Monday, September 30, 2013

ညီသုတ(ပြည်) မှ NLD သို့ အိတ်ဖွင့်စာပေး၍ စိန်ခေါ်

,
 
NLD စွတ်စွဲသလို ဦးဝီရသူဟာ စစ်အစိုးရရဲ့ လက်ကိုင်ဒုတ် မှန်ကြောင်းသက်သေပြပါကညီသုတ(ပြည်) အမျိုးသားရေးလဲမရေး / မလုပ်သည့်အပြင် NLD ပါတီသို့ ချက်ခြင်းဝင်မည်
+++++++++++++++++++++++++++++++++++++++++++++++++++

မနေ့ညက NLD ကိုထောက်ခံတဲ့ ညီလေးတစ်ယောက်နဲ့စကားပြောဖြစ်တယ်။ကိုညီရယ်တဲ့ ကိုညီက NLD မကောင်းကြောင်းတွေရေးပြီး အတို့အထောင်တွေသိပ်မလုပ်ပါနဲ့တဲ့ ။ ဗုဒ္ဓေါ သူပြောလိုက်မှ ကိုယ့်အမှုက ပိုကြီးသွားသလိုပဲ ကိုယ်ကပဲ တိုင်းပြည်ကိုမငြိမ်မသက်ဖြစ်အောင် သွေးထိုးလှုံ့ဆော်နေသလိုလို ၊ အဓိက
ရုဏ်းတွေဖြစ်အောင်ပဲ ဖန်တီးရေးသား ၀ါဒဖြန့်နေသလိုလိုဖြစ်နေပြီ ။သူကပြောသေးတယ် ဦးဝီရသူဆိုတဲ့ ဘုန်းကြီးကို ဦခင်ညွှန့် နဲ့ ဦးအောင်သောင်းတို့က လက်သက်မွေးထားတယ်ဆိုပါလား ။

အမျိုးသားရေးလုပ်နေတဲ့ ဦးဆောင်ဆရာတော် သံဃာတော်တွေကိုကုလားမုန်းတီးရေးတရားတွေ ဟောပြီး စစ်အစိုးရရဲ့နောက်ကြောင်းပြန်လှည့်ရေးလမ်းစဉ်ကိုကူညီနေကြပါတယ်လို့စွတ်စွတ်စွဲစွဲ ပြောရဲကြတာ
ကတော့ သြချလောက်တဲ့ NLDပါပဲ ။ NLD မှ ညီငယ် တွေ နောင်တော်တွေ မိတ်ဆွေတွေကို ကျွန်တော်တစ်ခုမေးချင်ပါတယ်...ရိုးသားစွာဖြေကြပါ ။ ဦးဝီရသူဟာ တကယ်ပဲ စစ်အစိုးရရဲ့လက်ကိုင်ဒုတ်
ဖြစ်တယ်ဆိုရင် ညီသုတ(ပြည်) ဒီယနေ့ကစပြီး အမျိုးသားရေးမလုပ်တော့ပါဘူးNLD ပါတီထဲသို့ခြေစုံပြစ်ဝင်ပါတော့မည် NLD ခိုင်းသမျှ မဆိုင်းမတွ လုပ်ပါမည် ။ဦးဝီရသူဟာ NLD စွတ်စွဲသလို ဦးခင်ညွှန့်နဲ့ဦးအောင်သောင်းတို့၏လက်သက်မွေးထားသောဘုန်းကြီးတစ်ပါး(စစ်အစိုးရရဲ့လူ) ဖြစ်ကြောင့် ခိုင်လုံသော သက်သေပြပေးပါ ။

NLD သိထားသင့်သည်မှာ အမျိုးသားရေးတရားတွေဟောပြောနေသည့် သံဃာတော်များမှာဦးဝီရသူတစ်ပါးထဲမဟုတ်ပါ ။ မြန်မာနိုင်ငံအရပ်ရပ်ရှိ အထင်ကရဆရာတော် သံဃာတော်ပေါင်းများစွာမှ အမျိုးသားအကျိုးစီးပွါးအရေးနဲ့ ဘာသာရေးတရားတွေဟောပြောပို့ချနေကြ
တာပါ ။ထိုသံဃာတော်များအားလုံး စစ်အစိုးရရဲ့ လက်ကိုင်ဒုတ်များဖြစ်နေကြပြီလား ။NLD အနေဖြင့် ငါနှင့်မတူသူ ငါ့ရန်သူဟူသော သေးသိမ်သည့် အဓမ္မ၀ါဒီတို့၏ လမ်းစဉ်မှသွေဖည်ရှောင်ကြဉ်သင့်ပါသည် ။ပါတီနှင့် ပတ်သက်လာလျှင်(သို့) ဒေါ်စုကြည်နှင့်ပတ်သက်လာလျှင် မိမိတို့ကိုးကွယ်သည့် အထွဋ်အမြတ်ထားရာ သံဃာရတနာကိုတောင် မတော်မတရားခေါင်းစဉ်တပ်၍ စွတ်စွဲ ပုတ်ခက်ရဲလောက်အောင်မိုက်တွင်းနက်နေကြပြီလား။ပါတီကောင်းစားရေးထက်တိုင်းပြည်နှင့်လူမျိုးတို့၏
 ကောင်းစားရေးကို ရှေ့တန်းတင်သင့်ပါသည် ။မိမိပါတီအာဏာရရှိရေးထက် အမျိုးသားအကျိုးစီးပွါး ဖြစ်ထွန်းမှုကိုသာ ဇောင်းပေးကျိုးပန်းသင့်ကြောင်း စေတနာကောင်းနှင့်အကြံပြုပါရစေ ။

ညီသုတ(ပြည်)
ကိုညီ သုတ Facebook မှ ကူးယူဖော်ပြပါသည်

0 comments to “ညီသုတ(ပြည်) မှ NLD သို့ အိတ်ဖွင့်စာပေး၍ စိန်ခေါ်”

Post a Comment