Tuesday, August 27, 2013

“နင်စေရင်”ရုပ်ရှင်ကားကြီးအတွက် ရင်ခုန်နေတဲ့ ၀တ်မှုန်ရွှေရည်

,

Photo

ဒါရိုက်တာဝိုင်း ရိုက်ကူးထားသည့် “နင်စေရင်”ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ထားသော ဇာတ်ရုပ်သည် ပုံမှန်သရုပ်ဆောင်နေကျ ဇာတ်ရုပ်မဟုတ်သောကြောင့် ယင်းရုပ်ရှင်အတွက် ရင်ခုန်နေကြောင်း ၀တ်မှုန်ရွှေရည်ကပြောသည်။
“နင်စေရင်ကို အကြီးကြီးရင်ခုန်တယ်။ အဲဒီလို ဇာတ်ရုပ်မျိုးက ရုပ်ရှင်မှာရော၊ ဗီဒီယိုမှာရော၊ တစ်ခါမှသရုပ်မဆောင်ဖူးဘူး။ ကာရိုက်တာထူးထူးခြားခြားလေးကို သရုပ်ဆောင်ထားတယ်”ဟု အထက်ပါရုပ်ရှင်နှင့်ပတ်သက်၍ ၎င်းကပြောသည်။
ရုပ်ရှင်ဇာတ်ကားအနေဖြင့် ယင်းဇာတ်ကားတွင် ဟဲဗီးဒရမ်မာပုံစံသရုပ်ဆောင်ထားကာ ကာရိုက်တာအနေဖြင့် အကြမ်းများလည်းပါဝင်သောကြောင့် ရုပ်ရှင်ဇာတ်ကားရုံတင်လျှင် ပရိသတ်က သူမ၏ သရုပ်ဆောင်မှုနှင့်ပတ်သက်၍ ဆုံးဖြတ်ပေးနိုင်မည်ဟုထင်ကြောင်း ၎င်းကဆိုသည်။
လတ်တလော အနုပညာလှုပ်ရှားမှုအနေဖြင့်မူ ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်) ရိုက်ကူးသော ဟာသဇာတ်ကားတွင် အောင်ရဲလင်းနှင့် တွဲဖက်သရုပ်ဆောင်နေကြောင်း ၀တ်မှုန်ရွှေရည်ကပြောသည်။
“အဲဒီအထဲမှာ ကစ်က တလွဲတွေပဲဖြစ်တဲ့ ကောင်မလေး၊ ရှပ်ပြာရှပ်ပြာနဲ့”ဟု ၎င်းပါဝင်သရုပ်ဆောင်ရသည့် ဇာတ်ရုပ်အကြောင်းကို ပြောသည်။
၂၀၁၃ ခုနှစ်အတွင်း ရုပ်ရှင်ကားကိုးကားခန့် ရိုက်ကူးထားပြီး ဇာတ်ရုပ်အစုံဖြင့် ပရိသတ်များကို ရသမျိုးစုံပေးနိုင်မည့် ဇာတ်ကားများဖြစ်လိမ့်မည်ဟု ၎င်းကဆိုသည်။
ထို့အပြင် ပရိသတ်များနှင့် ဆက်သွယ်မှုမပြတ်စေရန် ဖေ့စ်ဘွတ်ခ်လည်းသုံးဖြစ်ပြီး ဓာတ်ပုံရိုက်လည်း ၀ါသနာပါသောကြောင့် ကိုယ့်ပုံကိုယ်ရိုက်၊ ကိုယ်တိုင်တည်းဖြတ်ကာ       ဓာတ်ပုံများတင်ဖြစ်ကြောင်း ၀တ်မှုန်ရွှေရည်ကပြောသည်။
“ဖေ့စ်ဘွတ်ခ်က အခုအနောက်ပိုင်း သိပ်မသုံးဖြစ်ဘူး။ အဓိကကတော့ ကိုယ်ဘာလုပ်နေလဲ၊ ဘာကားတွေရိုက်နေလဲ၊ ဘာကြော်ငြာတွေ ရိုက်နေလဲဆိုတဲ့ ကိုယ့်ရဲ့ Update တွေ တင်ပေးတာ” ဟု ၎င်းကပြောသည်။

0 comments to ““နင်စေရင်”ရုပ်ရှင်ကားကြီးအတွက် ရင်ခုန်နေတဲ့ ၀တ်မှုန်ရွှေရည် ”

Post a Comment