Thursday, September 26, 2013

အိမ်ရှင်မများအတွက် ကြက်သွန်လှီးနည်း

,


ငါ့ကို ငိုအောင်လုပ်ခဲ့တာတွေအတွက်ငါ့မင်္ဂလာဆောင်ကျရင် နင့်ကိုကြက်သွန်လှီးခိုင်းမယ် တဲ့

တလောက သူငယ်ချင်းတစ်ယောက် status လေးပါအရမ်းသဘောကျမိတယ်ဗျ
တကယ်ထိရောက်ပါပေတယ်မိတ်ဆွေတို့ရော အဲ့လို အခိုင်းခံရရင်ဘယ်လိုလုပ်မလဲ
သူများမင်္ဂလာဆောင်မှာ ငိုမှာလား

ကြက်သွန် (Onion) ဆိုတာ Latin ဘာသာက ဆင်းသက်လာတာပါပုလဲဥကြီးလို့ အဓိပ္ပါယ်ရပါတယ်
ကြက်သွန်လှီးလိုက်ရင် သူက နာကျင်တာကို ပြသတဲ့အနေနဲ့Synpropanethial.S Oxide ခေါ်တဲ့
အင်ဇိုင်းတစ်မျိုးကို ထုတ်ပါတယ်လူလိုဆို ငိုတာပေါ့နော်အဲ့သည့်အင်ဇိုင်းဟာ ကျန်တဲ့ အပိုင်းတွေနဲ့
ဓါတ်ပြုပြီး လေထဲကို Gas တစ်မျိုးထုတ်ပါတယ်အဲ့သည့် Gas ကပဲ သင့်မျက်လုံးကိုဟပ်မိလို့ မျက်ရည်ကျရတာဖြစ်ပါတယ်

ဒါဆို မငိုရအောင် ဘယ်လိုကာကွယ်မလဲ???ပြောပြပါ့မယ်

ဓါးထက်ထက်သုံးပါ။ဓါးထက်ထက်နဲ့ လှီးတာဟာ ကြက်သွန်ကို ဓါးတုံးတုံးနဲ့ ဖိချေတာမျိုး မဟုတ်တဲ့အတွက် enzyme သိပ်မထွက်ပါဘူး တဲ့



မလှီးခင်ကြက်သွန်ကို ရေခဲသတ္တာထဲမှာ ၁၀မိနစ်ခန့် ထားပါ။အအေးဓါတ်က အင်ဇိုင်းတွေကို နှေးကွေးစေလို့ပါဒီနည်းကတော့ နိုင်ငံတကာရုပ်သံတွေမှာ ချက်နည်းပြုတ်နည်း အစီအစဉ်ရိုက်တဲ့ သူတွေသုံးတဲ့နည်းပါသတိထားမိလားသူတို့ကြက်သွန်လှီးရင် ငိုမှမငိုတာ

ပန်ကာအောက်မှာ လှီးပါ။
ပန်ကာလေက ထွက်လာတဲ့ gas ကို သင့်အဝေးကိုရောက်စေလို့ပါ တဲ့

မျက်ကပ်မှန်တပ်ပါ။
မျက်ကြည်လွှာကို လာထိမယ့် Gas ကို ကာကွယ်ပေးနိုင်ပါတယ်

ရေထဲမှာလှီးပါ။
ရေထဲ ဒါမှမဟုတ် ရေဘုံဘိုင်အောက်မှာ လှီးခြင်းအားဖြင့် ထွက်လာတဲ့ အင်ဇိုင်းကို ရေက ဓါတ်ပြယ်စေပါလိမ့်မယ်

လှီးမယ့်နေရာကို ရှာလကာရည် လောင်းထားပါ။
ရှာလကာရည်က အင်ဇိုင်းကို ဓါတ်ပြယ်စေပါတယ်

အနီးမှာ ဖယောင်းတိုင်ထွန်းပါ။
ထွက်လာတဲ့ gas ကို မီးတောက်က ဆွဲယူသွားပါလိမ့်မယ် တဲ့

ပီကေဝါးပါ။
အကြောင်းရင်းအတိအကျ မပြောနိုင်ပေမယ့် ကြက်သွန်လှီးနေရင်း ပီကေဝါးနေတာဟာ မျက်ရည်ကျခြင်းကို ကာကွယ်နိုင်ပါတယ်တချို့တွေကပီကေဝါးနေရင် ပါးစပ်က အသက်ရှူဖြစ်တာမို့
gas တွေကို ပူနွေးစိုစွတ်တဲ့ အာခံတွင်းက ဆွဲသွားတာကြောင့်ပါ လို့ ပြောပါတယ်

ကဲ
မိတ်ဆွေတို့လည်း မင်္ဂလာဆောင်မှာ ကြက်သွန်လှီးခိုင်းရင်ပြုံးပြုံးလေးနဲ့ လှီးပေးလိုက်ပါပီကေဝါးသွားဖို့တော့ မမေ့ပါနဲ့နော


ကိုဆေး

Ref:
WikiHow : How to chop onions without tears?

www.ask.com : How does chewing gum protect crying?

Photo:
Jacqueline's Spencer peeling onions (2011)

0 comments to “အိမ်ရှင်မများအတွက် ကြက်သွန်လှီးနည်း”

Post a Comment