Monday, August 26, 2013

အနာပေါ်တုတ်ကျခြင်း

,


တိုးတက်နေတဲ့မီဒီယာခေတ်ကြီးမှာ ကောင်းခန်းလေးတွေရောက်ရင် ပြတ်တောင်းပြတ်တောင်းဖြစ်သွားတဲ့ ပြည်သူ့လွှတ်တော်အစည်း
အဝေးက အခြေအတင်ဆွေးနွေးပွဲလေးကို ကိုဗေဒါတစ်ယောက် တွေ့လိုက်ရတယ်။

တော်တော်လေး အားကျဖို့တော့ အကောင်းသား၊ ပြည်သူတွေ ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ဒီမိုကရေစီစစ်စစ် အနောက်တိုင်း နိုင်ငံတွေရဲ့ လွှတ်တော် နဲ့နှိုင်းပြီး လွှတ်တော်ထဲမှာ လွတ်လွတ် လပ်လပ်နေနိုင်တယ်၊ မဲပေးစရာရှိရင် လာပေးတယ်။ အင်မတန်နေရ ထိုင်ရခက်တဲ့ ခေါင်းပေါင်းတွေ၊ တိုက်ပုံတွေဝတ်စရာမလိုဘူးလို့ ပြောသွား တယ်။ ကိုဗေဒါရဲ့ မျက်လုံးထဲမှာ မြင်မိတာကတော့ ဟာဝါရီကမ်းခြေမှာလို ၀တ်စုံလေးတွေဝတ်ပြီး လွှတ်တော်လာတက်နေတဲ့ အမတ်မင်းတွေရဲ့ ပုံကိုပဲ။

ကိုမောင်တိုး….ရယ် ခင်ဗျားပြောတော့ ၆၇ ခုနှစ်က ၉၈ ခုနှစ်အထိ တပ်ထဲမှာနေဘူးတယ်ဆို၊ ခင်ဗျားလို စစ်သားဟောင်းကြီး ကတောင်မှ လွှတ်တော်စည်းကမ်းကိုဘေးဖယ်ပြီး လွှတ်တော်ထဲမှာ တိုက်ပုံတွေ၊ ခေါင်းပေါင်း တွေမ၀တ်ဘဲ လွတ်လွတ် လပ်လပ် အစည်းအဝေး တက်ချင်တယ်ဆိုရင် ခင်ဗျားပြောသလို စစ်သင်တန်း ၆ လ မတက်ဘူးတဲ့ အရပ်သား ကိုယ်စားလှယ် တွေ ဘယ်လိုများနေချင်ရှာမလဲနော်။ နေပါဦး တီဗွီထဲမှာ တပ်မတော်ကိုယ်စားလှယ်တစ်ယောက်က လွှတ်တော် ကိုယ်စားလှယ်တွေ စည်းကမ်း မရှိတာ ထောက်ပြ တော့ ကိုမောင်တိုးက အနာပေါ်တုတ်ကျသလို ဆက်ဆက်ထိမခံဘဲ မျက်နှာထိ မျက်နှာထားနဲ့ ပြန်ပြောနေတာ ခင်ဗျားပြောတဲ့ ပြည်သူ့အတွက်လား၊ ခင်ဗျားတို့ လွှတ်တော်ကိုယ်စားလှယ်တွေ အတွက်လားဗျာ၊ ဟိုတစ်နေ့က မမစုအော်တဲ့ အင်္ဂလိပ်စာ မတတ်တာ ဘယ်သူ့အပြစ်လဲ၊ မတတ်ရင် တတ်အောင်သင်ရမှာဘဲ အသံ ကြားတုန်း က သွေးတက်ပြီး ဆေးခန်းတောင် လိုက်ယူရတဲ့ ခင်ဗျားတစ်ယောက် အခုပုံနဲ့တော့ ကွာပါ့ဗျာ။

ကိုဗေဒါ စဉ်းစားကြည့်တယ်။ ကိုယ့်ဘက်ကလုံရင် ဘာမှငြင်းစရာမလိုပါဘူး၊ ခင်ဗျားတို့ဘဲ ရေးဆွဲခဲ့တာ၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆို။ ကိုယ်တိုင်လည်း စည်းကမ်း ရှိအောင် နေတတ်ဖို့ လိုတာပေါ့၊ အရှင်းကြီးပါ။ ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ ကိုယ့်ဒီမိုကရေစီပဲ ဖြစ်သင့်တယ်။ တင်းတယ်ဗျာ “ ရွေးကောက်ပွဲဝင်ဘူးတဲ့ လွှတ်တော် ကိုယ်စားလှယ်တိုင်း သိပါတယ် ” လို့ပြောသွားတယ်။ ခင်ဗျား ဘယ်ပါတီကများ အနိုင်ရတာပါလိမ့်။ ဘယ်လိုများ အရွေးခံထားတာပါလိမ့်….. ကိုဗေဒါ ဆက်စဉ်းစားရင် ဆုံးမှာ မဟုတ်ဘူး။ ခင်ဗျား သတ္တိရှိရင် ဒီတစ်ခါ ပြန်အရွေးခံကြည့်ပါလား။ကိုယ့်အကြောင်းကိုယ် အသိဆုံးပေါ့ ကိုမောင်တိုးရာ…..

ဒါပေမဲ့ ရယ်ရတယ်ဗျာ၊ မမစုတောင် အကြောင်းရှိလို့ ဘာမှမပြောတာ၊ ခင်ဗျားကသွားပြောတော့ ခင်ဗျားဘဲ အရှက်ကွဲတာပေါ့။ နှာနပ်လိုက်အုံး ကိုမောင်တိုးရေ……….။

ကိုဗေဒါ

0 comments to “အနာပေါ်တုတ်ကျခြင်း ”

Post a Comment