Tuesday, August 27, 2013

ပန်းတနော်ဖြစ်စဉ် အမှန်

,

ပန်းတနော်မှာဒီနေ.ဗုဒ္ဓဘာသာနေ. ဖြစ်တဲ့အတွက် (၉၆၉)တရာခွေများကိုဗုဒ္ဓဘာသာ အိမ်အတော်များများ နာကြားကြပါတယ်။အဲဒီလိုနာကြားကြတဲ့အချိန်မှာ ပန်းတနော်မြို. အနောက်ပိုင်းရပ်ကွက် ရေလှည်းလမ်း မှ ဗုဒ္ဓဘာသာအိမ်များလဲပါဝင်ပါတယ်။
( M မီဒီယာ တွင်ဖော်ပြထားသော (၉)ရပ်ကွက်ဆိုတာ မရှိပါ ။ပန်းတနော်တွင် ရပ်ကွက်(၃)ခုသာရှိပါတယ်)
ဒီလိုဖွင့်နေစဉ်မှာပဲ ဗုဒ္ဓဘာသာအိမ်နှင့်နီးသည့် အစ္စလာမ်ဘာသာဝင်မိသားစုအိမ်မှ အစ္စလာမ်ဘာသာဝင်
အောင်နိုင်ဦး(ခ)ကာစင် ၏ ဇနီးဖြစ်သူ နှင်းမီုးခိုင် (ခ)မမွန်းသက် ( မူလ ကရင်လူမျိုး ဗုဒ္ဓဘာသာမှ အစ္စလာမ်ဘာသာသို.ကူးပြောင်းထားသူ) မှ မိမိအင်္ဂါစပ်နှင့် နှိုင်းကာ ++ တရားတွေ ++သီချင်းတွေဆိုပြီး
အော်ဟစ်ပြောဆိုကာကုလားသီချင်းအားဘေးအိမ်များမခံနိုင်အောင်အာင်ဖွင့်ပါတယ်။
(ယင်း အစ္စလာမ်ဘာသာဝင်မိသားစုမှာ ပန်းတနော်နယ်ခံများမဟုတ်ကြပဲ လွန်ခဲ့သည့် ၄ နှစ်ဝန်းကျင်လောက်တွင်ဆင်းဆင်းရဲရဲဖြင့်လာရောက်စီးပွာရှာသူများဖြစ်ပြီး နောင်ရိုးလက္ဘက်ရည်ဆိုင်ရှေ.တွင် နာရီများရောင်းချနေရင်း အဆင်ပြေကာ မြေ၀ယ်အိမ်ဆောက်ခဲ့သူများဖြစ်သည်)
ထို.ကြောင့် နယ်ခံ ဗုဒ္ဓဘာသာများမှ မိမိတို.ဘာသာတရာကို ရိုင်းစိုင်းစွာ မဆဲဆိုရန်ပြောဆိုသည်ကိုလက်မခံပဲ
 ဆက်လက်ရိုင်းစိုင်းနေခြင်းကြောင့် အနီးအနားမှ ဗုဒ္ဓဘာသာအိမ်များကပါ ပါဝင်လာကြပြီး ၀ိုင်းဝန်း အချေအတင်ပြောဆိုနေစဉ် ပန်းတနော်မြို.နယ်ရဲတပ်ဖွဲ.၀င်များ ရပ်ကွက်ကောင်စီဝင်များ အရန်မီးသတ်သတ်ဖွဲ.၀င်များ ပန်းတနော်မြို. အစ္စလာမ်ဘာသာဝင် ဗလီဂေါပကများဖြစ်သော ကိုဝင်းနိုင် /ကိုရဲမြင့် စသည့် လူကြီးများရောက်ရှိလာကြပြီး ထိုကဲ့သို. မပြုမူရန်နှင့် ပန်းတနော်မြို.တွင် ဘာသာဝင်များ အေးချမ်းစွာအတူရှိလာကြတာကြာပြီဖြစ်ကြောင်း ယင်းသို.ဖြစ်ရပ်များကို ပန်းတနော် မြို.ခံ အစ္စလာမ်ဘာသာဝင်များမှလဲလက်မခံကြောင်း ယင်းမိသားစုများအား ပန်းတနော်တွင် ဆက်လက်ထားရှိပါက မြို.ခံ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား စိတ်ဝမ်းကွဲမှု.နှင့်အတူမလိုလားအပ်သည့် ပဋိက္ခများမဖြစ်ပွားစေရန် ပန်းတနော်မြို. အစ္စလာမ်ဘာသာ ဗလီ ဂေါပက ကိုဝင်းနိုင် /ကိုရဲမြင့်နှင့် မော်လ၀ီဆရာ တို.မှ ယင်းမိသားစုကို ပန်းတနော်မြို.မှ ထွက်သွားစေရန် ပြောဆိုခဲ့ပြီး သက်ဆိုင်ရာများနှင့်ညှိနှိုင်းကာ ယင်းတို.နေထိုင်ခဲ့သည့်အိမ်ကို ဖြိုချခဲ့ပါတယ်။ ( အိမ်အားဖြိုချစဉ်တွင် အစ္စလာမ်ဘာသာဝင်များသာဖြစ်ပါတယ်) ဗုဒ္ဓဘာသာဝင်များ၏ တောင်းဆိုချက်ကြောင့် ဖြိုချခဲ့သည်မဟုတ်ပဲ ဗလီဂေါပက လူကြီးများ၏တောင်းဆိုမှု. တာဝန်ရှိသူများ၏ ညွှန်ကြားချက်ကြောင့်သာဖြစ်သည်။

လက်ရှိအခြေအနေသည်အေးချမ်းစွာတည်ရှိနေပြီဖြစ်သည်။

(အထက်ပါအချက်အလက်များအား အခင်းဖြစ်ပွားရာရပ်ကွက်မှ ပန်းတနော်မြို.ခံ များနှင့် တာဝန်ရှိသူအချို. တို.မှ ရရှိသော သတင်းအချက်အလက်များဖြစ်သည်)ပန်းတနော်မှာ အိမ်ခြေ ( 3000 ) ထက်မနည်းရှိတယ်
ပန်းတနော်မှာ ရပ်ကွက် (၃)ခုပဲရှိတယ် ( ၉ရပ်ကွက်ဆိုတာမရှိဘူးပန်းတနော်မှာ ဘုရင့်နောင် လမ်း အနောက်ပိုင်းရပ်ကွက် မှာအစ္စလာမ်ဘာသာဝင်တွေအိမ်ခြေ (၃၀၀) မပြည့်ပါ ဗလီအနီးဝန်းကျင်တွင် အနေများပါတယ်။မြို.မှာ ဗလီ တစ်လုံးပဲရှိတယ် အာရဗီစာသင်ကျောင်းကတော့ ဗလီနဲ.ကပ်ရပ်မှာ ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။ပန်းတနော်မှာ အစ္စလာမ်ဘာသာဝင် တကယ့် ဆိုင်ကြီးတွေ ရှိပါတယ် (ပြောပြရမလား ဆိုင်နာမည်တွေ) လက်လုပ်လက်စားနည်းပါတယ် ။ လယ်သမားနည်းပါတယ် အရောင်းအ၀ယ်သမားများပါတယ်။ အစိုးရ၀န်ထမ်းလဲအနည်းငယ်ရှိပါတယ် ။

(ဝေမင်း)

0 comments to “ပန်းတနော်ဖြစ်စဉ် အမှန်”

Post a Comment