Tuesday, August 27, 2013

ဟိုင်းကြီးကျွန်းအနီးတ၀ိုက်တွင် ဘင်္ဂါလီ ၃၂၇ ဦး ဖမ်းမိ

,

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်ဟိုင်းကြီးကျွန်းအနီးမြို့နယ်ခွဲအတွင်းလိပ်ကျွန်းနဲ့(၃၂၇)ဦးကို အာဏာပိုင်တွေက တွေ့ရှိပြီး ဖမ်းဆီးစစ်ဆေး နေတယ်လို့ သိရပါတယ်။

ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့နယ်ခွဲ၊ နံသာပုကျေးရွာအုပ်စုအနီးရှိ ကုလားမချိုင် ပင်လယ်ရေပြင်ကို ကူးဖြတ်ပြီး ကမ်းစပ်ကို ရောက်ရှိလာတဲ့ ဘင်္ဂါလီလူမျိုး(၅၃)ဦးနဲ့ ဟိုင်းကြီးကျွန်းအနီး လိပ်ကျွန်းမှာ ဘင်္ဂါလီလူမျိုး (၂၇၄)ဦး တို့ကို ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ပုသိမ်မြို့နယ် ရဲစခန်းက ရဲအရာရှိတစ်ဦး ပြောပြချက်အရ ဒီလူတွေဟာ မလေးရှားနဲ့ ထိုင်းကို ဦးတည်ပြီး စက်လှေနဲ့ ထွက်ခွာလာရင်း စက်လှေဝမ်းကွဲသွားပြီး မြန်မာနိုင်ငံထဲ ရောက်လာတာဖြစ်သလို တချို့ကလဲ မလေးရှား နိုင်ငံအသွား သင်္ဘောပေါ်က ကန်ချခံခဲ့ ရတာလို့ ဆိုပါတယ်။

ကျွန်းပေါ်ကို လူတွေ အများကြီးရောက်ရှိ လာတာကို ဒေသခံတွေက တိုင်ကြားခဲ့တာဖြစ်ပြီး၊ အာဏာပိုင်တွေက စက်လှေ ပြန်ပြင်ပြီ ပြန်လွှတ်မယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ဘင်္ဂလားဒေ့နိုင်ငံကနေ အာဆီယံ ဒေသတွင်းနိုင်ငံတွေမှာ အလုပ်လုပ်လိုသူတွေ တင်ဆောင်လာသော စက်လှေနဲ့ သင်္ဘောတွေ ဟိုင်းကြီးကျွန်းဒေသမှာ ဖြတ်သန်း လေ့ရှိတဲ့အတွက် မကြာခဏဆိုသလို ဘင်္ဂါလီလူမျိုးတွေ ရောက်လာတာတွေ ရှိတယ်လို့ဆိုပါတယ်။

သြဂုတ်လလယ်ခန့်က ငရုတ်ကောင်းမြို့နယ်ခွဲကို ရောက်လာတဲ့ ဘင်္ဂါလီလူမျိုး(၅၃)ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းဒေသက (၃၆)ဦးနဲ့ မောင်တောမြို့နယ်၊ ရွက်ညိုတောင်က (၁၇)ဦး ဖြစ်တယ်လို့ သိရပါတယ်။

လူပေါင်း ၄၀၀ တင်ဆောင်တဲ့လှေတစီးကနေ သူတို့ကိုချခဲ့ပြီး ဆက်လက် ထွက်ခွါသွါးတယ်ဆိုတဲ့ အကြောင်း မြစ်မခ သတင်းဌါနရဲ့ သတင်းပေး ပို့ချက်အရ သိရပါတယ်။

 မြစ်မခ

0 comments to “ဟိုင်းကြီးကျွန်းအနီးတ၀ိုက်တွင် ဘင်္ဂါလီ ၃၂၇ ဦး ဖမ်းမိ ”

Post a Comment