Friday, August 30, 2013

မြန်မာနှင့် ဘင်္ဂလာတို့ လေကြောင်းပျံသန်းရေး သဘောတူညီချက် လက်မှတ်ရေးထိုး

,


(နိရဉ္စရာ- ၃၀ သြဂတ်စ် ၂၀၁၃)

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့သည် နိုင်ငံ (၂) ခုအကြား လေကြောင်း ပျံသန်းရေးအတွက် ယမန်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

၎င်းလက်မှတ်ထိုးပွဲအား ဘင်္ဂလာဒေခ်ျ့ နိုင်ငံ မြို့တော် ဒက္ကားတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဘက်မှ လေကြောင်း ဆိုင်ရာ ဒု-ညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်း တက်ရောက် လက်မှတ်ရေးထိုးခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ဘက်မှ လေကြာင်းဆိုင်ရာ ဥက္ကဌ မူဟာမတ် ဟူစိန် မှ တက်ရောက် လက်မှတ်ထိုးခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ဘင်္ဂလာဒေခ်ျ့ လေကြောင်းဝန်ကြီး ဖာရုဒ်ခန် အပါအ၀င် နှစ်ဘက်နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသူ ဘင်္ဂလာဒေခ်ျ့ လေကြောင်းဝန်ကြီး ဖာရုဒ်ခန်က ယခု လက်မှတ်ရေးထိုးလိုက်သော သဘောတူညီချက်အရ မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ခရီးသည်နှင် ကုန်တင် လေယာဉ်များ အနေဖြင့် ပြေးဆွဲ ပျံသန်းနိုင်ကြတော့မည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ပိုင် ဘီမန် လေကြောင်းအနေဖြင့် ရန်ကုန်-ဒက္ကားလေကြောင်းကို ယခုနှစ် နိုဝင်္ဘာလ တွင် နောက်ဆုံး (သို့မဟုတ်) ဒီဇင်္ဘာလ အတွင်း စတင် ပြေးဆွဲနိုင်တော့မည်ဟု ဆိုသည်။

နိုင်ငံ (၂) ခု အကြား လေကြောင်းလိုင်းများ တိုးချဲ့ ပျံသန်းခြင်းအားဖြင့် ခရီးသွား လုပ်ငန်းကို တိုးတက်စေမည် ဖြစ်သလို ကုန်သွယ်ရေးကိုလည်း တိုးမြှင့်စေမည်ဟု လက်မှတ်ရေးထိုးပွဲတွင် ၀န်ကြီး ဖာရုဒ်ခန်က ပြောဆိုသည်။

မြန်မာကိုယ်စားလှယ် ဦးဝင်းရွှေထွန်းမှလည်း လေကြောင်းလိုင်းများ ဖွင့်လှစ် ပျံသန်းခြင်းဖြင့် ကုန်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်းကို တိုးတက်စေမည်ဟု ဆိုသည်။

၎င်းပြင် မြန်မာလေကြောင်းလိုင်းများအားလည်း ရန်ကုန်နှင့် ဒက္ကားအကြား ပြေးဆွဲ ပျံသန်းနိုင်ရန် ဆွေးနွေးသွားမည်ဟု ဆိုသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ယခင်က ဘီမန် လေကြောင်းလိုင်းမှ တိုက်ရိုက်ပျံသန်းမူ ရှိခဲ့သော်လည်း အရှုံးပေါ်သဖြင့် ၂၀၀၇ ခုနှစ်တွင် ရပ်နားခဲ့ရသည်။

လက်မှတ်ရေးထိုးပွဲ အခမ်းအနား ( ဓါတ်ပုံ- Newage)

0 comments to “မြန်မာနှင့် ဘင်္ဂလာတို့ လေကြောင်းပျံသန်းရေး သဘောတူညီချက် လက်မှတ်ရေးထိုး”

Post a Comment