့ အပိုင်းပေါ့။ ကျွန်တော်တို့ ဘက်က ဆီးဂိမ်းကို လာပြိုင်မယ့် လူစာ ရင်း တွေ အကုန် ရထားပြီးပါပြီ။ အသင့် အနေအထား ရှိနေပါတယ်”ဟု ၄င်းက ဆက်လက်ပြောသည်။

ယင်းအပြင် ပြိုင်ပွဲ ကျင်းပရာ တွင် ပြဿနာ အနည်းငယ်ရှိနိုင်သည့် မြန်မာ- မလေးရှား အမျိုးသားဘော လုံး ပွဲစဉ်ကိုလည်း အုပ်စု အတွင်း ထိပ် တိုက်တွေ့ဆုံမှု မရှိစေ ရန် မဲခွဲရာတွင် သီးခြား ထားရှိ၍ ခွဲခြားသွားမည်ဖြစ် ပြီး ယခုလ ၆ ရက်နေ့တွင် မဲခွဲမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲ စတင်ရာ တွင်လည်း မြန်မာ အသင်း ပါဝင်သည့် အုပ်စုကို ရန်ကုန်တွင် ယှဉ်ပြိုင်စေပြီး မလေးရှား အသင်း ပါဝင်သည့် အုပ်စုကို နေပြည်တော်တွင် ယှဉ် ပြိုင်ေ စမည်ဖြစ်သည်။ ရှုံးထွက် အဆင့်၌ တွေ့ဆုံမှု ရှိပါက နေပြည်တော် တွင် လုံခြုံရေး အပြည့် ယူ၍ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရသည်။

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် အာဆီ ယံဒေသတွင်း နိုင်ငံများမှ ကစားသမား ငါးထောင်ကျော် လာရောက် ယှဉ်ပြိုင် ကစားကြမည်ဟု အားကစား ဝန်ကြီး ဌာနမှ သိရသည်။

PN052
Read more →

Thursday, November 7, 2013

ပြည်ရွှေဆံတော် ဘုရားပွဲဈေး၌ နိုင်ငံရေးပါတီ အထိမ်းအမှတ် ပစ္စည်း အသုံးအဆောင် ပစ္စည်းများ မရောင်းချရန် တားမြစ်

,


ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၆ ရက် ၂၀၁၃ ခုနှစ်

ပဲခူးတိုင်းပြည်ခရိုင်၊ ပြည်မြို့တွင် မကြာမီကျင်းပတော့မည့် လေးဆူဓာတ်ပျော် ပြည်ရွှေဆံတော်စေတီဗုဒ္ဓ ပူဇနိယ ဘုရားပွဲတော်ကာလအတွင်း ခင်းကျင်းမည့်ပွဲဈေး၌ နိုင်ငံရေးပါတီ အထိမ်းအမှတ်ပစ္စည်း အသုံးအဆောင်ပစ္စည်းများ မရောင်းချရန် တားမြစ်ထားကြောင်း ဂေါပကအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
အဆိုပါ ဘုရားပွဲတော်ကို နိုဝင်ဘာလ ၁၀ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်း သို့ နိုင်ငံရေးပါတီအထိမ်းအမှတ် အသုံးအဆောင်ပစ္စည်းများ မရောင်းချရန် တားမြစ်ချက်သည် ပထမဦးဆုံးအကြိမ် ထည့်သွင်းထားခြင်းဖြစ်သည်ဟု ဆိုသည်။
“ပါတီနိုင်ငံရေးမကင်းတဲ့ ရောင်းဝယ်မှုမျိုးကို တားမြစ်ထားတယ်။ ဒီနှစ် ဆိုင်ခန်းလာလျှောက်ကတည်းက ပုံစံလုပ်ထားတယ်။ ပါတီနိုင်ငံရေးကင်းရှင်းတဲ့ ရောင်းဝယ်မှုမျိုးဖြစ်ရမယ်”ဟု ဂေါပကအဖွဲ့ရုံးအဖွဲ့မှူးက ဆိုသည်။
ယခင်နှစ် ရွှေဆံတော် ဘုရားပွဲဈေးတွင် နိုင်ငံရေးပါတီ အထိမ်းအမှတ်ပစ္စည်းများ ရောင်းချခြင်း၊ လက်ဆောင်ပစ္စည်းပေးခြင်းများ ရှိခဲ့သော်လည်း ထိရောက်စွာ တားမြစ်ခြင်းများ မဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက ပြောပါသည်။
ပွဲတော် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ထုတ်ပြန်သည့် ဈေးဆိုင်ခန်းများ အထူးလိုက်နာရန် စည်းကမ်းချက်နံပါတ် (၉) ၌ ဘာသာရေးပွဲတော်ဖြစ်၍ ဘာသာရေးနှင့် မပတ်သက်သော ပါတီနိုင်ငံရေးနှင့် မပတ်သက်သော ပါတီအထိမ်းအမှတ်ပစ္စည်း အသုံးအဆောင်များ ရောင်းချဖြန့်ဝေခြင်း မပြုလုပ်ရဟု ထည့်သွင်း ဖော်ပြထားသည်။
အဆိုပါ စည်းကမ်းချက်များကို ဈေးဆိုင်ခန်း လာရောက်လျှောက်ထားသူများအား ဆိုင်ခန်းလျှောက်လွှာနှင့်တွဲ၍ ဝေငှပေးထားကြောင်း ဂေါပကအဖွဲ့မှ သိရပါသည်။
လုံခြုံရေးလုပ်ငန်းကော်မတီနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီက အဆိုပါ ဘုရားပွဲတော်ကို ကြီးကြပ်ကွပ်ကဲမည်ဟု သိရပြီး စည်းကမ်းချက်ကို မလိုက်နာပါက ဆိုင်ထွက်ခွင့်ရုပ်သိမ်းပြီး လာမည့်နှစ် များတွင်လည်း ဆိုင်ခန်းနေရာချထားခြင်းကို စဉ်းစားမည်မဟုတ်ဟု ဂေါပကအဖွဲ့က ပြောသည်။
"ကျွန်တော် အမြင်နဲ့ပြောရရင်တော့ ဒါက ဒီမိုကရေစီ အဖွဲ့ချုပ်  ကို အနည်းငယ်ရိုက်ခတ်မှု ရှိမယ်လို့ထင်ပါတယ် ၊ ပြီးတော့ နိုင်ငံရေးပါတီ တော်တော်များများ ရှိတဲ့ အထဲမှာမှ ဒီချုပ်ပဲ ပွဲဈေးလိုက်ရောင်း ၊ ဈေးရောင်းပွဲတော်လုပ် ဆိုတာမျိုးရှိတာဆိုတော့ သူ့နာမည်မတပ်ပေမယ့် အမြင်တမျိုးဖြစ်စေပါတယ်။ ဘုရားပွဲမှာတော့ နိဗ္ဗာန်ဈေးပဲ ရောင်းတာကောင်းပါတယ်"လို့ ဂေါပက အဖွဲ့ဝင်
တစ်ဦးမှ သူ့၏ အမြင်ကို ပြောသည်။
တားမြစ်ချက်နှင့်ပတ်သက်ပြီး ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဝင်း က တားမြစ်ချက်များရှိသည့်အတွက် ဆိုင်ခန်းမထွက်တော့ကြောင်းနှင့် ပါတီပစ္စည်းများ ရောင်းချလက် ဆောင်ပေးခြင်းကို ခွင့်ပြုသင့်ကြောင်း မဇ္ဈိမသို့ ပြောပါသည်။
“ကျွန်တော့်အနေနဲ့တော့ မကြိုက်ဘူး။ ပါတီနဲ့ ပတ်သက်ပြီး ကန့်သတ်ထားတဲ့အတွက်။ ပွဲတော်ကို အနှောင့်အယှက်ပေးတာလည်း မဟုတ်ဘူး။ ဖျက်လိုဖျက်ဆီးလုပ်တာလည်း မဟုတ်တဲ့အတွက် ခွင့်ပြုပေးသင့်တယ်”ဟု ၎င်းမှ ဆိုသည်။ ယခင်နှစ်က ရွှေဆံတော်ဘုရားပွဲတော်ဈေးတွင် ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများအဖွဲ့(ဗကသ) စသည့် နိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့် ကရုဏာလက် များကွန်ရက်(ပြည်)၊ အမေ့အရိပ် အောင်ဆန်းပညာဒါနကျောင်း(ရန်ကုန်) စသည့် လူမှုရေးအဖွဲ့အစည်း အသီးသီးက အမှတ်တရပစ္စည်း အသုံးအဆောင်များ လက်ဆောင်ပေး ရောင်းချခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း သိရပါသည်။

အောင်နက်(တီကောင်)|
Mizzima - News in Burmese
Read more →

"ဟင်္သာတမြို့တွင် ပဋိပက္ခဖြစ်ပွားမည့်အခြေအနေကို အချိန်မီထိန်းသိမ်း"

,

 ဟင်္သာတမြို့တွင် နိုဝင်ဘာ (၃)ရက်ညက အကြွေးတောင်းရာမှ လူမျိုးရေးပဋိပက္ခတစ်ရပ်ဖြစ်ပွားခဲ့ပြီး၊ ပြစ်မှုကျူးလွန်သူကို ထောင်ချုပ်သို့ ညတွင်းချင်း ပို့ဆောင်ကာ စစ်တပ်အကူအညီဖြင့် အခြေအနေကို အချိန်မီ ထိန်းသိမ်းခဲ့ရကြောင်း ဟင်္သာတမြို့ အမှတ်(၁)ရဲစခန်းမှ သတင်းရရှိသည်။ "ဘာသာခြားလူမျိုးဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်မှာ မီးသွေးဖိုးအကြွေးတောင်းရင်းနဲ့ စကားများပြီး တုတ်နဲ့ရိုက်လိုက်တာပါ။ အနီးပတ်ဝန်းကျင်ကသိပြီး လူစုလူဝေးဖြစ်ခဲ့လို့ ချက်ချင်းအရေးယူပြီး ထောင်ချုပ်သို့ ပို့လိုက်တယ်"ဟု အမှတ်(၁) ဟင်္သာတမြို့ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ "မီးသွေးအိတ်လာပို့တဲ့ကောင်လေးနဲ့ အစ်ကိုညီနဲ့ စကားအခြေအတင်ဖြစ်ပြီး လက်လွန်ခြေလွန် ဖြစ်သွားတာပါ။ သူငယ်ချင်း အချင်းချင်းတွေပါ။ ပြဿနာကို ပြေပြေလည်လည်ပဲ ဖြစ်စေချင်ပါတယ်။"ဟု ပြဿနာဖြစ်ပွားခဲ့သည့် မန်ချက်စတာလက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုမြင့်ဇင်ကပြောသည်။ ဟင်္သာတမြို့၊ တာကလေးရပ်ကွက်၊ နတ်မောက်လမ်းတွင်ဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်တွင် ရိုက်နှက်မှုဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါ ဆိုင်ရှင်သား အောင်လေး(ခ)မွတ်စဖားဆိုသူက သစ်သားတုတ်ဖြင့် ရိုက်လိုက်ခြင်းကြောင့် တစ်ဦးဒဏ်ရာရရှိခဲ့ပြီး၊ လူစုလူဝေးဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသည့် ကိုကျော်စိုး ဆိုသူကပြောသည်။ "အရိုက်ခံလိုက်ရတဲ့ကောင်လေးရဲ့အစ်ကိုက သူ့ညီကို ဘာသာခြားတစ်ယောက်က ရိုက်တယ်ဆိုပြီး လိုက်အော်တော့ အဲဒီသတင်းကိုကြားတဲ့ ဘုန်းကြီးတွေ လူတွေပါ ရောက်လာကြတာ။ ရဲတပ်ဖွဲ့တွေ အချိန်မီ ရောက်လာလို့ ပြဿနာပြီးသွားတာ။ ထောင်ချုပ်ကို ချက်ချင်းပို့လိုက်လို့လည်း လူစုလူဝေးမဖြစ်တာပါ။"ဟု ကိုကျော်စိုးက ပြောသည်။ ဟင်္သာတမြို့၊ တာကလေးရပ်ကွက်တွင် သံဃာအရေအတွက် (၅ဝဝ)ခန့် သတင်းသုံးသည့် မိုးကောင်းဘုန်းကြီးကျောင်းတိုက်ရှိနေပြီး၊ ပြဿနာကြီးကြီးမားမား ဖြစ်မသွားသည်မှာ အလွန်ပင်ကံကောင်းသွားကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။ သစ်သားတုတ်ဖြင့်ရိုက်သူ အောင်လေး(ခ)မွတ်စဖားဆိုသူကို ဟင်္သာတအကျဉ်းထောင်သို့ ညတွင်းချင်းပို့ဆောင်ခဲ့ပြီး၊ အောက်တိုဘာ (၃)ရက်ညက မြို့ပေါ်အချို့ရပ်ကွက်များတွင် ဟင်္သာတမြို့တွင် ခလယ(၁၈)တပ်ရင်းနှင့် ရဲတပ်ဖွဲ့ဝင်များ ပူပေါင်းကာ လုံခြုံရေးစောင့်ကြပ်ခဲ့ကြောင်း သတင်းရရှိသည်။ ရိုက်နှက်ခံရသူမှာ ဟင်္သာတဆေးရုံတွင် တက်ရောက်ကုသနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
Read more →

ရှေးဟောင်းဇုန် နယ်မြေအတွင်းရှိ မြေဈေးများ ငါးလအတွင်း သုံးဆခန့် မြင့်တက်

,


ပြည်၊ နိုဝင်ဘာ ၆

အေဒီ ၄ ရာစုမှ အေဒီ ၉ ရာစုထိ ပေါ်ထွန်းခဲ့သော ပျူတို့၏ အထောက်အထားများ တွေ့ရှိခဲ့သော သရေခေတ္တရာ ပျုမြို့ဟောင်း တည်ရှိရာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ အနီး မှော်ဇာအုပ်စု ရှေးဟောင်း ဇုန်နယ်မြေအတွင်းရှိ မြေဈေးများမှာ ငါးလအတွင်း သုံးဆခန့် မြင့်တက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဇုန်နယ်မြေအတွင်းသို့ လှည့်ပတ် ကြည့်ရှုသည့် ဇုန်ပတ်လမ်း၏ မျက်နှာစာ မြေကွက်များကို လူကြိုက်များနေပြီး တစ်ဧကလျှင် ယခင်က ကျပ်ခြောက်သိန်းမှ ခုနစ်သိန်းအထိ ရှိခဲ့ရာမှ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရန် ထိန်းသိမ်းမှုများ၊ ပြုပြင်မှုများ စတင်လုပ်ဆောင်ချိန်မှစ၍ တဖြည်းဖြည်း ဈေးမြင့်လာကာ ယခုတစ်ဧကလျှင် ကျပ်သိန်း ၂၀ ထိ ပေါက်ဈေး ရှိနေကြောင်း ရှေးဟောင်းဇုန် တည်ရှိရာ မှော်ဇာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
“ဒေသခံတွေအပြင် ရန်ကုန်နဲ့ မော်လမြိုင်ဘက်ကလည်း ဝယ်နေတယ်။ ဘာလုပ်ငန်းလုပ်မယ် ဆိုတာတော့ မသိဘူး။ ဇုန်ပတ်လမ်း မျက်နှာစာကမြေတွေ လူကြိုက်များနေတယ်။ ရွာထဲကမြေကတော့ ၁၀ သိန်း၊ ၁၅ သိန်းလောက် ရှိတယ်” ဟု ၎င်းကဆိုသည်။

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရန် ပြုပြင်ထိန်းသိမ်းမှုများ၊ လုံခြုံရေးများ တိုးမြှင့်လုပ်ဆောင်လျက် ရှိသော ရှေးဟောင်းနယ်မြေ အတွင်းသို့ ပြည်တွင်း၊ ပြည်ပခရီးသည်များ ပိုမိုဝင်ရောက်လာနေပြီး အောက်တိုဘာလ နောက်ဆုံးပတ်က ပြင်သစ်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများနှင့် နေရာဒေသများဆိုင်ရာ ထိန်းသိမ်း ကာကွယ်ရေးအဖွဲ့ (ICOMOS) က လာရောက် စစ်ဆေးခြင်းများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှု ဒေသများဖြစ်သော ပုဂံ၊ သရေခေတ္တရာနှင့် မြောက်ဦး နယ်မြေများတွင် အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ ခြံစည်းရုံး ခတ်ခြင်းများကို ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ပါက အရေးယူမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနက နိုဝင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။
Read more →

ယခုနှစ် တန်ဆောင်မုန်း လပြည့်ည မြန်မာနိုင်ငံ၌ အမှန် တကယ် ဆေးပေါင်း ခ မည်

,

======================================
သူသူထက်လွင်
======================================
ရန်ကုန် ၊ နိုဝင်ဘာ ၅ ။ ။ ယခုနှစ် တန်ဆောင်မုန်းလပြည့်ည တွင် မြန်မာနိုင်ငံ ၌ အစစ်အမှန်ဆေး ပေါင်းခမည်ဖြစ်ပြီး ရန်ကုန်မြို့ အပါအဝင် မြို့ကြီးခြောက်မြို့၌ ဆေးစွမ်းပိုထက်နိုင်မည် ဖြစ် ကြောင်း နက္ခတ်သိပံ္ပအဖွဲ့မှအမှု ဆောင်အရာရှိချုပ် ဦးဇေယျာကို က ပြောသည်။

လာမည့် နိုဝင်ဘာ၁ရရက် တွင် ကျရောက်မည့် တန်ဆောင် မုန်းလပြည့်နေ့ တွင် စစ်မှန်သည့် ဆေးပေါင်းခမှုဖြစ်စဉ် ဖြစ်ပေါ် မည်ဖြစ်ပြီး လဖြတ် လမ်းကြောင်း တွင် တည်ရှိနေ သည့်ရန်ကုန်မြို့ အပါအဝင် သထုံ၊ ဘားအံ၊ သုံးခွ၊ မအူပင်နှင့် ပုသိမ်မြို့တို့၌ ပိုမို ဆေးစွမ်းထက်မည်ဖြစ်ကြောင်း သိရသည်။

''တန်ဆောင်မုန်းလပြည့် ညတိုင်း ဆေးပေါင်းမခဘူး။ ၁၂ လရာသီ မှာ မြန်မာနိုင်ငံအပေါ် ကို လဖြတ်တဲ့အချိန်၊ မြန်မာ ပြည်ဧရိယာ အတွင်း လဖြတ်တဲ့ အချိန်မှာ ဆေးပေါင်းခတယ်။ ဒီ နှစ်မှာတော့ မြန်မာပြည် ရန်ကုန် မြို့ပေါ် တည့်တည့်မှာ လဖြတ် မယ်။ လဖြတ်လမ်းကြောင်းပေါ် မှာရှိနေတဲ့မြို့တွေမှာ ဆေးဖက် ဝင် မဲဇလီဖူးတွေ သုပ်စားရင် ပိုဆေးဖက်ဝင်နိုင်ပါတယ်။ ဆေး ဝါးဖော်စပ်တဲ့သူတွေအနေနဲ့ အဲဒီ မြို့တွေကို သွားဖော်ရင် ဆေးစွမ်း ပိုထက်ပါမယ်''ဟု ဦးဇေယျာကို က ထပ်မံပြောသည်။

တန်ဆောင်မုန်းလပြည့်နေ့ များ၌ လမင်းသည် ကြတ္တိကာ နက္ခတ်ဖြင့် ပူးယှဉ်မှသာ အစစ် အမှန်ဆေးပေါင်းခသည့် ဖြစ်စဉ် အဖြစ်သတ်မှတ်နိုင်ပြီး တနင်္ဂနွေ ဂြိုဟ်ခေါ် နေမင်းဗြိစ္ဆာရာသီ နှင့် တနင်္လာဂြိုဟ်လမင်းပြိဿ ရာသီ၌ တည်ရှိမှသာ ဆေးပေါင်း ခသော တန်ဆောင်မုန်းညအဖြစ် သတ်မှတ်နိုင်သည်။ ယခုနှစ်တွင် တန်ဆောင်မုန်းလပြည့် နက္ခလ ပြည့်ချိန်သည် မြန်မာစံတော်ချိန် ည၉နာရီ၄၆မိနစ်ဖြစ်ပြီး ယင်း အချိန်တွင် လမင်းသည် အင်ဒို နီးရှားနိုင်ငံ အရှေ့မြောက်ပစိဖိတ် သမုဒ္ဒရာအတွင်း တည်ရှိနေမည် ဖြစ်ကာ ညသန်းခေါင်ယံအချိန် တွင် လပြည့်ဝန်းကြီးသည် ရန်ကုန် မြို့ပေါ်မှ ဖြတ်သန်းသွားမည်ဖြစ် သည့်အတွက် ဆေးဖက်ဝင် မဲ ဇလီအား သုံးဆောင်နိုင်မည်ဖြစ် သည်။

''လပြည့်ညမှာ သုပ်စားတဲ့ မဲဇလီဖူးသုပ်က ဆေးဖက်ဝင် တယ်။ ကျေးလက်တော ရွာတွေမှာ နေတဲ့သူတွေဆိုရင် လပြည့်နေ့ လရောင်ကျထားတဲ့ မဲဇလီဖူး တွေကို ခူးသင့်ပါတယ်။ လရောင် ထိထားတဲ့ မဲဇလီတွေကဆေး ပေါင်းခပြီး ဆေးစွမ်းထက်ပါတယ်။ မြို့မှာ နေတဲ့သူတွေဆို ရင်တော့ လပြည့်ညမတိုင်မီ ခူးထားတဲ့ မဲ ဇလီဖူးတွေကို လပြည့်ညနက္ခတ် စုံချိန်ကျမှာ ရေနွေးဖျောပြီး သုပ် စားသင့်ပါတယ်။ နက္ခတ်စုံချိန် နှစ်ချိန်ရှိပါတယ်။ လပြည့်နေ့ ည၉နာရီ၁၆မိနစ်နဲ့ လပြည့်နေ့ သန်းခေါင်ယံအချိန်မှာ မဲဇလီ ဖူးသုပ်ကို သုံးဆောင်သင့်ပါတယ်'' ဟုယင်းက ဆိုသည်။

ဆေးပေါင်းခချိန်တွင် မဲ ဇလီဖူးသုပ်စားခြင်းဖြင့် အသက် ရှည်ပြီး အနာရောဂါကင်းမဲ့စေ နိုင်ကြောင်း၊ မဲဇလီရွက်သည် နတ်ပြည်တွင် နတ်သက်ရှည်ရန် စားလေ့ရှိသည့် မဉ္ဇူသကနတ် ပန်း နှင့်ဆင် တူသောကြောင့် မဲဇလီ ရွက်များကို စားသုံးခြင်းဖြင့် အ သက်ရှည်၊ အနာကင်းနိုင်ကြောင်း ရှေးသူဟောင်းတို့မှ အကြံပြုခဲ့သ ဖြင့် ယင်းဓလေ့မှာ ယနေ့တိုင် ထွန်းကားနေဆဲဖြစ်ကြောင်း သိ ရသည်။
Read more →

မင်းဘူးက ဆရာတော် တပါး ရုပ်ကလာပ် ပျောက်ဆုံးမှု ဖြစ်ပွား

,

မကွေးတိုင်း မင်းဘူးမြို့နယ် နန်းတော်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် နှစ်ပေါင်း ၃၀ ခန့် ထားရှိသော ဆရာတော် ဦးနန္ဒိယ ၏ ရုပ်ကလာပ်သည် လွန်ခဲ့သည့် သီတင်းပတ်အတွင်း ပျောက်ဆုံးသွားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဧရာဝတီ ကို ပြောသည်။
“သော့ကတော့ ပိတ်ရက်သား ရှိတယ်။ သော့ ဖွင့်ကြည့်လိုက်တဲ့အခါ အဲဒီအထဲမှာ ထားတဲ့ ဆရာတော် ရုပ်ကလာပ် တခုလုံး မရှိတော့ဘူး”ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းသူက ပြောပြသည်။
ဆရာတော် ဦးနန္ဒိယသည် သက်တော် ၈၆ နှစ်၊ ၀ါတော် ၆၆ ၀ါ၊ ၁၉၈၃ ခု ဇန်န၀ါရီလ ၁၂ နေ့က ပျံလွန်တော် မူသွားခြင်းဖြစ်ပြီး ရုပ်ကလာပ် ကို မှန်ခေါင်းတလားဖြင့် ထားရှိခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ဆရာတော် ဦးနန္ဒိယ၏ ရုပ်ကလာပ်အား ဘုန်းကြီးကျောင်းအတွင်းရှိ ဓမ္မရိပ်သာတွင် ပကတိအတိုင်း ထားရှိ ကိုးကွယ်လာခဲ့ ရာ ဆေးစိမ်ခြင်းမရှိဘဲ ပုပ်သိုးခြင်းလည်း မရှိသည့် ရုပ်ကလာပ်တော်ဖြစ်ကြောင်း၊ ဘုရားဖူး ခရီးသည်များလည်း လာရောက် ဖူးမြော်လေ့ ရှိကြောင်း ဒေသခံများက ပြောသည်။ နန်းတော်ကုန်း ကျေးရွာသည် လူဦးရေ ၂၀၀၀ ကျော် ရှိကြောင်း သိရ သည်။
အောက်တိုဘာ ၂၇ ၇က်နေ့က အဆိုပါကျောင်းတွင် ကထိန်ပွဲ ရှိကြောင်း၊ ဘုရားဖူးတချို့သွားရောက်ဖူးမြော်ရာတွင် ကျောင်း ဒကာ တဦးက ထိုနေ့က ရုပ်ကလာပ်၏ လက်တဘက် ပျောက်ဆုံးနေသည်ကို သတိထားမိ၍ ပြန်လည် ပြောပြကြောင်း၊ ၂၇ ရက်နေ့ ညပိုင်းတွင် ဆရာတော်ကြီး၏ ရုပ်ကလာပ် တခုလုံး ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ဦးဝင်းသူ က ပြောသည်။
“လက်တဘက် ပျောက်တာကို သိလိုက်တဲ့ သူက မပြောဘဲနဲ့ ထားလိုက်တာ၊ နောက်တနေ့ ၂၈ ရက်နေ့ မနက်ကျမှ သွားပြောတာ၊ လက်တဘက် ပျောက်သွားတဲ့ ၂၇ ရက်နေ့ ညပိုင်း ၁၁ နာရီ နောက်ပိုင်းမှာ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တခုလုံး ဘယ်အချိန် ပျောက်လို့ ပျောက်မှန်း မသိဘူး”ဟု သူက ဆိုသည်။
ယခုကဲ့သို့ ဆရာတော်ကြီး၏ ရုပ်ကလပ် ပျောက်ဆုံးသွား၍ ရဲစခန်းတွင် ဂေါပက အဖွဲ့က အမှုဖွင့်ထားကြောင်းလည်း သိရသည်။
ရုပ်ကလာပ် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မင်းဘူး ရဲစခန်းက အတည်ပြုဖြေကြားခဲ့သော်လည်း မည်သို့ ပျောက်ဆုံး သွားရ သည်ဆိုသည်ကို မသိရှိကြောင်း တာဝန်ကျ ဒု ရဲအုပ် ဇော်ကြီးက ဧရာဝတီကို ပြောသည်။
“ကျနော်က အခုမှ ပြောင်းလာတာဆိုတော့ ဘယ်လို ပျောက်ဆုံးသွားတယ် ဆိုတာတော့ ကျနော် မသိပါဘူး”ဟု သူက ဆို သည်။
ဆရာတော် သက်ရှိထင်ရှားရှိစဉ် ကျေးရွာသူ၊ ရွာသားများက ဆရာတော်၏ သြ၀ါဒအတိုင်း လိုက်နာကျင့်သုံး နေထိုင်ကြကြောင်း၊ ဆရာတော်သည် စည်းကမ်းကြီးသူဖြစ်ပြီး အနီးတ၀ိုက် ဒေသများကလည်း အလွန်ရိုသေလေးစား ကြည်ညိုကြကြောင်း သိရသည်။
“ကျနော်တို့မှာ ဘယ်လိုမှ အစားထိုးလို့မရတဲ့ ဆုံးရှုံးခြင်းပေါ့ဗျာ။ ဘယ်လိုမှ ပြန်မရတဲ့ ဆုံးရှုံးမှုမျိုး။ ဒီက ရွာသူ ရွာသားတွေက အကုန် ၀မ်းနည်း နေကြတာပေါ့ဗျာ”ဟု ဦးဝင်းသူက ပြောဆိုသည်။
ဆရာတော်၏ ရုပ်ကလာပ်ကို မသမာသူ လောဘသားတချို့က ခိုးယူသွားသည်ဟု သံသယရှိကြောင်းလည်း သူက ဆက် ပြော သည်။
“ကျနော်တို့ကတော့ သူခိုး ခိုးတယ်လို့ပဲ ယူဆတယ်။ တချို့ လောကီသမားတွေက လောကီ အစီအမံတွေပေါ့၊ ကာယ သိဒ္ဓိ၊ ပီယ သိဒ္ဓိ တို့ ဘာတို့အတွက်များ ခိုးသွားသလားပေါ့။ ဒါမျိုးတွေကို တချို့ အခုအထိ ယုံကြည်နေကြသေးတာ”ဟု ဦးဝင်းသူ က ဆိုသည်။
ဆရာတော်၏ ရုပ်ကလပ် ပျောက်ဆုံးမှုသတင်းသည် ယခုအခါ မကွေးတိုင်း၊ မင်းဘူးနယ်တခွင်သာမက ပျံ့နှံ့နေပြီး လူအများ စိတ်ဝင်တစား ဖြစ်ကြကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ပျံလွန်တော်မူသွားသည်တိုင် မပုပ်မသိုးဘဲရှိသည့် ဆရာတော်ကြီးများ၏ ရုပ်ကလာပ်တော် များစွာရှိရာ အထင်ရှားဆုံးတွင် မြင်းခြံ စွန်းလွန်းဂူကျောင်း ဆရာတော် ဦက၀ိ ၏ ရုပ်ကလာပ် အပါအ၀င် ဖြစ်သည်။
Read more →

မယမုံဦးရဲ့ ဘ၀လေးကို ကယ်တင်ကြပါ

,


ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောင်းစိုးကျေးရွာအုပ်စုတွင်နေထိုင်သည့် ဆိုင်ကယ်ကယ်ရီသမား ကိုကျော်လှိုင်၊ ဇနီးဖြစ်သူ မနုနုခိုင်တို့ မွေးဖွားခဲ့သည့် အသက် (၁နှစ် ၁လ)ခန့်ရှိ မယမုံဦး၏ ဦးခေါင်းနောက်တွင် အသားလုံးအပိုကြီး လူကြီး လက်သီးဆုပ်ခန့်ထွက်ရှိနေပါသည်။ အဆိုပါ မယမုံဦးသည် တတိယမြောက်သမီးလေးဖြစ်ပြီး အစ်ကိုကြီး နှစ်ယောက်လည်း ရှိသေးသည်ဟု သိရပါသည်။
မွေးရာပါရောဂါပါလာသည့် မယမုံဦး၏သနားစရာအဖြစ်ကို မိဘနှစ်ပါးမှ ပဲနွယ်ုန်းတိုက်နယ်ဆေးရုံကို ပြသခဲ့သော်လည်း တာဝန်ရှိသူများမှ မကိုင်ရဲကြောင်း၊ ထိုရောဂါမျိုး မတွေ့ဖူးကြောင်း၊ အသက်မရှင်နိုင်ကြောင်းပြောပြီး ပြန်လွှတ်ခဲ့သည်ဟု သိရပါသည်။ ထို့နောက် စာရေးဆရာမ မသန္တာမြတ်သောင်းမှတဆင့် နယ်လှည့်ဓမ္မကထိက ဆရာတော်အရှင်ဇ၀န (ပဲခူး)ထံ စေလွှတ်အကူအညီတောင်းခံခဲ့သလို ဘာသာရေးမဂ္ဂဇင်းတစ်စောင်မှလည်း ကူညီပေးမည်ဆိုသဖြင့် မိဘနှစ်ပါး ၀မ်းသာခဲ့ကြသော်လည်း နာမည်ကြီးဆေးရုံတစ်ရုံတွင် သမားတော်ကြီးနှင့် ပြသခဲ့ရာ ငွေကြေးမတတ်နိုင်သဖြင့် ခွဲစိတ်ခြင်း မပြုနိုင်ခဲ့ကြောင်း သိရပါသည်။ သနားစရာ မယမုံဦး၏ရောဂါ ခွဲစိတ်ကုသနိုင်ရန်အတွက် ပါဝင်ပေးကြပါရန် ဓာတ်ပုံနှင့်တကွ တင်ပြအသနားခံအပ်ပါသည်။
မယမုံဦးနှင့် ပတ်သက်ပြီး အရှင်ဇ၀န(ပဲခူး) 09425024913၊ Eternal Light မဂ္ဂဇင်း (01-210800 ၊ 0931719229 ) တို့ထံ ဆက်သွယ်ကူညီနိုင်ပါကြောင်း ကုသိုလ်အကျိုးမျှော် နှိုးဆော်အပ်ပါသည်။ ကျေးဇူးပြုပြီး ထပ်ဆင့် share ပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ကြပါစေ။
Read more →

အလုံက NLD တို့ရဲ့ ဒီမိုကရေစီ ကျလွန်းလှတဲ့... ၂၀၀၈ ဖွဲ့စည်းပုံ ပြင်မလား သစ်မလား ဆန္ဒခံယူတဲ့ပွဲ

,


ရန်ကုန် အနောက်ပိုင်းခရိုင် အလုံမြို့နယ်မှာ ကျင်းပ သွားတဲ့ NLD တို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်မလား အသစ်ရေး ဆွဲမလား ခံယူတဲ့ ပွဲမှာ... လူဦးရေ ၅သောင်း ကျော် ၁သိန်း နီးပါး ရှိတဲ့ အလုံမြို့နယ်မှ NLD ပါဝင်တီဝင်တွေ နဲ့ သူတို့ရဲ့ ဆွေမျိုး နီးစပ် ၃၅၀ ကျော်နီးပါ တက်ရောက်ပြီး... လူဦးရေ အားလုံးပေါင်း ၄၀၀ ကျော် နီးပါး တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်...

ထူးထူးခြားခြား အနေနဲ့ မဲ ဆန္ဒတွေ ကောက်ခံရာမှာ... စင်မြှင့်ပေါ်ကနေ ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲမလား အသစ်ပြန်လည် ရေးဆွဲမလား ဟု မေးမြန်းခဲ့ပြီး... တက်ရောက်သူများမှ လက်ထောင်ပြကာ... ဆန္ဒမဲ ကောက်ယူခဲ့ပြီး ပြင်ဆင်ရေးဆွဲချင်တဲ့ ပြည်သူ ၉၈ ရာခိုင်နှုန်း ရှိကြောင်း မှတ်တမ်း တင်ခဲ့ကြတယ်လို့ သိရှိရပါတယ်...

ထိုပွဲကို ကိုယ်တိုင် ကိုယ်ကျ တက်ရောက်ခဲ့တဲ့ ကို ဆန်းသစ် က တော့...

"စရောက်တည်းက အဲ့က NLD လူငယ်အကိုကြီး တစ်ယောက်နဲ့တွေ့တော့ ပြောလိုက်တယ် ကျနော် အသစ်ဆွဲမှာလဲ မထောက်ခံဘူး ပြင်မှာလဲ စောသေးတယ် တကယ်ပဲ တိတိကျကျ လိုက်နာပြီး ကျင့်သုံးကြည့် စေချင်သေးတယ် လို့ပြောလိုက်တယ်။ အဲ့တက်ရောက်တဲ့ လူတွေထဲမှာ ကျနော်က ဘာမဲလဲ နောက်ပြီး ဘယ်လောက်ရာနှုန်းလဲ သိဘူးနော်...."

ဟု NLD ရဲ့ စနစ်ကျန လှတဲ့ မဲ ပေးစနစ်နဲ့ မှတ်တမ်း တင်မှု ရလဒ်မှာ.. သူရဲ့ မဲ ဟာ ဘယ်လို ပါဝင်ခဲ့တယ်ဆိုတာ မသိခဲ့ကြောင်း ပြောဆိုခဲ့ပြီး... ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘာကြောင့် ပြင်ဆင်သင့်တယ် ဆိုတာကို ပြောဆိုခဲ့မှုမှာ...

"၄၇ ဥပဒေ နဲ့ ၂၀၀၈ ကို ပဲ ခိုင်းနှိုင်းသွားတယ်။ ကြားထဲက ၇၄ ကိုချန်ထားတယ် ၇၄ မှာက သူမကြိုက်တဲ့ ၈၂ ဥပဒေကို လူထုကိုယ်စားလှယ်တွေရေးဆွဲပြီး လူထုက ခုထိထောက်ခံထားတာ ဆိုတော့ အဲ့ဟာကို မေ့ချင်ယောင်ဆောင်ပြီး အရူးကွက်နင်းထားတယ်"

"ကာချုပ်ကို ဘယ်သူခန့်တယ်ဆိုတာကို ပြည်သူကို ရှင်းမပြဘူး ကာချုပ်က မိုးပေါ်က ကျလာသလို ပြောသွားတယ် ကာချုပ်က သမ္မတက ခန့်တာ သမ္မတကို လွှတ်တော်ကခန့်တာ လွှတ်တော်ကို ပြည်သူက ရွေးတာ(အခုကောင်တွေတော့ အာမမခံဘူး) ဆိုတာခု ၂၀၀၈ စာအုပ်ထဲပါပြီးသားပဲ ဒီတော့ ကာချုပ်က ပြည်သူက ရွေးတဲ့ လွတ်တော်က တင်တဲ့ သမ္မတက ခန့်တာဖြစ်တဲ့အတွက် ပြည်သူကခန့်တာမဟုတ်လို့ မိုးပေါ်က ကျရမှာလား သူပြောသလိုပဲ ၄၇ ခြေဥ မှာလဲ အုပ်ချုပ်ရေး အစိုးရ ဦးနုကို ပါလီမန်က ရွေးတာ ပါလီမန်ကို ပြည်သူကရွေးတာ ဦးနုကနေ ကာကွယ်ရေးဝန်ကြီးကိုရွေးတာ ကာကွယ်ရေးဝန်ကြီးက နေ ကာချုပ်ကိုရွေးတာလေ ကဲ အဲ့ကုလားရယ် စာမဖတ်တဲ့ကောင်တွေရယ်ပေါင်းပြီး ပြည်သူပါဆိုပြီး မလှိမ့်တစ်ပါတ်လုပ်နေတာ"

ဟု ပြောဆိုဝေဖန်ခဲ့ပြီး... ထို ဆန္ဒခံယူပွဲမှာ.. ဒီမိုကရေစီ ပါတီဟု အမည်ခံထားသည့် ပါတီ၏ ကျင်းပ ပုံနှင် မတူပဲ... မေးခွန်း မေးလို့ ရမရ မေးမြန်းခဲ့ရာမှာ.. မေးခွန်း မေးဖို့ အတွက် အစီ အစဉ်တွင် ပါမလာခဲ့ကြောင်း ပြောဆိုခဲ့သဖြင့် မကျေလည်သည်များကို မေးခွန်း မမေးခဲ့ရပဲနှင့် ပါးစပ်ပိတ်ပြီး ပြန်လာခဲ့ရကြောင်း သိရှိရပါသည်...

ထိုသို့ NLD ပါတီရဲ့ ၂၀၀၈ အခြေခံ ဥပဒေ ကို ၂၀၁၅ အမှီ ပြင်ဆင်နိုင်ရေး အတွက်... မီတ္ထီလာ အဓိကရုဏ်းဖြစ်စဉ်တွင်... ဆရာတော် ဦးသောဘိတကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည့်... ကုလားများကို ရှေ့နေ လိုက်ပေးခဲ့သော... NLD မှ တရားရုံးချုပ်ရှေ့နေ ဦးကိုနီမှ ဦးဆောင် ဦးရွက်ပြုကာ... ဆောင်ရွက် လျှက်ရှိပါသည်...

Credit to >> ဆန်း သစ်
Read more →