Showing posts with label ပြည်ပသတင်း. Show all posts
Showing posts with label ပြည်ပသတင်း. Show all posts

Wednesday, November 13, 2013

နိုင်ငံရေးဩဇာရှိသူ ရုရှားသူဌေးကြီးပိုလန်စကီး ကမ္ဘောဒီးယားတွင်ဖမ်းမိ

,


[ Ref: Cambodia Daily ACSP ၊ ဖနွမ်းပင် ၊ နိုဝင်ဘာ ၁၂ ]

နိုင်ငံ ရေးဩဇာအာဏာရှိပြီး ချမ်းသာ ကြွယ်ဝသည့် ရုရှားလူမျိုး ဆာဂီ ပိုလန်စကီးအား တနင်္လာနေ့က ကမ္ဘောဒီးယားနိုင်ငံရှိုသျွ့သညါ အပန်းဖြေစခန်း တောတွင်းတစ် နေရာတွင် ကမ္ဘောဒီးယားရဲများက မ်းဆီးလိုက်ကြောင်း သိရသည်။

အသက်၄၁နှစ်အရွယ်ရှိ စီး ပွားရေးသမား ပိုလန်စကီး ဖမ်း ဆီးမှုအတွက် ရုရှားအာဏာပိုင် များထံ အကြောင်းမကြားသေး သော်လည်း ဖြစ်နိုင်သမျှ မြန်မြန် ၎င်းအား ရုရှားနိုင်ငံသို့ လွှဲအပ် မည်ဟု ယခုအမျိုးသားရဲပြောခွင့် ရ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးက ထုတ်ဖော်ပြောခဲ့သည်။

မစ္စတာပိုလန်စကီးအား ရင်း နှီးမြှုပ်နှံသူ ၈ဝတို့၏ ဒေါ်လာ ၁၇၆သန်း အလွဲသုံးစားလုပ်ထား မှုဖြင့် ဇူလိုင်အတွင်းကမျက်ကွယ် တွင် စွဲချက်တင်ခဲ့ပြီး ပြီးခဲ့သော အပတ်က နိုင်ငံတကာရဲတပ်ဖွဲ့အင် တာပိုတွင် အလိုရှိဆုံး ရာဇဝတ် ကောင်အဖြစ် အမည်ထည့်သွင်း ခံရသည်။

Kutuzovskaya Mile အ မည်ရှိ စီမံကိန်းမပြီးပြတ်သေးဘဲ ကမ္ဘောဒီးယားလှေသမား ခြောက် ဦးကို လက်ရောက်မှုဖြင့် ၎င်းသည် ယခုနှစ်စောစောပိုင်းက ထောင် သုံးလကျခံခဲ့ရသည်။ မပြီးပြတ် သေးသောစီမံကိန်းကို ဆက်လက် လုပ်ဆောင်သွားပြီး ရှယ်ယာရှင် ၈ဝအား ဒေါ်လာ၁၂၀၀၀ဝစီလျော် ကြေးပေးသွားမည်ဟု မစ္စတာပို လန်စကီး၏ ကမ္ဘောဒီးယားအခြေ စိုက်နည်းပညာကုမ္ပဏီPolonium မှ မန်နေဂျာဖြစ်သူ Hagai Pipko က ထုတ်ဖော်ပြောကြား ခဲ့သည်။
Read more →

Wednesday, November 6, 2013

ဗုဒ္ဓဂယာဗုံးခွဲမှု အသေးစိတ် ဖေါ်ထုတ်လိုက်ပြီ

,


• ၂ဝ၁၃ ဇူလိုင် (၇) ရက်နေ့ မနက်လင်းအားကြီးအချိန် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိတဲ့ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူရာ မဟာဗောဓိညောင်ပင်၊ စေတီတော်ကြီးနဲ့ ဘုးန်းကြီးကျောင်းတွေမှာ ဗုံးတွေဆက်တိုက်ဖေါက်ခွဲခဲ့တဲ့ တရားခံအစစ်တွေကို ၄-၁၁-၂ဝ၁၃ နေ့က ဖေါ်ထုတ်နိုင်လိုက်ပြီဖြစ်တယ်လို့ အိန္ဒိယဗဟိုစုံစမ်းစစ်ဆေးရေးဌာန NIA ကနေ မနေ့က ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။
• NIA ကနေ အိန္ဒိယနိုင်ငံ (ရန်ချီ) မြို့၊ (ဟင်းဒ်ပီဒိ) ဧရိယာကနေ အထောက်အထား စာရွက်စာတမ်းတွေကို သိမ်းယူနိုင်ရာကနေ ဗုဒ္ဓဂယာမှာ ထောင်ခဲ့တဲ့ ဗုံး ၁၃ လုံးရဲ့ အသေးစိတ်အချက်အလက်တွေကို သိလာရတာ ဖြစ်ပါတယ်။
• ဗုဒ္ဓဂယာမှာ ဘယ်နေရာတွေကို ဘယ်သူတွေက ဗုံးထောင်တယ်ဆိုတဲ့ အသေးစိတ်တွေပါပါရှိပါတယ်။
• Indian Mujahideen (အိန္ဒိယ-မူဂျာဟီဒင်) အဖွဲ့ကTehsin Akhtar (တက်ဆင် အက်ထား) နဲ့ Haidar Ali (ဟိုက်ဒါ အလီ) တို့ကနေ စီစဉ်ခဲ့တာလို့ သိလာရပါတယ်။
• ဒီအကြမ်းဖက် မွတ်ဆလင်တွေကဘဲ ၂၇-၁ဝ-၂ဝ၁၃ နေ့က ပတ္တနားမှာ ဗုံးခွဲခဲ့ကြာတာ ဖြစ်ပါတယ်။
• ပတ္တနားမှာ ဗုံးခွဲခဲ့သူတွေထဲက Imtiaz Ansari (အမ်တစ်ဇ် အင်ဆာရီ) ဆိုသူကို ဖမ်းမိထားပြီးဖြစ်ပါတယ်။ သူကနေ ဗုဒ္ဓဂယာဗုံးခွဲတာကို (တက်ဆင် အက်ထား) ကလုပ်ခဲ့တာလို့ ဖြောင့်ချက်ပေးပါတယ်။
• ဖမ်းဆီးရမိထားတဲ့ ဇယားထဲမှာ ဗုဒ္ဓဂယာ၊ ထိုင်းဘုန်းကြီးကျောင်းမှာ (အမ်တစ်ဇ် အင်ဆာရီ) ကဗုံးထောင်ခဲ့တယ်။
Ainul alias Tarique (အိုင်နူးလ်) ခေါ် (တားရစ်) က Targhar Monastery (တာရ်ဂါး) ဘုန်းကြီးကျောင်းမှာ ထောင်တယ်။ ဒီလူကတော့ ပတ္တနားမှာဗုံးထောင်ရင်း ဒဏ်ရာရပြီး သေသွားပြီဖြစ်တယ်။
• စီးနင်းခဲ့တဲ့ ဟော်တယ်မှာ တည်းနေတဲ့ Mujib (မူဂျစ်) ဆိုသူလဲ ဗုဒ္ဓဂယာမှာဗုံးထောင်ခဲ့သူတွေထဲက တယောက် ဖြစ်တယ်။ အခုဖမ်းဆီးရရှိတာလဲ ဗုံးပေါင်း ၂၇ လုံးရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၆-၁၁-၂ဝ၁၃
Read more →

ရှရှားနိုင်ငံ ၊ မော်စကိုမြို့တွင် ဗုဒ္ဓဘာသာ သာသနာ ထွန်းကားဖို့အတွက် မြန်မာဘုန်းတော်ကြီးကျောင်း တည်ရှိနိုင်ရန် နေရာတစ်ခု ငှားရမ်း (သို့မဟုတ်) ၀ယ်ယူနိုင်ရန် အလှူရှင်များအား ရိုသေလေးစားစွာ ဖိတ်ခေါ်ခြင်း

,
 ။
===================================
နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ဗုဒ္ဓဘာသာဝင်တွေအတွက် မြန်မာဘုန်းကြီးကျောင်းတစ်ခု အမှန်တကယ်ရှိသင့်ပါတယ် ။ နိုင်ငံရပ်ခြားမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော်လည်း မိမိအားကိုးရာဘာသာကို မမေ့မလျော့ပဲ ပိုမိုသက်ဝင်ယုံကြည်စေနိုင်တဲ့အပြင် ဗုဒ္ဓဘာသာကို လေ့လာလိုက်စားလိုတဲ့ နိုင်ငံခြားသားများအတွက်လည်း များစွာအဆင်ပြေလှပါတယ် ။

မော်စကိုမြို့တွင် မြန်မာဘုန်းတော်ကြီးကျောင်းတစ်ခု ပေါ်ထွက်လာမည်ဆိုပါက ဗုဒ္ဓဘာသာဝင်လူမျိုးများ မျှော်လင့်တောင်းတကြတဲ့ ၀ိပဿနာတရားပွဲများ ပုံမှန်ကျင်းပနိုင်ခြင်း ၊ ဗုဒ္ဓ၏အဆုံးမများဖြင့် သာသနာအရိပ်အောက်တွင် လုံခြုံစွာနေနိုင်ခြင်း ၊ ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်ပြီး စနစ်တကျ လေ့လာလိုက်စား ကျင့်ကြံလိုကြတဲ့ ရုရှားလူမျိုးများအတွက် ဘုရားဝတ်ပြု၊ တရားအားထုတ်နိုင်ခြင်း ၊ တရားပြရန် ကြွရောက်လာကြမည့် မထေရ်မြတ် သံဃာတော်များ အလွယ်တကူ သီတင်းသုံးနိုင်ခြင်း အစရှိတဲ့ သာသနာပြုလုပ်ငန်းများစွာ ဖြစ်ပေါ်လာမည့် အရေးအတွက် ယခုလို ကြုံကြိုက်လှတဲ့အချိန်အခါမျိုးတွင် စေတနာသဒ္ဒါထက်သန်စွာ ကုသိုလ်ပါဝင်လှူဒါန်းနိုင်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ် ရှင် ။
===================================
ကုသိုလ်ပါဝင်လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် ဖော်ပြပါ တာဝန်ခံများထံ ဆက်သွယ်လှူဒါန်းနိုင်သလို ဆရာတော် အရှင်ဆေကိန္ဒ ထံသို့လည်း တိုက်ရိုက် လှူဒါန်းနိုင်ပါပြီ ရှင် ။

(၁) မော်စကိုမြို့ မှ ကို Moe Wai Yan Oo ထံ သို့ ဆက်သွယ် လှူဒါန်းနိုင်ပါတယ် >> https://www.facebook.com/moewaiyanoo

(၂) မြန်မာနိုင်ငံ မှ ဦး Yaung Ni Oo ၊ ဖုန်း 09-5064048 (via Bank - ဦးကျော်သူရ ၊ ၅/ခဥတ(နိုင်)၀၅၇၇၀၈ KBZ, လှည်းတန်း) (သို့မဟုတ်) ဒေါ် Yamin Thura ၊ ဖုန်း 09-5101509

(၃) စင်္ကာပူ မှ မဖြူဖြူခိုင် ၊ ဘဏ်အကောင့်နံပါတ် DBS Savings Plus 018-2-093363 နှင့် ဖုန်း +65 9489 4422
===================================
ကုသိုလ်ပါဝင်ကြသူ သူတော်ကောင်း အလှူဒါယကာ အပေါင်းတို့သည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး၏ စောင့်ရှောက်မှုအောက်မှာ အဝေရာဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီအတ္ထနံ ပရိဟရန္တု ကြပါစေသတည်း။ ။

(( ဤပိုစ့်တွင်ပါဝင်သောစာအချို့သည် မောင်လေး ဖိုး သားလေး ထံမှ ကူးယူခြင်းဖြစ်ပါတယ် ))

ချစ်ခင်စွာဖြင့်
Ma Ma Sit
Read more →

Monday, November 4, 2013

လှေနစ်မြုပ်တဲ့အတွက် ရိုဟင်ဂျာ ၆၀ နီးပါးသေဆုံး ပျောက်ဆုံး

,

မြန်မာနိုင်ငံ ကမ်းရိုးတမ်းဒေသကနေ တခြားနိုင်ငံကို ခိုလှုံခွင့်တောင်းဖို့
လှေတွေနဲ့ ထွက်ခွာကြတဲ့ ရိုဟင်ဂျာ အယောက် ၇၀ နီးပါးရဲ့ လှေတိမ်းမှောက်
ခဲ့ပြီး လူပေါင်း ၆ ယောက်ကိုသာ ကယ်တင်နိုင်ခဲ့ပါတယ်။

မလေးရှားနိုင်ငံကို ဦးတည်တဲ့ လှေပေါ်မှာ ရိုဟင်ဂျာ အမျိုးသား ၃၈ ယောက် အမျိုးသမီး ၂၈ ယောက် စုစုပေါင်း ၆၆ ဦးပါဝင်ပြီး ဘင်္ဂလားပင်လယ်အော်
မှာ လှေတိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေနဲ့ မွတ်စလင်တွေအကြား ပဋိပက္ခတွေ
ဖြစ်ခဲ့ပြီးနောက် ရိုဟင်ဂျာမွတ်စလင်တွေ အမြောက်အများ အိမ်နီးချင်းနိုင်ငံ
ကို ထွက်ပြေးတိမ်းရှောင်နေကြရင်း လမ်းမှာ မတော်တဆဖြစ်ခဲ့လို့
သေဆုံးသူ ဒါမှမဟုတ် ပျောက်ဆုံးသူ အယောက် ၄၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

ခုချိန်ဟာ မိုးကုန်ရာသီဖြစ်တဲ့အတွက် လှေတွေနဲ့ တခြားနိုင်ငံကို ထွက်ပြေးလိုတဲ့ မွတ်စလင်တွေ ဒီထက်မက ပိုမိုများပြားဖို့ရှိပြီး ပြီးခဲ့တဲ့ တပတ်အတွင်း လူပေါင်း ၁၅၀၀ လှေတွေနဲ့ ထွက်ခွာနေခဲ့ကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒီလို အခြေအနေကြောင့် မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည် စခန်းအခြေအနေ တိုးတက်အောင်လုပ်ဆောင်ဖို့နဲ့ တဖက်နဲ့တဖက်ကြား ထားရှိတဲ့ တင်းမာမှုတွေကို လျော့ချရာမှာ လုပ်ဆောင်ဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

ABC Radio
Read more →

Wednesday, October 23, 2013

လူခေါင်းဖြတ်တဲ့ ပုံတွေ ဖေ့စ်ဘွတ်ခ် ပိတ်ထားရာက ပြန်တင်ခွင့်ပြု

,



လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် ရဲ့ တံဆိပ်


လူမှု ကွန်ယက် ဝက်ဘ်ဆိုက် ဖေ့စ်ဘွတ်ခ်ဟာ ပြီးခဲ့တဲ့ မေလတုန်းက ယာယီ တားမြစ်ပိတ်ပင်ခဲ့တဲ့ လူခေါင်းဖြတ်တဲ့ ပုံတွေ အပါအဝင် ကြမ်းတမ်းတဲ့ မမြင်ဖွယ် ပုံတွေကို အွန်လိုင်း ဗီဒီယို အဖြစ် ပြန်တင်ခွင့် ပြုလိုက်ပါတယ်။

အဲဒီလို တင်ခွင့်ပြုတာဟာ ဒီလုပ်ရပ်ကို ရှုတ်ချဖို့ ဖြစ်တယ် ၊ ဒါမျိုးတွေကို ချီးမွှမ်း ထောပနာ ပြုဖို့ မဟုတ်ဘူးလို့ ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။

အဲဒီလို ကြည့်ရှုဖို့ မတင့်တယ်တဲ့ ကြမ်းတမ်းတဲ့ ပုံတွေမှာ သတိပေးချက် ထည့်ရင်ကောင်းမလား ဆိုတာကို စဉ်းစားနေတယ်လို့လည်း သူတို့က ဆိုပါတယ်။

ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု တားမြစ်ရေး ပရဟိတ အဖွဲ့တွေနဲ့ အွန်လိုင်း လုံခြုံရေး အဖွဲ့တွေက ဝေဖန် ပြောဆိုမှု ထွက်လာခဲ့ပြီးတဲ့နောက် ဖေ့စ်ဘွတ်ခ် အခုလို သတိပေးချက် ထည့်သွင်းဖို့ စဉ်းစားချက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Childnet International ပရဟိတ အဖွဲ့ကြီးကတော့ ဒီဗီဒီယို ရုပ်ပုံတွေက ကြမ်းတမ်းပြီး လူတွေ မြင်ကွင်းပေါ် ရောက်မလာသင့်ဘူးလို့ ဆိုပါတယ်။

From: BBC
Read more →

ရခိုင်က လျှပ်စစ်မီးကို တရုတ်က အပြည့်အ၀ စတင်သုံးနေ

,




မြန်မာနိုင်ငံ ​အနောက်ပိုင်း ​ရခိုင်ပြည်နယ်က ​လျှပ်စစ်မီးလုံလောက်စွာပေးဖို့ ​ဒေသခံတွေက ​အစိုးရကိုတောင်းဆိုနေတဲ့အချိန်မှာပဲ  ​ရခိုင်ပြည်နယ်မှာရှိတဲ့ ​သဘာဝ ​ဓါတ်ငွေ့ပိုက်လိုင်းကနေထွက်ရှိတဲ့ ​စွမ်းအင်တွေကို ​တရုတ်နိုင်ငံက ​အပြည့်အ၀ ​ရယူသုံးဆောင်နေပြီလို့ ​တရုတ်အစိုးရပိုင် ​သတင်း ​မီဒီယာကပြောပါတယ်။

ဒီလျှပ်စစ်မီးဟာ ​ရခိုင်ပြည်နယ် ​ကျော်ဖြူမြို့ဖက်ကနေ ​တရုတ်နိုင်ငံ ​အနောက်တောင်ဖက်ခြမ်းမှာရှိတဲ့ ​မြို့တွေကို ​ပေးဆောင်နေတာဖြစ်ပါတယ်။ ​အကွာအဝေးအားဖြင့်တော့ ​ကီလိုမီတာ ​၂၅၀၀ ​ကျော်ရှိပါတယ်။ ​လျှပ်စစ်မီးကို ​ရရှိတဲ့မြို့တွေကတော့ ​Yunnan, ​Guizhou, ​Chongging ​နဲ့ ​Guangxi ​တို့ဖြစ်ကြပါတယ်။
သုံးနှစ်ကြာတည်ဆောက်ခဲ့ရတဲ့ ​ဒီလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ​စီမံကိန်းဟာ ​ဇူလိုင်လလောက်ကစပြီး ​တရုတ်နိုင်ငံကို ​ပေးဆောင်နေတာ ​ဖြစ်ပြီးတော့ ​ပြီးခဲ့တဲ့ ​တနင်္ဂနွေနေ့မှာ ​အပြည့်အ၀ ​စတင်လည်ပတ်နေတာ ​ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ​လျှပ်စစ်မီး ​အပြည့်အ၀ ​စတင်ရရှိနေပြီးဖြစ်ပေမယ် ​ဒီသဘာဝ ​ဓာတ်ငွေ့ ​စီမံကိန်းကြောင့် ​ဒေသခံတွေ ဆီကနေ ​အတင်းအဓ္ဓမ ​သိမ်းဆည်းထားတဲ့ ​မြေတွေရဲ့ ​ပြဿနာနဲ့ ​ သဘာဝ ​ပတ်ဝန်းကျင် ထိခိုက်နစ် နာမှုကိစ္စတွေဟာ ​မြန်မာအစိုးရဖက်က ​ဖြေရှင်းမပေးနိုင်သေးတဲ့ ​အတွက် ​စိုးရိမ်စ ရာတွေဖြစ်နေတယ်လို့ ​လူ့အခွင့်အရေးနဲ့ ​ဘဘာဝ ​ပတ်ဝန်ကျင် ​ထိန်းသိမ်းရေး ​အဖွဲ့တွေက ​ပြောပါတယ်။

အခုရခိုင်ပြည်နယ်က ​သဘာဝ ​ဓာတ်ငွေ့ပိုက်လိုင်းကနေပြီး ​ရရှိတဲ့လျှပ်စစ်မီးဟာ ​ တရုတ်နိုင်ငံကို ​ကုပမီတာ ​၁၂ ​ဘီလီယံ ​လောက်ပေးဝေနိုင်မှာဖြစ်တဲ့အတွက် ​တရုတ်နိုင်ငံက ​သဘာဝဓာတ်ငွေ့ ​အသုံးစရိတ် သက်သာမှာဖြစ်တဲ့အပြင် ​ကျောက်မီးသွေးအသုံးမှုလည်း ​လျော့ကျသွားမှာဖြစ်ပါတယ်။

ဒေသတွင်း ​သံယံဇာတကို ​ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ရရေးတောင်းဆိုမြန်မာနိုင်ငံ ​အနောက် ပိုင်း ​ရခိုင်ပြည်နယ်က ​ထွက်ရှိတဲ့ ​သဘာဝသယံဇာတတွေကို ​တူးဖော်ထုတ်လုပ်ရောင်းချနေတာနဲ့ ​ပတ်သက်ပြီး ​ဒေသခံပြည် သူများအနေနဲ့ ​ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ကို ​ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ​ထည့်သွင်းပြ ဌာန်းပေး ဖို့ ​ပြည်သူ့ ​သယံဇာတအဖွဲ့က ​အစိုးရကို ​တောင်းဆိုလိုက်ပါတယ်။

ရခိုင်နိုင်ငံရေးပါတီတွေ၊ ​ရခိုင်ပြည်နယ် ​၁၇ ​မြို့နယ်က ​ကိုယ်စားလှယ်တွေ၊ ​အမျိုးသမီးအဖွဲ့အစည်းတွေက ​မနေ့က ​တောင်း ဆိုလိုက်တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ​အတွင်းမှာရှိတဲ့ ​သဘာဝဓါတ်ငွေ့စီမံ ​ကိန်းတွေ၊ ​အထူးစီပွားရေးဇုန်စီမံကိန်းတွေ၊ ​သတ္တု တူးဖော် ထုတ်လုပ် တဲ့စီမံကိန်းတွေနဲ့ ​ရေအားလျှပ်စစ်စီမံကိန်း ​တွေကို ​ပြည်သူလူထုသဘောဆန္ဒမပါပဲ ​လုပ်ဆောင်နေ တာဖြစ်တယ်လို့ ​ပြည်သူ့သယံဇာတအဖွဲ့က ​ကိုထွန်း ​ကြည်က ​အခုလိုပြောပါတယ်။

“ကျနော်တို့အခုခံစားနေရတာပေါ့လေ၊ ​ကျနော်တို့ရခိုင်ပြည်မှာရှိတဲ့ ​စီမံကိန်းတွေအများစုက ​ရခိုင်ပြည် သူတွေ ​ရဲ့ဆန္ဒမပါဘူး၊ ​အဲဒီအခါကျတော့ ​ရခိုင့်အနေနဲ့ ​ရခိုင်တယံဇာတကို ​ရခိုင်ကိုယ် တိုင်ပြန်လည်ပြီးတော့ ​ခွဲဝေ ​ပိုင်ခွင့်ဆိုတဲ့ ​သဘောမျိုးပါပဲ၊ ​ကျနော်တို့တိုင်ပြည်ရဲ့ ​အခြေခံဥ ပဒေကိုယ် တိုင်ကကို ​ဥပမာပေါ့ဗျာ ​ပြည်နယ်တခုရဲ့ ​တယံဖာတာကို ​ဖောက်လုပ်တဲ့နေရာမှာ ​အဲဒီပြည်နယ် ဘယ်လောက် ပိုင်ဆိုင်ရမယ်ဆိုတဲ့ ​အခြေခံဥပဒေ ​ကျနော်တို့ ​နိုင်ငံမှာ ​မရှိသေးတဲ့အခါကျတော့ ​ဗဟိုအစိုး ရက ​ထောက်ပံတဲ့ ​ဗဟိုအစိုးရကပေးတဲ့ဟာလောက်ပဲ ​ကျနော်တို့က ​ရရှိတာပဲရှိတာပေါ့ဗျာ ​၊ ​အဲဒီအခါ ကျတော့ ​ကျနော်တို့ ​ဌာနေတိုင်းရင်းသားတွေကကျတော့ ​ကိုယ့်မှာရှိတဲ့ ​သယံဇာတ ​အားလုံးကို ​ကိုယ်ကို တိုင်စီမံခွင့် ရချင်တယ်၊ ​အဲလိုသဘောမျိုးပါ။” 

ရခိုင်ပြည်နယ်က ​ထွက်ရှိတဲ့ ​သဘာဝဓါတ်ငွေ့ကို ​လျှပ်စစ်ဓါတ်အား ​၂၄နာရီသုံးစွဲခွင့်နဲ့ ​စစ်မှန်တဲ့ဖက်ဒရယ် ​ပြည်ထောင် စု စနစ် ​မဖော်ဆောင်နိုင်သေးသရွေ့ ​သဘာဝတယံဇာတ ​ထုတ်ယူသုံးစွဲမဲ့စီမံကိန်းကို ​လုံးဝရပ် ဆိုင်း ​ထားဖို့အတွက် ​တောင်းဆိုထားပါတယ်။

ပြီးတော့ ​ရခိုင်ပြည်နယ်အတွင်း ​ရေအားလျှပ်စစ်စီမံကိန်းတွေဖြစ်တဲ့ ​လေးမြို့ရေအားလျှပ်စစ်စီမံကိန်း၊ ​ကုလား တန်မြစ်စီမံကိန်း၊ ​မြဒေးကျွန်းရေနက်ဆိပ်ကမ်းစီမံကိန်း၊ ​သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း၊ ​အမ်းချောင်းရေ ​အားလျှပ်စစ်စီမံကိန်း ​၊ ​ကျောက်ဖြူ-ကူမင်းရထားလမ်း ​စီမံကိန်း၊ ​နေပူတောင်စီမံကိန်းနဲ့ ​တိုက်တေနီယန်ထုတ်လုပ်မှုစီမံကိန်းတွေကို ​အမြန်ဆုံးရပ်တန့်ပေးဖို့လည်း ​ပြည်သူ့သယံဇာတအဖွဲ့က ​တောင်းဆိုထားတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေး ပို့ထားတာဖြစ် ပါတယ်။


ABC Radio Australia
Read more →

Monday, October 21, 2013

လူသေကို မော်ဒယ်အဖြစ် ထားတဲ့ အပ်ချုပ်ဆိုင်

,

 ဒီစက်ချုပ်ဆိုင်ကို အဝေးကကြည့်လိုက်ရင်တော့ လှပနေမှာပါ..၊ ဒါပေမယ့် သေချာ အနီးကပ်ကြည့်လိုက် မယ်ဆိုရင် ဆိုင်ရှေ့မှာရှိတဲ့ အလှပြထားတဲ့ မော်ဒယ်အရုပ်က တစ်ခုခုထူးခြားနေတယ်ဆိုတာကို သင်သတိထားမိမှာပါ..၊ ဒီအရုပ်ကို Little Pascuala လို့ခေါ်ပြီး Mexico နိုင်ငံ Chihuahua မှာတော့ သူက star ပါပဲ..၊ ဘာလို့များ ဒီလိုအရုပ်တစ်အရုပ်က ကျော်ကြားနေတာပါလိမ့်..? အကြောင်းရှိပါတယ်..။ ပထမ တစ်ချက်က သူမဟာ ဒီနေရာမှာ ရှိနေတာ နှစ်ပေါင်း ၈၀လောက်ရှိနေပါပြီ...။ နောက်တစ်ချက်ကတော့ သူဟာ အရုပ်တစ်ရုပ်မဟုတ်ပါဘူး..၊ Little Pascuala ဆိုတဲ့ သူမဟာ ဒီဆိုင်ရဲ့ ပထမဦးဆုံး ပိုင်ရှင်ဖြစ်ပြီး သူရဲ့အလောင်းကို သေချာပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်..။ ဒီအရုပ်ကို မတ်လ ၂၅ ရက်နေ့ ၁၉၃၀ မှာ စတင်ပြသခဲ့ပါတယ်..၊ သတို့သမီး ၀တ်စုံလေးနဲ့ပေါ့..၊ အဲ့ဒီ အချိန်ကတည်းကစပြီး သူမကို လူတွေ စိတ်ဝင်စားခဲ့တာပါ..၊ ဒီအစီအစဉ်ကိုတော့ Little Pascuala ရဲ့ သမီးဖြစ်သူက ပြုလုပ်တာဖြစ်ပြီး အမြဲတမ်း သူမကို သတိရနေအောင်လို့ ဆိုပါတယ်..။ ဆိုင်က အလုပ်သမားတွေက တစ်ခါတစ်လေ Little Pascuala က သူတို့တွေကို စိုက်ကြည့်နေတတ်သလို တစ်ချို့ကလည်း သူမရဲ့အသားဟာ နွေးနေတယ်လို့ပြောကြပါတယ်..။ တစ်ယောက်ကဆိုရင် သူမရဲ့လက် မှာ တစ်ခါတစ်လေ ချွေးလေးတွေထွက်နေတတ်တယ်လို့တောင် ပြောပါတယ်..။ အောက်က ပုံမှာ သူမရဲ့ လက်ကိုကြည့်လိုက်ပါ..။ တစ်ကယ့် သက်ရှိတစ်ယောက်ရဲ့ လက်ပုံစံပါပဲ။ Little Pascuala ကို တစ်ပတ်နှစ်ကြိမ် အ၀တ်လဲပေးပါတယ်..၊ ဒီလိုအ၀တ်လဲပေးတဲ့ တာဝန်ကိုယူထား တဲ့ Burciaga က သူမကို အ၀တ်လဲပေးတဲ့အခါတိုင်း သူမရဲ့လက်တွေကို သတိထားကြည့်မိပါတယ်..။ သူမ လက်မှာ ချွေးတွေရှိနေပြီး လက်ထဲမှာ သွေးတွေ လည်ပတ်စီးဆင်းနေတယ်လို့တောင် ထင်မိပါတယ်..၊ ကျွန်မကတော့ သူ့
Read more →

Saturday, October 19, 2013

မန်ယူအသင်း ဆုဖလားများ မြန်မာနိုင်ငံသို့ လာရောက်ပြသမည်

,


ရန်ကုန်၊ အောက်တိုဘာ ၁၇

အင်္ဂလိပ် ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်း ရရှိခဲ့သော ဆုဖလားများကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသို့ လှည့်လည် ပြသမည့် အစီအစဉ်အရ မြန်မာနိုင်ငံသို့လည်း ၂၀၁၄ ခုနှစ် မတ်လတွင် လာရောက် ပြသမည် ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက်အသင်းက ထုတ်ပြန်လိုက်သည်။

ယင်းဖလားများနှင့်အတူ မန်ချက်စတာ ယူနိုက်တက်အသင်း၏ နာမည်ကျော် ကစားသမားဟောင်းများ ဖြစ်သော ဒင်းနစ်အာဝင်၊ အင်ဒီကိုးလ်၊ ဘရိုင်ယန်ရော့စင်၊ ဒွိုက်ယောက် (ခ်) တို့လည်း ယင်းခရီးစဉ်တွင် ပါဝင်လာမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မန်ယူနည်းပြ ဖာဂူဆန်နောက်ဆုံး ရယူပေးခဲ့သော အကြိမ် (၂၀) မြောက် ပရီးမီးယားလိဂ် ဆုဖလား အပါအဝင် ဆုဖလားပေါင်း များစွာဖြင့် မိုင်ပေါင်း ၆၇,၀၀၀ ခန့် ဝေးကွာသည့် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ မြို့ကြီး ၃၀ သို့ လှည့်လည် ပြသမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရီးစဉ် အသေးစိတ်ကိုမူ ရက်ပိုင်းအတွင်း ထုတ်ပြန်မည် ဖြစ်ကြောင်း၊ ယင်းခရီးစဉ်အတွက် အပြည်ပြည်ဆိုင်ရာ စာပို့လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် DHL က ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက်အသင်းက ထုတ်ပြန်ထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ ဆက်သွယ် မေးမြန်းရာ မန်ချက်စတာ ယူနိုက်တက် အနေနှင့် တစ်စုံတစ်ရာ ဆက်သွယ် ပြောကြားလာခြင်း မရှိသေးကြောင်း၊ ယင်းခရီးစဉ်အရ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါက မြန်မာ ပရိသတ်များအတွက် များစွာစိတ်ဝင်စားဖွယ် ကောင်းမည် ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးကျော်က ပြောကြားသည်။

မန်ချက်စတာ ယူနိုက်တက်အသင်းမှ ကစားသမားဟောင်းများ ဖြစ်သည့် ဒင်းနစ်အာဝင်၊ အင်ဒီကိုလ်း၊ ကလေတန် ဘလက်မိုးနှင့် လီရှပ်တို့ လေးဦးသည် ဇွန်လ ၉ ရက်နေ့တွင် သုဝဏ္ဏဘောလုံးကွင်း၌ မြန်မာ့လက်ရွေးစင်အသင်း ကစားသမားများနှင့် အတူ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားရန် Park Royal ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ၎င်းတို့နှင့်အတူ ချန်ပီယံလိဂ်ဖလားနှင့် FA ဖလားတို့ကို မြန်မာနိုင်ငံသို့ ယူဆောင်ခဲ့ဖူးသည်။

မန်ချက်စတာ ယူနိုက်တက်အသင်းကို ကြိုက်နှစ်သူများဖြင့် ဖွဲ့စည်းထားသည့် မြန်မာ မန်ချက်စတာ ယူနိုက်တက်ဖန်ကလပ် ဝက်ဘ်ဆိုက်တွင် အဖွဲ့ဝင်ပေါင်း ၁,၁၃၅,၀၁၆ ဦး ရှိကြောင်း မြန်မာမန်ချက်စတာ ယူနိုက်တက်ဖန်ကလပ် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
Read more →

Friday, October 18, 2013

မိုးစက်ဝိုင် ဆုနှစ်ဆုတွင် ဦးဆောင်လျက်ရှိ

,



Miss Universe 2013 ပြိုင်ပွဲအား မြန်မာကိုယ်စားပြုအဖြစ် ၀င်ရောက် ယှဉ်ပြိုင်လျက်ရှိသော မိုးစက်ဝိုင်သည် ဆုနှစ်ဆုတွင် ဦးဆောင်လျက်ရှိကြောင်း Miss Myanmar Universe Organi-zation မှ ကိုချမ်းလင်းသူက မဇ္ဈိမသို့ ပြောသည်။

ယင်းဆုများမှာ Missosology People's Choice Award? People Choice A ward HOT PICKS People Choice Award ဆုတို့ဖြစ်ကြပြီး အဆိုပါ ဆုများသည် အွန်လိုင်းဖြင့် ပရိသတ်များမှ ပေးနိုင်သောဆုများ ဖြစ်ကြသည်။

အခုလက်ရှိမှာ ဆုနှစ်ဆုအတွက် မြန်မာက ဦးဆောင်နေတယ်။ နောက်ဆုတစ်ဆုကတော့ ဒုတိယနေရာမှာ ရှိနေပါတယ်” ဟု ချမ်းလင်းသူက ပြောပြသည်။ ယင်းပြိုင်ပွဲသို့ နိုင်ငံပေါင်း ၈၇ နိုင်ငံ မှ အလှမယ်များ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

Read more →

အလ္လာဟူသော စကားလုံး အခြားဘာသာဝင်များ မသုံးစွဲရန် မလေးရှား တရားရုံး အမိန့်ချ

,


မလေးရှားနိုင်ငံတွင် မွတ်ဆလင် ဘာသာဝင်တို့၏ ဘုရားဖြစ်သော ‘အလ္လာ’ ဟူသော စကားလုံးကို မွတ်ဆလင်ဘာသာ မဟုတ်သူများ သုံးစွဲခွင့် မရှိကြောင်း မလေးရှား တရားရုံးက အမိန့်ချမှတ် လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံတွင် မွတ်ဆလင် ဘာသာဝင် မဟုတ်သူများက ၎င်းတို့၏ ဘုရားကို မွတ်ဆလင် ဘာသာတို့၏ ဘုရားဆိုသော အသုံးအနှုန်း ဖြစ်သည့် ‘အလ္လာ’ ဟူသော စကားလုံးကို ယူငင်သုံးစွဲပါက ဘာသာဝင်များအကြား ရှုပ်ထွေးမှု ဖြစ်စေနိုင်သောကြောင့် တရားရုံးက ယခုကဲ့သို့အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။

မွတ်ဆလင် အများစုရှိသော မလေးရှားနိုင်ငံတွင် ၂၀၀၉ ခုနှစ်က ကက်သလစ် ခရစ်ယာန် သတင်းစာ တစ်စောင်ဖြစ်သော The Harald သတင်းစာတွင် အင်္ဂလိပ်လို ‘God’ ဘုရားသခင်ဟူသော စကားလုံးကို ဒေသခံများ နားလည်နိုင်မည့် ‘Allah’ ‘အလ္လာ’ ဟူသော စကားလုံးကို သုံးစွဲခဲ့ခြင်းကို မလေးရှား အစိုးရက ယင်းစကားလုံးကို သုံးစွဲ၍ မရကြောင်း ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အဆိုပါ ကက်သလစ် ခရစ်ယာန်သတင်းစာက မလေးရှားအစိုးရကို တရားစွဲဆိုရာ ယင်းအချိန်က မလေးရှား တရားရုံးက ခရစ်ယာန် သတင်းစာကို အနိုင်ပေးခဲ့သည်။

သို့သော် အဆိုပါ တရားရုံး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မလေးရှားအစိုးရက အထက်ရုံးသို့ အယူခံဝင်ခဲ့ရာ ၂၀၀၉ ခုနှစ်က တရားရုံး၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်၍ မလေးရှားတွင် မွတ်ဆလင် မဟုတ်သူများ အနေနှင့် ‘အလ္လာ’ ဟူသော စကားလုံးကို သုံးခွင့်မရှိကြောင်း ဆုံးဖြတ်ချက် ချမှတ် လိုက်ခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ် အငြင်းပွားချိန်တွင် ခရစ်ယာန် ဘုရားကျောင်းနှင့် မွတ်ဆလင်ဗလီများကို တိုက်ခိုက်ခဲ့ခြင်းများ ဖြစ်ပွားခဲ့သည်။

ယခုတရားရုံး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်း၊ အယူခံဝင်သွားမည် ဖြစ်ကြောင်း ကက်သလစ် ခရစ်ယာန်သတင်းစာ The Harald ၏ အယ်ဒီတာရီဗာရန်လော့ရင့်အင်ဒရူးက ပြောကြားသည်။

The Harald သတင်းစာကို ထောက်ခံသူများ မလေးဘာသာစကားဖြင့် ရေးထားသော ခရစ်ယာန် သမ္မာကျမ်းစာတွင် ခရစ်ယာန် ဘုရားသခင် God ကို Allah (အလ္လာ) ဟု သုံးနှုန်း ဖော်ပြခဲ့သည်မှာ ၁၉၆၃ ခုနှစ် မလေးရှားနိုင်ငံ မတည်ထောင်မီကပင် ဖြစ်ကြောင်း ထောက်ပြ ပြောကြားကြသည်။

ခရစ်ယာန်တို့က God ဟူသော စကားလုံးကို Allah (အလ္လာ) ဟူ၍ သုံးစွဲခြင်းသည် မွတ်ဆလင် ဘာသာဝင်များကို ခရစ်ယာန် ဘာသာဝင် အဖြစ်သို့ ပြောင်းလဲရန် တွန်းအားပေးနိုင်ကြောင်း အချို့သော မွတ်ဆလင် ဘာသာဝင် အုပ်စုများက ပြောကြားသည်။

လက်ရှိမလေးရှား အာဏာရပါတီဖြစ်သော မလေး-မွတ်ဆလင်ပါတီသည် လူအများအကြား ထောက်ခံမှုရစေရန် ယခုအမှုကို အသုံးချခြင်း ဖြစ်ကြောင်း အချို့သော မလေးလူမျိုးများက ယူဆလျက်ရှိသည်။

မလေးရှားနိုင်ငံတွင် မွတ်ဆလင် ဘာသာဝင် အရေအတွက်သည် မလေးရှား လူဦးရေ၏ သုံးပုံတစ်ပုံ ရှိသော်လည်း ဟင်ဒီနှင့် ခရစ်ယာန်ဘာသာ ကိုးကွယ်သူများလည်း အများအပြား ရှိသည်။


( The Voice Weekly )
Read more →

အိန္ဒိယနိုင်ငံ နာဂပူမြို့လူတစ်သိန်းကျော် ဗုဒ္ဓဘာသာ ခံယူပွဲ ကျင်းပ

,

================================
အိန္ဒိယနိုင်ငံ ဟိန္ဒူလူမျိုးအများစုနေထိုင်သော နာဂပူမြို့၌ လူတစ်သိန်းကျော်သည် ဟိန္ဒူဘာသာဝင်မှ ဗုဒ္ဓဘာသာဝင်သို့ ကူးပြောင်းခြင်းအခမ်းအနားကို အဆိုပါမြို့ ရှိ ဒေါက်တာအမ်ဘေဒကာ၏ အထိမ်းအမှတ် အဆောက်အဦဝင်းအတွင်း၌ (13 -10 -2013)ရက်က ကျင်းပရာဂယာမြို့မဂဓတက္ကသိုလ်၌တက်ရောက်နေသောမန်မာရဟန်းတော်(၁၅)ပါးထိုင်းရဟန်းတော်(၁၀)ပါး နာဂပူမြို့ခံရဟန်းတော်(၂၀၀)ပါး နှင့်မြို့သူမြို့သားပရိသတ်ရှစ်သိန်းကျော်တက်ရောက်ကြပါသည်

ယခင် ပရိသတ်(၁၅)သိန်းခန့်တက်ရောက်ဖို့စီစဉ်ထားသော်လည်း အစ္စလာမ်ဘာသာဝင် အကြမ်းဖက်သမားအချို့က ဗုံးဖေါက်ခွဲမည်ဟု သတင်းလွှင့်မှုကြောင့် ထက်ဝက်ခန့်သာတက်ရောက်ရဲကြောင်းသိရပါသည်
အခမ်းအနားမှာ သရဏဂုံဆောက်တည်ခြင်းဖြင့် ဘာသာခံယူကြပြီး သံဃာတော်များကလည်း ပိဋကသုံးပုံအလှည့်ရွတ်ဆိုကာနာဂပူမြို့တပ်မတော် မှလည်း စစ်တီးဝိုင်းဖြင့်ဂုဏ်ပြုပါသည်
နာဂပူမြို့သည် ရန်ကုန်မြို့ထက်ကြီးမားကြောင်းလည်းသိရှိရပါသည်

__________________________________

မင်းကျောင်း စန္ဒော ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
Read more →

Tuesday, October 15, 2013

မြင်သာလာပြီဖြစ်သော ထိုင်းရေတပ်၏ Submarine Fleet ခြေလှမ်းများ

,


ထိုင်းရေတပ်သည် ရေငုပ်သင်္ဘောတပ်ဖွဲ့ တိုးချဲ့ပိုင်ဆိုင်ရေးအတွက် ရေတပ်၏ အခြားဖွံ့ဖြိုးတိုးတက်ရေး အစီအမံများနှင့် မနီးမဝေး ကြိုးစားဆောင်ရွက်လျက် ရှိသည်။ ကနဦးအစီအစဉ်အဖြစ် ၂၀၁၁ ခုနှစ် ဧပြီလတွင် ထိုင်းအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် ထိုင်းဘတ် (၇)ဘီလီယံကျော် ( ဒေါ်လာသန်း ၂၂၀ ) Budget ဖြင့် ဂျာမနီလုပ် အသုံးပြုပြီးသား Type 206A ရေငုပ်သင်္ဘော (၄)စီး ဝယ်ယူပိုင်ဆိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့သော်လည်း အခြေအနေအမျိုးမျိုးကြောင့် ပျက်ပြားခဲ့ရသည်။ ယခုအခါတွင် ထိုင်းရေတပ်၏ Submarine Fleet အိမ်မက်သည် အစီအစဉ်တကျ အနေအထားမျိုးအဖြစ် တစ်စတစ်စ ပေါ်ထွက်လာပြီ ဖြစ်သည်။

ထိုင်းရေတပ်၏ Chon Buri's Sattahip Naval Base တွင် ရေငုပ်သင်္ဘော Headquarters နှင့် Training Centre ကို ဘတ်သန်း (၅၄၀) အကုန်ကျခံ၍ ၂၀၁၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၂၀၁၄ ခုနှစ် မတ်လတွင် ပြီးစီးတော့မည်ဟု သိရသည်။ ယင်းအနက် ဘတ်သန်း (၂၀၀) ခန့်ကို Training Stimulator အပါအဝင် Submarine Command Team Trainer အတွက် အသုံးပြုမည်ဖြစ်သည်။ ထို့ပြင် အရာရှိ(၁၈)ဦးအား ဂျာမနီနိုင်ငံသို့ စေလွှတ်၍ (၃၂) ပါတ်ကြာ Submarine Training Course အားလည်းကောင်း၊ အရာရှိ(၁၀)ဦးအား တောင်ကိုရီးယားနိုင်ငံတွင် (၈)ပါတ်ကြာ အလားတူသင်တန်းမျိုးအား လည်းကောင်း တက်ရောက်စေလျက် ရှိပြီး ထပ်မံ၍ အရာရှိ/စစ်သည်များအား လိုအပ်သော နိုင်ငံခြား Submarine သင်တန်းများသို့ စေလွတ်သွားမည်ဖြစ်သည်။ ယင်းတို့အား သင်တန်းများပြီးစီးပါက Submarine Training School တွင် တာဝန်ပေးအပ်ကာ ပြည်တွင်း၌ပင် အနာဂတ်ရေငုပ်သင်္ဘောတပ်ဖွဲ့အတွက် လိုအပ်နေသော အရာရှိ/စစ်သည်များ လေ့ကျင့် မွေးထုတ်သွားမည်ဟု သိရသည်။

ထိုင်းဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Yingluck Shinawatra သည် ထိုင်းဘုရင့်စစ်သေနာပတိချုပ် Supreme Commander Thanasak Patimaprakorn အား ယခုနှစ်မှစတင်၍ ထိုင်းတပ်မတော်အား ခေတ်မီအင်အားတောင့်တင်းစေရန် တည်ဆောက်မည့် (၁၀)နှစ်အစီအမံ ရေးဆွဲဆောင်ရွက်စေလျက် ရှိပါသည်။ ယင်းတွင် Naval Building အစီအမံနှင့်အတူ (၁၀)နှစ်အတွင်း အနည်းဆုံး ရေငုပ်သင်္ဘော (၃)စီး ဝယ်ယူ၍ Submarine Fleet အား ခိုင်ခိုင်မာမာ အသက်သွင်းရန် ပါဝင်သည်။ သို့သော် ယခုအချိန်ထိ ရေငုပ်သင်္ဘောအမျိုးအစား ရွေးချယ်ရခြင်း မရှိသေးသော်လည်း တန်(၅၀၀) မှ တန်(၃၀၀၀) အတွင်းရှိ အမျိုးအစားအား မကြာမီရွေးချယ်ဝယ်ယူမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းရေတပ်အနေဖြင့် ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်၊ မကြာမီကာလတွင် မြန်မာနိုင်ငံ၌ ထားဝယ်ရေနက်ဆိပ်ကမ်း ဖြစ်ပေါ်လာတော့မည်ဖြစ်ပြီး ယင်းအတွက် အနောက်ပိုင်း ပင်လယ်ပြင်တွင် ရေကြောင်းဆိုင်ရာအကျိုးစီးပွားများကို ကာကွယ်ရန် Submarine Fleet လိုအပ်လာပြီဖြစ်ကြောင်း၊ အချိန်တို လတ်တလောကာလအတွင်း အဆိုပါ Submarine Fleet အတွက် ဘတ်ဘီလီယံပေါင်းများစွာ သုံးစွဲကုန်ကျရန် Budget အားဖြင့် မတတ်နိုင်သေးသော်လည်း နီးကပ်နေသော အနာဂတ်တွင် မရှိမဖြစ်ပိုင်ဆိုင်ရမည့် ရေငုပ်သင်္ဘောများအတွက် ယခုကဲ့သို့ စနစ်တကျ ပြင်ဆင်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း စသည်ဖြင့် ရေငုပ်သင်္ဘောတပ်ဖွဲ့နှင့် ပတ်သက်၍ ထိုင်းရေတပ် ဒုတိယဦးစီးချုပ်ဖြစ်သူ Admiral Narong Pipatanasai မှ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

ထို့အတူ ထိုင်းရေငုပ်သင်္ဘောတပ်ဖွဲ့၏ အကြီးအကဲဖြစ်သူ Rear Admiral Panu မှလည်း ယခုလအောက်တိုဘာ (၁၁)ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်-

- ထိုင်းပင်လယ်ကွေ့အတွင်း နိုင်ငံခြားရေငုပ်သင်္ဘောများနှင့် အကြိမ်ကြိမ် လေ့ကျင့်စမ်သပ်ပြီးဖြစ်၍ ရေငုပ်သင်္ဘောများနှင့်ပတ်သက်၍ ရေအတိမ်/အနက်ပြဿနာအား စဉ်းစားတွေဝေနေရန် မလိုအပ်တော့ကြောင်း၊

- ထိုင်းရေတပ်သည် Surface ၊ Above Surface တပ်ဖွဲ့များ ရှိနှင့်ပြီးဖြစ်၍ Sub Surface တပ်ဖွဲ့သည် ထိုင်းရေတပ်၏ Naval Building တွင် မဟာဗျုဟာမြောက် စစ်ရေးစွမ်းရည် ပိုင်ဆိုင်လာစေရန် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊

- ယခုအခါ ပတ်ဝန်းကျင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှား နှင့် ဗီယက်နမ် နိုင်ငံတို့တွင် Submarine Fleet အသီးသီး ပိုင်ဆိုင်နေကြပြီ ဖြစ်ကြောင်း၊ အရေအတွက်အားဖြင့် ရေငုပ်သင်္ဘော (၁၉)စီးခန့်သည် ထိုင်းရေပြင်ဝန်းကျင်တွင် ရောက်ရှိနေပြီး ဆက်လက်၍လည်း တိုးချဲ့ပိုင်ဆိုင်လာမည့် အစီအမံများ တွေ့နေရကြောင်း၊

- တောင်တရုတ်ပင်လယ်မှ ဖြစ်ပေါ်နေသော အငြင်းပွားမှု ပြဿနာမီးစများသည် ထိုင်းပင်လယ်ကွေ့သို့ အကြောင်းအမျိုးမျိုးဖြင့် ကူးစက်လာပါက ရေကြောင်းကုန်သွယ်သွားလာမှုများ ထိုင်းပင်လယ်ကွေ့ အတွင်း/အပြင် ၊ အဝင်/အထွက် လုံခြုံလွတ်လပ်စွာ သွားလာနိုင်ရန်အတွက် လည်းကောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း ပြီးစီးပါက ယင်းတို့၏ အနောက်ပိုင်းပင်လယ်ပြင် ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာမည့် အခြေအနေအမျိုးမျိုး၌ ထိုင်းနိုင်ငံ၏ ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများကို ရှေ့တန်းကျကျ ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် လည်းကောင်း၊ အချုပ်အခြာအာဏာ နှင့် ပိုင်နက်ပင်လယ်ပြင်အား ကာကွယ်စောင့်ရှောက်ရန်၊ ရှိရင်းစွဲ လုံခြုံတည်ငြိမ်နေသော အခြေအနေများကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် လိုအပ်သော Defensive Capabilities များ မြှင့်တင်ရေးအတွက် လည်းကောင်း၊ ထိုင်းရေတပ်သည် အနီးဆုံး အနာဂတ်ကာလအတွင်း Submarine Fleet မဖြစ်မနေ လိုအပ်လာပြီဖြစ်ကြောင်း၊

- Submarine များသည် ထောက်လှမ်းသိရှိရန်ခက်ခဲသည့် မမြင်နိုင်သော Deterrence Force ဖြစ်၍ ကျုးကျော်လာသူများအား ဟန့်တားကာကွယ်နိုင်ရန် Deterrent နှင့် Denial Role တွင် အဓိကကျကြောင်း၊ Submarine ပိုင်ဆိုင်မှုသည် ရေတပ်အင်အားကို ကျစ်ကျစ်လစ်လစ်ဖြင့် နေရာအနှံ့အပြားတွင် ထိရောက်စွာ ပြသနိုင်သည့် အသွင်သဏ္ဍန်အဖြစ် ပြောင်းလဲပံ့ပိုးနိုင်စွမ်းရှိကြောင်း စသည်ဖြင့် သုံးသပ်ပြောကြားခဲ့ပါသည်။

အထက်ပါအကြောင်းအချက်များသည် Bangkok Post ၊ Wikipedia နှင့် အခြားသတင်း အရင်းအမြစ်များပေါ်တွင် ဖော်ပြထားချက်များဖြစ်ပြီး ယင်းသည် ထိုင်းရေတပ်၏ Submarine Fleet ပိုင်ဆိုင်ရန် ကြိုးပမ်းစီစဉ် ဆောင်ရွက်နေမှုများကို မြင်သာစေပါသည်။

လေ့လာကြည့်ပါက ထိုင်းရေတပ်သည် တောင်တရုတ်ပင်လယ်မှ ရွှေ့လာနိုင်သော အကျိုးဆက်များအား ၎င်းတို့နိုင်ငံ စီးပွားရေး၏ အဓိကမဏ္ဍိုင်ဖြစ်သော ကုန်ထုတ်လုပ်ငန်းမျိုးစုံအတွက် Export/ Import ပင်လယ်ရေကြောင်းကုန်သွယ်မှု အားထားရာ ထိုင်း Gulf နှင့် ဆက်စပ်ဧရိယာများသို့ ရောက်မလာနိုင်ရေးအတွက် ခြိမ်းခြောက်တုန့်ပြန်နိုင်သော မဟာဗျုဟာမြောက် ရေတပ်စွမ်းရည်များ ပိုင်ဆိုင်ပြသထားရန်၊ ရောက်လာခဲ့ပါကလည်း ကြိုတင်ပြင်ဆင် လက်ဦးမှုဖြင့် တုန့်ပြန်လွှမ်းမိုးနိုင်ရန်၊ ငွေကြေးအရင်းအနှီးများစွာ မြှုပ်နှံလျက်ရှိပြီး အချိန်ကာလအနည်းငယ်အတွင်း ဖြစ်ပေါ်လာမည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်နေသည့် ရေကြောင်းဆိုင်ရာ အကျိုးစီးပွား အမျိုးမျိုးကို ခြိမ်းခြောက်လာပါက တုန့်ပြန်ဆောင်ရွက်နိုင်ရန်၊ပတ်ဝန်းကျင်ရေတပ်များ၏ လက်ရှိနှင့် အနာဂတ်အခြေအနေအထိ Sub Surface အင်အားနှင့်စွမ်းရည် တိုးချဲ့ပိုင်ဆိုင်လာမှုများအား ရင်ဘောင်တန်းနိုင်ရန် စသည့် အကြောင်းရင်းများကြောင့် Submarine Fleet ပိုင်ဆိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဓိကအနေဖြင့် Budget နှင့် လူစွမ်းအားအရင်းအမြစ် အခက်အခဲများ ရှိခြင်းကြောင့် အချိန်ကာလဆွဲဆန့်၍ (၁၀)နှစ်အတွင်း အနည်းဆုံး Submarine (၃)စီး ဝယ်ယူရန် လျာထားကာ ကနဦးအနေဖြင့် လေ့ကျင့်ရေးနှင့် လိုအပ်နေသော အရာရှိ/စစ်သည်များ မွေးထုတ်နိုင်ရေး အစီအမံများကို ဦးစားပေးဆောင်ရွက်နေခြင်း ဖြစ်မည်ဟု သုံးသပ်ရသည်။ ထို့ကြောင့် ထိုင်းရေတပ်သည် လာမည့်(၅)နှစ်အတွင်း အနည်းဆုံး Submarine (၁)စီးအား လူအသင့် တိုက်ပွဲဝင်အသင့် အနေအထားဖြစ်လာမည်ဟု ခန့်မှန်းရသည်။ ထို့အတူ Above Surface Role တွင်လည်း ထိုက်သင့်သလောက် အင်အားရှိနေပြီး Surface Role တွင်လည်း Platform များ အကြီးစားပြင်ဆင်ခြင်း၊ Platform အသစ်များ တည်ဆောက်ခြင်း/ မှာယူခြင်း၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး / ရေယာဉ်ပစ်ဒုံးပျံ / လေယာဉ်ပစ်ဒုံးပျံ / အီလက်ထရောနစ်စစ်ဆင်ရေး စသည့် လက်နက်နှင့်စနစ်များ အဆင့်မြှင့်တင်ခြင်း / အသစ်ဝယ်ယူခြင်းများ ဆောင်ရွက်လျက်ရှိခြင်းကြောင့် ထိုင်းရေတပ်သည် လာမည့် ၂၀၂၀ ခုနှစ်အတွင်း အတောင်အပံစုံလင်စွာဖြင့် 3D ရုပ်လုံးပေါ်လာတော့မည် ဖြစ်ပါသည်။

ထို့ပြင် အခြားတစ်ဖက်တွင်လည်း ဘင်္ဂလားဒေ့ရှ်တို့က မဟာဗျုဟာရည်မှန်းချက်များ ချမှတ်၍ 3D ရေတပ်ဖြစ်စေရန် ရှိနေသည့်အခက်အခဲများကြားက ရနိုင်သမျှသော အရင်းအမြစ်များဖြင့် Naval Building အစီအမံများအား ၂၀၂၀ ဦးတည်ချက်၊ ၂၀၃၀ ဦးတည်ချက်များထားကာ ဖော်ဆောင်လျက် ရှိနေကြသည်။

ထို့အတူ မြန်မာ့တပ်မတော်(ရေ)သည်လည်း မြင်သာနေသော ထိုင်းနှင့်ဘင်္ဂလားဒေ့ရှ် ရေတပ်တို့၏ Naval Building ခြေလှမ်းများကို မှန်းဆ၍ ကိုယ့်အမြင် ကိုယ့်အရပ် ကိုယ့်ဇာတ်နှင့် ကိုက်ညီမျှတသော Naval Building နှင့်အတူ Time Frame တစ်ခုအတွင်း Submarine Arm အား ဖော်ဆောင်နိုင်ပါစေဟု ဆန္ဒပြု ဖော်ညွန်းအပ်ပါသည်။

မောင်မာဃ

(Myanmar Navy)

Photo: Type 206 A Submarine
Read more →

ဘိန်းဖြူ အစားထိုး အဖြစ် သုံးစွဲနေကြတဲ့ "Krokodil"

,


အောက်တိုဘာ ၁၃ ရက် ၂၀၁၃

ကမ္ဘာ့ကြောက်မက်ဖွယ် အကောင်းဆုံး မူးယစ်ဆေးပါ။ flesh-eating drug လို့တောင် တင်စား ခေါ်နေကြပြီး တားဆီးဖို့ အသည်းအသန် ကြိုးစား နေကြပါတယ်။ ဘိန်းဖြူဆိုတဲ့ မူးယစ်ဆေးဟာ အရင်လို လွယ်လွယ် ရောင်းဝယ်လို့ မရတာကြောင့် တခြားဆေးဝါး တွေကို အစားထိုး အသုံးချ လာပါတယ်။ အခု အခါလည်း US မှာတဖြည်းဖြည်း သုံးစွဲမှု ကြီးမားလာပြီး အန္တရာယ် အဆင့်ရှိတဲ့ ဆေးတစ်မျိုး အကြောင်းကို ဖော်ပြသွား မှာပါ။ အရင်က မူးယစ်ဆေး ဆိုတာ ဘိန်းဖြူ တစ်မျိုး တည်းလို့ သိကြတာပါ။ ဆေးပြား တွေလို ပုံစံမျိုး နဲ့ကော၊ အမှုန့်နဲ့ကော သုံးစွဲကြ သလို ဆေးလိပ်လို ဟာ မျိုး မှာလည်း ထည့်လိပ် ပြီးတော့ ရှုကြတာတွေ ရှိပါတယ်။ တချို့ကတော့ ဆေးထိုးအပ်နဲ့ ကိုယ်ထဲ ထိုးသွင်း ကြပါတယ်။ တရား ဥပဒေနဲ့ ငြိစွန်းပြီး နိုင်ငံတကာက အစွမ်းကုန် တိုက်ဖျက်လာ တာကြောင့် ပေါ်ပေါ်တင်တင် ထုတ်လုပ် ရောင်းဝယ်ဖို့ ခက်လာ ပါတယ်။ ဒီလိုနဲ့ ဘိန်းဖြူ လိုမျိုးလည်း ဇယားမရှုပ်၊ တရားဝင်လည်း ၀ယ်လို့ရတဲ့၊ အာနိသင်လည်း တူတူနီးပါး ရတဲ့ဟာမျိုး တွေကို အစားထိုး လာကြ ပါတယ်။ ဥပမာ ဆိုရရင် ကော်ရှုကြ တာမျိုးပါ။ နောက်တစ်မျိုး ကတော့ လူကို မူးစေတဲ့ အာနိသင် ရှိတဲ့ တရားဝင်ဆေး တွေပါ။ ဆေးဆိုင်လို ဟာမျိုး မှာတောင် ၀ယ်လို့ရလို့ အန္တရာယ် ကြီးပါတယ်။ အကျဉ်းချုပ် ရရင် လူတွေဟာ မူးယစ်ဆေးကို နည်းလမ်း အမျိုးမျိုးနဲ့ သုံးစွဲကြတယ် ဆိုတာပါပဲ။ ယခုအခါ မှာလည်း ကိုယ်ထဲကို ဆေးထိုးအပ်နဲ့ ထိုးသွင်းပြီး သုံးစွဲတဲ့ "Krokodil" ဆိုတဲ့ မူးယစ်ဆေး တစ်မျိုး ပေါ်လာ ပါတယ်။ မူရင်း ထင် ရှားတဲ့ Russia ကလာတဲ့ ဒီမူးယစ်ဆေးဟာ ရုရှားလို မိကျောင်းလို့ အဓိပ္ပါယ် ရပါတယ်။ US က Chicago ဆင်ဖြေဖုံး ရပ်ကွက် တွေမှာ ၈ဒေါ် လာ လောက်နဲ့ ၀ယ်လို့ရပြီး ၂၅ ကနေ ၃၀ဒေါ်လာ အထိ ပေးရတဲ့ ဘိန်းဖြူနဲ့ စာရင် အများကြီး ဈေးသက်သာ တာကြောင့် လူကြိုက်များ ပါတယ်။ ချောင်းဆိုး ပျောက်ဆေး Codeine ဆေးပြား၊ Iodine နဲ့တခြားသော ပေါပေါရတဲ့ အရည် တချို့ကနေ လွယ်လွယ် ပြုလုပ်ထား တဲ့ဒီ Krokodil ဆေးဟာ Morphine လိုမျိုး အစွမ်း ရှိပါတယ်။ ဒါပေမယ့် ဘယ်မူးယစ်ဆေး မဆို ကောင်းကျိုး မပေးပါဘူး။ အဲဒီဆေးဟာ အ သားတွေကို ပုပ်ပြဲစေ သလို အသား တွေကို အစိမ်းရောင် သဲ့သဲ့ တဖြည်းဖြည်း ပြောင်းစေ ပါတယ်။ အဆိုးဆုံး ကတော့ အသားတွေ ပုပ်ပြဲလာ တာကြောင့် အရေပြား အောက်က အရိုးတွေ၊ ကြွက်သားတွေ အတိုင်းသား မြင်ရပြီး ပြင်ပရောဂါ တွေပါ ကူးစက်လာ တာပါပဲ။ flesh-eating drug လို့တင်စား ခေါ်ဝေါ် နေကြပါတယ် အခုဆိုရင် Krokodile ပျော်စံရာ Chicago ကဆရာဝန် တွေဟာ ဆေးရဲ့ ဘေးဥပါဒ်ကြောင့် ဖြစ်တဲ့ ရောဂါတွေကို အသည်းအသန် ကုသနေ ရတဲ့ ဘ၀ ရောက်နေ ပါတယ်။ ကံဆိုးလို့ သွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပါပဲ။ Arizona နဲ့ Utah ပြည်နယ် တွေကိုလဲ အဲဒီဆေးတွေ ပျံ့နှံ့ နေပါပြီ။ မီဒီယာ တွေရော၊ အစိုးရ ကပါ သတိပြု မိလာ တာကြောင့် မကြာခင်မှာ ထိရောက်တဲ့ စစ်ဆင်ရေး တွေနဲ့ ဖြေရှင်း သွားဖို့ ကိုတော့ မျှော်လင့် ရပါဦးမယ်။ ဘိန်းဖြူမှ မဟုတ်ပါဘူး။ မူးယစ် စေတဲ့ ဆေးမှန်သမျှ အားလုံး ဝေးဝေးက ရှောင်သင့် ပါတယ်။ ရှောင်ကြဉ်ရုံ တင်မကပဲ သူတစ်ပါးတွေ ရောင်းဝယ်တာ၊ သုံးစွဲတာတွေ တွေ့ရှိမိရင် သက်ဆိုင်ရာကို အမြန် သတိပေး သင့်ပါတယ်။ ဒါမှ ကျွန်တော်တို့ ကမ္ဘာကြီးဟာ မူးယစ်ဆေး ကင်းစင်တဲ့ သာယာတဲ့ လောကကြီး တစ်ခု ဖြစ်လာ မှာပါလို့ တိုက်တွန်းရင်း နိဂုံးချုပ် လိုက်ရ ပါတယ် ခင်ဗျာ။


အလင်းရှင်
Read more →

Monday, October 14, 2013

ညသန်းခေါင် အချိန် ရောက်တိုင်း လမ်းပေါ်မှာ အ၀တ်အစား ချွတ်ပြတတ်သည့် မိန်းကလေး၏ အ၀တ်မဲ့ ဓာတ်ပုံများ အင်တာနက်မှာ ပျံ့နှံ့နေ

,


တရုတ်နိုင်ငံရှိ အင်တာနက် အသုံးပြုသူများကြား အမျိုးမျိုး ဝေဖန်မှုများ ဖြစ်ပေါ်နေစေသည့် ရှန်ဟိုင်း အဖော်အချွတ်မယ်ကို မြို့တော် ရဲတပ်ဖွဲ့က စတင်စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ Shanghai Streakerဟု လူသိများသည့် အဆိုပါ ငယ်ရွယ်သည့် မိန်းကလေးသည် ညနက်သန်းခေါင် အချိန်များ၌ ရှန်ဟိုင်း၏ နေရာအချို့တို့တွင် ထူးထူးဆန်းဆန်း ပေါ်ထွက်လာပြီး အဝတ်အစားများကို ချွတ်ပြတတ်သူ ဖြစ်သည်။ သူမ၏ ဓာတ်ပုံများသည် တရုတ်ရှိ လူမှုကွန်ရက် ဝက်ဘ်ဆိုက်များတွင် ပျံ့နှံ့လာသော်လည်း ယင်းမိန်းကလေး မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် သူမနှင့် သက်ဆိုင်သော အသေးစိတ် အချက်အလက်များကို မည်သူမျှ တိတိကျကျ ဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။ လူအများရှေ့တွင် အဝတ်အစားများကို လှစ်ပြတတ်သည့် ပဟေဠိဆန်သော မိန်းကလေးကို ယခုအခါ ရှန်ဟိုင်းရဲတပ်ဖွဲ့က အလေးအနက် စုံစမ်းမှု စတင်နေပြီဟု သိရသည်။
ပထမဆုံး သူမ၏ ဓာတ်ပုံများ အင်တာနက်ပေါ် ရောက်လာချိန်က အရက်မူးနေသည့် မိန်းကလေးတစ်ဦး အဆင်ခြင်မဲ့ ပြုမူသည်ဟု ယူဆခဲ့ကြသော်လည်း သီတင်းပတ် အတော်များများ ကြာလာသည်အထိ ဓာတ်ပုံအသစ်များ ပေါ်ထွက်နေသည့်နောက် လူပြောများသည့် သတင်းတစ်ခု ဖြစ်လာခဲ့သည်။ ဓာတ်ပုံတစ်ခုတွင် လူအများ သွားလာနေသည့် ဟန်ရှန်လမ်းမပေါ်၌ ကင်မရာဘက်သို့ လှည့်ကာ အဝတ်အစားများကို လှစ်ပြနေသည့် မိန်းကလေး၏ ပုံရိပ်ကို တွေ့နိုင်သည်။ ထို့နောက်ပိုင်းတွင် ရှင်တီယန်ဒီနှင့် ဘွန်းဧရိယာများ၌ပါ ညဘက်ထွက်၍ အဝတ်အစားများ ချွတ်ပြသည့် မိန်းကလေး၏ ဓာတ်ပုံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
ရှန်ဟိုင်း ရဲတပ်ဖွဲ့သည် နောက်တစ်ကြိမ် လူအများရှေ့သို့ ထိုအမျိုးသမီး ထွက်ပေါ်မလာမီ သူမကို အတည်ပြု ဖော်ထုတ်နိုင်ရန် တစ်မြို့လုံးအနှံ့ ရှာဖွေမှုများ ပြုလုပ်နေသည်။ သို့သော်လည်း သူမ၏ သတင်းကို လုံးဝဥဿုံ အစအန မရသေးဘဲ ရှိနေကြောင်း သိရသည်။ အင်တာနက်တွင် ရှန်ဟိုင်းမှ အဖော်အချွတ်မယ်သည် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ရှိနေသူဟု အများစုက လက်ခံထားပြီး သူမကို ကူညီနေသည့် ဓာတ်ပုံသမား တစ်ဦးလည်း ရှိနိုင်သေးကြောင်း ဆွေးနွေးနေကြသည်။ တရုတ် အင်တာနက် လုံခြုံရေး တာဝန်ရှိသူများကလည်း ဓာတ်ပုံများ စတင်လာသည့် ရင်းမြစ်ကို ရဲတပ်ဖွဲ့နှင့်အတူ ကူညီ ရှာဖွေပေးနေကြောင်းလည်း သိရှိရသည်။ 
By Planet
Read more →

မုန်တိုင်းကြောင့် အိန္ဒိယမှာ အနည်းဆုံးလူ ၁၄ဦး သေဆုံး

,


အိန္ဒိယနိုင်ငံမှာ ပြင်းထန်တဲ့ ဆိုင်ကလုံးမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် သေဆုံးသူအနည်းဆုံး ၁၄ဦးရှိပြီး လူပေါင်းတစ်သန်းနီးပါး ကယ်ဆယ်ရေးစခန်းမှာ ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။

ပြီးခဲ့ တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံတနိုင်ငံလုံးကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ လေမုန်တိုင်းဟာ တနာရီကို ကီလိုမီတာပေါင်း ၂၁၀ လောက် ပြင်းအားရှိတယ်လို့ဆိုပါတယ်။

သေဆုံးသူဦးရေဟာ ခန့်မှန်းထားတာထက် နည်းနေတယ်လို့တော့ အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလို သေဆုံးသူဦးရေနည်းခြင်းဟာလည်း အာဏာပိုင်တွေက ရဲတွေက ကြိုတင်ပြင်မှုတွေ ပြုလုပ်ထားတာကြောင့်ဖြစ်တယ်လို့ အိုရီဆာပြည်နယ်အရှေ့ဖက်ခြမ်းက ရဲမှူးကြီး ကပြောပါတယ်။

ပြီးခဲ့တဲ့ ၁၉၉၉ ခုနှစ်က အခုနည်းတူ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးလေပြင်းမုန်တိုင်းကြောင့် လူပေါင်း တစ်သိန်းလောက်သေဆုံးခဲ့ပါတယ်။

အခုတိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ပျက်ဆီးသွားတဲ့ စိုက်ပျိုးဧက ငါးသိန်းကျော်နဲ့ အခြေခံအဆောက်အဦးတွေကို သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့အစည်းတွေက သန့်ရှင်းရေးတွေ စတင်လုပ်ဆောင်နေပြီးလို့ သိရပါတယ်။

ABC Radio Australia
Read more →

Friday, October 11, 2013

မြန်မာ ရတနာ ကုန်သည်တစ်ဦး ဓာပြတိုက်ခိုက် ရမှုအပေါ် ကါာလာလမ်ပူမြို့ တာဝန်ရှိသူများမှ ဖမ်းဆီးဖော်ထုတ်ပေး

,

ကွာလာလမ်ပူမြို့ရှိ မြန်မာရတနာကုန်သည် တစ်ဦး၏နေအိမ် ဓားပြတိုက်ခံရ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာရတနာ ကုန်သည်တစ်ဦး၏ နေအိမ်သို့ ဓားပြတိုက်ခိုက် သူများအား ရဲများက ဖမ်းမိလိုက်ကြောင်း သိရသည်။ တာမန်ဆရီတီလောမတ် ရပ်ကွက်ရှိ မြန်မာရတနာ ကုန်သည်က ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ပြီး ၂၄ နာရီ အကြာတွင် Geng Ismail အမည်ရှိ အဆိုပါ ဓားပြအဖွဲ့ကို ဖမ်းမိလိုက်ခြင်း ဖြစ်ကြောင်း မလေးရှား စီအိုင်ဒီ လက်ထောက်တပ်ဖွဲ့မှူးချုပ် ရာဂျာရှာရွန်ရာဂျာ အဗ္ဗဒူလာက ပြောကြားခဲ့သည်။ အောက်တိုဘာ ၄ ရက် နံနက် ၁ နာရီ ၃၀ မိနစ်က အဆိုပါ အဖွဲ့မှ ဓားပြလေးဦးသည် မြန်မာရတနာ ကုန်သည်၏ နေအိမ်သို့ ၀င်ရောက်ကာ အိမ်တွင်ရှိသူ လေးဦးအား ကြိုးဖြင့်တုပ်ပြီး ရင်းဂစ်တစ်သိန်းခန့် တန်ဖိုးရှိ ကျောက်မျက်ရတနာများနှင့် ငွေများကို ယူဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့၏ ထောက်လှမ်းရေး သတင်းအရ မိမိတို့ တပ်ဖွဲ့ဝင်များသည် ဆီလန်ဂေါမြို့၊ ကလန်းဒေသရှိ ဂျလန်းဆန်ဂိုင်းပူတပ် ရပ်ကွက်တွင် အမြဲတမ်း နေထိုင်ခွင့်လက်မှတ် ရရှိထားသူ နိုင်ငံခြားသား တစ်ဦးအား စတင်ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရာဂျာရှာရွန်က ပြောကြားခဲ့သည်။ ''ပထမဆုံး ဖမ်းမိခဲ့တဲ့သူက ဓားပြမှုကို ကျူးလွန်ကြောင်း ၀န်ခံခဲ့ပြီး ကျွန်တော်တို့ အနေနဲ့ ဆက်လက် ဖမ်းဆီးမှုတွေ လုပ်နိုင်ခဲ့တာပါ'' ဟု ရာဂျာရှာရွန်က အောက်တိုဘာ ၇ ရက်က ပြောကြားခဲ့သည်။ ဓားပြမှုအား ကြိုးကိုင် လှုပ်ရှားခဲ့သည့် အသက် ၂၂ နှစ်အရွယ် အစ္စမေး ဆိုသူအား နောက်ပိုင်းတွင် ရှာဖွေဖော်ထုတ် နိုင်ခဲ့သည်။ အစ္စမေးနှင့် အသက် ၁၅ နှစ်မှ ၁၈ နှစ် အကြား ညီဝမ်းကွဲတော် သုံးဦးကို ချာရက်မြို့ရှိ တာမင်ရှာမီလင်ပါကာဆာ ရပ်ကွက်တွင် ထပ်မံဖမ်းဆီး နိုင်ခဲ့ကြောင်း ရာဂျာရှာရွန်က ပြောကြားခဲ့သည်။ ''ဖမ်းမိထားသူတွေထဲက တစ်ယောက်ဟာ မလေးရှားနိုင်ငံမှာ ခိုလှုံခွင့်တောင်းထားတဲ့ ရိုဟင်ဂျာတစ်ဦး ဖြစ်ပါတယ်'' ဟု ရာဂျာရှာရွန်က ပြောကြားသည်။ ၎င်းတို့အား ငှားရမ်းထားသည့် အိမ်တစ်လုံး၌ ဖမ်းမိရာတွင် မိုဘိုင်းဖုန်း အလုံး ၂၀၊ ရွှေလက်စွပ် ၅၇ ကွင်း၊ ဆွဲကြိုး ၂၇ ကုံး၊ ရွှေလက်ကောက် ကိုးကွင်း၊ ဓားတစ်ချောင်းနှင့် ရွှေထည့်သည့် သေတ္တာတစ်လုံး တို့ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ အဆိုပါ ဓားပြအုပ်စုသည် ချာရက်နှင့် ကွာလာလမ်ပူမြို့ ၀န်းကျင်တွင် လုယက်မှု၊ ဓားပြတိုက်မှုများကို ကျူးလွန်နေသူများ ဖြစ်နိုင်ကြောင်း ရာဂျာရှာရွန်က ပြောကြားသည်။ ဖမ်းမိထားသူ လေးဦးကို ဆက်လက် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

Ref:ANN (ဓားပြတိုက်ခဲ့သည့် ပစ္စည်းများအား မလေးရှား ရဲများက ပြသနေစဉ် (Photo-The Star Online))
Read more →

Thursday, October 10, 2013

ထူးထူးခြားခြား သတင်းလေး တစ်ပုဒ်

,
ဒီနေ့ ထူးထူးခြားခြား သတင်းလေး တစ်ပုဒ်ပြောပြမယ်။

ထိုင်းနိုင်ငံမှာ သာသနာနဲ့ ပတ်သက်လာရင် .. မာတုကာမတွေနဲ့ ဇာတ်လမ်းတွေက တစ်ပုံကြီး။

သို့ပေမယ့် .. ဒီ ဂျပန်နိုင်ငံသား ထိုင်းဘုန်းကြီးကတော့ ရိုးရိုးသားသား နဲ့ သက်တော် ၆၃ နှစ် သိက္ခာတော် ၃၈ ဝါ မှာ .. အိမ်ထောင်ပြုဖို့ လူထွက်လိုက်ပါသတဲ့ ဗျာ။ သူ့အကြောင်းပြောပြရရင် .. သူဟာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူဖြစ်ပြီး လောဘ ဒေါသ မောဟ တဏှာစိတ်ကို ဘယ်လိုချုပ်တည်းရမယ် ဆိုတဲ့အကြောင်းကို အမြဲတမ်းဟောပြော တရားချတဲ့ ဘုန်းကြီးအဖြစ် အလွန်ကျော်ကြားပါတယ်။ ဒါပေမယ့် သူ့ဆီ အလွန်တရာမှ ချောမောလှပတဲ့ ထိုင်းမတစ်ယောက်နေ့စဉ် ဟိုးမနက်စောစောကနေ ညနေထိ ဝေယာဝစ္စ မှန်သမျှ လုပ်ကိုင်ဆောင်ရွက်ပေးရာက စတာပါပဲ။ ..

ဘုန်းကြီးအပြောကတော့ သူဟာ ထိုအမျိုးသမီးကို မြင်မြင်ချင်းကို စချစ်မိတာပါ လို့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဖြေကြားသွားပါတယ်။ သို့ပေမယ့်လည်း သူဟာ ဘုန်းကြီးအဖြစ်ကြောင့် တစ်မျိုး .. တကယ့်ကို စိတ်ထိန်းထားရတဲ့ အဖြစ်နဲ့တစ်ဖုံ .. နောက်ဆုံးမှာ အမျိုးသမီးကို ချစ်ရေးဆိုဖို့ လူဝတ်လဲ လိုက်ပါသတဲ့ ဗျာ။ အဲဒီအချိန်သူဟာ ထိုင်းမှာ စိတ်စင်ကြယ် သန့်ရှင်းရေး စိတ်ကို ဖြူစင်အောင် ထိန်းသိမ်းရေး နဲ့ အခြား ဗုဒ္ဓတရားတွေ ဟောတဲ့ နေရာမှာ အလွန်နာမည်ကျော်ကြားပြီး ဝါတော် ၃၈ ဝါကို ရောက်နေတဲ့ အချိန်ကောင်းမှာ အားလုံး အံ့သြသွားအောင် အခုလို ဖြစ်သွားရတာပါပဲ။

ဒါနဲ့ ပတ်သက်လို့ တစ်ချို့ကတော့

၁) ဒီအမျိုးသမီးဟာ အောက်လမ်းတွေနဲ့ လုပ်တယ်
၂) သူငယ်ချင်းကတော့ “ဖုံ လပ် ခွန်” .. I Love You ဆိုပြီး .. သူ ဘယ်လိုများ စပြောပါလိမ့်
၃) တစ်ချို့ကတော့ ဒီလိုဆို သာသနာ အတွက် Hopeless စဖြစ်ပါပြီ
၎) ဒါကတော့ သူတို့ရေစက်စုံကြတာပဲ နေကြမှာပါ

အစရှိတဲ့ ထင်ကြေးတွေ အမျိုးမျိုးပေးကြပါတယ် ..

အခုတော့ ဘုန်းဘုန်းကနေ လူဝတ်ကြောင်ဖြစ်လို့ ဟို အမျိုးသမီးနဲ့ (သူလည်း ၅၀ ကျော်ပြီပြောပါတယ် .. ဒါပေမယ့် ချောတုန်းပဲ ဆိုပဲ) .. T-Shirt Jeans တွေဝတ်လို့ ချစ်သူနှစ်ဦး တစ်ဦးကိုတစ်ဦး ကြင်ကြင်နာနာ ယုယုယယ ဖြစ်နေတဲ့ ပုံတွေကို အောက်က Video မှာ ကြည့်နိုင်ပါတယ်။

ဘုန်းကြီးလူထွက် ဂျပန်ကြီးကတော့ .. သူ့ကို စိတ်မပျက်ဖို့နဲ့ သူဟာ သာသာနာကို အညစ်အကြေးဖြစ်အောင် မလုပ်ပဲ .. ရိုးရိုးသားသား လူဝတ်လဲ သွားပြီး အိမ်ထောင်ပြုတာဖြစ်ကြောင်း .. သူအနေနဲ့ စိတ်သန့်ရှင်းရေး နဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု တရားစာအုပ်များကို အရင်လို ဆက်လက်ရေးသားမှာဖြစ်ကြောင်း နဲ့ သူ ဘာလို့ လူဝတ်လဲရသလဲ ဆိုတာ နဲ့ သူ့ အချစ်ဇာတ်လမ်းအကြောင်း အစအဆုံး ပွင့်ပွင့်လင်းလင်း ရေးသားသွားမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အဲဒီထဲမှာ သူငယ်ချင်း Question ရိုက်နေတာက .. “ကိုတိုး .. ဒီဘုန်းကြီး လူဝတ်လဲပြီး “ဖုံ လပ် ခွန်” (I Love You) လို့ သွားပြောတာလား .. သို့မဟုတ် .. ပြောပြီးမှ လူဝတ်လဲတာလား” ဆိုတာပါပဲ ဗျာ။ သူ သဘောကျ လေးစားတဲ့ ဘုန်းကြီးမို့ သူက ဆက်လက်၍ .. "Hopeless .. I am hopeless" ဆိုပြီး ခေါင်းတရမ်းရမ်းနဲ့ ငြီးတွားရှာတော့တယ်။

အောက်မှာ သက်သေအဖြစ် Video Link ထည့်ပေးထားတယ်

http://www.youtube.com/watch?v=F2R0TguKqGA

အမျိုးသမီးတိုင်းဟာ အကြည့်မှာတင် ဘယ်ယောက်ျားလေးဟာ သူတို့ကိုစိတ်ဝင်စားနေကြောင်းသိပြီးသားပါ။ ဆိုလိုတာက ဗဒင်သီချင်းရဲ့ .. “ကျောက်ဆောင်တွေတောင် တွန်းတိုက်ပါများ နဲ့နဲ့လို့လာတယ် .. အသည်းနှလုံးဆိုတာ ကျောက်ရုပ်မဟုတ်မှန်း သိရတဲ့ အခါ .. မူယာမိုးတွေ .. ”

လေးစားစွာဖြင့်

ကိုတိုး
Read more →

Wednesday, October 9, 2013

ဒေါ်အောင်ဆန်းစုကြည်ကို ဒေါက်တာ ဇာနည် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်

,

မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမှာ လက်ရှိနေထိုင်နေတဲ့ ဒေါက်တာ ဇာနည် က ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာ ( ဘင်ဂါလီ) ကိစ္စ နဲ့ ပြင်းပြင်းထန်ထန် ဝေဖန်တာကို အယ်လ်ဂျာဇီးရား သတင်းက ထုတ်လွှင့် 
ပြသ သွားပါတယ်။
Read more →

မြန်မာ့ရိုးရာ သင်္ကြန်ကာလကို ဂျပန်တွင် သွားရောက် တိမ်းရှောင်ပြီးနောက် သီတင်းကျွတ် ကာလ ကိုလည်း မြန်မာ နိုင်ငံတွင် မနေပဲ သားနှင့် ချွေးမများ ရှိရာ ဗြိတိန်သို့ ဒေါ်စု သွားရောက် မည်

,


မြန်မာ့ရိုးရာ သင်္ကြန်ကာလကို ဂျပန်တွင် သွားရောင်းတိမ်းရှောင်ပြီးနောက် သီတင်းကျွတ် ကာလကိုလည်း မြန်မာနိုင်ငံတွင် မနေပဲ သားနှင့် ချွေးမများရှိရာ ဗြိတိန်သို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက် မည်။  အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်ပြီး ဗြိတိန်၊ အီတလီ၊ ဘယ်လ်ဂျီယံနှင့် လူဇင်ဘတ်ခ်နိုင်ငံများသို့ သီတင်း ၂ ပတ်ကြာ ခရီးထွက်မည် ဖြစ်ကြောင်း ဘီဘီစီ မြန်မာ သတင်း ဌာန၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

၂၀၁၃ ခု ဧပြီလ မြန်မာ့ရိုးရာသင်္ကြန်ပွဲတွင် မြန်မာ သက်ကြီးရွယ်အိုများ တရားစခန်းဝင်နေချိန်၌ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့ပြန်သည်။ ဧပြီလ ၁၃ ရက်မှ ၁၉ ရက်နေ့ထိ ဂျပန်နိုင်ငံတွင် လည်ပတ်ခဲ့ပြီး ရေအားလျှပ်စစ် စက်ရုံသို့ သွားရောက်လေ့လာ ခဲ့သည်။ ယနေ့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်မှ ပြန်ရောက်တာ ၅ လ ကြာပြီဖြစ်သော်လည်း NLD ပါတီမှ ရေအားလျှပ်စစ်နှင့် ပတ်သက်၍ တစ်စုံတစ်ခု အကောင်အထည်ဖော်ခြင်း မရှိသေးပေ။ ဒေါ်အောင်ဆန်းစုကြည်မှ ဘာအတွက် လေ့လာပြီး ဘယ်မှာ ပြန်အသုံးချတယ်ဆိုတာကိုလည်း ဖြေကြားခဲ့ခြင်း မရှိချေ။

ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီအား မှတ်ပုံမတင်မလိုလို၊ တင်မလိုလို၊ အခြေခံဥပဒေကို ပြင်ပက ပြင်မလိုလို၊ အတွင်းက ပြင်မလိုလိုဖြင့် မူဝါဒ အမျိုးမျိုးပြောင်းခဲ့သော်လည်း ဂျပန်သတင်းထောက် များက မေးမြန်းစဉ် မြန်မာအစိုးရတွင် ဦးတည်ချက် အတိအကျမရှိဟု ဖြေကြားခဲ့သည်။

ဂျပန်နိုင်ငံ သတင်းထောက်များ ကလပ်တွင် ၁၇-၀၄-၂၀၁၃ ရက်နေ့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင်  ဂျပန်သတင်းထောက်မှ "လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ပြောင်းလဲမှုတွေ မြန်ဆန်လွန်းတာကို ဘယ်လိုသုံးသပ်ပါသလဲ၊ သမ္မတ ဦးသိန်းစိန်အပေါ် ဘယ်လိုမြင်ပါသလဲ" ဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်မှ "ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေမှာ အားအနည်းဆုံး အချက်ဟာ တိကျတဲ့ မူဝါဒချမှတ်ပြီး အကောင်အထည်ဖေါ်နေတာမျိုး မရှိခြင်းပါပဲ၊ လတ်တလော မြင်နေရတာ က ပြုပြင်ပြောင်းလဲရေးမှာ အဆင့်လိုက်သတ်မှတ်ပြီး အကောင်အထည် ဖေါ်နေတာမျိုးမရှိသလို၊ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို အခြေခံပြီး ချမှတ်ရေးဆွဲ အကောင်အထည်ဖေါ်နေတာမျိုး မတွေ့ရပါဘူး”  ဟု ဖြေကြားခဲ့ သဖြင့် လူထုက အံ့အားသင့်စေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် မသိသော်လည်း မြန်မာနိုင်ငံတွင်းရှိ ရုပ်သံ လှိုင်းများ၊ သတင်းစာများ၊ စာအုပ်များသာမက၊ ဗွီဒီယို ရုပ်ရှင်ကားတိုင်းတွင် ဦးတည်ချက်များ ထည့်သွင်း ထားသဖြင့် မြန်မာပြည်သူ တစ်ရပ်လုံးက သိရှိပြီးဖြစ်သည်။ ပြည်သူတစ်ရပ်လုံးသိရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း မသိရှိမှုအပေါ် လူအများက မေးခွန်းထုတ်ခဲ့ကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ ထုံးစံအတိုင်း ဖြေရှင်းခြင်းမရှိပေ။

လူ့အခွင့်အရေး၊ လူသားချင်းညှာတာမှု၊ တန်းတူအခွင့်အရေး စသည့် စကားလုံးအကြီးကြီးများကို မိန့်ခွန်းတိုင်းလိုလိုတွင် ထည့်သွင်းပြောဆိုလေ့ရှိသော ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံတွင် လူသား တစ်ဦးမှ ရှေ့မှ ဆွဲသော လံချာအား အပေါ်မှ မိန့်မိန့်ကြီး ထိုင်စီးခဲ့သဖြင့် ဝေဖန်ခံခဲ့ရသည်။
 
 
ဂျပန်နိုင်ငံတွင် လန်ချားစီးနေသည့် ဒေါ်အောင်ဆန်းစုကြည်


သင်္ကြန်အကြိုမတိုင်ခင် အချိန်ကိုက်ထွက်ခွာသွားသော ဒေါ်အောင်ဆန်းစုကြည်သည် သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့ အလွန်တွင် ကွက်တိ ပြန်ရောက်လာခဲ့သည်။ ဂျပန်နိုင်ငံတာဝန်ရှိသူအချို့နှင့် တွေ့ဆုံမှု များရှိခဲ့သော်လည်း မြန်မာလူထုအတွက် ထူးခြားတိုးတက်စေတဲ့ ဆွေးနွေးမှုများ မရှိခဲ့ချေ။
Read more →

Tuesday, October 8, 2013

စစ်တကောင်း ဘာသာရေး ကျောင်းတစ်ခုတွင် ဗုံးကွဲ၍ ကျောင်းသား ၇ ဦး ဒဏ်ရာရ

,

ဗုံးကွဲပြီးနောက် တွေ့ရစဉ်။ (ဓါတ်ပုံ- Star)
ဗုံးကွဲပြီးနောက် တွေ့ရစဉ်။ (ဓါတ်ပုံ- Star)
ရခိုင်ပြည်နယ်နဲ့ ကပ်ရပ် တည်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်းမြို့က အစ္စလာမ်မစ် ဘာသာရေး ကျောင်း တစ်ခုမှာ ဗုံးပေါက်ကွဲခဲ့တဲ့ အတွက် အနည်းဆုံး ကျောင်းသား (၇) ဦး ဒဏ်ရာ ရရှိသွားတယ်လို့ ဒီကနေ့ထုတ် The Daily Star သတင်းစာမှာ ဖေါ်ပြပါတယ်။
ဗုံးပေါက်ကွဲတဲ့ စာသင်ကျောင်းဟာ အစ္စလာမ်မစ် အဖွဲ့တစ်ခု ဖြစ်တဲ့ Hefajat ခေါင်းဆောင် တစ်ဦးရဲ့ ကျောင်းဖြစ်တယ်လို့ ပြောပါတယ်။
ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့က ဗုံးပေါက်ကွဲပြီးတဲ့ နောက်ပိုင်း မနေ့ နေ့လယ်က အဲဒီကျောင်းကို ၀င်ရောက် စီးနှင်းရာမှာ ပေါက်ကွဲစေတတ်တဲ့ ဗုံးနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေ အပါအ၀င် သဲလွန်စတွေ အများကြီး သိမ်းဆည်းရမိတယ်လို့ သတင်းစာက ဖေါ်ပြပါတယ်။
ဒါ့အပြင် လက်လုပ်ဗုံး အလုံး (၃၀) ကိုလည်း စတိုအခန်း တစ်ခုထဲမှာ တွေ့ရပြီး အဲဒီအခန်းထဲမှာဘဲ ပေါက်ကွဲမူ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး သတင်းစာက ပြောပါတယ်။
ဘာသာရေး ကျောင်းအတွင်း ဗုံးကွဲမူနဲ့ ပတ်သက်ပြီး ဆရာအချို့နဲ့ ကျောင်းသား အချို့ကိုလည်း ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပြီး အနည်းဆုံး လူ (၄) ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။
နေ့လယ်က ၀င်ရောက်စီးနှင်းပြီး ရှာဖွေမူ ပြုလုပ်တာဟာ ညဥ့်  ၁၀ နာရီမှာမှ ပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမူဟာ ယမန်နေ့ နံနက် ၁၁ နာရီ ခွဲခန့်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဘေးပတ်ဝန်းကျင်က လူတွေ ပေါက်ကွဲမူကို ကြားခဲ့ရတယ်လို့ ပြောပါတယ်။ ပတ်ဝန်းကျင်က လူတွေ ပေါက်ကွဲသံကြောင့် ကျောင်းအနီး စုရုံး ရောက်ရှိလာရာမှာ ၀င်ရောက်ခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။
နောက်ဖြစ်စဉ် တစ်ခုမှာတော့ တရားမ၀င် အဖွဲ့လို ကျေညာထားတဲ့ အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့ တစ်ခုက အဖွဲ့ဝင် ၄ ဦးကို ပစ္စတို တစ်လက်၊ ၎င်းကျည်ဆံ ၃၁ တောင့် အပါအ၀င် အခြား အမျိုးအစား ကျည်ဆံ ၁၁၃၅ နဲ့ အတူ ဖမ်းဆီးးရမိခဲ့တယ်လို့ အဲဒီ သတင်းစာမှာဘဲ ဖေါ်ပြထားပါတယ်။

Read more →