Monday, August 26, 2013

ပခုက္ကူမှာ ပြန့်နေတဲ့ NLD အကြောင်း လက်ကမ်းစာစောင်

,

ဗျို့
ME 
မကွေးတိုင်းဒေသကြီး ပခုက္ကူမှာမနေ့က““ဒေါ်အောင်ဆန်းစုကြည် nld နှင့် ကျွန်ုပ်တို့၏အနာဂတ်များ””
ခေါင်းစဉ်နဲ့ လက်ကမ်းစာစောင်တွေကို သံဃာတော်တွေနဲ့လူငယ်တစ်ချို့က လိုက်လံဖြန့်ဝေနေတဲ့သတင်း ရြ့ပီးပြီလား။ကျွန်တော့်ဆီမှာ အေဖိုးဆိုဒ်သုံးရွက် လက်ခံရရှိထားတယ်ဗျ။အကျဉ်းချုပ်လေး နည်းနည်းပြောပြမယ်ဗျာ။စာစောင်မှာဖော်ပြထားတာက-““ ဒေါ်စု သမ္မတဖြစ်ချင်တယ်လို့ ပြောတဲ့အခါ အများနည်းတူသံဃာတွေကလည်းလိုလားထောက်ခံခဲ့ကြောင်း၊ဒေါ်စုနဲ့nldအပေါ်သံဃာတွေဘယ်လောက်
ထောက်ခံခဲ့တယ်ဆိုတာကိုရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေ အသက်စတေးခဲ့ရတာ သာဓကဖြစ်ကြောင်း၊ခုချိန်မှာတော့ဒေါ်စု ဦးဆောင်တဲ့ nld နဲ့ သံဃာတွေဟာပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေရကြောင်း၊ဒါဟာ ဒေါ်စုကြောင့်ဖြစ်ကြောင်း၊ဆရာတော် ဦးဝီရသူက တရားပွဲမှာ ခွပ်ဒေါင်းကနေ မွတ်ဒေါင်းဖြစ်သွားပြီလို့ ဟောလိုက်တဲ့အခါအစ္စာလမ်နဲ့မူဆလင်တွေ လွှမ်းမိုးနေတဲ့မိမိပါတီကို မပြုပြင်ဘဲ ဦးဝီရသူကိုသာမကသံဃာထုကိုပါ ရန်သူကြီးသဖွယ်nld ပါတီဝင်တွေကတိုက်ခိုက်ကြကြောင်း၊မှော်ဘီသံဃာ့အစည်းအဝေးမှာဦးဝီရသူတင်သွင်းတဲ့အမျိုးစောင့်ဥပဒေ
နဲ့ပတ်သက်ပြိးအမျိုးသမီးထုရဲ့ထင်မြင်ယူဆချက်ကိုမီဒီယာတွေက မေးမြန်းတဲ့အခါဒေါ်ဇီးကွက်၊ ဒေါ်ဇင်မာ
အောင်နဲ့ ဒေါ်စု တို့ကလူ့အခွင့်အရေးချိုးဖောက်မှုလို့တညီတညွတ်တည်း ကန့်ကွက်ခဲ့မှု၊nld က ခွန်ဒီးယက် ခေါ် မေဇင်အေးရဲ့ဗုဒ္ဒဘာသာအပေါ် တိုက်ခိုက်မှုတွေကြောင့်တိုက်ပွဲအရှိန် ပိုမြင့်တက်လာခဲ့ကြောင်း။ဒေါ်စုအနေနဲ့ အခုထိသံဃာတော်တွေနဲ့ဗုဒ္ဒဘာသာဝင်တွေ
အပေါ်
အကာအကွယ်ပေးတဲ့စကား လုံးဝမပြောပဲမူဆလင်နဲ့ အစ္စလာမ်ကိုသာ အကာအကွယ်ပေးနေကြောင်း၊Time မဂ္ဂဇင်းမှာ ဖော်ပြတဲ့ The Face Of Buddhist Terrorဆောင်းပါးနဲ့ပတ်သက်ပြီး သမ္မတရုံး အပါအ၀င်မြန်မာမီဒီယာများက မဂ္ဂဇင်းကို ကန့်ကွက်ချိန်မှာ
ဒေါ်စုအနေနဲ့ ဗုဒ္ဒဘာသာဘက်ကကာကွယ်ပေးဖို့ပျက်ကွက်ရုံမက သူ့ပါတီဝင်တွေကပါ Time မဂ္ဂဇင်းကိုကန့်ကွက်တဲ့Campain ကိုတောင် ရှုတ်ချခဲ့ကြကြောင်း၊ဒါ့အပြင်ဒေါ်စုနဲ့ OIC ဆက်သွယ်မှုရှိပြီး
OIC ရုံးခွဲ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခွင့်ကိုသမ္မတဦးသိန်းစိန် လက်ထက်မှာ မရပေမယ့်2015 မှာ ဒေါ်စု က ကျိန်းသေပေါက် ခွင့်ပြုပေးမှာဖြစ်ကြောင်း၊OIC ဟာ ဘင်္ဂါလီနဲ့ အစ္စလာမ်အကျိုးစီးပွားသက်သက်သာ
ဖြစ်ပြီးမြန်မာလူမျိုးတွေအတွက်
လုံးဝမဟုတ်ကြောင်း၊1982ခုနှစ် နိုင်ငံသားဥပဒေကို ပြင်မယ်ဆိုတာကလည်းဘင်္ဂါလီတွေ၊အစ္စလာမ်တွေအတွက်သာဖြစ်ကြောင်း၊အမျိုးဘာသာသာသနာအကျိုးစီးပွားအာမခံချက်မပေးနိုင်
ရင်
နိုဘယ်ဆုတွေဘယ်လောက်ရရဒေါ်စုသမ္မတမဖြစ်သင့်ကြောင်း၊အစ္စလာမ်လွှမ်းမိုးမယ့်ဒီမိုကရေစီနိုင်ငံအစားဗုဒ္ဒဘာသာလွှမ်းမိုးတဲ့အာဏာရှင်နိုင်ငံကိုပဲပြန်သွားမယ်လို့တောင်ပြောဆိုနေကြကြောင်း၊ပြည်သူတွေက တိုက်ရိုက်ရွေးချယ်ခွင့်ရှိတာမို့အရွေးမမှားဖို့လိုကြောင်း၊အရွေးမှားရင် ပြည်သူတွေသာမကပြည်သူတွေကိုးကွယ်
တဲ့ရဟန်းသံဃာတွေပါ
ဒီဆိုးကျိုးကိုခံစားရမှာဖြစ်ကြောင်း၊အမျိုးဘာသာသာသနာအကျိုးစီးပွားကိုအာမခံနိုင်မယ့်
ခေါင်းဆောင်(သမ္မတ)ကို
ရွေးချယ်ပေးကြဖို့တိုက်တွန်းလိုကြောင်း””ဖော်ပြထားပါတယ်ခင်ဗျ။အောက်နားမှာပါတော့
2015 မှာ ဒေါ်စုသမ္မတဖြစ်လို့ OIC ရုံးခွဲခွင့်ပြုတာနဲ့
နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ဆိုးကျိုးများ၊မျိုးစောင့်ဥပဒေနဲ့ပတ်သက်တဲ့ အချက်အလက်များဖော်ပြထားပါတယ်။


( လုလင်- ပြောသည် )
မှတ်ချက်။ လိုအပ်သလို အသုံးပြုနိုင်ပါတယ်

0 comments to “ပခုက္ကူမှာ ပြန့်နေတဲ့ NLD အကြောင်း လက်ကမ်းစာစောင်”

Post a Comment