Saturday, August 31, 2013

မွတ်စလင်တွေကိုတရားပြသွားတဲ့ရုပ်ရှင်

,

နိဒါန်း
ကျမက ဇာတ်ကားတွေ အကြည့်နည်းပါတယ်။ ဒီကနေ့တော့ မိတ်ဆွေတစ်ယောက်က ''အရမ်းကောင်းတယ်'' ဆိုပြီး ဇာတ်ကားခွေတစ်ခွေ ပေးပါတယ်။ ဇာတ်ကားနာမည်တော့ မှတ်မထားမိဘူး။ ကြည့်တော့ ကြည့်ပြီးသွားပြီ။ တချို့လည်း ကြည့်ပြီးလိမ့်မယ်လို့ထင်ပါတယ်။အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့က အထင်ကရနေရာတွေကို မွတ်စလင်သေနတ်သမားတွေ ရောက်လာပြီး အပြစ်မဲ့ပြည်သူ အများကြီးကိုပစ်ခတ်သတ်ဖြတ်သွားတဲ့ အဖြစ်အပျက်ကို ရိုက်ပြတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားပါ။ ကြည့်နေရင်းက အနုပညာဖန်တီးမှုတစ်ခုကိုကြည့်ရှုနေရတယ်လို့ မထင်ရဘူး။ တကယ့် အဖြစ်အပျက်ကြီးတစ်ခုကို အပေါ်စီးက ကြည့်နေရသလို ခံစားရပါတယ်။

ဇာတ်လမ်းအကျဉ်း
အိန္ဒိယပင်လယ်ပြင်မှာ ဟိန္ဒူငါးသဖမ်းသမားတွေ ငါးဖမ်းနေပါတယ်။ တစ်ယောက်က ပါကစ္စတန်ရေပိုင်နက်ထဲကို ရောက်လာပြီဖြစ်လို့အန္တရာယ်များကြောင်း၊ ပြန်သင့်ကြောင်း ပြောပါတယ်။ သူတို့ ချက်ချင်း မပြန်ကြဘဲ ရှေ့ဆက်ခဲ့မိပါတယ်။ အဲဒီအချက်က မွန်ဘိုင်းမြို့ကြီးတစ်ခုလုံး တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ နေ့ရက်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတာပါပဲ။ နောဆုံးတော့ သူတို့လှေကို ဖမ်းဆီး၊ လူကိုသတ်ဖြတ်ပြီး အိန္ဒိယနိုင်ငံအတွင်းကို အစ္စလာမ်မစ်စစ်သွေးကြွ လူငယ်တွေ ရောက်သွားခဲ့တော့တယ်။


သူတို့ ပထမဆုံး တိုက်ခိုက်တာကတော့ ရီုလီပေါ့လို့ခေါ်တဲ့ ကော်ဖီဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ အထင်ကရ နေရာတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ အောက်ကဓာတ်ပုံက တိုက်ခိုက်မခံရမီ မီနစ်ပိုင်း အလိုကာလပုံရိပ်ဖြစ်ပါတယ်။ ကော်ဖီသောက်သုံးသူလာရောက်အနားယူသူ လူပေါင်းများစွာကို သေနတ်သမားနှစ်ဦးက အေးအေဆေးဆေး ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့ မြင်ကွင်းက ဇာတ်ကားတစ်ကား ကြည့်နေရတယ်လို့ မထင်လောက်အောင်ပါပဲရှင်။
ဒုတိယမြောက်အနေနဲ့ သူတို့ တိုက်ခိုက်တဲ့နေရာကတော့ ''တက်ရှ်'' လို့ခေါ်တဲ့ ဟိုတယ်တစ်ခု ဖြစ်ပါတယ်။ ဒီဟိုတယ်ကတော့ အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင်တွေကိုတင် မဟုတ်ဘဲ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကိုပါ စွဲဆောင်နိုင်တဲ့ အထင်ကရနေရာတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီဟိုတယ်မှာတော့ သူတို့အဖွဲ့ထဲက သေနတ်သမား(၃)ယောက် လာရောက် ပစ်ခတ်ပြီး ကမ္ဘာလှည့်ခရီးသည်တွေ ဟိုတယ်ဝန်ထမ်းတွေ လုံခြုံရေးရဲတွေ အိန္ဒိယပြည်သူပြည်သား ကလေးနဲ့ ကလေးမိခင်တွေပါမကျန် သတ်ဖြတ်သွားပါတယ်။အောက်မှာပြထားတဲ့ ပုံတွေကတော့ မိခင်သေလို့ ငိုကြွေးနေတဲ့ ကလေးနဲ့ အဲဒီကလေးကို ကယ်တင်ဖို့ ကြိုးစားနေတဲ့ ဟိုတယ်ဝန်ထမ်းအမျိုးသမီးကလေးရယ်၊ ပြီးတော့ သူ့အလောင်းရယ် ဖြစ်ပါတယ်။ အဲဒီဇာတ်ဝင်ခန်းမှာ စိတ်အထိခိုက်ရဆုံး ပြကွက်ကတော့ကလေးရဲ့ ငိုသံပါပဲ။ မိခင်ရဲ့ အလောင်းကို ကြေကွဲဝမ်းနည်းစွာ ကြည့်ပြီး တီတီတာတာ ငိုကြွေးနေတဲ့ ကလေးရဲ့ အသံဟာတော့သေနတ်တစ်ချက်ဖောက်သံနဲ့အတူ တိတ်ဆိတ်ပျောက်ကွယ်သွားခဲ့ပါတယ်။




ဒီအခြေအနေတွေကို ကြားသိရတဲ့ အစိုးရပိုင်းမှာတော့ အလွန်အမင်း ဦးနှောက်ပျက်စရာ အဖြစ်တွေနဲ့ ကြုံနေရပါပြီ။ နေ့စဉ်သွားလာလှုပ်ရှားနေကြတဲ့ ပြည်သူတွေမှာလည်း ကြောက်စိတ်တွေ၊ သောကတွေနဲ့ပါ။ဒီလို အခြေအနေမှာပဲ မွတ်စလင်သေနတ်သမားတွေဟာ ဘူတာရုံကို ဆက်လက် တိုက်ခိုက်ပါတယ်။ အောက်မှာ ပြသထားတဲ့ဓာတ်ပုံတွေကတော့ ဗုံးခွဲတိုက်ခိုက်မခံရခင် ဘူတာရုံမြင်ကွင်းနဲ့ မွတ်စလင်အကြမ်းဖက်သမားရဲ့ လက်ထဲ ဗုံးကို တုန်လှုပ်စွာကြည့်ငေးနေတဲ့ ဟိန္ဒူကလေးတစ်ယောက်ရဲ့ ပုံဖြစ်ပါတယ်။ အဲဒီဘူတာရုံမှာလည်း လူပေါင်း အများကြီး သေကြေပျက်စီးခဲ့ရပါတယ်။


မွတ်စလင်သေနတ်သမားတွေဟာ ဒီလောက်နဲ့တွင် မရပ်နားခဲ့ပါဘူး။ သူတို့မှာ အလ္လာဟ်အတွက် ပေးဆပ်နေရတယ်ဆိုတဲ့အသိက ရာနှုန်းပြည့် လွှမ်းမိုးခံနေရပါပြီ။ ထိန်းချုပ်ဖို့ ခက်ခဲ့တဲ့ အခြေအနေကို ရောက်သွားပြီ။ အခုတစ်ခါ ပစ်မှတ်ထား တိုက်ခိုက်လိုက်တဲ့ နေရာကတော့ ''ကာမာ'' လို့ခေါ်တဲ့ ဆေးရုံတစ်ရုံ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကော်ဖီဆိုင်နဲ့ ဟိုတယ်မှာ ပစ်ခတ်ခံရတဲ့လူနာတွေဟာ ဒီဆေးရုံကို ရောက်ကြမှာပဲ၊ ဆေးရုံကိုလည်း ကြောက်လန့်နေစေရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ တိုက်ခိုက်တာ ဖြစ်ပါတယ်။ လမ်းခုလတ် ဆေးရုံအောက်ခြေတစ်နေရာရဲ့ အဖီမှာ နေတဲ့ ကလေးဖခင်တစ်ယောက်ကို သတ်ဖြတ်ပစ်ပါသေးတယ်။အဲဒီ အမျိုးသားဆိုရင် သူတို့ရေသောက်ချင်တယ်ဆိုလို ရေနှစ်ခွက်တောင် တိုက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရေသောက်အပြီးမှာတော့ ရက်ရက်စက်စက် သတ်ဖြတ်ခံရပြန်ပါတယ်။ဆေးရုံကို တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ သူတို့ ပါကစ္စတန် ပြန်ဖို့ လုပ်ပါတယ်။ ဒါပေမယ့် သူတို့အကြံစီ မအောင်မြင်ခဲ့ပါဘူး။လမ်းမှာ ဖမ်းမိပါတယ်။ မဖမ်းခင် စခန်းမှူးလို့ ထင်ရတဲ့ ရဲကြီးတစ်ယောက်ကို သတ်ဖြစ်အောင် သတ်လိုက်ပါသေးတယ်။နှစ်ယောက်မှာ တစ်ယောက်ကတော့ သေသွားပါတယ်။ တစ်ယောက်ကိုသာ အရှင်ဖမ်းမိတာ ဖြစ်ပါတယ်။ သူ့ကို ရဲချုပ်က စစ်ဆေးပါတယ်။ သူ့ကို စစ်ဆေးတယ်ဆိုတာထက် သူ့နောက်က ကြိုးကိုင်နေတဲ့ ခေါင်းဆောင်ကို မေးမြန်းပါတယ်။ သူကလည်း အကုန်အစင် ပြောပြတယ်။ ပြီးတော့ ဂျီဟဒ်စစ်ပွဲရဲ့ မွန်မြတ်ပုံ၊ ကိုရမ်ကျမ်းရဲ့ ညွန်ကြားချက်တွေက ကောင်းကင်ဘုံကို ရောက်နိုင်ပုံသူတို့လုပ်ရပ်ကို ဘုရားသခင် နှစ်သက်ပုံ စတာတွေကို ပြောပြပါသေးတယ်။ အောက်က ပုံတွေကတော့ အဲဒီဇာတ်ဝင်ခန်းရဲ့ ပုံတွေဖြစ်ပါတယ်။


သူ့ကို စီရင်ချက် မချခင် အချုပ်ခန်းထဲမှာ ထားပါတယ်။ ဒီအချိန်မှာ သူ့သူငယ်ချင်းတွေနဲ့ အတူထားဖို့၊ သူ့ကို တစ်ယောက်တည်းမထားဖို့ ပြောပါတယ်။ သူ့နဲ့အပေါင်းအပါတွေကို ဖမ်းမိထားပြီ..ဆိုတဲ့ ရဲချုပ်ရဲစကားကို မယုံကြည်လို့ ဒီလို တောင်းဆိုတာပါ။အဲဒီအခါမှာတော့ ရဲချုပ်က ''လာ....လိုက်ခဲ့၊ အတူနေချင်တယ်ဆိုရင် မင်းသူငယ်ချင်းတွေ ရှိတဲ့ဆီ ပို့ပေးမယ်'' ဆိုပြီး ခေါ်သွားခဲ့ပါတယ်။ တကယ်တော့ သူရောက်သွားတဲ့နေရာက တခြားနေရာ မဟုတ်ပါဘူး။ သူ့သူငယ်ချင်းတွေရဲ့ အလောင်းတွေ စီတန်းထားတဲ့
ရေခဲတိုက်တစ်နေရာ ဖြစ်ပါတယ်။
ရဲချုပ်က အဲဒီအလောင်းတွေကို ပြပြီး ဒီလို လူအများကြီးကို သတ်ဖြတ်ပြီးမှကောင်းကင်ဘုံရောက်ရမယ်
ဆိုတဲ့စကား မဟုတ်နိုင်ကြောင်း၊ အလ္လာဟ်တာဝန်ယူနိုင်မှာ မဟုတ်ကြောင်း၊ မင်းတို့ဆရာကိုယ်တိုင်က အသက်ရှင်လျက် ကျန်ခဲ့တဲ့မင်းကို လာမကယ်တာကိုပဲ စဉ်းစားသင့်ကြောင်း လက်တွေ့ဘ၀နဲ့ သူတို့ရဲ့ ဘာသာရေးယုံကြည်မှု ကွဲလွဲနေတဲ့အချက်တွေကို စိတ်အေးအေး ပြောပြပါတယ်။ သူလည်း စဉ်းစားတုန်လှုပ်နေခဲ့တယ်။ အောက်က ဓာတ်ပုံကတော့ သူ့သူငယ်ချင်းတွေရဲ့ အလောင်းတွေကို မြင်ရတဲ့အခါမှာ သူအော်ဟစ်လိုက်ပုံ ဖြစ်ပါတယ်။


ဒီပုံကတော့ သူ့သူငယ်ချင်းတစ်ယောက်ရဲ့ အလောင်း ဖြစ်ပါတယ်။


ဒီလိုနဲ့ သူကို တရားရုံးက အဆင့်ဆင့် စစ်ဆေးပြီးချိန်မှာတော့ စီရင်ချက် ချလိုက်ပါတော့တယ်။ သေ.....ဒဏ်......တဲ့။ အောက်မှာ ပြထားတဲ့ ဓာတ်ပုံတွေကတော့ ကြိုးစင်ကို မြင်လိုက်တဲ့အခါ သူတုန်လှုပ်နေပုံ၊ နောက်ဆုံး သွေးပျက်ဖွယ်ရာ မြင်းကွင်းနဲ့ အသက်မရှိတော့တဲ့(တွဲလောင်းကျနေတဲ့) သူ့ရဲ့ အလောင်း ဖြစ်ပါတယ်။



အရာရာအလ္လာဟ်ကိုသာပုံအပ်ထားကြသောအစ္စလာမ်ဘာသာဝင်များအတွက်ငြိမ်းချမ်းခင်ခံစားတင်ပြသည်

0 comments to “မွတ်စလင်တွေကိုတရားပြသွားတဲ့ရုပ်ရှင်”

Post a Comment