Saturday, September 28, 2013

တစ်ဖက်နိုင်ငံသို့ တင်သွင်းမည့် ရှေးဟောင်းပစ္စည်းများ သိမ်းဆည်းရမိ

,


မူဆယ်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ချိန်တွင် သက်သေများနှင့်အတူ မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်၊ တက်ခမ်းဟိုတယ်အနီး နှစ်နိုင်ငံ ခြံစည်းရိုးပေါက်၌ စောင့်ဆိုင်းနေစဉ် မရင်ရွှေ ထံမှ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများအားတစ်ဖက်နိုင်ငံသို့ မပို့မီ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဘုရားပုံပန်းချီများရေးဆွဲထားသည့်ပေပုရပိုက်(၇၀)ခု၊ရွှေရောင်ပေရွက်ပေါ်တွင်ရေးသားထားသော ပေးပုရပိုက်၂၃၀ခု၊ ယွန်းပြားများဖြင့် ပြုလုပ်ထားသော ရွှေရောင်/အနက်ရောင် ရုပ်ပုံစာတမ်းများ ရေးသားထားသည့် ယွန်းပြား ၁၂၃ ချပ်၊သစ်သားပြားဖြင့် ပြုလုပ်ထားသည့် ရုပ်ပုံများပါငွေရောင်သစ်သားပြား၁၉ချပ်၊ ဥာဏ်တော်၂၀ လက်မခန့်လုံးပတ်၁၆လက်မခန့်ရှိသောကြေးဆင်းတုတော်၁ဆူ၊ ဥာဏ်တော်၁၆လက်မခန့် ရှိသောရွှေရောင် ကြေးဆင်းတုတော် ၁ ဆူ၊ဥာဏ်တော်၁၅လက်မခန့်ရှိသောဆင်းတုတော်၁ဆူ၊ဥာဏ်တော် ၁၄ လက်မခန့် ရှိသောရွှေရောင်ကြေးဆင်းတုတော်၁ဆူ၊ဥာဏ်တော်၁၂လက်မခန့်အညိုရောင်မဟာပိန္နဲရုပ် ကြေးဆင်းတုတော် ၁ဆူ၊ဥာဏ်တော်၈လက်မခန့်ရှိသောကြေးဆင်းတုတော်၁ဆူ၊ဥာဏ်တော်၃လက်မခန့်ရှိသော ကြေးဆင်းတု တော် ၁ဆူ တို့အားသယ်ဆောင်လာကြောင်း သိရသည်။

တရားခံ မရင်ရွှေ (၃၂)နှစ် စဥ့်အိုးတန်းလမ်း၊ လသာမြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူအား မူဆယ်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း ရဲဝန်ထမ်းတစ်ဦးပြောပြချက်အရ သိရပါသည်။
Posted by လားရှိုးသား

0 comments to “တစ်ဖက်နိုင်ငံသို့ တင်သွင်းမည့် ရှေးဟောင်းပစ္စည်းများ သိမ်းဆည်းရမိ”

Post a Comment