Wednesday, August 28, 2013

သိုဝှက်သယ်လာသောဆူဒိုအက်ဖီဒရင်းဆေး ဆီဘောက်ဆာကားမှ ဖမ်းမိ

,

လောင်စာ ဆီတင်ဘောက်ဆာကားပေါ်မှ စိတ်ကို ပြောင်းလဲစေတတ်သည့် စိတ်ကြွဆေးပြားချက်လုပ်ရာ၌ အသုံးပြုသည့် ဆူဒိုအက်ဖီဒရင်း ဆေးပြား ၁၅၄၀၀၀ဝပြား ကာလ တန်ဖိုး ကျပ်၁၅၄ဝသိန်းဖိုးကို ပူး ပေါင်းအဖွဲ့က ဖမ်းမိကြောင်း သိ ရသည်။
ဆူဒိုအက်ဖီဒရင်းဆေးပြား များ တမူးမြို့မှကလေးသို့ ဩဂုတ် ၂၄ရက်တွင် သယ်ဆောင်လာမည် ဟုသတင်းအရ ကလေးခရိုင်ရဲတပ် ဖွဲ့မှူး၏ စီစဉ်ညွှန်ကြားမှုအရ ကလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲ မှူးမြင့်ဆွေ ဦးစီးတပ်ဖွဲ့ဝင်များ၊ ခရိုင်ထ/နအဖွဲ့မှ အဖွဲ့ခေါင်း ဆောင် လှနိုင်ဦးစီးတပ်ဖွဲ့ဝင်များ၊ ကလေးရဲစခန်းမှ နယ်ထိန်းခေါင်း ဆောင် ဒုရဲအုပ်လှဟန်နှင့် ကလေး မူးယစ်(အထူး)အဖွဲ့မှ ရဲအုပ်မျိုးမြင့် တို့ပါဝင်သော ပူးပေါင်းအဖွဲ့က အင်ဒိုင်းကြီးကျေးရွာ တန်ပိုဂိတ် တွင် တမူးမှ ကလေးသို့လာသည့် ကားများကို ရပ်တန့်ရှာဖွေရာ ယာဉ်မောင်း ကျော်နိုင်ဝင်း၊ ယာဉ် နောက်လိုက် ထက်နိုင်လင်းတို့ မောင်းနှင်လာသော ဆီဘောက် ဆာကားပေါ်မှ ဆူဒိုအက်ဖီဒရင်း ဆေးပြားများ ဖမ်းဆီးရမိခြင်းဖြစ် ကြောင်း သိရသည်။
ဖမ်းဆီးရမိသော ဆူဒိုအက် ဖီဒရင်းဆေးပြားများကို ဆီဘောက် ဆာယာဉ်အမှတ် ၈/ည---၏ပီပါအတွင်း ထည့်သွင်းသယ်ဆောင် လာခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရရှိသောမူးယစ် ဆေးပြားများမှာ တစ်ပြားလျှင် သုညဒသမ၁ဂရမ် အလေးချိန် ရှိ ဆူဒိုအက်ဖီဒရင်းဆေးပြား ၂၂၀၀၀ဝပါ အထုပ်ခုနစ်ထုပ်။ ဆေးပြားပေါင်း ၁၅၄၀၀၀ဝပြား၊ ၁၅၄ကီလိုဂရမ် ကာလတန်ဖိုး ကျပ်သိန်း၁၅၄၀၊ ယူဒီ၁၂ဘီးကား ခေါင်းခန်းတွင် စတက်တံဆိပ်ပါ အိတ်အတွင်းမှ ဝ၉........ ဖုန်းတစ်လုံး၊ ဝ၉.......နိုကီရာဖုန်းတစ်လုံး၊ ကျပ်၁၃၁၀၀၀ ကျပ်၊ ၈ည/----အပြာရောင်ယူဒီ ဘောက်ဆာတစ်စီး၊ ဆီဘောက် ဆာလုပ်ငန်းလိုင်စင်တစ်ခု၊ ဆီ ဘောက်ဆာလိုင်စင်ကတ်၊ ပီပါခွံ တစ်လုံး၊ ပေ၆ဝရှိ နိုင်လွန်ကြိုးတို့ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိ ရသည်။
ဆူဒိုအက်ဖီဒရင်းဆေးပြား များ ဖမ်းဆီးရရှိမှုနှင့်ပတ်သက် ၍ တမူးမြို့နေ ညီညီအောင်က ကလေးမြို့နေ မင်းလွင်ထံသို့ ပို့ ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ တမူး မြို့မှညီညီအောင်အား တမူးခရိုင် ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။
ကလေးမြို့ရဲစခန်းမှ မယ (ပ)၉၆/၂၀၁၃၊ မူး/စိတ်-၁၅/ ၁၆(ခ)/၂၀(က)/၂၁ဖြင့် အမှု ဖွင့်အရေးယူထားပြီး ကွင်းဆက် တရားခံများကို ဆက်လက်စုံစမ်း လျက်ရှိကြောင်း သိရသည်။


======================
သြဂုတ်(၂၈) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
======================

0 comments to “သိုဝှက်သယ်လာသောဆူဒိုအက်ဖီဒရင်းဆေး ဆီဘောက်ဆာကားမှ ဖမ်းမိ”

Post a Comment