Tuesday, August 27, 2013

တစ်ထောင့်တစ်ည ပုံပြင် ဖြစ်ပေါ်လာပုံ

,

တစ်ထောင့်တစ်ည ပုံပြင်တွေ ဖြစ်ပေါ်လာပုံလေးက စိတ်ဝင်စားဖို့ ကောင်းတယ် ..

ပါရှန်ဘုရင် " ရှာရယာ " မင်းကြီး က တနေ့ကို မိဖုရားတစ်ပါးမြှောက် ..တစ်ည အိပ်ပြီးတာနဲ့ နောက်တနေ့ မနက်မှာ အဲဒီမိဖုရားကို ကွပ်မျက်ပစ်လေ့ရှိသတဲ့ .....

အဲလို နဲ့ မိဖုရားမြှောက်လိုက် ၊ သတ်ပစ်လိုက် လုပ်လာလိုက်ရင်း တနေ့တော့ ...
" ရှာဟာရာဇဒ်" ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို မိဖုရားမြှောက်လိုက်ပါရောတဲ့ ....

မိဖုရားဖြစ်တဲ့ နေ့ ရဲ့ ညအိပ်ယာဝင်ချိန်မှာ ပဲ ရှာဟာရာဇဒ် မိဖုရားက ကသူ့ယောကျာင်္း ဘုရင်ကြီးကို ပုံပြင်စပြောပါသတဲ့ ။ ပုံပြင်လေး တွေ ကို အဆုံးထိ မပြောပဲ ...အပိုင်းလိုက်လေးတွေဖြတ်ပြီး နောက်ညမှ
ပြောမယ်ဆိုပြီး ရပ်ထားပါသတဲ့ ။

အဲလို နဲ့ နောက်နေ့မှဆက်ပြောမယ် ၊ နောက်နေ့မှ ဆက်ပြောမယ်ဆိုပြီး ပုံပြင်တွေ ပြောလာလိုက်တာ ၁ထောင့် ၁ည တောင်ကြာသွားပါသတဲ့ ။
ဘုရင်ကြီး က မိဖုရားပြောတဲ့ ပုံပြင်လေးတွေ သဘော အကျကြီး ကျပြီး မိဖုရားကို သတ်မပစ် ရက်တော့ဘူးပေါ့ ....။

မိဖုရား ရှာဟာရာဇဒ်ကလည်း အသက်ဘေးကလွတ် ၊ ပါရှားပြည်ကြီး က မိန်းမ တစ်ထောင့်တစ်ယောက်လည်း အသက်ဘေးက ချမ်းသာရာရကြတယ်တဲ့ ။
ပုံပြင်တွေ ပြောတဲ့ မိဖုရားကို ဘုရင်ကြီး က သတ်မပစ်ရက်တဲ့ အပြင် အရမ်းမြတ်နိုးတော်မူပြီးဆုတော်လာဘ်တော်တွေ ပါချီးမြှောက်ပါသေးတယ်တဲ့ ...။

ဒီအကြောင်းရာလေးဖတ်ပြီး ဘာသွားသတိထားမိလဲဆိုတော့ ....
ယောကျာင်္းတွေက အင်အားကြီးမားလွန်းတဲ့ ဆင်တွေဆိုရင် .... မိန်းမတွေဟာ ယဉ်ပါးလိမ္မာလာအောင် ပြုပြင်ပေးနိုင်တဲ့ ချွန်း လေးတွေ ပဲထင်တယ် ။
ဘယ်လောက်ပဲ ဆိုးသွမ်းနေတဲ့ ယောကျာင်္းလေးဖြစ်နေပါစေ .... ပညာရှိမိန်းမ တစ်ယောက်ရဲ့ ထိန်းသိမ်းမှုအောက်ရောက်သွားတဲ့ခါ အလိုလို ယဉ်ပါးလိမ္မာသွားကြတယ် ထင်တယ် .....

0 comments to “တစ်ထောင့်တစ်ည ပုံပြင် ဖြစ်ပေါ်လာပုံ”

Post a Comment