Friday, August 30, 2013

တန်ဘိုးငွေကျပ်(၇၀၂)သိန်းဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

,


နေပြည်တော်၊ သြဂုတ် ၂၉

၂၈-၈-၂၀၁၃ရက်နေ့၊ ၀၆၃၀ အချိန်၊ မုံရွာမူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ကသာ-နဘားကားလမ်း၊ လျှပ်စစ်ရုံးရှေ့တွင် ဆာလာအိတ် ၂ လုံးနှင့်အတူရပ်၍ ကားစောင့်နေသူ ကယားပြည်နယ်၊ ဖရူးဆိုးမြို့နယ်၊ ဟူမိုထိကျေးရွာနေ ယိုအိ(၅၅)နှစ်အား တွေ့ရှိ၍ စစ်ဆေးရှာဖွေခဲ့ရာ အိတ်(၂)အိတ်အတွင်းမှ ဘိန်စိမ်း (၂၃.၄)ကီလို၊ တန်ဘိုးငွေကျပ်(၇၀၂)သိန်းအား ဖမ်းဆီးရမိသဖြင့် ယိုအီအား ကသာမြို့မရဲစခန်း မယ(ပ)၂၂/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

0 comments to “တန်ဘိုးငွေကျပ်(၇၀၂)သိန်းဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ”

Post a Comment