Wednesday, August 28, 2013

ငွေကျပ် သိန်းလေးထောင် လေးရာကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ

,

ရှမ်းပြည်နယ် (မြောက်ပိုင်း)  နမ့်ခမ်းမြို့နယ် နမ့်ခမ်း-မန်ဝိန်းကြီး သွားလမ်း ရွှေလီ ကြိုးတံတား အနီးတွင် ယမန်နေ့ နံနက် ၉ နာရီကငွေကျပ် သိန်းပေါင်း လေးထောင်လေးရာကျော် တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများ ဖမ်းဆီး ရမိခဲ့သည်။ဖြစ်စဉ်မှာ မူဆယ်မူးယစ် (အထူး)အဖွဲ့မှ ရဲအုပ် ဇော်မင်းသိန်း ဦးစီး အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ နမ့်ခမ်းမြို့နယ်  နမ့်ခမ်း-မိန်ဝိန်းကြီး သွားလမ်း ရွှေလီ ကြိုးတံတား အနီးတွင် စောင့်ဆိုင်းနေ စဉ် ဒေါ်အားလျှန် ၄၃နှစ် (ဘ) ဦးဟော်ချုံကိန်း မိန်ဝိန်းကြီး ကျေးရွာ နမ့်ခမ်းမြို့နယ်နေသူ မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေ စစ်ဆေးရာ ၎င်းဆိုင်ကယ် ထိုင်ခုံနောက်တွင် ကြိုးဖြင့် ချည်နှောင်ထားသော မြွေရေခွံအိတ် အတွင်းမှ စိတ်ကြွဆေးပြား ၁၁၁ဝဝဝ ပြား ကာလ တန်ဖိုးငွေကျပ် သိန်းလေးထောင် လေးရာကျော်ကို ရှာဖွေ တွေ့ရှိခဲ့သည်။
ထို့ကြောင့်  မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ  အားလျှန်အား နမ့်ခမ်းမြို့မရဲစခန်းမှ မယ(ပ) ၄၃/ ၂ဝ၁၃၊ မူး/စိတ် ၁၅/ ၁၉(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိ ကြောင်း သတင်း ရရှိသည်။

0 comments to “ငွေကျပ် သိန်းလေးထောင် လေးရာကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ ”

Post a Comment