Friday, September 27, 2013

မုဟမ်မက် နားမလည်သော ကံနှင့် ကံ၏အကျိုး

,


လူသားများ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြသော ဘုရား များတွင် လူသားပကတိမှ အမှန်တရားကို ထိုးထွင်းသိမြင်မှုကြောင့် ဘုရား ဘွဲ့ထူးကို ရရှိသော ဘုရားနှင့် ဘုရားဇာတိအားဖြင့် ဘုရား ချည်းအမြဲ ဖြစ်နေသော ဘုရား နှစ်မျိုးသာ ရရှိနိုင်လေသည်။ ဗုဒ္ဓ ဆိုသော ဘွဲ့ထူးကို ဆွတ်ခူး ပန်ဆင်သော ထူးချွန်သော လူသား ဘုရား ပေါ်ထွန်းမှသာ လောက ၏ တိမ်မြုပ်နေသော အမှန်တရားများကို ဖေါ်ထုတ်နိုင်ပြီး လူသားတို့ကို လမ်းမှန်ညွှန်ပြပြီး ကောင်းကျိုးပေး နိုင်ပေလိမ့်မည်။ ကောင်ကင်ဘုံသား ထာဝရ ဘုရား။ နတ်ဘုရား တို့သည် လူသားက အသက်သွင်းပေးထားသော အရုပ်များသာ ဖြစ်ကြကုန်၏။ လူသားကမြှောက်တင်ပေးမှသာ အမြင့်သို့ ရောက်ကြ၍ ဆွဲချပြန်သော်အောက်သို့ ပြန်ကျခဲ့ရလေသည်။ ထို ထာဝရ တို့သည် လူသား လက်ရာ ဖြစ်သော စိတ်ကူးယဉ် စာအုပ်ထဲတွင်သာ တည်ရှိနိုင်ကြကုန်၏။ ထိုကြောင့် ထာဝရ ဘုရား များသည် လူသား၏ ကောင်းကျိုးကို မည်သို့မျှ ဆောင်ရွက်ပေးနိုင်လိမ့်မည် မဟုတ်ဟု မှတ်ရာ၏။

ပေါင်ချိန်။ ။ မောင်မင်း မဟာမဒ်။ သိလိုတာ ရှိရင် မေးနိုင်ပါပြီ။

မဟာမဒ်။ ။ ကံ ဆိုသောအရာဟာ ဘယ်လိုမျိုးကို ခေါ်ပါလဲ။ ကံ တွေကို ဘယ်မှာ သိုလှောင် ထားပါသလဲ။ ကံ ဆိုတာကို အစ္စလာမ် ဘာသာဝင်တွေ အယုံအကြည် မရှိပါဘူး။

ပေါင်ချိန်။ ။ မောင်မင်း လူသားတွေ နေ့စဉ် နှင့် အမျှ အချိန်တိုင်း ဘာအလုပ်တွေ လုပ်နေကြ ပါသလဲ။ ဖြေပါ မောင်မင်း။

မဟာမဒ်။ ။ လူသားတွေ နေ့စဉ် လုပ်နေတဲ့ အလုပ်တွေကို ပြောပြရရင် ဆုံးတော့မှာ မဟုတ်တော့ဘူး လူကြီးမင်း။ လူတစ်ယောက် တစ်နေကုန် လုပ်တဲ့ အလုပ်ကို ပြောရင်တောင် အများကြီး ပြောရမှာပါ လူကြီးမင်း။

ပေါင်ချိန်။ ။ မောင်မင်း လူသားတိုင်း သတ္တဝါတိုင်း အသက်ရှင်နေ သမျှကာလပတ်လုံး ကိုယ်ဖြင့် ပြုအပ်သော အလုပ်။ နှတ်ဖြင့် ပြုအပ်သော အလုပ်။ စိတ်ဖြင့် ပြုအပ်သော အလုပ်ဆိုပြီး အလုပ် သုံးမျိုးကိုသာ အချိန်ပြည့် လုပ်ဆောင်နေကြပါတယ် မောင်မင်း။ လုပ်တုန်းကတော့ ထက်သန်တဲ့စိတ် ဆိုတဲ့ စေတနာ နဲ့ လုပ်တာပါ။ ပြီးတော့မှ ကံ ဆိုတာဖြစ်သွားတာပါ မောင်မင်း။ မောင်မင်း နားလည်အောင် ပြောရမယ် ဆိုရင် လူတစ်ယောက်ကို သတ်ပြီ ဆိုပါဆို့။ ဒီလူ ကိုသတ်တဲ့ အခါ သာမာန်စိတ်မျိုးနဲ့ သတ်လို့မရဘူး။ ဒီလူကို သတ်မယ်ဆိုတဲ့ ထက်သန်တဲ့ စိတ်စေတနာ နဲ့ သတ်လိုက်တယ်။ သတ်ပြီးသွားတာနဲ့ တပြိုင်နက် ကံ ဆိုတဲ့ အရာဖြစ်လာတယ် မောင်မင်း။ ကံ ဖြစ်သွားပြီ ဆိုတာနဲ့ သတ်ဖြတ်ခြင်း ကံ ပြုလုပ်သူကို အကျိုးပေးဖို့ အသင့်ဖြစ်သွားပြီ မောင်မင်း။ တချိန်ချိန်မှာတော့ အကျိုးပေးတော့မှာ သေချာသွားပြီ။ အကြောင်းတိုက်ဆိုင်လို့ ရှိရင် လုပ်ထားတဲ့ ကံ က လုပ်ထားတဲ့ အတိုင်း ပြန်ပြီး အကျိုးပေးပါလိမ့်မယ်။ ကံ ကိုဘယ်မှာ သိုလှောင်ထားသလဲဆိုတော့ မီး ကိုဘယ်မှာ သိုလှောင်ထားတာ တွေ့ဖူးပါသလဲ မောင်မင်း။

မဟာမဒ်။ ။ မီး ကိုဘယ်နေရာ မှာမှ သိုလှောင်ထားလို့ မရပါဘူး တရားသူကြီးမင်း။

ပေါင်ချိန်။ ။ မီး ဆိုတဲ့အရာဟာ အကြောင်းတိုက်ဆိုင်မှ ဖြစ်ပေါ်လာတဲ့ အရာမို့လို့ ဘယ်မှာမှ သိုလှောင်ထားလို့ မရဘူး မောင်မင်း။ မီးခြစ်ကနေ မီးတောက် တစ်ခုဖြစ်ဖို့ အတွက် မီးခြစ်မှာ လောင်စာ ရှိရမယ်။ မီးခြစ်ကျောက် ရှိရမယ်။ လေ ရှိရမယ်။ ခြစ်တဲ့သူ ရှိမှသာ မီးတောက် တစ်ခုဖြစ်နိုင်မယ် မဟုတ်လား။ ဒီလိုပဲ ကံ တစ်ခုအကျိုးပေးဖို့အတွက် အကြောင်းမျိုးစုံ တိုက်ဆိုင်လာတဲ့ အခါမှသာ ကံ ဆိုတာအကျိုးပေးလိမ့်မယ် မောင်မင်း။ လောကမှာ လေ၊ မီး၊ ကံ ဆိုတာတွေက သိုလှောင်ထားလို့ ရတာတွေ မဟုတ်ဘူး။ အကြောင်းတိုက်ဆိုင်မှ ဖြစ်ပေါ်လာတဲ့ အရာတွေပါ မောင်မင်း။ ကံ ဆိုတာရှိကြောင်းကို သာမာန် လူပုဂ္ဂိုလ်တွေ မသိမြင်နိုင်ဘူး။ အမှန်တရား ကိုထိုးထွင်းသိမြင်နိုင်သူတွေသာ သိမြင်နိုင်တဲ့အရာမို့လို့ မောင်မင်းတို့ အစ္စလာမ်ဘာသာဝင်တွေ အယုံအကြည် မရှိကြတာပါ မောင်မင်း။

မဟာမဒ်။ ။ လူသားတွေ ကောင်းကျိုးအတွက် အလ္လာဟ် ကညွန်ကြားထားချက်တွေ အထင်အရှား ရှိပါတယ် တရားသူကြီးမင်း။ ကောင်းသော အစာအဖြစ် ထမင်းကို သတ်မှတ်ပေးထား ပါတယ်။ စည်းကမ်း ကျနစွာ မသတ်ရပဲ အလိုအလျှောက် သေသောသတ္တဝါ၏ အသား။ အသွေး နှင့် ဝက်၏ အသားကို မစားဖို့မှာကြားထားပါတယ်။ လူသားများ မကောင်းသော အစာကို စားမိလျှင် ရောဂါရမည် စိုးသောကြောင့် ဂရုဏာရှေ့ထားပြီး အကောင်းအဆိုးကို ခွဲခြားပေးထားပါတယ် တရားသူကြီးမင်း ခင်ဗျား။

ပေါင်ချိန်။ ။ မောင်မင်း လောကကြီး အကြောင်းနားမလည်သေးတာ ထင်ရှားနေပြီ မဟာမဒ်။ လောကမှာ ပြောစရာ မလိုပဲ သိနေတဲ့ အသိတွေ အများကြီးရှိတယ် မောင်မင်း။ မိန်းကလေး နှစ်ယောက် အတူတူ ယှဉ်တွဲထိုင်နေရင် တစ်ယောက်ကို ချောတယ် လို့ပြောရင် နောက်တယောက်ကို ရုပ်ဆိုးတယ်လို့ ပြောစရာ မလိုတော့ဘူး။ ဒီလိုပဲ တစ်ယောက်ကို အသားဖြူတယ်လို့ ပြောရင် နောက်တယောက်ကို အသားညိုတယ်၊ အသားမဲတယ် စသည်ဖြင့် ပြောစရာ မလိုတော့ဘူး။ ကျန်တဲ့ တစ်ယောက်က အလိုလိုသိနေလိမ့်မယ်။ ဒါကို နားမလည်ပဲ ရုပ်ဆိုးတယ်၊ အသားမဲတယ် စသည်ဖြင့် သွားပြောမိရင် ကျန်တဲ့ မိန်းကလေးကို စော်ကားသလို ဖြစ်သွားလိမ့်မယ် မောင်မင်း။ ဒီအတိုင်းပဲ လူတိုင်းသိနေတဲ့ ကိစ္စဖြစ်တဲ့ ထမင်းစားဖို့ လောက်ကို ထမင်းဆိုတာ ကောင်းသောအစာ စားသင့်တယ်လို့ ထမင်းစားနေတဲ့သူတွေကို မောင်မင်းလျှောက်ပြောတာ စော်ကားသလို ဖြစ်နေပြီ။ အပြောခံရတဲ့ သူကလည်း ငါက ထမင်းမစားပဲ ချီးစားနေလို့လား ဆိုတဲ့ အထင်မျိုးရောက် သွားနိုင်တယ်။ စဉ်းစားတတ်တဲ့ သူမျိုးကို သွားပြောမိရင် စော်ကားသလိုဖြစ်ပေမယ့်၊ မစဉ်းစား တတ်တဲ့သူတွေကို မောင်မင်းလျှောက်ပြောတော့ ဘာမှမသိတဲ့ နလပိန်းတုံးတွေက ဟုတ်ပေသားပဲ ငါတို့က ကောင်းသောအစာကို စားသောက်နေပါလားလို့ အထင်ရောက်ပြီး အဟုတ်မှတ် နေပါလိမ့်မယ် မောင်မင်း။

ကျန်းမာရေး အရ မစားဖို့ အစားတွေကို ဆေးဆရာ(သို့) ဆရာဝန် တစ်ယောက်ကို မေးကြည့်ရင်တောင် သိနိုင်တဲ့ အရာမျိုးကို အလ္လာဟ်က တကူးတက မှာနေစရာ မလိုပါဘူး မောင်မင်း။ တရား ဆိုတာ သာမာန် လူတွေ စဉ်းစားတွေးခေါ်လို့ မသိနိုင်တဲ့ လောကသဘာဝ အမှန်တရားကိုခေါ်တာ။ လူတိုင်း စဉ်းစားတွေးခေါ်နိုင်တဲ့ အသိလောက်ကို မောင်မင်း လျှောက်ပြောနေတော့ မောင်မင်းတို့ အစ္စလာမ် ဘာသာမှာ တရား ဆိုတာရဲ့ စွမ်းအားမရှိတော့ဘူးပေါ့ မောင်မင်း။

မဟာမဒ်။ ။ ဗုဒ္ဓ ဘာသာ ရဲ့ တရားတွေဟာ ခေတ်သစ် သိပ္ပံပညာထက် မြင့်မားကြောင်း ဘယ်လို သက်သေအထောက်အထား နဲ့ ပြောနိုင်တာပါလဲ တရားသူကြီးမင်း။

ပေါင်ချိန်။ ။ မောင်မင်း အခုမျက်မှောက်ခေတ် သိပ္ပံ ပညာဟာ အရာအားလုံး နီးပါးကို ဖန်တီးနိုင်တယ်။ မှောင်နေရာက လင်းစေချင်ရင် ခလုပ်ကလေးကို နှိပ်လိုက်ရုံနဲ့ လင်းသွားတယ်။ နေရာတခုက တခြားဝေးလံတဲ့နေရာကို သွားချင်ရင် မိုးပေါ်ပျံ နိုင်တဲ့ လေယာဉ်ပျံတောင် စီးသွားနိုင် ကြပြီ။ မိုင်ပေါင်း ထောင်သောင်းမက ဝေးလံလှတဲ့ အရပ်ဒေသမှာ ရှိတဲ့သူကို လှမ်းပြီး စကားပြောချင် ရင်လဲပြောနိုင်နေပြီ။ ကမ္ဘာပေါ်က လူတွေရဲ့ အဖြစ်အပျက်၊ ဘာတွေ လုပ်နေကြလဲ၊ ကစားနည်း မျိုးစုံ၊ စတဲ့ အရာတွေ ကိုကြည့်ချင်ရင်လည်း မြင်နိုင်တယ်။ သေးငယ်တဲ့ လက်နက်လေး တစ်ခုလောက်နဲ့ နိုင်ငံ တစ်နိုင်ငံ လောက်ကို ပြာကျအောင်လုပ်နိုင်စွမ်းနေပြီ။ အဆုံးသတ် ပြောရရင် ခေတ်သစ် သိပ္ပံပညာ ဟာ မောင်မင်းပြောနေတဲ့ အလ္လာဟ် ထက်တောင် တန်ခိုး အဆမတန်ကြီးနေပြီ မောင်မင်း။
အဲဒီလောက် အစွမ်းထက်မြက်တဲ့ သိပ္ပံပညာဟာ အလွန်ဆိုးသွမ်း ကြမ်းတမ်း ယုတ်မာတဲ့ လူတစ်ယောက်ကို လူကောင်းသူကောင်း တစ်ယောက်ဖြစ်အောင် ပြုပြင် ဖန်တီးပေးနိုင်ပါ့မလား မောင်မင်း။ ဗုဒ္ဓ ရဲ့ တရားဟာ ဆိုးသွမ်း ရုန့်ရင်း ကြမ်းတမ်းလှတဲ့ လူတွေကို နူးညံ့ပျော့ပျောင်းပြီး လူကောင်း သူကောင်းဖြစ်အောင် ပြောင်းလဲပေးနိုင်တယ် မောင်မင်း။ အင်္ဂုလိမာလ လိုဆိုးသွမ်းတဲ့ သူကို ယဉ်ကျေး အောင် ဆုံးမ နိုင်ပါတယ် မောင်မင်း။

မဟာမဒ်။ ။ အင်္ဂုလိမာလ ဟာလူပေါင်း တစ်ထောင်ကျော် သတ်ပြီး ဘာလို့ ငရဲ မကျပဲ ရဟန္တာ ဖြစ်သွားရတာလဲ တရားသူကြီးမင်း။

ပေါင်ချိန်။ ။ မေးသင့်တဲ့ မေးခွန်းတစ်ခုပဲ မောင်မင်း။ လှေတစ်စင်း ထဲကို ကျောက်ခဲ သေးသေးလေးတွေ ပစ်ထည့်ရင် လှေနစ်မြုပ် သွားမလား မောင်မင်း။

မဟာမဒ်။ ။ မနစ်မြုပ် ပါဘူး တရားသူကြီးမင်း။

ပေါင်ချိန်။ ။ ကျောက်ခဲ သေးသေးလေး တွေကို ကြီမ်ဖန်များစွာ ပစ်ထည့်ရင်တော့ တစ်ချိန်ချိန်မှာ လှေဟာ နှစ်မြုပ်သွားမယ် မဟုတ်ပါလား။ ရှေးကပြုဘူးတဲ့ ကုသိုလ် မြောက်များစွာ ရှိတဲ့ အင်္ဂုလိမာလ ဟာ တော်ရုံတန်ရုံ အကုသိုလ် လောက်နဲ့တော့ ငရဲ မကျနိုင်ဘူး။ အကယ်၍ များ သူ့မွေးမိခင်ကို သတ်မိရင်တော့ ငရဲ ကို ကြိမ်းသေပေါက် ကျရောက်မှာပါ။ လှေနဲ့ တူတဲ့ ကုသိုလ်ရှိသူဟာ ကျောက်ခဲနဲ့ တူတဲ့ အကုသိုလ်ကို ခံနိုင်ရည်ဝန် ရှိသလောက်တော့ ထိန်းထားနိုင်ပါတယ် မောင်မင်း။ အဲဒါ ကြောင့် အဂုင်္လိမာလ ဟာ ငရဲ မကျပဲ ရှေးကုသိုလ် အရှိန်ကြောင့် ဒုက္ခ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို စံမြန်းနိုင်တာပါ မောင်မင်း။

မဟာမဒ်။ ။ နိဗ္ဗာန် ဆိုတာ ဘယ်လိုမျိုးပါလဲ တရားသူကြီးမင်း။
ပေါင်ချိန်။ ။ နောက်တော့ ဖြေဆိုပေးပါ့မယ် မောင်မင်း။

နဒီမိုး

0 comments to “မုဟမ်မက် နားမလည်သော ကံနှင့် ကံ၏အကျိုး”

Post a Comment