Sunday, September 29, 2013

NLD ရဲ့ ချုပ်ကွက်လေး ကတော့ လှတယ်

,


NLD က ချုပ်ကွက် လေးကတော့ လှတယ်...

၁ ။ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့ ကိစ္စမှာ အစိုးရက တာဝန်ခံရမယ်ဆိုတယ် ။
၂ ။ မှာ ပြင်တော့ပြင်မယ် ...ပြင်ဖို့ လူထုဆန္ဒခံယူရမယ် ။ ၄င်းပါတီက ပြည်သူလူထု ကို စည်းရုံး ရှင်းပြမယ် ..လို့ဆိုတယ် ။

တကယ်တမ်း က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ လွှတ်တော်မှာ လူအများဆုံးဆိုတဲ့ ပါတီကလည်း စပြီး တင် ပြီးနေပြီ ၊ သုံးသပ်ရေးကော်မတီလည်းဖွဲ့ ပြီးနေပြီ ။ တိုင်းရင်းပါတီတချို့၊လက်နက်ကိုင်အဖွဲ့စည်းတချို့ကလည်း ပြင်ဆင်ဖို့အာသီသရှိနေတယ် ။ အခြေခံဥပဒေ မှာ ကိုယ်ကလည်း ပြင်ဆင်ဖို့ အခွင့်ရေးတွေ ပေးပြီးဖြစ်တယ် ။ တိုင်းရင်းသား အဖွဲ့စည်းတချို့ အသစ်ရေးဆွဲဖို့ အာသီသ ရှိပေမဲ့ ရာခိုင်နှုန်းအတော်များများ က ပြင်ဖို့ အားသန်လိမ့်မယ်ထင်တယ် ။

ဖြောင့် နေတဲ့လမ်းကြောင်းမှာ ၄င်းတို့လုပ်အားနည်းတယ် ၊ ၄င်းတို့ ပြင်ချင်တဲ့ အချက်တွေ ရနိုင်ချေနည်းတယ် ။ အဲဒီ အတွက် အကွက်ဆန်း လေးထုတ်သုံးလိုက်တာပါပဲ ။ အဲဒါကတော့ " ပြည်သူ " ပါ။

ပထမတစ်ချက် ... ပြင်မဲ့ လမ်းကြောင်းချင်းတူတူဆိုပေမဲ့ ဦးသိန်းစိန်အစိုးရ ကို အလုပ်ပေးပလိုက်တယ် ။ ဆန္ဒမဲ ကောက်ခံဖို့ စီမံ တော့ ။ အကယ်၍ အားလုံးကောက်ခံနိုင်ဖို့ မဖြစ်ခဲ့သော် ဦးသိန်းစိန်အစိုးရမှာပဲတာဝန် ။ ဒီလို ကောက်ခံပြီး မှန်ကန်တိကျတဲ့ ရလာဒ်မရခဲ့သော် ဦးသိန်းစိန် အစိုးရတာဝန် ။အကယ်၍ ဆန္ဒကောက်ခံဖို့ မဖြစ်နိုင်ပါဘူးလို့ ငြင်းခဲ့ရင် ... ပြည်သူ ဆိုတဲ့စကားလုံးအောက် ဦးသိန်းစိန် အစိုးရ ပြားပြားမှောက်တော့ ။

ဒုတိယ တစ်ချက်
... ပြည်သူ့ဆန္ဒခံယူခဲ့သည်ရှိသော် ဒီအကြောင်းရာသည် ၄င်းပါတီရဲ့ လုပ်ကွက် နဲ့ အတူ ပြည်သူ နဲ့ ထိတွေ့ခွင့်ရမယ် ။ ကျန်တဲ့ လွှတ်တော်တွင်းသုံးသပ်ရေးကော်မတီတွေ ၊ တခြား ပါတီတွေကိုဖြတ်ကျော်သွားနိုင်မယ် ။ မခံယူခဲ့သည်ရှိသော် ... on the stage ပါပဲ ။
ပြည်သူ့ ဆုံးဖြတ်ချက်မခံယူရဲဘူးဆိုတဲ့စကား နဲ့ တင်ကျန်တဲ့ပါတီများ ၊ အစိုးရ အဖွဲ့များနိုင်ငံရေးသေပြီ ။

အားလုံး ဟာ အကျိုးအမြတ်ကြီးပါပဲ ။ အဲဒီအတွက်ပါတီ က လူအင်အား ၊ ငွေအင်းအား ဘာမှ စိုက်ထုတ်ကုန်ကျ စရာမလို ၊ အလုပ်ရှုပ်စရာလည်းမလိုပါ ။
နင့်စားရိတ်နင်စား ငါ့ကြိုက်ပါ့ လား ဆိုတဲ့ စားလိုမျိုးပေါ့ ။

ဒီ လုပ်ဆောင်မှု အားလုံးရဲ့ လုပ်ငန်းစဉ်သည် .... မူလ အခြေနေဖြစ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ခြင်း ကို ပဲ ဆိုက်ရောက်မှာဖြစ်ပါတယ် ။သို့သော် ၄င်း တို့ ကြို တွက် မထားတာသည် ပြည်သူလူထုခံယူသည့်တိုင် ဘယ်ဥပဒေ တွေပြင်ဆင်မလဲ ၊ ဘယ်လိုပြင်ဆင်မလဲ ဆိုတာ တွေက လွှတ်တော်တွင်းမှာ ဆွေးနွေးဆုံးဖြတ်ရဦးမှာပါ ။ မဲခွဲ အတည်ပြုရဦးမှာဖြစ်ပါတယ် ။ နောက် ဆုံး ဒီ process တစ်ခုလုံးသည် မူလ ရည် မှန်းထားကြသည့်အတိုင်း တိုင်းရင်းသား အားလုံး လက်နက် ကိုင်အားလုံး ပါဝင်သည့် ညီလာခံ မှာသာ ရလာဒ်တချို့ ထွက်လာနိုင်စရာရှိပါတယ် ။

ပြည်သူလူထုကြား ဂယက်ထသွားတာ က လွဲလို့ အကျိုးရှိလာစရာတော့ မမြင်မိပါဘူး။
ပြိုင်ဖက်တွေ အပေါ် ၁ ချက်ခုတ် ၃ ချက်ပြတ် လက်သံ ကတော့ လေးစားစရာပါ ။ သို့ပေမဲ့ ကျွန်တော်တို့ အတွက် လူထုကိုနောက်မြီးဆွဲ ခိုလိုက်တတ်တဲ့ အကျင့် ကိုတော့ လူမှန်းသိတဲ့ အသက်ရွယ်မှာ ပထမဆုံးတွေ့ရခြင်းပါပဲ ။

မှတ်ချက် (ကျွန်တော့်အမြင်မျှသာ)

0 comments to “NLD ရဲ့ ချုပ်ကွက်လေး ကတော့ လှတယ်”

Post a Comment