Showing posts with label စိတ်ခွန်အားစာစု. Show all posts
Showing posts with label စိတ်ခွန်အားစာစု. Show all posts

Thursday, November 14, 2013

ကျွန်တော်တို့နိုင်ငံကြီးက အဲဒီလိုလားဗျာ

,

သိပ်မကြာသေးခင်က မြေပဲပြုတ်ရောင်းတဲ့ ကလေးတစ်ယောက်ဆီက ကျွန်တော်မြေပဲပြုတ်ဝယ်စား တယ်။ မြေပဲပြုတ်ငါးရာဖိုးဆိုတာ သိပ်အများကြီး မဟုတ်ပေမယ့် ကျွန်တော်တို့နှစ်ယောက် စားမယ်ဆို လည်း စားလို့ရတဲ့ ပမာဏရှိပါတယ်။ ဒါပေမဲ့ဒီကလေးကနောက်ထပ် ငါးရာဖိုးယူပါလား။ သူပိုထည့်ပေး ပါမယ်လို့ စကားဆိုလာပါတယ်။ ခက်ပြီလို့စိတ်ထဲတွေးရင် သူ့ကိုလည်းအားတုံ့အားနာ ဖြစ်လာတယ်။
ဒါဆိုလည်း ဒီလိုလုပ်ကွာ ပိုတဲ့ပိုက်ဆံကို ပြန်မအမ်းနဲ့တော့လို့ ပြောလိုက်မိတယ်။ အဲဒီမှာ ချက်ချင်းဒီ ကလေးက ကျွန်တော့်ကို ပိုက်ဆံငါးရာပြန်ပေးတယ်။ ကျွန်တော့်စိတ်ထဲ ဒီကလေးအားနာနေလို့ ဖြစ်မှာပဲဆိုပြီး ပိုငွေကိုယူဖို့ ထပ်တိုက်တွန်းပေးမယ့်မယူဘူး။ လုံးဝမယူဘူး။ နောက်ထပ်ငါးရာဖိုး ဝယ်ပါ လားဆိုတဲ့ကလေးက ပိုက်ဆံငါးရာကိုပေးတဲ့ အချိန်မှာဘာကြောင့် မယူတာလဲ။ ကျွန်တော်ပေးတဲ့ငါး ရာကို ဒီကလေးငြင်းပယ်ရတဲ့အကြောင်းရင်းက ဘာလဲဆိုတာ ကျွန်တော်တော်တော်လေး သိချင်သွား တယ်။
ဒါနဲ့ ဘာကြောင့်မယူတာလဲလို့ မေးကြည့်တော့သူက ခပ်လှမ်းလှမ်းမှာ သူ့လိုမြေပဲပြုတ်ရောင်းနေတဲ့ ကလေးတစ်ယောက်ကို လက်ညှိုးထိုးပြတယ်။ သူလက်ညှိုးထိုးပြတဲ့ကလေးက သူ့ထက်ကိုယ်လုံး ကိုယ်ထည်ထွားပေမယ့် သူ့လိုပဲအသက်ဆယ်နှစ်ဝန်းကျင်လောက်ပဲ ရှိဦးမှာ။ "သူနဲ့သားနဲ့က ဒီနေ့တစ် သောင်းခွဲဖိုးပြည့်အောင် အရင်ရောင်းနိုင်တဲ့ သူကမုန့်ဖိုးတစ်ထောင်ရမှာ။ အခုသားက တစ်သောင်းခွဲ ပြည့်ဖို့ ငါးရာပဲလိုတာ။ ဦးတို့တစ်ထောင်ဖိုး ဝယ်ရင်ပြည့်ပြီတဲ့။ အခုလည်း ပြည့်ပြီမဟုတ်လားလို့ ကျွန်တော်ကဆိုတော့ သူအဲဒီလိုတော့ မလိုချင်ကြောင်းပြောတယ်။ ပြီးတော့ကျွန်တော်တို့ ဝိုင်းကနေ သူထွက်သွားတယ်။ ကျွန်တော်တို့မှာ ဘာပြန်ပြောရမှန်းကို မသိတော့ဘူး။ ဒီကလေးကို ငေးကြည့်ပြီး တိတ်ဆိတ်နေကြတယ်။
ဒီကလေးက ကလေးဆိုပေမယ့် လူကြီးဆန်တဲ့ အတွေးအခေါ်ရှိတယ်။ ပြိုင်ဘက်ပေါ်မှာ သစ္စာရှိတယ်။ ရဲရင့်တယ်၊ ပြတ်သားတယ်၊ သူ့အလုပ်အပေါ် သူသစ္စာထားတယ်။ အရောင်းသမားကောင်း စိတ်ဓာတ် ရှိတယ်။ မြေပဲရောင်းတယ်၊ မဝယ်ဘူးဆို ဝယ်အောင်ကြိုးစားကြည့်တယ်။ ပိုက်ဆံကို အလကားမယူ ဘူး။ ဘယ်လောက်မြတ်နိုးဖွယ်ကောင်းလဲ။ လူကြီးလူကောင်းဆန်ဆန် ရပ်တည်ဆုံးဖြတ်နိုင်တဲ့ ကလေး။
အရွယ်ငယ်ပေမယ့် သူရတဲ့အခွင့်အရေးဟာ ရယူသင့်ရယူထိုက်တဲ့ အခွင့်အရေးလာဆိုတာကို ခွဲခြားဆုံးဖြတ်နိုင်တယ်။ ဒီကလေးလေးကျောင်းနေလား၊ မနေလားကျွန်တော်တို့မသိဘူး။ ဒီကလေးနေ တဲ့ ပတ်ဝန်းကျင်က ဘယ်လိုရှိလဲဆိုတာလည်း ကျွန်တော်တို့မသိဘူး။ ဒါပေမဲ့ ဒီကလေးက သူရနေတဲ့ အခွင့်အရေးဟာ သူယူသင့်၊ မယူသင့် ချက်ချင်းဆုံးဖြတ်နိုင်တယ်။ သူ့ရဲ့ လေးစားစရာကောင်းတဲ့ စိတ်ဓာတ်ကိုတော့ ကျွန်တော်တို့သိလိုက်၊ မြင်လိုက်ရတယ်။ လူကြီးဆန်တဲ့ ကလေးတစ်ယောက်က မြေပဲပြုတ်ရောင်းနေရပေမယ့် ကလေးဆန်တဲ့လူကြီးတွေက ကတ္တီပါထက်မှာ အဆီတစ်ထပ်၊ အသား တစ်ထပ်နဲ့။ ကျွန်တော်တို့ နိုင်ငံကြီးက အဲဒီလိုလား။ တစ်ဘဝလုံးကိုယ့်နိုင်ငံ၊ ကိုယ့်နိုင်ငံသားတွေအ တွက် သမာသမတ်ကျကျ ပေးဆပ်လုပ်ကိုင်ခဲ့သူတွေ သေတော့လိုက်ပို့မယ့် သူမရှိဘူး။ လွမ်းသူ့ပန်း ခြင်းမရှိဘူး။
ဖွေးဖွေးလှုပ်နေတဲ့ လွမ်းသူ့ပန်းခြင်းတွေ၊ ကားတွေ၊ လူတွေ၊ ပြည့်လျှံနေတဲ့ သတင်းစာထဲက ဝမ်းနည်း ကြေကွဲခြင်းကြော်ငြာတွေ၊ ဘယ်သူသေတာလဲ၊ ဘယ်သူတွေက ဝမ်းနည်းကြေကွဲကြတာလဲ သေသူ တွေရဲ့အကြောင်းနဲ့ ဝမ်းနည်းကြေကွဲကြသူတွေရဲ့ အကြောင်းကိုစဉ်းစားမိပြန်တော့ ကျွန်တော်တို့နိုင်ငံ ကြီးက အဲဒီလိုလားလို့။ အချိန်အတော်များများမှာ ကျွန်တော်တို့က ကိုယ်ပေးတာထက် ပိုလိုချင်ကြ တယ်။ ဒီထက်ပိုဆိုးတာက ဘာကိုမျှမပေးဘဲလိုချင်တဲ့စိတ်၊ မက်မောတဲ့စိတ်တွေများနေတာပဲ။ အခွင့် အရေးဟာ ကိုယ်နဲ့ထိုက်တန်၏မတန်၏ မစဉ်းစားဘူး။ ကိုယ်ရသင့်တဲ့ အခွင့်အရေးလား၊ မရသင့်တဲ့ အခွင့်အရေးလားဆိုတာ မဆင်ခြင်တဲ့ အပြင်အခွင့်အရေးရဖို့ နည်းလမ်းပေါင်းစုံကို အရှက်မဲ့အသုံးပြု နေကြတာ၊ ခက်တာက လူမှုပတ်ဝန်းကျင် အတော်တော်များများက ဒီလိုကိစ္စကို လောကအမှန်တရား တစ်ခုလိုခံယူကျင့်သုံးနေကြတာက တော်တော်ဆိုးဝါးပါတယ်။ ကျွန်တော်တို့နိုင်ငံလို အဘက်ဘက်က နွမ်းပါးချွတ်ခြုံကျနေတဲ့ တိုင်းပြည်မှာ စိတ်ဓာတ်တွေကပါ အောက်တန်းကျနေဦးမယ်ဆိုရင် ကျွန်တော် တို့မှာဘာများ ကျန်နိုင်ဦးမှာလဲ။ စာရိတ္တ ပျက်စီးယိုယွင်းနေတဲ့သူတွေ များသထက်များလာတဲ့ တိုင်းပြည်တစ်ခုမှာ ဘာကိုအကောင်းဆုံးမျှော်လင့်လို့ရမှာတုန်း။ အပြောနဲ့ အလုပ်နဲ့ မညီတဲ့သူတွေ၊ အလုပ်နဲ့အပြောနဲ့တခြားစီဖြစ်နေတဲ့ သူတွေ၊ အားကောင်းမောင်းသန်ဖြစ်နေတဲ့ ဒီတိုင်းပြည်၊ ဒီနိုင်ငံ ကြီးမှာ ဘယ်လိုလုပ်ကောင်းမွန်တဲ့ အနာဂတ် ရှိနိုင်မှာတုန်း။ ရိုးရိုးကျင့်မြင့်မြင့်ကြံပြီး ကိုယ့်နိုင်ငံ၊ ကိုယ့် တိုင်းပြည်ကိုအကောင်းဆုံး အလုပ်အကျွေးပြုခဲ့တဲ့သူတွေ အနေမလှ၊ အသေမလှဖြစ်နေတဲ့ နိုင်ငံမျိုးက ဘယ်လိုလုပ်ပြီး ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးတိုးတက်နိုင်မှာတုန်း။ ကိုယ်သာကောင်းစားရေးဝါဒတွေ မီးဟုန်းဟုန်းတောက်လောင်နေတဲ့ တိုင်းပြည်က ဘယ်လိုလုပ်ပြီးအေးချမ်းနိုင်မှာလဲ။ ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းတဲ့လမ်းကို ရှာတွေ့နိုင်မှာလဲ။
ကိုယ်တိုင်က စံနမူနာကောင်း မဖြစ်ဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ စံနမူနာကောင်း မရှိဘူး။ ဒီနေရာမှာ နယ်မြို့လေးတစ်မြို့ကနေ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဖို့ကြိုးစားခဲ့တဲ့ ကျောင်းသားတစ်ယောက် အကြောင်းကို ပြောပြချင်ပါတယ်။ သူ့နာမည်က မောင်လပြည့်၊ မိဘတွေက သူ့အတွက် တက္ကသိုလ်ဝင် တန်းဖြေနိုင်ဖို့ တော်တော်ခက်ခက်ခဲခဲ ကြိုးစားပေးထားပုံရပါတယ်။ မောင်လပြည့်ရဲ့ ကျောင်းသားဘဝ က တကယ့်ကိုနွမ်းနွမ်းပါးပါး။ သူ့မှာ အခြားကျောင်းသားတွေလို ကျောင်းသားဘဝမှာ လိုအပ်တဲ့ အထောက်အပံ့ ကောင်းကောင်းကို မရရှာဘူး။ မုန်းစားဆင်းချိန်တွေ၊ ထမင်းစားချိန်တွေမှာ မောင်လပြည့် ပျောက်နေတတ်တယ်။ ဒါကိုသူ့ဆရာက သတိထားမိတယ်။ အဲဒီအချိန်တွေမှာ မောင်လပြည့်ဘာလို့ ပျောက်နေတာလဲဆိုတော့ သူ့မှာမုန့်စားဖို့အတွက် ပိုက်ဆံမရှိဘူး။ ထမင်းစားချိန် ကျပြန်တော့လည်း သူ့အိမ်က ထမင်းဟင်းလာမပို့နိုင်ဘူး။ သူ့သူငယ်ချင်းတွေက သူ့ကိုစားဖို့သောက်ဖို့ ခေါ်ရင်လည်း အမြဲငြင်းပယ်လေ့ရှိတယ်။ ယုတ်စွအဆုံးသူ့အကြောင်းကို ရိပ်စားမိတဲ့သူ့ဆရာက မောင်လပြည့်ကို မုန့်စားဖို့၊ ထမင်းစားဖို့နည်းလမ်းအမျိုးမျိုးနဲ့ ကမ်းလှမ်းဖိတ်ခေါ်ပေမယ့် သူကတော့ အမြဲလိုလို ငြင်းပယ်လေ့ရှိတယ်။
မောင်လပြည့်မှာ ခိုင်မာတဲ့စိတ်ဓာတ်ကောင်းကောင်းရှိပေမယ့် တစ်ခါတစ်ရံသူ့ကိုယ်သူ စိတ်ပျက်နေ တာကို သူ့ဆရာက ရိပ်စားမိတယ်။ သူ့ဆရာက သူ့ကိုဒီလိုအကြံဉာဏ်ပေးတယ်။ "မင်းကသူများ ကျောင်းသားတွေလို မင်းကိုယ်မင်း ကံမကောင်းဘူးလို့ တွေးတယ်။ အေးဟုတ်တယ်။ မင်းကံမကောင်း ဘူး။ မင်းသူတို့လို အဝတ်အစား ကောင်းကောင်းမဝတ်နိုင်ဘူး။ သူတို့လိုအစားအသောက် မစားနိုင် ဘူး။ သူတို့မိဘတွေက အထောက်အပံ့ကောင်းကောင်းပေးနိုင်သလို၊ မင်းမိဘတွေက မပေးနိုင်ဘူး။ ဒါပေမဲ့မင်းလုပ်နိုင်တာနှစ်ခုရှိတယ်။ မင်းဘဝမှ အောင်မြင်ဖို့ဉာဏ်နဲ့ ဝီရီယနှစ်ပါးကို ပြင်းပြင်းထန်ထန် လျှောက်နိုင်အောင် အားထုတ်ရမယ်။ ဒါမှ မင်းသွားချင်တဲ့ခရီးကို ရောက်မှာ"။ မောင်လပြည့်က သူ့ဆရာပြောတဲ့အတိုင်း အားထုတ်တယ်။ သူ့ဆရာကလည်း မောင်လပြည့်လိုအပ်ချက်တွေကို သူတတ်နိုင်သလောက် ကူညီဖြည့်ဆည်းပေးတယ်။ ကူညီတယ်ဆိုတဲ့နေရာ မောင်လပြည့်ဘယ်သူပေး ပေး ယူတတ်တဲ့ အလေ့အထမရှိတော့ သူ့ဆရာကဆုအနေနဲ့ ချီးမြှင့်ခဲ့တာ။ မောင်လပြည့်ကလည်း သူလက်ခံထားရတဲ့အခြေအနေ ခက်ခက်ခဲခဲထဲမှာ စာမေးပွဲကိုအောင်အောင် ဖြေဆိုနိုင်ခဲ့တယ်။ အခုသူ စစ်ကိုင်းကဆရာအတတ်သင်ကျောင်းမှာ။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဖြေခဲ့ရတဲ့ မောင်လပြည့်၊ တစ်ချိန်မှာ ကျောင်းဆရာလေးတစ်ယောက် ဖြစ်လာမယ့် မောင်လပြည့်၊ သူ့ရဲ့ သမာသမတ်ကျတဲ့ စိတ်ဓာတ်၊ သူခက်ခက်ခဲခဲ ကြိုးစားသင်ယူခဲ့ရတဲ့ ပညာ။ ဒီပညာနဲ့ သူ့ဘဝကိုယ် သူရပ်တည်နိုင်ပါ့မလား။ သူ့ရဲ့ မိဘတွေကို ပြန်အလုပ်အကျွေး ပြုနိုင်ပါ့မလား။ မြေပဲပြုတ်ရောင်းတဲ့ ကလေး၊ မောင်လပြည့်၊ မောင်လပြည့်ရဲ့ ဆရာ။ သူတို့တစ်တွေအဖို့ ချမ်းသာဖို့ဆိုတာ ဝေလာဝေး။ နေ့စဉ်ဘဝမှာ တကယ်လို အပ်တာလေးလောက်ကို ခက်ခဲပင်ပန်းလွန်းအားကြီးနေတဲ့ နိုင်ငံ၊ ကျွန်တော်တို့နိုင်ငံက အဲဒီလို နိုင်ငံ ကြီးလား။ လုပ်မယ်လို့တွေးနေ၊ အတုယူမှားနေတဲ့ လူငယ်မျိုးဆက်တွေများလာတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ကရော။
ဟစ်တလာ၊ ချောင်ဆက်စကူတွေ၊ အီမယ်ဒါမားကို့စ်တွေ ဆက်ဒမ်ဟူစိန်တွေ၊ နရသီဟပတေ့မင်းတွေ သာ အောင်မြင်ခမ်းနားပြီး၊ သိပ်အားကောင်းနေမယ်ဆိုရင် ဒီနိုင်ငံက နိုင်ငံသူနိုင်ငံသားတွေရဲ့ ကံကြမ္မာက ဘယ်လိုလုပ်ပြီး အမှောင်ထဲကထွက်နိုင်မှာတုန်းဗျာ။
The Messenger Journal
Read more →

Thursday, November 7, 2013

မိန်းမတွေရဲ့ တန်ဖိုး

,

“ဒကာရေ ဒီမာတုဂါမတွေကြောင့်ပဲ သံသရာလည်နေကြသကိုးကွဲ့”
”မှန်ပါ”

“အဲဒီတော့ မာတုဂါမတွေ မရှိမှ သံသရာဝဋ်က ကျွတ်မယ် ဒီလိုမဟုတ်လား”
“ မှန်ပါ ကျွတ်မှာပါဘုရား”


“ ကဲ ဒီလိုဆို မာတုဂါမတွေကို လှေကြီးတစ်စင်းထဲ စုပြုံထည့်ပြီးမျှောလိုက်ကြရအောင် လှေကြီးလုပ်ဟေ့”
“မှန်ပါ လုပ်သင့်ကြောင့်ပါ”

“ကဲ ကြာတယ် ခုပဲ လုပ်ကြစို့”
“မှန်ပါ လုပ်ပြီးကြောင်းပါ”
(ဆရာဒကာ အတိုင်အဖောက်ညီနေတာပါ။)

“ ကိုင်း ဒကာရေ လှေလုပ်ပြီးရင် မိန်းမမှန်သမျှ ဘုစုခရု မျိုးစေ့ပါမကျန် စုပြုံထည့်ကွာ”
“ထည့်ပြီးကြောင်းပါဘုရား”

“မျှောဖို့ အသင့်ဖြစ်ပြီလား”
“ ဖြစ်ပါပြီဘုရား”

“ဟဲ့ ဟဲ့ နေကြဦး ဒကာတို့ ဒို့များကို ဘယ်သူက ဆွမ်းချက်ကပ်ကြမတုန်းကွယ်။ အိမ်က ဘုရားခန်းမှာ သောက် တော်ရေချမ်းဆီမီးပန်းတွေ ဘယ်သူတွေက ကပ်လှူကြမတုန်းကွယ်။ မောင်တို့ စီးပွားရှာနေတုန်း အိမ်ကို သပ်ရပ်သန့်ရှင်းပြီး သာသာယာယာဖြစ်အောင် ဘယ်သူက ဆောင်ရွက်ကြမတုန်းကွယ်။ မောင်တို့သားတွေ သမီးတွေ ဘယ်သူက အုပ်ထိန်းကြမတုန်းကွယ် ”

စသည် စသည် ဆရာတော်ကြီးက မိန်းမတွေရဲ့ တန်ဖိုးကို ဟောပါတော့တယ်။

( လယ်တီဆရာတော်ဘုရားကြီး )
……………………........................

အမျိုးစောင့်ပါ တို့ဝန်တာ
****************

" လူမှာအမျိုး ကြက်မှာအရိုး " ဟူသော ဆိုရိုးစကားအတိုင်း လူတိုင်းမှာ အမျိုးအနွယ်သည် အရေးကြီးလှပါသည်။ ဘာသာရေးအရဆိုလျှင်မိမိတို့၏ ဗုဒ္ဓဘာသာဝင်မျိုးရိုးကို စောင့်ထိန်းရပါမည်။ ဗုဒ္ဓဘာသာဝင် မျိုးရိုးကို ချစ်မြတ်နှိုးတတ်ရပါမည်။

အိမ်ထောင်ဘက်ရွေးရာ၌ ဘာသာတူဖြစ်သော ဗုဒ္ဓဘာသာဝင်မျိုးရိုးကို ရွေးချယ်ရပါမည်။ ဤအချက်သည် အလွန်အရေးကြီးပါသည်။ အချို့လူငယ်တို့သည် "အချစ်သည်သာ ပဓာန" ဟူသောစကားကို အားကျ အဟုတ်ထင်ပြီး အိမ်ထောင်ဘက် ရွေးချယ်မှားကြလေသည်။
အိမ်ထောင်ဘက် ရွေးချယ်မှားရာတွင် ယောက်ျားလေးထက် မိန်းကလေးက ပို၍ အရေးကြီးသည်။ ဘာသာခြားနှင့်ဧည့်အိမ်ထောင်ပြုမိပါလျှင် သားစဉ်မြေးဆက် ရင်သွေးတို့ပါ ဘာသာခြား ဖြစ်သွားတတ်ပါသည်။ " စောင့်လေမျိုးနွယ် " တာဝန်ကြီး ပျက်သွားပါသည်။

အချို့မိရိုးဖလာဗုဒ္ဓဘာသာဝန်တို့၏ ဘာသာရေးခံယူချက်နှင့် လူမျိုးရေးစိတ်ဓာတ် ပျော့ညံ့မှုတို့ကြောင့် များစွာသော ဗုဒ္ဓဘာသာဝန် အမျိုးသမီးတို့သည် ဘာသာခြားတို့နှင့် အိမ်ထောင်ပြုကြသဖြင့် ဘာသာရော လူမျိုးပါ ဆုံးရှုံးနစ်နာရလေသည်။

ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓဘာသာမျိုးကို စောင့်ထိန်းချင်အောင်၊ စောင့်ထိန်းတတ်အောင် လေ့ကျင့်ပေးဖို့ အရေးကြီးလှပါသည်။

( "ဗုဒ္ဓဘာသာ မြန်မာစာ" စာအုပ် ၄၆ - ၅၂ မှ )
.........................................

ကမ္ဘာဖျက်လက်နှက်များ
****************

လူတိုင်း ၊ ဘာသာဝင်တိုင်းမှာ အစွန်းရောက်မှုဆိုတာ ရှိတတ်ပါတယ်၊ သို့သော်လည်း ဗုဒ္ဓဘာသာဝင်တွေ၊ ခရစ်ယာန်တွေ အစွန်းရောက်ရင် အစွဲကြီးရုံ အငြင်းသန်ရုံပါပဲ ...

သူတို့ အစွန်းရောက်၇င်တော့ သတ်ဘို့၊ ဖြတ်ဘို့ အကြမ်းဘက်ဘို့ ၀န်မလေးတော့ဘူး၊ ဒါဟာ လူသားလောကအတွက် အန္တရာယ်ပါ၊ သူတို့ ကျယ်ပြန့်လာတာနဲ့ အမျှ ကမ္ဘာကြီးဟာ ခြိးခြောက်ခံနေရပါတယ် ...

ဒါကြောင့် မိမိဘာသာတရားကို မိမိစောင့်ရှောက်ကြဘို့ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတယ် (သူများကိုတော့ မပြောတော့ဘူး)၊ အမျိုးသမီးများလည်း ကိုယ့်လင်ကိုယ်ယူတာပဲ... ဆိုပြီး ကိုယ့်ကြောင့် ကမ္ဘာဖျက်မယ့် လက်နှက်တွေ မပြန့်ပွါးပါစေ ... နဲ့ ... ။

ငြိမ်းချမ်းစွာကာကွယ်ဘို့ တိုက်တွန်းခြင်းသာဖြစ်တယ် .... မလိုအပ်ဘူးထင်လျှင် လွတ်လပ်စွာ ကွဲလွဲပါ ...

( ရွှေဘုန်း - အရှင်တေဇာနန္ဒ )
.............................
Read more →

အဖေ ပြောတဲ့ ပန်းပျိုးလက်

,


07-11-2013

အဖေက ပြောတယ်...
"ဟိုးအဝေးးက တောင်တန်းးကြီးက ဘာအရောင်လဲသမီးး
အပြာရောင်ပါ အဖေ.
သေချာကြည့်ပါ သမီးရဲ့ အစိမ်းရောင်ပါ.
အကွာအဝေးကြောင့် အမြင်ပြောင်းလဲတတ်တယ်လေ"...။။။။။။။။။။-

"ဟိုးနားးက ၀ါးပင်ရဲ့ ၀ါးရွက်ကြွေကရော သမီးး
အ၀ါရောင်ပါ အဖေ.
တချိန်ကတော့ သူလဲအစိမ်းရောင်ပဲသမီးး
ကာလရွှေ့လျားမှုအောက်မှာ အသိဟာ ပြောင်းလဲနိုင်တယ်လေ."...။

"ဒီစပါးခင်းကြီးကကော ဘာအရောင်လဲသမီးး
အစိမ်းရောင်ပါ အဖေ...
နောင်တချိန်မှာတော့ သူလဲ အ၀ါရောင်ဖြစ်လာလိမ့်မယ် အဖေ.
(ကျမစကားကို အဖေက ပြုံးးပြီးးနားထောင်တယ်)
အေးး.....ဟုတ်တယ်သမီးး ဘယ်အချိန်လဲဆိုတော့
ရင့်မှည့်တဲ့အချိန်ပေါ့ သမီးလေးရယ်"...။။။။။။။။

"ဒီနားမှာ လေစိမ်းတွေတိုက်နေတယ် အိမ်ပြန်စို့သမီးး
လေမှာ အရောင်မရှိပါဘူးအဖေရယ်
(အဖေ့ကို ဆရာလုပ်မိတဲ့ကျမစကားး)
အတွေးစိတ်ကူးထဲက အရောင်ဟာ ခံစားမှုကြောင့်
သူ့အလိုလိုဖြစ်ပေါ်လာလိမ့်မယ် သမီးးလေးးး"...။။။။။

"ဘ၀ ဆိုတာကို လွယ်လွယ်လေးးလို့ ဘယ်တော့မှမတွေးနဲ့သမီးးး
မနက်ဖြန်ဘာဖြစ်မလဲ ထိုင်စောင့်နေတာထက် ..
ဒီနေ့မှာ မနက်ဖြန်ဘာလုပ်မလဲ ကြိုတင်ပြင်ဆင်ထားတာဟာ
အဖိုးထိုက်တန်တဲ့ လူသားကောင်းတစ်ယောက်ရဲ့ အလုပ်ပဲ သမီးး"...။။။။။

"သမီးလေးး ငြီးငွေ့လာတဲ့အခါ ပြတင်းပေါက်ကနေ

အပြင်လောက ကို ကြည့်လိုက်သမီးးးးး

ဆိုက်ကားးသမားးတစ်ယောက်ရဲ့ ခြေသလုံးကြွက်သားးမှာ

မိသားစု ပါးစပ်ပေါက်တွေအတွက် ရေသောက်မြစ်တွေနဲ့......

မုဆိုးမတစ်ယောက်ရဲ့ အကြော်ကြော်နေတဲ့တုတ်တံမှာ

မိဘမေတ္တာအတွက် ဆင်စီးးမြင်းးရံ အနာဂတ်အိပ်မက်တွေနဲ့

အပြုံးး........မျက်ရည်ဒွန်တွဲ လို့

လောကဓံကို စီးချင်းးထိုးးခဲ့တဲ့

မြင့်မြတ်တဲ့ နှလုံးသားးးပိုင်ရှင်တွေရဲ့ ဘ၀ကို

အစီအရီ မြင်တွေ့ရလိမ့်မယ် သမီးးလေးးးးးး "...။။။။။။။။။။။။။။။။။။

"ပညာတတ်ခြင်းးး ....ပညာမတတ်ခြင်းထက်

လူသားးဆန်ဆန် မေတ္တာဟုန်ကြွယ်ဝစွာနဲ့

ဘ၀ကိုရုန်းကန်နေရှာပြီး..အဖြည့်ခံအဖြစ်ပေးဆပ်နေတဲ့

ပန်းပျိုးလက်တွေကို အတုယူပါ သမီးငယ်လေးး....

နောင်အနာဂတ်မှာ.

အဖေ့သမီးလေးးဟာ

လူသားးပီပီသသ.....သမီးကောင်းး တစ်ယောက်ဖြစ်လာနိုင်ဖို့အတွက်

ပညာကို အရင်းပြုပြီးး ဘ၀အားမာန်ကိုရွက်လွှင့်တဲ့အခါ

ဘယ်သောအခါမှ..

ပန်းးချိုးးတဲ့လက် မဖြစ်ပါစေနဲ့

အဖေ ဆုတောင်းးမိပါတယ်သမီးးလေးးရယ် "...။။။

✿♥✿မေဖြူ✿♥✿
(ကျေးဇူးရှင် ဖေဖေ့ကို ထာဝရ ဦးခိုက်လျှက်)

အဖေ နှင့် အမေ ကို ချစ်သော သူများသို့
Read more →

Tuesday, October 15, 2013

အချစ်ကို အဓိပ္ပာယ် ဖွင့်ဆိုခြင်း

,

အရမ်းကောင်းတဲ့ စာပေလေးပါ ဖတ်ကြည့်ပါ..


သူငယ်ချင်းမင်္ဂလာဆောင်တစ်ခုမှာ အခမ်းအနားမှူးက ၁၀၀၀ ကျပ်တန် တစ်ရွက်ထုတ်ပြီး မင်္ဂလာဆောင် အခမ်းအနားလာတဲ့ ပရိသတ်ကိုမေးတယ်… လိုချင်တဲ့လူ လက်ညိုးထောင်ပါ…
အားလုံးစိတ်ထဲမှာ ထင်နေကြတာက ဒါ အခမ်းအနားမှူးက လူကို စချင်တဲ့ အကြံအစည်ဘဲ ဖြစ်ရမယ်ဆိုပြီး ဘယ်သူမှ စကားမပြောကြဘူး…

အခမ်းအနားမှူးက ထပ်ပြောတယ်… ကျနော်တကယ်ပြောတာပါ… လိုချင်တဲ့လူ လက်ညိုးထောင်ပါ…

နောက်ဆုံးတော့ လူတစ်ယောက်က စပြီး လက်ညိုးထောင်လာတယ်… နောက်ပိုင်း လူတွေတော်တော်များများ လက်ညိုးလိုက်ထောင်လာကြတယ်…
အခမ်းအနားမှူးက လူအားလုံးကို ကြည့်ပြီးတော့ ဟောင်းနွမ်းနေတဲ့ ၁၀၀၀တန်နဲ့ လဲလိုက်တယ်…
လက်ညိုးထောင်ထားတဲ့ အရေအတွက် သိသိသာသာ နည်းသွားတာကို တွေ့လိုက်ရတယ်…

အခမ်းအနားမှူးက ရယ်ပြီး နောက်ထပ် ပိုပြီး ဟောင်းနွမ်းတွန့်ကြေနေပြီး နည်းနည်းစုတ်နေတဲ့ ၁၀၀၀တန်ကို ထုတ်လာတော့ လက်ညိုးထောင်ထားတဲ့လူက သိပ်မရှိတော့သလောက်ဘဲ…
အခမ်းအနားမှူးက လက်ညိုးထောင်ထားတဲ့ထဲက ကောင်လေးတစ်ယောက်ကို စင်ပေါ်ခေါ်ပြီး ၁၀၀၀ တန်ကို သူ့လက်ထဲ ထည့်လိုက်ပြီး… သူက တောက်လျှောက် လက်ညိုးထောင်နေလို့ပါ ဆိုပြီးပြောလိုက်တယ်…

အောက်က ပရိသတ်တွေရဲ့ ရယ်မောသံကို ကြားလိုက်ရတယ်…
ကောင်လေးရဲ့မျက်နှာကလဲ နီမြန်းလာတယ်…
အခမ်းအနားမှူးက လက်ပြပြီး အားလုံးငြိမ်သက်ပေးဖို့ ပြောတယ်…
တစ်ထောင်တန် အသစ်လေးကို ထုတ်ပြီး ကောင်လေးကိုပြောတယ်…
ငါ့ရဲ့ ဒီ အသစ်လေးနဲ့ မင်းရဲ့ အဟောင်းကို လဲ လိုက်မယ်လေ… ရလား?

ကောင်လေးက ပြန်ပြောတယ်…
ရပါတယ် ဦး… ကျေးဇူးပါ…
အသစ်နဲ့ အဟောင်းက အတူတူပါဘဲ…

အခမ်းအနားမှူးက ခေါင်းငြိမ့်ပြီး ကောင်လေးကို ပိုက်ဆံယူပြီး အောက်ကို ဆင်းသွားစေတယ်…
အခမ်းအနားမှူးက သတို့သားနဲ့ သတို့သမီးတို့ကို လက်တွဲပြီး စင်ပေါ်တက်လာခိုင်းပြီးပြောတယ်…
ဘယ်လောက်ထိ လှပနေတဲ့ အလှဘဲ ဖြစ်ပါစေ… ဆုံးပါးသွားတဲ့တစ်နေ့တော့ရှိမှာဘဲ…
ဘယ်လောက်ထိ ရိုမန်းတစ်ဆန်နေတဲ့ အချစ်ဘဲ ဖြစ်ပါစေ… ဘ၀ရဲ့ပြောင်းလဲ မှုကို လိုက်ပြီး ပြောင်းလဲမှုတွေရှိနိုင်ပါတယ်…
ခုဏက ကျနော့လက်ထဲ က ပိုက်ဆံလိုပါဘဲ…
အချိန်ကုန်ဆုံးမှုတွေနဲ့လိုက်ပြီး ဟောင်းသွားတယ်… နွမ်းသွားတယ်…
ဒါပေမဲ့ ဟို ကောင်လေးလေး ပြောသလိုပါဘဲ… အဟောင်းရော် အသစ်ရော် တစ်ထောင်တန်ဟာ တစ်ထောင်တန်ပါဘဲ…
သူ့ရဲ့တန်ဖိုးဟာ တွန့်ကြေနေလို့ ပြောင်းလဲ မသွားနိုင်ဘူး မဟုတ်လား…
အချစ်ရဲ့ တန်ဖိုးနဲ့ အနှစ်သာရကို မင်္ဂလာမောင်နှံတို့ နားလည်ပေးစေချင်ပါတယ်…
အိုမင်းသွားတဲ့တစ်ချိန်… စိတ်လှုပ်ရှားမှုတွေ ငြိမ်းအေးသွားတဲ့အချိန်မှာ တစ်ချိန်က ပြောခဲ့တဲ့… “တစ်သက်လုံးလက်တွဲသွားမယ်…” ဆိုတဲ့ ကတိစကားကို မမေ့ပစ်လိုက်ပါနဲ့… တစ်ဖက်လူကို တန်ဖိုးထားကြပါ…

မင်္ဂလာမောင်နှံတို့ကလဲ အကြည့်ချင်းစေ့စေ့ကြည့်ပြီး ခေါင်းတစ်ချက်ငြိမ့်လိုက်ပါတယ်…
စင်အောက်ကနေ ပရိသတ်ရဲ့ လက်ခုပ်သြဘာသံဟာ မိုးချုန်းသံလို ဆူညံသွားခဲ့ပါတယ်…
လူအများစုရဲ့ ဘ၀တစ်သက်တာမှာ မျှော်လင့်ချက်တွေ အဆက်မပြတ်ရှိခဲ့တယ်… အိပ်မက်တွေနောက်ကို အဆက်မပြတ် လိုက်ခဲ့ကြတယ်… ရယူပိုင်ဆိုင်ဖို့ အတွက် အဆက်မပြတ် ကြိုးစားခဲ့ကြတယ်… လက်ထဲက အရာကို တန်ဖိုးထားတတ်ဖို့ မေ့လျော့တတ်ကြတယ်… နောက်ဆုံးတော့ ဘာမှမရ ဘာမှ မကျန်ဘဲ ဖြစ်တတ်တယ်…

ပျော်ရွှင်ခြင်းဟာ…
လေလိုပါဘဲ…
တစ်ခဏ အတွင်းပါဘဲ…
လာတာမြန်သလို… သွားတာလဲ မြန်တယ်…

နာကျင်ခံစားမှုဆိုတာ…
သံသယစိတ်တွေ ခန့်မှန်းနေရမှုတွေကနေလာတာပါ
ဖြစ်စေတဲ့အနာတရဟာ ပုံဖော်လို့မရတဲ့ အနာမျိုးပါ…

နှလုံးသားအစစ်ဆိုတာ…
တစ်ဖက်သားရဲ့အတွင်းစိတ်ကို သေသေချာချာနားလည်မှုကနေလာတာပါ…
တစ်ဖက်သားရဲ့ အချစ်စစ်ကို အမှန်တကယ်ခံစားရလို့ပေါ်ထွက်လာတဲ့အမူအရာပါ…

ချိုမြိန်မှုဆိုတာ…
နှစ်ဖက်စလုံး နှလုံးသားအစစ်အမှန်နဲ့ ဆက်ဆံရာကနေထွက်လာတဲ့ အရသာပါ…
တစ်ဖက်သားကို ပျော်ရွှင်စေချင်တဲ့ ဆန္ဒပါ…
ဒါကြောင့် ကျနော်တို့ရဲ့ အသက်မှာ …
တစ်ယောက်သောသူရဲ့ ဂရုစိုက်မှုကို ရခဲ့ရင်…
တစ်ယောက်သောသူရဲ့ ယုယမှုကိုရခဲ့ရင်…
တစ်ယောက်သောသူရဲ့ တန်ဖိုးထားမှုကိုရခဲ့ရင်…
တစ်ယောက်သောသူရဲ့ နှလုံးသားအစစ်ကိုရခဲ့ရင်…
တစ်ယောက်သောသူရဲ့ မျက်ရည်ကို ရခဲ့ရင်…
ကျေနပ်ပါပြီ…

လက်တွဲပြီးရင် လက်တွဲဖြုတ်ဖို့ကို မစဉ်းစားပါနဲ့…
တစ်သက်လုံးဆိုတာ ရှည်လဲ မရှည်သလို တိုလဲမတိုပါဘူး…
ဆုံးရှူံးသွားပြီးမှ တန်ဖိုးထားရကောင်းမှန်းမသိဆိုတာမျိုးမဖြစ်ပါစေနဲ့…
အခုလက်ရှိ ပိုင်ဆိုင်နေတာကို တန်ဖိုးထားတတ်ပါစေ…

Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ

Latest Myanmar News
အခမဲ့ ကြော်ငြာ
Read more →

Monday, October 14, 2013

ရေကန်ထဲကဆား(စိတ်ဓါတ်ကျနေသူများအတွက်ပါ)

,

အရမ်းကောင်းတဲ့ ဥပမာ လေးပါ ...ဖတ်ကြည့်ပါ အရမ်းကောင်းပါတယ်

တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက် ဆီ ရောက်လာပါတယ်..

ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ လူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က

“ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်

.. ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်.

မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်.. ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်.. ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို သောက်ကြည့်ပါဦး” လို့ ခိုင်းလိုက်တဲ့အခါ

ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်..

ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ” လို့ မေးလိုက်ပါတယ်.. ဒီတော့ လူငယ်က “ လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့ နဂိုအရသာ အတိုင်းပါဘဲ”

လို့ ပြန်ဖြေပါတယ်.. “စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ “ မငံတော့ပါဘူး.” လို့ လူငယ်က ပြန်ဖြေလိုက်ပါတယ်.. ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာပုတ်လိုက်ကာ “ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူပါတယ်..

ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်.

. . မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်.. ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု
မဟုတ်တော့ဘူးပေါ့…” “ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ.. ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့.. ရေကန်တစ်ကန်အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ.. ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်” လို့ ပြောလိုက်ပါတယ်.......
Read more →

Friday, October 4, 2013

ဖေဖေနဲ့မေမေ ပြီးတော့ သမီးလေး

,

♠ ဖေဖေက စစ်မြေပြင် ဆိုတော့
သမီးက သူရဲကောင်းလေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ ဖေဖေက ဥယျာဉ်မှူး ဆိုတော့
သမီးက ပျိုးပင်လေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ ဖေဖေက ကဗျာဆရာလေး ဆိုတော့
သမီးက ကဗျာလေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ မေမေက ပန်းလေး ဆိုတော့
သမီးက ဝတ်မှုန်လေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ မေမေက ကောင်းကင်ကြီး ဆိုတော့
သမီးက ကြယ်ပွင့်လေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ မေမေက ပင်လယ်ပြင်ကြီး ဆိုတော့
သမီးက လှူိင်းကလေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ မေမေက သမီးရဲ့
ညတွေအတွက် လမင်း
♠ ဖေဖေက သမီးရဲ့
နေ့တွေအတွက် နေမင်း
♠ ဖေဖေရဲ့ ယုံကြည်မှုတွေကြောင့်
သမီး ရဲရင့် နေခဲ့တာပါ
♠ မေမေရဲ့ အားပေးမှု
သမီး သတ္တိတွေရှိခဲ့တာပါ
♠ ဖေဖေ ပျိုးထောင်ပေးခဲ့လို့
လောကအတွက်ဆေးဖက်ဝင်ပင်လေးဖြစ်လာခဲ့ပါပြီ
♠ မေမေ သင်ပေးတဲ့” ဝလုံး ”တွေကလည်း
ခုချိန်ထိသုံးမကုန်နိုင်သေးဘူး မေမေ
♠ စကြာဝ­­ဋာဆိုတာ ဘယ်လောက်ကြီးစမ်းပါစေ
ဖေဖေ မေမေ ရဲ့မေတ္တာတရားလောက်တော့
ဒီတောင်ကြီးလဲခမ်းနားနိုင်မှာမဟုတ်ပါဘူး…….........


ချစ်တဲ့ ဖေဖေ မေမေအတွက်
ပျို့မှာတမ်း
Read more →

Wednesday, October 2, 2013

ထူးဆန်းတဲ့ အိမ်မြှောင်လေး အကြောင်း

,


ဒီပုံပြင်လေးကတော့ ဂျပန်မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ ဂျပန်မှာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ အိမ်အဟောင်းကို ပြုပြင်ဖို့ နံရံကိုချိုးဖျက်ခဲ့တယ်။ ဂျပန်အိမ်တွေမှာ သစ်သားနံရံတွေကြား
အခေါင်းပေါက်နေရာလပ်တစ်ခုရှိတယ် ။



သူဟာနံရံကိုဖြိုချတဲ့အခါ ညပ်နေတဲ့ အိမ်မြှောင်တစ်ကောင်ကို မြင်ခဲ့တယ်။အပြင်က သံတစ်ချောင်းက အဲဒီအိမ်မြှောင်ရဲ့ ခြေတစ်ဖက်ကို ဖောက်ရိုက်ထားတာသူတွေ့ခဲ့တယ်။သူဟာအိမ်မြှောင်လေးအပေါ်သနား
စိတ်ဝင်ခဲ့တယ် ။တစ်ချိန်ထဲမှာလည်း ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို သိချင်လို့သံချောင်းလေး ကိုစစ်ဆေးလိုက်တဲ့အခါ သံချောင်းလေးရဲ့သက်တမ်းဟာ ပထမဆုံးအိမ်ဆောက်တဲ့ အချိန်နဲ့တွက်ကြည့်ရင် ( ၁၀ ) နှစ်လောက်ရှိနေတာကိုတွေ့ရှိခဲ့ရတယ်။

ဘယ်လိုဖြစ်ရတာလဲ......။အိမ်မျြောင်လေးဟာတစ်နေရာထဲမှာပဲ(၁၀) နှစ်ကြာကြာအသက်ရှင်ခဲ့တယ်။
 မှောင်ပြီး ခွဲကန့်ထားတဲ့နံရံမှာ ( ၁၀ )
နှစ်ကြာကြာမရွေ့လျားဘဲ ရှိနေတဲ့အတွက် သူဟာ စိတ်ထဲမှာ မဖြစ်နိုင်သလို
ခံစားရပြီး အံ့သြသင့်မှုတွေနဲ့ တုန်လှုပ်သွားခဲ့တယ်။ ပြီးတော့ ခြေထောက်မှာ
သံရိုက်ခံရလို့ ခြေလှမ်းတစ်လှမ်းမှ မရွေ့လျားဘဲ
( ၁၀ ) နှစ်ကြာကြာ
အသက်ရှင်နေတဲ့ ဒီအိမ်မြှောင်ကို သူအရမ်းအရမ်းအံ့သြမိတယ်။ ဒါကြောင့်
သူ့အလုပ်ကိုရပ်ပြီး အိမ်မြှောင်ကလေး ဘာတွေလုပ်ပြီး ဘယ်လိုစားခဲ့လဲဆိုတာ့
လေ့လာကြည့်ခဲ့တယ်။

ဒီလိုနဲ့ သူ့စိတ်ထဲဖြစ်နေတဲ့ ခံစားချက်အတွက်
အဖြေဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒါတော့ အခြား အိမ်မြှောင်လေးတစ်ကောင်က
အစာတွေကို ပါးစပ်ထဲမှာ ထည့်ပြီး ဒုက္ခိတအိမ်မြှောင်လေးကို
လာကျွေးနေလို့ပါပဲ။ အဲဒီမြင်ကွင်းကို သူမြင်ရတဲ့အခါ
အသက်ရှူမှားလောက်အောင် ဖြစ်ပြီး အ၇မ်းခံစားခဲ့ရတယ်။

( ၁၀ ) နှစ်ကြာကြာ မမောမပန်း ၊မျှော်လင့်ချက်မစွန့်ဘဲ အဖော်
အိမ်မြှောင်လေးကို ပြုစုခဲ့တဲ့ အိမ်မြှောင်လေးကို စဉ်းစားကြည့်ပါ။
မင်းလည်း မင်းရဲ့အဖော် ( သူငယ်ချင်း ၊ မိဘ ၊ မောင်နှမ ၊ ဆွေမျိုး ၊
အတူလက်တွဲလုပ်ဆောင်ရတဲ့သူ ) တွေအပေါ်မှာ အိမ်မြှောင်လေးလို
ပြုစုပေးမှာလား......။

အထူးသဖြင့်( ၉ ) လတိုင်တိုင်ကြီးမားတဲ့ ၀န်ထုပ်ကို လွယ်ပြီးမင်းကို လူဖြစ်အောင် ဒီလောကထဲယူဆောင်ပေးခဲ့တဲ့မင်းရဲ့အမေကိုဒီလိုပြုစုပေးမှာလား..............။သေးငယ်တဲ့တိရစ္ဆာန်လေးတောင်မှ ဒုက္ခရောက်နေတဲ့ အဖော်ကိုဒီလိုပြုစုတတ်ရင်.....အရမ်းထက်မြက် ကျွမ်းကျင်ပြီး ပါရမီတွေထူးတဲ့လူသားတွေအနေနဲ့ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ..........။ကျေးဇူးပြုပြီး မင်းချစ်ရတဲ့သူတွေကို ဘယ်တော့မှစွန့်ပစ်မထားပါနဲ့။ မင်းရဲ့အကူအညီကိုအမှန်တကယ်လိုလားနေတဲ့သူကို.အလုပ်များတယ်.....လို့မပြောပါနဲ့။နှလုံးသားကို အသုံးပြုပြီး အသက်ရှင်ပါ။ ဦးနှောက်ကိုအသုံးပြုပြီး အသက်ဆက်ပါ။ ဒါဆိုရင် မင်းရဲ့ဘ၀ဟာ ကောင်းကင်သုခဖြစ်လာပါလိမ့်မယ်။

 Myanmar News Media    မှမျှဝေဖေါ်ပြသည်
Read more →

Friday, September 27, 2013

ပေးတာဟာ ယူတာပါ

,


"Giving is taking" တဲ့။
ပေးတဲ့သူဟာ ဘာပဲပေးပေး ကိုယ်ပေးတဲ့ စေတနာနဲ့ တန်တာကို ကိုယ်ပြန်ရမှာပါပဲ။ ကိုယ်က စိတ်စေတနာကောင်းနဲ့ ပေးရင် ကိုယ်ပြန်ရတဲ့ အကျိုးဟာလည်း အဲဒီစေတနာအတိုင်း ပြန်ရမှာပါ။ ကိုယ်ကစေတနာဆိုးနဲ့ ပေးရင်လည်း ကိုယ့်စေတနာအတိုင်း ကိုယ်ပြန်ခံစားရမှာပါ။

ပေးတယ်ဆိုရာမှာလည်း ပစ္စည်းဝတ္ထုတွေ ပေးတာတင်မဟုတ်ပါဘူး။
ကိုယ့်ရဲ့ အပြောအဆို၊ အပြုအမူ၊ အတွေးအကြံတွေကို တခြားသူတွေထံ သက်ရောက်စေတာလည်း ဒါဟာ ပေးခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေဟာ သူများအတွက် အကောင်းဖြစ်သွားရင် ဒါဟာ အကောင်းပေးတာ ဖြစ်ပြီး ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေဟာ သူများအတွက် မကောင်းဖြစ်သွားရင် ဒါဟာ မကောင်းပေးတဲ့ သဘောဆောင်သွားတာ ဖြစ်ပါတယ်။

စေတနာ ပါပါနဲ့ လုပ်ခဲ့တဲ့ လုပ်ရပ်တိုင်းမှာ တန်ပြန်သက်ရောက်မှုတွေ ရှိတတ်ပြီး အဲဒီသက်ရောက်မှုတွေဟာ လုပ်တဲ့သူတွေထံကို ပြန်ရောက်လာမှာပဲ ဖြစ်တဲ့အတွက် ကိုယ်ယူချင်တာ၊ ကိုယ်ရချင်တာကို ကိုယ်ရွေးချယ်ပြီး ပေးကြဖို့ပဲ ဖြစ်ပါတယ်။

ပေးခြင်းဟာ ယူခြင်းပဲ ဖြစ်တဲ့အတွက် ကိုယ်ယူချင်တာ ကိုယ်ကအရင် ပေးကြဖို့ပဲ ဖြစ်ပါတယ်။

မေတ္တာဖြင့်
ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
Read more →

မြန်မာဆိုတာ ရေရှည်တည်တံ့နိုင်ဖို့

,
 
တစ်ခါတုန်းက ဆရာကြီးတစ်ယောက်က ဘယ်လမ်းလိုက်ချင်သလဲလို့မေးတာမို့ May be I will join to Oncology လို့ ဖြေမိတယ်။

ဆရာကြီးက ပြန်ပြောတယ်။ May be ( မသေချာ ) ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းကြောင်း ပြသလိုဖြစ်နေတာမို့ သူများအထင်သေးတတ်တယ်။ မသုံးသင့်ဘူးတဲ့။

အင်းးးးးးးးးးး ကိုယ့်ကိုယ်ကို ယုံကြည်မှုသိပ်ပြလွန်းရင် Hyper လို့ အပြောခံရတဲ့ ၀န်းကျင်ကလာမှန်း ဆရာကြီးကမှ မသိတာနော်။

ကိုယ့်ကိုယ်ကို low profile လို့ ခေါ်တဲ့ နှိမ့်ချဆက်ဆံတတ်တဲ့ ပုံစံမျိုးရှိနေမှ လူတွေက သဘောကျတတ်တဲ့ ပတ်ဝန်းကျင်ကနေ high profile လို့ ခေါ်တဲ့ ယုံကြည်မှု ရဲရင့်မှု ပြတ်သားမှုတွေသာ ထိပ်ဆုံးတန်ဖိုးများအဖြစ် ကြီးစိုးတဲ့ပတ်ဝန်းကျင်ကို ရုတ်တရက်ရွှေ့ပြောင်းရတဲ့အခါ နေသားတကျ မဖြစ်တာ၊ ကသိကအောက်နိုင်တာမျိုးစုံကို ကြုံကြရတာ ဓမ္မတာပါပဲ။ အထင်သေး အမြင်သေး မျက်လုံးများကိုလည်း အလွယ်တကူ ဆုအဖြစ်ရတတ်သေးတယ်ပေါ့။

သူတို့အချင်းချင်းမှာတောင် ထိပ်ဆုံးရောက်ဖို့အတွက် အမြင့်ဆုံးတန်ဖိုးတွေဘယ်လောက်အရေးပါသလဲ သိချင်ရင် Iron Lady ကိုသာကြည့်။

သာမာန်အိမ်ရှင်မဘ၀ကနေ ၀န်ကြီးချုပ်ဘ၀မတက်ခင် မာဂရက်သက်ချာကို လေ့ကျင့်ပုံသွင်းခဲ့ကြတာ။ နမူနာယူစရာပါ။

အခုလဲ သမ္မတကြီး ဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ်မှာ သမ္မတကြီးရဲ့ ပုံစံဟန်ပန်နဲ့ ပတ်သက်လို့ ဝေဖန်နေကြတာ၊ မချင့်မရဲ ဖြစ်ကြတာ တကယ်တော့ မဆန်းပါ။

သမ္မတကြီးပြင်းခဲ့တာ မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာ့ပညာရေးဘောင်ထဲကပဲ။

ပဲပင်စိုက်ပြီး ကောက်ညှင်းလိုချင်လို့တော့ မရစကောင်း။

ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ အရှိဟာ အရှိပါ။

ပြောချင်တာက နောင် လာမယ့်ကလေးတွေ။

ဖွင့်ထားတဲ့တံခါးတွေ၊ ၀င်လာမယ့် လူအရင်းအမြစ်တွေ၊ ကူးလာမယ့် ယဉ်ကျေးမှုမျိုးစုံ

ကိုယ်ခံအားကောင်းဖို့ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေမှပါ။

မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ဆိုရင် ကိုယ့်ယဉ်ကျေးမှုရဲ့ အကောင်း အဆိုးတွေကို အတွင်းကျကျသိပြီး ငါဟာ မြန်မာ လို့ ယုံကြည်မှုရှိမှ။

ဘာသာရေးလဲ ထိုနည်းလည်းကောင်း။

လူမှုရေးလဲ ထိုနည်းလည်းကောင်း။

ထမိန်သိမ်း ၀တ်ရုံနဲ့တော့ ယဉ်ကျေးမှုကို မကာနိုင်။

သြကာသလောက်နဲ့တော့ ဘာသာရေးကို မထိန်းနိုင်။

မလိုအပ်ပဲ ရိုကျိုးဆက်ဆံပုံမျိုးနဲ့တော့ နိုင်ငံခြားသားများက တက်နင်းသွားပါလိမ့်မယ်။

Confidence Confidence Confidence

ကလေးတွေကို ယုံကြည်ရဲရင့်အောင် သင်ပေးကြပါ။ ရုပ်ရော၊ စိတ်ရောပေါ့။

ရွာကြီးဖြစ်လာတဲ့ ကမ္ဘာကြီးအလယ်မှာ သူတို့မားမားမတ်မတ်ရပ်နိုင်မှသာ

မြန်မာဆိုတာ ရေရှည်တည်တံ့နိုင်မှာလေ။
Read more →

သူဘာလို့ ငါ့ထက် သာနေရတာလဲ

,
သူဘာလို့ ငါ့ထက် သာနေရတာလဲ


 
 
 
 
 
 
 
 
 
 
တစ်ခါက မောင်ဖြူနဲ့ မောင်မဲဟာ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီး တစ်ခုမှာ အလုပ်ဝင် လုပ်ကြပါသတဲ့။ နှစ်ယောက် စလုံးဟာ အလုပ်ကို ကြိုးစား လုပ်ကြပါတယ်။ နှစ်အနည်းငယ်ကြာတဲ့ အခါ သူဋ္ဌေးက မောင်ဖြူကို အရောင်း မန်နေဂျာ အဖြစ်ရာထူးတိုးပေး လိုက်ပြီး မောင်မဲကတော့ အရောင်းသမား အဖြစ်နဲ့ပဲ လုပ်နေရ ပါတယ်။ မောင်မဲဟာ ဆက်ပြီးသည်းမခံ နိုင်တော့ပါဘူး။ အလုပ်ထွက် စာရေးပြီး သူဌေးဆီ သွားတယ်။
" ဒီမှာသူဌေ့း့ ခင်ဗျားက အလုပ်ကြိုးစားတဲ့ သူကို တန်ဖိုးမထားဘဲ ဖားတဲ့သူကိုမှ ခင်ဗျားက ပ,စားပေး ရာထူးတိုးပေးတာ မဟုတ်လား ။ ဒီတော့ ကျုပ်အလုပ်ထွက်တယ့့် " လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။ သူဌေးက မောင်မဲ အလုပ်ကြိုးစားတာ သိပါတယ် ။ဒါကြောင့် သူ့သယ်ရင်းနဲ့ သူ့အကြားကွာခြားချက်ကို သူသိစေချင်တာနဲ့ "မင်းအလုပ်မထွက်ခင် ဈေးထဲသွားပြီး ဖရဲသီးသည်ရှာပေးနိုင်မလား " လို့ မေးပါတယ်။ မောင်မည်း ခေါင်းညိတ်တော့ " အေ့း့ ဖရဲသီး တစ်ကီလိုကို ဘယ်ဈေးလဲ မေးခဲ့စမ်းကွာ " လို့ခိုင်းတယ်။
မောင်မဲလည်းထွက်သွားပြီး မကြာခင်ပြန်ရောက် လာပါတယ်။ " တစ်ကီလို ၁၂ ဒေါ်လာပါဆရာ" သူဌေးက "အေ့း့ ဒီမေးခွန်းကိုပဲ မင်းသူငယ်ချင်းမောင်ဖြူကိုလည်း ငါမေးဦးမကွာ " ဆိုပြီး မောင်ဖြူကို ခေါ်ပါတယ်။ စောစောကလိုပဲ ခိုင်းပါတယ်။ မောင်ဖြူပြန်လာတော့ " သူဌေးခင်ဗျာ့း့ ဖရဲသီးသည် တစ်သည်ပဲ တွေ့ခဲ့ပါတယ့့် တစ်ကီလိုကိုတော့ ၁၂ ဒေါ်လာပါ့ ၁ဝ ကီလိုယူရင် ဒေါ်လာ၁ဝဝ နဲ့ ရပါမယ့့် လောလောဆယ်သူ့မှာ ဖရဲသီးအလုံး ၃၄ဝ ရှိပါတယ့့် ဆိုင်မှာ ခင်းထားတာက ၅၈လုံးပါ့ တစ်လုံးကို ၁၅ ကီလိုလောက် ရှိပါတယ့့် မနေ့ကမှ တောင်အရပ်က ဝယ်လာတာပါ့ အားလုံး လတ်လတ် ဆတ်ဆတ်တွေ ချည်းပါပဲ့ ဖုန်းဆက်ချင်ရင် ဒီမှာသူ့ ဖုန်နံပါတ်ပါ့ 
" မောင်မဲဟာ သူ့သယ်ရင်းနဲ့ သူရဲ့ခြားနားချက်ကို သိသွားပြီး သူ့သယ်ရင်းကို အရမ်း အထင်ကြီးလေးစား သွားပါသတဲ့ ။ အလုပ် မထွက်တော့ပါဘူး ။သယ်ရင်းဆီက လေ့လာသင်ယူစရာတွေ ရှိသေးတယ်လေ့  ပိုပြီးအောင်မြင်နေသူ တွေဟာ အကြောင်းအရာ တစ်ခုကိုပဲ အများနဲ့မတူ ပိုပြီး မြင်တတ် တွေးတတ် နက်နက်ရှိုင်းရှိုင်း နားလည်တတ်တဲ့ သူတွေပါ ။ မနက်ဖြန်အတွက်မင်းတွေး နေချိန်မှာ သူကနှစ်နဲ့ချီပြီးတွေးပြီး သွားပြီ ။ ရက်နဲ့နှစ်ဆိုတာ ၃၆၅ဆ ၁ ဆ ကွ။ ကဲ့ သယ်ရင်း မင်းရော မင်းဘဝအတွက် ရှေ့ကိုဘယ်လောက်များ ကြိုစဉ်းစားထားပြီလဲ ။ မင်းဘယ်လောက်များ နက်နက်ရှိုင်းရှိုင်း တွေထားပြီလဲ။ 
Ref - Soup for soul
 
ရိုးရာလေး

Read more →

Thursday, September 26, 2013

ပညာတတ် တစ်ယောက် ဖြစ်ဖို့ထက် ပညာရှိ တစ်ယောက် ဖြစ်ဖို့က ပိုပြီး အရေးကြီးတယ်

,
ပညာတတ် တစ်ယောက် ဖြစ်ဖို့ထက် ပညာရှိ တစ်ယောက် ဖြစ်ဖို့က ပိုပြီး အရေးကြီးတယ်









တရုပ်နိုင်ငံ ဂွမ်ဇောင်းပြည်နယ် ဘဏ်လုယက်မှု တစ်ခုဖြစ်ပွား ခဲ့ပါတယ်။ အဲဒီအချိန်မှာ လုယက်သူတွေက သေနပ်ဖြင့် ခြိမ်းခြောက်ကာ ငွေတွေကို ယူကြတာပေါ့။ အာလုံးဆိုသလို တတ်ဆိတ် ငြိမ်သက်နေပါတယ်။ ထိုအချိန် လုယက်သူက " အဝတ်အစားတွေကို လုံလုံခြုံခြုံ ဖုံးထားပါ။ ဒါဟာ မဒိမ်းကျင့်နေတာ မဟုတ်ပါဘူး။ လုယက်နေတာ ဖြစ်တယ်။ ပိုက်ဆံတွေက နိုင်ငံတော် ပိုင်တွေ ဖြစ်တယ်။ ခင်ဗျားတို့ ပိုင်တာဆိုလို့ ခင်ဗျားတို့ရဲ့ အသက်တွေပဲ ဖြစ်တယ်" လို့ လုယက်သူတွေက ပြောလိုက်ပါတယ်။
လုယက်သူနှစ်ယောက်ဟာ လုယက်အပြီး အိမ်ကို ပြန်ရောက်သွားတော့ MBA ဘွဲ့ရတဲ့ ညီဖြစ်သူက မှုလတန်းသာ အောင်မြင်တဲ့ အကို ဖြစ်သူကို " အကို ငွေတွေ ရေရအောင်လေ ဘယ်လောက် ရသလဲလို့ " " ရှုးလိုက်တဲ့ ငါ့ညီ ငွေတွေ ဒီလောက်များတာ ဘယ်လိုလုပ်ပြီး ရေ နိုင်မှာလဲ။ ခဏနေရင် တိဗီကနေ ကြေငြာလိမ့်မယ် အကိုတို့ ငွေတွေ ဘယ်လောက် ခိုးသွားသလဲ ဆိုတာကို " လို့ အကိုဖြစ်သူက ပြောလိုက်ပါတယ်။
အဲဒီအချိန်မှာ ဘဏ်မန်နေဂျာနှင့် အုပ်ချုပ်သူနှစ်ယောက်ဟာ ဘဏ်ကို လုယက်မှု ဖြစ်သောကြာင့် ရဲတွေကို ဖုန်းဆက်ပြီး တိုင်ကြားလိုက် ပါတယ်။ ရဲတွေ ရောက်မလာခင်မှာ ဘဏ်အုပ်ချုပ်တဲ့ သူက မန်နေဂျာကို " ရဲတွေ မရောက်လာခင်မှာ ငါ့တို့ အလွဲသုံးစား လုပ်ထားတဲ့ သန်း ၇၀ ကို လုယက်ခံရတဲ့ စာရင်းထဲကို ထည့်လိုက်ကြမယ်။ ပြီးရင် အခွင့်အရေးရတုန်း ၁၀ သန်းလောက် ထပ်ပြီးခိုးလိုက် ကြရအောင် " လို့ပြောလိုက်တယ်။ မန်နေဂျာဖြစ်သူက " ကောင်းလိုက်တဲ့ အကြံပဲ၊ သန်း ၁၀၀ ခိုးသွားတယ်လို့ စာရင်းတင်လိုက်မယ် "လို့ ပြောလိုက်တယ်။
ခဏအကြာမှာပဲ ရဲတွေ ရောက်လာကြတာပေါ့။ ရဲတွေက ဘဏ်မှာ လုယက်သွားသော ငွေကို သန်း ၁၀၀ လို့ စာရင်းမှတ်လိုက်တယ်။ ထို့နောက် တီဗီကနေ သန်း ၁၀၀ လို့ ကြေငြာလိုက်ပါ တော့တယ်။ အဲဒီအချိန်မှာ လုယက်သူနှစ်ယောက်က ပိုက်ဆံတွေကို ရေတွက်ပါတော့တယ်။ ရေတွက်လို့ အပြီးမှာ ဒေါသတွေ ထွက်ပါတော့တယ်။ ဘာလို့ဆိုတော့ တော့ သန်း ၂၀ ပဲရှိလို့ပါ။
ထိုအခါ အကိုဖြစ်သူက ညီကို ပြောပါတယ် "ညီလေး ပညာဆိုတာက ရွှေထက်ပိုပြီး တန်ဖိုးရှိတယ်၊ ခွန်အားစိုက်ထုတ် စရာလည်း မလိုဘူး၊ ဦးနှောက်လေးကိုပဲ အသုံးပြုရတာ၊ လက်ထဲမှာ ဘွဲ့လက်မှတ် ရှိမှ ပညာရှိ မဟုတ်ဘူး " လို့ အကို ဖြစ်သူက ပြောလိုက်ပါတယ်။
 ထိုအချိန်မှာ ဘဏ်အုပ်ချုပ်သူနှင့် ဘဏ်မန်နေဂျာ တို့က အလွန်ပဲ ဝမ်းသာနေကြတာပေါ့။ ဘာလို့ဆိုတော့ သူတို့ အလွဲသုံးစား လုပ်ထားတဲ့ သန်း ၇၀ ကိုလည်း ပြန်ဆပ်လိုက်ရတယ်။ ထို့အပြင် ၁၀ သန်းကို တောင် အစစ်ရလိုက် ရလို့ပါပဲ။ ဘဏ်အုပ်ချုပ်တဲ့သူက မန်နေဂျာကို " သူခိုးတွေ ငါ့တို့ ဘဏ်ကို လတိုင်း လာပြီးလုရင် တော်တော်ကောင်းမယ်လို့ " ပြောလိုပါတယ်။
တကယ်တော့ ပညာရှိ ဆိုတာဟာ အတန်းပညာ ဘွဲ့လက်မှတ်တွေ မဟုတ်ဘူး အခြေအနေ အချိန်အခါ အလျောက် သင့်တင့်လျောက်ပတ်စွာ ဆောင်ရွက်နိုင်သောသူကို ဆိုလိုတယ်။ ဒါကြောင့် သင်ဟာ ပညာတတ် တစ်ယောက် ဖြစ်ဖို့ထက် ပညာရှိ တစ်ယောက် ဖြစ်ဖို့က ပိုအရေးကြီးတယ်လို့ စာရေးသူ ဆိုလိုက်ပါတယ်။  
Ref - General Knowledge
ကျော်လင်းနိုင် (ရိုးရာလေး)
Read more →

Tuesday, September 24, 2013

အရက်သမားရဲ့ ဒဿနမေးခွန်း

,

သင်္ဂဇာဆရာတော်ဘုရားကြီး ထင်ရှားတော်မူစဉ်ကပင် ဖြစ်၏။ အတွေးအခေါ်ရှိသော အရက်သမားတစ်ဦးက ဆရာတော်အား ဤသို့လာလျှောက်၏။

“ဆရာတော်ဘုရား၊ တပည့်တော်စိတ်ထဲမှာ မရှင်းတာလေးတစ်ခု လျှောက်ထားပါရစေဘုရား၊ ငါးပါးသီလထဲမှာ သူ့အသက်သတ်တာ၊ သူတစ်ပါးဥစ္စာခိုးတာ၊ လိမ်ညာပြောတာ၊ သူတစ်ပါးသားမယားဖျက်ဆီးတာ၊ ဒီလေးပါးကတော့ မိမိရော သူတစ်ပါးကိုပါ စိတ်ဆင်းရဲစေလို့ မလုပ်နဲ့လို့ တားမြစ်တာ ထားပါတော့ဘုရား၊ အရက်သောက်တာကတော့ ဘယ်သူ့ကိုထိခိုက်တာမှတ်လို့ ဘုရား၊ ဒီအရက်လေး ကိုယ်ကြိုက်လို့ ကိုယ့်ပါးစပ်ထဲ ထည့်လောင်းတာပဲ၊ အဲဒါ ဘာကြောင့် သုရာမေရယကံဟာ ငါးပါးသီလထဲ ပါနေရတာလဲဘုရား”

“ဒကာတော်၊ ပုံပြင်တစ်ပုဒ်နဲ့ ရှင်းပြမယ်၊ တစ်ခါက ရွာတစ်ရွာမှာ နွားမွေးထားတဲ့ အဘိုးတစ်ယောက်ရှိတယ်။ သူ့နွားခြံမှာ နွားတွေဟာ တစ်ရာကျော်နှစ်ရာနီးပါး ရှိတယ်။ အဘိုးကြီးကတော့ သိပ်ပြီး အလုပ်အကိုင် မလုပ်နိုင်တော့ဘူး။ သူ့မြေးကလေးကပဲ အဓိကထားပြီးလုပ်ရတယ်။ ညနေရောက်လို့ နွားတွေကို နွားခြံထဲသွင်းပြီးပြီလို့ဆိုတာနဲ့ အဘိုးဖြစ်သူက မြေးဖြစ်သူကို နေ့စဉ် မေးလေ့ရှိတယ်”

“အဲဒီ မေးခွန်းကတော့ ချိုထောင်နွားလေးကို ကြိုးချည်ထားရဲ့လား ဆိုတာပဲ။ နေ့စဉ် ဒီမေးခွန်းချည်း မေးနေတော့ မြေးဖြစ်သူက ထူးခြားတာနဲ့ တစ်ရက်မှာတော့ အဘိုးဖြစ်သူကို ပြန်မေးတယ်။ နွားအများကြီး ရှိတဲ့အထဲက ဘာဖြစ်လို့ချိုထောင်လေး တစ်ကောင်တည်းကိုချည်း ကြိုးချည်ပြီးပြီလားလို့ မေးနေရတာလဲတဲ့”

“ဒီတော့ အဘိုးဖြစ်သူက ပြန်ပြောတယ်။ ဒီနွားတစ်ရာကျော်ထဲမှာ ချိုထောင်လေးဟာ အဆိုးဆုံးဖြစ်တယ်။ သူ့ကိုချည်မထားရင်တွေ့သမျှ နွားတွေကို လိုက်ဝှေ့တတ်တဲ့အတွက် နွားခြံတစ်ခြံလုံး ဘယ်နွားမှ အိပ်လို့ရမှာမဟုတ်ဘူး။ ဒါကြောင့် ချိုထောင်လေးကိုပဲမေးတာ။ ငါးပါးသီလထဲမှာ သုရာမေရယဟာ ချိုထောင်နွားလေးနဲ့တူတယ်”

“ချိုထောင်နွားလေးကြောင့် နွားခြံတစ်ခြံလုံး ဒုက္ခရောက်ရသလို အရက်တစ်ခုကြောင့် ကျန်တဲ့ သိက္ခာပုဒ်တွေ အကုန်ပျက်တတ်တယ်။ ဒါကြောင့် ငါးပါးသီလရဲ့ အချုပ်အခြာဖြစ်တဲ့အတွက် သုရာမေရယသိက္ခာပုဒ်ကို ငါးပါးသီလထဲထည့်ထားရတာ” ဟူ၍ သင်္ဂဇာဆရာတော်ကြီးက ဖြေဆိုတော်မူခဲ့သည်။

မှန်၏။ အရက်သောက်ခြင်း၏ အဓိကဆိုးကျိုးနှစ်ခုအနက် ပထမတစ်ခုမှာ အကုသိုလ်ဒုစရိုက် အလုပ်မှန်သမျှကို လွယ်လွယ်ကူကူ ကျူးလွန်မိတတ်ခြင်းပင်ဖြစ်သည်။ မည်မျှလောက်ထိ ကျူးလွန်မိတတ်ပါသနည်း။ ထိုအရက်သာဝင်သွားပြီဆိုလျှင် အဖေကလည်း သားကို ပြတ်သတ်မိသည်။ သားကလည်း အဖေကို ပြန်သတ်မိတတ်သည်။ အဖေအရင်းက သမီးအရင်းကို ပြန်စော်ကားမိသည်။

ထိုအချက်သုံးချက်နှင့် ပတ်သက်၍ လက်တွေ့ဖြစ်ရပ်သုံးခုကို ရှာဖွေတင်ပြပါမည်။ အဖေက သားကိုသတ်မိသောဖြစ်ရပ်မှာ သိပ်မကြာလှသေး။ တစ်နှစ်ခန့်သာ ရှိသေးသည်။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့တွင် ဖြစ်ခဲ့သည်။ ဖခင်တစ်ဦးသည် အရက်ကြောင်ပြီး အိမ်ရှိသားသမီးများကို ဓားဖြင့် လိုက်ခုတ်သတ်လျက် ရှိသည်။ အရွယ်ရောက်နေပြီဖြစ်သော သားသမီးအကြီးများကား ပြေးနိုင်၍လွတ်သွားကြပါ၏။

ပြေးနိုင်ဖို့နေနေသာသာ ထိုင်ရုံပင်မထိုင်နိုင်သေးသော ကိုးလအရွယ်ခန့် သူ့သားလေးတစ်ယောက်ကား အော်ဟစ်ငိုယိုလျက် အိပ်ရာပေါ်တွင် ပက်လက်လေး ကျန်နေခဲ့သည်။ လူစိတ်ပျောက်နေသော ဖခင်သည် ထိုကလေးကိုပင် အတုံးအတစ်ဖြစ်အောင် ဓားဖြင့် ခုတ်သတ်လိုက်လေသည်။ ယခုအချိန်တွင်တော့ ဖခင်ဖြစ်သူမှာ ထောင်ထဲရောက်နေလေပြီ။

အပေါ်ယံကြည့်လျှင် အဖေကသားကိုသတ်ခြင်း ဖြစ်သည်။ နက်နဲစွာ တွေးခေါ်ကြည့်လျှင်ကား အဖေက သားကို သတ်ခြင်းမဟုတ်။ အရက်က သားကို သတ်လိုက်ခြင်းသာ ဖြစ်၏။

+++++++++++++++++++++++++++++++++++++++++++++
မေတ္တာရှင်(ရွှေပြည်သာ) “သင်လူတစ်ယောက်ဖြစ်ပြီလား? (ဓမ္မဒဿနနှင့် ဓမ္မရသစာစုများ)” စာအုပ်မှ ထုတ်နုတ် ဖော်ပြပါသည်။
Read more →

Monday, September 23, 2013

မိန်းကလေးများ သတိထားစရာ

,


ဒီစာစောင်လေးကိုမိန်းကလေးအားလုံးကိုဖတ်စေချင်ပါတယ်.....သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေး
တစ်ခု.............ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်….( ဖခင်) အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့... ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီးလက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေး
တယ်။ သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လဲလုပ်ပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။ သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။သမီးဖြစ်သူကလဲ ၅ခေါက် လုပ်ပြန်ပါ တယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။ထိုအခါ သမီးဖြစ်သူက ၁၀ခေါက် လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။အဲ့ဒီတော့မှဖခင်ဖြစ်သူကလက်ထဲမှာဆုပ်ကိုင်ထားတာလေး
ကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။ အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။ ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။ ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။အလကားလဲမတွေ့ချင်ပါဘူး..တွေ့ပြီြး
မင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့…ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။ အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား… " ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.." သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။ ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား* တန်းဖိုးသိမှ တန်ဖိုးရှိတယ်... တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်... တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ....

 (ကူးယူဖော်ပြပါသည်။)
Read more →

Thursday, September 19, 2013

အခြားတစ်ဖက်ကို ကြည့်ပါ

,
look

အဖေဖြစ်သူ စာဖတ်တိုင်း သမီးက အမြဲ နှောင့်ယှက်ပါတယ်။ ဒါကြောင့် သမီး ငယ်လေး အငြိမ်နေအောင် တစ်ခုခုလုပ်ပေးမှ စာဖတ်လို့ရမှာ မို့ မြေပုံစာရွက် တစ်ခုကို အပိုင်းပိုင်းဖြဲပြီး သမီးကို ပေးလိုက်ပါတယ်။
"သမီး.. ဒါလေယူပြီး အခန်းထဲမှာ သွားဆက်ချေ။ ဆက်လို့ပြီး ရင် ဖေဖေ့ဆီ ပြန်လာခဲ့နော" လို့မှာလိုက်ပါတယ်။
မကြာပါဘူး။ အဖေဖြစ်သူက သတင်းစာရဲ့  ပထမစာမျက်နှာမှာပဲ ရှိသေး တယ်။ သမီးလေးက အခန်းထဲကထွက်လာပြီး အကောင်းတိုင်း ဆက်ထားတဲ့ မြေပုံကိုပြေန်ပေးပါတယ်။
အံ့သြစွာနဲ့ပဲ ဘာလို့စောစောပြီးတယ်ဆိုတာကို မေးတော့ သမီးလေးက ဖြေ ပါတယ်။
"မြေပုံနောက်ကျောမှာ ဘောလုံးပုံ အကြီးကြီးပါတယ်လေ ဖေဖေရဲ့ ။ သမီး အဲဒါကိုပဲ ကြည့်ပြီး ဆက်လိုက်တာ"
--------
--------
-------
သင်ခန်းစာ
ဘဝရဲ့  ကိုယ်တွေ့ကြုံရတဲ့ အရာတိုင်းမှာ အခြား တစ်ဖက်ခြမ်းဆိုတာ ရှိနေပါတယ်။ တစ်ခါတစ်ရံ အခက်အခဲတွေတွေ့တိုင်း၊ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းတိုင်း အခြားတစ်ဘက် (နည်းလမ်း) နဲ့သာ ဆိုရင် လွယ်ကူစွာ ဖြေရှင်း၊ ရင်ဆိုင်လို့ရတယ်ဆိုတာကို မြင်တွေ့ရတတ်ပါတယ်။
-----
-----
Ref: lifequote
အောင်ခမ်း (ရိုးရာလေး)
.
Read more →

Wednesday, September 4, 2013

စဉ်းစားစရာ ပုံဥပမာ…

,


တစ်ခါတုန်းက တံငါသည် တစ်ဦးဟာ မြွေတစ်ကောင်က သူ့ ရဲ့ လှေဆီကို ဦးတည်ပြီး ရေကူးလာတာကို တွေ့ လိုက်တယ်။

မြွေက လှေနားကို ရောက်လာတဲ့အခါမှာ အဲဒီမြွေဟာ ပါးစပ်မှာ ဖားတစ်ကောင်ကို ကိုက်ချီလာတာကို တံငါသည်က တွေ့ လိုက်ရတယ်။ သူက ဖားလေးအတွက် စိတ်မကောင်းဖြစ်တာကြောင့် မြွေရဲ့ ပါးစပ်မှာချီလာတဲ့ ဖားလေးကို ဖယ်လိုက်ပြီး လွှတ်ပေးလိုက်တယ်။

ဒါပေမယ့် မြွေအတွက်ကိုလည်း စိတ်မကောင်းဖြစ်ပြန်တယ်။ ဒါနဲ့ သူက မြွေကို ဘာများပေးလိုက်ရမလဲလို့  ရှာကြည့်လိုက်တော့ ၀ီစကီတစ်ပုလင်းကို တွေ့  လိုက်တယ်။ ဒါနဲ့ သူက အဲဒီဝီစကီကို ပုလင်းအဖုံးပြည့်သွားအောင် လောင်းထည့်လိုက်ပြီး မြွေကိုပေးလိုက်တယ်။ ဒါနဲ့ ပဲ မြွေကလည်း ရေကူးထွက်သွားတယ်။

တံငါသည်ကြီးကလည်း ကောင်းမှုတစ်ခုကို လုပ်လိုက်၇လို့ ကျေနပ်နေတာပေါ့။ ၁၀မိနစ်လောက်လည်းကြာရော လှေရဲ့ ဘေးနားကနေ လာခေါက်တဲ့အသံကို သူကကြားလိုက်ရတယ်။

ကြည့်လိုက်တဲ့အခါမှာတော့ စောနက မြွေက ပါးစပ်ထဲမှာ ဖားနှစ်ကောင်ကို ကိုက်ချီပြီး သူ့ ဆီပြန်လာတာကို တွေ့ လိုက်ရတယ်။

သင်ခန်းစာ။ ။လူတွေ ဒါမှမဟုတ် တိရိစ္ဆာန်တွေကို သူတို့ လိုချင်တာကို တစ်ခါပေးလိုက်ရင် သူတို့ တွေဟာ ထပ်ထပ်ပြီး ပြန်လာ တောင်းယူမယ် ဆိုတာ သဘာဝ အမှန်တရားတစ်ခုပါပဲ။ ဒါ့အပြင် သူတို့ တွေဟာ သူတို့ ရဲ့ အပေါင်းအပါတွေကိုပါ သူတို့ နဲ့ အတူ ခေါ်ဆောင်လာမှာ ဖြစ်ပါတယ်။

လွယ်လွယ်နဲ့ တောင်းယူလို့ ရရင် လူတွေဟာ တန်ဖိုးမထားတတ်သလို နောက်တစ်ခါလည်း လွယ်လွယ်နဲ့ ရမှာပဲလေလို့ သာ မှတ်ယူပြီး ဘာအား ထုတ်မှုမှ မရှိပဲ တောင်းခံဖို့ ကိုသာ စဉ်းစားနေမှာ ဖြစ်ပါတယ်။

အင်တာနက်ကဖတ်ရတဲ့ အာဖရိက စကားဆိုလေးကို ပြန်ဆိုထားခြင်းဖြစ်ပါတယ်။ မူရင်း အင်္ဂလိပ်လိုလည်း ထည့်သွင်းပေးထားပါတယ်။
စနိုး

The Fisherman
Created by Aye Thidar
Read more →

Monday, September 2, 2013

ဘ၀ မမေ့ပါနဲ့

,

ဘီလ်ဂိတ်တစ်ယောက် စားသောက်ဆိုင် တစ်ခုမှာ နေ့လည်စာ စားပါတယ်။ ပြီးတော့ ကုန်ကျစရိတ်ရှင်းတဲ့အခါ စားပွဲထိုးကို ဒေါ်လာ ၂၀ ဘောနပ်စ် ပေးလိုက်ပါတယ်။

ယင်းအပေါ် အံ့သြစွာ ကြည့်ရှုနေတဲ့ စားပွဲထိုးဟာ တစ်ခုခုမေးချင်နေတယ်လို့ ရိပ်မိလို့ မေးလိုက်ပါတယ်။ ဒီတော့ စားပွဲထိုးက

"ဒီလိုပါဆရာ။ ဆရာ့သား ဒီဆိုင်မှာ လာစားရင် ဘောနပ်စ် ၂၀၀ ပေးပါတယ်။ သူ့အဖေလည်း ဖြစ်၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဆရာ ကျ တော့ ဒေါ်လာ ၂၀ ပဲ ပေးတယ်ဆိုတော့ နည်းနည်း ထူးဆန်း နေ လားလို့ပါ"

ဒီတော့ ဘီဂိတ်လ်က အောက်ပါ အတိုင်း ခပ်ရယ်ရယ်ပြုံးပြုံးပဲ ဖြေပါတယ်။

"အင်း..။ သူက ဘီလျံနာ တစ်ယောက်ရဲ့  သားလေ။ ကျနော့ကတော့ ထင်းခုတ်သမား သားမို့လို့ပါ"

သင်ခန်းစာ - ဘဝမမေ့နှင့်။

The Webshop
http://shwenewnews.blogspot.com/
Read more →

Saturday, August 31, 2013

ငါးရှဥ့်ရဲ့ပုံပြင်

,


ဂျပန်တွေရဲ့ ရာဇဝင်ပုံပြင်လို့ ဖတ်ရပါတယ်။

ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဥ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေကသေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဥ့်တွေဟာ ကမ်းမကပ်ခင် သေကုန်ကြတယ်။ ဒါပေမယ့် တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြား တံငါသည်တွေရဲ့လှေနဲ့ တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဥ့်တွေက ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကိုတွေ့ရတယ်။ ဒါကြောင့် သူ့ငါးရှဥ့်အရှင်တွေက တစ်ခြားသူတွေထက် အမြဲဈေးကောင်း ပိုရခဲ့တယ်။ နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုမိဆောင်းမိလာသလို အရွယ်ထောက်လာတာကြောင့် ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို ငါးရှဥ့်ဖမ်းတဲ့လျှို့ဝှက်ချက် သင်ပေးလိုက်တယ်။

အဲဒီလျှို့ဝှက်ချက်က တံငါသည်ဟာ လှေဝမ်းထဲမှာ ငါးခူးတစ်ချို့ထည့်ထားပြီး ဖမ်းရတဲ့ငါးရှဥ့်ကို ငါးခူနဲ့အတူ ရောထည့်ထားလိုက်တယ်။ ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း ကိုက်ဖြတ်ကြတော့တယ်။ ငါးခူရဲ့ တိုက်ခိုက်မှုကို ငါးရှဥ့်က မဖြစ်မနေပြန်ခုခံရတယ်။ ငါးရှဥ့်ရဲ့ "အသက်ရှင်ရေး"ဆိုတဲ့ သဘာဝစိတ်က အပြန်အလှန် တိုက်ခိုက်မှုအောက်မှာ အလိုအလျှောက် ထကြွလာခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေခဲ့တာဖြစ်တယ်။

တံငါသည်ကဆက်ပြီး သားကို ပြောပြခဲ့တယ်။

ကမ်းမကပ်ခင်သေရတဲ့ ငါးရှဥ့်တွေက သူတို့ကို ဖမ်းမိသွားပြီ... ဘယ်လိုပဲရုန်းရုန်း လွတ်တော့မှာ မဟုတ်ဘူးဆိုပြီး သေဖို့ကိုပဲ စောင့်နေခဲ့ကြလို့ သူတို့ရဲ့ အသက်ရှင်ဖို့ဆိုတဲ့မျှော်လင့်ချက်က အလွယ်တကူပျက်စီးသွားခဲ့တယ်။ ဒါကြောင့် လှေဝမ်းထဲမှာ ကြာကြာမနေရဘဲ အချိန်တိုအတွင်း သေသွားကြတာဖြစ်တယ်။

တံငါသည်က စိန်ခေါ်မှုတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့၊ စိန်ခေါ်မှုကြောင့် ဘဝရဲ့ အသက်ရှင်နိုင်စွမ်းနဲ့ မျှော်လင့်ချက်က ပိုပြီးပြည့်စုံလာမယ့်အကြောင်း သားကို သင်ပြပေးခဲ့တယ်။

ဂျပန်မိဘတွေက ကိုယ့်သားသမီးကြီးပြင်းလို့ နားလည်မှုအတင့်သင့် ရှိလာတဲ့အခါ ဒီပုံပြင်ကို ပြောပြလေ့ရှိကြတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေရဲ့ ဘဝစိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ စွမ်းရည်တွေကြောင့် ဂျပန်နိုင်ငံက ယနေ့အာရှမှာ အတိုးတက်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ခဲ့တယ်။


မူရင်း -- http://share.youthwant.com.tw/D31021212.html

နိုင်းနိုင်းစနေ (Thursday, January 01, 2009)
.
Read more →

Monday, August 26, 2013

မလိုတာတွေ ဖယ်ထုတ်ပစ်ရတယ်

,

ပန်းပုဆရာကြီးတစ်ဦး ပြောပြတဲ့ စကားတစ်ခုကို အမှတ်ရမိလို့ ပြောပြချင်ပါတယ်။

သူက “ပန်းပု ထုတဲ့အခါမှာ မလိုတာတွေကို ဖဲ့ဖဲ့ထုတ်ပစ်ရတယ်။
မလိုတာတွေကို ဖဲ့ထုတ်၊ ပယ်ထုတ်ပစ်ပြီးတော့မှ လှပတဲ့ ရုပ်လုံးပေါ်လာနိုင်တာ တဲ့။

ဒီနည်းတူပဲ လူဟာ ကိုယ့်ဘဝကိုယ်ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ အရာတွေကို ဖဲ့ဖဲ့ထုတ်၊ ပယ်ပယ်ထုတ်ပစ်ရတယ်တဲ့။

ကိုယ့်ဘဝကိုယ်ခန္ဓာက ဖဲ့ထုတ်ပယ်ထုတ်ပစ်ရမှာကအကျင့်ဆိုး စရိုက်ဆိုး . . . စတဲ့ အရာတွေပဲတဲ့၊
အကျင့်ဆိုး စရိုက်ဆိုး စတဲ့ မလိုလားအပ်တာတွေကို ဖဲ့ထုတ်ပယ်ထုတ်ပစ်မှ တလှတပ ဘဝမျိုး ဖြစ်လာနိုင်တာတဲ့”


တခါတုန်းက ဆရာကြီးတစ်ဥိးက အကျင့်စရိုက်ဆိုးတွေ ရစပြုနေတဲ့ တပည့်တစ်ဦးကို ခေါ်ပြီး တောလမ်းကလေးအတိုင်း လျှောက်လာတယ်။ လျှောက်လာယင်းက အညွန့်အညှောင့်ပေါက်စ သစ်ပင်ကလေး တပင်ကိုတွေ့တော့

ဆရာကြီးက . . .
“တပည့်၊ ဟောဟိုကအပင်လေးကို နုတ်ကြည့်စမ်း” လို့ ခိုင်းတယ်။

တပည့်ကလဲသွားပြီး အလွယ်ကလေးပဲ
လက်ညှိုးနဲ့ လက်မကြားထဲညှပ်ပြီး ဆွဲနုတ်လိုက်တယ်။

ဒါနဲ့ ဆက်လျှောက်လာခဲ့ကြပြန်တယ်။
မကြာခင် အတော်လေး အမြစ်ခိုင်ခိုင်တွယ်မိနေပြီဖြစ်တဲ့ သစ်ပင်ငယ်တပင်ကို တွေ့တယ်။

ဒီအခါမှာလဲ ဆရာကြီးက တပည့်၊
“ဟောဟိုကသစ်ပင်ကို နုတ်ပါအုံး” လို့ ခိုင်းတယ်။

တပည့်ကသွားပြီးနုတ်တယ်။ လက်နှစ်ဖက်နဲ့ တော်တော်ကလေး အားစိုက်ပြီး နုတ်လိုကတော့ သစ်ပင်က အမြစ်ကျွတ်ပြီး ပါလာတယ်။


ဆရာတပည့်နှစ်ယောက်ဆက်ပြီးလျှောက်လာကြပြန်တယ်။ လျှောက်လာယင်း တပည့်လူငယ်က “ဘာမှအသုံးမချဘဲ သူ့ကို သစ်ပင်နုတ်ခိုင်းနေတာ ငါ့ ဆရာကြီး စိတ်တွေမှ မူမှန်သေးရဲ့လား” လို့ တွေးလာတယ်။

မကြာခင် လူတပိုက်တဖက်လောက် လုံးပတ်ရှိတဲ့ သစ်ပင်ကြီး တပင်ကို တွေ့ရတယ်၊
ဒီအခါမှာလဲ ဆရာကြီးက တပည့် ဟောဟိုက သစ်ပင်ကြီးကိုနုတ်စမ်းပါ လို့ ခိုင်းပြန်တယ်။
နုတ်လို့ မရမှန်းသိပေမယ့် ဆရာက ခိုင်းနေတော့ တပည့် လူငယ်က လက်နှစ်ဖက်နဲ့ သစ်ပင်ကြီးကို ပိုက်ဖက်ပြီး အတားကုန်နုတ်တယ်။ ချွေးဒီဒီးသာကျတယ်၊ သစ်ပင်ကြီးကတော့ တုတ်တုတ်တောင် မလှုပ်ဘူး။

ဒီတော့မှ ဆရာကြီးက
“တပည့် မင့်ကို ဆရာက အကြောင်းမဲ့ သစ်ပင်တွေကို နုတ်ခိုင်းနေတာမဟုတ်ပါဘူး။
သစ်ပင်တွေကို သာဓကထားပြီး ပြောပြစရာရှိလို့ပါ၊
အကျင့်စရိုက်ဆိုးတွေ ဆိုတာ နုစဉ်အချိန်၊ အကျင့်စရိုက်ဆိုးတွေ ကိုယ့်မှာဖြစ်လာစ အချိန်မှာ(သစ်ပင်ကလေးဖြစ်စမှာ လွယ်လွယ်နဲ့ နုတ်ပယ်ပစ်လို့ ရသလို) နုတ်ပယ်ပစ်လို့ရတယ်၊
နုတ်ပယ်မပစ်ဘဲ ဆက်ပြီး အကျင့်ဆိုးတွေကို ကြီးပွားစေရင်တော့ အထုအထယ်ကြီးလာပြီး
(သစ်ပင်ကြီး ဖြစ်လာတော့ နုတ်ပစ်လို့မရတော့ သလိုပဲ) နုတ်ပယ်ပစ်လို့ မဖြစ်နိုင်တော့ဘူး၊
ဒီအခါမှာ ဘဝဟာ ဆုံးရှုံးပျက်စီးသွားနိုင်တယ် ဆိုတာ ဆရာ ပြောချင်လို့ပဲ” လို့ ရှင်းပြတယ်။

ဟုတ်ပါတယ်။
ဧရာမအခိုင်အခံ့တိုက်တာအဆောင်အအုံကြီးပေါ်မှာ ညောင်စေ့ကလေးကျလို့ ပေါက်လာတဲ့ ညောင်ပင်
ကလေးကို စောစောနုတ်ပယ်မပစ်ဘဲ ကြီးထွားအောင်ထားရင် ကြာတဲ့အခါ အမြစ်တွေက အုတ်ကြားထဲတိုးဝင်ပြီး အဆောင်အအုံကြီးကို ဖြိုချပစ်နိုင်သလို့၊
အကျင့် စရိုက်ဆိုးတွေဟာ ကြာရင် ဘဝတစ်ခုလုံးကို ဖြိုချဖျက်ဆီးပစ်နိုင်တာပဲ။
ဒါကို မြော်မြင်ပြီး အကျင့်စရိုက်ဆိုးတွေမဝင်အောင်၊
ဝင်လာရင်လည်း နုစဉ်က နုတ်ပယ်နိုင်အောင်
ကျနော်တို့မှာ အစဉ်ပဲ သတိရှိနေဖို့ လိုတယ်လို့ ထင်ပါတယ်။

ဆရာ - (နန္ဒာသိန်းဇံ - ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း) မှ ကောက်နုတ်ပါသည်။
Read more →

Saturday, August 24, 2013

ရင့်ကျက်တယ်ဆိုတာ....

,

ရင့်ကျက်တယ်ဆိုတာ အသက်အရွယ်နဲ့ ဆုံးဖြတ်လို့မရပါဘူး။
အသက်အရွယ်ဆိုတာ ကိုယ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုပါ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုမဟုတ်ပါဘူး။

ရင့်ကျက်တယ်ဆိုတာ တိုက်စားခြင်းမခံဘူး၊ သံယောင်မလိုက်ဘူး၊ တခြားသူရဲ့
အရိပ်အကဲကိုမကြည့်ဘူး၊ သွက်သွက်လက်လက် ပါးပါးနပ်နပ်ရှိတာကို မခေါ်ဘူး၊
လေသင့်ရာ ပဲ့ထိုးတာမဟုတ်ဘူး၊ ဉာဏ်နီဉာဏ်နက်များတာကို ခေါ်တာမဟုတ်ဘူး။

ရင့်ကျက်တယ်ဆိုတာ အခက်အခဲနဲ့ရင်ဆိုင်ရသည့်တိုင် မိမိကိုယ်ကိုယ်ယုံကြည်မှု မဲ့မသွားဘူး၊
ဂုဏ်ပြုချီးမွမ်းခံရသည့်တိုင် မဝင့်ကြွား၊ မထောင်လွှားဘူး။

ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အလိုက်မသိတဲ့ နောက်ပြောင်မှုကို သည်းခံနားလည်ပေးတယ်။
ထင်မှတ်မထားတဲ့ အနှောင့်အယှက်၊ ထိုးနှက်ချက်တွေမှာ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားနိုင်တယ်။

ရင့်ကျက်တယ်ဆိုတာ တဲစုတ်နဲ့နေလည်း မသိမ်ငယ်ဘူး၊ တိုက်တာကြီးနဲ့နေလည်း
မာန်မာနမခက်ထန်ဘူး၊ မဝင့်ကြွားဘူး။

ရင့်ကျက်တယ်ဆိုတာ နောက်ကွယ်မှာပြောခဲ့တဲ့စကားကို လူပုံအလည်မှာ ချပြရဲတယ်။

ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အချစ်၊ အမုန်းနဲ့ ကိုယ့်ခံစားချက်ကို မထိန်းချုပ်ဘူး။
လူအများနဲ့နေလည်း ကိုယ့်အားကိုယ်ကိုးတယ်။

ရင့်ကျက်တယ်ဆိုတာ မိဘဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းမိတ်ဆွေ၊ အလုပ်အကိုင်နဲ့
လူ့လောကကို ပိုတွယ်တာ၊ ပိုတာဝန်ယူပြီး ပိုတန်ဖိုးထား မြတ်နိုးတာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်နားလည်ခြင်း၊ တည်ငြိမ်ရောင့်ရဲတာတွေ
တိုးသထက်တိုးလာပြီး အမုန်းရန်ငြိုး၊ အမြင်ကျဉ်းတာတွေ၊ စိတ်လိုက်မာန်လိုက်လုပ်တာတွေ၊
မောက်မာထောင်လွှားတာတွေ နည်းသထက်နည်းတာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ဆင်းရဲဒုက္ခနဲ့ကြုံခဲ့လည်း မားမားရပ် ရင်ဆိုင်နိုင်တယ်။
အောင်မြင်ကျော်ကြားနေလည်း ဘဝ မမေ့တတ်တာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ကျရှုံးခဲ့လည်း အသစ်ကပြန်စရဲတယ်။
အောင်မြင်ကျော်ကြားခဲ့လည်း အောက်ခြေက ပြန်စရဲတယ်။

ရင့်ကျက်တယ်ဆိုတာ အမှားမရှိတာ မဟုတ်ဘူး။ လုံးဝပြီးပြည့်စုံတာ မဟုတ်ဘူး။
ရင့်ကျက်တယ်ဆိုတာ မျက်စိစူးစေတဲ့ တောက်ပမှုမျိုး မဟုတ်ဘူး။ မလျော့တဲ့လုံ့လနဲ့
ကိုယ့်ကိုယ်ကို ကောင်းသထက်ကောင်းအောင် ပြုစုပျိုးထောင်တာဖြစ်တယ်။ ကြံ့ကြံ့ခံတဲ့စိတ်ဓာတ်နဲ့
အောင်မြင်တဲ့လူ့ဘဝဆီ အရောက်လှမ်းတာဖြစ်တယ်။

I Miss You
WT
Read more →

Friday, August 23, 2013

နိုင်ငံတော်သမ္မတအကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်းသက် ပြောပြသောပြည်သူ့ဝန်ထမ်းများအတွက် ဥပမာ

,

လူနှစ်ယောက် ကွင်းပြင်ကြီး တစ်ခုထဲ မှာ တစ်ယောက်က
ကျင်းတွေတူးပြီး နောက် တစ်ယောက် က အဲဒီ့တူးပြီးသား
ကျင်းတွေထဲကိုမြေကြီးတွေပြန်ဖို့နေကြတယ်..

သူတို့ နှစ်ယောက် လုပ်ဆောင်ချက်ကိုကြည့်နေတဲ့ အခြားသူ
တစ်ယောက်က မနေနိုင်တော့ဘဲ

ခင်ဗျားတို့ နှစ်ယောက် တစ်ခုခုတော့ လွဲနေပြီ..တစ်ယောက်က
ကျင်းတူးတယ်..နောက်တစ်ယောက်က တူးပြီးသားကျင်းထဲကို
မြေကြီးတွေပြန်ဖို့တော့ ဘာအကျိုးရှိမှာလဲ..ဆိုပြီးပြောပြတယ်...

အဲဒီအခါမှ ကျင်းတူးတဲ့သူနဲ့..မြေဖို့တဲ့ သူနှစ်ယောက်က..ဟုတ်
တယ်ဗျ..လွဲတာတော့လွဲနေပြီ..ကျွန်တော်တို့ လဲဘာလွဲနေတယ်
ဆိုတာမသိဘူး တဲ့..

အမှန်ကတော့ ပျိုးပင် စိုက်လုပ်ငန်း ကို တာဝန်ပေးထားတာလူ
သုံးယောက်ပါ..
တစ်ယောက်ကမြေကြီးတူးရတဲ့တာဝန်
တစ်ယောက်ကမျိုးစေ့ချရတဲ့တာဝန်
တစ်ယောက်ကမြေကြီးဖို့ရတဲ့တာဝန်ပ

အဲဒီ့အထဲမှာ မျိုးစေ့ချရတဲ့ လူတစ်ယောက်က ခွင့်ယူထားလို့
မလာနိုင်တဲ့ အတွက် ကျ န်နှစ်ယောက် က ကိုယ့် တာဝန်ကို
ထမ်းဆောင်နေကြတာပါ

ကျွန်တော့်တို့ ၀န်ထမ်းတွေလဲ အပြင်မှာ လက်တွေ့အဲဒီ့လိုပါပဲ..
ကိုယ့် တာဝန်ကိုယ် ပြီးရင် ပြီးရော လုပ်နေကြတာများပါတယ်..
တစ်ယောက်နဲ့တစ်ယောက်ချိတ်ဆက်မှုမရှိ..တစ်ယောက်အလုပ်
တစ်ယောက်မသိကိုယ့်အလုပ်ပြီးရင်တာဝန်ကျေပြီလို့ထင်နေကြ
တယ်..

တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့စိတ်
ဓာတ်လေးတွေမရှိဘဲ..လက်တွေ့အပြင်မှာတစ်ကယ်ပဲတွေ့ကြုံနေ
ရတာပါ..
Read more →