Wednesday, August 28, 2013

ကန့်ဘလူ ကိစ္စ နဲ့ ပတ်သတ် တဲ့ The Voice အယ်ဒီတာ ချုပ်ရဲ့ စတေးတပ် ကို ဒေသခံများ မကျေမနပ်ဖြစ်

,


The Voice အယ်ဒီတာချုပ်၏ ကန့်ဘလူမြို့ နယ်ထန်းကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သောကိစ္စနှင့်
ပတ်သတ်၍တင်ခဲ့သောfacebook statusတစ်ခုအားယခုအချိန်တွင်လိုက်လံ ဖြန့် ဝေခံနေ
ရကြောင်းသိရသည်။၂၅ရက်နေ့ တွင်တင်ခဲ့သော ထိုstatus နှင့်ပတ်သတ်၍ မြန်မာလူမျိုး
ဒေသခံများမှလဲ မကျေမနပ်ဖြစ်နေကြကြောင်းသိရပါတယ်။

ထိုကိစ္စနှင့်ပတ်သတ်၍လဲ The Voice အယ်ဒီတာချုပ် အနေဖြင့်သူ၏ facebook စာမျက်နှာတွင်
ပြန်လည်ဖြေရှင်းထားကြောင်းသိရပါတယ်။ဒေသခံတစ်ဦးကမူ"အဲ့ဒီအယ်ဒီတာအနေနဲ့ အမှုကိစ္စ
ကိုသေသေချာချာမသိဘဲ ရမ်းသမ်းတင်ခဲ့တာက ကိစ္စမရှိပါဘူး။ဒါပေမယ့် ကျနော်တို့ လူမျိုးတွေ
ကပဲလိမ်ညာပြီး လုပ်သလိုလို အထင်ခံရမယ်ဆိုတာ သူမသိဘူးလားမသိဘူးဗျ။ အခုဆိုသူတင်
ထားတဲ့စာက print ထုတ်ပြီးလိုက်ပြီး အဖြန့် ခံနေရပြီလေ။အဲ့လိုအသားထဲကလောက်ထွက်တဲ့
ပုံစံမျိုးလုပ်တာသဘာဝမကျဘူးထင်တယ်"ဟု မကျေမနပ်ဖြင့်ပြောဆိုသွားကြောင်း သိရသည်။

min thein

0 comments to “ကန့်ဘလူ ကိစ္စ နဲ့ ပတ်သတ် တဲ့ The Voice အယ်ဒီတာ ချုပ်ရဲ့ စတေးတပ် ကို ဒေသခံများ မကျေမနပ်ဖြစ်”

Post a Comment