Friday, September 27, 2013

ပေးတာဟာ ယူတာပါ

,


"Giving is taking" တဲ့။
ပေးတဲ့သူဟာ ဘာပဲပေးပေး ကိုယ်ပေးတဲ့ စေတနာနဲ့ တန်တာကို ကိုယ်ပြန်ရမှာပါပဲ။ ကိုယ်က စိတ်စေတနာကောင်းနဲ့ ပေးရင် ကိုယ်ပြန်ရတဲ့ အကျိုးဟာလည်း အဲဒီစေတနာအတိုင်း ပြန်ရမှာပါ။ ကိုယ်ကစေတနာဆိုးနဲ့ ပေးရင်လည်း ကိုယ့်စေတနာအတိုင်း ကိုယ်ပြန်ခံစားရမှာပါ။

ပေးတယ်ဆိုရာမှာလည်း ပစ္စည်းဝတ္ထုတွေ ပေးတာတင်မဟုတ်ပါဘူး။
ကိုယ့်ရဲ့ အပြောအဆို၊ အပြုအမူ၊ အတွေးအကြံတွေကို တခြားသူတွေထံ သက်ရောက်စေတာလည်း ဒါဟာ ပေးခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေဟာ သူများအတွက် အကောင်းဖြစ်သွားရင် ဒါဟာ အကောင်းပေးတာ ဖြစ်ပြီး ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေဟာ သူများအတွက် မကောင်းဖြစ်သွားရင် ဒါဟာ မကောင်းပေးတဲ့ သဘောဆောင်သွားတာ ဖြစ်ပါတယ်။

စေတနာ ပါပါနဲ့ လုပ်ခဲ့တဲ့ လုပ်ရပ်တိုင်းမှာ တန်ပြန်သက်ရောက်မှုတွေ ရှိတတ်ပြီး အဲဒီသက်ရောက်မှုတွေဟာ လုပ်တဲ့သူတွေထံကို ပြန်ရောက်လာမှာပဲ ဖြစ်တဲ့အတွက် ကိုယ်ယူချင်တာ၊ ကိုယ်ရချင်တာကို ကိုယ်ရွေးချယ်ပြီး ပေးကြဖို့ပဲ ဖြစ်ပါတယ်။

ပေးခြင်းဟာ ယူခြင်းပဲ ဖြစ်တဲ့အတွက် ကိုယ်ယူချင်တာ ကိုယ်ကအရင် ပေးကြဖို့ပဲ ဖြစ်ပါတယ်။

မေတ္တာဖြင့်
ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

0 comments to “ပေးတာဟာ ယူတာပါ”

Post a Comment