ဒီကနေ(သြဂုတ်၂၆)ရက်စွဲဖြင့်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးလူမင်းထံ“မမပြုံးပြုံးစမ်းပါ”ဗီဒီယိုဇာတ်
လမ်းကိစ္စနှင့်စပ်လျဉ်း၍ဇာတ်လမ်းရေးသားသူတစ်ဦးဖြစ်သည့်ဦးမောင်သူရခေါ်ဇာဂနာကမေတ္တာရပ်ခံစာပေးပို့ 
ခဲ့ကြောင်းသိရပါသည်။ယင်းစာ၌“ကိုမင်းကိုနိုင်နှင့်အတူကိုဇာဂနာရေးသားခဲ့သောအဆိုပါ“မမပြုံးပြုံးစမ်းပါ”
ဇာတ်လမ်းအားဒါရိုက်တာညွန့် မြန်မာညီညီအောင်ကလည်းကောင်းမာန်ထက်ချီဗီဒီယိုကလည်းကောင်းဇာတ်
လမ်းရေးသားသူ“ကိုမင်းကိုနိုင်”နှင့်“ကိုဇာဂနာ”တို့ ထံတရားဝင်ဝယ်ယူရသေးခြင်းမရှိကြောင်း၊တရားဝင်ဝယ်ယူပြီးပါက
ကန့် ကွက်ရန်မရှိကြောင်းနှင့်အတူလတ်တလောမှာဒါရိုက်တာညွန်မြန်မာညီညီအောင်အပေါ်ပြစ်ဒဏ်ချမှတ်
ထားသော(၃လပိတ်ပြစ်ဒဏ်)အားဖြေလျော့ပေးရန်ကိုလည်းမေတ္တာရပ်ခံထားသည်ကိုတွေ့ ရသည်။ထိုသို့ 
စာရေးသားမေတ္တာရပ်ခံမူအပေါ်ရုပ်ရှင်အစည်းအရုံး၏သဘောထား အားမေးမြန်ရာ ၄င်းတို့ အနေနှင့် ကာယကံရှင်များဖြစ်သော ဇာတ်လမ်းရေးသား သူထံမှဇာတ်ကား ရိုက်ကူးသူတို့ ကဇာတ်လမ်းအားတရားဝင်ဝယ်ယူပြီးချိန်ကိုစောင့်နေခြင်းသာဖြစ်ကြောင်း၊တရားဝင်ဝယ်ယူပြီးပါ
ကကန့် ကွက်ရန်မရှိသောဇာတ်လမ်းရေးသားသူ၏ဆန္ဒအတိုင်းဒါရိုက်တာညွန်မြန်မာညီညီအောင်အပေါ်ပြစ်ဒဏ်ချ
မှတ်ထားမကိုဖြေလျော့လိုက်ဖို့ သာရှိပြီးယင်းသို့ ပြေလည်မူရရှိသွားစေလိုသောဆန္ဒမူလကတည်းကရှိခဲ့ပါကြောင်ြး
ပန်ကြား ပါသည်