Thursday, August 29, 2013

ဟောဒီက ဖား ဗျိုးးးး

,

ခုတလော မိုးတွင်း မို့ မိုးက လဲ သဲလိုက်တာ ရန်ကုန်မြို့တောင် ရေကြီးတာ ခင်ဗျားတို့အသိပဲ ။ ကျုပ်တို့ ရွာမှာလဲ မိုးက သိပ်ကောင်းသဗျို့ ။ နေ့နေ့ ညည ရွာလိုက်တိုက်တဲ့မိုး ။ မိုးလေး က လဲ ဆက်တိုက် ဆိုတော့ ဖါး အော်တဲ့ အသံတွေကလဲ တော်တော်ညံတယ်ဗျာ ။ ထုံးစံတိုင်း တို့ ရွာများ ဓလေ့ ဖား ထွက်ရိုက်ရင်တော့ ဟင်းကောင်းလေး တခွက်နဲ့ အပိုဝင်ငွေလေးရချည်ရဲ့ ။ ကဲကဲ .. ပြောနေကြာတယ် ။ ဘက္ထရီ ခြောက်လေး ပလိုင်းထဲထည့်ခေါင်းမီး(ဓာတ်မီး) လေး တပ်ပြီး အိမ်ကထွက်လိုက်တယ် ။ အပြင်ရောက်မှပဲ ကိုယ်နဲ့အကြံတူတွေ ၊ ဖါးရိုက်ဖော် တို့ ရွာသားတွေနဲ့တွေ့သဟ။ဖါးရိုက်
တယ်ဆိုမှတော့မြောင်းကြို မြောင်းကြား ချောင်ကြို ချောင်ကြား အကုန်လိုက်ရိုက်ရတာကိုး ဗျ။ အဲ့လိုလဲ လိုက်မရိုက်လို့ မရဘူးဗျ  ဒီကောင်တွေ က အဲ့လိုနေရာတွေမှာပဲ နေတာ လေ ။ ဘယ် လမ်းမကြီး ပေါ် ထွက်ရိုက် ဘာမှ မရဘူး ။ဒီလိုနဲ့ ကျုပ်တို့တွေ လိုက်ရိုက်နေတာ ကိုရင်ကြွက်ကြီးတို့ အိမ်နားရောက်တော့ဟော..ညကြီး မင်းကြီး ကိုကြွက်ကြီးတို့အိမ်နား စည်လှချည်လား ။မှန်းစမ်း ..နာရေး ရက်လည်များ ရှိလို့ ဖဲဝိုင်းများလား။  လူတွေ စုစု စုစု နဲ့ ဘာများပါလိမ့် ။ လူဆိုတာ စပ်စုတတ်တယ် မဟုတ်လားဗျ ။ ကျုပ်ကတော့ စုံစမ်းတာဗျို့ စပ်စုတာမဟုတ်ဘူး :D ။လူအုပ်ထဲ မနည်းတိုးဝှေ့ကြည့်လိုက်ရမှ ပါးစပ်ကြီး  အကြီး ကြီးနဲ့ အာပေါင် အာရင်း သန်သန် ပြောနေတာဗျိုးး ။သူပြောနေတာဘာတဲ့..” အခြေခံဥပဒေပြင်ဆင်စရာ မလိုဘဲ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်နိုင်ပြီ” တဲ့.။ ဟာဟုတ်လှချည်လား။ငါလည်းနားထောင်ကြည့်လိုက်မှခေါင်းမီး လေး ချွတ် ၊ ပလိုင်း လေး အသာချ ၊ ဘက္ထရီ လေး ကလစ်ဖြုတ်ပြီး ကိုယ်လေးနည်းနည်းလှုပ်ပြီး
နေရာယူချလိုက်တယ် ။ဘေးကလူတွေ ကလဲ ပြောနေတဲ့ သူကို ကြည့်ပြီး “ကောင်းတယ်ကွ “ “ ဟုတ်တယ်ဟေး” နဲ့ သြဘာသံတွေပေးလို့ ။မှန်းစမ်း ကျုပ်လဲ ၅ မိနစ်လောက်ငြိမ်နားထောင်နေလိုက်တယ် ။ သူ့ပါးစပ်အကြီးကြီး နဲ့ “ပုဒ်မ ၃၂၄ နဲ့ ပုဒ်မ ၃၉၇ ကို ဆိုင်းငံထားလို့ လိုက်နာစရာမလိုဘူးဆိုရင် ပုဒ်မ ၅၉/စ ကို လိုက်နာစရာလိုသေးလား” လို့ပြောချလိုက်တာ ပရိတ်သတ် က ဝေးခနဲ လက်ခုပ်တွေတီးပေါ့ .။ တရွှီး ရွှီး တဖြောင်းဖြောင်း နဲ့ ။အံမယ် လက်ခုပ်တီးတဲ့ သူတွေ ကြည့်လိုက်တယ်.. ဆိုက်ကား သမား ကိုသံချောင်း ၊ အသုပ်သည် ခင်မ တို့ပါလား ။ကျုပ်စိတ်ထဲမှာတော့ တစ်ခုခုတော့ လွဲနေတယ်နော် ..လွဲနေတယ်နော် ။သူပြောသလို ဆို အခြေခံဥပဒေတစ်ခုလုံး အသက်မ၀င်တော့ဘူးပေါ့ ။ ကျွန်တော် နားလည်လိုက်သလောက်တော့ တင်သွင်းတဲ့ ဥပဒေကြမ်းကိုဆိုင်ငံ့ထားတာ ပါ။သူနဲ့တွေ့မှပဲ အခြေခံဥပဒေတစ်ခုလုံး ရပ်ဆိုင်းထားလိုက်ရသလိုလို ရောချတယ်..(လူဆိုး)။ကဲပါလေ ထားပါသူဘာသာ ဘယ်သူသမ္မတဖြစ်ဖြစ် ကျုပ်တို့ က တစ်နေ့ လုပ်မှ တစ်နေ့ စားရတာ မဟုတ်လား နတ်ကရာ ကျီးမမော့နိုင်ပါဘူး။ဖား ထွက်ရိုက်အုံးမှ ဖြစ်မှာ။ဒီဖား လေး ရိုက်လို့ ရမှပဲညီမလေး ကျောင်းစားရိတ်လဲ
အဆင်ပြေမှာ ။မနက်ကျရင်တော့ ကျောင်းမသွားခင်ညီမလေး က ကျွန်တော် ရိုက်ထားတဲ့ ဖားတွေကိုဗန်းထဲ ထည့်ပြီး ”ဟောဒီက ဖား…ဗျို့” လို့ရောင်ရမှာမဟုတ်လား။ကဲသွားပြီဗျို့..
ဖားဆက်ရိုက်လိုက်အုံးမယ်။

ရွာသားကြီး လထက်ဝါ

0 comments to “ဟောဒီက ဖား ဗျိုးးးး”

Post a Comment