Friday, August 30, 2013

"ကမ္ဘာ့ဘဏ် ချေးငွေ ဒေါ်လာ သန်း ၂၆၀ ကျော် လွှတ်တော် အတည်ပြု"

,


ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန ၄ ခုက ကမ္ဘာဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော် ချေးယူဖို့အတွက် ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။

ကမ္ဘာဘဏ်ကနေ ချေးယူမယ့် အဲဒီ ဒေါ်လာ သန်း၂၆၀ ကျော်ကို ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာနနဲ့ ဘဏ္ဍာရေး ၀န်ကြီးဌာန တွေက ခွဲဝေ သုံးစွဲကြမှာ ဖြစ်တယ်လို့ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက ရှင်းလင်းခဲ့ပါတယ်

ရရှိမယ့်ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၄၀ နဲ့ သထုံမြို့မှာ ဓာတ်အားပေး စက်ရုံ စီမံကိန်း ဆောက်လုပ် သွားမှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုးက ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။

မြန်မာ အစိုးရအနေနဲ့ ကမ္ဘာဘဏ်က ချေးယူမယ့် ဒေါ်လာသန်း ၂၆၀ ကျော်ကို နှစ်ပေါင်း ၄၀ အတွင်း အပြီး ပြန်ဆပ်ရမှာဖြစ်ပေမယ့် ပထမ ၁၀ နှစ်အတွင်း ပြန်ဆပ်စရာမလိုသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ချေးငွေတွေကို ကမ္ဘာဘဏ်က အတိုးနှုန်းမယူပဲ ၀န်ဆောင်ခ အနေနဲ့သာ တစ်နှစ်ကို ၀.၇၅ ရာခိုင်နှုန်း ပေးသွင်းရမှာ ဖြစ်ပါတယ်။

(RFA)

0 comments to “"ကမ္ဘာ့ဘဏ် ချေးငွေ ဒေါ်လာ သန်း ၂၆၀ ကျော် လွှတ်တော် အတည်ပြု"”

Post a Comment