Saturday, August 31, 2013

ရုရှားသမ္မတ အမေရိကန်ကို စိန်ခေါ်

,


သြဂုတ်လ ၃၁ ရက်၊ ခရစ်နှစ် ၂၀၁၃၊ စနေနေ့။


ဆီးရီးယား အစိုးရ ကနေ ဓာတု လက်နက်တွေ အသုံးပြုခဲ့တယ် ဆိုတဲ့ အမေရိကန် တို့ရဲ့ ပြောကြားချက်ဟာ လုံးဝ အဓိပ္ပါယ် မရှိဘူး ဆိုပြီး၊ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ပယ်ချလိုက်ပါတယ်။

ဝါရှင်တန်အနေနဲ့ အထောက်အထားရှိတယ် ဆိုရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်ဖို့ မစ္စတာပူတင်က စိန်ခေါ်လိုက်ပါတယ်။

နယူယော့ခ် တိုင်းမ် သတင်းစာ ဝက်ဆိုက်နဲ့ တွစ်တွာ အင်တာနက် လူမှု ကွန်ယက် ဆိုက်တွေကို မကြာသေးခင်က ဆိုက်ဘာ တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ ဆီးရီးယား အီလက်ထရောနစ် တပ်မတော် ဆိုတဲ့ SEA ဟက်ကာ အုပ်စု ကနေ နောက်ထပ် အံ့သြ စရာတွေ အများကြီး ထပ်လာဦးမယ်ဆိုပြီး၊ မီဒီယာ ကုပ္မဏီတွေကို သတိပေးလိုက်ပြန်ပါပြီ။

ဆီးရီးယားကို စစ်ရေးအရ ဝင်ရောက်မှာကို ဗြီတိန်ပါလီမန် ကနေ ကန့်ကွက်မဲနဲ့ ပယ်ချ လိုက်တာဟာ မှန်ကန်တယ်လို့ အဲဒီ SEA ဟက်ကာ အုပ်စု ကနေ ဘီဘီစီနဲ့ အီးမေး ကနေ တဆင့် မေးမြန်းခန်း မှာ ပြောကြားသွားခဲ့ ပါတယ်။
BBC-
ရုရှားသမ္မတ အမေရိကန်ကို စိန်ခေါ် သြဂုတ်လ ၃၁ ရက်၊ ခရစ်နှစ် ၂၀၁၃၊ စနေနေ့။ ဆီးရီးယား အစိုးရ ကနေ ဓာတု လက်နက်တွေ အသုံးပြုခဲ့တယ် ဆိုတဲ့ အမေရိကန် တို့ရဲ့ ပြောကြားချက်ဟာ လုံးဝ အဓိပ္ပါယ် မရှိဘူး ဆိုပြီး၊ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ပယ်ချလိုက်ပါတယ်။ ဝါရှင်တန်အနေနဲ့ အထောက်အထားရှိတယ် ဆိုရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်ဖို့ မစ္စတာပူတင်က စိန်ခေါ်လိုက်ပါတယ်။ နယူယော့ခ် တိုင်းမ် သတင်းစာ ဝက်ဆိုက်နဲ့ တွစ်တွာ အင်တာနက် လူမှု ကွန်ယက် ဆိုက်တွေကို မကြာသေးခင်က ဆိုက်ဘာ တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ ဆီးရီးယား အီလက်ထရောနစ် တပ်မတော် ဆိုတဲ့ SEA ဟက်ကာ အုပ်စု ကနေ နောက်ထပ် အံ့သြ စရာတွေ အများကြီး ထပ်လာဦးမယ်ဆိုပြီး၊ မီဒီယာ ကုပ္မဏီတွေကို သတိပေးလိုက်ပြန်ပါပြီ။ ဆီးရီးယားကို စစ်ရေးအရ ဝင်ရောက်မှာကို ဗြီတိန်ပါလီမန် ကနေ ကန့်ကွက်မဲနဲ့ ပယ်ချ လိုက်တာဟာ မှန်ကန်တယ်လို့ အဲဒီ SEA ဟက်ကာ အုပ်စု ကနေ ဘီဘီစီနဲ့ အီးမေး ကနေ တဆင့် မေးမြန်းခန်း မှာ ပြောကြားသွားခဲ့ ပါတယ်။

BBC-
Read more →

သတင်းအမှားရေးသားဖော်ပြမှုအား ရှင်းလင်းမေတ္တာရပ်ခံခြင်း

,


By Yangon Police

ရန်ကုန်၊ သြဂုတ် ၃၁
Online မီဒီယာ အချို့တွင် ၂၉-၈-၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့ နယ်၊ အမှတ် (၁) ရဲစခန်းသို့ အမည်မသိလူငယ်တစ်ဦး ရောက်ရှိလာကာ မိန်းကလေးငယ်တစ်ဦးကားတိုက်ခံရပြီး လမ်းဘေးတွင်လဲကျနေကြောင်း၊ ကားမှာတိုင်းရင်းသား
ကျေးရွာ ဘက်သို့မောင်းနှင်ထွက်ပြေးသွားကြောင်း လာရောက်တိုင်တန်း
သဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးက လမ်းကြောင်းပေါ်ရှိ ရဲစခန်း/ရဲကင်းများအား ပိတ်ဆို့ ရှာဖွေဖမ်းဆီးရန်ညွှန်ကြားခဲ့ပြီးအခင်းဖြစ်ရပ်သို့သွားရောက်စစ်ဆေးခဲ့ကြောင်း၊
ထိုသို့စစ်ဆေးရာရှုခင်းသာ အပန်းဖြေစခန်းအနီးတွင် သာကေတမြို့နယ်နေ မခင်ဝင်းမာ (၁၇)နှစ်အား ယာဂျိုစောင်းပေါက်ပြဲဒဏ်ရာရရှိပြီး ၀တ်လစ်စလစ်ဖြင့် သားမယားပြုကျင့်ခံထားရသည့် အနေအထားဖြင့် သတိလစ်နေသည်ကိုတွေ့ရှိရသဖြင့် တာဝန်သိရဲတပ်ဖွဲ့ဝင်များက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်
ပေးခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာနေရာမှ သက်သေခံပစ္စည်းများကိုရှာဖွေစစ်ဆေးရာ
၂x၂ ပတ်လည်ပတ်စ်ပို့အရွယ်အစား ဓါတ်ပုံတစ်ပုံကို ရှာဖွေတွေ့ရှိ ခဲ့ပြီး သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းယူဆောင်သွားခဲ့ကြောင်း၊ ထိုဓါတ်ပုံကို အများပြည်သူသိစေရန်
ကြေညာစာသင်ပုန်းများတွင် လိုက်လံကပ်ထားပြီးတွေ့ရှိပါကအကြောင်းကြားပေးရန်
သာကေတမြို့နယ်ရဲတပ်ဖွဲ့မှအများပြည်သူသို့ ညွှန်ကြားထားကြောင်းနှင့် သတင်းပေးရန်ဖုန်းနံပါတ်အဖြစ် သာကေတ အမှတ်(၁)၊ အမှတ်(၂) ရဲစခန်းများ၏ဖုန်းနံပါတ်များအား ထည့်သွင်း
ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။

အဆိုပါသတင်းသည် မှန်ကန်မှုမရှိကြောင်းနှင့် အလားတူဖြစ်စဉ်မျိုးလည်း
ဖြစ်ပွါးခဲ့ခြင်းမရှိသည့်အတွက် အများပြည်သူတို့ သတင်းအမှားများရရှိပြီး စိတ်ငြိုငြင်စေခြင်း၊ ရဲတပ်ဖွဲ့၏ Image ထိခိုက်ခြင်းများ ဖြစ်စေနိုင်သဖြင့် ဤကဲ့သို့မမှန်ကန်သည့်သတင်းများကို ရေးသားဖြန့်ဝေခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။

Yangon Police
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့
Read more →

ငါးရှဥ့်ရဲ့ပုံပြင်

,


ဂျပန်တွေရဲ့ ရာဇဝင်ပုံပြင်လို့ ဖတ်ရပါတယ်။

ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဥ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေကသေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဥ့်တွေဟာ ကမ်းမကပ်ခင် သေကုန်ကြတယ်။ ဒါပေမယ့် တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြား တံငါသည်တွေရဲ့လှေနဲ့ တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဥ့်တွေက ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကိုတွေ့ရတယ်။ ဒါကြောင့် သူ့ငါးရှဥ့်အရှင်တွေက တစ်ခြားသူတွေထက် အမြဲဈေးကောင်း ပိုရခဲ့တယ်။ နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုမိဆောင်းမိလာသလို အရွယ်ထောက်လာတာကြောင့် ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို ငါးရှဥ့်ဖမ်းတဲ့လျှို့ဝှက်ချက် သင်ပေးလိုက်တယ်။

အဲဒီလျှို့ဝှက်ချက်က တံငါသည်ဟာ လှေဝမ်းထဲမှာ ငါးခူးတစ်ချို့ထည့်ထားပြီး ဖမ်းရတဲ့ငါးရှဥ့်ကို ငါးခူနဲ့အတူ ရောထည့်ထားလိုက်တယ်။ ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း ကိုက်ဖြတ်ကြတော့တယ်။ ငါးခူရဲ့ တိုက်ခိုက်မှုကို ငါးရှဥ့်က မဖြစ်မနေပြန်ခုခံရတယ်။ ငါးရှဥ့်ရဲ့ "အသက်ရှင်ရေး"ဆိုတဲ့ သဘာဝစိတ်က အပြန်အလှန် တိုက်ခိုက်မှုအောက်မှာ အလိုအလျှောက် ထကြွလာခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေခဲ့တာဖြစ်တယ်။

တံငါသည်ကဆက်ပြီး သားကို ပြောပြခဲ့တယ်။

ကမ်းမကပ်ခင်သေရတဲ့ ငါးရှဥ့်တွေက သူတို့ကို ဖမ်းမိသွားပြီ... ဘယ်လိုပဲရုန်းရုန်း လွတ်တော့မှာ မဟုတ်ဘူးဆိုပြီး သေဖို့ကိုပဲ စောင့်နေခဲ့ကြလို့ သူတို့ရဲ့ အသက်ရှင်ဖို့ဆိုတဲ့မျှော်လင့်ချက်က အလွယ်တကူပျက်စီးသွားခဲ့တယ်။ ဒါကြောင့် လှေဝမ်းထဲမှာ ကြာကြာမနေရဘဲ အချိန်တိုအတွင်း သေသွားကြတာဖြစ်တယ်။

တံငါသည်က စိန်ခေါ်မှုတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့၊ စိန်ခေါ်မှုကြောင့် ဘဝရဲ့ အသက်ရှင်နိုင်စွမ်းနဲ့ မျှော်လင့်ချက်က ပိုပြီးပြည့်စုံလာမယ့်အကြောင်း သားကို သင်ပြပေးခဲ့တယ်။

ဂျပန်မိဘတွေက ကိုယ့်သားသမီးကြီးပြင်းလို့ နားလည်မှုအတင့်သင့် ရှိလာတဲ့အခါ ဒီပုံပြင်ကို ပြောပြလေ့ရှိကြတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေရဲ့ ဘဝစိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ စွမ်းရည်တွေကြောင့် ဂျပန်နိုင်ငံက ယနေ့အာရှမှာ အတိုးတက်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ခဲ့တယ်။


မူရင်း -- http://share.youthwant.com.tw/D31021212.html

နိုင်းနိုင်းစနေ (Thursday, January 01, 2009)
.
Read more →

82 ဥပဒေဆိုတာ ဘာလဲ.......

,


အခုလက်ရှိ အွန်လိုင်းက ကြေးစားတွေ ရေးလာတာမယ် White Card ထုတ်ပေးတာကို ပြဿနာ ရှာလာကြတယ်..... အဓိက White Card ထုတ်ပေးသူကို ထောက်ပြနေတယ်.... ဒါပေမယ့် White Card တွေရဲ့ မဲပေးပိုင်ခွင့် ပါတီထောင်ခွင့်ကို ဖြည်းဖြည်းခြင်း ထိမ်ချိန်နိုင်အောင် ကြိုးစားနေကြတယ်..... White Card တွေ ပါတီထောင်ခွင့်ဟာ ဒေါက်တာအေးမောင်ရဲ့ အဆိုနဲ့ ပျက်ပြယ်သွားတဲ့အတွက် White Card တွေ မဲ ပေးပိုင်ခွင့် လက်ကျန်ကို ကာကွယ်ဖို့ ပြင်ဆင်နေကြတယ်......

White Card ဆိုတာ ကျွန်တော် တစ်ချိန်ကလည်း ရှင်းခဲ့ပီးသားပါ..... ကိုယ့်နိုင်ငံတွင်းမှာ ရောက်ရှိနေတဲ့ ဘင်္ဂါလီတွေနဲ့၊ ဟိုဘက်က ခိုးဝင်လာမယ့်သူတွေ ကြားထဲမှာ သတ်မှတ်ပိုင်းခြားစရာ သက်သေခံ လက်မှတ် တစ်ခုပဲ..... White Card ပေးမထားဘူးဆိုရင် ခိုးဝင်လာသူနဲ့ ရှိနှင့်ပီးသားလူကို ဘယ်လိုမှ ခွဲခြားလို့ မရဘူး..... အဓိက ပြဿနာက ဒီ White Card လို့ခေါ်တဲ့ ယာယီသက်သေခံ လက်မှတ်ကို မဲပေးပိုင်ခွင့် ပါတီထောင်ခွင့် ပေးခဲ့တာ......

White Card တွေပါတီထောင်ခွင့် ပျက်ပြယ်သွားပေမယ့် မဲ ပေးပိုင်ခွင့်က ရှိနေသေးတယ်....... အခုလက်ရှိ အွန်လိုင်းကြေးစားတွေ ထောက်ပြလာတာက White Card ဟာ ၈၂ ဥပဒေမှာ မပါပဲ ပေးခဲ့တယ် ဆိုတဲ့ဟာ..... White Card တွေပေးခဲ့တာ ပြဿနာ မရှိပေမယ့် White Card တွေကို မဲပေးပိုင်ခွင့် ပါတီထောင်ခွင့် ပြုခဲ့တာဟာ ကြံ့ဖွံ့ ပါတီရဲ့ တိုင်းပြည်အပေါ် အကြီးမားဆုံး သစ္စာဖောက်ခဲ့မှုပဲ..... အဓိကအားဖြင့် ဦးသန်းရွှေရဲ့ ဦးဆောင်မှု အောက်မှာ တိုင်းပြည်ရဲ့ မျက်နှာကို မကြည့်ခဲ့ပဲ ဆူးညှောင့်တစ်ခု ထားခဲ့တာပဲ...... ဒါဟာ အထူးအထွေ ပြောစရာမရှိတဲ့ ထင်ရှားတဲ့ သစ္စာဖောက်မှုကြီးပဲ.......

ဒါကို ကြေးစားတွေက သိသိကြီးနဲ့ White Card တွေကို 82 ဥပဒေနဲ့ တိုက်လာတယ်...... ဒါပေမယ့် 82 ဥပဒေကို ပြင်ဆင်ဖို့ သူတို့ ကိုယ်တိုင် နှပ်ကြောင်းပေး စကားတွေကို NLD က ဦးဥာဏ်ဝင်း ရိုက်တာနဲ့ အင်တာဗျူးမှာ 82 ဥပဒေကို ပြင်ပီး ဘင်္ဂါလီတွေကို နိုင်ငံသားအဖြစ် ပေးမယ်ဆိုရင် လက်ခံတယ် ဆိုတဲ့စကားအပိးမှာ ပြောလာခဲ့တယ်...... သူတို့ ဘာကြောင့် 82 ဥပဒေကို ပြင်ချင်တာလဲ မေးစရာ ရှိလာတယ်.....

အခုလက်ရှိ White Card တွေ ဘယ်လိုပဲ ပေးထားပါစေ (မှတ်ချက် မဲပေးပိုင်ခွင့်၊ ပါတီထောင်ခွင့်နှင့် လုံးဝ မဆိုင်ပါ၊ ဒါဟာ White Card ကိုင်တွေရဲ့ ရပိုင်ခွင့်ထဲမှာ လုံးဝ ရှိမနေဘူးဆိုတာ သတိချပ်ဖို့ လိုပါတယ်....) အဲ့ဒိ White Card ကိုင်တွေ နိုင်ငံသား ဖြစ်ဖို့အတွက် 82 ဥပဒေဟာ အသက်ပဲ...... 82 ဥပဒေနဲ့ မညီရင် သူတို့ဟာ ဘယ်လိုပဲ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားပါစေ မြန်မာနိုင်ငံသား ဖြစ်ခွင့် လုံးဝကို ရရှိမှာ မဟုတ်ဘူး ဆိုတာပဲ.... ဒါကြောင့်လည်း သူတို့ဟာ 82 ဥပဒေကို ပြင်ဖို့ ကြိုးပန်းနေကြတယ်....

ဒါဖြင့် 82 ဥပဒေဆိုတာ ဘာလဲ...... ဆိုရှယ်လစ် အစိုးရလက်ထက် ချမှတ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် (၄) မြန်မာနိုင်ငံသား ဥပဒေ....... အဲ့ဒိ ဥပဒေထဲမှာ ပြဌာန်းထားတဲ့ အချက်တွေထဲမှာ အမှတ် (၁၂) နိုင်ငံသား တစ်ဦးစီ လိုက်နာရမယ့် ဥပဒေမှာ ဒီလို ဖော်ပြထားတယ်......

(က) နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာရမည်
(ခ) နိုင်ငံတော်၏ ဥပဒေပါ တာဝန်များကို ထမ်းဆောင်ရမည်
(ဂ) နိုင်ငံတော်၏ ဥပဒေပါ အခွင့်အရေးများကို ခံစားခွင့်ရှိသည်..... ဆိုတဲ့ အချက်တွေပဲ....... အဲ့ဒိအချက်တွေနဲ့ ကိုက်မယ်ဆိုရင် ပထမဆုံး (က) ပါ အချက်တွေနဲ့ ဘင်္ဂါလီတွေနဲ့ မကိုက်ညီဘူး..... ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံ အလံကို အလေးမပြုနိုင်ဘူး၊ နိုင်ငံတော် သီချင်း မဆိုနိုင်ဘူး..... ဒါနဲ့တင် သူတို့ဟာ နိုင်ငံသား ဖြစ်ခွင့် ရှိသလား မရှိသလား အဖြေက ပေါ်လွင်နေတယ်.....

နောက် အခန်း ၄၄ အပိုဒ်ခွဲ မှာ နိုင်ငံသားအဖြစ် လျှောက်ထားသူဟာ (ဂ) တိုင်းရင်းသား ဘာသာစကား တစ်မျိုးမျိုးကို ကောင်းမွန်စွာ ပြောတတ်ခြင်း ဆိုတဲ့ အချက် ပါဝင်နေတယ်..... အခုလက်ရှိ ဘင်္ဂါလီတွေဟာ တိုင်းရင်းသား စကားတစ်ခွန်းမှ မပြောတတ်တဲ့အတွက် အဲ့မှာတင် စ ငြိနေပီ.....

နောက် ဧည့်နိုင်ငံသားအဖြစ် ရုပ်သိမ်းနိုင်တဲ့ အချက်တွေကို 82 ဥပဒေမှာ ဒီလိုညွှန်းဆိုထားတယ်......

၃၅ ဧည့်နိုင်ငံသားတစ်ဦးရဲ့ ဧည့်နိုင်ငံသားအဖြစ် ရုတ်သိမ်းနိုင်တဲ့ အချက်တွေထဲမှာ
(က) နိုင်ငံတော် ပါဝင်နေသော စစ်မတ်ကာလအတွင်း ရန်သူနိုင်ငံများနှင့် ဖြစ်စေ၊ ရန်သူနိုင်ငံကို အထောက်အကူပြုသည့် နိုင်ငံများနှင့်ဖြစ်စေ၊ ထိုနိုင်ငံများ၏ နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့်ဖြစ်စေ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့ ပြုလုပ်ခြင်း တစ်ရပ်ရပ်ကို အားပေး ကူညီခြင်း
(ခ) နိုင်ငံတော်ကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ထိုအဖွဲ့အစည်း၏ အဖွဲ့ဝင်နှင့်ဖြစ်စေ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ခြင်း တရပ်ရပ်ကို အားပေးကူညီခြင်း
(ဂ) နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နိုင်ငံတော်၏ လုံခြုံရေးကိုဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးစေမည့် အန္တရာယ်တစ်ခုခုကို ပြုလုပ်နေသည်၊ ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သော အကြောင်းရှိခြင်း
(ဃ) နိုင်ငံတော်ကို အကြည်ညိုမဲ့ကြောင်း သို့မဟုတ် သစ္စာမဲ့ကြောင်းကို ကိုယ်အမူအရာဖြစ်စေ၊ နှုတ်အမူအရာဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြသခြင်း၊
(င) နိုင်ငံတော် လျှို့ဝှက်ကိစ္စတစ်ရပ်ရပ်ကို သူတစ်ဦးကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ၊ အခြားနိုင်ငံ တစ်နိုင်ငံကိုဖြစ်စေ၊ အခြားနိုင်ငံများကို ဖြစ်စေ သတင်းပေးခြင်း၊ ထိုသို့ ပြုလုပ်ခြင်းကို အားပေးကူညီခြင်း စတဲ့ အချက်တွေနဲ့တင် အဲ့ဒိ White Card ကိုင်တွေ တန်းစီ ငြိနေပီ........

ဒါဆိုရင် White Card ကိုင်တိုင်း နိုင်ငံသား ဖြစ်နိုင်သလား၊ နိုင်ငံသားဖြစ်ဖို့ ဘယ်လို စည်းကမ်းတွေ ရှိသလဲဆိုတာ သိနိုင်ပါတယ်...... အဲ့ဒိလို စည်းကမ်းတွေ ရှိနေရဲ့သားနဲ့ ဘာကြောင့် White Card ထုတ်ပေးတာကို ပြဿနာရှနေသလဲ၊ 82 ဥပဒေကို ပြဿနာရှာနေသလဲ မေးစရာ ရှိတယ်......

White Card ကို ထုတ်ပေးရခြင်းကို ကျွန်တော် အပေါ်မှာ ပြောခဲ့ပီးသားပါ၊ အဓိက White Card ကို စစ်အစိုးရက ပေးလိုက်တဲ့ အခွင့်အရေးကို အထူးသဖြင့် အခုအချိန်ထိ ကျန်နေတဲ့ မဲပေးပိုင်ခွင့်ကို ကျွန်တော်တို့က ထောက်ပြရမှာ ဒါမှလည်း အနာဂါတ် မြန်မာနိုင်ငံအတွက် တားဆီးရမှာ.....

နောက်ထပ် 82 ဥပဒေက အခိုင်မာဆုံး ပြဌာန်းထားတာက စစ်မက်ဖြစ်ပွားနေတဲ့ အချိန်အတွင်းမှာ အဲ့ဒိ ယာယီသက်သေခံ လက်မှတ်ကိုင်သူ (White Card) တွေဟာ
၃၁ ဧည့်နိုင်ငံသားတစ်ဦးသည် အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့် မရှိစေရ......
၃၂ ဧည့်နိုင်ငံသားတစ်ဦးသည် နိုင်ငံတော် ပါဝင်နေသော စစ်မက်ကာလအတွင်း ဧည့်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခွင့် မရှိစေရ...... ဆိုတဲ့ အချက်တွေနဲ့ ပြန်ထိမ်းထားပြန်တယ်...... ဒါဖြင့် 82 ဥပဒေဟာ ဘယ်လောက်အထိ ခိုင်မာသလဲဆိုတာ အတိအကျ မြင်နိုင်တယ်.....

ဒါဖြင့် အဲ့ဒိ ကြေးစားတွေ ဘာလို့ White Card ကို မထောက်ခင်က 82 ဥပဒေကို ပြင်စေချင်တာလဲ..... မေးစရာက အများကြီးရှိလာတယ်..... 82 ဥပဒေက ဒီလောက်ခိုင်မာရဲ့သားနဲ့ ဘာကြောင့် ဒီလိုတွေ ဖြစ်လာသလဲ.... 82 ဥပဒေကို ပြောင်းလဲစေချင်သလဲ..... အဖြေက ရှင်းပါတယ်......

လက်ရှိ White Card ကိုင်တွေကို ထားမြစ်နိုင်တဲ့ အကောင်းဆုံး ဥပဒေဟာ 82 ဥပဒေပါ..... အဲ့ဒါကို ပြင်စေချင်နေပီဆိုကတည်းက သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ ဆိုတာ သိနိုင်တယ်..... အထူးသဖြင့် နိုင်ငံရဲ့ အဓိက အတိုက်အခံ ပါတီကြီးရဲ့ ပြောရေးဆိုခွင့် ရှိသူကိုင်တိုင် 82 ဥပဒေကို ပြင်စေချင်တဲ့ စကားမျိုးကို နိုင်ငံခြား သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောခဲ့တဲ့အပြင် အွန်လိုင်းပေါ်က ကြေးစားတွေကပါ အချိန်ကိုက် အဲ့ဒိစကားတွေ ပြောခဲ့တာကို စဉ်းစားကြည့်ရင် ဘာကြောင့် သိနိုင်တယ်.....

အကြောင်းကြောင်းကြောင့် White Card ထုတ်ပေးခဲ့ရပေမယ့် (ဒီနေရာမှာ White Card ထုတ်ပေးထားတဲ့ သူတွေဟာ White Card တွေကို ပေးပိုင်ခွင့်မရှိတဲ့ မဲပေးပိုင်ခွင့်၊ ပါတီထောင်ပိုင်ခွင့် တွေဟာ သီးခြား ပြစ်မှုဖြစ်တယ်ဆိုတာ အထူးမပြောလိုဘူး... ဥပဒေပိုင်း ဆိုင်ရာကို သေခြာလေ့လာစေချင်တယ်....) အဲ့ဒိ White Card ကိုင်တွေရဲ့ နိုင်ငံသားဖြစ်ခွင့်ကို 82 ဥပဒေရဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ကြတ်မတ်ပီးသားပဲ..... 82 ဥပဒေကို Pass မဖြစ်သေးသရွေ့ သူတို့ဟာ နိုင်ငံသားဖြစ်ခွင့် လုံးဝ မရှိဘူး ဆိုတာပဲ......

ဒီအတွက် 82 ဥပဒေမှာပါတဲ့ ဒဏ်ကြေးတွေ၊ ပြစ်ဒဏ်တွေဟာ ခေတ်နဲ့ မညီတဲ့အတွက် ပြင်ဆင်တာက လွဲလို့ ကျန်တဲ့ 82 ဥပဒေကို White Card ကိုင်တွေ နိုင်ငံသားဖြစ်အောင် ပြုပြင်ချင်တဲ့ လူတွေရဲ့ လုပ်ရပ်ဟာ နောက်ထပ် ဦးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရအပီး ထပ်ပီး နိုင်ငံအပေါ် သစ္စာဖောက်မှု လုပ်ဖို့ ကြိုးပန်းတယ်ဆိုတာ မြင်အောင် ကြည့်ဖို့ လိုပါလိမ့်မယ်......

Voice of James Mint
Read more →

ပထမဆုံး ပြည်တွင်းဖြစ် ရဟတ်ယာဉ်တင် တိုက်ခိုက်ရေး သင်္ဘော တရုတ် တည်ဆောက်

,

Posted on 31 August, 2013

(ပေကျင်း- သြဂုတ် ၂၉)
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် 081 အတန်းအစား ရဟတ်ယာဉ်တင် တိုက်ခိုက်ရေး သင်္ဘော တစ်စင်းကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ကျန်းနန် သင်္ဘောကျင်းတွင်
တည်ဆောက်လျက် ရှိကြောင်း ဂျပန်နိုင်ငံ အခြေစိုက်Diplomat အွန်လိုင်းမဂ္ဂဇင်း၏ လက် ထောက် အယ်ဒီတာ ဇာချရီကက်က ပြောကြားခဲ့သည်ဟု သြဂုတ် ၂၉ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ အဆိုပါ သင်္ဘောသည် တရုတ် နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ကမ်းထိုးတိုက်ခိုက်ရေး သင်္ဘောဖြစ်ပြီး ရှပ်ပြေးယာဉ်နှင့် ရဟတ်ယာဉ် နှစ်မျိုးစလုံးကို သယ်ဆောင်နိုင်စွမ်း ရှိမည်ဖြစ်ကြောင်း၊ အဆိုပါ သင်္ဘောကိုတည်ဆောက် နေဆဲဖြစ်ပြီး ၂ဝ၁၃ ခုနှစ် သြဂုတ်လ အစောပိုင်းတွင် ရေချခဲ့သည့် ဂျပန်နိုင်ငံ ၏အစ်ဇူမို အတန်းအစား ရဟတ်ယာဉ် တင်သင်္ဘောနှင့် တစ်ပုံစံတည်းနီးပါး ဆင်တူကြောင်း ကက်က ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းသင်္ဘောသည် တန်ချိန် ၃၅,ဝဝဝ ရှိပြီး အရွယ်အစားမှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ တည်ဆောက်ပြီး 071 အတန်းအစား ကမ်းထိုး တိုက်ခိုက်ရေး သင်္ဘောများ၏ နှစ်ဆရှိကြောင်း ကက်ကထပ်လောင်း ပြောကြားခဲ့သည်။ 081 အတန်းအစား ရဟတ်ယာဉ်တင် တိုက်ခိုက်ရေး သင်္ဘောသည်WZ-10 နှင့်WZ-19 ကဲ့သို့သော ခေတ်မီတိုက်ခိုက်ရေး ရဟတ်ယာဉ်များ အပါအဝင် အနည်းဆုံးရဟတ် ယာဉ်အစင်း ၂ဝ ကို သယ်ဆောင်နိုင် စွမ်းရှိမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရေတပ်မှ ရေတပ်ဗိုလ်ချုပ် Yin Zhuo က ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားခဲ့သည်။
Read more →

စတုတ္ထသမီးတော် ထိပ်စုမြတ်ဖုရားကလေး

,

စုဖုရားလတ်ခြေရာကို တသွေမတိမ်းနင်းနိုင်သော ထက်ထက်မြတ်မြတ် ရှားရှားပါးပါးသမီးတော်ပင်။
၁၈၈၇ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ရတနာဂီရိ သီပေါစံအိမ်တော်၌ မွေးဖွားခဲ့သော ရတနာဂီရိသူ စစ်စစ် ဖြစ်သည်။

ရတနာဂီရိမှ မပြန်ခင် အင်္ဂလိပ်တို့ထံ ရနိုင်သောအခွင့်အရေးမှန်သမျှကို မိခင်ကြီးနှင့် တိုင်ပင်ကာ တက်တက်ကြွကြွ နှင့် တိုက်ယူလို့ ရတာ တိုက်ယူရင်း ရသလောက်တောင်းဆိုနိုင်သော သမီးပင်၊ အင်္ဂလိပ်စာတတ်မြောက်သောကြောင့် လည်း မိခင်ရော ဖခင်ဘုရင် ကြီး ကပါ အရာရာကို အားကိုးယုံကြည်နေရသည်။

၁၉၂၁ ခုနှစ်တွင် ရန်ကုန်သို့ပြန်ရောက်သောအခါ မိခင်ကြီး စုဖုရားလတ်၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုကိုနိုင် ဆိုသူနှင့် လက်ထပ်ခဲ့သည်။
သား( ၄ )ယောက်၊ သမီး ( ၂ ) ယောက်ထွန်းကားခဲ့သည်။

၁။ တော်ဘုရားကြီးက ၁၉၄၈ ခုနှစ်တွင် ရောင်စုံသောင်းကျန်းသူတို့၏ လက်ချက်ဖြင့် ကွယ်လွန်ခဲ့ သည်။
၂။ တော်ဘုရားက မောင်နှမ၀မ်းကွဲ ထိပ်စုကြီးနှင့် လက်ထပ်ခဲ့သည်။
၃။ တော်ဘုရားငယ်မှာ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရပညာတတ် ဟုသိရ၏။
၎။ တော်ဘုရားကလေးမှာ အများပြည်သူများ သိကြပြီးသော ဦးအောင်ဇေ ဖြစ်သည်။

၁။ ထိပ်စုဖုရားကြီး မှာ အနုပညာကို ၀ါသနာပါသောကြောင့် ပန်းချီ အနုပညာရှင်အဖြစ် လူသိများခဲ့သည်။
၂။ ထိပ်စုဖုရားထွေးမှာ ရေကူးချန်ပီယံ၊ မယ်ဗမာ ချန်ယီယံဖြစ်ပြီး ကိုယ်လက်ကြံ့ခိုင်ရေးအသင်းမှာ စည်းရုံးရေးမှုးပင် ဖြစ်ခဲ့သည် ဟု သိရသည်။

သီပေါမင်းနှင့် စုဖုရားလတ်တို့၏ သွေးအပြည့်ပါသော စတုတ္ထသမီးတော် ထိပ်စုမြတ်ဖုရားကလေး သည် အမိမြန် မာပြည် ပြန်ရောက်သော်လည်း သူ့ကျွန်ဘ၀ကို ရောက်ခဲ့ရသော နာကျည်းချက်၊ ရတနာဂီရိဟူသော ဘာသာမတူ ၊ လူမျိုးမတူ၊ ကိုးကွယ်ရာမတူသော တနယ်တကျေး ရပ်ဝေးတွင် မျက်နှာငယ်စွာ နေခဲ့ရသော ခံပြင်းစိတ်၊ နာကျည်းစိတ်တို့ဖြင့် “ စတုတ္ထ သမီးတော်၏ အရေးတော်ပုံစာတမ်း ” ဟူသောခေါင်းစဉ်ဖြင့် ထိုခေတ်အခါက United Nation ( ယခုအခေါ် ) ကုလ သမဂ္ဂ အဖွဲ့အစည်းအထိ တက်ရောက်ကာ စာတမ်းတင်သွင်းခဲ့သောကြောင့် ဗြိတိသျှ အစိုးရက မော်လမြိုင်သို့ အကျယ်ချုပ်ဖြင့် နယ်နှင်ဒဏ် ခတ်ခံခဲ့ရသည်။

*စတုတ္ထသမီးတော်၏ သမီးကြီး ထိပ်စုဖုရားကြီး ဖြစ်ပါတယ်။သက်တော်(၉၁)နှစ်ရှိပါပြီ။*
Read more →

မန္တလေးမြို့၊ ကျုံးဘေးတစ်ကိုယ်တော်ဓါးခုတ်သမား ရပ်ကွက်နေပြည်သူ များနှင့်အမှတ် ၄ နှင့် ၅ရဲစခန်းများ ဝိုင်းဝန်းနဘမ်းလုံး ဖမ်းဆီမိ

,


30- 8- 2013 ယနေ့ည ၈း၃၀တွင် အခင်းဖြစ်ပွားပါသည်။

လမ်း၈၀ ၁၅လမ်း ၁၆လမ်းတွင်ခရီးသွားအမ်ျုးသမီးအားဒါးနှင့် ခုတ်နေစဉ်ရပ်ကွက်နေထီးရိုးဝင်း
မောင်းထေါင်ဝင်ပတ္တမြားဝင်းမှပြည်သူများလိုက်လံဖမ်းဆီးစဉ် ၁၆လမ်း ၈၂လမ်းထေါင့်ရှိ
လူငယ်တစ်ယောက်ကိုပါထပ်မံလည်ကုတ်ကိုအကြောင်းမဲ့ဝင်ခုတ်ရာ ပါးစောင်းခုတ်မိသွားပြီး မည်သို့မျှ ဝိုင်းဝန်းဖြောင့်ဖြ၍မရသောကြောင့်

အမှတ်၅ရဲတပ်ဖွဲ့မှ ရဲတပ်သားနှင့်အတုပြည်သူအများဝိုင်းနဘမ်းလုံးဖမ်းရာ ရဲတပ်သားမှာ မျက်နှာ နဖူး နှုတ်ခမ်းတို့တွင် လဲအကျမှာ ဓါးနှင့်မွန်းပြီး ဝါးရောင်းဝင်းလူငယ်များ မှ တုတ်နှင့်ရိုက် ၍ဖမ်းဆီးခဲ့ကြကြောင်း လူနာများကို ကျနော်တို့ကိုယ်တိုင် ဝါးရောင်း ဝင်းလူငယ်ပရဟိတ အသင်းကားနှင့်အတု ရဲသားရော ပြည်သူတစ်ဦး ကိုပါအရေးပေါ် ကားနှင့်မောင်းပို့ခဲရပါသည်။

ဓါးကိုင်သောင်းကြမ်းသူမှာ စိတ်အနည်းငယ် ယိုယွင်းနေပြီဒေသ အခေါ်ဝက်ကုန်းဆေး တုတ်ပီးဓါးပြီးဆေးထိုးထါးသည်ဟုပြောကြပြီး ၄င်းမှာ ဦးခေါင်းမျက်နှာ တို့နှင့်ခြေထေါက်တွင်သွေးများ
နှင့်ပေကျံနေသောလည်း မည်သိုမျှတုန်လုပ်ခြင်းမရှိပါ။

တရားခံကို ဆေးရုံသို့ ဆေးစစ်ချက်ရယူပြီး ဖမ်းဆီးထားသောပုံဖြစ် ပါသည်။

ဘာပဲဖြစ်ဖြစ်တရားခံကို တရားဥပဒေနှင့်အညီအရေးယူတော့ မည်ဖြစ်ပါသည်။

ပြည်သူအများပါဝင်နိုင်ခဲ့ခြင်းကြောင့်တရားခံကိုဖမ်းဆီးနိုင်မှုပိုမိုလွယ်ကူလာပါသည်။


wma
Read more →

ဘင်္ဂါလီ ကျောင်းသားများ တက်ရောက်သင်ကြားနေသည့် အခြေခံပညာ စာသင်ကျောင်းများတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်း မရှိ

,


Created on Wednesday, 28 August 2013

ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီ ကျောင်းသားများသာ သီးသန့်တက်ရောက် သင်ကြားနေကြသည့် အခြေခံပညာ စာသင်ကျောင်းများတွင် နိုင်ငံတော်အလံ အား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်း မရှိကြောင်း ပညာရေး ဌာန မှ သိရသည်။

ရခိုင်ပြည်နယ် ပညာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်း က "ဘင်္ဂါလီတွေက နိုင်ငံတော်သီချင်းကို မဆိုသလို၊ နိုင်ငံတော် အလံကို လည်း အလေးမပြုကြဘူး။ အထူးသဖြင့် ရခိုင်ပြည်နယ် အတွင်းက အစိုးရက ခန့်အပ်ထားတဲ့ ဘင်္ဂါလီကျောင်းဆရာတွေလည်း ဒီအတိုင်းပဲ" ဟု ပြောကြား သည်။

ရခိုင်ပြည်နယ်တွင်းရှိ ကယ်ဆယ်ရေး စခန်းများနှင့် ရခိုင်တိုင်းရင်းသားများ မရှိသော အခြေခံပညာ ကျောင်းများတွင် တိုင်းရင်းသား ကျောင်းဆရာ ဆရာမများအား သွားရောက်တာဝန် ထမ်းဆောင်ခြင်းကိုလည်း ယာယီ ရပ်တန့်ထားကြောင်း သိရသည်။ သို့သော်လည်း ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ၌ ဖော်ပြထားချက်အရ ဘင်္ဂါလီများ ယဉ်ကျေးလိမ္မာ လာစေရန်နှင့် ပြည်သူ့နီတိကဲ့သို့ စာများကိုလည်း သင်ကြားရမည်ဟု ပါရှိခဲ့ခြင်းအပေါ် စာသင်ကျောင်းများတွင် ပြည်သူ့နီတိများအား အချိန်ဇယား အလိုက် ထည့်သွင်းသင်ကြားမှုများ ရှိသော်လည်း ဘင်္ဂါလီကျောင်းသားများမှာ လိုက်နာမှု အားနည်းခြင်းများကို ပညာရေးဌာနမှ သက်ဆိုင်ရာ ဌာနသို့ တင်ပြထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

"ဘင်္ဂါလီတွေကို ပြည်သူ့နိတိတွေ သင်ခဲ့တယ်။ မလိုက်နာဘူး။ သူတို့ ဂရုမစိုက်ဘူး ဆိုတာကို အထက်အရာရှိတွေဆီ တင်ပြထားပြီး ဖြစ်တယ်။ ဘင်္ဂါလီ လူကြီးတွေက နိုင်ငံတော်အလံကို အလေးမပြုတော့၊ ကလေးတွေက ဘယ်လိုလုပ် အလေးပြုမှာလဲ" ဟု ဦးလှစိန်ထွန်းက ထပ်လောင်းပြောဆို ခဲ့ပါသည်။

လက်ရှိ အနေအထားတွင် ကယ်ဆယ်ရေး စခန်းများ၌ ဘင်္ဂါလီ ကျောင်းသား များ အတွက် ကယ်ဆယ်ရေး စခန်းများရှိ ယာယီစာသင်ကျောင်းများ ဖွင့်လှစ် ထားရှိပြီး ဘင်္ဂါလီဆွဲခန့် ကျောင်းဆရာများကိုလည်း ခန့်အပ်ထားရှိကြောင်း သိရသည်။ ထို့ပြင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင်လည်း ဘင်္ဂါလီများ သီးသန့်တက်ရောက် သင်ကြားနေသည့် အခြေခံပညာရေး ကျောင်း ၄၀ ကျော်ရှိကြောင်းနှင့် အဆိုပါ ကျောင်းများအား တိုင်းရင်းသား ကျောင်းဆရာ/မများ လုံခြုံရေးအရ သွားရောက်တာဝန် ထမ်းဆောင်ရန် ခက်ခဲသဖြင့် ဘင်္ဂါလီဆရာများကို သင်ကြားရန် ညွှန်ကြားထားကြောင်း သိရသည်။ လက်ရှိအနေအထားတွင် ရခိုင်ပြည်နယ် အတွင်းရှိ အစိုးရ ကျောင်းများအားလုံး ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
Read more →

ဘွဲ့နှင်းသဘင် ဦးထုပ် ဖြစ်ပေါ်လာပုံ

,

ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။

ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြ ပါတယ်။ ၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစား ခွဲခြားဖို့အတွက် ယင်းဦးထုပ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါတယ်။

ဥပမာ- စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ်ပညာရှင်၊ အင်ဂျင်နေယာ၊ ကျောင်းသာလူငယ် စသည်ဖြင့် လူအမျိုးမျိုးကို ဦးထုပ် အရောင်အမျိုးမျိုးနဲ့ခွဲခြားစေပါတယ်။ သူတို့ခေတ်မှာ အဆင့်အတန်း အမြင့်ဆုံးကတော့ အနီရောင် Motarboard ဖြစ်ပါတယ်။ ရဲရင့်ခြင်းသဘော၊ အသက်နဲ့ ဘဝကို ကိုယ်စားပြုသည့် သဘောကို ဆောင်ပြီး တော်ဝင် အာဏာ ရှိသူတွေကို အနီရောင် Motarboard ဆောင်းစေပါတယ်။

ရောမ စစ်သေနာပတိ Federico da Montefeltro ဟာ သူ ဆောင်းတဲ့ အနီရောင်ဦးထုပ်ကို အင်မတန် ချစ်မြတ်နိုးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုများမှ မာစတာ ဒီဂရီရရှိသူများကို အသိအမှတ်ပြုရန်အဖြစ် ချီးမြင့်ပါတယ်။ နောက်ပိုင်း bachelors နဲ့ undergraduates သမားများကို ပေးအပ်လာပါတယ်။

ခေတ်တွေပြောင်းလာတဲ့အခါမှာ ယင်းဦးထုပ်ကို ပညာသင်ကြားပြီး အသိအမှတ်ပြုစရာ တစ်ခုအဖြစ်သာ အသုံးပြုလာခဲ့ပါတယ်။ ခေတ်သစ် ဘွဲ့နှင်းသဘင်ဦးထုပ်ကို ၁၉၅၀ ခုနှစ်က အမေရိကန် မှ တီထွင်သူ Edward O’Reilly နဲ့ကတ်သလစ်ဘုန်းကြီး Joseph Durham  စတင်တီထွင်ခဲ့တယ်လို့ သတ်မှတ်ကြပါတယ်။ ယခုအခါ ကမ္ဘာတစ်လွှားမှာ ယင်းဦးထုပ်ကို အသုံးပြုပြီး အများစုဟာ ဗြတိန်နိုင်ငံမှ စံစနစ်ကို ကူးယူထားတယ်လို့ သိရပါတယ်။

Motarboard အကြောင်း အသေးစိတ်လေ့လာနိုင်ရန်--

http://en.wikipedia.org/wiki/Mortar_boards
Read more →

ရန်ကုန်မြို့တွင် Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက်ကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်

,


Created on Saturday, 31 August 2013 03:29


ရန်ကုန်တိုင်း ဒေသကြီးအတွင်း Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်းနှင့် ယင်းညွှန်ကြားချက်အား လိုက်နာမှု မရှိသူများအား ပုဒ်မ ၁၈၈ ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း Night Club များသာမက ယခုနောက်ပိုင်း Day Club များပါ ဖွင့်လှစ်မှု ရှိလာကြောင်း၊ ထိုသို့ ဖွင့်လှစ်မှုများမှာ အကျင့်စာရိတ္တ ပျက်ပျားစေကြောင်း၊ ထို့ပြင် အချို့မိဘများမှာ Day Club များနှင့်ပတ်သက်၍ တိုင်းတန်းမှု အချို့ပင် ပြုလုပ်လာကြခြင်းကြောင့် ၎င်းတို့အား အရေးယူရန် တရားဝင် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားချက်အရ သိရသည်။

Day Club တွေကို အရေးယူဖို့ တရားဝင် ညွှန်ကြားထားပြီး ဖြစ်တယ်။ ရဲတပ်ဖွဲ့ကနေ အုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းပြီး အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

''ပုဒ်မ ၁၈၈ ဆိုတာ တားမြစ်ထားတဲ့ ညွှန်ကြားချက် တစ်ခုကို လိုက်နာခြင်း မရှိသူတွေကို အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ပြီး အခုလို Day Club များ ဖွင့်လှစ်ခြင်း မပြုရန် ညွှန်ကြားချက်ကို မလိုက်နာရင် ပုဒ်မ ၁၈၈ နဲ့ အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

ပုဒ်မ ၁၈၈ ဆိုသည်မှာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေညာသော အမိန့်ကို ဖီဆန်ခြင်းဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ ထောင်ဒဏ် ၁ လ ဖြစ်စေ၊ ငွေနှစ်ရာဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း၊ အကယ်၍ ထိုသို့ ဖီဆန်မှုသည် လူ့အသက်ကိုသော် လည်းကောင်း၊ ကျန်းမာရေးကိုသော် လည်းကောင်း၊ လုံခြုံရေးကို သော်လည်းကောင်း၊ ဘေးဖြစ်စေသော် ခြောက်လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေတစ်ထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

သို့သော် လက်ရှိအထိ Day Club ဖွင့်လှစ်ရန် တားမြစ်ချက်အား မလိုက်နာ၍ ပုဒ်မ ၁၈၈ ဖြင့် အရေးယူမှု မရှိသေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့အတွင်းရှိ Day Club တစ်ခုအား မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
Read more →

အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်အား ပညာရေး ၀န်ကြီးဌာန၏ ရှင်းလင်းချက်များအပေါ် ကွဲလွဲမှုများ ရှိကြောင်း ကာယကံရှင်က ငြင်းဆို

,



Created on Saturday, 31 August 2013 02:24

သြဂုတ် ၃၀ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည့် ပညာရေး ၀န်ကြီးဌာန၏ ရှင်းလင်းချက်အား ကွဲလွဲမှုများ ရှိနေကြောင်း ကာယကံရှင်က The Daily Eleven သတင်းစာသို့ ငြင်းဆိုပြောကြားခဲ့သည်။

မြန်မာ့အလင်း သတင်းစာတွင် အ.ထ. က (၅) မှ အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင် ကျောင်းချိန်နောက်ကျ ရောက်ရှိသည့် ၄၃ ရက်၊ ခွင့်ယူရက် လေးရက်၊ ကျောင်းအုပ်ကြီးထံ ဆက်သွယ်မှု မရှိခြင်း၊ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ဆေးစာလိမ်လည် တင်ပြခြင်းတို့ကြောင့် အလုပ်မှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ ဆရာမ ဒေါ်စိုးစိုးခိုင်က ''ကျောင်းချိန် ၄၃ ရက် နောက်ကျတယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒီလောက် မများပါဘူး။ နောက်ကျတာတော့ ရှိပါတယ်။ ကျွန်မနေတဲ့ ပျဉ်းမနားနဲ့ ကျောင်းနဲ့က တော်တော်ဝေးပါတယ်။ လိုင်းကား စီးသွားရတာ ဆိုတော့ နောက်ကျတဲ့ ရက်တော့ရှိပါတယ်။ ဒါပေမဲ့ ကျောင်းစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ထံမှာ လက်မှတ်ထိုးရတာ မရှိပါဘူး။ ကျောင်းမတက်ဖြစ်တဲ့ ရက်ဆိုရင်လည်း အတန်းမှူးထံကိုတော့ ဖုန်းနဲ့ခွင့်တိုင် ကြားပါတယ်။ ဆေးစာလိမ်လည် တင်ပြတယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်မမှာ ရောဂါရှိလို့ ဆရာဝန်က ဆေးထောက်ခံစာ ရရှိတာပါ။ ပညာရေး ၀န်ကြီးဌာနက ကျွန်မကို အလုပ်ထုတ်ချင်လို့ အကြောင်း အမျိုးမျိုး ရှာနေတာ သိသာထင်ရှားပါတယ်'' ဟု ဒေါ်စိုးစိုးခိုင်က ပြောကြားသည်။

ဆေးထောက်ခံချက် လက်မှတ် ထုတ်ပေးသည့် ဒေါက်တာတင်ထွန်းအောင်က ''ဆရာဝန် တစ်ယောက်က ကိုယ့်လူနာ မဟုတ်ဘဲ၊ ရောဂါမရှိဘဲ၊ ဆေးစာလိမ်ရေးပေးလို့ မရပါဘူး။ လိမ်ပြီးရေးပေးလို့ ပိုက်ဆံရတာ မဟုတ်ဘူး။ ဒီဆရာမမှာ တကယ်လည်း ရောဂါတွေ ရှိနေပါတယ်။ ကျွန်တော့်ကိုတောင် ပညာရေး ၀န်ကြီးဌာနက ခေါ်ပြီးမေးမြန်းသေးတယ်။ အခုပြောတဲ့ အတိုင်းပဲ ဖြေခဲ့တယ်။ ကျွန်တော့် ဆေးခန်းမှာ နေ့တိုင်းဆေးလာ ထိုးတယ်။ အခုလို ဆေးစာလိမ်တယ်လို့ သတင်းစာမှာ ပါလာတော့ လိမ်သလို ဖြစ်နေတယ်။ လိမ်ပြီးရေးပေးစရာ အကြောင်းမရှိပါဘူး။ တကယ်ဖြစ်လို့သာ ရေးပေးတာပါ'' ဟု ပြောကြားသည်။

၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိ ခွင့်မဲ့ ကျောင်းပျက်ကွက်ခြင်း၊ ကျောင်းအုပ်ကြီးထံ ခွင့်ပန်ကြားမှု မရှိဘဲ ရန်ကုန်သို့ ထွက်ခွာခြင်း၊ နိုင်ငံရေး အဖွဲ့အစည်းနှင့် ပါဝင်ပတ်သက် ဆောင်ရွက်ခြင်း (ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အစီအစဉ်တွင် စာနယ်ဇင်းများနှင့် တွေ့ဆုံရှင်းလင်း တက်ရောက်ခြင်း) စသည့် အချက်များဖြင့် နေပြည်တော် ပညာရေး ၀န်ကြီးဌာနက ၂၀၁၃ ခုနှစ် သြဂုတ် ၁၅ ရက်တွင် မယူမနေရ အငြိမ်းစား ပေးခဲ့ရာမှ ပယ်ဖျက်၍ သြဂုတ် ၁၇ ရက်တွင် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

Eleven Media Group
Read more →

လွှတ်တော် ကိုယ်စားလှယ်များ တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းရန် မည်သည့် အတွက်ကြောင့် အလျင်လိုနေ သနည်းဟု ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်

,


Created on Saturday, 31 August 2013 02:19

ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များ တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြု ပြဋ္ဌာန်းရန် မည်သည့် အတွက်ကြောင့် အလျင်လိုနေ သနည်းဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များမှ တစ်ဆင့် ကော်မရှင်သို့ မေးခွန်းထုတ် ပြောဆိုခဲ့သည်။

သြဂုတ် ၃၀ ရက်က ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာ ဆောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းထောက်များ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားသည်။

ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားခဲ့သည့် လစ်လပ်မဲဆန္ဒ နယ်များတွင် အစားထိုးရန် အတွက် ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်ရန် အလျင်မလိုဟုဆိုလျှင် ယခုတာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းကိစ္စကို အလျင်စလို ပြုလုပ်လိုသည်မှာ မည်သည့်အကြောင်း ရှိသည်ကို စဉ်းစားရန် လိုအပ်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒီလို ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးဖို့ ဆိုင်းငံ့လိုက်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူးလို့ ထင်ရင်လည်း ထင်တဲ့အတိုင်း ပြောချင်တဲ့ အဖွဲ့အစည်းက ပြောလို့ရပါတယ်...



ယင်းတာဝန်မှ ပြန်လည်ရုပ်သိမ်း နိုင်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါဝင်သည့်အချက် ဖြစ်သော်လည်း လွှတ်တော်တွင် ဆွေးနွေးချက်များအရ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များကို ပြန်လည်သုံးသပ် လေ့လာစဉ်းစားရမည့် အချက်များ ဖြစ်နေသည့် အတွက်လည်းကောင်း၊ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေရှိ မဲပေးပိုင်ခွင့် ရှိသူ၏ ၁ ရာခိုင်နှုန်း ဆိုသည့် အချက်သည် မတည်ငြိမ်မှုများ ဖြစ်လာနိုင်ခြင်းနှင့် ငွေကြေးကုန်ကျမှု များပြားခြင်းတို့ အတွက်လည်းကောင်း၊ ယင်းကဲ့သို့ စည်းမျဉ်းစည်းကမ်းများသည် ပြန်လည်စဉ်းစား သုံးသပ်ရန် လိုအပ်ကြောင်း ဆက်လက် ပြောကြားသည်။

''ဒီလို ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးဖို့ ဆိုင်းငံ့လိုက်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူးလို့ ထင်ရင်လည်း ထင်တဲ့အတိုင်း ပြောချင်တဲ့ အဖွဲ့အစည်းက ပြောလို့ရပါတယ်။ ကျွန်မတို့ လွှတ်တော် တွင်းကတော့ ဒါဟာ လုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ အမြင်နဲ့ ဆုံးဖြတ်လိုက်တာပါ။ ကိုယ်စားလှယ် တွေကလည်း ဒါကို သဘောတူ လိုက်တာပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီက ဒီကိစ္စကို ကိုင်တွယ်တဲ့ အချိန်ထိ စောင့်လိုက်ပါလို့ ဆိုတာဟာ အန်တီအမြင်မှာတော့ ဒါဟာ စဉ်းစဉ်းစားစား လုပ်တဲ့ကိစ္စပါ'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ်များ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ရာ သြဂုတ် ၂၃ ရက်တွင် လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များ အချေအတင် ဆွေးနွေးခဲ့ပြီး ဥပဒေကြမ်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်နေစဉ် ကာလအတွင်း ဆက်လက် ဆွေးနွေးမှု ဆိုင်းငံ့ရန် အတည်ပြုခဲ့သည်။

ရွေးကောက်ပွဲ ကော်မရှင်က ယင်းကဲ့သို့ ဆိုင်းငံ့မှုသည် အခြေခံဥပဒေတွင် မပါဝင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံသားများ၏ အခွင့်အရေးများကို အလေးထားသောအားဖြင့် လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပေးပို့ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သြဂုတ် ၃၀ ရက်တွင် ပြုလုပ်သော အစည်းအဝေး၌ ပြောကြားသည်။
Eleven Media Group
Read more →

ဆီးရီးယားသည် အမေရိကန်ကို အောင်ပွဲခံလိမ့်မည်ဟု အာဆတ်ပြော

,

အမေ ရိကန်နှင့် သူ၏မဟာမိတ်များ ထိပ် တိုက်ရင်ဆိုင်မှုများရှိလာပါက သူ့နိုင်ငံက အောင်မြင်မှုရရှိရမည် ဟု ဆီးရီးယားသမ္မတဘာရှာ အယ်လ်အာဆတ်က သန္နိဋ္ဌာန်ချ ထားကြောင်း ကြာသပတေးနေ့ ထုတ် Lebanese Daily သတင်း စာက ဖော်ပြခဲ့သည်။

သံသယဖြစ်ရသော ဓာတု လက်နက်ဖြင့်တိုက်ခိုက်မှုဖြစ်ပွား ပြီးနောက် အမေရိကန်နှင့် အနောက် အင်အားကြီးနိုင်ငံများက အန္တရာယ် များသော စစ်ရေးအရတိုက်ခိုက် ရန် သတိပေးခဲ့ကြသည်။ ဓာတု လက်နက်ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား များသေဆုံးခဲ့ရာ ကလေးဒါဇင် ပေါင်းများစွာ ပါဝင်ခဲ့ကြသည်။ တိုက်ခိုက်မှုမှာ ဩဂုတ် ၂၁ရက် ကဒမတ်စကတ်မြို့ ဆင်ခြေဖုံး ၌ဖြစ်ပွားခဲ့သည်။

''အရေးအခင်းစတင်ဖြစ် ပေါ်ကတည်းက သင်တို့သိပါ တယ်။ ကျွန်ုပ်တို့က ကျွန်ုပ်တို့ ရန်သူအစစ်ကို သူ့ဘာသာသူထွက် လာအောင်စောင့်ဆိုင်းနေခဲ့တာ ဖြစ်တယ်''ဟု အယ်လ်အက္ကဘာ သတင်းစာတွင် အာဆတ်က သူ ၏အရာရှိများအားပြောကြား ခဲ့သည့်စကားကို ကိုးကားဖော်ပြ ခဲ့သည်။

''ဒါဟာ သမိုင်းဝင်ထိပ် တိုက်ရင်ဆိုင်တိုက်ပွဲကြီးပဲ။ ဒီ တိုက်ပွဲက ကျွန်တော်တို့အောင် မြင်မှုတွေကိုရပါလိမ့်မယ်''ဟု သတင်းစာ ကဆီးရီးယားသမ္မတ၏ တိုက်ပွဲဝင်မိန့်ခွန်းကို ထုတ်နုတ်ဖော် ပြခဲ့သည်။

Yangon Media Group
Read more →

မွတ်စလင်တွေကိုတရားပြသွားတဲ့ရုပ်ရှင်

,

နိဒါန်း
ကျမက ဇာတ်ကားတွေ အကြည့်နည်းပါတယ်။ ဒီကနေ့တော့ မိတ်ဆွေတစ်ယောက်က ''အရမ်းကောင်းတယ်'' ဆိုပြီး ဇာတ်ကားခွေတစ်ခွေ ပေးပါတယ်။ ဇာတ်ကားနာမည်တော့ မှတ်မထားမိဘူး။ ကြည့်တော့ ကြည့်ပြီးသွားပြီ။ တချို့လည်း ကြည့်ပြီးလိမ့်မယ်လို့ထင်ပါတယ်။အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့က အထင်ကရနေရာတွေကို မွတ်စလင်သေနတ်သမားတွေ ရောက်လာပြီး အပြစ်မဲ့ပြည်သူ အများကြီးကိုပစ်ခတ်သတ်ဖြတ်သွားတဲ့ အဖြစ်အပျက်ကို ရိုက်ပြတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားပါ။ ကြည့်နေရင်းက အနုပညာဖန်တီးမှုတစ်ခုကိုကြည့်ရှုနေရတယ်လို့ မထင်ရဘူး။ တကယ့် အဖြစ်အပျက်ကြီးတစ်ခုကို အပေါ်စီးက ကြည့်နေရသလို ခံစားရပါတယ်။

ဇာတ်လမ်းအကျဉ်း
အိန္ဒိယပင်လယ်ပြင်မှာ ဟိန္ဒူငါးသဖမ်းသမားတွေ ငါးဖမ်းနေပါတယ်။ တစ်ယောက်က ပါကစ္စတန်ရေပိုင်နက်ထဲကို ရောက်လာပြီဖြစ်လို့အန္တရာယ်များကြောင်း၊ ပြန်သင့်ကြောင်း ပြောပါတယ်။ သူတို့ ချက်ချင်း မပြန်ကြဘဲ ရှေ့ဆက်ခဲ့မိပါတယ်။ အဲဒီအချက်က မွန်ဘိုင်းမြို့ကြီးတစ်ခုလုံး တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ နေ့ရက်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတာပါပဲ။ နောဆုံးတော့ သူတို့လှေကို ဖမ်းဆီး၊ လူကိုသတ်ဖြတ်ပြီး အိန္ဒိယနိုင်ငံအတွင်းကို အစ္စလာမ်မစ်စစ်သွေးကြွ လူငယ်တွေ ရောက်သွားခဲ့တော့တယ်။


သူတို့ ပထမဆုံး တိုက်ခိုက်တာကတော့ ရီုလီပေါ့လို့ခေါ်တဲ့ ကော်ဖီဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ အထင်ကရ နေရာတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ အောက်ကဓာတ်ပုံက တိုက်ခိုက်မခံရမီ မီနစ်ပိုင်း အလိုကာလပုံရိပ်ဖြစ်ပါတယ်။ ကော်ဖီသောက်သုံးသူလာရောက်အနားယူသူ လူပေါင်းများစွာကို သေနတ်သမားနှစ်ဦးက အေးအေဆေးဆေး ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့ မြင်ကွင်းက ဇာတ်ကားတစ်ကား ကြည့်နေရတယ်လို့ မထင်လောက်အောင်ပါပဲရှင်။
ဒုတိယမြောက်အနေနဲ့ သူတို့ တိုက်ခိုက်တဲ့နေရာကတော့ ''တက်ရှ်'' လို့ခေါ်တဲ့ ဟိုတယ်တစ်ခု ဖြစ်ပါတယ်။ ဒီဟိုတယ်ကတော့ အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင်တွေကိုတင် မဟုတ်ဘဲ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကိုပါ စွဲဆောင်နိုင်တဲ့ အထင်ကရနေရာတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီဟိုတယ်မှာတော့ သူတို့အဖွဲ့ထဲက သေနတ်သမား(၃)ယောက် လာရောက် ပစ်ခတ်ပြီး ကမ္ဘာလှည့်ခရီးသည်တွေ ဟိုတယ်ဝန်ထမ်းတွေ လုံခြုံရေးရဲတွေ အိန္ဒိယပြည်သူပြည်သား ကလေးနဲ့ ကလေးမိခင်တွေပါမကျန် သတ်ဖြတ်သွားပါတယ်။အောက်မှာပြထားတဲ့ ပုံတွေကတော့ မိခင်သေလို့ ငိုကြွေးနေတဲ့ ကလေးနဲ့ အဲဒီကလေးကို ကယ်တင်ဖို့ ကြိုးစားနေတဲ့ ဟိုတယ်ဝန်ထမ်းအမျိုးသမီးကလေးရယ်၊ ပြီးတော့ သူ့အလောင်းရယ် ဖြစ်ပါတယ်။ အဲဒီဇာတ်ဝင်ခန်းမှာ စိတ်အထိခိုက်ရဆုံး ပြကွက်ကတော့ကလေးရဲ့ ငိုသံပါပဲ။ မိခင်ရဲ့ အလောင်းကို ကြေကွဲဝမ်းနည်းစွာ ကြည့်ပြီး တီတီတာတာ ငိုကြွေးနေတဲ့ ကလေးရဲ့ အသံဟာတော့သေနတ်တစ်ချက်ဖောက်သံနဲ့အတူ တိတ်ဆိတ်ပျောက်ကွယ်သွားခဲ့ပါတယ်။




ဒီအခြေအနေတွေကို ကြားသိရတဲ့ အစိုးရပိုင်းမှာတော့ အလွန်အမင်း ဦးနှောက်ပျက်စရာ အဖြစ်တွေနဲ့ ကြုံနေရပါပြီ။ နေ့စဉ်သွားလာလှုပ်ရှားနေကြတဲ့ ပြည်သူတွေမှာလည်း ကြောက်စိတ်တွေ၊ သောကတွေနဲ့ပါ။ဒီလို အခြေအနေမှာပဲ မွတ်စလင်သေနတ်သမားတွေဟာ ဘူတာရုံကို ဆက်လက် တိုက်ခိုက်ပါတယ်။ အောက်မှာ ပြသထားတဲ့ဓာတ်ပုံတွေကတော့ ဗုံးခွဲတိုက်ခိုက်မခံရခင် ဘူတာရုံမြင်ကွင်းနဲ့ မွတ်စလင်အကြမ်းဖက်သမားရဲ့ လက်ထဲ ဗုံးကို တုန်လှုပ်စွာကြည့်ငေးနေတဲ့ ဟိန္ဒူကလေးတစ်ယောက်ရဲ့ ပုံဖြစ်ပါတယ်။ အဲဒီဘူတာရုံမှာလည်း လူပေါင်း အများကြီး သေကြေပျက်စီးခဲ့ရပါတယ်။


မွတ်စလင်သေနတ်သမားတွေဟာ ဒီလောက်နဲ့တွင် မရပ်နားခဲ့ပါဘူး။ သူတို့မှာ အလ္လာဟ်အတွက် ပေးဆပ်နေရတယ်ဆိုတဲ့အသိက ရာနှုန်းပြည့် လွှမ်းမိုးခံနေရပါပြီ။ ထိန်းချုပ်ဖို့ ခက်ခဲ့တဲ့ အခြေအနေကို ရောက်သွားပြီ။ အခုတစ်ခါ ပစ်မှတ်ထား တိုက်ခိုက်လိုက်တဲ့ နေရာကတော့ ''ကာမာ'' လို့ခေါ်တဲ့ ဆေးရုံတစ်ရုံ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကော်ဖီဆိုင်နဲ့ ဟိုတယ်မှာ ပစ်ခတ်ခံရတဲ့လူနာတွေဟာ ဒီဆေးရုံကို ရောက်ကြမှာပဲ၊ ဆေးရုံကိုလည်း ကြောက်လန့်နေစေရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ တိုက်ခိုက်တာ ဖြစ်ပါတယ်။ လမ်းခုလတ် ဆေးရုံအောက်ခြေတစ်နေရာရဲ့ အဖီမှာ နေတဲ့ ကလေးဖခင်တစ်ယောက်ကို သတ်ဖြတ်ပစ်ပါသေးတယ်။အဲဒီ အမျိုးသားဆိုရင် သူတို့ရေသောက်ချင်တယ်ဆိုလို ရေနှစ်ခွက်တောင် တိုက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရေသောက်အပြီးမှာတော့ ရက်ရက်စက်စက် သတ်ဖြတ်ခံရပြန်ပါတယ်။ဆေးရုံကို တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ သူတို့ ပါကစ္စတန် ပြန်ဖို့ လုပ်ပါတယ်။ ဒါပေမယ့် သူတို့အကြံစီ မအောင်မြင်ခဲ့ပါဘူး။လမ်းမှာ ဖမ်းမိပါတယ်။ မဖမ်းခင် စခန်းမှူးလို့ ထင်ရတဲ့ ရဲကြီးတစ်ယောက်ကို သတ်ဖြစ်အောင် သတ်လိုက်ပါသေးတယ်။နှစ်ယောက်မှာ တစ်ယောက်ကတော့ သေသွားပါတယ်။ တစ်ယောက်ကိုသာ အရှင်ဖမ်းမိတာ ဖြစ်ပါတယ်။ သူ့ကို ရဲချုပ်က စစ်ဆေးပါတယ်။ သူ့ကို စစ်ဆေးတယ်ဆိုတာထက် သူ့နောက်က ကြိုးကိုင်နေတဲ့ ခေါင်းဆောင်ကို မေးမြန်းပါတယ်။ သူကလည်း အကုန်အစင် ပြောပြတယ်။ ပြီးတော့ ဂျီဟဒ်စစ်ပွဲရဲ့ မွန်မြတ်ပုံ၊ ကိုရမ်ကျမ်းရဲ့ ညွန်ကြားချက်တွေက ကောင်းကင်ဘုံကို ရောက်နိုင်ပုံသူတို့လုပ်ရပ်ကို ဘုရားသခင် နှစ်သက်ပုံ စတာတွေကို ပြောပြပါသေးတယ်။ အောက်က ပုံတွေကတော့ အဲဒီဇာတ်ဝင်ခန်းရဲ့ ပုံတွေဖြစ်ပါတယ်။


သူ့ကို စီရင်ချက် မချခင် အချုပ်ခန်းထဲမှာ ထားပါတယ်။ ဒီအချိန်မှာ သူ့သူငယ်ချင်းတွေနဲ့ အတူထားဖို့၊ သူ့ကို တစ်ယောက်တည်းမထားဖို့ ပြောပါတယ်။ သူ့နဲ့အပေါင်းအပါတွေကို ဖမ်းမိထားပြီ..ဆိုတဲ့ ရဲချုပ်ရဲစကားကို မယုံကြည်လို့ ဒီလို တောင်းဆိုတာပါ။အဲဒီအခါမှာတော့ ရဲချုပ်က ''လာ....လိုက်ခဲ့၊ အတူနေချင်တယ်ဆိုရင် မင်းသူငယ်ချင်းတွေ ရှိတဲ့ဆီ ပို့ပေးမယ်'' ဆိုပြီး ခေါ်သွားခဲ့ပါတယ်။ တကယ်တော့ သူရောက်သွားတဲ့နေရာက တခြားနေရာ မဟုတ်ပါဘူး။ သူ့သူငယ်ချင်းတွေရဲ့ အလောင်းတွေ စီတန်းထားတဲ့
ရေခဲတိုက်တစ်နေရာ ဖြစ်ပါတယ်။
ရဲချုပ်က အဲဒီအလောင်းတွေကို ပြပြီး ဒီလို လူအများကြီးကို သတ်ဖြတ်ပြီးမှကောင်းကင်ဘုံရောက်ရမယ်
ဆိုတဲ့စကား မဟုတ်နိုင်ကြောင်း၊ အလ္လာဟ်တာဝန်ယူနိုင်မှာ မဟုတ်ကြောင်း၊ မင်းတို့ဆရာကိုယ်တိုင်က အသက်ရှင်လျက် ကျန်ခဲ့တဲ့မင်းကို လာမကယ်တာကိုပဲ စဉ်းစားသင့်ကြောင်း လက်တွေ့ဘ၀နဲ့ သူတို့ရဲ့ ဘာသာရေးယုံကြည်မှု ကွဲလွဲနေတဲ့အချက်တွေကို စိတ်အေးအေး ပြောပြပါတယ်။ သူလည်း စဉ်းစားတုန်လှုပ်နေခဲ့တယ်။ အောက်က ဓာတ်ပုံကတော့ သူ့သူငယ်ချင်းတွေရဲ့ အလောင်းတွေကို မြင်ရတဲ့အခါမှာ သူအော်ဟစ်လိုက်ပုံ ဖြစ်ပါတယ်။


ဒီပုံကတော့ သူ့သူငယ်ချင်းတစ်ယောက်ရဲ့ အလောင်း ဖြစ်ပါတယ်။


ဒီလိုနဲ့ သူကို တရားရုံးက အဆင့်ဆင့် စစ်ဆေးပြီးချိန်မှာတော့ စီရင်ချက် ချလိုက်ပါတော့တယ်။ သေ.....ဒဏ်......တဲ့။ အောက်မှာ ပြထားတဲ့ ဓာတ်ပုံတွေကတော့ ကြိုးစင်ကို မြင်လိုက်တဲ့အခါ သူတုန်လှုပ်နေပုံ၊ နောက်ဆုံး သွေးပျက်ဖွယ်ရာ မြင်းကွင်းနဲ့ အသက်မရှိတော့တဲ့(တွဲလောင်းကျနေတဲ့) သူ့ရဲ့ အလောင်း ဖြစ်ပါတယ်။



အရာရာအလ္လာဟ်ကိုသာပုံအပ်ထားကြသောအစ္စလာမ်ဘာသာဝင်များအတွက်ငြိမ်းချမ်းခင်ခံစားတင်ပြသည်
Read more →

တံတားကေဘယ်ဝါယာကြိုးများ ဖြတ်တောက်ခိုးယူသူများအား ဖမ်းဆီးရမိ

,


နေပြည်တော်၊ သြဂုတ် ၃၀

၂၂-၈-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် နေပြည်တော်ပျဉ်းမနားမြို့၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ လက်ထောက်အင်ဂျင်နီယာ ဦးအောင်ထွန်းသည် အေးမြင့်သာယာတံတားအမှတ်(၁/၂)ရှိ မီးတိုင်များ မီးမလင်း၍ လိုက်လံစစ်ဆေးစဉ် ကော်ပိုက်များအတွင်းထည့်သွင်းသွယ်တန်းထားသည့်
 ကေဘယ်ဝါယာကြိုး(၅၉၄)ပေခန့်၊ တန်ဘိုးငွေကျပ်(၅၁၆၄၀၀၀ိ/-) ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ခိုးယူသွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးရန်တိုင်တန်းခဲ့ရာ ရေဆင်းနယ်မြေရဲစခန်းမှ (ပ)၈၉/၂၀၁၃၊ ပြည်သူပိုင်ပစ်္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ ထို့နောက် အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးရာ အေးမြင့်သာယာတံတားအမှတ်(၁)၏ တံတားအောက်ခြေ ခြုံနွယ်များကြားမှ ကေဘယ်ဝါယာကြိုးအရှည်(၃၄၀)ပေခန့်အားတွေ့ရှိသိမ်းဆည်းရမိခဲ့
သည်။ ကေဘယ်ကြိုး ဦးတည်ရာလမ်းကြောင်းမှာ အေးမြင့်သာယာကျေးရွာဘက်သို့ဦးတ
ည်နေကြောင်းတွေ့ရှိရပြီး ဆက်လက် စုံစမ်းချက်အရ အေးမြင့်သာယာကျေးရွာ၊ အလုပ်သမားတန်းလျားနေ ခင်မောင်ညွန့်ထံ၌ ကြေးနီ နန်းကြိုးများရောင်းရန်ရှိကြောင်း သတင်းရရှိခဲ့သည်။
အဆိုပါသတင်းအရ ရေဆင်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ခင်မောင်ညွန့်(၃၉)နှစ်၏နေအိမ်အားဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်းမှ ကြေးနီနန်းကြိုးအသစ် (၄)ပိဿာ(၅၀)ကျပ်သား၊ ကြေးနီနန်းကြိုးအဟောင်း(၂)ပိဿာခန့်နှင့် နေအိမ်နောက်ဘက်
ခြံစပ်အတွင်းမှ ကေဘယ်၊ ၀ါယာကြိုး ကာဘာအခွံအပိုင်းအစများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ခင်မောင်ညွန့်အား အမှုဖြင့်ဖမ်းဆီးခဲ့သည်။ စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းနှင့်အတူ
ပြစ်မှုကျူးလွန်ခဲ့သူများဖြစ်သည်
့ အေးမြင့်သာယာကျေးရွာ၊ အလုပ်သမားတန်းလျားနေ
အောင်ဌေးလှိုင်(ခ)ဖိုးလုံး(၂၂)နှ
စ်နှင့် အောင်လှိုင်ဝင်း (ခ)ဖိုးပြား(၂၄)နှစ်တို့ ၂ ဦးအား ၂၅-၈-၂၀၁၃ ရက်နေ့တွင်လည်းကောင်း၊ ဆန်းဝင်းနိုင်(၂၈)နှစ်နှင့် သီဟ(ခ)တရုတ်ကြီး(၁၈)နှစ်တို့ ၂ ဦးအား ၂၇-၈-၂၀၁၃ ရက်နေ့တွင်လည်းကောင်း ထပ်မံဖမ်းဆီး အရေးယူခဲ့သည်။
စစ်ဆေးချက်အရ အေးမြင့်သာယာတံတားအမှတ်(၁/၂)မှ ကေဘယ်ဝါယာကြိုးများအား
အောင်ဌေးလှိုင်(ခ)ဖိုးလုံးမှ သစ်သားတိုစခံကာ ဓါးမနှင့်ခုတ်ပိုင်းဖြတ်ခဲ့ကြောင်း၊ အောင်ဝင်းလှိုင်(ခ) ဖိုးပြားမှ လူသွားလူလာစောင့်ကြည့်ပေးခဲ့ကြေ
ာင်း၊ ခင်မောင်ညွန့်၊ ဆန်းဝင်းနိုင်နှင့် သီဟ(ခ)တရုတ်ကြီးတို့က ကေဘယ်ကြိုးများအား ခြုံထဲတွင်ဝှက်ထားပြီး (၃)ပေခန့်အတို ၂၈ ချောင်း ခုတ်ပိုင်းဖြတ်ယူကာ နေအိမ်တန်းလျား၌အခွံခွာပြီး ရေဆင်းရွာရှိ ““နေဇာ””အဟောင်းဆိုင်နှင့်
အေးမြင့်သာယာကျေးရွာနေ ၀င်းလှိုင်တို့ထံသို့ရောင်းချထား
ကြောင်း သိရှိရသဖြင့် ငြိမ်းချမ်း(ခ)နေဇာ(၂၈)နှစ်နှင့် ၀င်းလှိုင်(၃၅)နှစ်တို့ ၂ ဦးအား အမှုဖြင့် ဆက်လက်ဖမ်းဆီးအရေးယူခဲ့ပြီး သက်သေခံပစ်္စည်း ကြေးနန်းကြိုး(၁၀)ပိဿာ (၅၀)ကျပ်သားခန့်ကိုပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်။
ပြစ်မှုကျူးလွန်သူများအား ထိုက်သင့်သည့်ပြစ်ဒဏ်များ ရရှိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Read more →

Friday, August 30, 2013

အိန္ဒိယမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ ဖမ်းမိ

,

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် သြဂုတ်လ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ခင်မောင်သော်က The Voice သို့ ပြောကြားသည်။

“လူတွေက ခမ်းပတ်ဘက်မှာမိလို့ အဲဒီမှာ လဝကအက်နဲ့ အမှုဖွင့်ပါတယ်။ လက်နက်ကိုတော့ တမူးဘက်မှာမိလို့ တမူးရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ဖမ်းမိတဲ့သူတွေက တစ်ဖက်နိုင်ငံမှာ ဆက်ကြေးတောင်းပြီး နေကြတဲ့ ကူကီးချင်းလူမျိုး တပ်မတော်က လူတွေပါ” ဟု ဒုတိယရဲမှူးက ဆက်လက်ပြောကြားသည်။

တမူးခရိုင် ခမ်းပတ်မြို့နယ်ခွဲ အမှတ် (၃) ရပ်ကွက်ရှိ ဦးလွန်ဇကပ် (ခ) ပန်ကျား (၄၆) နှစ်၏ နေအိမ်သို့ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက်ရှာဖွေခဲ့ရာ အိန္ဒိယနိုင်ငံသားဖြစ်သော လမ်လ်ခန့်ခွာ (၂၅-နှစ်၊ ခင်ရန်ရွာ၊ ဆာနားပတီးမြို့နယ်၊ အိန္ဒိယနိုင်ငံ)၊ ပေါင်လင်းထန် (၂၄-နှစ်၊ မိုရေးမြို့၊ အိန္ဒိယနိုင်ငံ) နှင့် ရန်ရန်း (၃၁-နှစ်၊ ဖိုလ်ငိုတ်ရွာ၊ ချန်ဒယ်လ်ခရိုင်၊ အိန္ဒိယနိုင်ငံ) တို့ကို တွေ့ရှိဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို လဝကအက်ဥပဒေပုဒ်မဖြင့် ခမ်းပတ်ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း၊ ၎င်းတို့သည် အိန္ဒိယနိုင်ငံအခြေစိုက် ကူကီးအမျိုးသားတပ်မတော် (Kuki National Army-KNA) မှ ခွဲထွက်လာသူများ ဖြစ်ပြီးပါလာသော ပစ္စတိုသေနတ်တစ်လက်နှင့် AK-47 သေနတ်တစ်လက်တို့ကို တမူးမြို့ မြို့မ (၁၄) ရပ်ကွက် ချောက်နက်ကြီးရွာတောစပ်ရှိ လူမနေသော တဲတစ်လုံးတွင် ဝှက်ထားခဲ့ကြောင်း သိရသဖြင့် သွားရောက်ရှာဖွေရာ အမေရိကန် ပြည်ထောင်စုလုပ် RUGER (၉ ဒသမ မမ ပစ္စတိုတစ်လက်) နံပါတ်မထင်ရှား၊ ကျည်ကတ်တစ်ခု၊ AK-47 သေနတ်တစ်လက် (နံပါတ်-၂၈၆၃၉)၊ ကျည်အိတ်တစ်ခု၊ (၇.၆၂ထ၃၉) ကျည် ၁၀ တောင့်တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း တမူးမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

အဆိုပါအမှုအတွက် တမူးမြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ) ၇၅/၂၀၁၃၊ လက်နက်ဥပဒေပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်နေကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း တမူးမြို့နယ်တရားရုံး စာရေးမတစ်ဦး၏ နေအိမ်တွင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက အပ်နှံထားသော ဗုံးသီး၊ နင်းမိုင်း၊ ကျည်မျိုးစုံနှင့် ကျည်အိမ်များ၊ ယမ်းတောင့်၊ ယမ်းကြိုးခွေစသော လက်နက်မျိုးစုံ ထည့်ထားသည့် သံသေတ္တာ ၁၀ လုံး တွေ့ရှိခဲ့ကြောင်း၊ သြဂုတ်လ ၁၀ ရက်နေ့တွင်လည်း တမူးမှ ကလေးသို့ ဆိုင်ကယ်အတွင်း ပစ္စတိုလက်နက် သယ်ဆောင်မောင်းနှင်လာသူတစ်ဦးကို ခမ်းပတ်မြို့နယ်ခွဲတွင် ဖမ်းဆီးရမိခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့စခန်း မှတ်တမ်းများအရ သိရသည်။

The Voice Weekly
Photo Credit : Google
Read more →

မြန်မာနှင့် ဘင်္ဂလာတို့ လေကြောင်းပျံသန်းရေး သဘောတူညီချက် လက်မှတ်ရေးထိုး

,


(နိရဉ္စရာ- ၃၀ သြဂတ်စ် ၂၀၁၃)

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့သည် နိုင်ငံ (၂) ခုအကြား လေကြောင်း ပျံသန်းရေးအတွက် ယမန်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

၎င်းလက်မှတ်ထိုးပွဲအား ဘင်္ဂလာဒေခ်ျ့ နိုင်ငံ မြို့တော် ဒက္ကားတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဘက်မှ လေကြောင်း ဆိုင်ရာ ဒု-ညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်း တက်ရောက် လက်မှတ်ရေးထိုးခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ဘက်မှ လေကြာင်းဆိုင်ရာ ဥက္ကဌ မူဟာမတ် ဟူစိန် မှ တက်ရောက် လက်မှတ်ထိုးခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ဘင်္ဂလာဒေခ်ျ့ လေကြောင်းဝန်ကြီး ဖာရုဒ်ခန် အပါအ၀င် နှစ်ဘက်နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသူ ဘင်္ဂလာဒေခ်ျ့ လေကြောင်းဝန်ကြီး ဖာရုဒ်ခန်က ယခု လက်မှတ်ရေးထိုးလိုက်သော သဘောတူညီချက်အရ မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ခရီးသည်နှင် ကုန်တင် လေယာဉ်များ အနေဖြင့် ပြေးဆွဲ ပျံသန်းနိုင်ကြတော့မည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ပိုင် ဘီမန် လေကြောင်းအနေဖြင့် ရန်ကုန်-ဒက္ကားလေကြောင်းကို ယခုနှစ် နိုဝင်္ဘာလ တွင် နောက်ဆုံး (သို့မဟုတ်) ဒီဇင်္ဘာလ အတွင်း စတင် ပြေးဆွဲနိုင်တော့မည်ဟု ဆိုသည်။

နိုင်ငံ (၂) ခု အကြား လေကြောင်းလိုင်းများ တိုးချဲ့ ပျံသန်းခြင်းအားဖြင့် ခရီးသွား လုပ်ငန်းကို တိုးတက်စေမည် ဖြစ်သလို ကုန်သွယ်ရေးကိုလည်း တိုးမြှင့်စေမည်ဟု လက်မှတ်ရေးထိုးပွဲတွင် ၀န်ကြီး ဖာရုဒ်ခန်က ပြောဆိုသည်။

မြန်မာကိုယ်စားလှယ် ဦးဝင်းရွှေထွန်းမှလည်း လေကြောင်းလိုင်းများ ဖွင့်လှစ် ပျံသန်းခြင်းဖြင့် ကုန်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်းကို တိုးတက်စေမည်ဟု ဆိုသည်။

၎င်းပြင် မြန်မာလေကြောင်းလိုင်းများအားလည်း ရန်ကုန်နှင့် ဒက္ကားအကြား ပြေးဆွဲ ပျံသန်းနိုင်ရန် ဆွေးနွေးသွားမည်ဟု ဆိုသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ယခင်က ဘီမန် လေကြောင်းလိုင်းမှ တိုက်ရိုက်ပျံသန်းမူ ရှိခဲ့သော်လည်း အရှုံးပေါ်သဖြင့် ၂၀၀၇ ခုနှစ်တွင် ရပ်နားခဲ့ရသည်။

လက်မှတ်ရေးထိုးပွဲ အခမ်းအနား ( ဓါတ်ပုံ- Newage)
Read more →

လားရှိုးတွင် ဘုန်းတော်ကြီးကို သတ်ဖြတ်လုပ်ကြံရန်ကြံစည်သော မွတ်ဆလင်အား ဖမ်းဆီးရမိ

,

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့၊ အမှတ် (၇) ရပ်ကွက်၊ နယ်မြေ (၁၇) စိတ္တသုခကျောင်းတိုက်မှ လက်ထောက်ဆရာတော် ဦးအင်္ကုရ (၃၄နှစ်၊ ၁၄ဝါ) ကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုဖြင့် မူဆလင်တစ်ယောက်ကို ထိန်းသိမ်းထားကြောင်း သိရပါတယ်။
ထိုသူမှာ ပန်းရံလုပ်သား ဦးသိန်းဝင်း (၅၁) နှစ်၊ မူဆလင်မနှင့် ညားပြီး အစ္စလာမ်ခံယူထားသူ၊ မှတ်ပုံတင်အမှတ် ၁၃/ လရန(နိုင်)၀၉၄၃၁၆၊ ရပ်ကွက် (၇)၊ နယ်မြေ (၁၉) မှ ဖြစ်ကြောင်း သိရပါတယ်။ 29.8.2013 ည 10း45 နာရီခန့်မှာ ပတ်ကင်းဖြင့် ဖမ်းမိခြင်းဖြစ်ကြောင်း၊ ဓားရှည်တစ်ချောင်းနှင့် ဓားမတစ်ချောင်းကို ပုဆိုးဖြင့်ထုပ်ထားပြီး၊ ဓားမြှောင်တစ်လက်ကို ခါးကြားထိုးလျက် ဖမ်းမိထားခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဦးအကုင်္ရကို လုပ်ကြံမည့်သတင်း လာရှိုးတစ်မြို့လုံး မပျံ့နှံ့ခင် 29.8.2013 ညနေ 5း00 နာရီကျော်ကတည်းက ကြားရကြောင်း၊ ကောလာဟလဟု ထင်ထားခဲ့ကြောင်း၊ ရပ်ကွက် (၇) မှာ ကုလားတွေစုနေတယ်။ ပစ်တိုင်းတောင်ကားဘော်ဒီနှင်၊့ ဘိုးတော်ဝပ်ရှော့မှ ကုလားတွေက ဒီည အပြတ်ဖြုတ်တော့မှာဆိုတဲ့ သတင်းတွေထွက်လာပြီးနောက်ပိုင်း လာရှိုးတစ်မြို့လုံးရှိ ကုလားဆိုင်များ အစောကြီး ဆိုင်ပိတ်သွားကြကြောင်း၊ သတင်းနှင့် ဆိုင်တွေပိတ်တာနှင့် တိုက်ဆိုင်နေ၍ လာရှိုးတစ်မြို့လုံး ထိတ်လန့်ခြောက်ခြားခဲ့ကြကြောင်း၊ စိုးရိမ်တကြီးဖြင့် ဖုန်းဆက်မေးသူ၊ သတိပေးသူပေါင်း (၂၇) ကောလ်ပင်ရှိခဲ့ကြောင်း၊ လုံခြုံရေးများကျောင်းတိုက်ထဲ လာစောင့်မှ သတင်းအမှန်ဖြစ်မှန်း သိလိုက်ရကြောင်း ဦးအကုင်္ရက ပြောပြပါတယ်။
ဦးအကုင်္ရသည် စိတ္တသုခကျောင်း ခန်းနေဆရာတော်ဖြစ်ပြီး၊ 29.8.2013 တွင် ဖွဲ့စည်းသော အမျိုးဘာသာ၊ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို ၄င်းကျောင်းတိုက်၌ 24.8.2013 ရက်နေ့ အကြိုညှိနှိုင်း စည်းဝေးခဲ့ခြင်းဖြစ်ပြီး၊ ယင်းအဖွဲ့ကို အထင်အမြင်လွဲကာ လုပ်ကြံဖို့ထိ ကြံစည်လာခြင်းဖြစ်နိုင်ကြောင်း၊ ဦးအကုင်္ရမှ ပြောကြားလာပါတယ်။
အမှတ် (၇) ရပ်ကွက်၊ နယ်မြေ (၁၇) တည်ရှိသော စိတ္တသုခကျောင်းသည် ဘကကျောင်းနှင့် စာသင်တိုက် တွဲ၍ဖွင့်လှစ်ထားရာ မူလတန်းမှ ရှစ်တန်းအထိ ကျောင်းသား/သူ နှစ်ထောင်ကျော်နှင့် စာသင်သားသံဃာ နှစ်ရာကျော်ရှိကြောင်း စာသင်သံဃာများတွင် ကိုရင်လေးများက (၁၇၀) ကျော်ပြီး ဦးဇင်းလေးတွေက သုံးဆယ်ခန့်သာရှိကြောင်း သိရပါတယ်။

လာရှိုးမြို့၊ အမျိုးဘာသာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကြီးကို 29.8.2013ရက်နေ့၊ မွန်းလွဲ 1း00 နာရီတွင် လာရှိုးသာသနာ့ဗိမာန်၌ ကျင်းပခဲ့ရာ ကျောင်းပေါင်း (၄) ကျောင်းမှ သံဃာ (၂၁၅) ပါးတက်ရောက်ကာ ပြည်သူလူထု (၄၅၀) တက်ရောက်ခဲ့ကြောင်း၊ အဆိုပါအခမ်းအနားတွင် ဦးအကုင်္ရက အခမ်းအနားမှူးပြုလုပ်ခဲ့ကြောင်း၊ အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တွင်လည်း ဦးအကုင်္ရက သတင်းထုတ်ပြန်ရေး နေရာတွင် တာဝန်ယူဆောင်ရွက်နေကြောင်း၊

ယခင်ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုဖြစ်စဉ်၌လည်း မူဆလင် (၄၀) ကျော်က ဓားများကိုင်ဆောင်ပြီး စိတ္တသုခကျောင်းကို ဝိုင်းဖို့ အုပ်စုဖွဲ့ချီတက်လာသေးကြောင်း၊ လုံခြုံရေးတပ်တွေနှင့် ထိပ်တိုက်တွေ့သွား၍သာ မအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ဦးအကုင်္ရထံမှ သိရပါတယ်။
ယခုအခါတွင် ကိုသိန်းဝင်းကို လာရှိုးရဲစခန်းမှာ ထိန်းသိမ်းထားလျက်ရှိကြောင်း သိရပါတယ်။

ဦးစိုးလွင်=ဖုန်း=09-5260295

Source : Wira Thu's Facebook Page
Read more →

တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းကြိုသွားသည့် အမျိုးသမီး၏ပါးကို ဓါးဖြင့် ခြစ်ခဲ့သည့် တရားခံများအား (၃)ရက်အတွင်းဖေါ်ထုတ်ဖမ်းဆီးရမိ

,


ရန်ကုန်၊ သြဂုတ် ၃၀

၂၆.၈.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ဒေါ်ချိုချိုဝင်း၊ (၄၆)နှစ်၊ (ဘ)ဦးစိန်ဝင်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူသည် တောင်ဥက္ကလာပ မြို့နယ်၊ အ.ထ.က(၃)ကျောင်းသို့ ကျောင်းကြိုရန် ဆိုက္ကားဖြင့်သွားစဉ် ကျောင်းလမ်းဆုံအရောက်၌ အမည်မသိလူ(၂)ဦးအနက်တစ်ဦးက ဆိုက္ကားအားတားကာ ကျန်တစ်ဦးမှသံပြားဝိုင်းဖြင့်ခြစ်ခဲ့သဖြင့်
ဒေါ်ချိုချိုဝင်း၏ ယာပါးတွင် ၃လက်မခန့် ဒေါင်လိုက်ပြတ်ရှဒဏ်ရာရရှိခဲ့သောကြောင့် အရေးယူပေးပါရန် ဒေါ်ချိုချိုဝင်းမှ တိုင်တန်းခဲ့၍
တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၃၁၂/၂၀၁၃၊ ပုဒ်မ ၃၂၆/၃၄၁/၁၁၄ ဖြင့် အရေးယူကာ စုံစမ်း ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ တပ်ဖွဲ့ဝင်များမှ အချိန်နှင့်တပြေးညီ စုံစမ်းဖေါ်ထုတ်ခဲ့ရာ
ပြစ်မှုကျူးလွန်သူတရားခံများဖြစ်သည့် လှဌေး၊ (ဘ)ဦးကျော်သိန်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ လှတိုး၊ (ဘ)ဦးစံရင်၊ (၁၃)ရပ်ကွက်၊ (၁၀)တောင်၊ သာကေတမြို့နယ်၊
ဟိန်းမင်းလတ်(ခ)အောင်အောင်၊ (ဘ)ဦးဖိုးထောင်၊ အားကစားကွင်းဝင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မိုးသူ၊ (ဘ)ဦးသန်းဌေး၊ မှော်စက်ရပ်ကွက်၊ ဒလမြို့နယ်နှင့် ဇော်ကြီး၊ (ဘ)ဦးသောင်းစိန်၊ ကျန်စစ်သားရပ်ကွက်၊ ဒလမြို့နယ်နေသူတို့(၅)ဦးအား ပြစ်မှုကျူးလွန်ပြီး(၃)ရက်အတွင်း ဖေါ်ထုတ် ဖမ်းဆီးရမိခဲ့ပါသည်။

အမှုဖြစ်စဉ်မှာ ဒဏ်ရာရရှိသူဒေါ်ချိုချိုဝင်းနှင့်အိမ်ချင်းကပ်လျက်နေ လှဌေး (မြေပဲယိုလုပ်ငန်း) တို့မှာ မုန့်လုပ်စဉ်အညှော်နံ့ နံသည့်ကိစ္စဖြင့် မကြာခဏစကားများခဲ့ကြသည့်အတွက် လှဌေးမှ မကျေမနပ် ဖြစ်ကာ
ဒေါ်ချိုချိုဝင်း၏ မျက်နှာအားရုပ်ဆင်းပျက်အောင် လုပ်ပေးရန်အတွက်
ထောင်ထွက်(၂)ဦးဖြစ်သည့် လှတိုးနှင့်ဟိန်းမင်းလတ်(ခ)အောင်အောင်တို့အား ငွေကျပ်(၅)သိန်းဖြင့် ငှါးရမ်းခဲ့ကြောင်း၊

လှတိုးနှင့်ဟိန်းမင်းလတ်(ခ)အောင်အောင်တို့က ၎င်းတို့ကိုယ်တိုင် ကျူးလွန်ခြင်းမပြုဘဲ မိုးသူနှင့် ဇော်ကြီး တို့(၂)ဦးအား ထပ်မံခိုင်းစေခဲ့သဖြင့်
အခင်းဖြစ်ပွားသည့်အချိန်၌ ဒေါ်ချိုချိုဝင်းစီး လာသောဆိုက္ကားရှေ့တွင် ဇော်ကြီးမှပိတ်ရပ်ကာ မိုးသူမှခဲတံချွန်ခေါက်ဓါးဖြင့် ဒေါ်ချိုချိုဝင်း၏ ယာပါးအား ဆွဲခြစ်ကျူးလွန်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း၊

လှဌေးက ငှားရမ်းခငွေကျပ်(၅)သိန်းအား လှတိုးထံပေးအပ်ခဲ့ရာ လှတိုးကငွေကျပ်(၂၃၀၀၀၀)ယူကာ၊ ဟိန်းမင်းလတ်(ခ)အောင်အောင်အား ငွေကျပ် (၁၈၀၀၀၀)၊ မိုးသူနှင့် ဇော်ကြီးတို့အား တစ်ဦးလျှင်ငွေကျပ် (၄၅၀၀၀)စီ ခွဲဝေပေး အပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ဒေါ်ချိုချိုဝင်းနှင့် အခင်းဖြစ်နေရာတွင် ပြစ်မှုကျူးလွန်ခဲ့ကြသူ တရားခံ(၂)ဦးမှာ ရန်ငြိုးရန်စနှင့် တိုက်ရိုက်ဆက်စပ်ပတ်သက်သိရှိမှုမရှိဘဲ တရားခံ(၂)ဦးမှ ငွေကြေးရရှိ၍ ပြစ်မှုကျူးလွန်ခဲ့ကြခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့
Read more →

ရုရှားနိုင်ငံက MIG-29K KUB အမျိုးအစား တိုက်လေယာဉ် ခြောက်စင်း အိန္ဒိယ လေတပ်သို့ လွှဲပြောင်း ပေးအပ်ရန် စီစဉ်

,


ရုရှားနှင့် အိန္ဒိယနိုင်ငံတို့ အကြား ချုပ်ဆိုထားသည့် သဘောတူညီချက် တစ်ရပ်အရ ရုရှားနိုင်ငံက ၎င်း၏ စတုတ္ထမျိုးဆက် MIG-29K KUB အမျိုးအစား ဂျက်တိုက်လေယာဉ် ခြောက်စင်းကို ယခုနှစ်အတွင်း ၌ အိန္ဒိယလေတပ်သို့ ထပ်မံလွှဲပြောင်း ပေးအပ်သွားမည်ဟု MIG လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီက ထုတ်ဖော် ပြောကြားခဲ့ကြောင်း သြဂုတ် ၂၉ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရ သည်။ MIG ကုမ္ပဏီသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ ကန်ထရိုက်စာချုပ်တစ်ရပ်ကို အိန္ဒိယ နိုင်ငံနှင့် ၂ဝ၁ဝ ပြည့်နှစ်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်အရ MIG-29K KUB တိုက်လေယာဉ် ၂၉ စင်းကို အိန္ဒိယလေတပ်သို့ ၂ဝ၁၅ ခုနှစ် အပြီး လွှဲပြောင်းပေးအပ်သွားရမည်ဖြစ် ကြောင်း သိရသည်။

MIG ကုမ္ပဏီ အနေဖြင့် ၂ဝ၁၂ ခုနှစ်အတွင်း၌ ၎င်းအမျိုးအစား လေယာဉ် လေးစင်းနှင့် ယခု နှစ်အတွင်း၌ တစ်စင်း အိန္ဒိယနိုင်ငံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း၊ နောက်ထပ် ခြောက်စင်း ထပ်မံလွှဲပြောင်း ပေးအပ်ရန် ကျန်ရှိနေသေးကြောင်း MIG လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ ညွှန်ကြားရေးမှူးချုပ် ဆာဂျီကိုရော့တ်ကော့ဗ်က သတင်းထောက်များကို ထုတ်ဖော် ပြောကြားခဲ့သည်။ အဆိုပါ သဘောတူစာချုပ်သည် MIG ကုမ္ပဏီ နှင့် အိန္ဒိယနိုင်ငံတို့ အကြား ဒုတိယ အကြိမ်မြောက် ချုပ်ဆိုခဲ့သည့်စာချုပ် ဖြစ်ပြီး ၂ဝဝ၄ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် ပထမအကြိမ် သဘောတူစာချုပ်အရလည်း MIG-29 တိုက်လေယာဉ် ၁၆ စင်းကို ၂ဝ၁၁ ခုနှစ်အတွင်း၌ အိန္ဒိယ လေတပ်သို့ အပြီးသတ် လွှဲပြောင်းပေး အပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Read more →

ဆီးရီးယားအား စစ်ရေးအရအရေး ယူရန်အဆိုကို ဗြိတိန်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်

,
 
ဆီးရီးယားအား စစ်ရေးအရ အရေးယူရန် အဆိုကို သြဂုတ် ၂၉ ရက်က ဗြိတိန် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံ မဲ ၂၇၂ မဲ၊  ကန့်ကွက်မဲ ၂၈၅ မဲရရှိကာ ၁၃ မဲ အကွာဖြင့် ရှုံးနိမ့်သွားခဲ့ကြောင်း သိရသည်။

     ပြီးခဲ့သည့် သီတင်းပတ်က ဒမတ်စကတ် ဆင်ခြေဖုံး၌ ဓာတုလက်နက်များဖြင့် တရားမ၀င် တိုက်ခိုက်ခဲ့မှုအတွက် ဆီးရီးယားအစိုးရအပေါ် စစ်ရေးဖြင့် အပြစ်ပေး အရေးယူခြင်းကို လွှတ်တော်အမတ်များက မလိုလားသည်မှာ ထင်ရှားကြောင်းနှင့် ဗြိတိန်ပြည်သူတို့၏ အမြင်များ ရောင်ပြန်ဟပ်နေသော လွှတ်တော်၏ သဘောထားကို ကျော်လွန်ကာ လုပ်ဆောင်သွားမည် မဟုတ်ကြောင်း  ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ပြောကြားခဲ့သည်။

 ယခုသီတင်းပတ် အစောပိုင်းက  ဆီးရီးယား အစိုးရအပေါ် အမေရိကန်ဦးဆောင်သော စစ်ရေးအရ အရေးယူရန် ပြင်ဆင်နေမှုတွင် ပါဝင်ရန် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် အနေဖြင့် အသင့်ဖြစ်နေခဲ့သော်လည်း ယခု လွှတ်တော်၏ မဲခွဲဆုံးဖြတ်မှုကြောင့် ဗြိတိန်၏ ပူးပေါင်းပါဝင်မှုမှာ မဖြစ်နိုင်တော့ကြောင်း သိရသည်။ အမေရိကန်တို့ဘက်မှမူ ၄င်းတို့၏ အရင်းနှီးဆုံး မဟာမိတ်နိုင်ငံတစ်နိုင်ငံ ဖြစ်သော ဗြိတိန်နှင့် အဆိုပါဆီရီးယားအား အရေးယူခြင်းကိစ္စနှင့် ပတ်သက်ပြီး ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Ref:Reuters
Read more →

ရှမ်းပြည်နယ်ဒေသအချို့ ရေကြီး၊ မြေပြိုမှုများဖြစ်ပွား

,


ရန်ကုန်- သြဂုတ် ၂၆ ရက်မှစ၍ ရှမ်းပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
တောင်ကျရေစီးဆင်းကာ ဒေသအချို့ ရေဖုံးလွှမ်းမှုနှင့်အတူ မြေပြိုမှု အန္တရာယ်များလည်း ဆိုးရွားစွာဖြစ်ပေါ်ခဲ့ကြောင်း ပြည်နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သတင်းရရှိသည်။

ရှမ်းပြည်နယ် လားရှိုး၊ ကွတ်ခိုင်၊ မိုင်းလားမြို့များတွင် ရေဘေးနှင့် မြေပြိုမှုအန္တရာယ် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့ကားလမ်းမှာ သြဂုတ် ၂၈ ရက်တွင် အရှည် ပေ ၂၀၀ ခန့်အထိ မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်မှ တာဝန်ရှိသူ
တစ်ဦးကပြောသည်။

မိုင်းလား ကားလမ်းမြေပြိုမှုတွင် အိမ်စီးကားတစ်စီးပါ မြေဖုံးအုပ်သွားပြီး ကားပေါ်ပါခရီးသည်သုံးဦးကို အချိန်မီကယ်ထုတ်နိုင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ကျိုင်းတုံမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

“မြို့နယ်အချို့မှာ ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတဲ့အတွက် သက်ဆိုင်ရာမြို့နယ် တာဝန်ရှိ
သူတွေနဲ့ပူးပေါင်းပြီး ရေးဘေးကယ်ဆယ်ရေးတွေ လုပ်ပေးခဲ့တယ်။ လူအသေအပျောက်တော့ မရှိပါဘူး”ဟု ရှမ်းပြည်နယ်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြော
သည်။

ကျိုင်းတုံ၊ကွတ်ခိုင်နှင့်လားရှိုးမြို့များတွင် တောင်ကျရေစီးဆင်းမှုကြောင့် ဒေသတွင်းဖြတ်သန်းစီးဆင်းနေသော
ချောင်းများ ရေလျှံပြီး ရပ်ကွက်အချို့ရေနစ်မြုပ်ကာ သီးနှံစိုက်ခင်းများလည်း ပျက်စီးမှု ကြုံတွေ့ခဲ့ရကြောင်း သတင်းရရှိသည်။

“တောင်ကျရေစီးပြီး စိုက်ခင်းတွေထဲကို သဲတွေဖုံးသွားလို့ သီးနှံစိုက်ခင်း ဧကတစ်ရာနီးပါး ပျက်စီးခဲ့ရတယ်။ ကတ်ဝုန်းရွာမှာတော့ သစ်ပင်ပိလို့ လူတစ်ယောက်ကို ဆေးရုံတင်ပို့ပေးခဲ့ပါတယ်”ဟု ကျိုင်းတုံမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်း တိမ်တိုက်ကြီးတစ်ခုသည် သြဂုတ် ၂၅ ရက် သန်းခေါင်ယံမှစ၍ မြန်မာနိုင်ငံ အရှေ့နှင့် အရှေ့မြောက်ဘက်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များသို့ ရွေ့လျားလာသောကြောင့် အဆိုပါဒေသများတွင် လျှပ်တစ်ပြက်ရေကြီးမှုနှင့်
မြေပြိုမှုအန္တရာယ်များ သတိထားရန် လိုအပ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောကြားခဲ့သည်။

ထို့အပြင် မိုးဇလက ရှမ်းပြည်နယ်အပါအ၀င် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထုတ်ပြန်ခဲ့သည်။

လာမည့်ရက်များတွင် မိုးလျော့နည်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

ဓာတ်ပုံ- SHAN NEWS
Read more →

အထီးကျန်သက်ကြီးရွယ်အိုများအတွက် နေ့ပိုင်းစောင့်ရှောက်မှုဂေဟာ ဖွင့်ရန်စီစဉ်

,

Friday, August 30, 2013

ပြောင်းလဲ လာသောလူမှုဖူလုံရေးပုံစံများ အရ တချို့သောသက်ကြီးရွယ် အိုများသည် ငွေကြေးပြည့်စုံကြ သော်လည်း လူမှုရေးအရ အထီး ကျန်ခြင်း (Social Loneliness)ကို ရင်ဆိုင်နေရသည့်အတွက် လူ မှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီး ရွယ်အိုများအတွက် နေ့ပိုင်းစောင့် ရှောက်မှုဂေဟာကို အောက်တို ဘာလအတွင်း ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။

''သက်ကြီးရွယ်အိုတွေ နေ့ ပိုင်းစောင့်ရှောက်မှုဂေဟာဖွင့်လှစ် ရခြင်းက နိုင်ငံတကာသက်ကြီး ရွယ်အိုများစောင့်ရှောက်ရေးလုပ် ငန်းများအနက် ပြုစုစောင့်ရှောက် မှုနည်းလမ်းတစ်ခုဖြစ်တယ်။ သက် ကြီးရွယ်အိုတွေအတွက် လူမှုရေး အရ အထီးကျန်ဆန်မှုကိုလည်း လျော့နည်းစေပြီး ကျန်းမာရွှင်လန်း သောသက်ကြီးဘဝကို ရရှိစေဖို့ အတွက် ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်'' ဟု လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင် ထွန်းခိုင်က ပြောသည်။

အဆိုပါသက်ကြီးရွယ်အို စောင့်ရှောက်မှုဂေဟာအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ခန့်အပ် ထားသော အရာထမ်း၊ အမှုထမ်း များ၊ လက်ထောက်ဆရာဝန်တစ် ဦး၊ ကျန်းမာရေးမှူး (ကာယကု သမှုကျွမ်းကျင်) ဝန်ထမ်း၊ အ ထက်တန်းသူနာပြုတစ်ဦး၊ သူနာ ပြုနှစ်ဦးအပါအဝင် ဝန်ထမ်း၂၀ ဦးတို့ဖြင့် စောင့်ရှောက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

''အသက် ၇၀ အထက်လူမှု ရေးအရ အထီးကျန်ဆန်နေတဲ့ သူ၊ နာတာရှည်ရောဂါဝေဒနာခံ စားနေရတာမျိုးမရှိတဲ့သူတွေထဲ မှာမှ ဦးစားပေးဖို့လိုအပ်တဲ့ သက် ကြီးရွယ်အိုတွေဖြစ်တဲ့ အဘိုး ၁၀ ဦး၊ အဘွား ၂၀ ကို စောင့်ရှောက် ပေးသွားမှာပါ''ဟု ပြောသည်။

လူမှုရေးအရ စောင့်ရှောက် မှုပေးခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်း၊ သက်ကြီးဘဝ မြှင့်တင်ရေးလုပ်ငန်းများ မြှင့်တင် ပေးခြင်း၊ အပန်းဖြေအနားယူနိုင် ရေး ဆောင်ရွက်ပေးခြင်း၊ ဘဝ တစ်သက်တာပညာလေ့လာစေ ခြင်းနှင့် သက်ကြီးဘဝကိုယ်စိတ် နှစ်ပါး ချမ်းသာသုခပြည့်စုံစွာဖြင့် နေထိုင်နိုင်ရေးတို့အတွက် ဆောင် ရွက်ပေးခြင်းဖြစ်ပြီး အာဟာရများ ကျွေးမွေးခြင်းတို့ပါ ပြုလုပ်ပေး မည်ဖြစ်ကြောင်း သိရသည်။

သက်ကြီးရွယ်အို နေ့ပိုင်း စောင့်ရှောက်မှုဂေဟာကို အမှတ် (၆၄)ကမ္ဘာ့အေးဘုရားလမ်း၊ ပါ ရမီလမ်းနှင့် ကမ္ဘာ့အေးဘုရားလမ်း ထောင့်တွင် အောက်တိုဘာလ အတွင်း ဖွင့်လှစ်သွားနိုင်ရန်စီစဉ် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိ ရသည်။

Yangon Media Group
Read more →

တန်ဘိုးငွေကျပ်(၇၀၂)သိန်းဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

,


နေပြည်တော်၊ သြဂုတ် ၂၉

၂၈-၈-၂၀၁၃ရက်နေ့၊ ၀၆၃၀ အချိန်၊ မုံရွာမူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ကသာ-နဘားကားလမ်း၊ လျှပ်စစ်ရုံးရှေ့တွင် ဆာလာအိတ် ၂ လုံးနှင့်အတူရပ်၍ ကားစောင့်နေသူ ကယားပြည်နယ်၊ ဖရူးဆိုးမြို့နယ်၊ ဟူမိုထိကျေးရွာနေ ယိုအိ(၅၅)နှစ်အား တွေ့ရှိ၍ စစ်ဆေးရှာဖွေခဲ့ရာ အိတ်(၂)အိတ်အတွင်းမှ ဘိန်စိမ်း (၂၃.၄)ကီလို၊ တန်ဘိုးငွေကျပ်(၇၀၂)သိန်းအား ဖမ်းဆီးရမိသဖြင့် ယိုအီအား ကသာမြို့မရဲစခန်း မယ(ပ)၂၂/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
Read more →

တောင်ဥက္ကလာ ဓားနဲ့ ပါးကို ခြစ်တဲ့ အမှုပေါ်ပြီ

,

ရန်ကုန်တိုင်း ဒေသကြီး ၊ တောင်ဥက္ကလာပ မြို့နယ် ၊ (၁ဝ)ရပ်ကွက် ၊ အာဿက(၂၂)လမ်း နှင့် (၂၅)လမ်းအနီးတွင် သြဂုတ်လ(၂၇)ရက်နေ့ မွန်းလွဲ (၂)နာရီခွဲခန့်က ဆိုက်ကား စီးလာသူ ဒေါ်ချိုချိုဝင်း မျက်နှာကို ဓားဖြင့် လှီးခဲ့သူ တရားခံများအား ဖမ်းဆီး ရမိပြီး ဖြစ်ကြောင်း သိရပါတယ်။

ဓားဖြင့် လှီးခံရသူ တောင်ဥက္ကလာပ မြို့နယ်၊ (၁ဝ)ရပ်ကွက် နေ သူ ဒေါ်ချိုချိုဝင်း ၊ အသက်(၄၆) နှစ်ဟာ ကျောင်းကြိုဖို့ အာဿက(၂၂) လမ်း အအတိုင်း ဆိုက်ကားစီး လာခဲ့ရာ (၂၅)လမ်းဖြတ် အရောက်မှာ မျက်နှာပြင် အား ဓားဖြင့်လှီးခံရ၍ သင်္ဃန်းကျွန်း စံပြဆေးရုံ အရေးပေါ် ဌာနတွင် (၁၆)ချက် ချုပ်လိုက် ရကြောင်း သိရတယ်။

အိမ်နီးချင်း ရန်ငြိုးထားပြီး  ဒေါ်ချိုချိုဝင်း နှင့် အိမ်နီချင်းဖြစ်သူ ဦးလှဌေး (မုန့် မျိုးစုံလုပ်ငန်း) က လူငှားရမ်း စေခိုင်း ခဲ့တာလို့ သိရပါတယ်။ ကိုယ်တိုင်မလုပ်ဘဲ လူငှားပြီး လုပ်ခိုင်းတာကြောင့်  ကြားက ပူးပေါင်း ပါဝင်သူ အပါအ၀င် တရားခံ (၅)ဦး ဖမ်းဆီးထားကြောင်း သိရပါတယ်။

အဆိုပါ တရားခံတွေကတော့ ရာကွတ် (၃၅)နှစ် ၊ ဟိန်းမင်းထက် (၃၂)နှစ်၊ လှတိုး(၅၃)နှစ် ၊ မိုးသူ (၂၇)နှစ် (မျက်နှာအား ဓားဖြင့်လှီးခဲ့သူ) နှင့် လှဌေး (၅၉)နှစ် (ငှားရမ်းစေခိုင်းသူ) တွေ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။
Read more →

ရာထူး အထုတ်ပယ် ခံရတဲ့ ဒေါ်စိုးစိုး ခိုင် ကိစ္စ ပညာရေးဝန်ကြီးရှင်း

,


ဒီကနေ့ ပြန်ကြားရေး ၀န်ကြီးဌာန အင်တာနက် စာမျက်နှာ  မှာ ဖော်ပြထားတာကတော့...
အထက (၅) နေပြည်တော်မှ ဒေါ်စိုးစိုးခိုင် (အလယ်တန်းပြ) သည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တွင်
ကျောင်းချိန်  နောက်ကျ ရောက်ရှိခြင်း ၄၃ ရက် ရှိခဲ့ပြီး ခွင့်ယူရက် လေးရက် ရှိခဲ့ပါသည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် ဇွန်လ ၃ ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်ပါသည်။

ဒေါ်စိုးစိုးခိုင်သည်၁ဝ-၆-၂ဝ၁၃ရက်နေ့၊ ကျောင်းချိန်တွင်အတန်းမှူးဦးတင်မောင်ဆွေ(အလယ်တန်းပြ)ထံသို့ တယ်လီဖုန်းဖြင့် ခွင့်တိုင်ပါသည်။ အတန်းမှူးမှ မည်သို့မျှပြန်မပြောနိုင်မီ ဖုန်းချသွားပါသည်။
ကျောင်းအုပ်ကြီးနှင့် အတန်းမှူးတို့က ဒေါ်စိုးစိုးခိုင်၏ လက်ကိုင်ဖုန်းသို့ ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်း မပြုခဲ့ပါ။

၁၃-၆-၂ဝ၁၃ ရက်နေ့တွင်ကျောင်းအုပ်ကြီးက ထပ်မံဆက်သွယ်ရာ ဒေါ်စိုးစိုးခိုင်၏ မိခင်မှ ဖုန်းကိုင်ပါ သည်။ ဒေါ်စိုးစိုးခိုင် အား ကျောင်းအုပ်ကြီးထံ အဆက်အသွယ်ပြုလုပ်ရန် ပြောကြား သော်လည်း ပြန်လည် ဆက်သွယ်ခြင်းမရှိခဲ့ပါ။

ဒေါ်စိုးစိုးခိုင်သည် ၁၇-၆-၂ဝ၁၃ ရက်နေ့တွင်မှ ကျောင်းပြန်တက်ခဲ့ပါသည်။ ခွင့်မဲ့ပျက်ကွက်ရက်မှာ ၈-၆-၂ဝ၁၃ ရက်မှ ၁၆-၆-၂ဝ၁၃ ရက်နေ့အထိ ကိုးရက်ရှိပါသည်။

အဆိုပါ ခွင့်မဲ့ပျက်ကွက်သည့်ကိစ္စနှင့် ပတ်သက်၍ ခရိုင်ပညာရေးမှူးရုံးမှ ၂၄-၆-၂ဝ၁၃ တွင် ဌာနတွင်း စစ်ဆေးခဲ့ပါသည်။

ဒေါ်စိုးစိုးခိုင်သည် စစ်ဆေးဆဲ ၂၇-၆-၂ဝ၁၃ တွင်ခွင့်တင်ခဲ့ပြီး ၂၉-၆-၂ဝ၁၃ မှ ၁-၇-၂ဝ၁၃ အထိ သုံးရက် ထပ်မံ ခွင့်မဲ့ပျက်ကွက်ခဲ့ပါသည်။

၂-၇-၂ဝ၁၃ တစ်ရက်၊ ကျောင်းချိန်နောက်ကျ ကျောင်းပြန်တက်ပြီး ၃-၇-၂ဝ၁၃ နှင့် ၄-၇-၂ဝ၁၃ နေ့များ တွင် ခွင့်မဲ့ပျက်ကွက်ခဲ့ပါသည်။

အထက်ပါဖြစ်စဉ်များတွင်ဌာနတွင်း စစ်ဆေးမှုပြုလုပ်ရန်အတွက် ခရိုင်ပညာရေး မှူးရုံးသို့ ၂၈-၇-၂ဝ၁၃ မှစ၍ တွဲဖက်အမိန့်ထုတ်ပြန်ခဲ့သော်လည်း လာရောက်ခြင်း၊ ဆက်သွယ်ခြင်းမရှိတော့ပါ။

ခရိုင်ပညာ ရေးမှူးရုံးမှ ဒေါ်စိုးစိုးခိုင်၏ အိမ်သို့ စာဖြင့်လေးကြိမ် သွားရောက်၍ ခရိုင်ရုံးသို့ ရုံးတက်ရန် အကြောင်းကြား ခဲ့သော်လည်း မလာရောက်ဘဲ အကြောင်းမဲ့(ခွင့်မဲ့) ပျက်ကွက်ခဲ့ပါသည်။

၁-၈-၂ဝ၁၃ ရက်နေ့တွင် ဒေါ်စိုးစိုးခိုင်မှာ အမှန်တကယ် ဆက်သွယ်ရမည့် ခရိုင်ပညာရေးရုံးသို့ မဆက် သွယ်ဘဲ အမှတ် (၂) အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးသို့ Fax ဖြင့် လစာမဲ့ခွင့် တင်ခဲ့ပါသည်။


စစ်ဆေးချိန်တွင် ခွင့်မဲ့ပျက်ကွက်ရက်များ၌ နေပြည်တော်တွင် အထွေထွေသွေးအားနည်း ရောဂါဖြင့်
ဆေးကုသနေ ကြောင်း ပြင်ပဆရာဝန်၏ ဆေးလက်မှတ် တင်ပြ လိမ်ညာခဲ့ပါသည်။

စစ်ဆေးရေးအဖွဲ့မှ သေချာစစ်ဆေး မေးမြန်း သောအခါ ရန်ကုန်သို့ ၁၃-၆-၂ဝ၁၃ ရက်နေ့တွင် သွားရောက် ခဲ့ပြီး ၁၅-၆-၂ဝ၁၃ နေ့မှသာ ပြန်လည်ရောက်ရှိခဲ့ကြောင်း ၎င်းမှ ဝန်ခံခဲ့ပါသည်။

ဝန်ထမ်းစည်းမျဉ်းအရ နယ်မြေကျော် လွန်သွားလာခွင့် တင်ပြရမည် ဖြစ်သော်လည်း ခွင့်မတောင်းဘဲ မိမိသဘောဖြင့် ခွင့်မဲ့ပျက်ကွက်၍ သွားရောက်ခဲ့ခြင်း ဖြစ်ပါသည်။

ဒေါ်စိုးစိုးခိုင်သည် ဝန်ထမ်းစည်းကမ်းကို အကြိမ်ကြိမ် လိုက်နာမှု မရှိခြင်းကြောင့် အမှတ်(၂) အခြေခံ ပညာ ဦးစီးဌာန၏ (၄/၂ဝ၁၃) EC ဆုံးဖြတ်ချက်အရ ၁၅-၈-၂ဝ၁၃ ရက်နေ့တွင် မယူမနေရ အငြိမ်းစားပေးရန် ဆုံးဖြတ်ခဲ့ပါသည်။

ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများတွင် အလားတူ ခွင့်မဲ့ ပျက်ကွက်ခြင်းနှင့် အမိန့်မနာခံခြင်းများကို ဌာန ဆိုင်ရာ စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြီး ပြစ်မှုထင်ရှားပါက removal (သို့မဟုတ်) Dismiss ပြစ်ဒဏ်များ ချမှတ်ခဲ့ ပါသည်။

သို့ဖြစ်၍ ၁၇-၈-၂ဝ၁၃ နေ့တွင် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ EC ဆုံးဖြတ်ချက်အရ removal အမိန့် ထုတ်ပြန်ခဲ့ ခြင်း ဖြစ်ပါကြောင်းနှင့် ရှင်းလင်းအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန
Read more →

ကားရှိသူတိုင်းဆောင်ထားသင့်တဲ့ ကားပြုပြင်ထိန်းသိမ်းခြင်း Apk (5.3MB)

,
 
 
 
Andriod ဖုန်းအသုံးပြုသူများအတွက် မြန်မာလိုရေးသားထားတဲ့ ကားပြုပြင်ရေး ဆော့ဝဲလ်လေး တင်ပေး လိုက်ပါတယ်ခင်ဗျာ။ ကားပြုပြင်ထိန်းသိမ်းခြင်းကို အသေးစိတ်ရေးပေးထားတဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ်။
ဗားရှင်းက ၂.၀ပါ။ Android version 2.2 နှင့်အထက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

              Download=>> Link 1, Link 2

Read more →

"ကျိန်စာ"

,


အစွမ်းထက်တဲ့ စုန်းမကြီး တစ်ယောက်ကို ကိုကျေးညိုသွားတွေ့တယ်
စုန်းမကြီးက မေးတယ်... ...
'ဘာကိစ္စလဲ လူလေး'
'ကျနော့်အပေါ်မှာ အနှစ် ၂ဝ လောက်ကြာအောင် မိနေတဲ့ ကျိန်စာကို ပျက်ပြယ်အောင် ကူညီပါ'

'ရတယ်လေ၊ မင်းကို ဘယ်သူက ကျိန်စာတိုက်လိုက်တာလဲ'
'ကျနော့် ယောက်ခမ'

'ဟင်... ဘယ်တုန်းကလဲ'
'လွန်ခဲ့တဲ့ အနှစ် ၂ဝ၊ သူ့သမီးကို သွားတောင်းတုန်းက'

'ဘယ်လို ကျိန်လိုက်တာလဲ၊ တိတိကျကျပြော၊ ဒါမှ ချေဖျက်တဲ့အခါ ထိရောက်တာ'

ဒီတော့ ကိုကျေးညိုကလည်း တိတိကျကျရွတ်ပြတယ်... ...

'ယနေ့မှစပြီး ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေ'... တဲ့

အီး ဟီး ...။

သန်၎ကို-ဘာသာပြန်သည်
Read more →

အမေရိကန် MGM မီဒီယာ ရဲ့  နောက်ကွယ်က ဇာတ်လမ်း

,


Metro-Goldwyn-Mayer လို့ခေါ်တဲ့ ကမ္ဘာကျော် အမေရိကန် မီဒီယာ တစ်ခုအနေနဲ့ အမှတ်တံဆိပ်တစ်ခုရဖို့အတွက် တကယ့် ခြေင်္သေ့ အစစ်ကို အသုံးပြုခဲ့ပါတယ်။

ယင်းကဲ့သို့ ကြိုးစားမှုနဲ့အတူ ယနေ့တိုင် ထိုက်တန်တဲ့ အောင်မြင်မှုကိုလည်း ရရှိခဲ့စေပါတယ်။ သို့ပေမယ့် အောင်မြင်မှု နောက်ကွယ်မှာ ဝမ်းနည်းစရာ ဇာတ်လမ်း တစ်ပုဒ် ရှိနေပါတယ်။ ပထမဆုံး အော်ရီဂျင်နယ် လိုဂို လုပ်တုန်းက ဖြစ်ပါတယ်။ ၁၉၁၆ ခုနှစ်ကနေ ၁၉၂၄ ခုနှစ်၊ ၁၉၂၄ ကနေ ၁၉၂၈ ခုနှစ်အထိ အသုံးပြုခဲ့တဲ့ ခြေင်္သေ့ Slats ဟာ သူ့ ခြေင်္သေ့ထိန်း တစ်ဦးနဲ့ လက်ထောက် နှစ်ဦးကို ကိုက်သတ်ခဲ့ပါတယ်။

 ပထမဆုံး အကြိမ် လိုဂိုလုပ်ဖို့ ရောက်ကူးပြီး နောက်တစ်ရက်မှာပဲ သုံးဦးလုံး အကိုက်သတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။ MGM အနေနဲ့ ယင်းအတွက် လျော်ကြေးငွေနဲ့ ဖြေရှင်းပြီး လူသေတဲ့ သတင်းက ပျောက်ကွယ်သွားပါတယ်။ ပထမ တစ်ကြိမ်က ဖြစ်ရပ်ကို သင်ခန်းစာယူလို့ နောက်ထပ် ခြေင်္သေ့လေးကောင်နဲ့ ရိုက်တဲ့ လိုဂိုများမှာ ဘေးကင်းပေမယ့် ပထမ လိုဂိုမှာ သွေးစွန်းသွားတဲ့ MGM ဟာ ခေတ်အဆက်ဆက်မှာ အခက်အခဲများစွာ ကြုံရတယ်လို့ ယုံကြည်သူ များလည်း ရှိကြောင်း သိရပါတယ်။
Read more →

မိတ္ထီလာတွင် ဦးသောဘိတ ခေါင်းအထုခံရ သေဆုံးခဲ့ခြင်းအတွက် ဘာမှမပြောခဲ့သော်လည်း ကင်တားနားကား လက်ဖြင့် အထုခံရသည်မှာ မဖြစ်သင့်ဟု ဒေါ်စုပြော

,

မိတ္ထီလာတွင် ဦးသောဘိတ ခေါင်းအထုခံရ သေဆုံးခဲ့ခြင်းအတွက် ဘာမှမပြောခဲ့သော်လည်း ကင်တားနားကားလက်ဖြင့်အထုခံရသည်မှာမဖြစ်သင့်ဟု ဒေါ်အောင်ဆန်းစုကြည်မှ ဒေါသဖြင့် ပြောဆိုလိုက်
ကြောင်း သတင်းရရှိပါတယ်။  မိတ္ထီလာမှာ ကင်တာနားကို ဆန္ဒပြခဲ့ သည့် မိတ္ထီလာ မြို့သူမြို့သားများမှ ကင်းတားနားရဲ့ ကားကို ရိုက်ပုတ် ခဲ့သည်ဟု ကင်တားနားမှ ပြောဆိုခဲ့သဖြင့် ဒေါ်စုမှ မိတ္ထီလာ မြို့သူမြို့သားများ အား ကင်တားနားအား စိတ်ဆိုးအောင်လုပ်တာဟာ မဖြစ်သင့် တဲ့ လုပ်ရပ် တစ်ခု ဖြစ်ကြောင်း ကင်တားနားအား ကျေနပ်အောင် ဖြေရှင်းပေးသင့်ကြောင်း..
ဒေါ်အောင်ဆန်းစုကြည် မှ ပြောခဲ့တာပါ။
 
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ ကားကို မိတ္ထီလာမှာ ရိုက်ပုတ်ခဲ့ကြတဲ့လုပ်ရပ်ဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့လုပ်ရပ်တခုပဲလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။

ဒီကိစ္စမှာ အာဏာပိုင်တွေနဲ့ မစ္စတာ ကင်တားနားတို့ နှစ်ဦးနှစ်ဖက် ပြောကြားချက်တွေ ကွဲလွဲနေတာကိုလည်း သတိပြုမိတယ်လို့ သူက ပြောပါတယ်။

"အုပ်ချုပ်ရေးပိုင်းကထုတာမဟုတ်ဘူးလို့ ပြောတယ်။မစ္စတာကင်တားနားကထုတယ်လို့ပြောတယ်။မိတ္ထီလာ
ကရတဲ့သတင်းက ထုတာလို့ ပြောတယ်။ဒီဟာက မလုပ်သင့်ဘူးပေါ့။စာပေးချင်လဲ ရိုးရိုးပေးလို့ရပါတယ်။တိုက်ရိုက်ပေးလို့မရရင်တောင် UNDP က တစ်ဆင့်ပေးလို့ရတာပေါ့။မစ္စတာ ကင်တားနား ကျေနပ်လောက်အောင် ဖြေရှင်းချက်ပေးသင့်တာပေါ့"


RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ဗုဒ္ဓဟူးနေ့ မနေ့က ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။
Read more →

NLD မှာမွတ်စလင်တွေ ရှိတယ်လို့ ပြောပြီး ထောက်ပြတာဟာ အဆင့်အတန်းနိမ့်တဲ့သူတွေဖြစ်တယ်လို့ Eleven မီဒီယာကို ဦးဟံသာမြင့် က ပြော

,

 NLD ပါတီမှာ ကုလား ရှိနေတယ်လို့ ပြောတာဟာ အဆင့်အတန်းမရှိတဲ့ သူတွေဖြစ်တယ်လို့ NLD အဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ဦးဟံသာမြင့်ကEleven Media ကို ယနေ့ထုတ် သတင်းမှာ ပြောကြားလိုက်ပါတယ်။
    ''ဟိုတုန်းကလည်း အဖွဲ့ချုပ်ထဲမှာ ကွန်မြူနစ် ပါတီဝင်တွေ ရှိနေတယ်လို့ ပြောခဲ့ကြတယ်။ ဒါက ရှိချင်လည်း ရှိမယ်။ မရှိချင်လည်း မရှိဘူး။ ဒါပေမဲ့ အဲဒါက ပြဿနာမဟုတ်ဘူး။ အခုချိန်မှာလည်း အဖွဲ့ချုပ်ထဲမှာ မွတ်စလင် ဘာသာဝင်တွေ မရှိဘူး မဟုတ်ဘူး။ ရှိတာတော့ ရှိမှာပဲ။ ဒါပေမဲ့ ထူးထူးခြားခြား ပြောရလောက်အောင် အများကြီး ရှိနေတာ မဟုတ်ဘူး။ ဒီလို အနည်းအကျဉ်း ရှိနေတာကို အကြောင်းပြုပြီး အဖွဲ့ချုပ်ကို တိုက်ခိုက်နေတယ် ဆိုတာ တိုက်ခိုက်တဲ့လူရဲ့ အယူအဆ၊ ခံယူချက်တွေက အဆင့်အတန်း နိမ့်ကျလွန်းတယ်လို့ပဲ ယူဆတယ်'' လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဟံသာမြင့် အခုလို ပြောကြားလိုက်တာပဲဖြစ်ပါတယ်။
    ဒါ့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ၉၆၉ လှုပ်ရှားမှု ခေါင်းဆောင်လို့ နိုင်ငံတကာ မီဒီယာတွေ သတ်မှတ်ခံထားရတဲ့ ဦးဝီသူရ ဟာလဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို “မွတ်ဒေါင်း” ပါတီ ဖြစ်နေပြီလို့ ထောက်ပြတာဟာ NLD ကို တိုက်ခိုက်တာပဲ ဖြစ်တယ်လို့စွပ်စွဲပြောဆိုလိုက်ပါတယ်။
    ဒါ့ပေမယ့်  မြန်မာ နိုင်ငံရေး ပါတီတွေထဲက NLD ရဲ့ လက်ရှိ ပကတိ အရှိတရားတစ်ခု ကတော့  ဘင်္ဂလီတွေ မြန်မာ အမျိုးသမီးတွေ ကို မုဒိမ်းကျင့် တာတွေ ၊ ဘုန်းတော်ကြီးတွေ အသတ်ခံရတာတွေအပေါ် မှာ ဘာမှတ်ချက် ၊ ဘာဆောင်ရွက်ချက်မှ
မရှိပဲ မသိသလို ရေငုံ နှုတ်ပိတ်နေနေတာဟာလဲ ..ပြည်သူလူထု ရဲ့ မေးစရာဖြစ်နေပါတယ်။် ကွင်တားနား မိတ္ထီလာ မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြမှု အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကွင်တားနား ကို စိတ်ဆိုးအောင် မလုပ်သင့်ကြောင်း ထုတ်ပြောလိုက်ပြီး ၊ ကင်တားနား ရဲ့  ဘင်္ဂလီတွေနဲ့လက်ဝါးရိုက် ဘက်လိုက်နေတဲ့ အပေါ်မှာတော့ ပြည်သူ့စကား ကို အလေးထားနားထောင်ပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ  တစ်စွန်းတစ်စ တောင် ပြောဆိုမှု မရှိခဲ့တာကို တွေ့ရပါတယ်။
Read more →

NLD ပါတီ အနေဖြင့် ဘင်္ဂလီများဘက်မှ အပြည့်အ၀ ရပ်တည်တော့မည် ဖြစ်ကြောင်း VOA ၀က်ဆိုဒ်တွင် ဖော်ပြ

,
NLD ပါတီ အနေဖြင့် ဘင်္ဂလီများ ဘက်က အပြည့်အ၀ ရပ်တည်သွားတော့မည် ဖြစ်ကြောင်း VOA
အင်္ဂလိပ်ပိုင်း အစီအစဉ်မှာ ဖော်ပြသွားတာပဲ ဖြစ်ပါတယ်။

ဘင်္ဂလီတို့၏ သားဖွားနှုန်းကို ထိန်းချုပ်သည့် ဒေသန္တရ အမိန့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ဆန့်ကျင်ကန့်ကွက်မှု မဆုံးခင် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းမှ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားအဖြစ် လက်ခံလိုကြောင်း၊ ဥပဒေ ပြင်ဆင်ပြီးပါက လက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု VOA အင်္ဂလိပ်ပိုင်းအစီအစဉ်မှာ ဖော်ပြလိုက်ပါတယ်။ သတင်းမှာ ပါဝင်သည့် အချက်များကတော့ အောက်ပါအတိုင်းပါ။ သတင်းကိုတော့ ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။ အန်အယ်လ်ဒီ ပါတီဝင် အများစုမှာ ဘာသာခြားများ ဖြစ်နေပြီး အန်အယ်လ်ဒီ၏ အထောက်အပံ့များ အဓိက ရရှိရာမှာလည်း လူ့အခွင့်အရေး ခေါင်းစဉ် အောက်မှ ဖြစ်သ ဖြင့် ဘင်္ဂလီ ကိစ္စမှာ NLD ဟာ နိုင်ငံတကာရဲ့ ဖိအားပေးခြင်းကို ခံနေရနိုင်ကြောင်း အများက သုံးသပ်ကြပါတယ်။ ယခုတော့ ဘင်္ဂလီ တွေကို ဥပဒေ ပြင်ပြီး နိုင်ငံသား ဖြစ်ခွင့် ပေးရန် ဆန္ဒရှိတဲ့ အကြောင်း တရားဝင် ပြောဆိုလာမှုကြောင့် အန်အယ်လ်ဒီရဲ့ ရပ်တည်ချက်ဟာ ရှင်းလင်းခဲ့ပါပြီ။ VOA ၀က်ဆိုဒ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဘက်မှ အမြဲတစေ ရပ်တည်ခဲ့ပြီး ၄င်းတို့နှင့် ပတ်သက်၍ မည်သည့်အခါမှ အပုပ်ချ၊ ချောက်တွန်း ရေးသား မှု မျိုး မရှိခဲ့ပေ။


Za Ni Maung
Read more →

"ကမ္ဘာ့ဘဏ် ချေးငွေ ဒေါ်လာ သန်း ၂၆၀ ကျော် လွှတ်တော် အတည်ပြု"

,


ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန ၄ ခုက ကမ္ဘာဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော် ချေးယူဖို့အတွက် ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။

ကမ္ဘာဘဏ်ကနေ ချေးယူမယ့် အဲဒီ ဒေါ်လာ သန်း၂၆၀ ကျော်ကို ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာနနဲ့ ဘဏ္ဍာရေး ၀န်ကြီးဌာန တွေက ခွဲဝေ သုံးစွဲကြမှာ ဖြစ်တယ်လို့ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက ရှင်းလင်းခဲ့ပါတယ်

ရရှိမယ့်ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၄၀ နဲ့ သထုံမြို့မှာ ဓာတ်အားပေး စက်ရုံ စီမံကိန်း ဆောက်လုပ် သွားမှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုးက ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။

မြန်မာ အစိုးရအနေနဲ့ ကမ္ဘာဘဏ်က ချေးယူမယ့် ဒေါ်လာသန်း ၂၆၀ ကျော်ကို နှစ်ပေါင်း ၄၀ အတွင်း အပြီး ပြန်ဆပ်ရမှာဖြစ်ပေမယ့် ပထမ ၁၀ နှစ်အတွင်း ပြန်ဆပ်စရာမလိုသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ချေးငွေတွေကို ကမ္ဘာဘဏ်က အတိုးနှုန်းမယူပဲ ၀န်ဆောင်ခ အနေနဲ့သာ တစ်နှစ်ကို ၀.၇၅ ရာခိုင်နှုန်း ပေးသွင်းရမှာ ဖြစ်ပါတယ်။

(RFA)
Read more →