Tuesday, August 27, 2013

တို့ချစ်တဲ့ ကလေးတွေ

,

တို့ချစ်တဲ့ ကလေးတွေ''We are the world, we are the children, we are the ones who make a brighter day'' "တို့ဟာ ကမ္ဘာ မြေ၊တို့ဟာ ကလေးတွေ တို့ဟာ တောက်ပတဲ့ နေ့တွေကို ဖန် တီးမယ့်သူတေ" ဆိုတဲ့ သီချင်းစာ သားတွေ မိုက်ကယ်ဂျက်ဆင်ရဲ့ နှုတ် ဖျားက ထွက်ကျလာခဲ့တာ ကျွန်မတို့ အားလုံး ကြားဖူးကြပါ တယ်။ ကျွန်မတို့ တော်တော် များများက လည်း ကြိုက်နှစ် သက်ခဲ့ကြ ပါတယ်။ ဒါပေမဲ့ ဒီသီချင်း စာသားတွေရဲ့ အနက် အဓိပ္ပာယ်ကို (အင်္ဂလိပ်လို နား ထောင်နိုင်တာတောင်)ကျွန်မ တို့ ဘယ်လောက် အတိုင်း အတာထိ နားလည်ခဲ့ပါသလဲ။ ဒီနိုင်ငံရဲ့ အနာဂတ်ဟာ ကျွန်မ တို့ပါ။ ကလေးတွေပါ။ ဒီနိုင်ငံ မှာတင် မကပါဘူး။
ကမ္ဘာမြေ ပေါ်မှာ ဘယ်နိုင်ငံမှာ မဆို ကလေး တွေဟာ အနာဂတ်ကို ဖန်တီး မယ့်သူတွေပါ။ ကိုယ့်ပတ်ဝန်း ကျင်မှာ ကလေးတွေ ဆင်းရဲ ဒုက္ခရောက်နေရင်၊ တောင်းစား နေရရင်၊ လူကုန် ကူးခံနေရရင်၊ ပညာမသင် ရရင်၊ သိပ်ဆိုး သွမ်း နေကြရင် ကိုယ်နဲ့ မဆိုင်ဘူးလို့ သဘော မထားပါနဲ့။ ဒါဟာ အဲဒီနိုင်ငံရဲ့ အနာဂတ်ကို ပြော ပြနေတဲ့ ရှေ့ပြေး နိမိတ်တွေပါ ပဲ။တစ်နေ့ ဒီနိုင်ငံကို ဒီကလေး တွေရဲ့ လက်ထဲကို ထည့်ချင်ချင်၊ မထည့်ချင်ချင်၊ ထည့်ပေး ခဲ့ရမှာပါ။
We are the ones who can make the world better place တို့ဟာ ကမ္ဘာမြေကြီးကို ပိုကောင်း အောင် လုပ်ပေးမယ့် သူတွေလို့ မိုက်ကယ်ဂျက်ဆင်က ဆက်ဆိုပါသေးတယ်။ ဒါကြောင့် ပိုကောင်းတဲ့ ကမ္ဘာမြေဖြစ်ဖို့ ကျွန်မတို့ သင်ယူ လေ့လာခွင့်ရဖို့ လိုပါတယ်။ ကျွန်မတို့ရဲ့ လူကြီး တွေကပိုကောင်းအောင် မပြောင်း လဲပေးနိုင်ခဲ့တဲ့ ကမ္ဘာမြေကို ဆန္ဒသာကြီးမားမယ်ဆိုရင် ကျွန်မ တို့ ဒီ့ထက်ကောင်းအောင် ပြောင်း လဲပေးနိုင်မှာပါ။
ဒါပေမဲ့ ဒီနေ့ ကျွန်မတို့ ရောက် ရှိနေတဲ့အ ခြေအနေကို နားလည်ဖို့ ဆိုရင် ရှေးရှေးက အခြေအနေတွေကို နည်းနည်း ပြန်ပြောရပါလိမ့်မယ်။
လူသားမျိုးနွယ်အတွက် 'ကလေးငယ်' တွေဟာ တန်ဖိုး ကြီးမားလှတဲ့ ရတနာတွေပါ။ ဒါကြောင့် သားသမီးရတနာလို့ ဆိုကြပါတယ်။ ကလေးကို လက် လွှတ်နိုင်တဲ့အချိန်ထိ သားသည် အမေတွေကို ဆွေမျိုးတွေနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ဝိုင်းဝန်း ကူညီကြပါတယ်။ ဖခင် တွေက သားသည်မိခင်ရဲ့ မီးနေထဘီကို လျှော်ပေးကြပါ တယ်။ ရှေးကျတဲ့ တိုင်းရင်းသား လူမျိုးနွယ်စုတွေဆီမှာဆို ကလေး ငယ်တစ်ဦးမွေးဖွားပြီဆို တာနဲ့ ဆိတ်တစ်ကောင်သို့မဟုတ် ကြက်တစ်ကောင်ကို သမ္မာဒေဝ တောေ စာင့်နတ်၊ တောင်စောင့် နတ် တွေဆီ ယစ်ပူဇော်ပါတယ်။
ကလေးငယ် ကြီးပြင်းလာ တာနဲ့အမျှ ယောက်ျားလေးဆို ရင်လည်း ဖခင်ရဲ့ နောက်ကို တစ်ကောက်ကောက် လိုက်ရင်း သင်ယူ၊ မိန်းကလေး ဆိုရင်လည်း မိခင်နဲ့ အတူ မီးဖိုချောင်ကိစ္စနဲ့ လယ်ယာလုပ်ငန်းတွေကို လေ့ လာရင်း သဘာဝအတိုင်း အလို အလျောက်သင်ယူ တတ်မြောက် လာခဲ့ကြ ပါတယ်။ ယဉ်ကျေးမှု ဆိုတာကိုလည်း အထူးတလည် သင်ခန်းစာတွေနဲ့ ပို့ချနေစရာ မလိုဘဲ မိဘတွေလုပ်သမျှ လိုက်လုပ်ရင်း ကျွမ်းကျင် တတ် မြောက်ခဲ့ကြပါတယ်။ ထို အချိန်ထိ အမျိုးသမီး များဟာ အနာဂတ် အတွက် လူသားမျိုး နွယ်အတွက် အိမ်မှာ ကလေး တွေကို ထိန်းသိမ်းေ စာင့်ရှောက် ရတဲ့ လုပ်ငန်းဟာ အခြေခံကျပြီး အရေးကြီးကြောင်း လက်ခံကြ ပါတယ်။ အခု လို ကလေးငယ်များကို အနီးကပ် စောင့်ရှောက်နိုင် တဲ့အတွက် ကလေးငယ်တွေ ဟာ ပိုပြီး နာခံတတ်ကြပါ တယ်။ငိုပြီး အပြစ်ကင်းကြပါ တယ်။ ပိုပြီး ကလေးပီသခဲ့ကြပါ တယ်။ သူတို့ကို ဝန်ထုပ်ဝန်ပိုးလို့ မည်သူကမျှ မမြင်ကြပါဘူး။
ဒီနေ့ခေတ်သစ် ကာလကြီးကို ရောက်လာပါပြီ။ လူသား အားလုံး ဟာ ငွေနောက်ကိုပဲ လိုက်နေကြပါတယ်။ ငွေထက် ဘာကမှ ပိုပြီးအရေး မကြီး ပါဘူး။ သားသမီးတွေထက် လည်းငွေက ပိုအရေးကြီးလာပါ တယ်။ မိဘတွေဟာ မိုးလင်း တာနဲ့ အိမ်က ထွက်သွားလိုက် တာ ညမိုးကြီးချုပ်မှပဲ အိမ်ပြန် ရောက်ကြပါတော့ တယ်။ ဒီနေ့ ခေတ်သစ်လူ့အဖွဲ့အစည်းပုံစံ ကလည်း မိဘများနဲ့ သားသမီး များကို အတူတကွနေခွင့် သိပ်မပေးတော့ ပါဘူး။ ကိုယ့် သားသမီးတွေကို အချိန်ဘယ် လောက်ပေးနိုင်သလဲလို့ မိဘ တွေကို မေးကြည့်ကြပါ။ Feminist ဣတ္ထိယဝါဒီတွေ ကလည်း အမျိုးသ မီးတစ်ဦးရဲ့ တည်နေရာကို ငြင်းခုန် နေကြ ပါတယ်။
ဒါဆို ဒီနေ့ ကလေး ငယ်တွေကို ဘယ်သူတွေက စောင့်ရှောက်ကြမှာလဲ။ စီးပွား ရေး အဆင်မပြေတဲ့မိဘတွေ၊ အေ့ဒ်စ်ရောဂါလို ရောဂါတွေ ကြောင့် သေဆုံးသွားတဲ့ မိဘ တွေ၊ နိုင်ငံရေး၊ လူမျိုးရေး ပဋိပက္ခတွေကြောင့် သေဆုံး သွားတဲ့ မိဘတွေရဲ့ သားသမီး ကလေးငယ်တွေကို ဘယ်လို စောင့်ရှောက် ကြမှာလဲ။ အမျိုးသမီးတွေကို ပညာသင်ပေးတာဟာ တိုင်း ပြည်ကို ပညာသင်ေ ပးတာလို့ ဆိုရိုးစကားတစ်ခု ရှိခဲ့ပါ တယ်။ ခေတ်ဟောင်းက အမျိုး သမီး တွေဟာ ဒီနေ့ခေတ်အမျိုး သမီးတွေ လောက် ပညာမတတ် ကြပေမယ့် ကလေးငယ်တွေကို ပိုမိုစောင့်ရှောက်နိုင်ခဲ့ကြပါ တယ်။ ယနေ့ခေတ် မိခင်များ က မိမိတို့ရဲ့ သားသမီးတွေကို ကလေးထိန်းတွေ ရဲ့လက်ထဲကို ထိုး အပ်နေကြရပါတယ်။
ကလေးငယ်တွေကို ပြုစုထိန်းကျောင်းနိုင်ဖို့ အလွန် ခက်ခဲလာတဲ့ အတွက် လူတစ်ဦး ချင်းစီရဲ့ဘဝ၊ မိသားစု၊ နိုင်ငံ တစ်ခု၊ နောက်ဆုံး ကမ္ဘာကြီး တစ်ခုလုံး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဖြစ်အောင်ဆိုတဲ့ 'We are the world' (တို့ဟာကမ္ဘာမြေ) သီချင်းရဲ့ ရည်မှန်းချက်တွေဟာ လည်း ဝေဝါးနေပါတော့တယ်။
ဒီကမ္ဘာမြေရဲ့အနာဂတ် ပိုမို ကောင်းမွန်ဖို့အတွက် ကလေးငယ် တွေ ကို ပိုမိုစောင့် ရှောက်နိုင်ဖို့ နည်းလမ်းရှာဖွေ ကြပါစို့။ 
ဂီဂီ

0 comments to “တို့ချစ်တဲ့ ကလေးတွေ ”

Post a Comment